20/08/2023
မင်္ဂလာပါ ☺️
ချစ်ခြင်းတွေနဲ့ အေးချမ်းတဲ့ နေ့လေးဖြစ်ပါစေ 🙏
ချစ်ခြင်းဆိုတာနဲ့ သူများကိုချည်းချစ်ဖို့တင်မကဘဲ မိမိကိုယ်ကို self-love ဖို့ကလဲ အရေးအကြီးဆုံးပါပဲတဲ့။
တစ်ခါတစ်ရံမှာ မိမိအနားက သူတွေကိုချစ်ဖို့သာ သတိရနေပြီး မိမိကိုယ်ကိုချစ်ဖို့တောင် မေ့နေလောက်တဲ့အထိဖြစ်နေတက်ကြပါတယ်။
အမှန်တကယ်တော့ မိမိကိုယ်ကို သေချာချစ်တက်တဲ့သူမှသာ သူများကို အကောင်းဆုံး ဘယ်လိုချစ်ပေးရမလဲဆိုတာကို သိတာပါ။
"သူ့အချစ်တွေက ငါ့ကိုပူလောင်စေတယ်" ဆိုတာမျိုး မဖြစ်အောင်၊ ဘဝမှာ smart ကျတဲ့ ရှင်သန်နေထိုင်ခြင်းဖြစ်ဖို့ရာ၊ ချစ်ခြင်းတွေကလဲ ဟန်ချက်ညီနေဖို့ လိုအပ်ပါသေးတယ်။
ဒီစာအုပ်လေးမှာတော့ ဘဝနဲ့ ချစ်ခြင်းကို ဘာကြောင့် equilibrium လုပ်သင့်လဲဆိုတာလေးတွေကို တွေ့ရမှာဖြစ်ပါတယ်။
နေဗလ် Nayvel
💚ဘဝနှင့် ချစ်ခြင်းမေတ္တာ💛
တန်ဖိုး ၅၀၀၀ ကျပ်
'sBag