Yon-Ka Professional

Yon-Ka  Professional Shopping & Retail

25/04/2018
21/03/2018

***အသားဖြူအောင် သဘာဝပစ္စည်းတွေအသုံးပြုပါ***
****************************
လေဒီတို့ရေ။ အသားအရေဖြူဖြူဝင်းဝင်းလေးဖြစ်အောင်လူတိုင်းလိုချင်ကြတယ်နော်။ အခုခေတ်မှာ အသားဖြူအောင်လုပ်လို့ရတဲ့နည်းတွေရှိတယ်ဆိုပေမယ့် တချို့နည်းတွေက အန္တရာယ်လည်းများ ရေရှည်ကျန်းမာရေးအတွက်လည်းမကောင်းနိုင်ဘူး။ အဲဒီတော့ သဘာဝနည်းနဲ့ အသားရေလှပအောင်ဘယ်လိုလုပ်မလဲ ပြောပြပေးမယ်နော်။

သာမန်ဈေးဆိုင်မှာအလွယ်တကူရနိုင်တဲ့ သဘာဝအသားဖြူပစ္စည်းလေးတွေပေါ့။

- ဒိန်ချဉ်

နို့ထွက်ပစ္စည်းဒိန်ချဉ်ဟာ အရေပြားအတွက်ကောင်းသော ပစ္စည်းအများအပြားပါပါတယ်။ အရောင်ချွတ်နိုင်သော lactic acid လည်းပါတယ်။

- လိမ္မော်သီး

အသားအရေစောင့်ရှောက်ဖို့ အရေးကြီးဆုံးပစ္စည်းက ဗီတာမင်-စီဖြစ်တယ်။ လိမ္မော်သီးတွေမှာ ကြွယ်ဝစွာ ပါပါတယ်။ ဒါ့အပြင် လိမ္မော်သီးတွေမှာ သင့်အသားအရေ၀င်းစေသော အရောင်ချွတ်သတ္တိလည်း ပါတယ်။ လတ်ဆတ်သောလိမ္မော်သီး ပုံမှန်စားပေးခြင်းဟာ အသားအရေကိုကောင်းစွာအထောက်အပံ့ပေးနိုင်ပြီး ချောမွေ့စေပါတယ်။

- ကုလားပဲမှုန့်

ကုလားပဲမှုန့်ဟာ အသားဖြူလိုသူများအတွက် အကောင်းဆုံးပစ္စည်းတစ်မျိုးဖြစ်တယ်။ အသားအရေကျန်းမာစေသော ပါဝင်ပစ္စည်းအမျိုးမျိုးပါပါတယ်။

- ပျားရည်

ပျားရည်ဟာ အသားအရေ၀ါဝင်းစေရုံသာမက စိုပြေစေပါတယ်။ အသားခြောက်ခြင်းဟာ အသားရောင်မညီညာခြင်းကိုဖြစ်စေနိုင်တယ်။ ပျားရည်မှာ အမည်းစက်များ၊ ၀က်ခြံအမာရွတ်များလျော့စေသော ဘတ်တီးရီးယားနိုင်သည့် အာနိသင်လည်းရှိပါတယ်။

- သံပုရာသီး၊ ရှောက်သီး

သံပုရာသီး ၊ ရှောက်သီးတွေက အက်စစ်သတ္တိဟာ အသားရောင်ဝင်းစေသော ဂုဏ်သတ္တိရှိပါတယ်။ ဗီတာမင်-စီလည်းကြွယ်ဝတာကြောင့် ဆဲလ်အသစ်ဖြစ်ခြင်းကိုလည်း အားပေးတယ်။ antioxidants အာနိသင်လည်းရှိတာကြောင့် အသားအရေအတွက်အလွန်ကောင်းမွန်ပါတယ်။

ဒါပေမယ့် အနာများ၊ ဒဏ်ရာများအပေါ်မသုံးမိအောင်တော့ သတိထားပါ။ အက်စစ်သတ္တိက အနာများကိုပိုနာစေနိုင်ပါတယ်။ ဒါ့အပြင် ထိုအသီးများနှင့် ဓာတ်မတည့်လျှင်တော့ ဖျော်ရည်တွေက သင့်တော်မှာမဟုတ်ပါဘူး။

- ရှားစောင်းလက်ပတ်ဂျယ်လ်

ရှားစောင်းလက်ပတ်ဟာ အသားညစ်ခြင်းကို သက်သာစေနိုင်ပြီး အသားရောင်ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပတ်ရဲ့ အေးသောဂုဏ်သတ္တိကလည်း ကျန်းမာသောအသားအရေအတွက် လိုအပ်တဲ့ ဆဲလ်အသစ်ပွားခြင်းကို အားပေးပြီး ပျက်စီးနေသောတစ်သျှူးများ ပြုပြင်ခြင်းကို အကူအညီဖြစ်စေပါတယ်။

ဒီပစ္စည်းလေးတွေထဲမှာ လိမ်းလို့ရတာပဲပါသလို လိမ်းလို့ စားလို့ နှစ်မျိုးလုံးသုံးနိုင်တာတွေလည်းပါဝင်ပါတယ်။ မိမိစိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ ပျိုမေတို့ အသားဖြူဝင်းပြီး အလှတွေတိုးနိုင်ကြပါစေ။

သဘာဝပစ္စည်းတွေနဲ့ ဘေးအန္တရာယ်မရှိ အသားဖြူဝင်းလှပချင်တယ်ဆိုရင် Moon Angel မှာ ကုသမှုတွေခံယူနိုင်ပါတယ်နော်။

#သဘာဝ

#အသားဖြူ

24/02/2018

***မြန်မာနိုင်ငံအလှကုန်အသင်း***က ကြီးမှူးပြီး မတ်လ(၁၆)ရက် မှ (၁၈)ရက်နေ့အထိ မန္တလေးမြို့၊ မြို့တော်ခန်းမမှာ ကျင်းပမယ့် တတိယအကြိမ် “Cosmetics Special Discount Festival 2018” အလှကုန် အထူး Discount ဈေးရောင်းပွဲကြီးကို လာရောက်ကြမယ့် အလှကုန်ချစ်သူပရိတ်သတ်ကြီးရေ Luxury Hub Myanmar Co.,Ltd ရဲ့ 😍 Yonka Cosmetics 😍 😘 တွေကတော့ 😍 😘BOOTH NO. ( A5 ) 😍 😍မှာရှိနေမှာဖြစ်ပါတယ်နော်… အားပေးကြတဲ့ ပရိတ်သတ်တွေအတွက် Special Promotion အနေနဲ့ 😍 😍 😘 up to 30% 😍 😍အထိ အထူးအခွင့်အရေးလေးတွေနဲ့ ရောင်းချပေးသွားမှာဖြစ်လို့ လက်လွတ်မခံရအောင် အရောက်လှမ်းခဲ့ကြဖို့ မမေ့နဲ့အုံး ပရိတ်သတ်ကြီးရေ….. 😍

01/02/2018
Yon-Ka special promotion
09/01/2018

Yon-Ka special promotion

09/01/2018

New Promotion

09/01/2018

Test

Address

East Dagon
Yangon
111111

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Telephone

09422240735

Website

Alerts

Be the first to know and let us send you an email when Yon-Ka Professional posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share