01/02/2023
အားမငယ်လိုက်ပါနဲ့.... ။
ရိုးသားမူရှိတဲ့သူက ပိုပြီးတက်နင်းခံရတတ်တယ်။
နားလည်မှုပေးတဲ့သူက ပိုပြီး လိမ်လည်လှည့်ဖြားမှု
တွေခံရတတ်တယ်။
မိသားစုမှာ သိတတ်တဲ့သူတွေက ပိုပြီးပင်ပန်းခံရတတ်တယ်။
သူငယ်ချင်းအပေါင်းအသင်းကြားမှာ အလိုက်သိတဲ့သူတွေက ပိုပြီး အနစ်နာခံရတတ်တယ်။
ဖြူဖြူစင်စင်နဲ့ ကြိုးစားတဲ့သူက ပိုပြီးခက်ခဲနေတတ်တယ်။
လက်တွေ့နစ်နာ ခံဖူးတဲ့သူတွေက ဒီခံစားချက်ကို ကောင်းကောင်းသိပေမယ့် သာမာန်လူတွေက နားမလည်နိုင်ကြဘူး။
ရှေ့ဆက်ပြီးတော့လည်း ရှိနေဦးမှာပဲ။ မရိုးသားတဲ့လူက မရိုးမသား လုပ်နေဦးမှာပဲ။ ရိုးသားတဲ့သူက ဘယ်နေရာရောက်ရောက် ရိုးသားနေကြဦးမှာပဲ။
ချစ်တတ်တဲ့သူက ချစ်နေဦးမှာပဲ။ မုန်းတတ်တဲ့သူလည်း မုန်းနေဦးမှာပဲ။ မကြိုးစားတဲ့သူက အပြစ်တွေမြင်နေဦးမှာပဲ။ ကြိုးစားတတ်တဲ့သူက နစ်နာပင်ပန်းပါစေ ကြိုးစားသွားဦးမှာပဲ။
သူကဒီလို ငါကဒီလိုဆိုတာတွေကို အချိန်ကုန်ခံပြောနေစရာ မလိုပါဘူး။ သူလျှောက်တဲ့လမ်း သူရောက်၊ ကိုယ်လျှောက်တဲ့လမ်း ကိုယ်ရောက်နေစမြဲ။
သူငယ်ချင်းရေ ဘဝမှာ ပိုနာကျင်ခံရတဲ့အခါ၊
ပိုနစ်နာခံရတဲ့အခါ၊ ပိုပင်ပန်းခံရတဲ့အခါမှာ အားမငယ်လိုက်ပါနဲ့၊ မင်းဟာ သူများထက် ပိုတော် ပိုအရည်အချင်းရှိနေလို့ပါပဲ။
Credit