Book of Lwin

Book of Lwin ဖန်တီးမှုအနုပညာနှင့် နည်းပညာစာအုပ်များ အခမဲ့ရယူနိုင်၊ ဝယ်ယူနိုင်ပါသည်။

ပညာရှင်တယောက်လို ခိုးယူတတ်စေဖို့“Steal Like an Artist” book reviewAustin Kleon ရေးသားသော Steal Like an Artist သည် တီထွင်...
07/09/2024

ပညာရှင်တယောက်လို ခိုးယူတတ်စေဖို့

“Steal Like an Artist” book review
Austin Kleon ရေးသားသော Steal Like an Artist သည် တီထွင်မှုဖန်တီးမှုအတွက် စိတ်ကူးအသစ်အဆန်းများကို မျှော်လင့်မထားပဲ၊ အခြားဖန်တီးထားပြီးသားအရာများထံမှ အတွေးအမြင်များကို အားယူပြီး အသစ်ဖန်တီးဖို့အားပေးသည့် စာအုပ်ဖြစ်သည်။စိတ်ဝင်စားစရာ ပုံတွေ၊ အချက်အလက်တွေနဲ့ ပြည့်စုံထားသည့် စာအုပ်ဖြစ်လို ဖတ်ရှူရတာစိတ်ဝင်စားဖို့ကောင်းပါတယ်။

အဓိက အချက်များ:
1.

တီထွင်မှုသည် ပြန်လည်ပေါင်းစပ်ဖန်တီးခြင်း ဖြစ်သည်:
ဒီစာအုပ်ရဲ့ အဓိကအတွေးတစ်ခုက တီထွင်မှုဆိုတာ ဘယ်တော့မှ တစ်ခြားလူတွေဖန်တီးထားတဲ့ အရာတွေကို ကိုးကားယူပြီး အခြားနည်းလမ်းဖြင့် ပြန်လည်ဖန်တီးခြင်းဖြစ်တယ်ဆိုတဲ့ အတွေးဖြစ်ပါတယ်။ Kleon ကလည်း “ကူးယူ” ပြီး နောက်ပိုင်းမှာ ကိုယ်ပိုင်ပုံစံနဲ့ ပြန်လည်ဖန်တီးဖို့ အားပေးပါတယ်။

2. အနုပညာဆိုင်ရာ လွမ်းမိုးမှုကို လက်ခံပါ။
သင်ဘောကျတဲ့ အနုပညာဆိုင်ရာ ပညာရှင်တွေ က သင့်အပေါ်လွမ်းမိုးမှုရှိနေပါလိမ့်မယ် အဲတာကို မကြောက်ပါနဲ့၊ လေ့လာပါ သုသေသနပြုပါ ပြန်လည်ဖန်တီခြင်းဖြင့် ကိုယ်ပိုင် တွေးခေါ်ဖန်တီးမှုကိုတိုးတက်စေမှာပါလို့ဆိုထားပါတယ်။

3. တီထွင်မှုအားဖြင့် အရည်အချင်းတိုးတက်အောင်လုပ်ပါ
ဒီစာအုပ်မှာ တီထွင်မှုကို နေ့တိုင်းလေ့ကျင့်မှသာ အလေ့အကျင့်ရပြီး တီးထွင်ဖန်တီးနိုင်စွမ်းရှိလာမယ်ဖြစ်ကြောင်းညွန်းဆိုထားပါတယ်။
4. အဆက်မပြတ် အောင်မြင်အောင် ကြိုးစားပါ:
Kleon ကလည်း တီထွင်မှု ကုန်ခမ်းခြင်း (Art Block) ကို ကျော်ဖြတ်ဖို့အတွက် အမြဲတမ်း လုပ်ဆောင်နေပြီး ကြိုးစားနေဖို့ အားပေးပါတယ်။

စာရေးပုံနှင့် ပုံစံ:

Kleon ရဲ့ စာရေးပုံကလည်း စကားလုံးတွေနဲ့ ပြောရသလိုဖြစ်ပြီး ဟာသတွေပါ ပါဝင်တယ်။ စာအုပ်က လက်ရေးစကားလုံးတွေ၊ ရေးဖြတ်ပုံတွေ၊ ဓာတ်ပုံတွေ စသည်တို့နဲ့ ပေါင်းစပ်ထားတဲ့အတွက် ဖတ်ရှုရတာ စိတ်ဝင်စားစရာကောင်းပါတယ်။

ဘယ်သူဖတ်ဖို့ သင့်တော်သလဲ:

Steal Like an Artist စာအုပ်ကတော့ တီထွင်မှုအတွက် စိတ်အားကောင်းဖို့လိုတဲ့ အနုပညာရှင်၊ စာရေးဆရာ၊ ဒီဇိုင်နာ၊ စီးပွားရေးလုပ်ငန်းရှင် စတဲ့ သူငယ်ချင်းတွေအတွက် အထူးသင့်တော်ပါတယ်။ မူကွဲမဟုတ်ခြင်းကြောင့် စိတ်ချမ်းသာမှုနဲ့ ခံစားနေရတဲ့ သူတွေအတွက် အထူးအသုံးဝင်ပါလိမ့်မယ်။

ကောက်နှုတ်ချက်

Austin Kleon ရဲ့ Steal Like an Artist စာအုပ်ကတော့ ဖန်တီးမှုအတွက် စိတ်အားပေးတဲ့ စာအုပ်တစ်အုပ်ဖြစ်ပြီး တီထွင်မှုဆိုတာ တစ်ဦးတည်း မလုပ်နိုင်ဘဲ ပူးပေါင်းလုပ်ဆောင်တဲ့ အရာတစ်ခုဖြစ်တယ်ဆိုတဲ့ အချက်ကို အားပေးပါသည်။ ဒီစာအုပ်ကလည်း ဖန်တီးမှုအတွက် အားပေးမှုလိုအပ်တဲ့အခါတွင် ပြန်လည်ရှုစားဖို့ကောင်းတဲ့ လမ်းညွှန်အဖြစ် ဖြစ်နေပါလိမ့်မယ်။

အပါတ်စဥ်တိုင်း စာအုပ်အသစ်တွေတင်ပေးနေလို့ Like and Follow ထားဖို့မမေ့ပါနဲ့နော်။

သူငယ်ချင်းတို့ Share လုပ်ပေးသွားရင် ပိုပျော်ပြီး စာအုပ်ကောင်းတွေပိုတင်ပေးပါမယ်နော်

Link in Comments


ကာရိုက်တာအမျိုးစားအစုံရေးဆွဲနည်းကို Professional ကျကျအသေးစိတ်ရှင်းပြထားတဲ့ Beginner များအတွက်အသင့်တော်ဆုံးစားအုပ်လေးတစ်အ...
25/08/2024

ကာရိုက်တာအမျိုးစားအစုံရေးဆွဲနည်းကို Professional ကျကျအသေးစိတ်ရှင်းပြထားတဲ့ Beginner များအတွက်အသင့်တော်ဆုံးစားအုပ်လေးတစ်အုပ်ပါ။
Example ပုံများကို Comment တွင်ကြည့်နိုင်ပါသည်။
ဝယ်ယူချင်ပါက Page chat box မှတစ်ဆင့်ဝယ်ယူနိုင်ပါသည်။
Price = 3000 MMK

Hi ပြန်လာပြီ ခင်ဗျ။ မတင်တာကြာတော့မေ့သွားမလာလို့ပါ။လင့်ကတော့ ထုံစံအတိုင်းကွန်မန့်မှာကြည့်ပါခင်ဗျ။
22/08/2024

Hi ပြန်လာပြီ ခင်ဗျ။ မတင်တာကြာတော့မေ့သွားမလာလို့ပါ။
လင့်ကတော့ ထုံစံအတိုင်းကွန်မန့်မှာကြည့်ပါခင်ဗျ။

Chibi ဆွဲနည်း စာအုပ်လေးတွေမှာယူ နိုင်ပါပြီတစ်အုပ်ကို - ၃၀၀၀ အကုန်လုံး ယူရင် - ၁၅,၀၀၀https://t.me/booksoflwin/117😊😊😊
31/03/2024

Chibi ဆွဲနည်း စာအုပ်လေးတွေမှာယူ နိုင်ပါပြီ
တစ်အုပ်ကို - ၃၀၀၀
အကုန်လုံး ယူရင် - ၁၅,၀၀၀

https://t.me/booksoflwin/117
😊😊😊

ဒီတစ်ပါတ်အတွက် Free Download ရယူနိုင်မယ့် စာအုပ်ကတော့ချစ်စရာ Manga ပုံလှလှလေး တွေ ဆွဲတတ်ချင်တဲ့ သူတွေအတွက်Manga For Begi...
25/03/2024

ဒီတစ်ပါတ်အတွက် Free Download ရယူနိုင်မယ့် စာအုပ်ကတော့
ချစ်စရာ Manga ပုံလှလှလေး တွေ ဆွဲတတ်ချင်တဲ့ သူတွေအတွက်
Manga For Beginner Kawaii စာအုပ်လေးဖြစ်ပါတယ်။

လွယ်လယ်ကူကူနဲ့ ချစ်စရာ ကာတွန်းပုံလေးတွေ Chibi ပုံလေးတွေကိုအလွယ်ရေးဆွဲ နိုင်အောင် စနစ်တကျသင်ပေးထားတာမို့ အရမ်းကြိုက်မိတဲ့စာအုပ်လေးပါ။

Character အစုံပါဝင်ပြီး တိလေးတွေအထိပါပါဝင်လို့ ချစ်စရာပုံလေးတွေရေးဆွဲမယ့်သူတွေအတွက် မဖတ်မဖြစ်ဖတ်ထားသင့်တဲ့ စာအုပ်လေးတစ်အုပ်ပါ။

အင်တာမှာလည်း rating နဲ့ လူကြိုက်များတဲ့စာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်။

အပတ်စဥ်တိုင်း Free Ebook တွေတင်ပေးနေလို့ See First Follow လုပ်ထားပေးပါအုံးနော်
https://t.me/booksoflwin/111

မစ်လူဝေးရဲ့ စာအုပ်တွေမှာယူနိုင်ပါပြီစျေးနှုန်းလေးတွေကပုံထဲကအတိုင်းပါပဲ လက်ဆောင်စာအုပ်လေးရယူဖို့ နဲ့ နောက်ထပ် လက်ဆောင်စာအ...
20/03/2024

မစ်လူဝေးရဲ့ စာအုပ်တွေမှာယူနိုင်ပါပြီ

စျေးနှုန်းလေးတွေကပုံထဲကအတိုင်းပါပဲ

လက်ဆောင်စာအုပ်လေးရယူဖို့ နဲ့ နောက်ထပ် လက်ဆောင်စာအုပ်လေးတွတင်ပေးရင်သိနိုင်ဖို့ ကွန်မန့်ထဲက တယ်လီဂရမ် ချယ်နယ်ကို join ထားပေးပါ။

မစ်လူဝေးရဲ့ Perspective အကြောင်းလေ့လာကြမယ် စာအုပ်လေးကိုFree မျှဝေပေးလိုက်ပါတယ်။Drawing  နဲ့ ပက်သက်ရင် စာအုပ်တွေအများကြီး...
17/03/2024

မစ်လူဝေးရဲ့ Perspective အကြောင်းလေ့လာကြမယ် စာအုပ်လေးကို
Free မျှဝေပေးလိုက်ပါတယ်။

Drawing နဲ့ ပက်သက်ရင် စာအုပ်တွေအများကြီးရှိပေမယ့် သူလို့လွယ်လွယ်ကူကူရှင်းရှင်းလင်းလင်းနဲ့ နားလည်လွယ်အောင် ရေးသားထားတဲ့စာအုပ်က မရှိသလောက်ပါ။

Beginner တွေ စတင်လေ့လာသူတွေ ဖတ်သင့်တဲ့စာအုပ်တစ်အုပ်ပါ။

ကွန်မန့်ထဲက လင့်ထဲက Telegram Channel မှာဝင်ရောက် ဒေါင်းလုပ်ယူနိုင်ပါတယ်။

အခြားစာအုပ်တွေပါလိုချင်သေးတယ်ဆိုရင်တော့ မင်မင်တို့ဆီမှာ တစ်အုပ်တစ်ထောင်နဲ့ လာဝယ်လို့ရပါတယ်။

အဲအတွက်ပိုတ်လေးကို အောက်ပါ လင့်လေးမှာဖတ်ကြည့်ပေးပါ။

https://www.facebook.com/permalink.php?story_fbid=pfbid0EJnXoSxrKjCT9EKF17x9QntStjt8vuAM4gDWHC83so7pzEiFKzkXQPMPFFUf2cutl&id=61554721179255

Address

No 25, 1st Floor, Sin Yay Twin 2 Street , Kamayut
Yangon
11041

Website

Alerts

Be the first to know and let us send you an email when Book of Lwin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category