Ko Ko Chit online shop

Ko Ko Chit online shop Yangon
online shop

Automatic Water Dispenser Price - 8000 ksရေသန့်ဗူးကရေကို သောက်တော့မယ်ဆို ဘယ်ညာ မှားမှား လှည့်မိလို့ ရေလျှံကျတာ ရေဖိတ်တာတ...
13/05/2024

Automatic Water Dispenser

Price - 8000 ks

ရေသန့်ဗူးကရေကို သောက်တော့မယ်ဆို ဘယ်ညာ မှားမှား လှည့်မိလို့ ရေလျှံကျတာ ရေဖိတ်တာတွေ ,ရေဘူးတွေထဲရေဖြည့်ရင်းလည်း ရေတွေအိုင်တတ်လို့ လိုက်သုတ်ရတာမျိုးတွေ
ကြုံဖူးကြမှာပါနော်။

အခုတော့ ဒီလိုဒုက္ခတွေကင်းဝေးသွားဖို့ Smart ကျပြီး အိမ်တိုင်းအတွက်အဆင်ပြေစေမယ့် Automatic Water Dispenser ရှိနေပြီနော်။

Battery(1200mAh)ပါဝင်ပြီး အားပြန်သွင်းဖို့အတွက်(Micro USB,5V,1.5A,Android)ကြိုးတစ်ခုလည်းပါဝင်ပါတယ်။

နေအိမ် ,ရုံးခန်း ,ကျောင်း များအတွက် အသုံးတဲ့သည့် Battery စနစ်သုံး ရေသန့်ဘူးခေါင်းလေးပါ။ရေသန့်ဗူး အဖုံးဖွင့်ပြီး အလွယ်တကူ တပ်ဆင် နိုင်ပါတယ်ရှင်..လက်ဖြင့် ရေသန့်ခေါင်း လေးနှိပ်ပြီး သောက်သုံးရုံပါဘဲ။

Battery လေးတော့အားသွင်းပေးရမယ်ခင်ဗျာ။

တစ်ခါအားသွင်းထားရင်လည်း ၈ ပုံးလောက်ထိအသုံးခံပါတယ်။



☎09795194155

အရုပ် ခေါက်စားပွဲPrice - 13000 ksSize - အလျား60cm အနံ40cm အမြင့်28cmlaptop တင်ပြီးအလုပ်လုပ်လို့ရတဲ့စားပွဲအမျိုးအစားပါ😊co...
13/05/2024

အရုပ် ခေါက်စားပွဲ
Price - 13000 ks

Size - အလျား60cm အနံ40cm အမြင့်28cm

laptop တင်ပြီးအလုပ်လုပ်လို့ရတဲ့စားပွဲအမျိုးအစားပါ😊

coating တထပ်အုပ်ထားလို့ သံချေးလုံးဝမတက်ပါဘူး
Ipad,tablet,phone ထည့်ပြီးထောင်ထားလို့ရတဲ့ holder ပါဝင်ပါတယ်။
လွယ်လွယ်နဲ့မချောထွက်အောင် ရာဘာပြားတွေနဲ့ လေးထောင့်လုံး အုပ်ထားပေးပါတယ်ရှင်။
အကြမ်းခံပါတယ်။
အကွေးဒီဇိုင်းပြုလုပ်ထားတာကြောင့် laptop တင်ပြီး ခုံကိုရင်ဘတ်ထိ ဆွဲကပ်သုံးနိုင်ပါတယ်နော်။
ဖြင့်ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေလို့ရပါတယ်ခင်ဗျာ။
မှာယူလိုပါက
☎09795194155 ကိုဆက်သွယ်လိုက်ပါခင်ဗျာ။

#အရုပ်စားပွဲ
#ခေါက်စားပွဲ
#စားပွဲ

အလုပ်ဆိုတာ လုပ်ရမှာပါ။ဒါပေမယ့်ရယူလိုမှု ခံစားလိုမှု လောဘနဲ့တော့ မလုပ်နဲ့၊မကျေမနပ် အလိုမကျဖြစ်တဲ့ ဒေါသနဲ့တော့ မလုပ်နဲ့၊လု...
05/12/2023

အလုပ်ဆိုတာ လုပ်ရမှာပါ။

ဒါပေမယ့်
ရယူလိုမှု ခံစားလိုမှု လောဘနဲ့တော့ မလုပ်နဲ့၊
မကျေမနပ် အလိုမကျဖြစ်တဲ့ ဒေါသနဲ့တော့ မလုပ်နဲ့၊
လုပ်ချင်တာလုပ်ပြီး အကျိုးဆက်ကို မတွေးတောတဲ့ မောဟမျိုးနဲ့တော့ မလုပ်နဲ့။

"မလှူတတ် ဈေးရောင်း"ဆိုတာလို အလုပ်လုပ်ရင်း စေတနာ ဒါနတွေသာ ဖြစ်အောင်လုပ်၊

အတူလုပ်ကိုင် တွေ့ကြုံတဲ့ လူတိုင်းကို ကိုယ်ချင်းစာ မေတ္တာထားပြီး သူ့အကျိုးဆောင်ပေးချင်တဲ့ စိတ်နဲ့သာလုပ်၊

အကြောင်းအကျိုး သေသေချာချာ နားလည်နိုင် ချင့်ချင်နိုင်စွမ်းကြီးတဲ့ အသိဉာဏ်နဲ့သာ လုပ်။

အလုပ်လုပ်ရင်း ငရဲရိက္ခာတွေ မစုဘဲ
ပါရမီရိက္ခာတွေသာ စုကြရအောင်ပါ။

အရှင်ဝရသာမိ
5.12.20

"မစွန့်လွှတ်နိုင်သေးရင် ခွင့်လွှတ်ပေးပါ"~ မစွန့်လည်း မစွန့်လွှတ်နိုင်ဘူး၊ ခွင့်လည်း ခွင့်မလွှတ်နိုင်ဘူးဆိုရင် ကိုယ်ပဲ ခံ...
05/12/2023

"မစွန့်လွှတ်နိုင်သေးရင် ခွင့်လွှတ်ပေးပါ"
~ မစွန့်လည်း မစွန့်လွှတ်နိုင်ဘူး၊ ခွင့်လည်း ခွင့်မလွှတ်နိုင်ဘူးဆိုရင် ကိုယ်ပဲ ခံစားနေရမှာ မဟုတ်လား။

"ခွင့်မလွှတ်နိုင်ရင်တော့ စွန့်လွှတ်လိုက်ပါ"
~ ခွင့်မှမလွှတ်နိုင်တော့တာ စွန့်ရုံပဲရှိတော့တာပေါ့။ စွန့်တဲ့အခါ အချစ်နဲ့မစွန့်နဲ့၊ အချစ်နဲ့စွန့်ရင် နှမျောတသစိတ်နဲ့ ပင်ပန်းနေလိမ့်မယ်။ အမုန်းနဲ့လည်း မစွန့်နဲ့၊ အမုန်းနဲ့စွန့်ရင် ဒေါသတရားနဲ့ ပူလောင်နေလိမ့်မယ်။ မချစ်မမုန်းနဲ့သာ စွန့်လိုက်ပါ၊ စိတ်အစဉ် လွတ်လပ်ပေါ့ပါးသွားပါလိမ့်မယ်။ အချစ်အမုန်းမရှိရင် အပြစ်အရှုံးလည်း မရှိတော့ဘူးပေါ့။

မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ
Credit. To. မနာပ ဒါယီ အရှင်ဝိစိတ္တ

03/12/2023

#ပါချူပ်_ဆရာတော်_ဘုရားကြီး

ငါပိုင်တယ်လို့ ဘယ်အရာမှ မတွေးနဲ့၊တွေ့ဆုံတုန်းခဏ တစ်ယောက်ကိုတစ်ယောက် ကူညီထောက်ပံ့ရင်းဒီလောကကြီးမှာ ကောင်းကျိုးချမ်းသာတွေင...
02/12/2023

ငါပိုင်တယ်လို့
ဘယ်အရာမှ မတွေးနဲ့၊
တွေ့ဆုံတုန်းခဏ
တစ်ယောက်ကိုတစ်ယောက်
ကူညီထောက်ပံ့ရင်း
ဒီလောကကြီးမှာ ကောင်းကျိုးချမ်းသာတွေ
ငါဘယ်လောက်ထိ
ပေးခဲ့သလဲဆိုတာပဲ တွေး။

(ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး)
#ပါချူပ်_ဆရာတော်_ဘုရားကြီး

ယှဉ်ပြိုင်ခြင်း နိဂုံးလောကမှာ လူတွေဟာ ယှဉ်ပြိုင်နေကြတာ ချည်းပဲ အကုန်လုံး -  တစ်ဦးနဲ့ တစ်ဦး ယှဉ်ပြိုင်ကြတယ် -  တစ်ဖွဲ့နဲ့...
02/12/2023

ယှဉ်ပြိုင်ခြင်း နိဂုံး


လောကမှာ
လူတွေဟာ ယှဉ်ပြိုင်နေကြတာ ချည်းပဲ

အကုန်လုံး
- တစ်ဦးနဲ့ တစ်ဦး ယှဉ်ပြိုင်ကြတယ်
- တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ယှဉ်ပြိုင်ကြတယ်
- တစ်ရွာနဲ့ တစ်ရွာ ယှဉ်ပြိုင်ကြတယ်
- ရပ်ကွက် တစ်ခုနဲ့တစ်ခု ယှဉ်ပြိုင်ကြတယ်
- တစ်မြို့နဲ့ တစ်မြို့ ယှဉ်ပြိုင်ကြတယ်
- တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ယှဉ်ပြိုင်ကြတယ်

အဲဒီ ယှဉ်ပြိုင်မှုဟာ
ဘယ်တော့မှ နိဂုံးချုပ်မလဲ ? ဆိုတာ
သိဖို့လိုတယ် မဟုတ်လား

လောကကြီးဟာ
ယှဉ်ပြိုင်မှုနဲ့ သွားနေတာ

ယှဉ်ပြိုင်မှု ဆိုတာ ကောင်းတာ ရှိသလို
မကောင်းတာတွေလည်း ဖြစ်ပေါ်စေတတ်တယ်

ဘုန်းကြီးတို့ တစ်တွေဟာ
အကောင်းဆုံး ယှဉ်ပြိုင်မှုကို ရွေးချယ်နိုင်မှသာ
ယှဉ်ပြိုင်မှုရဲ့ နိဂုံး - အဆုံး ကို
ရောက်မှာ ဖြစ်တယ်

မြတ်စွာဘုရားက
ဘုန်းကြီးတို့ကို ဆုံးမသြဝါဒ ပေးထားတဲ့
စကားလေး တစ်ခွန်းရှိတယ်

ယှဉ်ပြိုင်နိုင်ဖို့အတွက် ကြိုးစားကြရမယ်
ဘာနဲ့ ပတ်သက်ပြီး ယှဉ်ပြိုင်ရမလဲ

တစ်ဦးနဲ့ တစ်ဦး
အဆင့်မြင့်သထက် မြင့်
ကောင်းသထက် ကောင်း အောင်
ကြိုးပမ်း အားထုတ်ခြင်းဖြင့် နောက်ဆုံး
အမြတ်ဆုံး လွတ်မြောက်မှုကို ရရှိသွားအောင်
ကြိုးစားကြရမယ်

ဒါ ယှဉ်ပြိုင်မှုကို ပြောတာ
အဲဒီတော့မှ ယှဉ်ပြိုင်မှုရဲ့ နိဂုံးကို တွေ့မယ်

အဲဒီ နိဂုံးဟာ အေးချမ်းတဲ့ နိဂုံးပေါ့

တကယ့်အဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့
မြတ်စွာဘုရား ဟောကြားထားခဲ့တယ်

လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၂၅၀၀ ) က
အိန္ဒိယနိုင်ငံမှာ ကောသလတိုင်း ဆိုတာ ရှိတယ်

အဲဒီ
ကောသလတိုင်းမှာ မြတ်စွာဘုရားက
ရဟန်းတော်တွေနဲ့ ဒေသစာရီကြွတယ်

လမ်းမှာ တောအုပ်ကြီးတစ်ခု တွေ့တယ်
အဲဒီတောအုပ်ကြီးထဲမှာ
အင်ကြင်းပင် အများအပြားရှိတယ်

အဲဒီ အင်ကြင်းတောကြီးကို ကြည့်ပြီး
မြတ်စွာဘုရား ရုတ်တရက် ပြုံးလိုက်တယ်

ဒီလို ပြုံးတာကို
အနီးနားမှာ ခစားလုပ်ကျွေးနေတဲ့
အရှင်အာနန္ဒာမထေရ်က သတိထားမိလိုက်တယ်

ဘုရားရှင်တို့မည်သည်
ဘယ်တော့မှ အကြောင်းမဲ့ ပြုံးတာ မရှိပါဘူး

အရှင်ဘုရား တဲ့
ဘာလို့ ပြုံးရသလဲ
ဒီနေရာကို ကြည့်ပြီးတော့ ပြုံးတာဟာ
အကြောင်းတစ်ခု ရှိပါသလား တဲ့

မြတ်စွာဘုရားက -
အာနန္ဒာတဲ့ ကဿပ ဘုရားရှင်လက်ထက်တုန်းက
ဒီနေရာဟာ တကယ့်ကို စည်ကားတဲ့
မြို့ကြီး ဖြစ်ခဲ့တယ်

အဲဒီမြို့ကြီးမှာ ထူးထူးခြားခြား
ယှဉ်ပြိုင်တဲ့ ဒကာတစ်ယောက် ရှိတယ်
သူ့နာမည်က " ဂဝေသီ " လို့ ခေါ်တယ်

သူ့ အဖွဲ့ထဲမှာ လူ ၅၀၀ ပါတယ်

အဲဒီလူဟာ ဘုရားရဲ့ ဥပသကာ ,
ဘုရားကို ကိုးကွယ်သူလို့သာ ဆိုတယ်
သူက ကိုယ်ကျင့်တရား ကောင်းသူ မဟုတ်ဘူး
အကျင့်သီလ မပြည့်စုံဘူး

သူ့အဖွဲ့သား ၅၀၀ ဟာလည်း
ကိုယ်ကျင့်သီလ မပြည့်စုံဘူးတဲ့

ဂဝေသီ ဟာ စဉ်းစားတယ်
သူစဉ်းစားပုံလေးက ကောင်းတယ်

ဒီလူတွေ ငါ့ကြောင့် ဗုဒ္ဓဘာသာ ဖြစ်ပြီး
ဘုရားတရား ကိုးကွယ် လာတယ်

ငါက ကိုယ်ကျင့်သီလ မပြည့်စုံဘူး
ငါ့အဖွဲ့သားတွေလည်း တစ်ယောက်မှ
ကိုယ်ကျင့်သီလ မပြည့်စုံဘူး

ငါက ခေါင်းဆောင် ဆိုတော့
သူတို့နဲ့ မတူသင့်ဘူး
ငါက တစ်ခုခုတော့ သာသင့်တယ်

သူတို့က သီလ မရှိဘူး ဆိုရင်
ငါ သီလ ရှိသူဖြစ်အောင် လုပ်မယ် ဆိုပြီး
ငါးပါးသီလကို တိတိကျကျ ဆောက်တည်ပြီး
သီလ ရှိတဲ့ ပုဂ္ဂိုလ်အဖြစ် ကြေငြာလိုက်တယ်

သူ့နောက်က လူတွေလည်း
ဟာ တို့ရဲ့ ခေါင်းဆောင်ကြီး သီလ ရှိပြီ
တို့လဲ သီလ ရှိအောင် လုပ်မယ် ဆိုပြီး
ယှဉ်ပြိုင်တော့ တူသွားတယ်ပေါ့

အရည်အချင်း တူတော့ မဖြစ်ဘူး
ငါအိမ်ထောင်နဲ့ မနေတော့ဘူး ဆိုပြီး
ဂဝေသီက အဗြဟ္မစရိယ သိက္ခာပုဒ် ကို
ဆောက်တည်လိုက်တယ်

ကျန်သူတွေလည်း
တို့ဆရာကြီးတောင် လုပ်နိုင်တယ်
တို့လည်း ဆောက်တည်မယ် ဆိုပြီး
အကုန်လုံး အိမ်ထောင်နဲ့ ခွာကြမယ်ပေါ့

လူ ငါးရာ
ကိုယ်ကျင့်သီလကို တိုးမြှင့်
ဆောက်တည် လိုက်ကြတယ်

အဲဒါနဲ့
ဂဝေသီက စဉ်းစားပြန်တယ်
အကုန်လုံး ငါနဲ့ တူနေပြီ
သူတို့ထက် သာအောင် လုပ်မယ် ဆိုပြီး
သူတို့က ညနေစာ စားတယ်

ဒီနေ့ကစ
နေ့လွဲညစာ မစားတော့ဘူး
ကျင့်လိုက်တယ်

ကျန်တဲ့ သူတွေကလည်း လိုက်ပြီးတော့
ယှဉ်ပြိုင်တယ်

ညနေစာ မစားတော့ဘူး ဆိုပြီး
အကုန်ရှောင်လိုက်တော့
ဟာ ! ငါနဲ့သူတို့ တူနေပြန်ပြီ မတူစေရဘူး
ဒီကောင်တွေ ငါလုပ်တာ မလုပ်နိုင်အောင်
ငါလုပ်မယ်

ကဿပ ဘုရားရှင်ထံသွားပြီး
ရဟန်းခံပေးပါ ဘုရား လို့ တောင်းဆိုတယ်

ဆံ , မုတ်ဆိတ်တွေ ပယ်ပြီး
သင်္ကန်း ဝတ်လိုက်တယ်

သင်္ကန်းဝတ်ပြီး
ကဿပဘုရားရှင်ထံမှာ ကမ္မဋ္ဌာန်းယူ
တစ်ပါးထဲ ဆိတ်ငြိမ်တဲ့ အရပ်မှာ
နိဗ္ဗာန်ကို ဦတည်ပြီး တရားဓမ္မကို ကျင့်ကြံ
အားထုတ်လိုက်တာ ရဟန္တာ ဖြစ်သွားတယ်

သူ့ကိုယ်သူ အကုန်လုံး သိသွားတယ်
ငါ့ဘဝဟာ အပြီးသတ်သွားပြီ
နောင်ဘဝဆိုတာ မရှိတော့ဘူး
သူ့ရဲ့ နိဂုံးကို သူ မြင်လိုက်တယ်

အဲဒီအချိန် သူ့ဘက်က
ယှဉ်ပြိုင်မှု ပြီးဆုံးသွားပြီ

ကျန်တဲ့သူတွေက သူ့ကို အားကျတယ်
ဆရာကြီးတောင် ဝတ်နိုင်သေးတာပဲ
ဒို့ဘာလို့ မဝတ်နိုင်ရမှာလဲ

အားလုံး ကတုံးတုံးပြီး
ဘုန်းကြီးဝတ်လာတဲ့ အခါကျတော့
ခေါင်းဆောင် ဂဝေသီ ရဟန်းက
ခါတိုင်းလို စိတ် မရှိတော့ဘူး

လုံးဝ လွတ်လပ်တဲ့ ချမ်းသာကို
ငါရထားသလို သူတို့တတွေ ရရှိရင်လည်း
ကောင်းမှာပဲ တဲ့

ဒါက
ယှဉ်ပြိုင်မှု အဆုံးသတ်သွားတာ ဖြစ်တယ်
ယှဉ်ပြိုင်မှုရဲ့ နိဂုံး သို့ ရောက်လာတယ်

အဲဒီတော့
သူက ကြိုးစားအားထုတ်ဖို့ တိုက်တွန်းတယ်

မကြာခင်
သူ့တပည့်တွေလည်း ကိလေသာ အာသဝေါတွေ
ကင်းကွာပြီး ရဟန္တာရှင်တွေ ဖြစ်သွားတယ်

အားလုံးဟာ
လွတ်မြောက်မှု ဆိုတဲ့ အပေါ်မှာ
တူညီတဲ့ နိဂုံးကို ရရှိသွားကြတယ် တဲ့

အဲဒီလို
ယှဉ်ပြိုင်မှုဟာ အင်မတန် မွန်မြတ်တဲ့
ယှဉ်ပြိုင်မှုနဲ့ ယှဉ်ပြိုင်လိုက်ကြတာ

နောက်ဆုံးမှာ ရဟန္တာဖြစ်ပြီး
ဝိမုတ္တိသုခ ပန်းတိုင်ကြီးကို လှမ်းကိုင်နိုင်သည်အထိ သူတို့ဟာ ယှဉ်ပြိုင်ကြတယ်

နောက်ဆုံး
ယှဉ်ပြိုင်မှုကို အဆုံးသတ်သွားကြတယ်

အဲဒီ ယှဉ်ပြိုင်မှုကသာလျှင်
အကောင်းဆုံး ယှဉ်ပြိုင်မှု ဖြစ်ပါတယ်

ဒါကြောင့်မို့
မြတ်စွာဘုရားရှင် က အဲဒီသုတ္တန် အဆုံးမှာ
ချစ်သား ရဟန်းတို့ ဒီလို ကျင့်ကြရမယ် တဲ့

သူများထက် သာအောင် ဆိုတာ -

ကောင်းသထက် ကောင်းအောင်
ကြိုးစားအားထုတ်ခြင်းဖြင့်
အကောင်းဆုံးသော လွတ်မြောက်တဲ့ ချမ်းသာကို
ရအောင် ယူနိုင်အောင် ကြိုးစားကြရမယ် လို့

ဒီလိုသာ
ယှဉ်ပြိုင်သင့်တယ် , ယှဉ်ပြိုင်ရမယ် လို့
ဒီသုတ္တန်မှာ မြတ်စွာဘုရားက
ညွှန်ကြား ဆုံးမပေးတာ ဖြစ်ပါတယ်

ဒါ့ကြောင့်

ယှဉ်ပြိုင်မှုရဲ့ နိဂုံး ဆိုတာ
ရဟန္တာဖြစ်မှ နိဂုံးဆွဲနိုင်တာ

အဲဒီ နောက်မှာ
ယှဉ်ပြိုင်စရာ မရှိတော့ဘူးတဲ့

လူတွေရဲ့ ယှဉ်ပြိုင်လို စိတ်ဟာ
အရဟတ္တဖိုလ်မှာပဲ အဆုံးသတ်သွားပါပြီ တဲ့

ဒါကြောင့်မို့
တရားချစ်ခင် သူတော်စင်
ပရိတ်သတ်တို့သည်လည်းပဲ

ယှဉ်ပြိုင်မှုရဲ့ နိဂုံးဖြစ်တဲ့
အရဟတ္တဖိုလ်ကို ရောက်ရှိအောင်
ဝိမုတ္တိသုခ ရရှိအောင်
တစ်ဦးထက် တစ်ဦးသာအောင် ,
မွန်မြတ်သထက် မွန်မြတ်အောင်
ကြိုးပမ်းအားထုတ်နိုင်ကြပါကုန်သတည်း

#ပါချူပ်_ဆရာတော်_ဘုရားကြီး

Credit , Original Uploader

စိတ်ဓာတ်ခိုင်မာလာအောင် ဘယ်လိုလေ့ကျင့်ရမလဲတွယ်တာမှုတွေ မရှိအောင်ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်ဖို့ စိတ်ဓာတ်အနေအထားတွေ ခိုင...
02/12/2023

စိတ်ဓာတ်ခိုင်မာလာအောင် ဘယ်လိုလေ့ကျင့်ရမလဲ

တွယ်တာမှုတွေ မရှိအောင်
ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်ဖို့
စိတ်ဓာတ်အနေအထားတွေ ခိုင်မာဖို့ဆိုပြီးတော့
ကိုယ့်စိတ်ကို ဘာနဲ့ လေ့ကျင့်ရမလဲဆိုပြီး
မြတ်စွာဘုရားက ရာဟုလာကိုပြောတယ်။

"ရာဟုလာ တဲ့၊ မင်းရဲ့ စိတ်ကလေးကို
မြေကြီး နဲ့ အလားတူအောင်၊ မြေကြီးကဲ့သို့
ခိုင်မာရင့်ကျက်အောင် စိတ်ကလေးကို
လေ့ကျင့်ပါ" တဲ့။

မြေကြီးက ဘာလို့လဲဆိုရင်
ဘုန်းကြီးတို့တစ်တွေ မြေကြီးပေါ်မှာ
ကောင်းတာလည်း ချ ကြတယ်၊
မကောင်းတာလည်း ချတယ်၊
သန့်ရှင်းတာလည်း ချတယ်၊
ရွံစရာတွေလည်းချတယ်။
သန့်ရှင်းတာပဲလာလာ ရွံစရာပဲလာလာ
မြေကြီးက ပြောင်းလဲမှု မရှိဘူး၊ တည်ငြိမ်တယ်ပေါ့။
ထို့အတူပဲ မင်းရဲ့စိတ်ကလေးကို
တည်ငြိမ်အောင် လုပ်လို့ ပြောတာ။

မျက်စိက အဆင်းအာရုံကို မြင်တဲ့အခါမှာ
ကောင်းတာလေးတွေ့ရင် ကြိုက်လိုက်တာ၊
မကောင်းတာလေးတွေ့ရင် မုန်းလိုက်တာဆိုတော့
မဖြစ်စေရဘူးလို့ ဒီလိုပြောတယ်။
အဲဒီလို မဖြစ်ဘူးဆိုရင် စိတ်က တည်ငြိမ်သွားတယ်။

ကောင်းမကောင်း ကြိုက်မကြိုက် အပေါ်မှာ
လောဘလည်း မဖြစ်နဲ့၊ ဒေါသလဲ မဖြစ်နဲ့၊
မြေကြီးလို စိတ်ဓာတ် ကြံ့ခိုင်အောင်
ကြိုးစားအားထုတ်ရမယ်၊ ဒါ လေ့ကျင့်မှုတစ်ခု
မြတ်စွာဘုရားပေးတာ။

နောက်တစ်ခုက ဘာတုန်းဆိုရင်
ရေ နဲ့ အလားတူအောင် ကိုယ့်စိတ်ကိုလည်းပဲ
လေ့ကျင့်ပေးတဲ့။

ရေဆိုတာ အညစ်အကြေးတွေးလည်း
ဆေးကြောတာပဲ၊ စိန်တို့ ကျောက်တို့လည်း
ဆေးတာပဲ၊ အကောင်းလည်း ဆေးတာပဲ၊
လှပတဲ့ပန်းကလေးတွေလည်း ရေနဲ့ဆေးတာပဲ။

ရေက အညစ်အကြေးတွေ ဆေးရလို့
သူက စိတ်ပျက်တာ မရှိဘူး၊
အကောင်းဆေးရလို့လဲ ၀မျးမသာနဲ့၊
မကောင်းတာတွေ့လို့လည်း ၀မျးမနညျးနဲ့၊
လောဘမဖြစ်နဲ့၊ ဒေါသမဖြစ်နဲ့။
လောဘ ဒေါသ မဖြစ်အောင် ရေလို အလားတူ
ခိုင်မာသွားအောင် စိတ်ကိုလေ့ကျင့်ပေးပါတဲ့။

နောက်တစ်ခုက ဘာတုန်းဆိုရင်
မီး၊ မီးဆိုတာလည်း အတူတူပဲ၊
ကောင်းတာလည်း လောင်လိုက်တာပဲ၊
မကောင်းတာလည်း လောင်တာပဲ။
ကောင်းတာကျတော့ လောင်ချင်တယ်၊
မကောင်းတာကျတော့ မလောင်ချင်ဘူးလို့
မီးက ချေးများတာ မရှိဘူး။

အဲဒါလိုပဲ ကိုယ့်စိတ်ကလေးကို
မီးနဲ့ အလားသဏ္ဍာန်တူအောင်
ကြံ့ခိုင်အောင်လေ့ကျင့်ပါတဲ့။
အာရုံတွေ တွေ့လာတဲ့အခါမှာ
နှစ်သက်စရာတွေ့လို့လည်း လောဘမဖြစ်နဲ့၊ မနှစ်သက်စရာအာရုံ တွေ့လို့လည်း ဒေါသမဖြစ်နဲ့၊
စိတ်ကလေးကို မီးကဲ့သို့ တည်ငြိမ်မှုရအောင်၊
တေဇောဓာတ်ကဲ့သို့ တည်ငြိမ်မှုရအောင်
ကြိုးစားအားထုတ်ပါတဲ့။

နောက်တစ်ခုကျတော့
လေ လို တည်ငြိမ်အောင် ကြိုးစား၊
လေက ဘယ်လို တည်ငြိမ်တာတုန်းဆိုရင်
ကောင်းတာကိုလည်း တိုက်ခတ်တယ်၊
မကောင်းတာကိုလည်း တိုက်ခတ်တယ်။

ဘယ်ဟာလဲဖြစ်ဖြစ် လေဟာ
မကောင်းတဲ့အနံ့ကိုလည်း သယ်လာတာပဲ၊
ကောင်းတာကိုလည်း သယ်တာပဲ၊
ဟာ အပုပ်နံ့ကြီး ငါမတိုက်ချင်ဘူး လေကမငြင်းဘူး၊
ပန်းနံ့ကလေးကျတော့ ငါမွှေးလို့
ငါတိုက်ချင်တယ်လို့လည်း မပြောဘူးတဲ့။

လေရဲ့ သဘောဟာ
အဆိုး အကောင်းမရွေးဘူးတဲ့၊ တည်ငြိမ်မှုရှိတယ်၊
အဲဒီလို ကိုယ့်စိတ်လေးဟာ ကောင်းတာနဲ့တွေ့ရင်
နှစ်သက်တယ်၊ မကောင်းတာနဲ့တွေ့ရင်
မုန်းတီးတယ် ရွံရှာတယ် ဆိုတာမျိုး မဖြစ်စေနဲ့တဲ့။
စိတ်ကိုတည်ငြိမ်အောင် လေ့ကျင့်ရမယ်
ဟောဒီလိုဟောတာ။

နောက်တစ်ခုက ကိုယ့်စိတ်ကလေးကို
အာကာသဟင်းလင်းပြင် လို ဖြစ်အောင်
လေ့ကျင့်ရမယ်။

အာကာသဟင်းလင်းပြင် ဆိုတာ
ဘယ်အရာကိုမှ အမှီပြုနေတာမျိုး မရှိဘူး။
အာကာသဆိုတာ ဘာမှမရှိတဲ့
ကွက်လပ်လေးတွေကို ပြောတာနော်။

အဲဒီ ကွက်လပ်လေးတွေထဲမှာ
အကောင်းအဆိုးဆိုတာ ပြောလို့ မရသလိုပဲ
ကိုယ့်စိတ်ထဲမှာလည်းပဲ ကောင်းတာတွေ့ရင်
လောဘမဖြစ်ဖို့၊ မကောင်းတာ တွေ့ရင်လည်း
ဒေါသမဖြစ်ဖို့ စိတ်ဓာတ်ကလေးကို တည်ငြိမ်အောင်ကြိုးစားအားထုတ်ရမယ်လို့
မြတ်စွာဘုရားက ရာဟုလာကို ဒီလိုဟောတယ်။

ကျေးဇူးတော်ရှင်...
ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ_အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏🙏🙏🙏🙏

မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်။🙏

ကုသိုလ်ကောင်းမှုများကိုမမေ့မလျော့ ပြု နိုင်ကြပါစေ။🙏🙏🙏🙏🙏🙏🙏

04/10/2023
"ပြိုင်သင့်မှ ပြိုင်ပါ"မြေခွေး တစ်ကောင်ဟာ ကေသရာဇာ ခြင်္သေ့ကြီးဆီ ရောက်လာပြီး "သတ္တိရှိရင် မင်းနဲ့ ငါ အားပြိုင်ရအောင်" ဆိ...
25/06/2023

"ပြိုင်သင့်မှ ပြိုင်ပါ"

မြေခွေး တစ်ကောင်ဟာ
ကေသရာဇာ ခြင်္သေ့ကြီးဆီ ရောက်လာပြီး
"သတ္တိရှိရင် မင်းနဲ့ ငါ အားပြိုင်ရအောင်"
ဆိုပြီး စိန်ခေါ်လိုက်တယ်။

မြေခွေး စိန်ခေါ်တာကို ခြင်္သေ့ကြီးက
လုံး၀ ဂရုမစိုက်ပဲ မသိသလို နေလိုက်တယ်။

အဲဒီတော့ မြေခွေးက "ဟား..ဟား... မင်းဟာ သရဲဘောကြောင်တဲ့အကောင် သတ္တိမရှိတဲ့ အကောင်။
မင်း ငါ့ကို တုန်နေအောင် ကြောက်တယ်ဆိုပြီး တစ်တောလုံးသိအောင် ငါ လျှောက်ပြောလိုက်မယ်" လို့ ခြိမ်းခြောက်လိုက်ပါသတဲ့။

အဲ့ဒီလို ပြောလိုက်တဲ့အခါမှာ
ခြင်္သေ့ကြီး က မြေခွေးကို သေချာကြည့်ပြီး

"ငါ့ကို အများက ငကြောက်လို့ ပြောချင် ပြောကြပါစေကွာ။ မင်းလို နိမ့်ကျတဲ့ မြေခွေး လို အကောင်မျိုးနဲ့တောင်
တုပပြီး ရန်ပြိုင်ဖြစ်တတ်တဲ့ အကောင်ပါလားဆိုပြီး
အများက အထင်သေးကြမှာကိုတော့ ငါ မခံနိုင်ဘူး"လို့ ပြန်ပြောလိုက်သတဲ့။

ဒီပုံပြင်လေးက ကျွန်တော်တို့ကိုပေးတဲ့ သင်ခန်းစာက လူတိုင်းက ကျွန်တော်တို့ ယှဉ်ပြိုင်မှုနဲ့ မထိုက်တန်သလို သွားပုပ်လေလွင့် စကားလုံးတိုင်းကိုလည်း လိုက်ပြီး တုံ့ပြန်ဖြေရှင်းနေဖို့ မလိုပါဘူး။

ကိုယ့်အလုပ်ကိုယ်လုပ်နေသူတွေကသာ နောက်ဆုံးမှာ အောင်မြင်မှုတွေနဲ့ပျော်ရွှင်စွာ ဘဝဖြတ်သန်းရမှာဖြစ်ပြီး ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ လူတကာနဲ့ လိုက်ပြိုင်နေသူကသာ နောက်ဆုံးမှာ ရှုံးနိမ့်မှုတွေနဲ့ တလောကလုံးကို ပြစ်တင်ဝေဖန်ရင်း ဇာတ်သိမ်းသွားကြရမှာပါ။

လူ့ဘဝကတိုတိုလေးပါ။ သူများနဲ့လိုက်ပြိုင်ပြီး အချိန်ကုန်မခံကြပါနဲ့။ ကိုယ့်အလုပ်ကိုကိုယ်အာရုံစိုက်ရင်း မနေ့ကကိုယ်ထက် ဒီနေ့ကိုယ် ပိုသာအောင် ပိုတိုးတက်အောင်ပဲ ပြိုင်ကြပါလို့ တိုက်တွန်းချင်ပါတယ်

2X mini air cooler  ၂ဆအေးတဲ့ လေအေးပေးစက် ဝယ်ယူရရှိနိုင်ပါပြီရှင်လက်လီစျေး 17000 ကျပ်ဒါဇင်စျေး / ရာစျေး / ဖာလိုက်စျေးသီးသ...
24/04/2023

2X mini air cooler ၂ဆအေးတဲ့ လေအေးပေးစက် ဝယ်ယူရရှိနိုင်ပါပြီရှင်
လက်လီစျေး 17000 ကျပ်
ဒါဇင်စျေး / ရာစျေး / ဖာလိုက်စျေးသီးသန့်ရှိပါတယ်ရှင့်
နေ့လည်နေ့ခင်းတွေပူအိုက်နေရင် အေးမြစေဖို့အတွက် အပူဒဏ်ကို အံတုနိုင်တဲ့ air cooler လေးလာပါပြီရှင်
5 V ခေါင်းဖြစ်လို့ Power bank /Adapter ခေါင်း /Laptop USB ခေါင်းတွေနဲ့ ချိတ်ဆက် အသုံးပြုလို့ရတယ်
ပိုမိုအေးမြစေဖို့ ရေ(သို့မဟုတ်)ရေခဲ ထည့်ပြီး အသုံးပြုပေးပါ
Air filter ပါလို့ ပြင်ပက လေပူတွေကို သန့်စင်ပေးပြီး အေးမြလတ်ဆတ်တဲ့လေ ပြန်ထုတ်ပေးတယ်
LED မီးအရောင် 7ရောင်ပါတာကြောင့် မီးမရှိတဲ့အချိန် အသုံးဝင်စေတယ်
Portable size ဖြစ်လို့ သယ်ရလွယ်ကူတယ်
ကားထဲ သုံးလို့လည်း ရတယ်
မှတ်ချက် ညီညာသော မျက်နှာပြင်ပေါ်ထားပြီး အသုံးပြုပါ။
ရန်ကုန် instock
09795194155

Address

23th
Yangon

Telephone

+959795194155

Website

Alerts

Be the first to know and let us send you an email when Ko Ko Chit online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share