SN Food Services

SN Food Services Local Products Mart

ငါးအသစ်ထပ်ရောက်ထားတာလေးတွေပါရှင့်...ပုံပါအတိုင်းအလှတွေပါ ပုံအောက်မှာစျေးလေးတွေပြပေးထားပါတယ်ရှင့်မြို့မြို့နယ်နယ်ပို့ဆောင...
04/12/2021

ငါးအသစ်ထပ်ရောက်ထားတာလေးတွေပါရှင့်...ပုံပါအတိုင်းအလှတွေပါ ပုံအောက်မှာစျေးလေးတွေပြပေးထားပါတယ်ရှင့်
မြို့မြို့နယ်နယ်ပို့ဆောင်ပေးနေပါပြီရှင့်..09982708853

ဒီကာလထဲ ဈေးလဲမရောင်းချင်တာမို့ OS ပိတ်ပီး ဆိုင်လေးပဲဖွင့်ထားပါတယ်။ မနက်ဖန် ဆိုင်ပိတ်မယ်နော် 😌စွဲငြိ Local Products Martအ...
23/03/2021

ဒီကာလထဲ ဈေးလဲမရောင်းချင်တာမို့ OS ပိတ်ပီး ဆိုင်လေးပဲဖွင့်ထားပါတယ်။ မနက်ဖန် ဆိုင်ပိတ်မယ်နော် 😌

စွဲငြိ Local Products Mart
အမှတ် (၃)၊ ကန်လမ်း၊ (၁၀)ရပ်ကွက်၊လှိုင်မြိုနယ်။

#စွဲငြိ_Locaol_Products_Mart

 #ပြင်ဦးလွင်ရှမ်းမလိုင်အချိုမကဲတဲ့ ပြင်ဦးလွင်က နာမည်ကျော်ရှမ်းမလိုင်လေးတွေ အဂ်ါနေ့ရောက်ပါမယ်နော်။ စားမိသူတိုင်းနှစ်သက်မှ...
30/01/2021

#ပြင်ဦးလွင်ရှမ်းမလိုင်

အချိုမကဲတဲ့ ပြင်ဦးလွင်က နာမည်ကျော်ရှမ်းမလိုင်လေးတွေ အဂ်ါနေ့ရောက်ပါမယ်နော်။ စားမိသူတိုင်းနှစ်သက်မှာ အသေအချာပါပဲနော်။
ကြိုတင်မှာထားလို့ရသလို ဆိုင်မှာလာရောက်အားပေးလဲရပါတယ်ရှင်။ တပုံချင်းစီမှာ ဈေးလေးတွေရေးပေးထားပါတယ်နော်။

🥰🥰🥰
အမှတ် (၃)၊ ကန်လမ်း၊ (၁၀) ရပ်ကွက်၊ လှိုင်မြို့နယ်။ (လှိုင်မြင့်မိုရ်အိမ်ရာအနီး)

မနက်ဖန် 7/1(Thu) ရောက်မည့် အစားအစာများ🛒 နန်းစိန်ဘတ်တာကိတ်.                 2200 Ks🛒 နန်းစိန်ပြင်သစ်ကိတ်                 ...
06/01/2021

မနက်ဖန် 7/1(Thu) ရောက်မည့် အစားအစာများ

🛒 နန်းစိန်ဘတ်တာကိတ်. 2200 Ks
🛒 နန်းစိန်ပြင်သစ်ကိတ် 2000 Ks
🛒 မြင့်မြင့်ခင်သီးစုံမလိုင်ထိုးမုန့် 2800 Ks
🛒 မြင့်မြင့်ခင်အာလူးနနွင်းမကင်း. 3000 Ks
🛒 မြင့်မြင့်ခင်အုန်းမလိုင် 3300 Ks
🛒 ပင်လုံနှမ်းထောင်းခေါပုတ် 4000 Ks
🛒 ချဉ်စော်ခါးသီးဖျော်ရည် 1200 Ks

📲 09444455037 (or) CB

🏡 အမှတ်(၃)၊ ကန်လမ်း၊ (၁၀)ရပ်ကွက်၊ လှိုင်မြို့နယ်။

အိမ်ရှင်မတို့အတွက်....ပုစွန်ခြောက်မကြိုက်တဲ့သူရယ်လို့ ရှိမှာမဟုတ်ဘူးနော်။ ဟောဒီမှာ ဆိုးဆေးလွတ် သဘာဝအချိုအတိုင်း နေလှမ်းပ...
04/01/2021

အိမ်ရှင်မတို့အတွက်....
ပုစွန်ခြောက်မကြိုက်တဲ့သူရယ်လို့ ရှိမှာမဟုတ်ဘူးနော်။ ဟောဒီမှာ ဆိုးဆေးလွတ် သဘာဝအချိုအတိုင်း နေလှမ်းပုစွန်ခြောက်များပါရှင်။

စွဲငြိမှာ ပုစွန်ခြောက် (၂)မျိုးရှိပါတယ်။

#ပုစွန်အချိုခြောက်အကောင်ကြီး
အသားပေါ၊ ဗိုက်မွှေးလွတ်၊ အရောင်အနံ့ပြောစရာမရှိအောင်ကောင်းတဲ့ အကိတ်ဆိုဒ်ပါ 😆
အချို့ပုစွန်ခြောက်တွေလို ပြားပြားကြီးကြီးမဟုတ် ❌
✅အသားမွအောင်ကြိတ်ပီး အကြော်အလှော်လုပ်လဲ အသားအများကြီးထွက်လို့ တွက်ချေကိုက်
✅လက်ဆောင်ပေးလို့လဲ မျက်နှာပန်းလှ
✅ပုစွန်ခြောက်မက်တဲ့ မတ်မတ်တို့ ကြည့်ရင်းနဲ့စိတ်ချမ်းသာနေစေမှာပါ။ 😊

🛒 အစိတ်သား 11500 Ks
🛒 ၅၀သား။ 23000 Ks
🛒တပိသာ။ 46000 Ks

#‌ရွှေပုစွန်အချိုခြောက်
✅လက်ဖက်စားအရွယ်
✅သဘာဝအရောင်ရဲရဲလေးနဲ့ချိုတာမို့ စွဲငြိမှာရောင်းအားအကောင်ဆုံးပါ။
🛒 အစိတ်သား။ 11250 Ks
🛒 ၅၀သား။ 22500 Ks
🛒 တပိသာ။ 45000 Ks

#မရွတ်ခြောက်
ပြုတ်ပီးရခိုင်ငပိထောင်းနဲ့သုတ်စား အရမ်းကောင်းတယ်နော် 😋
🛒 အစိတ်သား 3000 Ks
🛒 ၅၀သား 5500 Ks
🛒 တပိသာ။ 11000 Ks

#မြိတ်လက်ထောင်းမျှင်ငပိ
✅ဆိုးဆေးလွတ် သဲလွတ် ခဲလွတ် လက်ထောင်းမျှင်ငပိပါ။ ✅ခါးသက်တဲ့အရသာလုံးဝမရှိပါ။
🛒 အစိတ်သား 2500 Ks
🛒 ၅၀သား။ 4500 Ks
🛒 တပိသာ။ 9000 Ks

#သဘာဝကြယ်ပဲဟင်းခတ်မှုန့်
✅ကြယ်ပဲကိုအဓိကထားပီးထုတ်လုပ်ထားတဲ့ သဘာဝဟင်းခတ်မှုန့်ပါ
✅ ဟင်းလျာတိုင်းအတွက် စိတ်ချရတဲ့ ဟင်းခတ်ပစ္စည်းလေးပါ။
🛒 တထုတ် (100 gm). 1700Ks

📲 09444455037 (or) CB

ဆိုင်လိပ်စာ။။ အမှတ် (၃)၊ ကန်လမ်း၊ (၁၀)ရပ်ကွက်၊ လှိုင်မြို့နယ်။ (လှိုင်မြင့်မိုရ်အိမ်ရာထိပ်နား)

#စွဲငြိ_localproductsmart
#ရေထွက်ကုန်_စွဲငြိ
#သဘာဝစားသောက်ကုန်များ

📣📣 ပျဉ်းမနားဝါးပိုးမျှစ်ချဉ်လဲရောက်ပါပီ၊ နုဖတ်အိစက်နေတာပဲ။🐟 ငါးခေါင်းနဲ့ပဲချက်စားစား၊ 🐷 ဝက်နံရိုးနဲ့ပဲချက်ချက်၊ ထမင်းပေါ...
02/01/2021

📣📣 ပျဉ်းမနားဝါးပိုးမျှစ်ချဉ်လဲရောက်ပါပီ၊ နုဖတ်အိစက်နေတာပဲ။
🐟 ငါးခေါင်းနဲ့ပဲချက်စားစား၊ 🐷 ဝက်နံရိုးနဲ့ပဲချက်ချက်၊ ထမင်းပေါင်း၊ အသီးအရွက်ကြော်၊ ဟိုရောဒီရောလေးပဲလုပ်လုပ်... အိုခီ 👌

🛒 (၅၀သား) အထုတ်ကြီး။ 1500 Ks
🛒 အစိတ်သား အထုတ်သေး။ 750 Ks
🛒 မျှစ်အစပ် အထုတ်သေး။ 750 Ks

⭐ လက်ကားဈေးသီးသန့်

📲09444455037 (or) CB

#စွဲငြိ_localproductsmart
#ပျဉ်းမနားမျှစ်ချဉ်

🗓️⏰ Year End Greeting 🍂🍁နှစ်တနှစ်ရဲ့ အဆုံးသတ်ချိန်က နီးကပ်လာပါပီ။ 2020 ကတော့ ကမ္ဘာ့လူသားအားလုံးအတွက် မကြုံဖူးတာတွေ လက်တွ...
31/12/2020

🗓️⏰ Year End Greeting 🍂🍁

နှစ်တနှစ်ရဲ့ အဆုံးသတ်ချိန်က နီးကပ်လာပါပီ။ 2020 ကတော့ ကမ္ဘာ့လူသားအားလုံးအတွက် မကြုံဖူးတာတွေ လက်တွေ့ကြုံခဲ့ရတဲ့နှစ်ဆိုရင်မမှားပါဘူး။ ဘာပဲဖြစ်ဖြစ် အသက်ရှင်နေသရွေ့လှုပ်ရှားရုန်းကန်နေရမဲ့ ဒီလောကကြီးမှာ ဘယ်အခြေအနေပဲရောက်ရောက် ကောင်းရာတွေး ကောင်းကျိုးဆောင်တဲ့ အလုပ်တွေလုပ်နေကြရမှာ လူသားတိုင်းရဲ့ တာဝန်ပဲလို့ မှတ်ယူထားပါတယ်။

အဲ့လိုအတွေးနဲ့ပဲ ဆက်လက်အသက်ရှင်ရင်း စိတ်ကူးအိမ်မက်လေးတခုကို အကောင်အထည်ဖော်ဖြစ်ခဲ့ပါတယ်။ စိတ်ကူးနဲ့လက်တွေ့တထပ်တည်းကျအောင်တည်ဆောက်ဖို့က လူတယောက်ရဲ့ ကံ၊ ညဏ်၊ လုံ့လ၊ ဝီရိယ အားတွေ ဟန်ချက်ညီညီပေါင်းဆပ်ပါမှ အထမြောက်အောင်မြင်နိုင်မှာပါ။ မိမိညဏ်စွမ်းရှိသလောက် ပျိုးထောင်ခဲ့တဲ့ အပင်လေးတပင်...
❤️ စွဲငြိ ❤️ ဒီအပင်လေးကြီးထွားသန်မာဖို့အတွက် အားတွေဖြည့်လောင်းနေမှာပါ...

စွဲငြိ Local Products Mart လေးမှာ ဒေသအသီးသီးကထွက်ရှိတဲ့ ရိုးရာဒေသအစားအစာတွေအပြင်၊ ပြည်တွင်းဖြစ် စားသောက်ကုန် လူသုံးကုန်များပါ တင်ဆက်ရောင်းချပေးသွားမှာဖြစ်ပါတယ်ရှင်။

ကျမတို့ ရိုးရာဒေသထွက်ကုန်တွေဟာ ပြောင်းလဲလာတဲ့ ခေါတ်ရေစီးနဲ့အတူ တိုးတက်ခေါတ်မှီလာတာ အားလုံးအသိပါ။ သပ်ရပ်လှပတဲ့ ထုတ်ပိုးမှုပုံစံ၊ သဘာဝမပျက်အောင် စံမံထားရှိမှု အရည်အသွေးတွေကြောင့် ပြည်သူအများနှစ်ခြိုက်လက်ခံလာတာ ပြည်တွင်းဖြစ်တွေရဲ့ အောင်မြင်မှု မှတ်တိုင်ပါ။
ဟိုးတချိန်ကဘုရားဖူးထွက်မှ ခရီးတွေသွားရမှ ဒေသစာဆိုတာ မြည်းစမ်းကြည့်ခဲ့ကြတာပါ။ ခုချိန်မှာ တနေရာထဲထိုင်နေပေမဲ့ နေရာဒေသအစုံက အစားအသောက်တွေကို တိုက်ရိုက်မှာယူစားသောက်လာနိုင်ကြပါပီ။ အရာအားလုံး လက်တကမ်းမှာ ရှိနေချိန် ကျမတို့ စွဲငြိကလဲ စားသုံးသူမိတ်ဆွေတွေအတွက် ကောင်းမွန် မှန်ကန်တဲ့ ပစ္စည်းတွေနဲ့ အထောက်အပံ့ပြုနိုင်အောင် အစဉ်ကြိုးပမ်းလျှက်ရှိပါတယ်ရှင်။
အားပေးကြတဲ့ မိတ်ဟောင်းမိတ်သစ်များကို အစဉ်လေးစားချစ်ခင်လျက် ရှေ့ဆက်လျှောက်ပါမယ်နော်။ 🥰🥰

ချစ်ခင်လျက်
စွဲငြိ_Local_Product_Mart မိသားစု
❤️❤️❤️

ခေါတ်မီဆန်းသစ်တဲ့ Local Products လေးတွေမြင်တွေ့လာရတာ ဝမ်းမြောက်စရာပါ။ ပြည်တွင်းသာမက ပြည်ပဈေးကွက်ထိရင်ပေါင်တန်းနိုင်တဲ့ Q...
31/12/2020

ခေါတ်မီဆန်းသစ်တဲ့ Local Products လေးတွေမြင်တွေ့လာရတာ ဝမ်းမြောက်စရာပါ။ ပြည်တွင်းသာမက ပြည်ပဈေးကွက်ထိရင်ပေါင်တန်းနိုင်တဲ့ Quality ကိုပိုင်ဆိုင်ထားတဲ့ Local Snack လေးတခုနဲ့ မိတ်ဆက်ပေးပါရစေ။

လူကြီးလူငယ်မရွေး အကြိုက်တွေ့စေမယ့် ချိုချဉ်အရသာစုံလင်တဲ့ တောင်သူမသစ်သီးခြောက်နှင့်ယိုစုံတွေကို စွဲငြိမှာရရှိနိုင်ပါတယ်ရှင့်😍

တောင်သူမ သစ်သီးခြောက်နှင့်ယိုစုံမှာ ဘာအရသာလေးတွေရှိလဲဆိုတော့
👉 သရက်သီးခြောက်
👉 ခရမ်းချဉ်သီးခြောက်
👉 ဇီးသီးခြောက်
👉 သဘေႅာသီးခြောက်
👉 သရက်ပျဉ်
👉 သရက်နာနတ်ပျဉ်
👉 သစ်သီးခြောက်စုံ စတဲ့ ကျန်းမာရေးနဲ့ညီညွတ်စွာထုတ်လုပ်ထားတဲ့ Healthy Snacks လေးတွေရှိပါတယ်ရှင့်😍

❌No preservative
❌No Chemical
❌No added sugar
❌No artificial coloring

🛒 တထုတ် (500 Ks)

စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ပါတယ်ရှင်။ 🥰
လက်ကားဈေးသီးသန့်စုံစမ်းပါ။
📲09444455037 (or) CB

#စွဲငြိ_localproductsmart
#ပြည်တွင်းဖြစ်ကိုအားပေးကြပါလို့



Address

(70) Kan Street
Yangon

Telephone

+959444455037

Website

Alerts

Be the first to know and let us send you an email when SN Food Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share