Shelly's Bookshelf

Shelly's Bookshelf Book Sales, Book Review

............မျဉ်းဖြောင့်တကြောင်း(သို့)လူ့ဂွစာ...............ဆရာနီကိုရဲရဲ့ "ကျွန်တော်ဖြတ်သန်းခဲ့ဖူးသော မျဉ်းဖြောင့်တကြောင...
19/10/2025

............မျဉ်းဖြောင့်တကြောင်း(သို့)လူ့ဂွစာ...............

ဆရာနီကိုရဲရဲ့ "ကျွန်တော်ဖြတ်သန်းခဲ့ဖူးသော မျဉ်းဖြောင့်တကြောင်း" ဆိုတဲ့ စာက အဆိုတော်ထူးအိမ်သင်းအကြောင်းအနည်းငယ် ရေးထားဝာာပါ။ သူ့ကို ရင်းနှီးတဲ့သူ‌တွေ၊ သူ့ပရိသတ်‌တွေက "ကိုငှက်" လို့ခေါ်ကြတာ တချို့လည်းသိကြမှာပါ။ ကိုယ်ကတော့ ရေးရလွယ်‌အောင် အဆို‌တော်ထူးအိမ်သင်းကို "ကိုငှက်" ဆိုတဲ့ အသုံးနဲ့ပြန်‌ရေးပြပါမယ်။ ထိုစာထဲမှာ ဆရာနီကိုရဲက ကိုငှက်ကို "သူ့ကို လုပ်ချင်တာကိုလုပ်ရဲသည့်သတ္တိထက် မလုပ်ချင်တာကိုမလုပ်ရဲသည့်သတ္တိကို ပိုသဘောကျမိပါတယ်" လို့ ရေးခဲ့သည်။ အဲ့လိုတွေကြောင့်မို့ သူ့ကို လူ့ဂွစာလို့ ခေါ်တတ်ကြတယ်တဲ့။
ဆရာနီကိုရဲက သူ၏ (၃၇)နှစ်ပြည့် မွေးနေ့မှာ ကိုငှက်ကို ဂုဏ်ပြု သီချင်းဆိုပေးဖို့ပြောတော့ " ဟာ မဆိုချင်ပါဘူးဗျာ" လို့ငြင်းသတဲ့။
တရက် Central Hotel အခန်းတခန်းမှာ သူတို့နှစ်ယောက် အရက်သောက်ရင်: ခြေသလုံးလှဲနေတုန်း သူစိမ်း(၂) ယောက်က တံခါးလာခေါက်ကာ မိတ်ဆက်တယ်။ တူအရီး နှစ်ယောက်ဖြစ်ကြသော ထို(၂)ယောက်ထဲမှ ဦးလေးဖြစ်သူက ဘေးမှသူ့တူကိုညွှန်ကား " ကျွန်တော့တူက အဆိုအရမ်းဝါသနာပါလို့ အပေါ်ထပ် Karaoke ခန်းထဲမှာ ကျွန်တော့တူဆိုတာကို လိုက်နားထောင်ပေးပြီးလိုတာတွေပြင်ပေးပါလား ဆရာ" ဆိုကား တောင်းတောင်းပန်ပန်ပြောတော့ သူစဉ်းစားကာ " ခဏနေလိုက်ခဲ့မယ်" ဆိုကာ အခန်းထဲဆေးလိပ်သောက်ကာ တခုခုကိုစဉ်းစား‌ပြီး" ကိုရဲဝင်း ခင်များပါ လိုက်ခဲ့ဗျာ" ဟုဆိုကာသွားပြီး လူငယ်လေးဆိုတာကိုနားထောင်ပြီး သေချာပြောပြ၊ သူလည်းဆိုပြသတဲ့။
အဲ့လိုပဲ တနေ့ ဆရာနီကိုရဲရဲ့ "ကြည်ပြာရောင်နဂ္ဂတစ်များ Press Show" ပွဲ ရုပ်ရှင်ရုံအပြင်မှာ မိကွန်ထောနဲ့ထိုင်နေတဲ့သူ့ကို ဆရာနီကိုရဲကတွေ့တယ်။ သူကလည်း ဆရာ့ကိုမြင်တော့ " ကိုရဲဝင်းလာလေဗျာ" လို့လှမ်းခေါ်တယ်။ သူတို့နှစ်ယောက်ဆေးလိပ်သောက်ရင်: ဆရာနီကိုရဲက "ဆေးလိပ်သောက်ချင်လို့ထွက်လာတာဗျာ" လို့ စကားစတော့ ကိုငှက်က " ကျွန်တော်ကတော့ ကြည့်ကိုမကြည့်ချင်တာ‌ဗျာ ဘာလို့လဲမသိဘူး ကျွန်တော်မြန်မာကားဆို ကြည့်မရဘူး" ဟု ထိုဇာတ်ကားရဲ့ ဝတ္ထုပိုင်ရှင် ဇာတ်ညွှန်းရေးဆရာရှေ့မှာဆိုတယ်တဲ့။
တရက် သူတို့နှစ်ယောက် လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ဆိုင်ရှေ့မှ "ဟာ ကိုငှက်ကြီး" ဆိုတဲ့အသံကြောင့် မော့ကြည့်ကြတော့ ဂစ်တာလွယ်ထားတဲ့လူငယ်လေးတယောက် ဖြစ်သည်။ ထိုလူငယ်‌လေးက သူအခုမှဝယ်လာတဲ့ ဂစ်တာလေးကို လက်မှတ်ထိုးပေး‌ဖို့ပြောပြီး ဂစ်တာကောင်း/မကောင်း စစ်ကြည့်ပေးဖို့တောင်းဆိုတယ်တဲ့။ စစ်ကြည့်တော့ မကောင်းလို့ ဂစ်တာမှာပါတဲ့ ဆိုင်နာမည်ကိုကြည့်ပြီး "ဒီကောင်တွေ လုပ်ပြန်ပြီ ကိုယ် လိုက်‌ရွေးပေးမယ် ညီ" ဆိုပြီး ဂစ်တာဆိုင်ကိုသွားကြတယ်တဲ့။ ဆိုင်ရောက်တော့ သူက ဆိုင်ကလူတွေကို "ခင်များတို့ အဲ့လို‌ မလုပ်ပါနဲ့ဗျာ" လို့ဆိုရင်း ဂစ်တာတလက်သေချာရွေးပေးပြီး "ညီ ဒါပဲယူ ဒါကောင်းတယ်" ဆိုပြီးပြောတော့ လူငယ်လေးက ၂ လက်လုံးယူမယ်ဆို၏။ အဲ့တာနဲ့ ကိုငှက်က " ညီကလည်း တလုံးဆိုတော်ရောပေါ့ကွ လောဘကြီးလှချည်းလား ဒီတလက်ကိုလည်း လက်မှတ်ထိုးပေးမယ်" ဆိုကာ လူငယ်လေး ခေါင်းကိုခပ်ပြင်းပြင်းပုတ်ရင်းပြောသတဲ့။ "ကိုငှက်လက်မှတ်နဲ့ဂစ်တာကိုပြန်မထားခဲ့နိုင်ဘူး၊ ဒီကောင်ကိုလည်း ကိုငှက်ရွေးပေးထားတာဆိုတော့ ယူမှကိုရမှာ" ဆိုပြီး ဝယ်ဖို့လုပ်ပေမဲ့ ပိုက်ဆံကမလောက်ဘူးတဲ့ အဲ့တာနဲ့ ဆိုင်ရှင်ကို ကောင်လေးက တောင်ပန်းတယ်တဲ့ ‌"ကျွန်တော်မနက်ဖြန် ဆက်ဆက်လာပေးပါ့မယ် သူမှတ်ပုံတင်ထားခဲ့ပါ့မယ်" လို့ဆို‌တော့ "ကိုယ်စိုက်ပေးမယ်" ဆိုကာဝယ်ပေးတယ်တဲ့။
အဲ့လို ပုံမှန်လူတွေ အများအားဖြင့် ဘာကြောင့် ညာကြောင့်ဆိုပြီးလုပ်တဲ့အရာတွေကို သူက မလုပ်ချင်ရင် မလုပ်ဘဲနေပြီး လူတွေ ဟိုဟိုဒီဒီတွက်ဆပြီး မလုပ်တဲ့အရာတွေကို သူက လုပ်ချင်လုပ်တယ်တဲ့။
အဲ့တာမို့ သူ့ကို လူ့ဂွစာလို့ ခေါ်တတ်ကြတယ်တဲ့။ လူ့ဂွစာဖြစ်ဖို့က သတ္တိလိုပါတယ်။"အဆိုတော်ထူးအိမ်သင်း" လို လူ‌တယောက်နှင့် နှိုင်းပြီးပြောတာမဟုတ်ပေမဲ့ ကိုယ်လည်း လူ့ဂွစာဖြစ်ချင်တယ်။

ကျွန်တော်ဖြတ်သန်းခဲ့ဖူးသောမျဥ်းဖြောင့်တကြောင်းထူးအိမ်သင်ကွယ်လွန်ခြင်းတစ်နှစ်ပြည့် အမှတ်တရစာစုများ[အစိ....

ခေတ်အဆက်ဆက်မှာ အုပ်ချုပ်သူလူတန်းစားနှင့် ဘာသာရေးပုဂ္ဂိုလ်တွေကြားမှာ ဩဇာလွှမ်းမိုးမှုအတွက် အားပြိုင်မှုတွေ၊ ပွတ်တိုက်မှုတ...
12/10/2025

ခေတ်အဆက်ဆက်မှာ အုပ်ချုပ်သူလူတန်းစားနှင့် ဘာသာရေးပုဂ္ဂိုလ်တွေကြားမှာ ဩဇာလွှမ်းမိုးမှုအတွက် အားပြိုင်မှုတွေ၊ ပွတ်တိုက်မှုတွေရှိခဲ့ပါတယ်။
ဒီနေ့ထိ ကိုယ်ကြားဖူးသလောက်ဆို ဘာသာရေးပုဂ္ဂိုလ်တွေရဲ့ အရေးပါမှုကို လျှော့ချဖို့ နိုင်ငံရဲ့ဘာသာရေးကိုပါပြောင်းလဲကြိုးစားခဲ့တဲ့ ဘုရင်/ဘုရင်မ (၁၀)ဦးခန့်ရှိခဲ့ပါတယ်။ထိုထဲမှကိုယ်နည်းနည်းပိုသိတာကတော့ (၃) ဦးပါ။
ကြီးကြီးမားမားအပြောင်းလဲလုပ်ခဲ့သူ (၂) ဦးကတော့ အီဂျစ်ဖာရို(ဖာရိုဆိုတာ ဘုရင်ကိုခေါ်တာပါ) - Akhenaten (14th Century) နှင့် အင်္ဂလန်ဘုရင် -Henry VIII (16th Century)ပါ။ လုပ်ဆောင်ရခြင်း ရည်ရွယ်ချက်တွေကတော့ မတူကြပါဘူး။
Pharaoh Akhenaten ရဲ့ရည်ရွယ်ချက်က တိုင်းပြည်ရဲ့အာဏာအလုံးစုံဟာ သူနဲ့ မိဖုရား Nefertiti ပေါ်မှာသာ ဗဟို‌ဖြစ်စေချင်လို့ ထိုခေတ် Egypt ဘာသာရေးကိုပြောင်းလဲခဲ့တာပါ။ ထိုခေတ်က Egypt Pharaoh တွေဟာ နတ်ဘုရားတွေကိုကိုယ်စားပြုပါတယ်။ ထိုခေတ်မှာ အခြားကိုးကွယ်‌သော နတ်ဘုရား‌တွေလည်းရှိပေမဲ့
နေနတ်ဘုရား (Amun) ကိုအထူးကိုးကွယ်ကြပါတယ်။ ထိုနတ်ဘုရားတွေထံဆုတောင်းဖို့ ကိုးကွယ်သူတွေက တိုက်ရိုက်ဆုတောင်းလို့မရပါဘူး။ ဘုရားကျောင်းတွေမှာရှိတဲ့ ဘုန်ကြီးလိုပုဂ္ဂိုလ်တွေကို ပူဇော်ဖို့ပစ္စည်းတွေကိုပေးပြီးဆုတောင်းရတာပါ။အဲ့တော့ ဘုရားကျောင်းတွေက လက်ဆောင်ပဏ္ဍာတွေနဲ့ အလွန်ကြွယ်ဝလာပြီး ပြည်သူတွေပေါ်အရမ်းဩဇာ‌လွှမ်းမိုးပါတယ်။ အဲ့တာကို ထို Egypt Pharaoh နဲ့ မိဖုရားက မလိုလားပါဘူး။ အဲ့တော့ အခြားနတ်ဘုရားကိုးကွယ်မှု တွေကိုရပ်စေပြီး လောကမှာ နတ်ဘုရားတပါးသားရှိတယ်။ ထိုနတ်ဘုရားက (Aten) ပဲ ဆိုပြီး ပြောင်းလဲကိုးကွယ်စေခဲ့ပါတယ်။ထိုနတ်ဘုရားထံကို သူတို့နှစ်ဦးထံမှသာ ဆုတောင်းလို့ရပါတယ်။ ထို့အပြင် သူ၏ မူရင်းနာမည် Amenhotep IV ကို Aten နတ်ဘုရားကိုကိုယ်စားပြုတဲ့အနေဖြင့် Akhenaten ဟုပါပြောင်းခဲ့ပါတယ်။ရုတ်တရက်ကြီး ကိုးကွယ်မှုပြောင်းလိုက်ခံရတဲ့ ပြည်သူတွေက မကျေနပ်ဘဲ ဆူပူ‌မှုတွေရှိပေမဲ့ ဘုရင်ကိုမလွန်ဆန်နိုင်လို့သာငြိမ်နေခဲ့ရပါတယ်။ ဒါမဲ့ Akhenaten ကွယ်လွန်ပြီးနောက်မှာ သားတော် Tutankhamen က (အသက်၉နှစ်ကျော်) အရွယ်လေးနှင့် ဘုရင်ဖြစ်လာခဲ့ပါတယ်။ ထိုသူကို King Tut လို့လည်းခေါ်ကြပါတယ်။ Egypt တွေက ခေတ်အဆက်ဆက် အင်ပါယာခြေနေ၊ဘုရင်တွေရဲ့အကြောင်းတွေ၊ ပြည်သူတွေရဲ့ဘဝတွေ မှတ်တမ်းတင်ခဲ့ကြပေမဲ့။ Akhenaten ရဲ့ဆွေမျိုးတဆက်အကြောင်းကိုတော့ မှတ်တမ်းတင်ထားတာအတော်နည်းပါတယ်။ သားတော် King Tut ရဲ့လက်ထပ်မှာ အရင်ကိုးကွယ်မှုတွေကို ပြန်ကိုးကွယ်စေပြီး အင်ပါယာရဲ့ စစ်ပွဲတချို့မှာ ဘုရင်ကိုယ်တိုင်ရှေ့တန်းက ဝင်ရောက်တိုက်ခိုက်တာတွေ လုပ်တာတောင် ထိုခေတ်လူတွေရဲ့ဒေါသကမပြေခဲ့ကြပါဘူး။ ရှေ့ခေတ် အီဂျစ်ဘုရင် စာရင်းမှာ Akhenaten နဲ့ဆက်နွယ်တဲ့ ဘုရင်တွေကို စာရင်းမှဖျောက်ခဲ့ကြပါတယ်။အရင်နှစ် ၁၀၀ ခန့်က ရှာဖွေတွေ့ရှိထားတဲ့ Tutankhamen ရဲ့ မံမီရုပ်အလောင်းကို လေ့လာတဲ့အခါ ထို ခေတ် Egypt အယူဆအရ အရေးကြီးတဲ့ "နှလုံး" မပါလာပါဘူး။ ဘာလို့အရေးကြီးတာလဲဆို သူတို့က နောင်ဘဝကို ယုံတဲ့အတွက် ထိုနောင်ဘဝကိုကူးဖို့ရာ နတ်ဘုရားတွေက ချိန်ခွင်တခုမှာ "နှလုံး" ကို အဖြူရောင် ငှက်မွေးလိုအရာနဲ့ ချိန်ပါတယ်။ နှလုံးက ထိုငှက်မွှေးထက်လေးမှသာ ကောင်းမှုတွေအများကြီးလုပ်ခဲ့တယ် ဆိုပြီး ဘဝကောင်းကိုကူးလို့ရတာပါ။ ချိန်စရာ နှလုံးမပါရင် ဘဝကူးလို့မရပါဘူး။ ထိုခေတ်လူတွေက အဖေ့ကိုမကြိုက်တဲ့စိတ်က သားအထိကျန်မျိုးဆက်တွေအထိ ရှိနေခဲ့ပါတယ်။
နောက်တဦးက King Henry VIII - သူက သူနဲ့သူ၏ ပထမမိဖုရား Catherine တို့မှာ သူ၏ ဘုရင်နေရာကိုဆက်ခံဖို့ သားယောင်္ကျားလေးမရခဲ့လို့ သားယောင်္ကျားလေးလိုချင်တဲ့အတွက် နောက်အမျိုးသမီးတယောက်ကိုလက်ထပ်ဖို့ ဘာသာရေးကိုပြောင်းလဲခဲ့တာပါ။ ဘုရင်ဖြစ်သော်လည်း Henry VIII က ကက်သလစ်ဖြစ်တဲ့အတွက် တလင်/တမယားစနစ်ဖြစ်ပြီး ယူပြီးရင်လည်း ကွာရှင်းလို့မရပါဘူး။ သူ သဘောကျတဲ့ Anne ဆိုတဲ့အမျိုးသမီးက အင်မတန်ထက်မြတ်ပြီး အလွန်လှတဲ့သူပါ။ Anne က Henry VIII ကို ဘုရင်ဖြစ်ပေမဲ့လည်း မကြောက်ပါဘူး။ တိတ်တိတ်ပုန်းအဖြစ်လက်မခံကြောင်း " သူ့ကို သူမိဘတွေက သူများရဲ့အမြှောင်မယားဖြစ်ဖို့၊ သူများရဲ့တိတ်တိတ်ပုန်းမယားဖြစ်ဖို့ မွေးထားတာမဟုတ်ဘူး" လို့ဆိုပြီး Henry VIII ရဲ့အချစ်ကိုလက်မခံပါဘူး။ Anne ရဲ့အဖေက ဘုရင်ကိုကြောက်လို့ လက်ခံဖို့ပြောတာကိုတောင် မရပါဘူး။အဲ့တော့ Anne ကိုစွဲလမ်းနေတဲ့ Henry က သူရဲ့ပထမ မိဖုရား Catherine ကိုကွာရှင်းဖို့ကြိုးစားပါတော့တယ်။ ဘုရင်ဖြစ်ပေမဲ့ ကွာရှင်းဖို့ကို ပုပ်ရဟန်မင်းကြီးထံတောင်းခံရပါတယ်။ Catherine က စပိန်နိုင်ငံရဲ့မင်းသမီးဖြစ်ပြီး ထိုခေတ်က စပိန်က ဥရောပမှာ အလွန်ဩဇာရှိတဲ့နိုင်ငံပါ။ ပြီးတော့ ဩဇာကြီးတဲ့ Holly Roman Emperor ဘုရင်က Catherine ရဲ့တူပါ။ အဲ့လိုလူကို ကွာရှင်းရင် မလိုလားတာတွေဖြစ်လာမှာစိုးတဲ့အတွက်ကွာရှင်းခွင့်မပေးခဲ့ပါဘူး။ တကယ်က Catherine က Henry VIII ရဲ့ အစ်ကိုဖြစ်သူ အရင်ဘုရင် Arthur ရဲ့မိဖုရားဖြစ်ခဲ့သူပါ။ အစ်ကိုဖြစ်သူ ကွယ်လွန်သွား‌တဲ့အခါ Henry က Catherine ကို လက်ထပ်ခဲ့တာပါ။ အဲ့လို အစ်ကိုရဲ့မိဖုရားကို လက်ထပ်လို့ ဘုရားကအပစ်ပေးတဲ့အတွက် နန်းမွေးဆက်ခံဖို့ သားမထွန်းကားတာလို့သူက ပုပ်ရဟန်းမင်းကြီးကို ပြောပြီး ကွာရှင်းပေးဖို့ပြောတာကိုလည်း ပုပ်ရဟန်းမင်းကြီးက လက်မခံပါဘူး။ အဲ့‌တော့ သူက "Church of England( Anglicanism)လို့ ခေါ်တဲ့ ဘာသာသစ်တခုကို တည်ထောင်လိုက်ပါတယ်။ ထိုဘာသာက ကက်သလစ်နဲ့ဆင်ပေမဲ့ အိမ်ထောင်ကွာရှင်းခွင့်ရှိပါတယ်။ ပြီးတော့ ကက်သလစ်ဘာသာရဲ့Church က ရောမမှပုပ်ရဟန်းမင်းကြီးဖြစ်ပြီး Church of England ရဲ့ Church ကတော့ အင်္ဂလန်ဘုရင်၊ ဘုရင်မ နှင့် Canterbury မှာရှိတဲ့ ခရစ်ယာန်ဂိုဏ်းချုပ် ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးနဲ့တွေ့ပြီး ဘာသာသစ်တည်ထောင်အပြီးမှာ မလိုလားသူတွေရဲ့ စစ်‌‌အန္တရာယ်မှ ကာကွယ်ဖို့ စစ်ရေးပြင်ဆင်မှုတွေလည်း လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့လိုအခြေနေမျိုးအထိမရှိခဲ့ဘဲ အနည်းငယ်ဆန့်ကျင်မှုသာရှိခဲ့ပါတယ်။ အခုချိန်ထိ Church of England ကို ကိုးကွယ်သူ နိုင်ငံ 165 ခန့်မှာ 85 Million ခန့်ရှိပါတယ်။
နောက်ဆုံးတယောက်ကတော့ နပိုလီယံ သူက သူရဲ့နန်းတက်ပွဲ (December 02 1804 )မှာ ပုပ်ရဟန်းမင်းကြီးကကြွရောက်ချီမြှောက်ပြီး သရဖူဆောင်းပေးတာကို လက်မခံဘဲ သရဖူကို ပုပ်ရဟန်းမင်းကြီးလက်ထဲမှ လုပြီး သူ့ဘာသာဆောင်းခဲ့တာပါ။ အဲ့အချိန်က ပုပ်ရဟန်းမင်းကြီးက အင်မတန် ဩဇာ၊အာဏာကြီးတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါမဲ့ ဩဇာ၊အာဏာဟာ သူ့မှာသာတည်ကြောင်းပြချင်လို့ တမင်လုပ်ခဲ့တာပါ။ ဒါမဲ့ သူကတော့ အရမ်းကြီးမားတဲ့ပြောင်းလဲမှုမျိုးထိမလုပ်ခဲ့ဘဲ သူ၏ ပန်းချီဆရာဖြစ်သူက နန်းတတ်ပွဲမှတ်တမ်းပန်းချီရေးဆွဲတဲ့အခါ တပည့်ဖြစ်သူရဲ့အကြံပေးမှုနဲ နပိုလီယံက သရဖူကိုသူ့ဘာသာဆောင်းတာကို ပြောင်းလဲပြီး နပိုလီယံက သူ၏မိဖုရားကိုဆောင်းပေးနေတဲ့ပုံကို ပြောင်းလဲရေးဆွဲခဲ့တာကို လက်ခံခဲ့ပါတယ်။ လက်စွဲတော် ပန်းချီဆရာရဲ့တပည့်ဖြစ်သူ၏ အတွေးကတော့ အမှန်တိုင်းဆွဲရင် နောင်လာ နောင်သားတွေက နပိုလီယံကို ပုပ်ရဟန်းမင်းကြီးလို ဘာသာရေးပုဂ္ဂိုလ်ကို ဆန့်ကျင်ရာရောက်တဲ့အတွက် မကောင်းတဲ့သူလို့ သတ်မှတ်စိုးလို့ပါ။
အဲ့လို အီဂျစ်ဘုရင် Akhenaten နှင့် Henry VIII ရဲ့ ဘာသာရေးဆိုင်ရာပြောင်းလဲမှုတွေအပေါ် လူတွေရဲ့တုံ့ပြန်ပုံက ဘာလို့မတူကြတယ် ထင်ပါလဲ?????
My Notes and ChatGPT ‌and Google မှ /-

ကိုယ်တွေးမိတာက လူတွေမှာ ဘယ်အရပ်ကလူကတော့ ပိုတော်တယ်၊ဘယ်နိုင်ငံကလူကတော့ ပိုညံ့တယ်လို့မရှိပါဘူး။လူတယောက်က သူ့ရဲ့တီထွင်နိုင်...
07/10/2025

ကိုယ်တွေးမိတာက လူတွေမှာ ဘယ်အရပ်ကလူကတော့ ပိုတော်တယ်၊ဘယ်နိုင်ငံကလူကတော့ ပိုညံ့တယ်လို့မရှိပါဘူး။လူတယောက်က သူ့ရဲ့တီထွင်နိုင်စွမ်း၊အရည်အချင်းတွေ၊ဉာဏ်သွေးခွင့်တွေ ရတဲ့နေရာနဲ့ မရတဲ့နေရာတွေကွာခဲ့ကြတာပါ။
ဥပမာ။ ။ တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကိုကြည့်ပါ။အဲ့(၂)နိုင်ငံမှာရှိတဲ့ လူတွေက လူမျိုးတူတွေပါ။ဒုတိယကမ္ဘာစစ်ပြီးတော့ ဆိုဗီယက်ပြည်ထောင်စုကျင့်သုံးတဲ့ ကွန်မြူနစ်ဝါဒနဲ့ အမေရိကန်တွေလက်ခံတဲ့ ဒီမိုကရေစီဝါဒတွေ အားပြိုင်ဖို့ လွှမ်းမိုးဖို့ကြိုးစားရင်းနဲ့ သူတို့ရဲ့(၁)နိုင်ငံတည်းရှိတဲ့နိုင်ငံက တောင်/မြောက်ဆိုပြီး (၂)နိုင်ငံကွဲသွားတယ်ဆိုရမလား။သိတဲ့အတိုင်း မြောက်ကိုရီးယားက အာဏာရှင်နိုင်ငံပီပီ နိုင်ငံရဲ့ဝင်ငွေအများစုကို စစ်တပ်အတွက်ပဲသုံးပြီး အရာရာတိုင်းကို သမ္မတဖြစ်သူကပဲ သူကျွမ်းကျင်တဲ့အပိုင်းဟုတ်ဟုတ် မဟုတ်ဟုတ် သူပဲဆုံးဖြတ်ပါတယ်။ပြည်သူတွေကို အကြောက်တရားနဲ့ဆိုးရွားစွာဖိနှိပ်ထားပြီး ဘယ်လိုမှ ဦးနှောက်သွေးခွင့် တီထွင်ကြံဆခွင့် လုပ်ပိုင်ခွင့်တွေမရှိပါဘူး။အဲလိုနဲ့ လူမျိုးတူပေမဲ့ ရှင်သန်ခွင့်ရတဲ့နိုင်ငံများရဲ့ စနစ်၊အုပ်ချုပ်ပုံတွေမတူတာကြောင့် တိုးတက်မှု‌တွေ၊ဉာဏ်ရည် ဉာဏ်သွေးနဲ့ တွေးမြင်ပုံတွေကွာကုန်ကြပါတယ်။

ကိုယ်သိတဲ့ နောက်ထပ်နိုင်ငံတခုက ဂျာမနီနိုင်ငံပါ။အဲ့နိုင်ငံကလည်း အရင်က အရှေ့ဂျာမနီနဲ့အနောက်ဂျာမနီဆိုပြီး ခွဲခံရဖူးပါတယ်။ဒုတိယကမ္ဘာစစ်ကို စဖြစ်စေခဲ့သူက ဂျာမနီရဲ့ဟစ်တလာလို့ပြောရမလား။အဲ့မှာ ဟစ်တလာရဲ့နာဇီတပ်တွေရဲ့ နယ်ချဲ့မှုကို ဆိုဗီယက်၊ဗြိတိန်၊အမေရိကန်၊ပြင်သစ်တို့က အတူတူတွန်းလှန်ခဲ့ကြတယ်။ဒါပေမဲ့ စစ်ကြီးပြီးသွားတော့ ဂျာမနီကို သူတို့‌(၄)နိုင်ငံရဲ့ အုပ်ချုပ်ပုံအမြင်ကမတူခဲ့ကြဘူး။
ဆိုဗီယက်ကဘယ်လိုတွေးလဲဆိုတော့ ဂျာမနီနိုင်ငံ ပထမကမ္ဘာစစ်ရော ဒုတိယကမ္ဘာစစ်ရောမှာ သူတို့နိုင်ငံကို တော်တော်ဒုက္ခရောက်စေခဲ့လို့ အရင်လိုထပ်လုပ်လို့
မရအောင် ပြန်နလန်မထူအောင်လုပ်မယ်လို့တွေးခဲ့တယ်။ကျန်တဲ့(၃)နိုင်ငံတွေးတာက ဂျာမနီက အရင်ဆိုးရွားခဲ့တာက သူတို့နိုင်ငံရဲ့စီးပွားရေးအခြေနေမကောင်းလို့ဖြစ်ရတာ။သူတို့အဆင်ပြေတယ်ဆို အရင်လိုမဖြစ်နိုင်ဘူးဆိုပြီး နိုင်ငံကိုတိုးတက်အောင်လုပ်ပေးချင်တယ်။အဲ့လိုနဲ့ ဂျာမနီနိုင်ငံကို အုပ်ချုပ်မည့်(၄)နိုင်ငံရဲ့အမြင်က (၂)မျိုးကွဲပြီး အရှေ့ဂျာမနီနဲ့‌အနောက်ဂျာမနီဆိုပြီး(၂)ပိုင်း ပိုင်းခဲ့တယ်။ဆိုဗီယက်ကအရှေ့ဂျာမနီကိုယူပြီး ကျန်တဲ့(၃)နိုင်ငံက အနောက်ဂျာမနီကိုယူခဲ့တယ်။
ဆိုဗီယက်ရဲ့ ကွန်မြူနစ်၀ါဒနဲ့ အာဏာရှင်စနစ်အုပ်ချုပ်မှုကြောင့် အရှေ့ဂျာမနီမှာနေတဲ့ နိုင်ငံသားတွေက ဆင်းရဲကျပ်တည်းမှုဒဏ်မခံနိုင်တော့ အနောက်ဂျာမနီကိုပြေးကြတယ်။အဲ့တာကို ဆိုဗီယက်ရဲ့ စတာလင်က နိုင်ငံကိုလည်းတိုးတက်အောင်လုပ်မပေးချင်ဘူး နိုင်ငံကနေထွက်သွားတာကိုလည်းမလိုချင်ဘူး။အဲ့တာနဲ့ဘယ်လောက်ထိဆိုးရွားလည်းဆိုတော့ (၁)နိုင်ငံလုံးကို တံတိုင်းကြီးခတ်ပြီး ဘာလင်တံတိုင်းကြီးဆိုတာ ဖြစ်စေတယ်။တဖက် အနောက်ဂျာမနီမှာရှိတဲ့ ဂျာမန်လူ‌မျိုးတွေကကျတော့
အမေရိကန်၊ဗြိတိန်၊ပြင်သစ်က ပြည်‌သူတွေရဲ့ စိတ်ကြိုက် အုပ်ချုပ်သူကို ရွေးချယ်တင်မြှောက်စေပြီး ကမ္ဘာမှာ BMW, Mercedes-Benz စတဲ့နာမည်ကြီးကားတွေထုတ်ပြီး ကမ္ဘာမှာ နေရာရလာပေမဲ့ အရှေ့ဂျာမနီက
ဂျာမာန်လူမျိုးတွေကတော့ ဘာလင်တံတိုင်းကြီးခတ်ခံရပြီး တနိုင်ငံလုံး ထောင်ချခံနေရတယ်။ဘာမှလုပ်ပိုင်ခွင့်မရှ်ိ၊တွေးခေါ်ခွင့်မရှ်ိဘဲနဲ့ အာဏာရှင်ရဲ့
တခွန်း၊တမိန့်အတိုင်း မှန်မှန်၊မှားမှားလုပ်နေရတယ်။
အဲ့လိုနဲ့ 1989 မှာ ဘာလင်တံတိုင်းကြီးကို (၂)နိုင်ငံပြည်သူတွေ ဖြိုချနိုင်ခဲ့ပြီး အရှေ့ဘာလင်က လူတွေ ‌အနောက်နိုင်ငံထဲကို ဝင်လာတော့ စီးလာတဲ့ ကားတွေက မီးခိုးတလူလူနဲ့ အသံတွေဆူနေတဲ့ Trabant ဆိုတဲ့ကားတွေပါတဲ့။အဲ့ချိန်မှာ အနောက်ဂျာမနီက ကမ္ဘာမှာ
ကောင်းပေ့ဆိုတဲ့ BMW, Mercedes-Benz, Audi ဆိုတဲ့ကားတွေထုတ်နိုင်နေတဲ့အချိန်မှာ အရှေ့ဂျာမနီကတော့ အုပ်ချုပ်သူအာဏာရှင်ရဲ့ အမိန့်အတိုင်း (၁)ပုံစံတည်း (၁)မျိုးတည်း မီးခိုတလူလူ အသံတွေဆူနေတဲ့ကားတွေကို ထုတ်ရပြီး စီးနေကြရတယ်။အဲ့မှာတွေးမိမယ်ထင်ပါတယ်။သူတို့က လူမျိုးတမျိုးတည်းဖြစ်ပြီး၊တကယ်ဆို တရေတည်း တမြေတည်းမှာကြီးပြင်းခဲ့ကြပြီး၊နိုင်ငံကွဲနေတဲ့ မိသားစုတွေ အမျိုးအရင်းကြီးတွေတောင် ပါပါတယ်။သို့ပေမဲ့ သူတို့ကိုအုပ်ချုပ်တဲ့ အစိုးရရဲ့ စနစ်မတူမှုကြောင့် တိုးတက် အောင်မြင်ပုံချင်းကွာကုန်ကြတာပါ။
#ဖတ်ဖူးတဲ့စာတွေနဲ့ ကြည့်ဖူးသော Videos တွေမှ ထုတ်နှုတ်၍
Photo Crd

သတ်မှတ်ချက်တွေဆိုတာ လူတို့၏အတ္တမှဖြစ်ပေါ်သည်အောက်ပါ ပုံ(၂)ပုံနဲ့စာကို တွဲပြီးဖတ်လိုက်‌တော့ အတွေးထဲမှာ လက်ခနဲတွေးမိတာက ‌"...
29/08/2024

သတ်မှတ်ချက်တွေဆိုတာ လူတို့၏အတ္တမှဖြစ်ပေါ်သည်

အောက်ပါ ပုံ(၂)ပုံနဲ့စာကို တွဲပြီးဖတ်လိုက်‌တော့ အတွေးထဲမှာ လက်ခနဲတွေးမိတာက ‌"ယောင်္ကျား/မိန်းမဆိုရင် ဘယ်လိုထိုင်ရမယ် ဘယ်လိုရပ်ရမယ် ဆံပင်ကို ဘယ်လိုမျိုးထားရမယ် အဝတ်အစားကို ဘယ်လိုဝတ်ရမယ်၊ ယောင်္ကျားဆိုတာ အားကိုးခံရမည့်သူမို့ မငိုရဘူး ၊မိန်းမဆိုရင် ယောင်္ကျားရှိမှ တင့်တယ်တယ်" ဆိုတာတွေက လူတွေရဲ့ အတ္တအလိုက် အကြိုက်အလိုက်ဖြစ်ပေါ်လာတဲ့ သတ်မှတ်ချက်တွေ ဆိုတာပဲ။ ထိုသတ်မှတ်ချက်တွေက ခေတ်အလိုက် နှစ်အလိုက် နေရာဒေသအလိုက် ပြောင်းလဲတတ်ပြီး မတည်မြဲဘူးလို့ မြင်မိတယ်။

အခုခေတ်မှာ ယောင်္ကျားလေးဆိုရင် အမေရိကန် သမ္မတ‌ေဟာင်း Barack Obama လို ဝတ်တာ ထိုင်တာမျိုး ကိုယ်ဟန်အနေထာက ခန့်ငြားတယ် ယောင်္ကျားပီသတယ်လို့သတ်မှတ်ပေမဲ့ (၁၈) ရာစုမှာဆိုရင် အောက်ပါ ပြင်သစ် ဘုရင် လူဝီ (၁၄) လိုမျိုး ဆံပင်ရှည်‌ေလးထား ဂါဝန်ဝတ်ပြီး ဖင်လေးနောက်ပစ် ခါးလေးကော့ထားတာကမှ Handsome တာပါ အရပ်ကတို့ရေ 😎
ဒေါက်မြင့်လေးလည်း စီးမှ Perfect နော် 🩰
ဒေါက် ဒေါက် ဒေါက် 💃

ကိုယ့်အမြင်ကတော့ လူတယောက်က လူပီသသ ကိုယ်ကြိုက်သလိုဝတ်ခွင့် ပြုမူနေထိုင်ခွင့်ရှိပြီး ဘယ်သူ့ဘဝကိုမှ ဘယ်လိုနေ ဘယ်လိုထိုင် ဘယ်လိုဝတ်လို့ လိုက်စွက်ဖက်နေတာမျိုး စွက်ဖက်ခံ‌ေနတာမျိုး အများရဲ့လွှမ်းမိုးမှု ခေတ်ရဲ့လွှမ်းမိုးမှု မခံဘဲ ကိုယ့်စိတ်ကြိုက် ကိုယ် ဝတ်ခွင့်နေခွင့်ရှ်ိတယ်လို့မြင်ပါတယ်။

အတ္တဆိုတာ လူတွေနှင့်ကင်းကွာလို့ရတဲ့အရာမျိုးမဟုတ်လို့ အတ္တရဲ့လွှမ်းမိုးမှုကို ခံကိုခံရမည့်အတူတူ တခြားသူတွေရဲ့ အတ္တမဟုတ်ဘဲ ကိုယ့်အတ္တနှင့် နေတာအကောင်းဆုံးဟု..

Photo Crd
#လူ၏ မူလ-သမူဟ
Brief History of Humankind

Address

Kyauktada
Yangon

Website

Alerts

Be the first to know and let us send you an email when Shelly's Bookshelf posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category