MA CHEL sar phwel

MA CHEL sar phwel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MA CHEL sar phwel, Shopping Service, Yangon.

အိမ်မှာဆွမ်းကပ်ရင်းနဲ့ ဘေဘီလေးတွေအတွက်စဉ်းစားမိလို့ ကြက်ဥပူတင်း 🍮လုပ်နည်းလေးပြောပြချင်ပါတယ်Season bakery ကနေတကူးတက သွားဝ...
03/05/2020

အိမ်မှာဆွမ်းကပ်ရင်းနဲ့ ဘေဘီလေးတွေအတွက်စဉ်းစားမိလို့ ကြက်ဥပူတင်း 🍮လုပ်နည်းလေးပြောပြချင်ပါတယ်
Season bakery ကနေတကူးတက သွားဝယ်စားစရာမလိုတော့ဘူးပေါ့ 🤗

ပုံပါအတိုင်း ၅ခွက်စာရပါတယ်

ပါဝင်ပစ္စည်း
-ကြက်ဥ ၃ လုံး
-နို့စိမ်း (၃ပုံပုံ ၁ပုံ)
-ကျိုချက်ပြီးသား နွားနို့ (ဖန်ခွက်ရှည် ၁ခွက်)🥛
-သကြား
-ဆား
-ဗနီလာ

ပြုလုပ်နည်း

- သကြားညိုရရှိဖို့အတွက် သကြားဟင်းခတ်ဇွန်း ၂ဇွန်းလောက်ကို အိုးသေးသေးထဲမှာ ထည့်ပြီး Low heat နဲ့အပူပေးပါ
သကြားလေးတွေ နီညိုသန်းပြီး ရဲလာရင် ရေကို ထမင်းစားဇွန်း ၂ဇွန်းလောက်ခပ်ထဲ့ပြီး မွှေပါ
သကြားတွေအကုန်ပျော်သွားပြီဆိုရင် ပေါင်းမယ့်ခွက်ကလေးတွေထဲ ညီညာအောင် မျှထဲ့ပါ (သူ့ဖာသာ ခဲသွားပါလိမ်ါမယ်)
ဒါမှ ပူတင်းကိုပန်းကန်ထဲမှောက်ထဲ့တဲ့အခါ အခုလိုအပေါ်ယံလေးတွေက ညိုနေမှာပါ

- ကြက်ဥ ၃လုံးကို သကြား ထမင်းစားဇွန်းနဲ့ ၆ဇွန်းထဲ့ပါ (ကြက်ဥတလုံးလျှင် ၂ဇွန်းနှုန်း)
သကြားကြေအောင်ခလောက်ပါ
ဆားအနဲငယ်ထဲ့ပါ သမအောင်ခလောက်ပါ
နို့စိမ်းကိုဖော်ပြပါအချိုးအတိုင်း ကြက်ဥထဲရောမွှေပါ
နွားနို့ကိုလဲရောမွှေပါ
ဗနီလာအနံ့ ၃စက်လောက်ထဲ့ပါ (ကြက်ဥအညှီနံ့ပျောက်စေရန်)

- သမအောင်မွှေထားတဲ့ ကြက်ဥအနှစ်ရည်ကို အအေးခံထားတဲ့ ခွက်လေးတွေထဲကို အညီအမျှခွဲထဲ့ပါ
ငွေရောင်ခဲဘတ်စက္ကူလေးတွေနဲ့အုပ်ပြီး ဘန်းလေးထဲ စီထဲ့ပါ
ထိုဘန်းထဲသို့ ရေနွေးကို ဘန်းတဝက်ထဲ့လိုက်ပါ
ရေနွေးအိုးပေါင်းချောင်နဲ့ပဲဖြစ်ဖြစ် oven နဲ့ပဲဖုတ်ဖုတ် ထိုနည်းအတိုင်းထဲ့ပါ
(Oven ထဲကိုထဲ့မယ်ဆို ခွက်အမျိုးအစားကိုသတိထားပါ)
မိနစ် ၂၀ ပေါင်းပြီး ရေလဲသေတ္တာထဲ ၂နာရီလောက်ထားပြီးမှ နှစ်သက်ရာ ပန်းကန်ထဲ မှောက်ထဲ့၍ ပုံပါအတိုင်း သုံးဆောင်နိုင်ပါတယ်
(မမှောက်ခင် ဓါးချွန်လေးနဲ့ ဘေးပတ်ပတ်လည် ခွက်နဲ့ကပ်မနေပဲ လေဝင်အောင်ထိုးခွာပြီးမှ ပန်းကန်ထဲမှောက်ထဲ့ပါ)
🤗


အဆုံးထိဖတ်ပေးလို့ ကျေးဇူးပါ🙏

Creditပါ

Address

Yangon
01

Telephone

+959978386812

Website

Alerts

Be the first to know and let us send you an email when MA CHEL sar phwel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share