Shwe War Win Online Shop

Shwe War Win  Online Shop We are selling Monk robes and accessories.We are openning 4 retail shops in Yangon and Yedashe.

အရည်အသွေးမြင့် သင်္ကန်းနှင့် ပရိက္ခရာပစ္စည်းများအား ဈေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူရရှိနိုင်ပါသည်။

 #ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့ ..🍂🐚🐚ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်သည်။ “ဗျာ...
29/04/2026

#ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့ ..🍂🐚

🐚ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်သည်။ “ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့” ဟု ဆိုစမှတ်ပြုကြသည်။
(ဗျာ-ကဆုန်လပြည့်နေ့၌ ဗျာဒိတ်တော်ကို ခံယူတော်မူပါသည်။ ဖွား-က‌ဆုန်လပြည့်နေ့၌ ဖွားမြင်တော်မူပါသည်။ ပွင့်-က‌ဆုန်လပြည့်နေ့၌ ဘုရားပွင့်တော်မူပါသည်။ စံ-ကဆုန်လပြည့်နေ့၌ ပရိနိဗ္ဗာန် စံဝင်တော်မူပါသည်။)

🐚ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက် ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။ မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။ မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။

🐚ဂေါတမမြတ်စွာဘုရားလောင်း ဖြစ်တော်မူသော သိဒ္ဓတ္ထမင်းသားကို သက္ကတိုင်း ကပိလဝတ် (နီပေါနိုင်ငံ) တွင် ကပိလဝတ်ပြည့်ရှင် သာကီဝင်မင်းမျိုးဖြစ်သော သုဒ္ဓေါဒန မင်းကြီးနှင့် မိဖုရားခေါင်ဖြစ်သော သိရီမဟာမာယာ မိဖုရားကြီးတို့မှ လွန်ခဲ့သော နှစ်ပေါင်း၂,၆၀၀၊ ခရစ်တော်မပေါ်မီ (ဘီစီ ၆၂၃)၊ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့ နံနက် ၁ ချက်တီးအချိန် ၀ိသာခါနက္ခတ်နှင့် စန်းအယှဉ်တွင် ကပိလဝတ်ပြည်မှ ဒေဝဒဟပြည်သို့ အသွား လုမ္ဗိနီအင်ကြင်းတော၌ ဖွားမြင်တော်မူခဲ့သည်။ မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်နှင့် ၄၅ နှစ် နေခဲ့ပြီး မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ ၌ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။

🐚ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအား ထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ကဆုန်လပြည့်နေ့တွင် ဗောဓိပင်အား ရေသွန်းလောင်းခြင်း ကဲ့သို့သော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်သည်။ ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။ ညောင်ရေသွန်းပွဲတော်သည် မြန်မာလူမျိုးတို့ အမွန်အမြတ်ထားသော ပွဲတော်တစ်ရပ်လည်း ဖြစ်သည်။

🍂ဗုဒ္ဓဘာသာဝင်တို့သည် ဗုဒ္ဓမြတ်စွာဘုရားအား ကိုးကွယ်ဆည်းကပ်ရာမှ ဘုရားပွင့်တော်မူရာ အထိမ်းအမှတ်ဖြစ်သော ဗောဓိပင်များ အဓွန့်ရှည်စေရန်အတွက် ရေသွန်းလောင်းခြင်းကို အမြတ်တနိုးပြုခဲ့ကြသည်။ “တန်ခူးကဆုန် ဆွေ့ဆွေ့ခုန်” ဟူသော စကားနှင့်အညီ ကဆုန်လသည် နွေရာသီ၏ အပူပြင်းဆုံးကာလ၊ ရေအခန်းခြောက်ဆုံးအချိန်၊ ရေအဆုတ်ဆုံးအချိန် ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာအမှီသဟဲပြု၍ ပွင့်တော်မူရာ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းခြင်းဖြင့် ညောင်ရေသွန်းပွဲတော် ပေါ်ပေါက်လာရခြင်းဖြစ်သည်။

🍂🔥ကဆုန်လတွင် ပူပြင်းလှသည်။ ကောင်းကင်၌လည်း မိုးသားများ အုံ့မှိုင်းကာ တဂျိန်းဂျိန်းနှင့် မိုးချုန်းသံများ ကြားရ၏။ အသူရာနတ်မင်းက သိကြားမင်းရှိရာ တာဝတိံသာနတ်ပြည်သို့ စစ်မောင်းသံပေးနေသည့်အလား ထင်ရသည်ဟုပင် ဆိုကြသည်။ မည်သို့ပင်ဆိုစေ၊ ထိုအချိန်ထိုအခါမျိုးတွင် မြန်မာပြည်သူပြည်သားတို့အနေဖြင့် ညောင်ရေသွန်းလောင်းရင်း အန္တရာယ်ကင်းရှင်းကာ ငြိမ်းချမ်းသာယာပါစေကြောင်း ရွှေဝါဝင်း မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။🙏🙏🙏

💥Credit; The Daily Eleven

🙏ပျော်ရွှင်ကြည်နူးဖွယ် နှစ်သစ်ချိန်ခါ လေးဖြစ်ပါစေ ...🙏🙏
01/01/2026

🙏ပျော်ရွှင်ကြည်နူးဖွယ် နှစ်သစ်ချိန်ခါ လေးဖြစ်ပါစေ ...🙏🙏

💢မြတ်ကထိန် အရာမြောက်ဖို့ ...✅ကထိန်သင်္ကန်း ဖြစ်ပေါ်လာအောင် အမိအဖကိုပင် မည်သည့် ဥပါယ်နှင့်မျှ မတောင်းအပ်၊ အလှူမခံရ။ သဒ္ဓါ...
25/10/2025

💢မြတ်ကထိန် အရာမြောက်ဖို့ ...

✅ကထိန်သင်္ကန်း ဖြစ်ပေါ်လာအောင် အမိအဖကိုပင် မည်သည့် ဥပါယ်နှင့်မျှ မတောင်းအပ်၊ အလှူမခံရ။ သဒ္ဓါအလျောက် ဖြစ်ပေါ်လာမှ ခင်းရသည်၊

✅သင်္ကန်းကို လှူသောအခါလည်း ပုဂ္ဂိုလ်ကို မရည်ညွှန်းရ၊ “ဣမံ ကထိနစီဝရံ သံဃဿ ဒေမ”ဟု ဆို၍ သင်္ကန်းတစ်ထည်ကိုဖြစ်စေ၊ အများကိုဖြစ်စေ သံဃာကို ရည်ညွှန်းလှူဒါန်းမှ ကထိန်အရာ မြောက်သည်။

🙏သာသနာရောင်ဝါလင်း ရွှေဝါဝင်း🙏🙏
☎️ရန်ကုန် - 09450006910, 09 787 455950
☎️ရေတာရှည် - 09790619163

🏮ကထိန်လှူနည်း မှန်ကန်ပါမှ ကထိန်ခင်းသည့် သံဃာရော၊ လှူဒါန်းသူများပါ ရသင့်ရထိုက်သည့် အကျိုးကို ရမည် ...🏮🏮သာသနာရောင်ဝါလင်း ရ...
20/10/2025

🏮ကထိန်လှူနည်း မှန်ကန်ပါမှ ကထိန်ခင်းသည့် သံဃာရော၊ လှူဒါန်းသူများပါ ရသင့်ရထိုက်သည့် အကျိုးကို ရမည် ...🏮🏮

သာသနာရောင်ဝါလင်း ရွှေဝါဝင်း
☎️YGN: 09450006910
☎️YEDASHE: 09790619163

🐚လှူကထိန် မြတ်သင်္ကန်း ...☎️YGN: 09450006910 , 09 787 455950☎️YEDASHE: 09790619163
18/10/2025

🐚လှူကထိန် မြတ်သင်္ကန်း ...
☎️YGN: 09450006910 , 09 787 455950
☎️YEDASHE: 09790619163

🏮ပျော်ရွှင်ချမ်းမြေ့ဖွယ် သီတင်းကျွတ် အခါသမယလေး ဖြစ်ပါစေ ...🙏🙏
04/10/2025

🏮ပျော်ရွှင်ချမ်းမြေ့ဖွယ် သီတင်းကျွတ် အခါသမယလေး ဖြစ်ပါစေ ...🙏🙏

ပြည့်ဝရွှေရည် မှန်ကန်ဂုဏ်သင်း ရွှေဝါဝင်း ....
13/08/2025

ပြည့်ဝရွှေရည် မှန်ကန်ဂုဏ်သင်း ရွှေဝါဝင်း ....

💚ရာဇဝင်ထဲက ပြောင်ခေါင်းစိမ်း( သို့) Peridot ....

💚ပြောင်ခေါင်းစိမ်းကို သြဂုတ်လတွင် မွေးဖွားသူတို့၏ အဆောင်ကျောက်(Birthstone) အဖြစ် တန်ဖိုးထား ဝတ်ဆင်ကြသည်၊

💚ပင်လယ်နီထဲတွင် ဆီးနှင်းများဖုံးလွှမ်းလျှက် ရှာဖွေရခက်သော ကျွန်းတစ်ကျွန်းရှိသည်၊ ထိုကျွန်းကို ပင်လယ်ဓားပြများက ရှာဖွေတွေ့ရှိခဲ့ပြီး ကျွန်းနှင့်အတူ ပြောင်းခေါင်းစိမ်းများကိုပါ အတူတွေ့ရှိခဲ့ခြင်းဖြစ်သည်၊ ထိုကျွန်းအမည်ကို တိုပါစီယို( Topazio) ကျွန်းဟုခေါ် သည်၊

💚နောက်ပိုင်း ပင်လယ်ဓားပြများ ပျောက်ကွယ်သွားချိန် မှာတော့ တိုပါစီယိုကျွန်းနှင့်အတူ ပြောင်ခေါင်းစိမ်းများလည်း ပျောက်ကွယ်သွားခဲ့သည်၊
၁၉၀၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ အီဂျစ်တို့က ထိုကျွန်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြပြီး အစိမ်းရောင် ပြောင်ခေါင်းစိမ်းများလည်း လူတွေရှေ့မှောက်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်၊

💚ယခုအခါမှာတော့ ပြောင်ခေါင်းစိမ်းများကို တိုပါစီယိုကျွန်းတွင်သာမက ဘရာဇီး၊မဒက်စကာ၊ ရုရှား၊ တောင်အာဖရိက၊ အမေရိက၊ ကိုလံဘီယာ၊ အိန္ဒိယ၊မြန်မာနှင့် တရုတ်နိုင်ငံများမှာပါ ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်ပါသည်၊

💚တကယ်တော့ ပြောင်ခေါင်းစိမ်းသည် (7up) ပုလင်းအစိမ်းရောင်နှင့်တူသောကျောက်ဖြစ်သည်၊ ပြောင်းခေါင်းစိမ်း၏ အစိမ်းရောင်၌ အမြဲလို အဝါရောင်ဖေါက်လျှက်ရှိပြီး စိမ်းဝါရောင်ဂျယ်လီတုံးတစ်တုံးနှင့်လည်းတူ၏..

🆗(စာရှည်သွားပြီ ....)

💢စျေးကွက်ဝင်မှုနှင့် ကျောက်မျက်တန်ဖိုး အကြောင်းကို ဆက်လက်ဖေါ် ပြပါအုံးမည် ... 💚🆗

💯Credit: Sr.U Mya Kyaw ( ကျောက်ရိုင်းဘူမိ)🔘

💢ဥပုသ်သီလ စောင့်ရအောင် ... #ကာမေသု မိစ္ဆာစာရကံ📌ကာမေသု မိစ္ဆာစာရကံ၏ အကျိုးရင်း, အကျိုးဆက်တို့ကို အဋ္ဌကထာထိုထိုမှ ထုတ်နုတ်...
07/08/2025

💢ဥပုသ်သီလ စောင့်ရအောင် ...
#ကာမေသု မိစ္ဆာစာရကံ📌
ကာမေသု မိစ္ဆာစာရကံ၏ အကျိုးရင်း, အကျိုးဆက်တို့ကို အဋ္ဌကထာထိုထိုမှ ထုတ်နုတ်၍ သုတေသန သရုပ်ပြ အဘိဓာန်တွင်
` #ကာမေသုကံကျိုးပြစ်ဒဏ်ထိမှန်၁၅ပါး´ ဟူသော ခေါင်းစဉ်းဖြင့် အပြစ် ၁၅-ပါး ပြပါသည်။ ထို ၁၅-ပါးမှာ -
❎၁။ #အပါယ်လေးပါး လားရခြင်း၊
❎၂။ #မိန်းမ,ပဏ္ဍုက်ဖြစ်ရခြင်း၊
❎၃။ #ရန်သူနှင့်တွေ့ရခြင်း၊
❎၄။ #လူအများမုန်းခြင်း၊
❎၅။ #အစားအသောက်အ၀တ်အထည်အိပ်ရာနေရာ ရခဲခြင်း၊
❎၆။ #ဆင်းဆင်းရဲရဲအိပ်ရ, #နိုးရခြင်း၊
❎၇။ #အမျက်ဒေါသကြီးခြင်း၊
❎၈။ #လောကုတ္တရာတရားမရနိုင်ခြင်း၊
❎၉။ #စည်းစိမ်ဥစ္စာပျက်ပြုန်းရခြင်း၊
❎၁၀။ #ယုံကြည်မှုကင်းမဲ့ခံရခြင်း၊
❎၁၁။ #ဘေးတွေ့ရခြင်း၊
❎၁၂။ #ယုံမှားသံသယများခြင်း၊
❎၁၃။ #ချစ်သူတို့နှင့်ခွဲနေရခြင်း၊
❎၁၄။ #အသက်တိုခြင်း၊
❎၁၅။ #ဆင်းရဲကြီးစွာတွေ့ရခြင်း၊ ဟူ၍ ဖြစ်ပါသည်။
#မုသာဝါဒကံ📌
မုသာဝါဒ ဖြစ်မြောက်ရန် အင်္ဂါ ၄ ပါး
မုသာဝါဒ ကံတစ်ခု အပြည့်အစုံ ဖြစ်မြောက်ဖို့အတွက် အောက်ပါ အင်္ဂါ ၄ ပါး ပြည့်စုံရပါတယ်-
* အတတ္ထဝတ္ထု (Atatthavatthu) - မဟုတ်မမှန်သော အကြောင်းအရာ ဖြစ်ခြင်း။ (မိမိ ပြောလိုသည့် အကြောင်းအရာသည် အမှန်တရားနှင့် ကင်းကွာနေရမည်)
* ဝဉ္စနာစိတ္တံ (Vañcanācittaṃ) - သူတစ်ပါးကို လိမ်လည်လှည့်ဖြားလိုစိတ် ရှိခြင်း။ (မသိဘဲ မှားယွင်းပြောဆိုမိခြင်း မဟုတ်ဘဲ၊ ရည်ရွယ်ချက်ရှိရှိ လိမ်ညာလိုစိတ် ရှိရမည်)
* တဇ္ဇပယောဂေါ (Tajjapayogo) - လိမ်ညာရန် အားထုတ်ခြင်း/ ကြံစည်ခြင်း။ (နှုတ်ဖြင့် ပြောဆိုခြင်း၊ စာဖြင့် ရေးသားခြင်း၊ လက်ဟန်ခြေဟန်ဖြင့် ပြသခြင်း စသည်)
* ပရဿ တဒတ္ထဝိဇာနနံ (Parassa Tadatthavijānanaṃ) - သူတစ်ပါးက မိမိပြောသော မဟုတ်မမှန်သည့် အကြောင်းအရာကို နားလည်သွားခြင်း။ (ပြောတဲ့သူရဲ့ လိမ်ညာမှုကို လက်ခံယုံကြည်သည် ဖြစ်စေ၊ နားလည်သွားသည် ဖြစ်စေ ရမည်)
ဒီအင်္ဂါ ၄ ပါး ပြည့်စုံမှသာ မုသာဝါဒ ကံတစ်ခု အပြည့်အစုံ မြောက်ပြီး မကောင်းတဲ့ အကျိုးပေးပါတယ်။
မုသာဝါဒ ပြုခြင်း၏ အကျိုး (ကံ၏အကျိုး)
မုသာဝါဒ ကံကို ပြုလုပ်ခြင်းဟာ အကုသိုလ်ကံ (Demeritorious Kamma) ဖြစ်တဲ့အတွက် မကောင်းတဲ့ အကျိုးတရားတွေကို ပေးပါတယ်။ ဒီအကျိုးတရားတွေဟာ ဘဝသံသရာမှာ ခံစားရနိုင်ပြီး လိမ်ညာမှုရဲ့ ပြင်းထန်မှု၊ လိမ်ညာတဲ့ စိတ်ရင်း စတာတွေပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။
အဓိက အကျိုးပေးမှုတွေကတော့-
❎* အပါယ်ဘုံ (ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်) သို့ ရောက်ရှိခြင်း။
❎* လူ့ဘဝပြန်ရောက်ရင်လည်း ပါးစပ်မှ အပုပ်နံ့နံခြင်း။
❎* မကောင်းသော စကားများ ပြောဆိုခြင်း။
❎* သူတစ်ပါးက မိမိစကားကို မယုံကြည်ခြင်း။
❎* အသရေပျက်ခြင်း။
❎* စကားထစ်ခြင်း၊ စကားမပီခြင်း။
❎* ပတ်ဝန်းကျင်က မုန်းတီးခြင်း စတာတွေ ဖြစ်ပါတယ်။
မုသာဝါဒမှ ရှောင်ကြဉ်ခြင်း (မုသာဝါဒါ ဝေရမဏိ)
မုသာဝါဒမှ ရှောင်ကြဉ်ခြင်းဟာ ကုသိုလ်ဖြစ်ပြီး ကောင်းကျိုးတွေကို ပေးပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ငါးပါးသီလကို ခံယူဆောက်တည်တဲ့အခါမှာ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ဖို့ စတုတ္ထသိက္ခာပုဒ်အဖြစ် ခံယူကြပါတယ်။ မုသာဝါဒမှ ရှောင်ကြဉ်ခြင်းရဲ့ ကောင်းကျိုးတွေကတော့-
✅* သံသရာဘဝမှာ အပါယ်ဘုံသို့ မရောက်ရခြင်း။
✅* ပါးစပ်မှ မွှေးကြိုင်သော ရနံ့များ ထွက်ခြင်း။
✅* စကားကို သူတစ်ပါးက ယုံကြည်လက်ခံခြင်း။
✅* လူမှုအသိုင်းအဝိုင်းတွင် ချီးမွမ်းခြင်း ခံရခြင်း။
✅* စိတ်ဓာတ် ကြည်လင်ဖြူစင်ခြင်း။
✅* ရိုးသားဖြောင့်မတ်သူ ဖြစ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ဒါကြောင့် မုသာဝါဒဆိုတာ မကောင်းမှုကံ၊ မကောင်းမှုအကျိုးပေးတဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် ရှောင်ကြဉ်သင့်တဲ့အရာ ဖြစ်ပါတယ်။

💢ကုသိုလ်အကျိုးပြည့်ဝစွာ ရနိုင်ကြပါစေ ...
🙏သာသနာရောင်ဝါလင်း ရွှေဝါဝင်း🙏🙏

🔔ဥပုသ်သီလ စောင့်ရအောင်(သီလ၏ ကောင်းကျိုး ဆိုးကျိုးများ)📌ပါဏာတိပါတကံ၏ အကျိုးများသူတစ်ပါးအသက်ကို ညှင်းဆဲသတ်ဖြတ်သောသူသည် သေသ...
01/08/2025

🔔ဥပုသ်သီလ စောင့်ရအောင်
(သီလ၏ ကောင်းကျိုး ဆိုးကျိုးများ)

📌ပါဏာတိပါတကံ၏ အကျိုးများ
သူတစ်ပါးအသက်ကို ညှင်းဆဲသတ်ဖြတ်သောသူသည် သေသောအခါ၌ ငရဲဘုံအစရှိသော အပါယ်လေးဘုံသို့ ကျရောက်ပြီး ဆင်းရဲဒုက္ခမှန်သမျှတို့ကို ခံစားရပါသည်။ အကယ်၍ ရှေးကောင်းမှုကုသိုလ်ကံကြောင့် အပါယ်ဘုံမှလွတ်မြောက်ပြီး လူ့ဘဝကိုရခဲ့လျှင်လည်း…….
✅၁။ အသက်တိုခြင်း။
✅၂။ အနာရောဂါများ၍ ကျန်းမာမှုနည်းခြင်း။
✅၃။ အားအင်မရှိခြင်း။
✅၄။ ကြောက်ရွံ့တတ်ခြင်း။
✅၅။ စိုးရိမ်ပူပန်စိတ်များခြင်း။
✅၆။ သူတစ်ပါး၏ နှိပ်စက်မှုကို ခံရခြင်း။
✅၇။ သူတစ်ပါးသတ်၍လည်းကောင်း၊ မိမိကိုယ်တိုင်ပြန်သတ်၍လည်းကောင်း သေရခြင်း။
✅၈။ ကိုယ်လက်အင်္ဂါချို့ယွင်းခြင်း၊
✅၉။ ခန္ဓာကိုယ်ပြေပြစ်မှုမရှိခြင်း။
✅၁၀။ မိမိချစ်ခင်သောသူများနဲ့ ကွဲကွာရခြင်းစသော ဆိုးကျိုးများကို ခံစားရပါသည်။
စောင့်ထိန်းသောသူသည် သုဂတိဘုံသို့ရောက်ရပြီး ထိုဆိုးကျိုးတို့၏ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးချမ်းသာ သုခတို့ကို ခံစားရပါသည်။
ထို့ကြောင့် လူတစ်ယောက်ကိုကြည့်လျှင် ပါဏာတိပါတကံအစရှိသော သီလရှိခဲ့မရှိခဲ့ သိနိုင်ပါသည်။ သို့ဖြစ်၍ ကျွနု်ပ်တို့လူသားများသည် အသိဉာဏ်ပညာကြီးမားသော လူသားပီပီ “လူကောင်း”တစ်ယောက်ဖြစ်အောင် ဤသီလတို့ကို စောင့်ထိန်းလိုက်နာကြရန် လိုပါသည်။

📌အဒိန္နာဒါနကံ၏ အကျိုးများ
ပစ္စည်းဥစ္စာပိုင်ရှင်က ကိုယ်နှုတ်ဖြင့် ကြည်ဖြူစွာ မပေးသောဥစ္စာတို့ကို မည်သည့်နည်းနဲ့မဆို ယူသောသူသည် သေသောအခါ၌……….
✅၁။ အပါယ်လေးဘုံသို့ ရောက်ရခြင်း။
✅၂။ ဆင်းရဲမွဲတေခြင်း။
✅၃။ ပစ္စည်းဥစ္စာရအောင် မရှာဖွေနိုင်ခြင်း။
✅၄။ ရှိသောပစ္စည်းများလည်း ရန်သူမျိုးငါးပါးကြောင့် ပျက်စီးရခြင်း။
✅၅။ လိုအပ်သောပစ္စည်းဥစ္စာမှန်သမျှ မရရှိခြင်း။
✅၆။ ဆင်းရဲစွာနေရပြီး အစာငတ်မွတ်ခြင်းစသော ဆိုးကျိုးများ ခံစားရပါသည်။
✅စောင့်ထိန်းသောပုဂ္ဂိုလ်သည် သုဂတိဘုံသို့ရောက်ပြီး ထိုဆိုးကျိုးများ၏ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးချမ်းသာတို့ကို ခံစားရပါသည်။ အပြစ်ကြီးငယ်တို့မှာ ဥစ္စာပိုင်ရှင်၏ ဂုဏ်သိက္ခာ အကျင့်သီလ ဥစ္စာတန်ဖိုးအားလျော်စွာ အပြစ်ရပါသည်။
✅ဤနေရာ၌ အဒိန္နာဒါနကံ ကျုးလွန်သည်ဆိုသည်မှာ သူတစ်ပါးမသိအောင် အလေးခိုး၍ ဈေးရောင်းခြင်း၊ ခြင်းတောင်းတို့ဖြင့် ခိုးဝှက်၍ ရောင်းခြင်းများ၊ ပစ္စည်းဝတ္ထုများ အနာအဆာပါသည်ကို တစ်စုံတစ်ခုဖြင့်ဖုံးပြီး ရောင်းချခြင်းအစရှိသည်တို့သည်လည်း အဒိန္နာဒါနကံနဲ့ မလွတ်ကင်းသော ပြစ်မှုများ ဖြစ်ပါသည်။

ကုသိုလ်အကျိုး ပြည့်ဝစွာရနိုင်ပါစေ...
🙏သာသနာရောင်ဝါလင်း ရွှေဝါဝင်း🙏🙏

ပြည့်ဝရွှေရည် မှန်ကန်ဂုဏ်သင်း ရွှေဝါဝင်း
19/07/2025

ပြည့်ဝရွှေရည် မှန်ကန်ဂုဏ်သင်း ရွှေဝါဝင်း

💢ကမ္ဘာမြေ၏ နှလုံးသွေးစက်များ( သို့) ပတ္တမြား ....

❣️ပတ္တမြား ကို ဇူလိုင်လတွင် မွေးဖွားသူတို့၏ အဆောင်ကျောက်(Birthstone) အဖြစ် တန်ဖိုးထား ဝတ်ဆင်ကြသည်၊

❣️ပတ္တမြား၏ လှပနှစ်လိုဖွယ် အနီရောင်ကို ပိုင်ဆိုင်ထားသော ကျောက်မျက်ဖြစ်ခြင်းကြောင့် လူတွေက ကမ္ဘာမြေ၏ နှလုံးသွေးစက်များဟု တင်စားခေါ််ဝေါ်ခဲ့ကြသည်၊

❣️ပတ္တမြားကို ရှားပါးသော ကျောက်မျက်များထဲမှာ ထည့်သွင်းခဲ့ကြခြင်းမှာ ကျောက်မျက်တန်းဝင် လှပကာ ကြီးမားသောပတ္တမြားကို တွေ့ရနည်းသောကြောင့်ဟု ဆိုပါသည်၊

❣️ပတ္တမြား၏ အနီရောင်ကပင် အမျိုးမျိုးရှိပြီး အနီ၊ ပန်းနီ၊ ခရမ်းနီ၊ ညိုနီ စသည်ဖြင့် ကွဲပြားတွေ့ရှိရသည်၊ တကယ်လှသော ပတ္တမြားအနီရောင်သည် မီးစုန်းတောက်ပြီး လှုပ်ရှားနေသည်ဟု ထင်ရလောက်အောင် လှပနေခဲ့သည်၊

အကောင်းဆုံး ပတ္တမြားအရည်မှာ Pigeon's blood ခေါ် ခိုသွေးရည်ဖြစ်ပြီး တန်ဘိုးမှာလည်း အမြင့်ဆုံးအရည်ဟု ဆိုသည်၊

မြန်မာနိုင်ငံ၌သာ အကောင်းဆုံး ခိုသွေးရည်ပတ္တမြား တူးဖေါ် ထုတ်လုပ်နိုင်ခဲ့ရာ တချို့က " ကမ္ဘာမြေ၏ နှလုံးသွေးစက်" ဆိုသည့်စကားကို မြန်မာတို့က ပြောခဲ့သည်ဆိုကြ၏။

❣️မြန်မာတွင် ပတ္တမြားကို အေဒီ ၆ ရာစုလောက်ကပင် မိုးကုတ်ဒေသ၌ စတင်တူးဖေါ် ခဲ့ကြသည်၊ နောက်ပိုင်း မိုင်းရှူးဒေသမှ ထွက်ရှိလာသော ပတ္တမြားများ စျေးကွက်ဝင်လာသည်၊ မိုင်းရှူးပတ္တမြားအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော် မှာ အရောင်လှအောင် မီးဖုတ်ပြုပြင်ကြရသည်၊

❣️မြန်မာလူမျိုးတို့သည် ပတ္တမြားကို ဖျားနာခြင်း၊ ကံမကောင်းခြင်းတို့မှ တားဆီးကာကွယ်နိုင်ရန် အဆောင်လက်ဖွဲ့အဖြစ် ဝတ်ဆင်ခဲ့ကြပြီး ကမ္ဘာပေါ် ရှိရှေးလူများများမှာမူ အရောင်ပြောင်းလဲလာမှုကိုကြည့်ပြီး အနာဂတ်အပြောင်းအလဲကို ကြိုသိနိုင်ရန် ပတ္တမြားကို ဝတ်ဆင်ခဲ့ကြသည်ဟု ဆိုပါသည်၊

မည်သို့ပင်ဖြစ်စေ နှစ်ပေါင်းများစွာ ထုတ်လုပ်ခဲ့သော မိုးကုတ်ပတ္တမြားက ကျောက်မျက်စျေးကွက်မှာ အံ့မခန်းကို စျေးကောင်းနေဆဲဖြစ်သည် ...

💢ကျောက်မျက် ဗဟုသုတများ ဆက်လက်ဖေါ် ပြပါအုံးမည် ...

💯Credit: Sr.U Mya Kyaw ( ကျောက်ရိုင်းဘူမိ)🔘

 #၈-ပါးသီလ ဥပုသ်စောင့်ထိန်းပုံ🐚* အဟံဘန္တေ တိသရဏေ နသဟ အဋ္ဌင်္ဂ သမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ...
16/07/2025

#၈-ပါးသီလ ဥပုသ်စောင့်ထိန်းပုံ

🐚* အဟံဘန္တေ တိသရဏေ နသဟ အဋ္ဌင်္ဂ သမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေဘန္တေ။
(အရှင်ဘုရား၊ တပည့်တော်သည် သရဏဂုံ သုံးပါးနှင့်တကွ အင်္ဂါ ၈-ပါးရှိသော ဥပုသ်သီလကို တောင်းခံပါသည်၊ တပည့်တော်ကို ချီးမြှောက်သော အားဖြင့် သီလ (ဆောက်တည်ခွင့်)ပေးတော်မူပါ ဘုရား။)

📿(၁) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
သူတပါး၏ အသက်ကို သတ်ဖြတ်ခြင်း ညှဉ်းဆဲခြင်းမှ ရှောင်ကြဉ်ပါ၏။

📿(၂) အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
သူတပါး၏ ဥစ္စာကို ခိုးယူခြင်း လုယက်ခြင်းမှ ရှောင်ကြဉ်ပါ၏။

📿(၃) အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
မမြတ်သော မေထုန်အကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏။

📿(၄) မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
မဟုတ်မမှန် လိမ်ညာ လှည့်ဖျား မမှန်စကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏။

📿(၅) သုရာမေရယ မဇ္ဖပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
ယစ်မူး မေ့လျာ့ကြောင်းဖြစ်သော ဘိန်းဘင်း ကစော် လှော်စာ အရက် သောက်စား ရှူရှိုက်ခြင်းမှ ရှောင်ကြဉ်ပါ၏။

📿(၆) ဝိကာလ ဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
နေမွန်းလွဲသောအခါ ညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏။

📿(၇) နစ္စ ဂီတ ဝါဒိတ ဝိသုက ဒဿန မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
ကိုယ်တိုင် ကခြင်း, သူတပါးကို ကစေခြင်း၊ ကိုယ်တိုင်သီဆိုခြင်း, သူတပါးကို သီဆိုစေခြင်း၊ ကိုယ်တိုင် တီးမှုတ်ခြင်း, သူတပါးကို တီးမှုတ်စေခြင်း၊ က-ခြင်း, သီဆိုခြင်း, တီးမှုတ်ခြင်းတို့ကို ကြည့်ရှု နားထောင်ခြင်း၊ ပန်းပန်ခြင်း၊ နံ့သာ လိမ်းကျံခြင်း တို့မှ ရှောင်ကြဉ်ပါ၏။

📿(၈) ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
မြင့်သော မြတ်သော အိပ်ရာ နေရာတို့၌ နေထိုင် အိပ်စက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၏။

🙏သာသနာရောင်ဝါလင်း ရွှေဝါဝင်း🙏🙏
☎️Hot Line: 09 45000 6910, 09 787 455 950.

Address

Yangon

Telephone

09787455950

Website

Alerts

Be the first to know and let us send you an email when Shwe War Win Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe War Win Online Shop:

Share