APL online shop

APL online shop fair price,good quality,well service.

11/04/2026

.

https://www.facebook.com/share/p/1Cg8r1TMSa/
11/04/2026

https://www.facebook.com/share/p/1Cg8r1TMSa/

Hello everyone 🤍
Hnin’s US Finds မှာ�🛍️ US Personal Shopping Service 🇺🇸 ကိုပေးနေပါပြီ (pre-order)✨
Myanmar မှာမရတဲ့ items တွေ၊�လိုချင်တဲ့ handbag / skincare / brand items တွေကို�US မှာ direct ဝယ်ပြီးပို့ပေးပါတယ် ✔

📌 Order လုပ်တဲ့ Step တွေ

1️⃣ Item ပို့ပါ�လိုချင်တဲ့ item ရဲ့�photo (or) name / link ပို့ပေးပါနော် 🤍

2️⃣ Price တွက်ပေးမယ်�Item price + tax + cargo + service fee�အကုန်တွက်ပြီး total price ပြန်ပြောပေးပါမယ် ✔

3️⃣ Order Confirm�Price OK ဖြစ်ရင် order confirm လုပ်နိုင်ပါတယ် ✨

4️⃣ Payment�Order confirm လုပ်ရန် payment first လိုအပ်ပါတယ် ✔

5️⃣ US မှာဝယ်ပေးမယ်�Payment ရပြီးတာနဲ့ US မှာ direct ဝယ်ယူပေးပါမယ် 🇺🇸

6️⃣ Delivery to Myanmar 📦�Cargo နဲ့ပို့ပေးပြီး�⏳ 4-5 weeks အတွင်းရောက်ပါမယ်

💰 Service Fee
Service fee ကို�👉 item price ရဲ့ ~10% ဖြစ်ပြီး�👉 minimum $12 သတ်မှတ်ထားပါတယ် ✔
ဥပမာ –�Item = $50 → 10% = $5 ❌ → Service fee = $12 ✔�Item = $200 → 10% = $20 ✔
💵 MMK conversion ကို�order confirm လုပ်တဲ့နေ့ရဲ့ exchange rate အတိုင်းတွက်ပေးပါမယ် ✔

📌 Items Selection
Requested items တွေကို�availability နဲ့ authenticity အရ�ရွေးချယ်ပြီးပဲဝယ်ယူပေးပါတယ် ✔
Certain items တွေမှာ�quality or availability မကိုက်ညီပါက�order မယူနိုင်တာမျိုးလည်းရှိနိုင်ပါတယ် 🤍

✔ Important Notes
✔ 100% Authentic guarantee 💯�✔ Direct from California 🇺🇸
❗ Order confirm ပြီးနောက် cancel မရပါ�❗ Waiting time depends on cargo

💬 CB or comment to order 🤍
✨ New page ဖြစ်လို့ support ပေးရင်ကျေးဇူးတင်ပါတယ်

အမေနဲ့အဒေါ် ကို ကန်တော့
17/10/2024

အမေနဲ့အဒေါ် ကို ကန်တော့

02/08/2024

# # #ဆီသွားထည့်လို့ ကုန်တာနဲ့ကြုံရင်
ဆီကားလာပြန်ဖြည့်ချိန်၊ ဆီရမရကြိုမေးလို့ရ
ဆိုင်တွေက ဖုန်းဆက်မေးလို့ရပါတယ်တဲ့
ဒါကြောင့် နံပါတ်တွေရသလောက်
ပြန်စုပေးထားပါတယ်။

#ဆီဆိုင်ဖုန်းနံပါတ်များ
(ရန်ကုန်တိုင်းဒေသကြီး)

💚Max ‌ဆီဆိုင်ဖုန်းနံပါတ်များ
========
1-ဗဟန်း 09 891755004, 01 555292
2-ကျွန်းတော 09 891755002, 01 532181
3-ဆင်မလိုက် 09 891755016
4-အလုံ 09 891755003, 01 218455
5-ပိတောက်ချောင်း 09 891755001, 01 531181
6-သိမ်ဖြူ 09 891755006, 01 399330
7-တာမွေ 09 891755005, 01 401525
8-သာကေတ 09 891755008, 01 450767
9-သုဝဏ္ဏ 09 891755007, 01 8550750
10-ကမာကြည် 09 891755051
11-တောင်ဥက္ကလာ 09 891755015, 01 8500660
12-မြောက်ဒဂုံ 09 891755050
13-လေးထောင့်ကန် 09 891755014, 09 8636189
14-အောင်မဂ်လာ 09 891755009, 01 637592
15-ဒဂုံဧရာ 09 891755012, 09 73164103
16-လှည်းကူး 1 09 891755013, 01 629011
17လှည်းကူး 2 -
18-မှော်ဘီ 1 09 891755017
19-မှော်ဘီ 2 09 891755018
20-ရွှေပြည်သာ 09 891755011
21-ဒလ 09 891755048
22-ကော့မူး 09 891755175
23-နွယ်ခွေ 09 891755178
24-တွံတေး 09 891755182
25-မင်္ဂလာဒုံ 09 891755046

💚DENKO ဆီဆိုင်များ
=========
ကုန်းတလပေါင် DENKO ဆီဆိုင် 09 940549225
တောင်ဒဂုံ DENKO ဆီဆိုင် 09 940549238
ထန်းတပင် DENKO ဆီဆိုင် 09 940549230
ဒဂုံဆိပ်ကမ်း DENKO ဆီဆိုင် 09 940549241
ဗဟန်း DENKO ဆီဆိုင် 09 940549231
ဗိုလ်တထောင် DENKO ဆီဆိုင် 9940671409
မြောက်ဒဂုံ - ၁ DENKO ဆီဆိုင် 09 940549234
မြောက်ဒဂုံ - ၃ (ပင်လုံ) DENKO ဆီဆိုင် 09 940549236
မြောက်ဒဂုံ -၂ DENKO ဆီဆိုင် 09 940549235
မြောက်ဥက္ကလာပ DENKO ဆီဆိုင် 09 940549353
မှော်ဘီ DENKO ဆီဆိုင် 9940671412
ရွှေပြည်သာ DENKO ဆီဆိုင် 09 940549242
လှည်းကူး DENKO ဆီဆိုင် 09 940549226
လှိင်သာယာ - ၁ DENKO ဆီဆိုင် 09 940549227
လှိင်သာယာ - ၂ DENKO ဆီဆိုင် 09 940549228
လှိင်သာယာ - ၃ DENKO ဆီဆိုင် 09 940549229
သန်လျင် - ၁ (မြိုမ) DENKO ဆီဆိုင် 09 940549239
သန်လျင် - ၂ (အောင်ချမ်းသာ) DENKO ဆီဆိုင် 09 940549240
အင်းစိန် DENKO ဆီဆိုင် 09 940549233
အောင်ဆန်း ဆီဆိုင်09 940549232crd

💚ရွှေဗျိုင်းဖြူစက်သုံးဆီ အရောင်းဆိုင်များ
(ရန်ကုန်တိုင်းဒေသကြီး)
=======
1.အင်းစိန်အရောင်းဆိုင်တွင် 92 Ron ရပါသည်။
ဖုန်းနံပါတ် - 09740099947
2.မင်္ဂလာဒုံအရောင်းဆိုင်တွင် Diesel / 92 Ron ရပါသည်။
ဖုန်းနံပါတ် - 09740099945
3.ဒဂုံဆိပ်ကမ်းအရောင်းဆိုင်တွင် 92 Ron / Diesel / Pre Diesel ရပါသည်။
ဖုန်းနံပါတ် - 09740099952
4.သာကေတအရောင်းဆိုင်တွင် 92 Ron / Diesel / Pre Diesel ရပါသည်။
ဖုန်းနံပါတ် - 09740099946

💚Yangon Patrol (YP) ဆီဆိုင်များ
======
Yangon Petrol (YP)
Yadanar Rd
Open 24 hours
+95 9 966 124912

Yangon Petrol (YP)-3
Number 2 Main Rd
Closes 9 pm
+95 9 692 253832

Yangon Petrol (YP)-2
Bago River Rd
Open 24 hours
+95 9 966 124906

Yangon Petrol-4 (Ayarwoon)
Open 24 hours
+95 9 683 015354

YP ဆီဆိုင်များ
မြောက်ဒဂုံ 09-423457766
ဒဂုံဆိပ်ကမ်း 09-966124906
သာကေတ 09-966124912, 09-448034069

💚PT power ဆီဆိုင်များ
=========
PT Power (Thaketa)
Shukhinthar Mayopat Rd, Yangon
Open 24 hours
+95 1 450 758

မဂ်လာဒုံ 09-421068003, 09-781593568
ရွှေပြည်သာ (zone 1) 01-3612778, 09420031017
သန်လျင် 09-457154791, 09-778708801
သာကေတ 09-780540598, 09-452228385
တောင်ဒဂုံ ၁ (ward 26) 09-457154781
တောင်ဒဂုံ ၂ (ward 62) 09-457154780, 09-788818913
တောင်ဒဂုံ ၃ (ward141) 09-457755008

💚New Day ဆီဆိုင်များ
=======
Between 55 and 56 St.,
Maha Bandula Road
Closes 11 pm
+95 1 291 904

New Day
70 Wai Za Yan Tar Rd
Closes 10 pm
+95 1 564 042

မဂ်လာတောင်ညွန့် 01-290310,09765421004
ပုဇွန်တောင် 095089373,09765421002
တောင်ဉက္ကလာ 01-8564042,09-765421003
မရမ်းကုန်း 01-658205
စမ်းချောင်း 01-534997

💚မြတ်မေတ္တာမွန် ဆီဆိုင်များ
=========
လှိုင်(ဘုရင့်နောင်) 09-798833938
6မိုင်ခွဲ 09-786595366,09-420247846
လှိင်သာယာ 09-893310476
ကြည်မြင်တိုင် 01-537071,09-777004226,09-777004234
မြောက်ဒဂုံ 09-788461906
တာမွေ. 09-255055565,01-8400357
သက်န်းကျွန်း 09-793758607

💚❝ 360 Degree Petro ❞
ရန်ကုန်ဆိုင်ခွဲများ
--------------------------
❛ မင်္ဂလာတောင်ညွန့်မြို့နယ် ❜ (09-772558950)
❛ သာကေတမြို့နယ် ❜ (09-789366895)
❛ သင်္ကန်းကျွန်းမြို့နယ် ❜ (09-786409959)
❛ မြောက်ဒဂုံမြို့နယ် ❜ (09-775117578)
❛ အင်းစိန်မြို့နယ် ❜ (09-773043497)
❛ လှိုင်မြို့နယ် ❜ (09-764610408)
❛ နေပြည်တော် ❜ (09-786387505)

ရိုးရိုးလူတွေသာ ဖုန်းကိုင်တယ်၊ မကိုင်ဘူး ငြင်းနေကြတာ 😳 😳

Online shopping တွေကတော့
သူတို့ page likes & shares များများရဖို့ တစ်လုံးမကျန်ကူးတင်ကုန်ကြပြီ 😅 😅

သူတို့အတွက် စုပေးထားတဲ့အတိုင်း 😳 😳

စီးပွားရေးအမြင်နဲ့ လက်တွေက သွက်ချက်


.

07/11/2023

***ရောင်းမည်။သန်လျှင်မြေကျယ်
***သိန်း၃၈၀၀
***၀.၃၁ဧက
***ပေ ၁၀၀*၂၈၀ပေ(မြေပိုပါ)
***ဥယာဉ်ခြံမြေ
***ပြေစာအမည်ပေါက်
***လမ်းမီးတိုင်ရှိ မီတာလျှောက်လိုလွယ်
***ရေအလွန်ကောင်း
***သန်လျှင်ကျောက်တန်းလမ်း ကျောကပ်
***ဆက်သွယ်ရေးရုံးရှေ့ ကျိုက်အင်းမှတ်တိုင်အလွန်

15/10/2023
26/09/2023

ရေမြှုပ်ဗုံးကို တီထွင်အောင်မြင်ခဲ့သူ အိမ်ရှေ့စံ ကနောင်မင်းသားကြီး

ကုန်းဘောင်ခေတ်ရဲ့ ထင်ရှားကျော်ကြားခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲမှာ မင်းတုန်းမင်းရဲ့ ညီတော် အိမ်ရှေ့စံ ကနောင်မင်းသားကြီးကလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ဂျပန်၊ ထိုင်း၊ အီဂျစ်နဲ့ ဗီယက်နမ်အစရှိတဲ့ နိုင်ငံတွေမှာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ မပြုလုပ်ခင်အချိန်ကတည်းက မြန်မာနိုင်ငံ ခေတ်မီတိုးတက်စေဖို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ကနောင်မင်းသားကြီးရဲ့ ဘ၀ဇာတ်ကြောင်းကိုတော့ ဇာတ်လမ်း Z-Lann ရဲ့ “သိပြီးပြီလား” ကဏ္ဍလေးကနေ တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
ကနောင်မင်းသားကြီးကို သာယာ၀တီမင်း (ခေါ်) ရွှေဘိုမင်းနဲ့ `သီရိသုစန္ဒာမာလာမဟေ´ဘွဲ့အမည်ရှိ ကျောက်မော်မြို့စား မိဖုရားတို့က မြန်မာသက္ကရာဇ် ၁၁၈၁ ခု၊ တော်သလင်း လပြည့်ကျော် ၂ရက်၊ တနင်္ဂနွေနေ့ (ခရစ်နှစ် ၁၈၂၀ ခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ ရက်နေ့) မှာမွေးဖွားခဲ့တာဖြစ်ပြီး အစ်ကိုဖြစ်သူကတော့ ပဉ္စမသင်္ဂါယနာတင် ‘မင်းတုန်းမင်း’ ဖြစ်ပါတယ်။ မွေးချင်းညီအစ်ကို နှစ်ယောက်အနက်မှာ ညီတော်အငယ်ဖြစ်တဲ့ ကနောင်မင်းသားကြီးကို မွေးဖွားစဉ်အချိန်တုန်းက မီးဖွားဆောင်မရောက်မီ မိဖုရားရဲ့ တောင်ဆောင်တော်မှာပဲ မွေးဖွားခဲ့တာကြောင့် ခမည်းတော် သာယာ၀တီမင်းက “မောင်တောင်မင်း” လို့ ကိုယ်တိုင်မှည့်ခေါ်ခဲ့ပြီး ငယ်အမည်ကတော့ “ထိပ်တင်ကောက်” ဖြစ်တယ်လို့ သိရပါတယ်။ မင်းသားလတ်အဆင့်မှာကတည်းက မင်းတပ်မြို့ကို အပိုင်စား ရရှိခဲ့ပြီး နောင်တော် ‘ပုဂံမင်း’ ထီးနန်းဆက်ခံချိန်မှာတော့ `သီရိသုမဟာ ဓမ္မရာဇာ´ ဆိုတဲ့ ဘွဲ့တော်နဲ့ ကနောင်မြို့ကို အပိုင်စားထပ်မံ ရရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ရာဇဝင်သမိုင်းမှာ “ကနောင်မင်း” (သို့မဟုတ်) “ကနောင်မင်းသားကြီး” လို့ အမည်တွင်လာခဲ့တာ ဖြစ်ပါတယ်။
၁၈၅၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာတော့ ပုဂံမင်းရဲ့ အထိန်းတော်လည်းဖြစ်၊ ဟင်္သာတမြို့စားလည်းဖြစ်တဲ့ မိရွဲရဲ့ ညီမဖြစ်သူ ‘မိဖဲ’ ရဲ့ နေအိမ်ကို ဓားပြတိုက်တဲ့အထဲမှာ ကနောင်မင်းနဲ့ မင်းတုန်းမင်းတို့ရဲ့ လူတွေပါဝင်တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ အဲဒီအခါမှာတော့ ကနောင်မင်းသားကြီးရဲ့ အကြီးစားစာရေးအပါအဝင် တခြားသောလူတွေကိုပါ စစ်ဆေးမေးမြန်းခဲ့ကြပြီး ပုဂံမင်းရဲ့ လူတွေဖြစ်တဲ့ တောင်ထားဝယ်ဗိုလ် ငတုတ်နဲ့ ပုဏ္ဍားဝန် ငကုလားတို့လည်း ကနောင်မင်းနဲ့ မင်းတုန်းမင်းတို့ဟာ သူခိုးတွေ၊ ဓားပြတွေ မွေးတယ်လို့ဆိုကာ အမှုရှာခဲ့ကြပါတယ်။ ဒီလိုအခြေအနေတွေကြောင့်လည်း ကနောင်မင်းနဲ့ မင်းတုန်းမင်းတို့ ညီအစ်ကိုနှစ်ဦးဟာ လူသူအင်အားစုရုံးကာ နောင်တော် ‘ပုဂံမင်း’ ကို ပုန်ကန်ခဲ့ကြပြီး ပထမဆုံးအနေနဲ့ “ရွှေဘိုမြို့” ကို အခြေစိုက်သိမ်းယူခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ လူအင်အားထပ်မံစုဆောင်းပြီး ထီးနန်းစိုက်ရာ အမရပူရမြို့ကို ချီတက်လုပ်ကြံခဲ့ကြပါတယ်။ အဆိုပါ လုပ်ကြံမှုကိုတော့ ကနောင်မင်းသားကိုယ်တိုင် ဦးစီးဦးဆောင်ပြုခဲ့တယ်လို့ ရာဇဝင်မှတ်တမ်းတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
လုပ်ကြံဖို့စီစဉ်နေတဲ့အချိန်အတွင်းမှာဆိုရင် ပုဂံမင်းကို ခစားလျက်ရှိနေကြတဲ့ ‘မကွေးမင်းကြီး’ အပါအဝင် တခြားသော မှူးမတ်အပေါင်းတို့က ကနောင်မင်းသားတို့ဘက်ကနေ ကူညီပေးခဲ့ကြတာကြောင့် ၁၈၅၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ အောင်မြင်ခဲ့ကြပါတယ်။ ဒီလိုအောင်မြင်ခဲ့ပြီးနောက်မှာတော့ ပဉ္စမသင်္ဂါယနာတင် ‘မင်းတုန်းမင်း’ က ထီးနန်းဆက်ခံခဲ့ပြီး ညီတော်ဖြစ်သူကို ‘သီရိပဝရမဟာသုဓမ္မရာဇာ’ ဘွဲ့နဲ့ အိမ်ရှေ့စံမင်းသားအရာကို အပ်နှင်းခဲ့ပါတယ်။ ဒါ့အပြင် ဒီပဲရင်း၊ တောင်တွင်းကြီး၊ ပဉ္စာငါးနဲ့ စလေမြို့တို့ကိုလည်း အပိုင်စားပေးအပ်ခဲ့ပါသေးတယ်။ မင်းတုန်းမင်းကြီးက နန်းတက်တော်မူပြီး တစ်နှစ်အကြာမှာတော့ ညီတော် အိမ်ရှေ့စံ ကနောင်မင်းသားကို ခမည်းတော် သာယာ၀တီမင်းနဲ့ အနောက်နန်းမတော်မိဖုရား (အနောက်နန်းမတော်မမြလေး) တို့ရဲ့ သမီးတော် လှိုင်မြို့စား သီရိသုမြတ်စွာရတနာဒေဝီ (လှိုင်ထိပ်ခေါင်တင်) နဲ့ လက်ဆက်ပေးခဲ့ပါတယ်။ ဒါကြောင့် ကနောမင်းသားနဲ့ လှိုင်ထိပ်ခေါင်တင်တို့ဟာ အကြင်လင်မယားလည်းတော်စပ်သလို အဖေတူအမေကွဲ မောင်နှမတွေအဖြစ်လည်း တော်စပ်ကြသူတွေဖြစ်ပါတယ်။ လက်ဆက်တဲ့အချိန်မှာတော့ ကနောင်မင်းသားရဲ့ အသက်ဟာ ၃၃ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး လှိုင်ထိပ်ခေါင်တင်ကတော့ အသက် ၂၀ အရွယ်သာရှိသေးတယ်လို့ သိရပါတယ်။ ကနောင်မင်းသားနဲ့ လှိုင်ထိပ်ခေါင်တင်တို့မှာ ‘ထန်းတစ်ပင်မင်းသား’ ဆိုတဲ့သားတော်တစ်ပါးရှိခဲ့ပေမဲ့ အဆိုပါမင်းသားဟာ သီပေါမင်းလက်ထက်ကာလမှာ ကွယ်လွန်တိမ်းပါးခဲ့ရှာပါတယ်။
ရာဇဝင်မှတ်တမ်းတွေရဲ့ ဖော်ပြချက်အရ ကနောင်မင်းသားကြီးမှာ လှိုင်ထိပ်ခေါင်တင်အပါအဝင် မိဖုရား ၁၈ ပါးနဲ့ ကိုယ်လုပ်တော် အရေအတွက်များစွာရှိခဲ့ပြီး သားသမီး ၁၀၂ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ကိုယ်လုပ်တော်တွေနဲ့ ပျော်ပါးနေတတ်တဲ့ မောင်တော်ဖြစ်သူကို လှိုင်ထိပ်ခေါင်တင်က မျှော်လင့်တမ်းတနေကြောင်း ဘောလယ်တွေရေးစပ်သီကုံးပြီး ဆက်သွင်းခဲ့ရပါတယ်။ ဒီအခါမှ ကနောင်မင်းသားကလည်း သူ့ကိုမျှော်လင့်နေတဲ့ ဇနီးဖြစ်သူကို သနားဂရုဏာသက်မိပြီး လာရောက်ထွေးပိုက်ကြင်နာခဲ့ဖူးတယ်လို့ အဆိုရှိပါတယ်။ မောင်တော် ကနောင်မင်းသားကို ရည်မှန်းပြီးရေးစပ်ခဲ့တဲ့ လှိုင်ထိပ်ခေါင်တင်မင်းသမီးရဲ့ ဘောလယ်တွေထဲက “စိန်ခြူးကြာညောင်” ဆိုတဲ့ ဘောလယ်တစ်ပုဒ်ကတော့ ယနေ့အချိန်ထိ မြန်မာသံစဉ်ရင်းနှီးသူတွေရဲ့ နားထဲမှာ ရင်းနှီးလွယ်နေဆဲ ဖြစ်ပါတယ်။

အစ်ကိုတော်ဖြစ်သူ မင်းတုန်းမင်းတရားကြီးက ဘာသားရေးကိုင်းရှိုင်းသူဖြစ်သလောက် ညီတော် ကနောင်မင်းသားမှာတော့ စီမံခန့်ခွဲရေးအပိုင်းနဲ့ စက်ပစ္စည်းအသစ်အဆန်းတွေ တီထွင်ထုတ်လုပ်တဲ့နေရာမှာ စိတ်အားထက်သန်သူဖြစ်ပါတယ်။ ဒ့ါအပြင် ကနောင်မင်းသားဟာ လွန်စွာပါးနပ်လိမ္မာမှုရှိပြီး တိုင်းတစ်ပါးသားလူမျိုးခြားတွေနဲ့ ဆက်ဆံတဲ့နေရာမှာလည်း ကျွမ်းကျင်မှုရှိတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တာကြောင့် ခေတ်မှီလက်နက်အသစ်အဆန်းတွေ တပ်ဆင်နိုင်ဖို့အတွက် အနောက်နိုင်ငံတွေဆီကို ပညာသင်တွေစေလွှတ်ခဲ့ပါတယ်။ အဲဒီလိုစေလွှတ်ခံခဲ့ရသူတွေထဲမှာဆိုရင်တော့ ဒီပဲရင်းဝန်ထောက် ဦးမြဲနဲ့ ညီဦးခဲ၊ ဖန်ချက်ဝန် ဦးဖန်နဲ့ ကျောက်မြောင်းအတွင်းဝန်တို့ကလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ ကနောင်မင်းသားကြီးဟာ ‘ခေတ်မှီလက်နက်ရှိမှ နိုင်ငံအင်အားရှိမည်’ လို့ယုံကြည်ထားတာကြောင့် စစ်ကိုင်းဘက်မှာ လက်နက်စက်ရုံကြီးနှစ်ရုံ တည်ဆောက်ခဲ့သလို ရွှေမြို့တော် အနောက်မြောက် ရွှေတချောင်းအနီးမှာလည်း စက်ရုံတစ်ခု တည်ဆောက်ခဲ့ပါတယ်။ ဒီလိုတည်ဆောက်မှုတွေတင်မကသေးဘဲ ရက်ကန်းစက်၊ ကော်ဇောစက်၊ စပါးစက်၊ လွှစက်၊ ပန်းကန်စက်နဲ့ သကြားစက် အစရှိတာတွေကိုလည်း နိုင်ငံရပ်ခြားကနေ ဝယ်ယူတည်ထောင်ခဲ့ပါတယ်။ အဆိုပါစက်တွေကို ကြီးကြပ်ဖို့အတွက် အလုပ်ဝန်၊ ပညာဝန်၊ အလုပ်ဌာနဝန်ကြီးနဲ့ အတွင်းဝန်တို့ကိုလည်း မင်းသားကြီးကိုယ်တိုင်စီမံခန့်ခွဲခဲ့ပြီး ကုန်ကျငွေတွေကိုတော့ မြို့ရွာနယ်ပယ်အသီးသီးမှ ဝေပုံကျခန့်ခွဲရရှိတဲ့ အခွန်တော်တွေကို သုံးစွဲခဲ့တာဖြစ်ပါတယ်။

ကနောင်မင်းသားအနေနဲ့ အောင်မြင်စွာတီထွင်နိုင်ခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေထဲမှာဆိုရင် ဧရာ၀တီမြစ်ရိုးအတိုင်း ဆန်တက်လာကြမဲ့ ဗြိတိသျှတပ်တွေရဲ့ စစ်သင်္ဘောတွေကို ရေအောက်ကနေတားဆီးနိုင်မဲ့ ရေမြုပ်ဗုံးကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာသာရေးကို ဒီလိုအင်အားကြီးမားတဲ့ ပစ္စည်းကိုအသုံးပြုခြင်းက ရေနေသတ္တဝါတွေရဲ့ အသက်ကို ဆုံးရှုံးပျက်စီးနိုင်တယ်လို့ သံဃာတော်တွေက တားမြစ်ခဲ့ကြတာကြောင့် ရေမြုပ်ဗုံးထုတ်လုပ်မှုကို ရပ်တန့်ခဲကြရပါတယ်။ အလားတူပင် ကနောင်မင်းသားကြီး တည်ထောင်ခဲ့တဲ့ တခြားသောစက်မှုပစ္စည်းလုပ်ငန်းတွေကလည်း မင်းသားကြီး ကွယ်လွန်ပြီးချိန်မှာ တဖြည်းဖြည်းဆိုသလို ရပ်ဆိုင်းသွားခဲ့ပါတယ်။ တချို့သောစက်ရုံလုပ်ငန်းတွေကိုတော့ မန္တလေးမြို့ကို အင်္ဂလိပ်တို့ သိမ်းယူပြီးချိန်မှာ တစ်ဖန်လည်ပတ်ခဲ့ကြသေးတယ်လို့ သိရပါတယ်။

ကနောင်မင်းသားကြီးဟာ အိမ်ရှေ့စံမင်းသားတစ်ပါးဖြစ်တာနဲ့အညီ သြဇာတိက္ကမပြည့်စုံမှုရှိပြီး တိုင်းပြည်ရေးရာ စီမံခန့်ခွဲမှုအပိုင်းမှာလည်း ဦးစီးဦးဆောင်နိုင်သူဖြစ်ပါတယ်။ ဒါကြောင့်လည်း မင်းတုန်းမင်းရဲ့ အရွယ်ရောက်ပြီးဖြစ်တဲ့ သားတော်တွေက ကနောင်မင်းသားရှိနေသမျှ ထီးနန်းဆက်ခံခွင့်မရရှိတော့မှာစိုးတာကြောင့် လုပ်ကြံဖို့အတွက် စီစဉ်ခဲ့ကြပါတော့တယ်။ ဒီလိုနဲ့ ၁၈၆၆ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့မှာတော့ နန်းတော်ပြင်ပရှိ ယာယီတဲနန်းအတွင်းမှာ လွှတ်တော်ဝန်ကြီးတွေနဲ့အတူ အိမ်ရှေ့စံကနောင်မင်း ယာယီစံနေစဉ်အချိန်မှာပဲ မင်းတုန်းမင်းရဲ့ သားတော်တွေဖြစ်တဲ့ မြင်းကွန်းမင်းသား (သီလဝ)နဲ့ မြင်းခုံတိုင်မင်းသား (ဖိုးထင်) တို့ရဲ့ အလစ်ဝင်ရောက် တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး နတ်ရွာစံတော်မူခဲ့ပါတော့တယ်။

အိမ်ရှေ့စံ ကနောင်မင်းသားကြီး လုပ်ကြံခံရခြင်းနဲ့ပတ်သက်လို့ မှတ်တမ်းမှတ်ရာတွေရဲ့ ဖော်ပြချက်တွေအရတော့ လုပ်ကြံခံရမဲ့ မနက်ပိုင်း နေအိမ်တော်မှမထွက်ခွာမီအချိန် စီးတော်ဆင်အပေါ်သို့ တက်ရောက်ရာမှာ ဗောင်းတော်ကျွတ်ကျခဲ့တယ်လို့ သိရပါတယ်။ ဒီအခါမှာ အိမ်ရှေ့စံမိဖုရား လှိုင်ထိပ်ခေါင်တင်က ကျွတ်ကျသွားတဲ့ ဗောင်းတော်ကိုကောက်ယူပေးခဲ့ပေမဲ့ အရိပ်ထဲမှာလည်း အိမ်ရှေ့စံရဲ့ ဦးခေါင်းတော်အရိပ်ကို မမြင်ရတာကြောင့် ဒီအချင်းအရာဟာ နိမိတ်မကောင်းပါလို့ယူဆပြီး လွှတ်တော်မတက်ဖို့အတွက် လျှောက်တင်ခဲ့ပါတယ်။ ဒါပေမဲ့ ကနောင်မင်းသားက “ ငါ့ကို ရန်ပြုနိုင်သူ မမွေးသေး” လို့ဆိုပြီး ဆင်ပေါ်ကိုတက်ရောက်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ နန်းတော်အတွင်းမှာ မြင်ကွန်းမင်းသားနဲ့ မြင်းခုံတိုင်မင်းသားတို့နဲ့ပတ်သက်လို့ ကောလဟာလသတင်းတွေ ထွက်ပေါ်နေတာကြောင့် ကနောင်မင်းသားက လွှတ်တော်မတက်ခင်အချိန်မှာပဲ ကိုယ်ရံတော်တပ်တို့ကိုစေလွှတ်ပြီး လွှတ်တော်အပြီးမှာ မြင်းကွန်းမင်းသားတို့ကို ဖမ်းဆီးလာဖို့ အမိန့်ပေးထားခဲ့ပါတယ်။ ဒါပေမဲ့ မြင်ကွန်းမင်းသားတို့ကလည်း “ငါတို့ကား မင်းသားဖြစ်သည်၊ ဘုရင်မှတပါး ငါ့တို့ကို မဖမ်းနိုင်” ဆိုပြီး လာရောက်ဖမ်းဆီးခြင်းကို ဖီဆန်ခဲ့ပါတယ်။

မင်းတုန်းမင်းကလည်း ဗေဒင်ကိန်းခန်းတွေအရ လွှတ်တော်အစည်းအဝေးကို မြို့အပြင်ထွက်ကာကျင်းပခဲ့ပြီး ဒီလိုကျင်းပနေတဲ့ အချိန်အတွင်းမှာတော့ မြင်းကွန်းညီနောင်က ရန်ဖြစ်သလိုပုံစံအနေအထားနဲ့ ဓားချင်းခုတ်ပြီး လွှတ်တော်ဝန်းအတွင်းဆီကို ပြေးဝင်လာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဥပဒေစည်းမျဉ်းတွေအရ လွှတ်တော်အစည်းအဝေးပြုလုပ်နေစဉ်အချိန်အတွင်းမှာ မည်သူတစ်ဦးတစ်ယောက်မျှ လက်နက်ကိုင်ဆောင်လို့မရတာကြောင့် ကနောင်မင်းသားမှာလည်း ဓားလက်နက်ပါခြင်းမရှိခဲ့ပါဘူး။ တခြားသူတွေမှာလည်း ဓားလက်နက်တွေ ယူဆောင်လာခြင်းမရှိတာကြောင့် မင်းသားနှစ်ပါး ရန်ဖြစ်သလို လုပ်နေတဲ့အခါမှာ မည်သူကမှတားဆီးနိုင်ခြင်းမရှိဘဲ သူရဲဝန် ဦးရွှေလုံးကသာလျှင် မူမှန်ခြင်းမရှိတာကို ရိပ်စားမိခဲ့တယ်လို့ ဆိုပါတယ်။

ရိပ်စားမိတာနဲ့တစ်ပြိုင်နက် လွှတ်တော်မှာ စောင့်ရပ်နေကြတဲ့ ကိုယ်ရံတော်တပ်တွေကို “ ဟဲ့.. ကိုယ်ရံတော်များ သေနတ် ခဲယမ်းထိုးကြ” လို့အမိန့်ပေးလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ မြင်ကွန်းညီနောင်ရဲ့ အသင့်ပုန်းနေတဲ့ ငယ်ကျွန်တို့က လက်နက်ကိုယ်စီကိုင်ဆောင်ကာ လွှတ်တော်စောင့်တွေကို ရှင်းလင်းပြီး လွှတ်တော်ဝန်းအတွင်းဆီကို စီနင်းလာနေပြီဖြစ်ပါတယ်။ မြင်ကွန်းမင်းသားက သေနတ်ဝန်ကို ဓားနဲ့ အမိအရခုတ်ပြီး အိမ်ရှေ့စံ ကနောင်မင်းသားကြီးကိုလည်း လိုက်လံခုတ်လေရာ မင်းသားကြီးရဲ့ ဦးခေါင်းတော်ကို ခုတ်မိခဲ့ပါတော့တယ်။ မြင်ကွန်းညီနောက်လက်ချက်နဲ့ ကနောင်မင်းသားကြီး နတ်ရွာစံချိန်မှာဆိုရင် မင်းသားကြီးရဲ့ အသက်ဟာ ၄၆ နှစ်အရွယ်သာ ရှိသေးတာဖြစ်ပါတယ်။

အဲဒီအချိန်မှာ မြို့ပြင်မှာရှိတဲ့ လွှတ်တော်နေရာကို မြင်ကွန်းညီနောင်တို့မှ အပိုင်စားရရှိနေခဲ့ပြီး သတင်းကြားလို့ လွှတ်တော်ကိုရောက်လာတဲ့ မလွန်မင်းသား၊ ပြင်စည်မင်းသားနဲ့ စကုမင်းသားတို့ကိုလည်း ယင်းနေရာမှာပင် ရှင်းလင်းခဲ့ပြန်ပါတယ်။ ယာယီစံနန်းမှာသာရှိသေးပြီး လွှတ်တော်ကိုမရောက်လာသေးတဲ့ မင်းတုန်းမင်းကြီးကိုတော့ ငပိုက်ကြီးဆိုသူက ထမ်းပိုးကာထွက်ပြေးခဲ့တာ‌ကြောင့် မင်းတုန်းမင်းမှာ အသက်ဘေးကနေလွတ်မြောက်ခဲ့ပါတယ်။ အဆိုပါ ငပိုက်ကြီးဆိုတာကတော့ မင်းတုန်းမင်းကို လုပ်ကြံဖို့အတွက် မြင်ကွန်းညီနောင်နှစ်ပါးမှ တာဝန်ပေးထားသူ ဖြစ်‌ပါတယ်။ ဒါပေမဲ့ ဘုရင်ကို ကြောက်ရွံ့တဲ့စိတ်နဲ့ ထမ်းပိုးပြေးခဲ့တာကြောင့် နောက်ဆုံးမှာတော့ တာဝန်မကျေပွန်မှုနဲ့ မြင်ကွန်းမင်းသားက သတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။

ထွက်ပြေးနေစဉ်အချိန်အတွင်းမှာတော့ လမ်းခုလတ်မှာ စကုမင်းသားရဲ့မြင်းထိန်းနဲ့ မြင်းကိုတွေ့ခဲ့တာကြောင့် မြို့တော်အတွင်းကို အလျင်အမြန်ဝင်ရောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာလည်း နန်းတော်အတွင်းမှာရှိတဲ့ လွှတ်တော်ကို မြင်ကွန်းမင်းသားရဲ့လူတွေက သိမ်းပိုက်ပြီးနေပါပြီ။ ဒါကြောင့် မင်းတုန်းဘုရင်မှာ မြေနန်းတော်အတွင်းမှ စစ်သည်တော် အရေအတွက် ၇၀ နဲ့သာ ကြိုးစားခုခံနေခဲ့ရပါတယ်။ မြင်ကွန်းရဲ့ လူတွေက မြေနန်းတော်ကိုထိုးဖောက်ဖို့ ကြိုးစားခဲ့ကြပေမဲ့ မက္ခရာမင်းသားနဲ့ မှူးမတ်တွေရဲ့ ကြိုးစားခုခံမူကြောင့် တံခါးနီကို ထိုးဖောက်နိုင်ခြင်းမရှိခဲ့ကြပါဘူး။ အဲဒီအချိန်မှာပဲ အိမ်ရှေ့ကိုယ်တော်ရဲ့ စစ်တဲမှာ ကျန်ရစ်ခဲ့ကြတဲ့ ကိုယ်ရံတော် တပ်သားတွေက လက်နက်မျိုးစုံအသံကိုကြားပြီး မြို့ပြင်မှာရှိတဲ့ ယာယီလွှတ်တော်ဆီကိုလိုက်လာခဲ့ကြပါတော့တယ်။ ယာယီလွှတ်တော်မှ အကြောင်းအရာအစုံအလင်ကို မြင်ပြီးချိန်မှာတော့ နန်းတော်ဆီ အမှီလိုက်လာခဲ့ကြပြီး ဒီအခါမှာ ကိုယ်ရံတော်တပ်တွေရဲ့ အသေအ‌ကြေတိုက်ခိုက်မှုကြောင့် မြင်းကွန်းရဲ့ဘက်တော်သားတို့မှာ နောက်ကြောင်းပြန်ဆုတ်ခဲ့ရပါတော့တယ်။

ကနောင်မင်းသားကြီးဟာ တိုင်းသူပြည်သားတွေရဲ့ ချစ်ခင်ကြည်ညိုလေးစားမှုကိုရရှိထားတဲ့ အိမ်ရှေ့စံမင်းသားဖြစ်တာကြောင့် တကယ်လို့များ မင်းသားကြီးသာ မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းမှာ လုပ်ကြံမခံခဲ့ရပါက မြန်မာနိုင်ငံဟာ နယ်ချဲ့လက်အောက်ကို လွယ်ကူစွာ၊ စောစီးစွာမရောက်နိုင်ဘူးလို့ နှောင်းခေတ်လူအချို့က ယုံကြည်ကောက်ချက်ချထားကြပါတယ်။ အိမ်ရှေ့မင်းနဲ့ တခြားသောမင်းသားတို့ဟာ မြန်မာသက္ကရာဇ်၁၂၂၈-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၇ ရက်နေ့ (ခရစ်နှစ် ၁၈၆၆ ခုနှစ်၊ ဩဂုတ်လ၊ ၂ ရက်၊ ကြာသပတေးနေ့)မှာ လုပ်ကြံခံရပြီး ကွယ်လွန်အနိစ္စရောက်ခဲ့ကြပေမဲ့လည်း သက္ကရာဇ် ၁၂၂၉-ခုနှစ်၊ နယုန်လဆန်း ၅ ရက်နေ့ရောက်တော့မှသာလျှင် သင်္ဂြိုဟ်ခဲ့တာကြောင့် ကြွင်းကျန်ရစ်တဲ့ရုပ်အလောင်းတွေကို (၁၁)လကြာမှ သင်္ဂြိုဟ်ခဲ့တာဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ ဒီလိုအချိန်ကာလတစ်ခုအကြာမှ သင်္ဂြိုလ်ဖြစ်ခဲ့ရတဲ့အကြောင်းကတော့ ကြားထဲမှာ မြင်ကွန်း မြင်းခုန်တိုင်နဲ့ ပန်းထိမ်းမင်းသား (ပထိမ်းမင်းသား ဟုလည်းဖော်ပြထားကြတာတွေ့ရ) တို့ရဲ့ အရေးအခင်းတွေ ဖြစ်ပေါ်နေတာကြောင့် အလောင်းတွေကို အခေါင်းသွင်းပြီး နန်းမြေဘုံသာစံနန်းတော်ဆောင်တော်မမှာ ခင်းကျင်းထားခဲ့ပုံရပါတယ်။

သက္ကရာဇ်၁၂၂၉-ခုနှစ်၊ နယုန်လဆန်း ၅ ရက်နေ့မှာတော့ နန်းမြေဘုံသာစံနန်းတော်ဆောင်တော်မကို ဖျက်သိမ်းပြီး အိမ်ရှေ့မင်းကို သင်္ဂြိုဟ်ဖို့အတွက်အုတ်ဂူနဲ့ မလွန်မင်းသား၊ စကုမင်းသား၊ ပြင်စည်မင်းသားတို့ကို သင်္ဂြိုဟ်ဖို့ အုတ်ဂူအသီးသီးတို့ကို တန်းစီတည်ထားခဲ့ပါတယ်။ အုတ်ဂူရဲ့ အရှေ့နှစ်တောင်အကွာမှာတော့ စန္ဒာမုနိ ရုပ်ပွားတော်မြတ်ကို ကိန်းဝပ်ပူဇော်ဖို့ အုတ်ပြာသာဒ် ပြုလုပ်ထားခဲ့ပြီး အနောက်ဘက်မှ စေတီကြီးကိုလည်း စန္ဒာမုနိရုပ်ပွားတော်ကို အစွဲပြုကာ စန္ဒာမုနိဘုရား လို့အမည်ခေါ်တွင်စေခဲ့ပါတယ်။


#ညမဖတ်ရ

Address

NO. 428, Aungyadanar Street. Thingangyun Township, Yangon
Yangon
11141

Telephone

+959779922502

Website

Alerts

Be the first to know and let us send you an email when APL online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to APL online shop:

Share