28/09/2023
29.9.2023 တော်သလင်းလပြည့်နေ့တွင် ဗိုလ်တထောင်ဘုရားမှာ သီလဥပုသ်ယူကြသော တရားနာပရိတ်သတ်များနှင့်ဘုရားဖူးပြည်သူများအား 7Star souvenir shop မိသားစုမှ ထမင်း+ငါးဖယ်ဟင်း+အရွက်ကြော်+ငံပြာရည်ကြော် လူအယောက် ၃၀၀ စာ အား ပါဝင်ကုသိုလ်ယူလှူဒါန်းထားပါသည်။
နတ် လူ သာဓုခေါ်စေသော် 🙏🙏🙏
သဗ္ဗညုတ ရွှေဉာဏ်တော်ရှင် ဗုဒ္ဓမြတ်ဘုရား၏ ဆံတော်စစ်ရတနာကိန်းဝပ်တော်မူရာ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် ဝါတွင်းကာလဖြစ်သော ၁၃၈၅ ခုနှစ်တော်သလင်းလပြည့်နေ့ (၂၉. ၉. ၂၀၂၃)ရက် သောကြာနေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင်
ဗိုလ်တထောင်မြို့နယ် ပညာရာမိကမဟာ( အေ) ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ သီလဝံသ မှ သီလပေးတရားများ ချီးမြှင့်ပေးခြင်း! မွန်းလွဲ (၁၂:၃၀)နာရီ မှ နေ့လယ် (၂:၃၀)နာရီထိ သာကေတမြို့နယ်၊ မင်္ဂလာသီရိကျောင်းတိုက်၊သာသနဓဇဓမ္မာစရိယ၊သာသနတက္ကသီလမဟာဓမ္မာစရိယ ၊ ဆရာတော်ဘဒ္ဒန္တ ဣန္ဒာစာရ မှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များဟောကြားပေးခြင်း! နေ့လယ် (၃:၀၀)နာရီမှ ညနေ (၅:၀၀ )နာရီထိ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၊အဖွဲ့ဝင် ဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တ ကောသလ္လ ဆရာတော်မှ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များ ဟောကြားပေးမည်ဖြစ်ပါ၍ တရားနာကြွရောက်ကြပါရန် လေးမြတ်စွာဖြင့် ဖိတ်ကြားအပ်ပါသည်။
(၂၉ .၉. .၂၀၂၃ )ရက် တော်သလင်းလပြည့်နေ့တွင်
ဝါတွင်းကာလဥပုသ်နေ့များတွင် တရားချီးမြင့်သည့်ဆရာတော်ကြီးများအား သံဃပူဇာအနေဖြင့် သံဃာတော်တစ်ပါးလျှင် သင်္ကန်း တစ်ခြင်းနှင့် နဝကမ္မဝတ္ထုငွေကျပ် ( ၃၀၀၀၀၀/) ( ကျပ်သုံးသိန်းတိတိ) ကို အလှုရှင်မိသားစုဖြစ်သော နှစ်ဖက်သောမိဘများအား အမှူးထား၍ " ကိုအောင်ပြည့်စုံ + မမျိုးရတနာထိုက်၊ သမီး-မခင်ငြိမ်းချမ်းပြည့်စုံလှိုင် ၊ မခင်ဘုန်း မြတ်ပြည့်စုံလှိုင်၊ မခင် မေတ္တာပြည့်စုံလှိုင် " မိသားစု မှ ကုသိုလ်ပြုလှူဒါန်းပါသည်။
၁။- " ဦးသန်းလွင် + ဒေါ်မြင့်မြင့်သန်း၊သား- မောင်ဝေယံလင်းထက်၊မောင်မိုးယံလင်းထက်၊ သမီး- မသော်တာလင်းထက် ( Royal Lwin Brother Co.Ltd) မိသားစု
၂။ ဦးအောင်ဝင်းကျော်+ ဒေါ်သန္တာအောင် ( 7 Star အမှတ်တရဆိုင်) မိသားစု
၃။ ဦးသိန်းဝင်းဇော်+ ဒေါ်တင်လတ်မင်း မိသားစု
မှ တရားနာပရိသတ်များအား အာဟာရဒါန လှူဒါန်းပါမည်။🙏🙏🙏
- မောင်စောပိုင်ထွဋ် ( ၃၁) နှစ်ပြည့်မွေးနေ့ အလှူကုသိုလ်
- ဒေါက်တာသက်သက်နွယ် နှင့် တူ ၊သား၊မြေးမြစ်များ ၊
- မိဘနှစ်ပါးအားရည်စူး၍ ကွယ်လွန်သူ ဦးစန်းဝင်း ေကာင်းမှု
- ဗသက ( ၃၁ ) အရာရှိများ နှင့်မိသားစု
- ဗိုလ်မှူကြီး ကြည်ထွန်း+ ဒေါ်ခင်လှဝင်း မိသားစု တို့မှ
- " ဗိုလ်တထောင်စေတီတော် ဝန်ထမ်းများ" မှ " အအေး" အာဟာရဒါန လှူဒါန်းပါမည်။
ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်