MKI Home Appliances

MKI Home Appliances MKI Home Appliances

YGN SR 1: 09-443903736
YGN SR 2: 09-260521530
MDY SR: 09-449004631

Microwave ကို စနစ်တကျနဲ့ ဘေးကင်းအောင် အသုံးပြုဖို့အတွက် အောက်ပါအချက်တွေကို အထူးသတိပြုပေးပါရှင်။၁။ သတ္တုနှင့် အလူမီနီယံ ပ...
24/04/2026

Microwave ကို စနစ်တကျနဲ့ ဘေးကင်းအောင် အသုံးပြုဖို့အတွက် အောက်ပါအချက်တွေကို အထူးသတိပြုပေးပါရှင်။

၁။ သတ္တုနှင့် အလူမီနီယံ ပစ္စည်းများ 🍴
ဇွန်း၊ ခက်ရင်း၊ သံဗူးနှင့် အလူမီနီယံ Foil (ခဲပတ်) တွေဟာ Microwave ရဲ့ လှိုင်းတွေကို ပြန်ကန်ထွက်စေပြီး မီးပွားထွက်တာ၊ စက်လောင်ကျွမ်းတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

၂။ တစ်ခါသုံး ပလတ်စတစ်ဗူးများ 🍱
ပလတ်စတစ်အပါးသားတွေနဲ့ ပြုလုပ်ထားတဲ့ တစ်ခါသုံးဗူးတွေဟာ အပူကြောင့် အရည်ပျော်ပြီး အစားအစာထဲကို ဓာတုပစ္စည်းတွေ စိမ့်ဝင်သွားနိုင်ပါတယ်။ ဒါကြောင့် "Microwave Safe" လို့ အညွှန်းပါတဲ့ ဗူးမျိုးကိုပဲ အသုံးပြုပေးပါ။

၃။ ကြက်ဥ၊ ငုံးဥ (အခွံပါလျက်) 🥚
ကြက်ဥ၊ ငုံးဥကဲ့သို့ ဥအမျိုးမျိုးကို အခွံပါလျက် မထည့်သင့်ပါဘူး။ အထဲက ဖိအားကြောင့် ကြက်ဥ ပေါက်ကွဲတတ်ပြီး စက်အတွင်းပိုင်းကို ပေပွပျက်စီးသွားစေနိုင်ပါတယ်။

၄။ ဖော့ဗူးများ (Styrofoam) 📦
ဖော့ဗူးတွေကို အပူပေးလိုက်တဲ့အခါ ကျန်းမာရေးအတွက် အလွန်အန္တရာယ်ရှိတဲ့ အဆိပ်ငွေ့တစ်မျိုး ထွက်လာစေနိုင်သလို Microwave ထဲမှာလည်း လောင်ကျွမ်းမှုကို ဖြစ်စေနိုင်ပါတယ်။

၅။ စက်ကို အလွတ် (ဘာမှမရှိဘဲ) မနှိပ်မိပါစေနှင့် ⚠️
စက်ထဲမှာ ဘာမှမရှိဘဲ မတော်တဆ နှိပ်မိခြင်းမျိုး မရှိအောင် ဂရုစိုက်သင့်ပါတယ်။ လှိုင်းတွေကို စုပ်ယူမယ့် အစားအစာမရှိတဲ့အတွက် စက်ရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ Magnetron ကို ပြန်လည်ရိုက်ခတ်ပြီး စက်ချက်ချင်း ပျက်စီးသွားနိုင်လို့ပါ။

ဒါကြောင့် Microwave အသုံးပြုမယ်ဆိုရင် ဖန် (သို့မဟုတ်) ကြွေထည် ပစ္စည်းတွေကို အသုံးပြုခြင်းက အန္တရာယ်အကင်းဆုံးပါပဲ။ ဒီအချက်လေးတွေကို ဂရုစိုက်မယ်ဆိုရင်တော့ Microwave ဟာ မီးဖိုချောင်အတွက် အလွန်အသုံးဝင်ပြီး မရှိမဖြစ်ဖြစ်တဲ့ အိမ်သုံးပစ္စည်းတစ်ခုပါပဲရှင်။ ✨

Blender ကို အသုံးပြုပြီးတဲ့အခါ လက်နဲ့အတွင်းထိ နှိုက်ချွတ်ဆေးကြောတာက လက်ရှတာမျိုး ဖြစ်စေနိုင်သလို၊ ပြောင်စင်အောင် ဆေးကြော...
20/04/2026

Blender ကို အသုံးပြုပြီးတဲ့အခါ လက်နဲ့အတွင်းထိ နှိုက်ချွတ်ဆေးကြောတာက လက်ရှတာမျိုး ဖြစ်စေနိုင်သလို၊ ပြောင်စင်အောင် ဆေးကြောဖို့လည်း အချိန်ကြာတတ်ပါတယ်။

ဒီပြဿနာကို ၁ မိနစ်တည်းနဲ့ အလွယ်တကူ ဖြေရှင်းလိုက်ရအောင် -

✅ အဆင့် (၁): Blender ထဲကို ရေနွေးနွေးနဲ့ ပန်းကန်ဆေးဆပ်ပြာရည် အနည်းငယ် ထည့်ပါ။
✅ အဆင့် (၂): အကယ်၍ အနံ့အသက် မကောင်းဘူးဆိုရင် သံပုရာရည် အနည်းငယ် ထည့်ပေးပါ။
✅ အဆင့် (၃): ပြီးလျှင် အဖုံးပိတ်ပြီး ၁၅ စက္ကန့်လောက် ခလုတ်ဖွင့် (Blend လုပ်) ပေးလိုက်ပါ။

ပြီးတာနဲ့ ရေအနည်းငယ်နဲ့ ပြန်ကျင်းလိုက်ရုံနဲ့ အနံ့အသက်ကင်းစင်ပြီး ပြောင်လက်သန့်ရှင်းနေတဲ့ Blender လေးကို ၁ မိနစ်တည်းနဲ့ ရရှိနိုင်ပါပြီရှင်။ ✨

လစဉ်အသုံးစရိတ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မီတာခတွေကို သိသိသာသာ လျှော့ချဖို့အတွက် ဒီအချက် (၇) ချက်ကို သိထား...
17/04/2026

လစဉ်အသုံးစရိတ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မီတာခတွေကို သိသိသာသာ လျှော့ချဖို့အတွက် ဒီအချက် (၇) ချက်ကို သိထားဖို့ လိုအပ်ပါတယ်နော်။

၁။ မလိုအပ်သည့် မီးပလတ်များ ဖြုတ်ထားပါ 🔌
အသုံးမပြုဘဲ တပ်ထားသည့် TV၊ Rice Cooker၊ Microwave နဲ့ ဖုန်း Charger ကြိုးတွေမှာ Standby Mode ပါဝင်တဲ့အတွက် အလိုအလျောက် မီးအားဆွဲနေတတ်ပြီး မီတာဘေ ပိုတက်စေပါတယ်။

၂။ ရေပူစက်ကို လိုအပ်မှသာ ဖွင့်သုံးပါ 🚿
Water Heater (ရေပူစက်) အသုံးပြုတဲ့အခါ သုံးမည့်အချိန်မတိုင်ခင် ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် ကြိုဖွင့်ပေးရုံနဲ့ လုံလောက်ပါတယ်။ တစ်နေကုန် ဖွင့်ထားဖို့ မလိုအပ်ပါဘူးရှင်။

၃။ ထမင်းအိုး၏ Warm Mode ကို သတိထားပါ 🍚
ထမင်းကျက်ပြီးနောက် Warm Mode မှာ အကြာကြီး ထားခြင်းက လျှပ်စစ်ဓာတ်အားကို ဆက်တိုက် ဆွဲယူနေစေပါတယ်။

၄။ ရေခဲသေတ္တာ တံခါးကို ခဏခဏ မဖွင့်ပါနှင့် ❄️
တံခါးခဏခဏဖွင့်ခြင်းက အအေးဓာတ်ကို ဆုံးရှုံးစေပြီး Compressor ကို ပိုမိုအလုပ်လုပ်ရစေကာ မီးအားကုန်စေပါတယ်။

၅။ ရေခဲသေတ္တာထဲတွင် ပစ္စည်းများ အလွန်အကျွံ မထည့်ပါနှင့် 🧊
ရေခဲသေတ္တာထဲ ပစ္စည်းတွေ အပြည့်ထည့်ထားခြင်းက လေအေးလှည့်ပတ်မှု (Cooling Efficiency) ကို ကျဆင်းစေပြီး Overload ဖြစ်ကာ မီးအားပိုစားစေပါတယ်။

၆။ LED မီးလုံးများ ပြောင်းလဲအသုံးပြုပါ 💡
သာမန်မီးလုံးများထက် LED မီးလုံးများက မီးစွဲအား ပိုမိုသက်သာပြီး ကြာရှည်လည်း အသုံးခံပါတယ်။

၇။ ဟင်းချက်လျှင် အဖုံးအုပ်ပြီး ချက်ပါ 🍲
အဖုံးအုပ်ချက်ခြင်းက အပူကို လုံလုံလောက်လောက်နဲ့ မြန်မြန်ဆန်ဆန် ရရှိစေလို့ ဟင်းကျက်မြန်စေပြီး စွမ်းအင်သုံးစွဲမှုကို လျှော့ချပေးပါတယ်။

ဒီအချက် (၇) ချက်ကို ဂရုတစိုက် လိုက်နာခြင်းဖြင့် လစဉ်မီတာဘေကို ချွေတာနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ နောက်ထပ် ချွေတာနည်းလေးတွေ သိထားတာရှိရင်လည်း အားလုံးလေ့လာလို့ရအောင် Comment မှာ မျှဝေပေးခဲ့ပါဦးနော်။ ✨

သင့်ရဲ့မီးဖိုချောင်ကို အနာဂတ်ဆန်ဆန် ပြောင်းလဲပေးမယ့် "𝐅𝐚𝐠𝐨𝐫 𝐒𝐩𝐨𝐮𝐭𝐧𝐢𝐤 28𝐁𝐎 𝐌𝐢𝐜𝐫𝐨𝐰𝐚𝐯𝐞" နဲ့ဆို ပုံမှန် Microwave တွေနဲ့ မတူ...
13/04/2026

သင့်ရဲ့မီးဖိုချောင်ကို အနာဂတ်ဆန်ဆန် ပြောင်းလဲပေးမယ့် "𝐅𝐚𝐠𝐨𝐫 𝐒𝐩𝐨𝐮𝐭𝐧𝐢𝐤 28𝐁𝐎 𝐌𝐢𝐜𝐫𝐨𝐰𝐚𝐯𝐞" နဲ့ဆို ပုံမှန် Microwave တွေနဲ့ မတူပဲ ဧည့်သည်တွေအိမ်လာလဲတိုင်း အထူးတဆန်းမေးရမည့် Design လေးဖြစ်နေမှာပါ။

သူရဲ့ ထူးခြားတဲ့ Feature တစ်ခုဖြစ်တဲ့ အဝိုင်းပုံစံ အမိုးခုံး (Dome) Designဖြစ်ပြီး မှန်သားက ကြည်လင်နေတာကြောင့် ဟင်းပွဲတွေနွေးတာကို 360 ဒီဂရီ မြင့်တွေ့နေရမှာပါ။

တံခါးကို ဘေးတွန်းဖွင့်စရာမလိုပဲ အပေါ်ကို လှန်ဖွင့်လိုက်ရုံနဲ့ အစားအစာတွေကို အလွယ်တကူ ထည့်နိုင်၊ထုတ်နိုင်ပါတယ်။ ချစ်စရာကောင်းတဲ့ အဝိုင်းပုံစံလေးက မီးဖိုချောင်ရဲ့ ဘယ်ထောင့်မှာမဆို နေရာမစားပဲပေါ်လွင်နေမှာပဲ ဖြစ်ပါတယ်။

အပူချိန်နှင့် အချိန်ကို Digital Display နဲ့ တိတိကျကျသတ်မှတ်နိုင်သလို၊ အစားအစာအမျိုးအစားအလိုက် Auto cook function တွေလဲပါဝင်ပါသေးတယ်။
သင့်မီးဖိုချောင်မှာ တမူထူးခြားတဲ့ အာကာသယာဥ်ပုံစံ Microwave လေးနဲ့ဆို Smart ဖြစ်ပြီးချစ်ဖို့ကောင်းနေမှာအသေအချာပဲနော်။
အရမ်းတန်တဲ့ သင်္ကြန် Promotion လဲရှိနေတာမို့ Stock မကုန်ခင်လေး အမြန်ဝယ်ယူပေးပါဦးရှင်ံ။

မနက်ခင်းတိုင်း ကော်ဖီ (Coffee) တစ်ငုံလောက် သောက်လိုက်မှ တစ်နေ့တာကို လန်းဆန်းစွာ စတင်နိုင်တဲ့သူတွေ ရှိလား? ☕️ဒါဆိုရင်တော့...
10/04/2026

မနက်ခင်းတိုင်း ကော်ဖီ (Coffee) တစ်ငုံလောက် သောက်လိုက်မှ တစ်နေ့တာကို လန်းဆန်းစွာ စတင်နိုင်တဲ့သူတွေ ရှိလား? ☕️

ဒါဆိုရင်တော့ ကော်ဖီရဲ့ စစ်မှန်တဲ့ အရသာကို ရရှိဖို့ လိုအပ်တယ်နော်...

Brandt ရဲ့ "𝐂𝐀𝐅 2012 𝐗𝐓 𝐃𝐫𝐢𝐩 𝐂𝐨𝐟𝐟𝐞𝐞 𝐌𝐚𝐤𝐞𝐫" က Drip System ဖြစ်တာကြောင့် ကော်ဖီရဲ့ အနှစ်သာရနဲ့ အရသာကို အမြဲတမ်း Consistent ဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။ သုံးရတာ လွယ်ကူပြီး အချိန်ကုန်သက်သာတာကြောင့် သင့်လက်ထဲကို ကော်ဖီပူပူလေးတစ်ခွက် မြန်မြန်ဆန်ဆန် ရောက်ရှိလာစေမှာပါ။

အိမ်မှာနေရင်း ကော်ဖီဆိုင် ရောက်နေသလိုမျိုး နေ့စဉ် ခံစားချင်သူတွေအတွက်တော့ တကယ့်ကို Must Have ပစ္စည်းလေးပါပဲရှင်။ ✨
အရမ်းတန်တဲ့ သင်္ကြန် Promotion လဲရှိနေတာမို့ Stock မကုန်ခင်လေး အမြန်ဝယ်ယူပေးပါဦးရှင်ံ။

ဒီနေ့ကစပြီး Healthy Lifestyle ကို စတင်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ကိုယ့်ရဲ့နေ့စဉ် သောက်သုံးနေတဲ့ အချိုရည်တွေအစား Healthy...
06/04/2026

ဒီနေ့ကစပြီး Healthy Lifestyle ကို စတင်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ကိုယ့်ရဲ့နေ့စဉ် သောက်သုံးနေတဲ့ အချိုရည်တွေအစား Healthy Juice လေးတွေနဲ့ အစားထိုးလိုက်ရအောင်နော်။ 🥤

"𝐁𝐫𝐚𝐧𝐝𝐭 𝐁𝐋𝐄 615 𝐄𝐆 𝐁𝐥𝐞𝐧𝐝𝐞𝐫" က ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူနေမှုပုံစံအတွက် အသင့်တော်ဆုံး အဖြေတစ်ခုပါပဲ။

✅ အစွမ်းထက် Power Motor:
အားကောင်းတဲ့ Motor ကြောင့် သစ်သီးဝလံတွေတင်မကဘဲ ရေခဲတွေအထိပါ ပါဝင်ပစ္စည်း (Ingredients) မျိုးစုံကို ညက်ညက်ညောညောနဲ့ Smooth ဖြစ်အောင် ကြိတ်ခြေပေးနိုင်ပါတယ်။

✅ မိသားစုတိုင်းအတွက် အဆင်ပြေစေမယ့် ဒီဇိုင်း:
အသီးအနှံစားရတာ မကြိုက်တဲ့ သားသား၊ မီးမီးလေးတွေရှိရင်လည်း လွယ်လင့်တကူ ဖျော်စပ်တိုက်ကျွေးလို့ ရတာကြောင့် မိသားစုတစ်စုလုံး Brandt နဲ့အတူ အရသာရှိပြီး ကျန်းမာတဲ့ Lifestyle တစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။

အခုဆိုရင် အရမ်းတန်တဲ့ သင်္ကြန် Promotion လည်း ရှိနေတာမို့ Stock မကုန်ခင်လေး အမြန်ဆုံး ဝယ်ယူအားပေးလိုက်ပါဦးရှင်။ ✨

အသုံးစရိတ်တွေ အဖက်ဖက်က တက်နေချိန်မှာ မီးဖိုချောင်ထဲကနေ စတင်ပြီး ငွေကုန်ကြေးကျ သက်သာအောင် ချွေတာနိုင်မယ့် နည်းလမ်းကောင်းလ...
03/04/2026

အသုံးစရိတ်တွေ အဖက်ဖက်က တက်နေချိန်မှာ မီးဖိုချောင်ထဲကနေ စတင်ပြီး ငွေကုန်ကြေးကျ သက်သာအောင် ချွေတာနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင်။ မီးဖိုချောင်စရိတ်လို့ ဆိုရာမှာ လျှပ်စစ်ခနဲ့ ဂတ်စ်ခတွေကို မေ့လျော့နေတတ်ကြပါတယ်။ ဒီနည်းလမ်းလေးတွေက လျှပ်စစ်ခနဲ့ ဂတ်စ်ဖိုးကို သိသိသာသာ လျှော့ချပေးနိုင်မှာပါ။

✅ အိုးဆိုဒ်နှင့် မီးဖိုဆိုဒ် မျှတပါစေ
မီးဖိုအကွင်းအကြီးပေါ်မှာ အိုးအသေးလေးတင်ချက်တာ (သို့မဟုတ်) မီးဖိုကွင်းအသေးပေါ်မှာ အိုးအကြီးတင်ချက်တာတွေက စွမ်းအင်ထိရောက်မှုကို လျော့ကျစေပါတယ်။ ဒါကြောင့် အိုးအရွယ်အစားနဲ့ ကိုက်ညီတဲ့ မီးကွင်းကိုသာ ရွေးချယ်အသုံးပြုပါ။

✅ ရေခဲသေတ္တာကို နံရံနှင့် ခပ်ခွာခွာထားပါ
ရေခဲသေတ္တာရဲ့ နောက်ကျောကို နံရံနဲ့ အရမ်းကပ်ထားရင် အပူပြန်တာ နှေးသွားပြီး စက်ကို ပိုအလုပ်လုပ်ရစေကာ လျှပ်စစ်ခ ပိုတက်စေပါတယ်။ ဒါကြောင့် နံရံကနေ အနည်းဆုံး (၆) လက်မခန့် ခွာထားပေးပါ။

✅ အစားအစာကို အခန်းအပူချိန်ရောက်မှ ချက်ပြုတ်ပါ
အေးခဲနေတဲ့ အသား၊ ငါးတွေကို ရေခဲသေတ္တာထဲက ထုတ်ပြီးတာနဲ့ ချက်ချင်းချက်တာမျိုး မပြုလုပ်ပါနဲ့။ အခန်းအပူချိန်ရောက်အောင် အပြင်မှာ ခဏထားပြီးမှ ချက်ခြင်းက အပူပေးရတဲ့ အချိန်တွေကို လျှော့ချပေးနိုင်ပါတယ်။

✅ Microwave ကို အကျိုးရှိရှိ သုံးပါ
ဟင်းအနည်းငယ်ကို ပြန်နွေးဖို့အတွက် မီးဖိုကြီးကို အသုံးပြုမယ့်အစား Microwave ကို အသုံးပြုပါ။ Microwave က အပူပေးတာ ပိုမြန်ဆန်သလို စွမ်းအင်သုံးစွဲမှုကိုလည်း ပိုမိုသက်သာစေပါတယ်။

✅ ဟင်းအိုးကို အဖုံးအုပ်ပြီး ချက်ပြုတ်ပါ
ဟင်းအိုးကို အဖုံးအုပ်ပြီး ချက်ပြုတ်ခြင်းက အပူကို အပြင်မထွက်စေဘဲ အိုးထဲမှာပဲ ထိန်းထားပေးပါတယ်။ ဒါကြောင့် ဟင်းကျက်တာ ပိုမိုမြန်ဆန်စေပြီး (Gas ၊ လျှပ်စစ်) အသုံးချမှုကို ၁၀% ကနေ ၁၅% အထိ လျှော့ချပေးနိုင်ပါတယ်။

အစစအရာရာကို ချွေတာသေသပ်စွာ အသုံးပြုရမယ့် အချိန်မှာ "ဟင်းချက်ရင်း ငွေစုနိုင်ကြဖို့" ဒီနည်းလမ်းလေးတွေက အိမ်ရှင်မတွေအတွက် အများကြီး အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ ✨

#ချွေတာနည်းလမ်းညွှန်

ဒီအချိန်ထက် အတန်ဆုံးအချိန်ဆိုတာ မရှိလောက်အောင် "𝑼𝒑 𝒕𝒐 70%" အထိ ရှိမည့် MKI Home Appliance ရဲ့ သင်္ကြန် Big Sale အစီအစဉ်က...
31/03/2026

ဒီအချိန်ထက် အတန်ဆုံးအချိန်ဆိုတာ မရှိလောက်အောင် "𝑼𝒑 𝒕𝒐 70%" အထိ ရှိမည့် MKI Home Appliance ရဲ့ သင်္ကြန် Big Sale အစီအစဉ်ကြီး ရောက်ရှိလာပါပြီ။ ✨

Luxury Brands တွေကိုမှ မီးဖိုချောင်ထဲမှာ တပ်ဆင်အသုံးပြုရတာ ကြိုက်နှစ်သက်တဲ့ အိမ်ရှင်မများအတွက် နိုင်ငံတကာတွင် နာမည်ကြီးဆုံး Home Appliance Brands များဖြစ်ကြသော Brandt, De Dietrich & Rinnai ပစ္စည်းများကို Up to 70% 😱 အထိတောင် လျှော့ချပေးထားတာဖြစ်လို့ နှစ်ခါပြန်မရနိုင်တဲ့ အထူးအခွင့်အရေးကြီးကို ဒီနှစ်နွေဦးသင်္ကြန်မှာ အရယူလိုက်ရအောင်နော်။

ဝယ်ယူနိုင်မည့် MKI Showroom လိပ်စာများကတော့... 👇

📍 MKI Yangon (Showroom 1)
အောင်ဆန်းအားကစားကွင်းအနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
📞 Tel: 01 245 543, 09 443 903 736

📍 MKI Yangon (Showroom 2)
ဂန္ဓမာလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
📞 Tel: 01 665 467, 09 260 521 530

📍 MKI Mandalay (Showroom)
အမှတ် (၄)၊ ၇၉ လမ်း (၂၆ လမ်းနှင့် ၂၇ လမ်းကြား)၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
📞 Tel: 09 449 004 631, 09 426 803 505

30/03/2026

ကြက်ကင်လား? Pizza လား? ကိတ်မုန့်လား? လိုတရ စားဖိုမှူး "𝐑𝐎-𝐄6206𝐗𝐀-𝐄𝐌" 𝐎𝐯𝐞𝐧 ကိုသာ တာဝန်ပေးလိုက်...

အပေါ်မီး၊ အောက်မီး၊ Grill နဲ့ 𝐂𝐨𝐧𝐯𝐞𝐜𝐭𝐢𝐨𝐧 𝐅𝐚𝐧 (လေပူစနစ်) တို့ကြောင့် ကြိုက်နှစ်သက်ရာ ဟင်းလျာပေါ်မူတည်ပြီး တိကျတဲ့ Temperature နဲ့ အကျက်ညီအောင် ချက်ပြုတ်နိုင်ပါတယ်။

𝐓𝐫𝐢𝐩𝐥𝐞 𝐆𝐥𝐚𝐳𝐞𝐝 𝐆𝐥𝐚𝐬𝐬 ဖန်သား ၃ ထပ် တံခါးစနစ်ကြောင့် အတွင်းမှာ ကင်နေ၊ ဖုတ်နေလည်း အပြင်မှန်က အေးမြနေတုန်းမို့လို့ ကလေးလေးတွေရှိတဲ့ မိသားစုအတွက်ဆို လုံးဝကွက်တိပဲပေါ့။

Clean Freak အိမ်ရှင်မလေးတွေ အတွင်းထိ အမြဲ Deep Cleaning လုပ်ချင်ပါတယ်ဆိုရင်လည်း တံခါးမှန်တစ်ခုလုံးကို အလွယ်တကူ ဖြုတ်လို့ရတာမို့လို့ သန့်ရှင်းရေးလုပ်ရာမှာလည်း လွယ်ကူနေစေဦးမှာပါရှင်။

လိုတရ စားဖိုမှူး RO-E6206XA-EM Oven နဲ့ မိသားစုအတွက် တစ်နေ့တစ်မျိုး မရိုးရအောင် ဟင်းပွဲတွေ ဖန်တီးလိုက်ရအောင်နော်။

𝐆𝐫𝐨𝐮𝐧𝐝𝐢𝐧𝐠 (မြေစိုက်ကြိုး) ဆိုတာ ဘာလဲ?လျှပ်စစ်ပစ္စည်းတွေမှာ ချို့ယွင်းချက်တစ်ခုခုကြောင့် လျှပ်စစ်ဓာတ်အား ယိုစိမ့်မှုဖြစ်လ...
27/03/2026

𝐆𝐫𝐨𝐮𝐧𝐝𝐢𝐧𝐠 (မြေစိုက်ကြိုး) ဆိုတာ ဘာလဲ?
လျှပ်စစ်ပစ္စည်းတွေမှာ ချို့ယွင်းချက်တစ်ခုခုကြောင့် လျှပ်စစ်ဓာတ်အား ယိုစိမ့်မှုဖြစ်လာရင် အဲဒီ လျှပ်စစ်စီးကြောင်းကို လူဆီမရောက်စေဘဲ မြေကြီးထဲကို ဘေးကင်းစွာ စီးဆင်းသွားအောင် လုပ်ဆောင်ပေးတဲ့ လမ်းကြောင်းဖြစ်ပါတယ်။

မြေစိုက်ကြိုး မပါရင် ဘာဖြစ်မလဲ?
ရေပူပေးစက်ဟာ ရေနဲ့ လျှပ်စစ် တွဲသုံးရတဲ့ ပစ္စည်းဖြစ်လို့ ယိုစိမ့်မှုဖြစ်ခဲ့ရင် မြေစိုက်ကြိုး မရှိပါက ရေချိုးနေသူကို လျှပ်စစ်ဓာတ်လိုက် (𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜 𝐒𝐡𝐨𝐜𝐤) စေနိုင်ပြီး အသက်အန္တရာယ်အထိ ဖြစ်နိုင်ပါတယ်။

Rinnai ရေပူပေးစက်တွေမှာ ပါတဲ့ ELB နဲ့ ဘာကွာလဲ?
Rinnai မှာ ပါဝင်တဲ့ 𝐄𝐋𝐁 (𝐄𝐚𝐫𝐭𝐡 𝐋𝐞𝐚𝐤𝐚𝐠𝐞 𝐁𝐫𝐞𝐚𝐤𝐞𝐫) ဆိုတာက လျှပ်စစ်ယိုစိမ့်တာနဲ့ မီးကို ချက်ချင်း ဖြတ်တောက်ပစ်တာပါ။ ဒါပေမယ့် ပိုမိုစိတ်ချရဖို့အတွက် 𝐄𝐋𝐁 + 𝐆𝐫𝐨𝐮𝐧𝐝𝐢𝐧𝐠 နှစ်ခုစလုံး ရှိနေမယ်ဆိုရင်တော့ ၁၀၀% ဘေးကင်းမှာ ဖြစ်ပါတယ်။

ရေပူစက်တပ်မယ်ဆို စျေးနှုန်း၊Design စတာတွေထက် ဦးစားပေးစဥ်းစားရမည့် အချက်ကတော့ 𝐒𝐚𝐟𝐞𝐭𝐲 ပဲနော်။

"𝐒𝐢 𝐒𝐞𝐧𝐬𝐨𝐫" ဆိုတာ ဂျပန်နိုင်ငံထုတ် Rinnai မီးဖိုတွေမှာ အဓိကတွေ့ရတဲ့ "𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐭 𝐒𝐚𝐟𝐞𝐭𝐲 𝐒𝐞𝐧𝐬𝐨𝐫" ကို ခေါ်တာဖြစ်ပြီးတော့ မ...
23/03/2026

"𝐒𝐢 𝐒𝐞𝐧𝐬𝐨𝐫" ဆိုတာ ဂျပန်နိုင်ငံထုတ် Rinnai မီးဖိုတွေမှာ အဓိကတွေ့ရတဲ့ "𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐭 𝐒𝐚𝐟𝐞𝐭𝐲 𝐒𝐞𝐧𝐬𝐨𝐫" ကို ခေါ်တာဖြစ်ပြီးတော့ မီးဖိုရဲ့ အလယ်တည့်တည့်မှာရှိတဲ့ အာရုံခံကိရိယာလေးဖြစ်ပြီး "မီးဖိုတွေရဲ့ ဦးနှောက်" လို့လည်း တင်စားကြပါတယ်။

𝐒𝐢 𝐒𝐞𝐧𝐬𝐨𝐫 လေးက အဓိကအနေ နဲ့ လုပ်ဆောင်ချက် (၄)ချက်ကိုလုပ်ဆောင်ပါတယ်။

အိုးတူတာကိုကာကွယ်ပေးခြင်း (𝐏𝐫𝐞𝐯𝐞𝐧𝐭 𝐎𝐯𝐞𝐫𝐡𝐞𝐚𝐭𝐢𝐧𝐠)
ဟင်းအိုးတည်ထားရင်း မေ့သွားတဲ့အခါ ဒါမှမဟုတ် အိုးထဲမှာ ရေခန်းသွားတာကြောင့် အိုးရဲ့ အပူချိန်ဟာ ပုံမှန်ထက် မြင့်တက်လာတဲ့ အခါ Si Sensor က ချက်ချင်းသိရှိပြီး အန္တရာယ်မဖြစ်အောင် မီးကို အလိုအလျောက် ပိတ်ပေးပါတယ်။ ဒါကြောင့် ဟင်းတူးတာတင်မကဘဲ မီးလောင်မှုအန္တရာယ်ကပါ ကာကွယ်ပေးပါတယ်။

ဂတ်စ်ယိုစိမ့်မှုကို တားဆီးပေးခြင်း (𝐄𝐱𝐭𝐢𝐧𝐠𝐮𝐢𝐬𝐡 𝐒𝐚𝐟𝐞𝐭𝐲 𝐃𝐞𝐯𝐢𝐜𝐞)
ဟင်းရည်လျှံကျလို့ဖြစ်ဖြစ်၊ လေတိုက်လို့ဖြစ်ဖြစ် မီးငြိမ်းသွားတဲ့အခါ မီးဖိုကနေ ဂတ်စ်တွေ ဆက်ထွက်နေတတ်ပါတယ်။ Si Sensor က မီးငြိမ်းသွားတာကို သိတာနဲ့ တစ်ပြိုင်နက် Gas ထုတ်လွှတ်တာကို ချက်ချင်း ရပ်တန့်ပေးပါတယ်။ ဒါကြောင့် အခန်းထဲမှာ ဂတ်စ်နံ့တွေ ပြည့်ပြီး ပေါက်ကွဲမှုအန္တရာယ်ကို လုံးဝမဖြစ်စေပါဘူး။

ဆီပူလောင်မှုကို ကာကွယ်ပေးခြင်း (𝐅𝐫𝐲𝐢𝐧𝐠 𝐒𝐚𝐟𝐞𝐭𝐲)
ဆီပူအိုးတည်ပြီး အကြော်အလှော်လုပ်တဲ့အခါ ဆီရဲ့အပူချိန်ဟာ 250°C ထက် ကျော်လွန်သွားရင် ဆီကနေ မီးစတင်တောက်တတ်ပါတယ်။ Si Sensor က ဆီရဲ့အပူချိန်ကို အမြဲတိုင်းတာပေးနေပြီး အန္တရာယ်ရှိတဲ့ အပူချိန်မရောက်ခင် မီးအားကို လျှော့ချပေးတာ (သို့မဟုတ်) ပိတ်ပစ်တာမျိုး လုပ်ဆောင်ပေးပါတယ်။

အလိုအလျောက် မီးအားထိန်းညှိခြင်း (𝐀𝐮𝐭𝐨𝐦𝐚𝐭𝐢𝐜 𝐅𝐥𝐚𝐦𝐞 𝐂𝐨𝐧𝐭𝐫𝐨𝐥)
ဟင်းချက်နေစဉ် အိုးပူလွန်းလာရင် မီးအားကို သူ့အလိုလို လျှော့ချပေးပြီး၊ အပူချိန် ပြန်ကျသွားရင် မီးအားကို ပုံမှန်ပြန်တင်ပေးပါတယ်။ ဒါကြောင့် ဂတ်စ်ကိုလည်း အလေအလွင့်မရှိဘဲ ချွေတာရာ ရောက်ပါတယ်။
ဒါကြောင့် Si Sensor ဆိုတာ Gas မီးဖိုတစ်ခုလုံးမှာ အရေးကြီးဆုံး အစိတ်ပိုင်းလေး တစ်ခုဖြစ်ပြီးတော့ မီးဖိုဝယ်တော့မယ် ဆိုရင်လဲ သေချာစဥ်းစားရမည့် အချက်တစ်ချက်လဲဖြစ်ပါတယ်။

Address

No. A3, Aungsan Statdium North East Wing, Upper Pan So Dan Street
Yangon
11182

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 15:00

Telephone

959263943004

Alerts

Be the first to know and let us send you an email when MKI Home Appliances posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MKI Home Appliances:

Share

Category