04/07/2020
⁉️ Covid-19 Pandemic ရဲ့ စီးပွားရေးကျဆင်းမှု Recession လှိုင်းများ ⁉️
US မှာ Pizza Hut ကို အကြီးဆုံး Franchisee ယူဖွင့်နေတဲ့ Kansas ဒေသအခြေစိုက် NPC International Inc., ဟာ ဒေဝါလီ ခံဖို့ စပြီးလျှောက်ထားလိုက်ပါပြီ။
ဒါပေမယ့် KFC, Pizza Hut တို့ အပါအဝင် အခြား fast food brands တွေကို operate လုပ်တာက အမေရိကန်ရဲ့ အကြီးဆုံး fast food corporation ကြီး Yum! Brands, Inc. ပါ။
⚠️ NPC International Inc., က Yum! Brands, Inc. ဆီကနေ Franchise ယူဖွင့်တာပါ။
အဲဒီအတွက် NPC International Inc., ဒေဝါလီခံဖို့ ပြင်တာဟာ Pizza Hut ဒေဝါလီ ခံတာမဟုတ်ပါဘူး။
လက်ရှိအနေအထားမှာ NPC International Inc., ဟာ အကြွေး အမေရိကန်ဒေါ်လာ ၉၀၃ သန်း ရှိနေပါတယ်။
ဒေဝါလီခံတာကနေ လွတ်ဖို့ဆိုရင် နည်းလမ်းနှစ်သွယ်ရှိပါမယ်။
ပထမတစ်ခုက company ကို restructuring ပြန်လုပ်ပြီး အကြွေးရှင်တွေနဲ့ ကာလရှည် တစ်ခုသတ်မှတ်ပြီး အကြွေးတွေ လျှော့ချသွားဖို့ရယ်၊ ကုမ္ပဏီရဲ့ Capital Structure ကို အားကောင်းအောင် ထပ်ပြီး Leverage ယူထည့်ဖို့ရယ်ပါ။ ဒါပေမယ့် ဒီလို ကာလမှာ မလွယ်ဘူးလို့ပဲ မြင်ပါတယ်။
NPC ဟာ Pizza Hut ဆိုင်ခွဲ 1,225 နဲ့ Wendy’s Restaurants က 385 ဆိုင် ပိုင်ပါတယ်။ ဝန်ထမ်းက အချိန်ပြည့် လုပ်သား 7,500 နဲ့ အချိန်ပိုင်း လုပ်သား 28,500 ရှိပါတယ်။ အကယ်၍ NPC Bankruptcy ဆိုရင် ဒီလူတွေ အလုပ်လက်မဲ့ဖြစ်ပါမယ်။
တကယ်တော့ Covid-19 မဖြစ်ခင်ကတည်းကလည်း fast food စျေးကွက်မှာ ပြိုင်ဘက်တွေ များလာတဲ့အတွက် စျေးကွက်ဝေစု လျော့နည်းမှုက ကြုံနေရတာပါ။
Yum! Brands, Inc. အောက်က Sister Brands တွေဟာ
KFC 2%, Taco Bell 4%, Pizza Hut 9% အရင်ကတည်းက အရောင်းကျဆင်း နေပြီးသားပါ။
Covid လည်း ဖြစ်ရော takeaway & delivery ဟာ NPC ရဲ့ ဆိုင်တွေ ဆက်ရပ်တည်နိုင်အောင် ဘယ်လိုမှ မကယ်ဆယ်နိုင်တော့တာပါ။ Franchise ယူဖွင့်ထားတာကလည်း ပိုဆိုးစေပါလိမ့်မယ်။ Menu ပြင်မရ ပြုမရနဲ့ ပို ဒုက္ခများပါလိမ့်မယ်။
သေချာတာကတော့ Covid-19 ရဲ့ Recession အကျိုးဆက်ဟာ Food and Beverage Services F & B တွေအပေါ် ကြီးကြီးမားမား ကို ထိပ်ဆုံးကနေ ရိုက်ခတ်ပါတယ်။
မြင်မိသလောက်တော့ ...
1️⃣ Brand Loyalty ပျက်တယ်။
စျေးကွက်မှာ Brand အသစ်တွေအများကြီး ထွက်လာတယ်၊ လက်သင့်ရာ၊ ကြိုက်နှစ်သက်ရာ ရွေးချယ်ရင်း Brand အစွဲတွေပြောင်းကုန်ကြတယ်။
2️⃣ Consumer Buying Behavior ပြောင်းတယ်။
မြန်မာပြည်လို Old Normal နဲ့ New Normal ခပ်ဆင်ဆင် နိုင်ငံတောင် ဒီ (၃) လမှာ ဘယ်လောက်ပဲ မပြောင်းပါဘူး ပြောပြော လူတွေရဲ့ အစားအသောက်၊ အနေအထိုင်၊ စျေးဝယ်ယူမှု ပုံစံ အစစအရာရာ ပြောင်းပါတယ်။
ပြီးတော့ လူတွေဟာ New Normal ထဲမှာ ပိုကောင်းတာတွေ ရှိရင် အဲဒါနဲ့ အသားကျပြီး စားသုံးသူတွေဟာ ဝယ်ယူမှု အမူအကျင့် တွေပြောင်းကုန်ပါတယ်။
Retail Shops, Physical Outlets တွေနဲ့ Flagship Brand Shops တွေ ပြန်သုံးသပ် ရမယ့်ကိန်းပါပဲ။
3️⃣ နောက်ပြီး ငွေကြေးစီးဆင်းမှု ကျပ်လာတယ်၊
လူတိုင်းနီးပါး ဝင်ငွေထိခိုက်ကြပါတယ်၊ အဲဒါဟာ တစ်လထက် တစ်လ သိသာလာနိုင်ပါတယ်။ အဲဒီအတွက် အသုံးအစွဲတွေ လျှော့လာကြတာ လည်း သိသာပါတယ်။
4️⃣ Needs တွေ Wants တွေ ပြောင်းလာတယ်။
Covid-19 မတိုင်ခင်နဲ့ အခု ကာလ လပိုင်း ဆိုပေမယ့် လူတွေဟာ Wants တွေထက် Needs ကို ပိုဦးစားပေးလာတယ်။ လိုချင်တာနောက်ထား လိုအပ်တာပဲ အရင်လုပ်ဖို့ တွေးလာကြတယ်။
မရှိမဖြစ် မဟုတ်တဲ့ အရာတွေ ဥပမာ ကား လိုမျိုး ဝယ်ဖို့ တော်တော် စဥ်းစားလာကြလိမ့်မယ်။ ရှိပြီးသား ရောင်းဖို့ တောင် ပိုတွေးကြလိမ့်မယ်။
ဒါတွေက အပေါ်ယံပဲ ရှိပါသေးတယ်၊ တကယ် Research လုပ်ရင် အများကြီးကို ထွက်လာပါလိမ့်မယ်။
လူတိုင်း စဥ်းစားရမှာပါပဲ၊ ကိုယ်ပိုင်စီးပွားရေး ကို ဘယ်လို ကာကွယ်မလဲ? လွတ်မြောက်အောင် ဘယ်လို ဆက်ရပ်တည်မလဲ? တွေးကြရမှာပါပဲ။ ဥာဏ်အကောင်းဆုံးသူ ကိုယ့် Customer ကို နားအလည်ဆုံးသူ ရှင်သန်ကျန်ရစ်မှာပဲရယ်။
ဝန်ထမ်းဆိုလည်း ကိုယ့် Company ရှင်သန်ဖို့ ဘာကူညီရမလဲ? အကောင်းဆုံး ဘယ်လိုလုပ်ပေးကြမလဲ? တွေးရတော့မယ်။ လုပ်ငန်းရှင်နဲ့ ဝန်ထမ်းဆိုတာ သင်္ဘော တစ်စီးတည်း စီးနေကြတာပဲ။ သူမြုပ်ရင် ကိုလည်း ပါမှာပဲရော။
ကိုယ် မလုပ်နိုင်ရင်/ ကိုယ်မပြောင်းလဲနိုင်ရင် ကိုယ်ပဲ သိသိသာသာ ပြတ်ကျန်နေခဲ့တော့မယ့် အချိန်ပါပဲ။
သေချာတာကတော့ မစောင့်နဲ့၊ Covid ပြီးရင် ဘာလုပ်မယ်ဆိုတာမျိုး လုံးဝမတွေးနဲ့ အခုဘာလုပ်လို့ရမလဲ? အခုဘာလုပ်မလဲ ဒါပဲ တွေးရတော့မှာ။
ဘယ်အရာမှာမဆို အဆိုးရှိရင် တစ်ဖက်မှာ အကောင်းရှိမှာပဲ ...
Crd : မျိုးအိမ်ဇန်