Book Pages by Novel Light Express

Book Pages by Novel Light Express လစဉ်ထုတ် မဂ္ဂဇင်းများ၊ စာအုပ်မျိုးစ? Our plan of delivering books right in front of reader's home started at 2009 in Yangon.

In the beginning, we focused on delivering journals and magazines and later extended to any books from any publishers. The line of business is managed differently with another entity named " Novel light Express". We publish book catalogs weekly and quarterly for our customers for choosing what they would like to order. The ordering work as simple as calling a phone and giving us book names and cus

tomer's address. It will be delivered during 24 hours without additional cost. The books our customers order will be delivered at price they sold at book stores without extra charge. This service will extend to Nay Pyi Taw and Mandalay.

ရေမျောကမ်းတင် -  သက်ဆွေ မြန်မာပြန်ဆိုသည်တန်ဖိုး  ၃၅၀၀၀ ကျပ်ဤစာအုပ်သည် တရုတ်ဖြူကူမင်တန် ကျူးကျော်မှုနောက်ကွယ်က နိုင်ငံတကာ...
01/12/2025

ရေမျောကမ်းတင် - သက်ဆွေ မြန်မာပြန်ဆိုသည်
တန်ဖိုး ၃၅၀၀၀ ကျပ်

ဤစာအုပ်သည် တရုတ်ဖြူကူမင်တန် ကျူးကျော်မှုနောက်ကွယ်က နိုင်ငံတကာ ဆက်ဆံရေး နှင့် သံတမန်ရေးရာ ပရိယာယ်များအပြင် စီအိုင်အေ၏ ခြေရှုပ်မှုများ ပါဝင်ကြသည့် တာဝန်ရှိ ပုဂ္ဂိုလ်များ နိုင်ငံခေါင်းဆောင်များ၏ အကျင့်စရိုက် စိတ်နေသဘောထားများကိုပါ မကွယ် မဝှက် ဘက်မလိုက်ဘဲ လေ့လာ ဖော်ထုတ် ရေးသားထားသည့်စာအုပ် ဖြစ်သည်။

တရုတ်ပြည် ပြည်တွင်းစစ်တွင် ကွန်မြူနစ်တပ်များကို ရှုံးနိမ့်ဆုတ်ခွာပြီး မြန်မာနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်လာသည့် တရုတ်အမျိုးသားတပ်မတော် ကူမင်တန်တပ်များနှင့် သူတို့ ၏ တပ်မှူးများ၏ ဖြစ်စဉ်အစအဆုံးနှင့် ကွန်မြူနစ်ဆန့်ကျင်ရေးနှင့် တရုတ်ပြည် ပြန်လည် သိမ်းပိုက်ရေးကို ဗန်းပြပြီး အချုပ်အခြာအဏာပိုင်နိုင်ငံတစ်ခု၏ နယ်မြေနှင့် ပြည်သူလူထုကို စိတ်တိုင်းကျ အသုံးချကာ စီးပွားရေးလုပ်ငန်းကြီးတစ်ခုသဖွယ် လုပ်ချင်ရာ လုပ်ခဲ့ကြသည့် ကူမင်တန် တရုတ်ဖြူခေါင်းဆောင်များနှင့် နောက်ကွယ်က ပံ့ပိုးပေးသည့် အင်အားကြီးနိုင်ငံ၊ အိမ်နီးချင်းနိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် ဒုတိယအကြိမ် အရှက်တကွဲ အကျိုးနည်း ဖြစ်စေ သည့် လုပ်ရပ်များကို အတွင်းကျကျ ဖော်ပြထားသည်။

ဤစာအုပ်တွင် စစ်အေးတိုက်ပွဲကာလတွင် အရှေ့နှင့်အနောက် အင်အားကြီးနိုင်ငံနှစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည့် လွတ်လပ်ရေးရပြီးကာစ နှစ်နှစ်သက်တမ်းသာရှိသေးသည့်၊ နုနယ်သေး သည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးခေါင်းဆောင်များနှင့် တပ်မတော်ခေါင်းဆောင်များသည် ပြည်တွင်းသောင်းကျန်းမှုအရှိန် အမြင့်ဆုံး မြင့်တက်နေသည့်အကြားမှ ပြည်ပကျူးကျော်မှု ကို မည်ကဲ့သို့ ပါးပါးနပ်နပ် ကိုင်တွယ်ခဲ့ကြရသည်ကို အတွင်းကျကျ သိရမည်ဖြစ်သလို သံတမန်ရေးရာ အခန်းကဏ္ဍ နောက်ကွယ်က လှည့်ဖြားမှုများ ခြေရှုပ်မှုများကိုလည်း သိရ မည်ဖြစ်သည်။

စင်ကာပူ သို့မဟုတ် ခြင်္သေ့မြို့တော် -အေးငြိမ်း(လေးမျက်နှာ)တန်ဖိုး ၄၅၀၀၀ ကျပ်ထိုင်း၊ မလေးရှား၊ ဂျပန်၊ ကိုးရီးယား စသဖြင့် ...
30/11/2025

စင်ကာပူ သို့မဟုတ် ခြင်္သေ့မြို့တော် -အေးငြိမ်း(လေးမျက်နှာ)
တန်ဖိုး ၄၅၀၀၀ ကျပ်

ထိုင်း၊ မလေးရှား၊ ဂျပန်၊ ကိုးရီးယား စသဖြင့် အခြားနိုင်ငံများသို့ မြန်မာများ သွားရောက် အလုပ်လုပ် နေကြရာ စင်ကာပူနိုင်ငံသည် မြန်မာများ အသွားအများဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်၏။ စင်ကာပူတွင် လာရောက် နေထိုင်၊ လုပ်ကိုင်နေကြသော မြန်မာဦးရေကို နှစ်သိန်းဟု ခန့်မှန်းကြ၏။ စင်ကာပူနိုင်ငံသား ခံယူသွားသော မြန်မာ၊ အမြဲနေထိုင်ခွင့်ရသူ (PR)၊ EP, SPass, Work Permit, အိမ်အကူ၊ မှီခို စသဖြင့် ပုံစံမျိုးစုံနှင့် နေကြ၏။ ကျောင်းတက်ရန်၊ ပိုက်ဆံရှာရန်၊ မိမိကလေးများ ရှေ့ရေးအတွက် စသဖြင့် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် လာကြရာ ပိုက်ဆံရှာရန် လာရောက်သည့် ဦးရေ မှာ အများဆုံးဖြစ်ပါလိမ့်မည်။ လာသူများတွင်လည်း ဝပ်ပါမစ်နှင့်လာသည့် အောက်ခြေလုပ်သားများ မှာ ပိုများ၏။
အလုပ်လုပ်ရန်/ပိုက်ဆံရှာရန် စင်ကာပူသို့ လာကြသည့်တိုင် စင်ကာပူအကြောင်း သေချာဂဏစွာသိသူ အတော်ရှားပါသည်။ စင်ကာပူတွင် မည်ကဲ့သို့ နေကြထိုင်ကြသည်။ မည်ကဲ့သို့ စည်းမျဉ်းစည်းကမ်း များ သတ်မှတ်ထားသည်။ အလုပ်လုပ်ရန် မည်ကဲ့သို့သောဥပဒေများ ပြဋ္ဌာန်းထားသည်။ ထိုဥပဒေများ ကို ချိုးဖောက်ပါက မည်ကဲ့သို့ အပြစ်ပေး အရေးယူတာ ခံရမည်။ အလုပ်လုပ်သူများအတွက် ဥပဒေ အရ ခံစားပိုင်ခွင့်ရှိသော မိမိ၏ ရပိုင်ခွင့်တို့မှာ အဘယ်ဖြစ်သည်။ ထိုခံစားခွင့်များ ချိုးဖောက်ခံရလျှင် မည်သည့်နေရာ၌ အကူအညီတောင်းမည်။ အစရှိသည့် သတင်းအချက်အလက်များကို မည်သူမှ ရေရေ ရာရာ မသိကြ။ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ဟုတ်နိုးနိုး နားယောင်နေကြရ၏။
အကယ်၍သာ မိမိတို့ ရပိုင်ခွင့်များကို သိထားမည်ဆိုလျင် အနည်းဆုံးတော့ ငါတို့ ဒါတွေချိုးဖောက်ခံ နေရပါလား ဆိုတာလောက်တော့ သိနိုင်သည်။ မိမိတို့ မည်မျှဆုံးရှုံးနစ်နာနေသည်ကို တွက်ဆနိုင်မည်။ အကယ်၍ မိမိတို့ရစရာရှိသည်များကို ပြန်တောင်းလိုပါက မည်ကဲ့သို့ ပြန်တောင်းရမည်ကို သိရမည်။
ဤစာအုပ်တွင် မည်သည့်အကြောင်းဖြင့်ဖြစ်စေ စင်ကာပူသို့ လာမည့်သူများအတွက်၊ စင်ကာပူတွင် နေရမည့်သူများအတွက် သိသင့်သိထိုက်သည်များကို ပြည့်စုံနိုင်သမျှ ပြည့်စုံရန် အားထုတ်ထားပါ သည်။ သို့သော် စင်ကာပူနိုင်ငံသည် မိမိတို့စနစ်များကို အမြဲပြန်လည်သုံးသပ်ကာ ပြင်ဆင်နေသည် ဖြစ်၍ ဤစာအုပ်တွင် ဖော်ပြထားသည့် အချက်အလက်များမှာ ဤစာအုပ်ရေးသားသည့် အချိန် အတွက်သာ ဖြစ်ပါသည်။ နောက်ဆုံးရ သတင်းအချက်အလက်များကို သက်ဆိုင်ရာ အင်တာနက် စာမျက်နှာများတွင် ဝင်ရောက် ဖတ်ရှု၊ လေ့လာနိုင်ပါသည်။

စာရေးသူအကြောင်း
အမည်ရင်း ဦးအေးငြိမ်းဖြစ်၏။ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ဝါးတော ကွင်းကျေးရွာ၌ အဘ ဦးမောင်ဆိုင်၊ အမိ ဒေါ်သန်းတို့မှ ၁၉၆၂ ခုနှစ်တွင် ဖွားမြင်၏။ မွေးချင်း ခြောက်ယောက်အနက် ဒုတိယဖြစ်၏။ ရန်ကုန်စက်မှု တက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာဘွဲ့ (၁၉၈၆) ကို ရရှိခဲ့၏။ ၁၉၉၀ ပြည့်နှစ် ဇူလိုင်လမှ ၁၉၉၈ ခုနှစ် မတ်လထိ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်တွင် လက်ထောက်ကထိကအဖြစ် အမှုထမ်းခဲ့၏။ စာဖတ် ခြင်း၊ စာရေးခြင်း၊ ကဗျာဖတ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ပန်းချီဆွဲခြင်းတို့ကို ဝါသနာပါ၏။ လက်ရှိတွင် စင်ကာပူ၌ မိသားစုနှင့်အတူ နေထိုင်လျက် ရှိ၏။

အနက်ရောင်စီးပွားရေး - ကျော်စိုးမင်းတန်ဖိုး - ၇၀၀၀ ကျပ်ဒီစာအုပ်ဟာ  အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရက ဗဟို...
24/11/2025

အနက်ရောင်စီးပွားရေး - ကျော်စိုးမင်း
တန်ဖိုး - ၇၀၀၀ ကျပ်

ဒီစာအုပ်ဟာ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရက ဗဟိုဦးစီးစနစ်၊ ဈေးကွက်စီးပွားရေးစနစ်တွေ ကျင့်သုံးတဲ့အခါ နိုင်ငံမှာ အနက်ရောင်စီးပွားရေး အမြစ် တွယ်၊ ရှင်သန်ကြီးထွားလာတဲ့အကြောင်း တင်ပြထားတဲ့စာအုပ် ဖြစ်တယ်။
အနက်ရောင် စီးပွားရေးကို အနက်ရောင်ငွေကြေး၊ အပြိုင် စီးပွားရေး၊ တရားမဝင် စီးပွားရေး၊ စာရင်းပျောက်စီးပွားရေး၊ ဥပဒေဆန့်ကျင်တဲ့စီးပွားရေး၊ မြေအောက်စီးပွားရေး စသည်ဖြင့် အမည်နာမပေါင်းများစွာနဲ့ ညွှန်းဆိုထားကြပါတယ်။
အမည်နာမဘယ်လိုပင်ရှိသည်ဖြစ်စေ အနက်ရောင်စီးပွားရေးဆိုတာ တိုင်းပြည်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေး၊ လူမှုရေးအစရှိတဲ့ ကြွယ်ဝချမ်းသာမှုကို နောက်ပြန်ဆွဲနေတဲ့ ဖြစ်စဉ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
အနက်ရောင်စီးပွားရေးဟာ တိုင်းပြည်ထဲမှာရှိတဲ့ ဆင်းရဲ ချမ်းသာမရွေး လူတိုင်းအပေါ် အကောင်းအဆိုး သက်ရောက်မှုတွေ ရှိနေတယ်။
ဒီစာအုပ်ထဲမှာ အိန္ဒိယနိုင်ငံမှာ အနက်ရောင်စီးပွားရေး ဘယ်လိုနဲ့ ဘာကြောင့် ကြီးထွားလာနေသလဲ၊ ကျွန်တော် တို့ရဲ့ အလားအလာရှိနေတဲ့ အောင်မြင်မှုတွေရဖို့အတွက် ဘယ်လို အရာတွေက နောက်ဆွဲဟန့်နေသလဲ၊ တရားဝင် ငွေကြေးအဖြစ်မှ ရုပ်သိမ်းခြင်းအပါအဝင် အကျင့်ပျက်ခြစားနေတဲ့ နိုင်ငံရေးသမားတွေ၊ အစိုးရ ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရားမှ တာဝန်ရှိ အစိုးရဝန်ထမ်းတွေ၊ အကျင့်ပျက်ခြစားမှုကို အားပေးတဲ့ စီးပွားရေးသမားတွေ ပါဝင်တဲ့ သုံးပွင့်ဆိုင်အဖွဲ့အစည်းတစ်ခုရဲ့ တည်ရှိမှုလျော့ပါးပျောက်ကွယ်စေဖို့ လုပ်ဆောင်ချက်တွေဟာဘာကြောင့် ထိရောက်မှုမရှိဖြစ်နေတာလဲ၊ အနက်ရောင်စီးပွားရေးကို အမြစ်ဖြတ်နိုင်ဖို့အတွက် ရေတို၊ ရေလတ်နဲ့ ရေရှည်မှာ ဘယ်လို ပြင်ဆင် ကုစားချက်တွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သင့်သလဲဆိုတာတွေကို ဆွေးနွေးထားပါတယ်။

- ကိုးရီးယားစစ်ပွဲတွင် နိုင်ငံအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သူဆိုပါက ထိုမိသားစုကို တော်ဝင်အမျိုးဇာတ်အဖြစ် သတ်မှတ်...
21/11/2025

- ကိုးရီးယားစစ်ပွဲတွင် နိုင်ငံအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သူဆိုပါက ထိုမိသားစုကို တော်ဝင်အမျိုးဇာတ်အဖြစ် သတ်မှတ်၏။ အကယ်၍ ဘိုးဘေး ဘီဘင်များမှာ ကိုလိုနီခေတ်ကာလအတွင်း ဂျပန်အစိုးရအတွက် ကပ်ပါးရပ်ပါး အလုပ်လုပ်ပေးခဲ့ကြသော မြေပိုင်ရှင်များ (သို့) ရာထူးရာခံရှိသူများ(သို့) ကိုရီးယား စစ်ကာလအတွင်း တောင်ကိုရီးယားသို့ ထွက်ပြေးတိမ်းရှောင်သွားများဖြစ်ပါက ထိုမိသားစုကို ရန်သူအမျိုးဇာတ်ဟု သတ်မှတ်ကြ၏။
- မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခဲ့သည့် ခေါင်းဆောင်ကြီး ကင်အီဆွန်းနှင့် တစ်နေ့တစ်ချိန် သူ့နေရာဆက်ခံမည့် သားဖြစ်သူ ကင်ဂျုံအီးလ်တို့၏ ဓာတ်ပုံပန်းချီကားများကို နေအိမ်တိုင်းတွင် အသားပေး ဖော်ပြထားကြရုံမျှမက အဆောက်အအုံတိုင်းတွင်လည်း စံပြပုဂ္ဂိုလ်ကြီးများသဖွယ် ချိတ်ဆွဲထားကြသည်။ ၎င်းပန်းချီးကားချပ်ကို ဖုန်သုတ်ရာတွင် အစိုးရထံမှ ပေးထားသည့် အထူးအဝတ်စတစ်ခုဖြင့်သာ သန့်ရှင်းပေးရသည်။
- သူတို့မွေးနေ့ရောက်တိုင်း ၎င်းပန်းချီကားရှေ့ ညီညီညာညာ တန်းစီပြီး ရိုရိုသေသေ ဦးညွှတ် ဂါရဝပြုကြရသည်။
- မည်သည့်အကြောင်းအရာကိစ္စတစ်ခုကိုမှ သတိလက်လွတ် မှတ်ချက်ပေးခြင်းမရှိ။ လက်လွတ်စဖွယ်ပြောမိပါက အန္တရာယ်ကြီးမားပုံကို အရွယ်ရောက်လာသည်နှင့်အမျှ သဘောပေါက်သိရှိလာခဲ့သည်။
- အရွယ်ရောက်ပြီး မြောက်ကိုရီးယားနိုင်ငံသားအားလုံးမှာ ခေါင်းဆောင်ကြီးမျက်နှာ ရင်ထိုးတံဆိပ်ကို ရင်ပတ်အပေါ်ထိုးထားကြသည်။
- တခြားနိုင်ငံများမှ ခွေးမွေးသူများဆိုလျှင် အင်္ကျီဝတ်ပေးထားပေလိမ့်မည်။ ကျွန်မမှာကား ထိုသို့လုပ်ပေးပိုင်ခွင့်မရှိ။
- ကြင်နာသနားစိတ်ရှိသူများသည် သူတို့အရေးထက် သူတစ်ပါးအရေးကို ဦးစားပေးတတ်ကြ၏။ အများအကျိုး သယ်ပိုးရလို့ သေရမည်ဆိုလျှင်တောင် ရှေ့ဆုံးမှ အသေခံမသည့်သူများပင်။ တကယ်တမ်းလည်း သူတို့တစ်တွေက အသက်မရှည်ကြ။ တစ်ကိုယ်ကောင်းဆန်သူများ၊ ဘယ်သူသေသေ ငတေမာပြီးရော အကြင်နာကင်းမဲ့သူများကသာ သက်ဆိုးရှည်တတ်ကြသည်။
- မြောက်ကိုရီးယားသည် ဘုရားမဲ့ဝါဒ ကျင့်သုံးသည့် နိုင်ငံတစ်ခု။ သမ္မာကျမ်းစာတစ်စောင် လက်ဝယ်တွေ့ရှိလျှင်ပင် ထိုလူကို အရှင်မထား ချက်ချင်း ကွပ်မျက်ပစ်လေ့ရှိသည်။ စိတ်ဓာတ်ထက်သန်ရေးအတွက် ကင်မိသားစု ကိုးကွယ်မူဝါဒတစ်ခုတည်းကိုသာ ခွင့်ပြုထားသည်။
- မြောက်ကိုရီးယားတွင် အယူသီးမှုတစ်ခုက ဒုတိယအိမ်ထောင်နှင့်မွေးလာသည့် ကလေးတစ်ဦးကို ယခင်အိမ်ထောင်နှင့်ရခဲ့သည့် ကလေးနာမည်ပြန်မှည့်လျှင် ထိုဒုတိယကလေးသေလိမ့်မည်ဟု အယူရှိကြသည်။
- မြောက်ကိုရီးယားတွင် ကိုယ့်ကိုယ်ကိုယ် သက်သေခြင်းကို ခွင့်မပြု။ ရှောင်ရမည့်အရာတစ်ခုဟု သတ်မှတ်ထားသည်။ ကျန်ရစ်ခဲ့သည့် မိသားစုဝင်များအတွက် အလွန့်အလွန် ဂုဏ်သိက္ခာညှိုးနွမ်းစေသည့် အမှုတစ်ခုဖြစ်ရုံမျှမက သူတို့သားသမီးများကိုပါ အမျိုးဇာတ်စနစ်တွင် ရန်သူ အမျိုးဇာတ်အဖြစ် ပြန်လည်သတ်မှတ်သွားမည်ဖြစ်သည်။ ထိုသို့ သတ်မှတ်ခံလိုက်ရပါက ကလေးများမှာ တက္ကသိုလ်တက်ခွင့်၊ အလုပ်ကောင်းရခွင့်မရှိတော့။
- ဝါဒဖြန့်ရာတွင်မူ အငတ်ဘေးဟု တိုက်ရိုက်မသုံး။ ခက်ခဲကြမ်းတမ်းသည့် ချီတက်မှုဟုသာ သွယ်ဝိုက်သုံးနှုန်းခဲ့သည်။
- ကျောင်းမှာ သင်နေတဲ့ သမိုင်းအားလုံးဟာ အလိမ်အညာတွေချည်းပဲ။
- ဘဝတွင် တရားဥပဒေကို လက်တစ်လုံးခြား ဆန့်ကျင်လာခဲ့ပေါင်းက မနည်းတော့ပြီး။ ရှာရဖွေရ ခက်ခဲသည့်နိုင်ငံတွင် လူတိုင်းက ဘဝရပ်တည်နိုင်ရေးအတွက် ဥပဒေ ချိုးဖောက်နေရသူတွေချည်း။
- နိုင်ငံသားတိုင်းအတွက် အရေးအကြီးဆုံး အရည်အချင်းက ပညာရေးမဟုတ်။ ကျားကုတ်ကျားခဲ ကြိုးစားလုပ်ကိုင်နိုင်သည့် အစွမ်းအစလည်းမဟုတ်၊ သစ္စာစောင့်သိခြင်းသာ ဖြစ်သည်။
- အာဏာရှင်အစိုးရများမှာ အပြင်ပန်းအရ တောင့်တင်းခိုင်မာ စည်းလုံးမှုရှိကြောင်း ထင်မြင်ရသည်။ တကယ်တမ်းတွင်မူ တောင့်တင်းခြင်းလည်းမရှိ၊ စည်းလုံးခြင်းလည်းမရှိ။ အမြဲတမ်း အင်အားယုတ်လျော့နေစမြဲ။

လူတွေရဲ့နှလုံးသားကို ထိမိ၊ ဦးနှောက်ကို ဉာဏ်ပွင့်စေမယ့် စကားပြောဆိုတင်ဆက်မှုတွေကို ဘယ်လိုဖန်တီးမလဲ ...- တစ်ခါတစ်ရံ ကိုယ်တ...
20/11/2025

လူတွေရဲ့နှလုံးသားကို ထိမိ၊ ဦးနှောက်ကို ဉာဏ်ပွင့်စေမယ့် စကားပြောဆိုတင်ဆက်မှုတွေကို ဘယ်လိုဖန်တီးမလဲ ...

- တစ်ခါတစ်ရံ ကိုယ်တကယ်ပြောချင်တဲ့ စကားလုံးတွေက ရင်ဘတ်ထဲမှာပဲ ပိတ်မိနေဖူးလား။

- ကိုယ့်အိုင်ဒီယာက အရမ်းကောင်းနေမှန်း သိသိကြီးနဲ့၊ လူတွေရှေ့ရောက်တော့ အသံတွေတုန်၊ စကားလုံးတွေ ပျောက်ရှကုန်ဖူးလား။

- ကိုယ့်စကားကြောင့် လူတစ်ယောက်ယောက်ကို အားတက်သွားစေချင်ပေမယ့်၊ ဘယ်ကစပြောရမှန်းမသိ ဖြစ်နေတုန်းပဲလား။

လူတိုင်းမှာ ပြောချင်တဲ့ Story တစ်ပုဒ်၊ မျှဝေချင်တဲ့ Idea တစ်ခု၊ ကမ္ဘာကြီးကို ပေးချင်တဲ့ Message တစ်ခု ရှိကြပါတယ်။ ဒါပေမယ့် ... အဲဒီ Message ကို လူတွေရဲ့ နှလုံးသားထဲ တည့်တည့်မတ်မတ် ပစ်သွင်းနိုင်ဖို့၊ "စွမ်းရည်" တစ်ခုတော့ လိုပါတယ်။

အဲဒီစွမ်းရည်ကို "လူတွေကို ဆွဲဆောင်နိုင်တဲ့ စကားပြောစွမ်းရည်" လို့ခေါ်ပါတယ်။ သင့်ရဲ့"အစစ်အမှန်ဆုံး အသံ" ကို ဘယ်လိုရှာဖွေမလဲ၊ သင့်ရဲ့"အနက်ရှိုင်းဆုံး ခံစားချက်" နဲ့ လူတွေကို ဘယ်လို တို့ထိမလဲ၊ သင် စကားပြောပြီးလို့ စင်ပေါ်က ဆင်းသွားတာနဲ့ လူတွေက သင့်ကို "ဘယ်တော့မှ မမေ့သွားအောင်" ဘယ်လို ညို့ယူဖမ်းစားရမလဲ ဆိုတာကို လမ်းညွှန်ပြမှာပါ။

ဒီစာအုပ်ကို ဖတ်ပြီးသွားတဲ့အခါ သင်ဟာ စကားထွက်ပြောဖို့ ကြောက်လို့ ချောင်ကပ်နေသူ မဟုတ်တော့ပါဘူး။ သင်ဟာ Meeting ခန်းထဲမှာ ကိုယ့် Idea ကို ယုံကြည်မှုအပြည့်နဲ့ တင်ပြရဲတဲ့သူ။ သူငယ်ချင်းတွေကြားမှာ ကိုယ့်အတွေ့အကြုံနဲ့ လူတွေကို အားတက်စေနိုင်သူ။ ကိုယ့်အဖွဲ့သားတွေကို စိတ်ဓာတ်ခွန်အား အပြည့်ပေးနိုင်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်နေပါလိမ့်မယ်။
လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲဖို့ စကားတစ်ခွန်းတည်းနဲ့ လုံလောက်ပါတယ်။ အဲဒီစကားတစ်ခွန်းကို ပြောမယ့်သူဟာ "သင်" ဖြစ်ရပါမယ်...။

သင့် Idea တွေဟာ မျှဝေခံရဖို့ ထိုက်တန်ပါတယ်။ သင့် Story တွေဟာ နားထောင်ခံရဖို့ ထိုက်တန်ပါတယ်။ သင်ကိုယ်တိုင်ဟာ... အသိအမှတ်ပြုခံရဖို့ ထိုက်တန်ပါတယ်..။

"လူတွေကို ဆွဲဆောင်နိုင်တဲ့ စကားပြောစွမ်းရည်"နဲ့အတူ. သင့်စကားလုံးတွေနဲ့ ကမ္ဘာကြီးကို စတင်လှုပ်နှိုးလိုက်ပါ။

◾လူတွေကို ဆွဲဆောင်နိုင်တဲ့ စကားပြောစွမ်းရည်
◾TEAM NYĀNA
◾စာမျက်နှာ - ၂၄၅
◾ဈေးနှုန်း - ၁၆,၀၀၀ ကျပ်

ငွေဖောင်းပွမှုအကြောင်း ပြောရအောင်ကျော်စိုးမင်း ၁၅ဝဝဝ ကျပ်ရင်းနှီးမြှုပ်နှံသူများနှင့် ငွေကြေးအာဏာပိုင်များမှ အစိုးရများန...
06/07/2024

ငွေဖောင်းပွမှုအကြောင်း ပြောရအောင်
ကျော်စိုးမင်း
၁၅ဝဝဝ ကျပ်

ရင်းနှီးမြှုပ်နှံသူများနှင့် ငွေကြေးအာဏာပိုင်များမှ အစိုးရများနှင့် မူဝါဒချမှတ်သူများအထိ၊ လူတိုင်းနီးပါးမှာ ငွေဖောင်းပွမှုကို အဆုံးစီရင်ပြီး မြှုပ်နှံထားသည်ဟု ယူဆခဲ့ကြသည်။ ယခုမူ ကမ္ဘာတစ်ဝန်းရှိ လူများသည် အဆိပ်ပြင်းသော စီးပွားရေးအဖြစ်မှန်သစ်နှင့် ကြီးမားပြီး ကြွယ်ဝ ချမ်းသာမှု မညီမျှခြင်း၏ အလားအလာကို ရင်ဆိုင်နေရသည်။

သည်အခြေအနေကို မည်သို့ ရောက်လာသလဲ။ တစ်ခုခုဖြစ်လျှင် ထိုအရာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာလုပ်နိုင်မလဲ။

နောက်ဆုံးပေါ် ငွေဖောင်းပွမှု ကမောက်ကမဖြစ်မှုအကြောင်း ကြိုတင်သတိပေးသည့် အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည့် ဘောဂဗေဒပညာရှင် Stephen D. King သည် မူဝါဒချမှတ်သူ များ ဂရုမစိုက်ဘဲ မေ့ထားခဲ့ကြသည့် ငွေဖောင်းပွမှုသမိုင်းမှ အဓိကသင်ခန်းစာများကို ဤစာအုပ်တွင် ဖော်ထုတ်ပေးထားပါသည်။ ရှေးဟောင်းရောမမြို့မှ အမေရိကန်ပြည်တွင်းစစ်၊ ထိုမှ ယနေ့ခေတ် ပိုင်ဆိုင်မှုပူဖောင်းများအထိ ငွေဖောင်းပွမှုသည် မူဝါဒအမှား၊ ဘဏ္ဍာရေးအာဏာပိုင်တို့၏ လောဘနှင့် ငွေကြေးအပေါ် စုပေါင်းယုံကြည်မှု ဆုံးရှုံးခြင်းတို့မှ ပေါက်ဖွားလာခြင်းဖြစ်သည်ဆိုသည့်အချက်ကို သမိုင်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များဖြင့် တင်ပြထားသည်။

ငွေဖောင်းပွမှုအကြောင်း ဆွေးနွေးရာတွင် ရာစုနှစ်များစွာအတွင်း ဆိုးရွားသော အဆုံးအဖြတ်နှင့် နားလည်မှုလွဲမှားခြင်းများကို အဆုံးသတ်ကာ ဝင်ရောက် စွက်ဖက်သည့်နည်းလမ်း လိုအပ်သည်။ သို့မှသာ ငွေဖောင်းပွမှုမှ ဖြစ်ပေါ်လာသော နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ ကသောင်းကနင်းဖြစ်မှုများကို စတင်ဖြေရှင်းနိုင်မည် ဖြစ်သည်။

- ဖဲဝိုင်းမှာ ဝေပြီးတဲ့ဖဲတွေကို လဲချင်လို့မရဘူးလေ။ ကိုယ့်လက်ထဲ ရောက်လာတဲ့ဖဲနဲ့ ဘယ်လိုကစားရမလဲဆိုတာသာ စဉ်းစားဆုံးဖြတ်ကြရတ...
02/06/2024

- ဖဲဝိုင်းမှာ ဝေပြီးတဲ့ဖဲတွေကို လဲချင်လို့မရဘူးလေ။ ကိုယ့်လက်ထဲ ရောက်လာတဲ့ဖဲနဲ့ ဘယ်လိုကစားရမလဲဆိုတာသာ စဉ်းစားဆုံးဖြတ်ကြရတာ။
- မင်းအမှားတွေကို လုပ်နေတာကို ဘယ်သူကမှ ဘာမှမပြောဘူးဆိုရင် အဲဒါဟာ မင်းကို လက်လျှော့ထားတဲ့ သဘောပဲ။
- မိမိကိုယ်မိမိ တန်ဖိုးထားစိတ်ဆိုသည်မှာ သင်က ပေးအပ်လို့ရသောအရာ မဟုတ်။ သင့်ဘာသာသင် ပျိုးထောင်ယူရသည့်အရာ ဖြစ်၏။
- ဇွဲရှိခြင်းသည် အကျင့်ကောင်းတစ်မျိုး မဟုတ်လား။ သို့ပေမဲ့ တစ်စုံတစ်ခု ရယူပိုင်ဆိုင်ဖို့ သင် ဘယ်လောက် ဇွဲခတ် ကြိုးစားရကြောင်း လူတကာသိနေဖို့ မလိုပါချေ။
- လူ့ဘဝတွင် အခြေအနေဆိုးဆိုးရွားရွားတွေ ဘယ်လောက်ပဲ ကြုံနေရသည်ဖြစ်စေ ၎င်းအခြေအနေများသည့်ထက် ပိုဆိုးလာအောင် သင်အမြဲတမ်း လုပ်လို့ရပါသည်။ တစ်ချိန်တည်းတွင် ၎င်းအခြေအနေများ အကောင်းဘက်ရောက်အောင် လုပ်မည်ဆိုလျှင်လည်း သင့်အပေါ်မှာပဲ မူတည်၏။
- ပစ္စုပ္ပန်မှာ နေထိုင်ကြပါ။
- ခေတ်ပေါ်ဆင်ယင် ဖက်ရှင်သည် နောက်ဆုံးပေါ် အယောင်ဆောင်လာသည့် ကူးသန်းရောင်းဝယ်ရေးပင် ဖြစ်ပါသည်။
- အချိန်က ပျံသန်းနေသည်။ ဘဝက ပြဠာန်းသတ်မှတ်သော နောက်ဆုံးရက်များအမီ အလုပ်များ ပြီးမြောက်စေရေးအတွက် အသည်းအသန် ပြေးလွှားလှုပ်ရှားနေကြရသည်။
- လုပ်ငန်းလောကမှာရော မိသားစုများထဲတွင်ပါ မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်မှုတစ်ခုမှာ အုပ်စုနှင့် အဆင်ပြေပြေ အလုပ်လုပ်နိုင်စွမ်းရှိခြင်းပင် ဖြစ်၏။
- လူတိုင်းနီးပါးမှာ ကောင်းကွက်တစ်ကွက်တော့ ရှိတယ်။ စိတ်ရှည်ရှည်ထားပြီးသာစောင့်။ အဲဒီကောင်းကွက် ထွက်ပေါ်လာလိမ့်မယ်။
- အတွေ့အကြုံဆိုသည်မှာ သင်လိုချင်သည့်အရာကို မရသည့်အချိန်တွင် သင်ရလာသည့်အရာ ဖြစ်သည်။
- တစ်စုံတစ်ယောက်က ခင်ဗျားတို့ကို ဆောင်ရွက်ပေးခဲ့သလိုမျိုး ခင်ဗျားတို့လည်း အပြင်ထွက်ပြီး တခြားလူတွေကို ဆောင်ရွက်ပေးကြပါ။
- စိတ်ရောကိုယ်ပါ တောင်းပန်လိုက်ခြင်းသည် ပဋိဇီဝဆေးတိုက်ကျွေးလိုက်သည်နှင့် တူ၏။ ဖြစ်ကတတ်ဆန်း တောင်းပန်ခြင်းမျိုးကတော့ အနာကို ဆားသိပ်သည်သို့ ရှိပါသည်။
- လူတိုင်းအမှန်ကိုပြောသည့် ယဉ်ကျေးမှုထွန်းကားလျှင် လူတစ်ယောက်ပြောသည့် စကားမှန်မမှန်၊ ဟုတ်မဟုတ် နှစ်ခါပြန်စစ်ဆေး မနေရတော့သည့်အတွက် ကျွန်တော်တို့ အချိန်ကုန်လူပင်ပန်း သက်သာပါမည်။
- လူတွေ အကြောင်းအမျိုးမျိုးကြောင့် လိမ်လည်ပြောကြ၏။ မကြာခဏဖြစ်တတ်သည့် အကြောင်းရင်းမှာ သူတို့လိုချင်တာကို သက်တောင့်သက်သာဖြင့် ရလိုသောကြောင့် ဖြစ်၏။
- အများကောင်းကျိုးအတွက် လူတိုင်းပါဝင်ဆောင်ရွက်ဖို့ တာဝန်ရှိသည်၊ စကားလုံးတစ်လုံးတည်းဖြင့် ဖော်ပြလျှင် ‘တစ်ကိုယ်ကောင်းဆန်သည်’ ဆိုသော အပြုအမူမျိုး မပြုလုပ်မိဖို့ တာဝန်ရှိသည်ဟူသော အသိ။

အမေရိကန်ကြည်းတပ် ရိန်းဂျားတပ်ဖွဲ့ | ဝေယံ၈၀၀၀ ကျပ်ဤစာအုပ်သည်  Leigh Neville  ရေးသားသော  US Army Rangers 1989–2015 : Panam...
08/01/2024

အမေရိကန်ကြည်းတပ် ရိန်းဂျားတပ်ဖွဲ့ | ဝေယံ
၈၀၀၀ ကျပ်

ဤစာအုပ်သည် Leigh Neville ရေးသားသော US Army Rangers 1989–2015 : Panama to Afghanistan ကို မြန်မာဘာသာသို့ တိုက်ရိုက်ပြန်ဆိုရေးသားထားသော အမေရိကန် ကြည်းတပ်ရှိ ခေတ်မီ အထူးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရိန်းဂျားတပ်ဖွဲ့နှင့် ရိန်းဂျားတပ်ဖွဲ့၏ ၁၉၈၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဆင်နွှဲခဲ့သော စစ်ဆင်ရေးများအကြောင်း စာအုပ်ဖြစ်သည်။

၁၉၄၂ ခုနှစ်မှ စတင်ပေါ်ပေါက်လာခဲ့သော ရိန်းဂျားတပ်ဖွဲ့အကြောင်းကို အကျဉ်းချုပ် ဖော်ပြထားသည်။ အစတွင် Rangers များသည် အချိန်တိုအတွင်း ပြန်လည်စီးနင်းတိုက်ခိုက်မှုများနှင့် အထူးတပ်ဖွဲ့များကို ပံ့ပိုးကူညီရန်အတွက် ရန်သူလိုင်းများ၏နောက်ကွယ်တွင် မြေပြင်ကို လုံခြုံအောင်လုပ်ဆောင်ပေးသည့် လက်ရွေးစင် အပေါ့စား ခြေလျင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး နောက်ဆုံးတွင် ၎င်းတို့ကိုယ်တိုင် အထူးမစ်ရှင်ယူနစ် ဖြစ်လာခဲ့သည်။ ပူးတွဲ အထူးစစ်ဆင်ရေး ကွပ်ကဲမှုတွင် တာဝန်ပေးအပ်ခြင်းခံရသည်။ ရိန်းဂျားတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ရန် အရည်အချင်းများ၊ ရိန်းဂျားတပ်ဖွဲ့သင်တန်းကျောင်းနှင့် သင်ကြားပေးသော စစ်မြေပြင်သင်ခန်းစာများ အစရှိသည်တို့ကို အသေးစိတ် ဖော်ပြထားသည်။

ဤစာအုပ်တွင် ပနားမားရှိ ရိန်းဂျားများ၏ စစ်ဆင်ရေးများ၊ ပထမပင်လယ်ကွေ့စစ်ပွဲ၊ ဆိုမာလီယာ၊ အီရတ်နှင့် အာဖဂန်နစ္စတန်တို့ကို 9/11 အလွန် ကျူးကျော်မှုများအကြောင်း ရှင်းပြထားသည်။ အထူးသဖြင့် အာဖဂန်နစ္စတန်တွင် ဆယ့်လေးနှစ်ကြာစစ်ပွဲအတွင်း ၎င်းတို့၏ အယူဝါဒနှင့် လုပ်နည်းလုပ်ဟန်များ မည်သို့ပြောင်းလဲသွားသည်ကို ဖော်ထုတ်ပြီး လေ့ကျင့်မှုနှင့် အဖွဲ့အစည်းဆိုင်ရာ အပြောင်းအလဲများကို ဖော်ပြထားသည်။

ထို့ပြင် ခေတ်အလျောက် စစ်ဆင်ရေးအလိုက် ပြောင်းလဲ အသုံးပြုခဲ့သော ရိန်းဂျားဝတ်စုံများ၊ သယ်ယူပို့ဆောင်ရေးယာဉ်များနှင့် ကိုင်စွဲအသုံးပြုခဲ့သော လက်နက်များအကြောင်းကိုလည်း ဖော်ပြထားသည်။

နိဗ္ဗာန်သို့ သွားရာလမ်း |  ဗိုလ်မှူးကြီးမိုးမြင့် (ငြိမ်း)၁ဝဝဝဝ ကျပ်၂၅ ဒီဇင်ဘာ စာအုပ်ဆိုင်တိုင်းမှာ ဝယ်လို့ ရပါမည်။ဗုဒ္ဓ...
02/01/2024

နိဗ္ဗာန်သို့ သွားရာလမ်း | ဗိုလ်မှူးကြီးမိုးမြင့် (ငြိမ်း)
၁ဝဝဝဝ ကျပ်

၂၅ ဒီဇင်ဘာ စာအုပ်ဆိုင်တိုင်းမှာ ဝယ်လို့ ရပါမည်။

ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေဖြင့် မြတ်စွာဘုရားသခင်၏ ဆိုဆုံးမမှုများကို လေးစား လိုက်နာလျက် သံသရာမှလွတ်ကြောင်း ကျင့်ကြံအားထုတ်မှုများနှင့် ပတ်သက်၍ ရေးသားဖော်ပြထားသည်။

ထိုသို့ ဖော်ပြရာတွင် ဗုဒ္ဓမြတ်စွာ၏ ဟောကြားချက် ပရိတ်တော်နှင့် တရားတော်များ၊ မြတ်ဗုဒ္ဓ၏ ကျင့်စဉ်များဖြင့် ကျင့်ကြံပေါက်မြောက်သွားခဲ့သော ရဟန္တာကြီးများ၏ နည်းနာနိဿယ များ၊ လယ်တီဆရာတော်၊ ပါမောက္ခချုပ်ဆရာတော်၊ ဗန်းမော်ဆရာတော်၊ ဖားအောက်ဆရာတော်၊ မိုးကုတ်ဆရာတော်တို့၏ အဆိုအမိန့်များ၊ ကမ္မဋ္ဌာနာစရိယ ဆရာကြီးများ၏ အနှစ်သာရရှိသော လမ်းညွှန်ပြသမှုများကို ၎င်းတို့၏ ကျင့်စဉ်အကျဉ်းများနှင့်တကွ ဖော်ပြထားသည်။

အဘိဓမ္မာသဘောကို စိတ်၊ စေတသိက်၊ ရုပ်၊ ပရမတ္တတရားများကို နားလည်လွယ်အောင် ဖွင့်ဆိုရှင်းပြ ရေးသားထားပြီး နိဗ္ဗာန်ကိုရည်မှန်း၍ လွတ်မြောက်မှုချမ်းသာကိုရှာသည့်အခါ ကျင့်ကြံရမည့် အကျင့်၊ သွားရမည့် လမ်းကြောင်း၊ ထိုလမ်းကြောင်းကို မဂ္ဂင်ရှစ်ပါးဖြင့်သာ သွား နိုင်ရောက်နိုင်သည့်အကြောင်းများကို ဖွင့်ဆိုရှင်းပြထားသည်။။ ထိုပြင် နိဗ္ဗာန်ကို ဦးတည်သွားရာတွင် ပေါ်ပေါက်လာမည့် အဖျက်အမှောင့် အနှောင့်အယှက်အတားအဆီးများကို ကွေကွင်း ရှောင်ရှားနိုင်အောင်လည်း အသိ သတိတရားများဖြင့် ဆင်ခြင်သုံးသပ် ကြိုးစားရပုံအကြောင်းများကို အသေးစိတ် ဖော်ပြထားသည်။

မဟာစည်၊ သဲအင်းဂူအပါအဝင် တရားစခန်းအသီးသီးတွင် ကိုယ်တိုင် စခန်းဝင် တရားအားထုတ်ခြင်း အတွေ့အကြုံများ၊ ကျင့်ကြံလေ့လာမှုများ၊ ပေါ်ပေါက်လာသော အာရုံနှင့် ကြုံ တွေ့ရသည့် အဖြစ်အပျက်များ၊ တရားစခန်းတစ်ခုချင်းအလိုက် အသေးစိတ် ဖော်ပြထားသည်။ ထို့ပြင် ဝိပဿနာကျင့်စဉ်များအတွက် အထောက်အပံ့ဖြစ်စေသော မြတ်စွာဘုရား၏ နှုတ်ကပ္ပတ် တော်များဖြစ်သော ဓမ္မစကြာတရားတော် ဘာသာပြန်၊ အနတ္တလက္ခဏသုတ်နိဒါန်း၊ မဟာသတိပဋ္ဌာနသုတ် မြန်မာပြန်နှင့် အဘိဏှသုတ် မြန်မာပြန်တို့အားလည်း ထည့်သွင်းဖော်ပြပေး ထားသည်။

ကမ္ဘာ့လူဦးရေနှင့် ဖိအား မိုးဧအောင် တန်ဖိုး ၃ဝဝဝ ကျပ်ဤစာအုပ်သည် မှတ်တမ်းမှတ်ရာများ စတင် မှတ်သားထားချိန်မှစ၍ ယနေ့အချိန်အထိ...
02/01/2024

ကမ္ဘာ့လူဦးရေနှင့် ဖိအား
မိုးဧအောင်

တန်ဖိုး ၃ဝဝဝ ကျပ်

ဤစာအုပ်သည် မှတ်တမ်းမှတ်ရာများ စတင် မှတ်သားထားချိန်မှစ၍ ယနေ့အချိန်အထိ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအဖြစ် ရပ်တည်လာခဲ့သော တရုတ်နိုင်ငံကို အိန္ဒိယက ပထမဆုံး အကြိမ် ကျော်လွန်ခဲ့သည့်ဖြစ်ရပ်ကို အကြောင်းပြု၍ လူဦးရေနှင့် ကမ္ဘာကြီး၏ ဟန်ချက်ကို တို့ထိဖော်ပြထားသော စာအုပ်ဖြစ်သည်။

ရပ်ထဲရွာထဲတွင် ကြားဖူးနေကျ စကားဖြစ်သော “သူ့ကို သွားမထိနဲ့၊ သူတို့က အမျိုးတောင့် တယ်”ဟူသော စကားမှာ “တိုင်းနိုင်ငံတော်ဟူသည် သတ်မှတ်ထားသည့် နယ်နိမိတ်အပိုင်း အခြားအတွင်း စုစည်းနေထိုင်ကြသူလူထု၏ အဝန်းအဝိုင်း”တည်းဟူသော အချုပ်အခြာ အာဏာဆိုင်ရာ ကျမ်းရိုးလာအယူအဆနှင့် ထပ်တူထပ်မျှ ရှိနေပါသည်။

လူဦးရေတည်းဟူသော အကြောင်းတရားသည် ကမ္ဘာ့နိုင်ငံအသီးသီး၏ မူဝါဒရေးရာ ကိုင်တွယ် သူများနှင့်သာ သက်ဆိုင်သည်ဟု လှေနံဓားထစ် ယုံမှတ်၍ ပုံအပ်ရသောကိစ္စ မဟုတ်ပါ။ ဤစာအုပ်ကို ဖတ်ရှုလိုက်သော် “ကမ္ဘာ့လူဦးရေ”ဟူသည် လူသားတစ်ဦးချင်းစီ၏ ဖြစ်တည်မှု၊ တာဝန်ယူမှုနှင့် တာဝန်ခံနိုင်စွမ်းတို့အပေါ်တွင်ပါ “ဖိအား”တစ်ရပ်အဖြစ် တိုက်ရိုက်ပတ်သက် လျက်ရှိကြောင်း သိမြင်လာပေလိမ့်မည်။

ဤစာအုပ်တွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနှစ်နိုင်ငံလည်းဖြစ်၊ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံ နှစ်နိုင်ငံလည်းဖြစ်သည့် တရုတ်နှင့် အိန္ဒိယတို့အကြား ရပ်တည်နေရခြင်း၊ လူဦးရေဖိအားသည် ကမ္ဘာ့နေရာအသီးသီးတွင် အရေးပါခြင်း၊ လူဦးရေအပြောင်းအလဲကြောင့် ပထဝီအနေအထား များ ပြောင်းလဲရခြင်း၊ သဘာဝပတ်ဝန်းကျင်၏မျှခြေကို ထိခိုက်ပျက်ပြားစေခြင်းမှအစ ကမ္ဘာ ကြီး၏ တည်ငြိမ်အေးချမ်းမှုကိုပါ မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိစေမည်ဖြစ်ကြောင်း လေ့လာဖတ်ရှုရမည်ဖြစ်သည်။

ကွန်းရက် အာဒင်နာလာ၏အောက်ကျို့နှိမ့်ချခြင်း မဟာဗျူဟာကျော်မိုးတန်ဖိုး ၃ဝဝဝ ကျပ်ဤစာအုပ်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟ...
02/01/2024

ကွန်းရက် အာဒင်နာလာ၏
အောက်ကျို့နှိမ့်ချခြင်း မဟာဗျူဟာ
ကျော်မိုး

တန်ဖိုး ၃ဝဝဝ ကျပ်

ဤစာအုပ်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်းဂျားက ဂျာမနီ နိုင်ငံ၏ အဓိပတိ Konrad Adenauer ၏ ခေါင်းဆောင်မှု အရည်အသွေးနှင့် လုပ်ဆောင်ချက် များကို သုံးသပ်ဖော်ပြထားပါသည်။

ခေါင်းဆောင်များသည် သူတို့သိသောအရာ၊ အတိတ်မှ ပြင်မရတော့သော အဖြစ်အပျက်များ၊ လူတို့၏ မွေးရာပါ ထင်မြင်ယူဆချက်၊ မရေရာသော အနာဂတ်နှင့် ပတ်သက်သည့် အလိုလို သိမြင်လာသောအရာများနှင့် ချိန်ခွင်လျှာ တည့်မတ်အောင် ဦးဆောင်နိုင်ရမည်ဖြစ်ကြောင်း ကစ်ဆင်းဂျားက သရုပ်ခွဲဖော်ပြထားသည်။

၁၉၄၅ ခုနှစ်တွင် ရုရှ၊ အမေရိကန်နှင့်အပေါင်းအပါများက ဟစ်တလာ၏ အာဏာကျယ်ပြန့်မှု ကို ရိုက်ချိုးပြီးနောက်ပိုင်း ဂျာမနီနိုင်ငံသည် စာရွက်ပေါ်တွင် လွတ်လပ်သော ဖက်ဒရယ်နိုင်ငံ အဖြစ် ရှိနေသော်လည်း အဆိုပါ မဟာမိတ်နိုင်ငံများအမည်ခံ နိုင်ငံများက ဂျာမနီနိုင်ငံကို အစိတ်စိတ်အမြွှာမြွှာ ခွဲဝေပြီး ထိန်းချုပ်ခဲ့ကြသည်။ ထိုအချိန်တွင် ဂျာမနီနိုင်ငံ၏ အဓိပတိ အဖြစ် ရွေးချယ်ခံရသော ကွန်းရက် အာဒင်နာလာက မိမိမြေပေါ်တွင် အခန့်သားရောက်နေ ပြီး စီးစီးပိုးပိုးနှင့် သူတို့သဘောမတူလျှင် ဘာမျှ လုပ်ပိုင်ခွင့်မရှိသော ဝန်ကြီးချုပ် တစ် ယောက်အနေနှင့် သူ့နိုင်ငံကို ဂျာမနီနိုင်ငံတော်အဖြစ် ထည်ထည်ဝါဝါ ပြန်လည် ရပ်တည်နိုင် ရေးအတွက် မဟာမိတ်များကို အောက်ကျို့ဆက်ဆံပြီး နိုင်ငံကို ဦးဆောင်ခဲ့ရသည်။

ကစ်ဆင်းဂျားက ကိုနတ်အာဒင်နာလာသည် “အောက်ကျို့နှိမ့်ချခြင်းမဟာဗျူဟာ” ဖြင့် ဒုတိယကမ္ဘာစစ်အပြီး ရှုံးနိမ့်ပြီး ကိုယ်ကျင့်တရားပျက်ပြားနေသော ဂျာမနီကို နိုင်ငံတကာ အသိုင်းအဝိုင်းထဲသို့ ပြန်လည်ခေၚဆောင်လာခဲ့သည်ဟု အနှစ်ချုပ် သုံးသပ်ထားသည်။

Address

Aung Tha Pyay Street
Yangon
11221

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:30 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 14:00

Telephone

09-5080850

Website

Alerts

Be the first to know and let us send you an email when Book Pages by Novel Light Express posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Book Pages by Novel Light Express:

Share

Category