He & She Online Shopping

He & She Online Shopping Call me Pyit Tine Htoung

သူမ နဲ့ 🌂
11/08/2025

သူမ နဲ့ 🌂

09/08/2025

အဖေသိလား
စကားတွေအများကြီးတတ်သွားတဲ့အချိန်မှာ စကားတွေအများကြီးမပြောဖြစ်ခဲ့ဘူးနော်
အဖေသိလား
နားမထောင်တတ်ခင်ကတည်းက အဖေဂစ်တာတီးပြီးသီချင်းဆိုတာ အရမ်းနားထောင်လို့ကောင်းတာပဲ
အဖေသိလား
သမီး ရဲ့ဘဝမှာ သီချင်းတွေနဲ့ ဂစ်တာကို သိပ်ချစ်ခဲ့တာ
အဖေသိလား
ခံစားချက်တွေကိုမြိုသိပ်ထားပြီးအများကြီးမတောင်းဆိုတတ်တဲ့ သမီးတစ်ယောက်အဖေ့မှာရှိတယ်
အဖေသိလား
အဖေဆုံးတဲ့ အချိန်တုန်းက သိပ်ဝမ်းမနည်းတဲ့ သမီးက အခုမှ ရင်တွေကွဲကြေသလိုခံစားနေရတယ်ဆိုတာ
ပြီးတော့လေ အဖေသိသေးလား
သမီး အဖေ့ကိုအရမ်းတွေ့ချင်တယ် အဖေ
အဖေ့ ကိုဖက်ထားပြီး ခနလောက်ဖြစ်ဖြစ် ငိုပါရစေ
မျိုသိပ်ထားရတာ အရမ်းကို မွန်းကြပ်လွန်းနေပြီ အဖေ
၉.၈.၂၀၂၅
၁၁.၁၇ P.M
သူမ

28/07/2025

ကျေးဇူးပြု၍အမှန်တရားကို မရှာဖွေပါနဲ့လား.........
ထပ်ပြီးနာကျင်ရမဲ့သူ မင်းမဖြစ်စေချင်ဘူး.............
ငါလျှောက်ပြီးပြီလေ ကျေနပ်ပါတော့.....................
ရင်ထဲမှာ အမှုန်လေးတစ်ခုစာလောက်ပဲကျန်ခဲ့တော့မယ်ဆိုရင်တောင် မင်းရွေးတဲ့လမ်းမှန်တယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ ရှေ့ဆက်လျှောက်ပေးပါ.........

🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑
10/06/2025

🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑

စာကြည့်တိုက်ထဲကော သူဝင်ခဲ့သေးလား!ငါမသိ😒.ဘုရားကျောင်း ကြီးထဲမှာ တောင်းတဲ့ဆုလဲ သူမသိချင်ဘူးထင်ပါရဲ့။သူ မမေးခဲ့ဖူးဘူး။မြင်စ...
18/05/2025

စာကြည့်တိုက်ထဲကော သူဝင်ခဲ့သေးလား!ငါမသိ😒.ဘုရားကျောင်း ကြီးထဲမှာ တောင်းတဲ့ဆုလဲ သူမသိချင်ဘူးထင်ပါရဲ့။သူ မမေးခဲ့ဖူးဘူး။မြင်စေချင်ခဲ့ဘူးတဲ့ စာမျက်နှာတွေကိုလည်း အလေးထားဖို့ မေ့လျော့လို့. . .Who am I.

အမှိိုက်မီးရှို့တဲ့ မီးခိုးငွေ့လေးတွေက မြူတွေပဲဆိုင်းနေသယောင်ယောင်။နေပြောက်လေးတွေတောင် မကျအောင်အစီအရီစိုက်ထားတဲ့ကံ့ကော်ပင်တွေကြားထဲက အတင်းမရမကထိုးထွက်လာတဲ့ နေရောင်ခြည် တစ်ပေါက် နှစ်ပေါက်ကမေးတယ်။
အဲ့ဒိီနေ့က ကျောက်တုံးပေါ်မှာထိုင်နေခဲ့တဲ့ တစ်ယောက်ကောတဲ့. . .
ကံ့ကော်မြို့တော်ကြီးကလဲမေးတယ်. . .
ကံ့ကော်ပန်းပေးခဲ့ဖူးတဲ့တစ်ယောက်ကောတဲ့. . .
ခရေပင်လမ်းလေးကိုသူမဖြတ်လျှောက်တော့ ခရေပင်ကြီးကမေးတယ်. . .
ခရေပန်းလေးတစ်ပွင့်ကောက်ပေးဖူးတဲ့သူကောတဲ့.
ယိုးဒယားစံပယ်ပင်လေးကမေးတယ်. . .
ဆတိုးပြီးပွင့်မဲ့အပွင့်တွေကောတဲ့. . .
ပိတောက်ပင်ကြီးကလဲမေးတယ်. . .
ပိတောက်ဖူး​လေးခူးပေးမဲ့သူ မရှိတော့ဘူးလားတဲ့.
အိမ်တံခါးမကြီးကမေးတယ်.တစ်ဒုန်းဒုန်းခေါက်တဲ့
အကိုကြီးက အိမ်ပြန်မလာသေးဘူးလားတဲ့. . . . .
၂.၁၂.၂၀၂၄
၁၇. ၁.၂၀၂၅
၅.၃၆p.m
သူမ
Photo crd #

အမှိိုက်မီးရှို့တဲ့ မီးခိုးငွေ့လေးတွေက မြူတွေပဲဆိုင်းနေသယောင်ယောင်။နေပြောက်လေးတွေတောင် မကျအောင်အစီအရီစိုက်ထားတဲ့ကံ့ကော်ပ...
17/01/2025

အမှိိုက်မီးရှို့တဲ့ မီးခိုးငွေ့လေးတွေက မြူတွေပဲဆိုင်းနေသယောင်ယောင်။နေပြောက်လေးတွေတောင် မကျအောင်အစီအရီစိုက်ထားတဲ့ကံ့ကော်ပင်တွေကြားထဲက အတင်းမရမကထိုးထွက်လာတဲ့ နေရောင်ခြည် တစ်ပေါက် နှစ်ပေါက်ကမေးတယ်။
အဲ့ဒိီနေ့က ကျောက်တုံးပေါ်မှာထိုင်နေခဲ့တဲ့ တစ်ယောက်ကောတဲ့. . .
ကံ့ကော်မြို့တော်ကြီးကလဲမေးတယ်. . .
ကံ့ကော်ပန်းပေးခဲ့ဖူးတဲ့တစ်ယောက်ကောတဲ့. . .
ခရေပင်လမ်းလေးကိုသူမဖြတ်လျှောက်တော့ ခရေပင်ကြီးကမေးတယ်. . .
ခရေပန်းလေးတစ်ပွင့်ကောက်ပေးဖူးတဲ့သူကောတဲ့.
ယိုးဒယားစံပယ်ပင်လေးကမေးတယ်. . .
ဆတိုးပြီးပွင့်မဲ့အပွင့်တွေကောတဲ့. . .
ပိတောက်ပင်ကြီးကလဲမေးတယ်. . .
ပိတောက်ဖူး​လေးခူးပေးမဲ့သူ မရှိတော့ဘူးလားတဲ့.
အိမ်တံခါးမကြီးကမေးတယ်.တစ်ဒုန်းဒုန်းခေါက်တဲ့
အကိုကြီးက အိမ်ပြန်မလာသေးဘူးလားတဲ့. . . . .
၂.၁၂.၂၀၂၄
၁၇. ၁.၂၀၂၅
၅.၃၆p.m
သူမ
Photo crd #

16/01/2025

ချစ်ခြင်းနဲ့မုန်းခြင်းမှာ ခြားနားထားတာ နံရံလေးတစ်ချပ်လား။
စက္ကူလေးတစ်ရွက်လား။
ဘာပဲဖြစ်ဖြစ် သေချာတာတော့ သူမ မဖြိုနိုင်တော့ဘူး မောင်။
နှစ်လွှာပေါင်းမှတစ်ရွက်ဖြစ်တဲ့ စွယ်တော်ရွက်လေးကပြောတယ် မောင်...သူတို့ကိုခွဲလိုက်ကြပြီတဲ့။
မောင်သိလား. . .
လူတွေကရက်စက်တယ်။လောဘကြီးကြတယ်။
အခန်းလေးထဲမှာ တစ်ယောက်တည်းငိုနေတဲ့သူမကို
သူတို့မသနားကြဘူး။
သူတို့ဖြစ်ချင်တာပဲ သူတို့သိကြတယ်။
ပန်းလေးတွေ ငိုနေကြပြီမောင်။
နေခြည်ကဘယ်မှာဖြာလို့ ရောင်နီကဘယ်မှာသန်းနေတာလဲဟင်။
သူမ အဖြေမရှာတတ်တော့ဘူး။
စကြာဝဋာကြီးကိုလည်းတိုင်တည်ပြီးပြီတဲ့ သူမက။
ကမ္ဘာမြေကြီးကိုလည်း သက်သေထူထားခဲ့ပါတယ်တဲ့။
ဘာကြောင့်များ ကြည့်ရက်ကြသလဲကွယ်။
သူမငိုနေတာကို သူတို့မသိလေရော့သလား။
သူတို့အားလုံးသူမအတွက်သိပ်ရက်စက်ကြတယ်။
၁၆.၁.၂၀၂၅
၆.၅၅p.m
သူမ.

Address

Yangon
11181

Telephone

+959987113131

Website

Alerts

Be the first to know and let us send you an email when He & She Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share