14/04/2024
🙏မင်္ဂလာပါရှင့် Chance Bags Collection ကနေ ကြိုဆိုပါတယ်။
👩ဒီနေ့မှာတော့ Chance က Smart Lady တို့သိထားသင့်တဲ့ မိမိရဲ့ ချစ်ရတဲ့ အဖိုးတန် Leather လက်ကိုင်အိတ်လေးတွေကို ဘယ်လို သန့်ရှင်းရေးလုပ်ရမလဲဆိုတာပြောပြပေးသွားမှာပါရှင့်။
🥰Leather လက်ကိုင်အိတ်လေးတွေက တခြား Fabric အသားတွေနဲ့ ပြုလုပ်ထားတဲ့ လက်ကိုင်အိတ်တွေလိုမျိုး အလွယ်တကူနဲ့ ဖြစ်သလိုသန့်ရှင်းရေးလုပ်လို့မရသလို စနစ်တကျသန့်ရှင်းရေးပြုလုပ်မှသာ မလိုလားအပ်တဲ့ပျက်စီးဆုံးရှုံးမှု့တွေမရှိမှာကိုတော့ လေဒီတို့သိကြမယ်ထင်ပါတယ်…..
👉ဒီတော့ Leather အိတ်လေးတွေကိုဘယ်လိုသန့်ရှင်းရေးလုပ်မလဲ? ❓
👸ဒီနေ့မှာတော့ Chance က လေဒီတို့ရဲ့ Leather လက်ကိုင်အိတ်လေးတွေကို မိမိတို့အိမ်မှာပဲ အလွယ်တကူ စနစ်တကျနဲ့ ဘယ်လိုသန့်ရှင်းရေးလုပ်လို့ရလဲဆိုတာကို အဆင့်လိုက်ပြောပြပေးပါမယ်ရှင့်။
🔰အဆင့် (၁) Leather အိတ်လေးတွေကိုသန့်ရှင်းရေးလုပ်ဖို့ဘာတွေလိုလဲ?❓
✅နံပါတ် (၁) သန့်စင်တဲ့ အဝတ်စ
✅နံပါတ် (၂) ရေကျက်အေးနွေးနွေးလေး
✅နံပါတ် (၃) တစ်ရှုး
✅နံပါတ် (၄) Alcohol မပါဝင်တဲ့ ဆပ်ပြာ
✅နံပါတ် (၅) ရေ တို့လိုအပ်ပါတယ်။
🔰အဆင့် (၂) သန့်ရှင်းရေးပြုလုပ်ပုံ
✅နံပါတ် (၁) ရေကျက်အေးနွေးနွေးလေးကို သန့်စင်တဲ့ အဝတ်စလေးနဲ့ဆွတ်ပြီး မိမိသန့်ရှင်းလိုတဲ့ နေရာလေးတွေကို ညှင်သာစွာပွတ်ပေးပါ။
✅နံပါတ် (၂) Alcohol မပါဝင်တဲ့ ဆပ်ပြာကို ရေနဲ့ အမြုတ်တွေထွက်လာတဲ့အထိဖျော်ပြီးမှ အဝတ်စသန့်သန့်လေးကိုဆွတ်ပြီး ထပ်မံ ၍ညှင်သာစွာပွတ်တိုက်ပေးပါ။
✅နံပါတ် (၃) ဆပ်ပြာနဲ့ ဆေးကြောပြီးသွားရင်တော့ ရေကျက်အေးနွေးနွေးလေးကို အသုံးပြုပြီး ဆပ်ပြာတွေ ပြောင်စင်သွားတဲ့ အထိ ပြန်လည်၍သန့်ရှင်းရေးပြုလုပ်ပါ။
✅နံပါတ် (၄) အဝတ်စသန့်သန့် ဒါမှမဟုတ် တစ်ရှုးကိုအသုံးပြုပြီး ရေစိုနေတဲ့နေရာလေးတွေကို ညှင်သာစွာသုတ်ပြီးမှ
✅နံပါတ် (၅) နေရောင်နဲ့ တိုက်ရိုက်မထိတွေတဲ့ အေးမြပြီးခြောက်သွေ့တဲ့ နေရာမှာ လှန်းပေးရမှာဖြစ်ပါတယ်။
👆ဒီနေရာမှာတော့
😘အဝတ်စအစား Alcohol မပါဝင်တဲ့ Wet Tissue, နူးညံ့တဲ့ ရေမြုတ် စတာတွေကိုလဲ အသုံးပြုလို့ရပြီး Alcohol မပါဝင်တဲ့ ဆပ်ပြာနေရာမှာလဲ ကလေးတွေအတွက်ထုတ်လုပ်ထားတဲ့ ရေချိုးဆပ်ပြာမျိုးကိုသုံးနိုင်ပါတယ်ရှင့်
🔰အဓိက အနေနဲ့ကတော့ မိမိသန့်ရှင်းရေးလုပ်ချင်တဲ့နေရာလေးတွေကို ညှင်ညှင်သာသာပွတ်တိုင်ဆေးကြောပေးရမှာဖြစ်ပါတယ် ဒါမှသာ အစင်းရာတွေကျန်ခဲ့တာမျိုးမဖြစ်စေမှာပါနော်💯
👸ဒီနေ့ပြောပြပေးခဲ့တာတွေကတော့ မိမိရဲ့ Leatherလက်ကိုင်အိတ်လေးတွေကို အိမ်မှာပဲဘယ်လိုအလွယ်တကူသန့်ရှင်းရေးလုပ်လို့ရလဲဆိုတာပဲဖြစ်ပါတယ်
😍လက်ကိုင်အိတ်အပြင် တခြား Leather နဲ့ပြုလုပ်ထားတဲ့ အသုံအဆောင်တွေကိုလဲ ဒီနည်းအတိုင်းသန့်ရှင်းရေးလုပ်လို့လဲရတဲ့အတွက် Smart Lady တို့အတွက် အသုံးဝင်မယ်လို့ယုံကြည်ပါတယ်ရှင့်
✍️လေဒီတို့ရော မိမိတို့ရဲ့ Leather အသုံးအဆောင်လေးတွေကိုဘယ်လိုသန့်ရှင်းရေးပြုလုပ်လဲဆိုတာကို Comment လေးပေးပြီးမျှဝေပေးခဲ့လိုရပါတယ်ရှင့်။
✨အမျိုးသမီးတိုင်းအတွက်လိုအပ်နေတဲ့ ဖက်ရှင် Chance Bags Collection✨
#လက်ကိုင်အိတ်