19/05/2018
လူတိုင်းသိထားသင့်တဲ့ Beauty Tips လေးများ
👩🏻💇🏻♀️💆🏻♀️💄👗💅🏼👒👜👠 ( Part - 2 )
ဒီ Post လေးမှာ Beauty Tips လေးတွေ ဒုတိယပိုင်းဆက်ပါမယ် ။ မနေ့က Part 1 လေးကိုတော်တော်အားပေးကြပြီး share တွေ like တွေနဲ့ support လုပ်ပေးတာ ဖြိုးအရမ်းကျေးဇူးတင်တယ်လို့ ပြောပါရစေ ။ ဒီနေ့ပြောမယ့် Beauty Tips တွေထဲမှာ မနေ့ကမေးလာကြတာလေးတွေလည်း ထည့်ပြောပေးသွားပါမယ်နော် ။ စလိုက်ကြမယ် ။
1. လူတိုင်းရဲ့ skin type ဘယ်လိုပဲရှိနေပါစေ မျက်နှာကိုတစ်နေ့နှစ်ကြိမ်လောက်ပဲသစ်တာကောင်းပါတယ် ။ ဆပ်ပြာက မျက်နှာအရေပြားရဲ့အစိုဓာတ်ကိုခမ်းခြောက်ပြီး ရင့်ရော်စေတတ်ပါတယ် ။
2. မျက်နှာသစ်ဆပ်ပြာအမျိုးအစားတိုင်းကို လက်ထဲအရင်ထည့် အမြှုပ်ထွက်အောင်ပွတ်ပြီးမှ မျက်နှာသစ်တာ နည်းလမ်းအမှန်ပါ ။ ဆပ်ပြာနဲ့မျက်နှာကအညစ်အကြေးတွေကိုရှင်းတာထက် အမြှုပ်လေးတွေနဲ့ရှင်းပေးတာက ချွေးပေါက်တွေထဲအထိသန့်စင်စေပြီး မလိုအပ်တဲ့ရေဓာတ်ခမ်းခြောက်မှု ထိန်းသိမ်းရရောက်ပါတယ် ။
3. အသက် ၂၀ နောက်ပိုင်းမှာ facial scrub စသုံးသင့်ပါတယ် ။ အရေပြားပေါ်ကဆဲလ်အသေတွေကို သဘာဝအလျှောက်ဖယ်ထုတ်တဲ့ လုပ်ငန်းစဉ်က အသက်ကြီးလာလေ အားနည်းလာလေဖြစ်ပြီး နောက်ပိုင်းမှာလူံးဝရပ်တန့်သွားပါတယ် ။
4. ဆဲလ်အသေတွေပုံလာရင် မျက်နှာအရေပြားကြည်ကြည်လေးဖြစ်တာပျောက်ဆုံးပြီး ညစ်ထေးလာမယ် ၊ အဆီပိုထွက်ပြီး ချွေးပေါက်ကျယ်လာမယ် ၊ skincare တွေကို မျက်နှာအရေပြားက စုပ်ယူမှုအားနည်းလာပြီး ထိရောက်မှုမရှိတော့တာတွေ ဖြစ်လာနိုင်ပါတယ် ။
5. အသက် ၃၅ နောက်ပိုင်းမှာ Chemical peeling လိုမျိုး အရေပြားအသစ်မွေးမြူတဲ့ အဆင့်မြင့် exfoliate နည်းလမ်းများကို စတင်စမ်းသပ်သင့်ပါတယ် ။
6. အရွယ်ရောက်လာတဲ့ အမျိုးသမီးအများစုရဲ့ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှုနဲ့ skin ပြသနာအများစုဟာ ငယ်ရွယ်စဉ်မှာနေလောင်ခံရတာကြောင့်ဖြစ်နိုင်တာမို့ လူလတ်ပိုင်းမှာအရွယ်တင်နုပျိုမှုရရှိစေဖို့ ဆယ်ကျော်သက်အရွယ်ထဲက သင့်တော်တဲ့ suncare product တွေရွေးချယ်အသူံးပြူဖို့လိုပါတယ် ။
7. မြန်မာအမျိုးသမီးတွေအနေနဲ့ Sun protection ရွေးတော့မယ်ဆိုရင် spf 30 နဲ့ PA++ လောက်အနည်းဆုံးပါတဲ့ sunscreen ကိုရွေးချယ်ရပါမယ် ။
8. Foundation ဝယ်တော့မယ်ဆိုရင် skin type အတွက် formula , ကိုယ့်ရဲ့ daily makeup routine အတွက် coverage , ကိုယ့်ရဲ့အသားအရောင်အတွက် shade စတဲ့အဓိက facts သုံးမျိုးပေါ်အခြေခံပြီးရွေးဝယ်ရပါတယ် ။
9. Foundation လိမ်းတဲ့အခါ မျက်နှာပြင်တစ်ခုလုံးညီနေအောင်လိမ်းရမှာမဟုတ်ပဲ လိုတဲ့နေရာကို များများပိုလိမ်းပြီး မလိုတဲ့နေရာကို နည်းနည်းလျော့လိမ်းရမှာပါ ။ အဲ့တော့မှ မျက်နှာတစ်ခုလုံး မိတ်ကပ်အထူကြီးလိမ်းထားသလိုမဖြစ်တော့ပဲ flawless ဖြစ်မှာပါ ။
10. အများစုလိမ်းကြတဲ့ မျက်နှာပေါ်အစက်ချပြီး မျက်နှာနေရာအနှံ့ညီအောင်လိမ်းတဲ့နည်းက မှားတယ်လို့ပြောလို့ရပါတယ် ။ လက်ခုံပေါ်လိုသလောက်ညစ်ချပြီး brush or sponge နဲ့ယူယူပြီးလိမ်းသွားပေးရပါတယ် ။
11. Foundation ကိုသနပ်ခါးလိမ်းသလို ပွတ်မဆွဲရပါဘူး ။ လက်ချောင်းထိပ်နဲ့တို့သိပ်ပြီး ပုတ်ပြီးလိမ်းရပါတယ် ။ Foundation က မညီညာမှုတွေကို cover လုပ်တဲ့ပစ္စည်းမို့ အသားထဲစိမ့်ဝင်အောင်လိမ်းတဲ့နည်းနဲ့ မလိမ်းသင့်ပါဘူး ။
12. Matte Finish Foundation , Creme to Powder Foundation , Mineral Powder Foundation စတဲ့နောက်ဆုံးမှာခြောက်သွားတဲ့ foundation တွေအပေါ်မှာ ပေါင်ဒါလိမ်းပေးစရာမလိုပါဘူး ။
13. Skin ပြောင်ပြောင်ကြည်ကြည်လေးလိုချင်တယ်ဆိုတဲ့သူတွေက ပေါင်ဒါတွေအများကြီးသုံးတာကိုရှောင်ရပါမယ် ။
14. Foundation ထဲမှာပါတဲ့ spf က skin ကိုကာကွယ်မှုအပြည့်အဝမပေးနိုင်လို့ foundation မလိမ်းခင် sunscreen ခံလိမ်းဖို့လိုပါတယ် ။
15. Tinted moisturizer ရဖို့ product သီးသန့်ဝယ်စရာမလိုပဲ foundation နဲ့ moisturizer ကိုရောပြီးသုံးနိုင်ပါတယ် ။
16. BB cream အစား Foundation + Moisturizer + Sunscreen လိုသလောက်ရောနှောလိမ်းပေးနိုင်ပါတယ် ။
17. Cushion ကုန်သွားပါက ကိုယ်နှစ်သက်ရာ foundation + moisturizer + sunscreen အရောကို ကူရှင်ဘူးထဲကဖော့လေးခဏဖယ် လောင်းထည့်ပြီး အပေါ်ကနေဖော့ပြန်ဖိပြီး customize cushion အနေနဲ့ သုံးနိုင်ပါတယ် ။
18. Cushion , Foundation , BB , CC စတဲ့ product တွေကို luminous finish ( လက်လက်လေးပြောင်နေတဲ့ပုံစံ ) လိုချင်ရင် liquid highlighter နဲ့ရောမွှေပြီးလိမ်းလို့ရပါတယ် ။
19. Dwey finish အတွက်ကိုယ်လိမ်းနေကျ serum ဒါမှမဟုတ် face oil တစ်ခုခုကို foundation နဲ့ရောလိမ်းလို့ရပါတယ် ။
20. Eyeshadow primer ကို Eyeshadow အတွက်တင်သာမက မျက်ခုံးမွှေးမဆွဲခင် အောက်ခံသုံးပေးရင် ချွေးပြန်တာတွေ အဆီပြန်တာတွေဖြစ်လည်း မျက်ခုံးမွှေးကဆွဲထားကာစတုန်းကလိုပဲ ညီညာသပ်ရပ်နေမှာပါ ။
21. Eye brightener , Dark Circle Eraser , Undereye Highlighter စတဲ့ product တွေက ဈေးအတော်မြင့်တာမို့ ကိုယ့်မှာရှိပြီးသား liquid concealer လေးထဲကို liquid highlighter အနည်းငယ်ရောပြီး own product ဖန်တီးလို့ရပါတယ် ။ Liquid color corrector လေးပါရှိသေးရင် ထပ်ရောပေးလို့ရပါတယ် ။ YSL ရဲ့ Highlighter pen ထက်တောင်မိုက်သွားမှာပါ ။
22. မျက်ခုံးမွှေးဆွဲခဲတံတစ်ချောင်းကို မျက်ခုံးဆွဲရာတွင်သာမက Eyeliner , Brown eyeshadow base , နာခေါင်း contour လုပ်တဲ့နေရာမှာပါသုံးနိုင်ပါတယ် ။
23. Mascara ကိုလည်း black brow gel , Gel eyeliner , black smokey eye base အနေနဲ့ ပုံစံမျိုးစုံသုံးလို့ရပါတယ် ။
24. ကိုယ့် skin အရောင်ထက် အနည်းငယ်ပိုညိုတဲ့ lipstick အညိုရောင်ကို နှုတ်ခမ်းဆိုးတာအပြင် face contour လုပ်တာ cream bronzer အနေနဲ့သုံးတာ cream eyeshadow အညိုအနေနဲ့သုံးတာ စသဖြင့်လိုသလိုသုံးပေးနိုင်ပါတယ် ။
25. သန့်စင်တဲ့အဆီတွေဖြစ်တဲ့ အုန်းဆီ သံလွင်ဆီ စတာတွေက Makeup remover , Skin moisturizer , Lip moisturizer , Undereye skin oil , Hair nourishing oil , Body oil , Cuticle oil စတဲ့လူ့ခန္ဓာကိုယ်အရေပြားအတွက် အကျိုးပြုအဆီအနေနဲ့ ဘက်ပေါင်းစုံကနေအသုံးချနိုင်ပါတယ် ။
ဒီနေ့လည်း ၂၅ ချက်ထပ်ပြောပြလိုက်ပါတယ် ။ တစ်ကယ်တော့ ပြောပြချင်တာလေးတွေ ရှိနေသေးတဲ့အခါ ဒီပို့စ်လေးတွေကို တစ်ပတ်တစ်ခါ ၂၅ ချက်စီ အပတ်စဉ်တင်ပေးသွားပါမယ်လို့ စိတ်ကူးရပါတယ် ။ သဘောကျတယ်ဆို အကောင်အထည်ဖော်ပေးချင်ပါတယ် ။ အမြင်လေးတွေ ပြောခဲ့ပါဦးနော် ။ ဒီနေ့ရေးပေးထားတဲ့ tips တွေကိုလည်း သဘောကျကြမယ် အသုံးဝင်ကြမယ်လို့ထင်ပါတယ်ရှင့် ။
ကောင်းသောနေ့လေးဖြစ်ကြပါစေရှင် ။