KHS Online Shop

KHS  Online Shop good quality

ဒီရက်ပိုင်းအတွင်း ကျားဖြန့်တွေ project အသစ်တစ်ခု စမ်းသပ်နေတယ်လို့ သိထားတယ်။ အဲဒီ project က အောင်မြင်ဖို့တော်တော်နီးစပ်နေ...
29/10/2025

ဒီရက်ပိုင်းအတွင်း ကျားဖြန့်တွေ project အသစ်တစ်ခု
စမ်းသပ်နေတယ်လို့ သိထားတယ်။ အဲဒီ project က အောင်မြင်ဖို့
တော်တော်နီးစပ်နေပြီလို့လည်း သိထားတယ်။

ခု project က ဘယ်လိုလာမလည်းဆိုတော့ 18 + ပုံစံတွေရယ်
VPN ပုံစံတွေနဲ့ လာမယ်လို့ သိထားတယ်။ ယခင် E Banking
Wave Pay KBZ Pay ပုံစံတွေ၊ ဆုမဲ လက်ဆောင် ကံစမ်းမဲပေါက်တဲ့
ပုံစံတွေက တော်တော်များများက သိလာပြီး လုပ်ရကိုင်ရတာ
ထင်သလောက် မရတော့ အခု project အသစ်နဲ့ scram လုပ်ဖို့
ကြိုစားနေတယ်လို့ သိထားတယ်။

ဘယ်လိုပုံစံတွေ လာမလည်းဆိုရင် ဆန့်ကျင့်ဘက် s*x ကို Dummy
(အသုံးချခံပစ္စည်း) အဖြစ်ထားပြီး ယောက်ျားလေးဆို မိန်းကလေး
Dummy နဲ့၊ မိန်းကလေးဆို ယောက်ျားလေး Dummy နဲ့ ဗန်းပြပြီး
ဉပမာ 18 + movies/side စတာမျိုးတွေကို ကြည့်ဖို့ဆွယ်တာ
18 + character ေတွပါတဲ့ Game မျိုးတွေ ဆော့ဖို့ download link
ချပေးတာ ဒါမျိုးတွေနဲ့ လာလိမ့်မယ်။

နောက်တစ်ခုက VPN..မြန်မာနိုင်ငံက မဖြစ်မနေ VPN သုံးရတဲ့အတွက်
VPN APK Link ကို download ဖို့ link ပေးတာမျိုးတွေ စတဲ့ပုံစံတွေနဲ့
လုပ်ဖို့ ကြိုးစားနေတယ်လို့ သိထားပါတယ်။

ဒီ Project မှာ သူတို့သုံးမယ့် နည်းပညာပိုင်းက အရင်ကဟာတွေထက်
မြင့်မားပြီး ပစ်မှတ်သားကောင်တွေက အဲဒီ link ကို ဝင်လိုက်တာနဲ့
အရင်လို့ မိမိတို့ရဲ့ ဖုန်းကို fully control လုပ်ဖို့ code တွေ နှစ်ဆင့်
သုံးဆင့်ရဖို့ ကြိုးပမ်းနေစရာမလိုဘဲ ပထမဆုံး link ကို
ဝင်ပြီးသွားတာနဲ့တင် ပစ်မှတ်ရဲ့ ဖုန်းတွေဟာ နောက်ထပ်
ဘာ code မှ ရအောင်လုပ်ဖို့မလိုဘဲ ပထမအဆင့်မှာတင်ဘဲ
အပြည့်အဝ ထိန်းချုပ်ခံရမှာဖြစ်ပါတယ်။

VPN တွေကိုလည်း ကိုယ် Download လုပ်နေကျ play store
Apk downloader တွေကနေဘဲ download လုပ်ဖို့
သတိပေးချင်ပါတယ်။ ကိုယ် down နေကျ VPN ဆိုရင်တောင်
ပုံစံတူပြီးကွဲလွဲမှု ရှိ/မရှိ သေချာစစ်ဖို့ သတိပေးချင်ပါတယ်။

ကျားဖြန့်တွေ အခု ကြိုးပမ်းနေတဲ့ project မှာ E banking တွေကိုတောင်
အရင်လို OTP တွေ ရယူဖို့မလိုဘဲ အပြည့်အဝ အသုံးချနိုင်အောင်
လုပ်နေတယ်လို့လည်း သိထားပါတယ်။ ဒီလို နည်းပညာမျိုးက
နည်းနည်းမြင့်တဲ့အတွက် မဖြစ်နိုင်ပါဘူးလို့ တွေးစရာရှိပေမယ့်
ကျားဖြန့်တွေဆိုတာ သာမာန် လူ့သဘောသဘာဝနဲ့ အတွေးကို
အသုံးချပြီး လုပ်နေကြတာဖြစ်တဲ့အတွက် ဒီလိုတွေးလိုက်ရင်
ကျွန်တော်တို့ ခံသွားရမယ်ဆိုတာ သတိထားဖို့ပြောချင်ပါတယ်။

ဒီအချက်အလက်တွေဟာ ၉၀ ရာခိုင်နှုန်းနီးပါး ခိုင်လုံတဲ့ သတင်း
အချက်အလက် ရင်းမြစ်ဆီကနေ ရထားတာမလို့ အားလုံးကို
သတိထားဖို့ ထပ်ပြီး အသိပေးပါရစေ....

မှတ်ချက်။ ကျားဖြန့်တွေရဲ့ project အသစ်က အရမ်းအန္တရာယ်များတဲ့အတွက် လူများများ သိနိုင်သမျှ သိအောင် မျှဝေပေးကြဖို့ ဖြန့်ဝေပေး
ကြဖို့တောင်းဆိုပါတယ်.....
(Little Pieces)

ကိုယ် တော့ ဘယ်‌ေ နရာ ဘာ‌ေ တထူးြခား ‌ေ နလဲပဲ လ်ုက် ြကည့်မိတယ် 😃ယူတို့ ‌ေ ရာ ဘာ ြမင်လဲ 😆ရာသီဥတုပူရင် စည်းဖို့ ဂူချီခေါင်းစ...
24/04/2025

ကိုယ် တော့ ဘယ်‌ေ နရာ ဘာ‌ေ တထူးြခား ‌ေ နလဲပဲ လ်ုက် ြကည့်မိတယ် 😃
ယူတို့ ‌ေ ရာ ဘာ ြမင်လဲ 😆
ရာသီဥတုပူရင် စည်းဖို့ ဂူချီခေါင်းစည်းကွင်း တခုမှ (၁၃)သိန်းကျော်ပဲ

ကိုယ့်ချစ်သူကို မပူစေချင်ရင် လက်ဆောင်ပေးလိုက်ကြ

cr

Bkk တိုက်ရိုက် ပုံရိုက်ပီး ရောင်းပေးနေတာနော် ...By 1 Get 1 Brand အစစ်ကိုQuality ကောင်း လေးသုံးရ ဈေးလဲ တန်၂ဘူးမှ 41800 mm...
24/04/2025

Bkk တိုက်ရိုက် ပုံရိုက်ပီး ရောင်းပေးနေတာနော် ...

By 1 Get 1
Brand အစစ်ကိုQuality ကောင်း လေးသုံးရ ဈေးလဲ တန်
၂ဘူးမှ 41800 mmk ပဲနော်...
Sale တေ ချည်း နောက်ရက်တင် ပေးမှာ မို့ pageကို စောင့်ြကည့်ပေးနော်...

ခု ခေတ် ထဲ စိတ်ချ ရတဲ့ page လာ းလို့တွေ စရာမလို... 10နှစ်ကျော် ထောင် ထားတဲ့ page နော် ... online shopတေစပေါ် ထဲက အရမ်း ရောင်းခဲ့ရတာ မအားတော့တာရယ်...
ခု နောက်ပိုင်း အားမှ mood ဝင်မှ postတင် ြဖစ် တာ ‌ေ လးပဲ ‌ေြပာ စရာရှိတာ 😆

Bkk တိုက်ရိုက် ပုံရိုက်ပီး ရောင်းပေးနေတာနော် ...VNC Sale 65%လောက်ကို လျော့ တာနော် ....မူရင်းဈေး 1090 ခု 390 B ပဲ ‌ေ နာ် ...
24/04/2025

Bkk တိုက်ရိုက် ပုံရိုက်ပီး ရောင်းပေးနေတာနော် ...
VNC Sale 65%လောက်ကို လျော့ တာနော် ....

မူရင်းဈေး 1090 ခု 390 B ပဲ ‌ေ နာ် အရမ်းတန်...

68000 mmk

Size No 40 အထက် တွေပဲ
ကျန်
အကုန် ြမန်လို့ ကိုယ်size ဆိုတာနဲ့ ယူ... တန်သောနော် ...
Sale တေ ချည်း နောက်ရက်တင် ပေးမှာ မို့ pageကို စောင့်ြကည့်ပေးနော်...

ခု ခေတ် ထဲ စိတ်ချ ရတဲ့ page လာ းလို့တွေ စရာမလို... 10နှစ်ကျော် ထောင် ထားတဲ့ page နော် ... online shopတေစပေါ် ထဲက အရမ်း ရောင်းခဲ့ရတာ မအားတော့တာရယ်...
ခု နောက်ပိုင်း အားမှ mood ဝင်မှ postတင် ြဖစ် တာ ‌ေ လးပဲ ‌ေြပာ စရာရှိတာ 😆

02/01/2023

🌠💃🔥🌺🌸 The Glory (2022)

✨✨မြန်မာစာတန်းထိုး ( စ / ဆုံး) 👇

အပိုင်း ၁✨✨

https://m.facebook.com/groups/1129384787771797/permalink/1137665420277067/

https://www.facebook.com/groups/1278020646327806/permalink/1296262864503584/

အပိုင်း ၂✨✨
https://m.facebook.com/groups/1129384787771797/permalink/1137682210275388/

https://www.facebook.com/groups/1278020646327806/permalink/1296263337836870/

အပိုင်း ၃✨✨
https://www.facebook.com/groups/1129384787771797/permalink/1137708376939438/

အပိုင်း ၄✨✨
https://www.facebook.com/groups/1129384787771797/permalink/1137715893605353/

အပိုင်း ၅✨✨
https://www.facebook.com/groups/1129384787771797/permalink/1137773903599552/

အပိုင်း ၆✨✨
https://www.facebook.com/groups/1129384787771797/permalink/1137773966932879/

အပိုင်း ၇✨✨
https://www.facebook.com/groups/1129384787771797/permalink/1137786980264911/

အပိုင်း ၈ ဇာတ်သိမ်းပိုင်း✨✨
https://m.facebook.com/groups/1129384787771797/permalink/1137811476929128/

crd - channelmyanmar
crd uploder Aung Aung

ဒရမ်မာ အသစ်လေး လာပါပြီ။ မထွက်ခင်ကတည်းက အားလုံးသိထားတဲ့အတိုင်း လက်စားချေတဲ့ ဇာတ်မျိုးဖြစ်လို့ လောင်လို့ ကောင်းကြဦးမှာ အသေအချာပါပဲ။

ဇာတ်လမ်းအကျဉ်း ...

ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ တစ်ပုံကြီးနဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက် ...
ကံဆိုးစွာနဲ့ပဲ ကျောင်းတွင်းအကြမ်းဖက်မှုတစ်ခုမှာ နစ်နာသူဖြစ်ခဲ့တယ်ဆိုပေမဲ့ ကျောင်းနားရမဲ့အထဲ သူလည်း ပါဝင်ခဲ့ရတယ်။

နှစ်တွေ ကြာလာတဲ့အခါမှာတော့ တစ်ချိန်က ကျောင်းတွင်းအကြမ်းဖက်မှုမှာ အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့သူဟာ အိမ်ထောင်ရပ်သားကျပြီး သားသမီးတွေပါ ထွန်းကားခဲ့ပါပြီ။ ဒီလိုနဲ့ သူရဲ့ သားသမီးတွေ ကျောင်းနေရမဲ့ အရွယ်ရောက်လာပါတော့တယ်။

ကံကြမ္မာအလှည့်အပြောင်းအနေနဲ့ ကလေးတွေရဲ့ အတန်းပိုင် ဆရာမက တစ်ချိန်က သူ အနိုင်ကျင့်ခဲ့တဲ့သူဖြစ်နေတဲ့အခါ ...

ဘာတွေဆက်ဖြစ်မလဲ?
မိဘနဲ့ ရန်ငြိုးရှိခဲ့တာကြောင့် ကလေးတွေအပေါ် မညှာမတာလုပ်ရပ်တွေနဲ့ လက်စားချေသွားမလား?
ဆရာ ဆိုတဲ့ ဂုဏ်အတိုင်း ကလေးတွေကို ငဲ့ညာမလား? ဆိုတာတော့ ဆက်လက် ကြည့်ရှုလိုက်ကြစို့နော်

Aired: Dec 30, 2022
Aired On: Friday
Genres: Drama, Thriller, Melodrama
Duration: 60mins
Episodes: 8
Original Network: Netflix
Translated by Hay Thar Oo, Estel, Miri & Thynn
Encoded by Kinnov

ပိုစတာနဲ့တင် မိမိုက်နေတဲ့ကား😋မိသားစုတစ်ခု နေရာသစ်မှာ အိမ်တစ်လုံးဝယ်လိုက်ပြီး လင်မယားနှစ်ယောက်ရယ် သူတို့အဖွားရယ်သူတို့ကလေ...
26/07/2022

ပိုစတာနဲ့တင် မိမိုက်နေတဲ့ကား😋

မိသားစုတစ်ခု နေရာသစ်မှာ အိမ်တစ်လုံးဝယ်လိုက်ပြီး လင်မယားနှစ်ယောက်ရယ် သူတို့အဖွားရယ်
သူတို့ကလေးနှစ်ယောက်နဲ့ ပြောင်းလာကြတယ်
စ ရောက်တဲ့နေ့ညပိုင်းမှာပဲ
သူတို့အဖွားက ဒီအိမ်ကိုနည်းနည်းမသ်ကာဖြစ်လာတယ် 🙂

နောက်ရက်ကျတော့ အဖွားကြီးက ဒီအိမ်မှာသရဲရှိတယ်ထင်ပြီး မြေးမကိုပြောတော့ အိမ်အသစ်မို့လို့စိတ်ထင်တာပါဆိုပြီး လက်မခံတာနဲ့

အဖွားကြီးက နာမည်ကြီး ပုဏ္ဏားတစ်ပါးဆီသွားပြီးအကူညီတောင်းတယ်

ပုဏ္ဏားက အဲ့ဒါနဲ့အစီအရင်တွေလုပ်ခိုင်းလိုက်တယ်

နောက်နေ့ကျအဖွားကြီးပြန်သွားပြီး ပုဏ္ဏားလုပ်ခိုင်းတဲ့အစီအရင်ပစ္စည်းကိုပြန်ပြတော့
ပုဏ္ဏားက ခင်ဗျားအိမ်မှာ အားကြီးတဲ့သရဲရှိနေတယ်ဆိုပြိး

ဘယ်လိုသရဲမျိုးမဆို နှိမ်နင်းနိုင်တဲ့ ပုဏ္ဏားတစ်ပါးကိုမနက်ဖြန်ကျတော့ အဖွားကြီးအိမ်ကိုလွှတ်လိုက်တယ်

အဲ့ပုဏ္ဏားလဲ အဖွားကြီးအိမ်ရောက်တော့ သရဲသတ်တာခံလိုက်ရတယ်

ဒီလိုပုဏ္ဏားမျိုးတောင်အသတ်ခံလိုက်ရတယ်ဆိုတော့
ဘယ်လို သရဲမျိုးလဲ ...?
ဒီအိမ်မှာရော ဘယ်လိုအကြောင်းတွေကြောင့်ရှိနေတာလဲ ဒီသရဲကိုရောနှိမ်နင်းနိုင်မလား....?

အဖွားကြီးတို့ မိသားစုရော ဒီသရဲလက်ကနေလွတ်ပါ့မလား ဆိုတာကတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုအားပေးကြပါအုန်းခင်ဗျာ...။

Movie Link⏬⏬⏬
https://www.facebook.com/groups/1147562142500589/permalink/1147942592462544/

Telegram Link💜
https://t.me/jzmovice






👸

လူတစ်ယောက်၏ ပင်ကိုယ်စရိုက် တွက်နည်း=================================လူတစ်ဦးစီမှာ ပင်ကိုယ် `ဗီဇ´ လေးတွေ ပါလာတတ်ပါတယ် ။ ပြ...
19/07/2022

လူတစ်ယောက်၏ ပင်ကိုယ်စရိုက် တွက်နည်း
=================================

လူတစ်ဦးစီမှာ ပင်ကိုယ် `ဗီဇ´ လေးတွေ
ပါလာတတ်ပါတယ် ။ ပြင်ဖို့မကြိုးစားနဲ့ ၊ ကြိုသိထား ။ဆယ့်ရှစ်နှစ်ပြည့်ပြီးရင် ခေါက်ရိုးကျိုးသွားပြီ ။

(၀) လောဘကြီးသူ (အလိုဆန္ဒ ပြင်းပြသူ ၊ အကျိုးရှိအောင်လုပ်)
(၁) ဒေါသကြီးသူ (လူတကာကို လိုက်ဆဲတတ်သူ ၊ ပြတ်သားသူ)
(၂) မောဟစိတ်လွန်ကဲသူ (ထိုင်းမှိုင်းသူ၊ ရန်မလိုသူ)
(၃) မေတ္တာစိတ်ရှိသူ (ခင်တတ်မင်တတ်သူ)
(၄) ဂရုဏာစိတ်များသူ (သနားငဲ့ကွက်တတ်သူ)
(၅) မုဒိတာ စိတ်များသူ(အကုန်သူ ကြီးပွားတာ ဝမ်းမြောက်တတ်သူ)
(၆) ဥပေက္ခာသမား ( ကိုယ်ဖြစ်ကိုယ်ခံဟု
သဘောထားသူ ၊ လှည့်မကြည့်ဘဲ ထားတတ်သူ)
ဆိုပြီး (၇)မျိုး ခွဲခြာထားပါတယ် ……. ။

တွက်နည်းကတော့ လွယ်ပါတယ် ။ ကိုယ့်ရဲ့ မွေးသက္ကရာဇ်ရယ် ၊ မွေးနံကို ဂဏန်းပြောင်းပြီး
ပေါင်းပါ။ ရတဲ့အဖြေ (၇) နဲ့ စားရပါမယ် ။
ထွက်လာတဲ့ အဖြေကတော့ ကိုယ့်ရဲ ပင်ကိုယ်စရိုက်ပေါ့ ။

ဥပမာ -
သင့် မွေးသက္ကရာဇ်က ၁၃၅၃ - ခု သောကြာသားဆိုရင် ၆-ပေါ့ ။ ၁၃၅၃+၆=၁၃၅၉
၁၃၅၉÷၇=၁ ( ကြွင်းတော့ - ဒေါသကြီးသူပေါ့ )

မြန်မာမွေးနှစ်မသိတဲ့လူတွေအတွက်တော့
http://www.mmcalendar.com/index.php
အဲဒီထဲမှာ အင်္ဂလိပ်ခုနှစ်က
မြန်မာခုနှစ်ပြောင်းပြီး ကြည့်နိုင်ပါတယ် ။

ကဲ ! အောက်မှာ ကိုယ့်ရဲ့ စရိုက်လေးကို တွက်ကြမယ်!

အကြွင်း ( 0 ) လောဘ
====================

သူကတော့ လိုချင်စိတ်များတယ် ။ ရတာနဲ့
မတင်းတိမ်ဘူး ။ ရောင့်၇ဲတဲ့ စိတ်မရှိဘူး ။ ရောက်တဲ့ နေရာမှာ မပျော်ဘူး ။ ဒီထက်သာယာတဲ့ ဘဝကို
လိုလားတဲ့ သူ ။ တစ်ခုမပြီးခင် နောက်တစ်ခု
လုပ်ချင်တယ် ။ ဘယ်အရာမဆို လက်ဝါးကြီး
အုပ်ချင်တယ် ။ ဘယ်တော့မှလည်း နောက်လိုက်
မလုပ်ချင်ဘူး ။ ကိုယ်ရယူပိုင်ဆိုင်ဖို့ဆိုရင်
ဘယ်အရာကိုမှ မထောက်ထားဘူး မှားသည်
မှန်သည် မခွဲခြားဘူး ။ ဘယ်နည်းနဲ့ မဆို
ရအာင်ယူမှ ကျေနပ်တဲ့ သူဖြစ်တယ် ။

လိုချင်စိတ်များတော့ ဘာမဆိုလုပ်ရမှာ ၀န်မလေး
သူပေါ့ ။ ချမ်းသာလိုတယ် ကြွယ်၀လိုတယ်
ချမ်းသာခြင်းကိုလဲ ရမယ့် သူ။ ဒါပေမဲ့ မှားလား
မှန်လား တရား၀င်လား တရားမ၀င်လား တွေးမှာ
မဟုတ်တဲ့အတွက် ဒုက္ခတော့ တွေ့နိုင်တာပေါ့ ။
ဘယ်လိုပဲ ဖြစ်ပါစေ သူကဘ၀ကို ရည်မှန်းချက်
ကြီးကြီးနဲ့ ဖြတ်သန်းမည့်သူပါ ။ သူတစ်ပါးမှာ
ရှိတာထက် လိုချင်စိတ်မြင့်မားနေတော့ လူတော်တွေ
ဖြစ်တတ်ပါတယ် ။ လိုချင်တဲ့ စိတ်ကလေးကို
စနစ်တကျ အသုံးပြုသွာမယ်ဆိုရင် ဒိတ်ဒိတ်ကြဲ
လူသားဘ၀ကို ပိုင်ဆိုင်ရမှာ အမှန်ပါ ။

အကြွင်း ( ၁ ) ဒေါသ
=================

စိတ်ကြီးတယ် မဟုတ်မခံစိတ်များတယ် ။
မတော်မတရား လုပ်တာတွေ့ရင် ကိုယ့်ကိစ္စမဟုတ်လဲ
၀င်ပါဖို့ ၀င်ပြောဖို့ ၀န်မလေးတဲ့သူ ။
ဘေးကနေ အလိုလို ဒေါသထွက်နေတတ်တယ် ။ စိတ်တိုဒေါသထွက်ရင်လဲ ဘာမဆို လုပ်ပစ်ပြောပစ်
လိုက်မှ ကျေနပ်တဲ့သူပေါ့ ။ စိတ်ကသာကြီးပါတယ်
သူ့နှလုံးသားကတော့ ဖြူစင်လွန်းပါတယ် ။ ဘယ်တော့မှ ကိုယ့်ဘက်ကစပြီး ရန်မလုပ်ဘူး ။ သန့်သန့်လေးပြောတတ်ဆိုတတ်တယ် ။ လာစော်ကားပြီး လာငြိပြီ
ဆိုရင်တော့ စိန်ခေါ်ရင် တိမ်ပေါ် အထိ လိုက်မဲ့သူပဲ ။ ပင်ကိုစိတ်ရင်းကောင်းတယ် ။

သူတစ်ပါးကို ပေးရမှာ ကျွေးရမှာ ထိပ်ဆုံးကပေါ့ ။ဒါပေမဲ့ စိတ်မြန် ဒေါသ ထွက်လွယ်တာကြောင့် အန္တရာယ် အမြဲ ရင်ဆိုင်ရတတ်တယ် ။ စိတ်မြန်ပုံကတော့ ဖိနပ်စီးရတာ ခက်နေရင်တောင် ဖိနပ်ကို
ကန်ထုတ် ရန်လုပ်ပြီး ဖိနပ်မပါပဲ လျှောက်သွာတတ်တဲ့ သူမျိုး ။ ကိုယ်ကို လာစော်ကားလာရင်လဲ ဘယ်တော့မှ ခွင့်မလွှတ်ဘူး ။ ဖြစ်ခဲ့တာကို စဉ်းစားပြီး စိတ်ထဲမှာ
တနုံ့နုံ့နဲ့ တွေးပြီး ကြိတ်မနိုင်ခဲမရ ဒေါပွနေတတ်တယ် ။ အဲဒီစိတ်ကလေးကို ထိန်းနိုင်တဲ့ နေ့ရောက်ရင်
ချမ်းသာကြီးပွားတဲ့ လမ်းပေါ်ကို စရောက်တဲ့နေ့ပါပဲ ။ ဘယ်သို့ဆိုစေ “လူဖြောင့်စိတ်တို´´ဆိုတဲ့
စကားအတိုင်း အလွန်ရိုးဖြောင့်တဲ့ သူတစ်ယောက်ပါ ။

အကြွင်း ( ၂ )မောဟ
==================

သိပ်တွေဝေတတ်တယ် ဘယ်အရာမဆို ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင် မချနိုင်ဘူး ။အရာရာကို မေ့လျှော့နေတတ်တယ် ။ တစ်ခါတစ်လေး ငေါင်တောင်တောင်နဲ့ ငေးမောနေတတ်တာတောင်တွေ့ရတတ်ပါတယ် ။ သီးသန့်နေလို့စိတ်ပြင်းတယ် ။ပြသနာတစ်ခု တစ်ယောက်ထဲ မဖြေရှင်းနိုင်ဘူး မြွေမသေ ဒုတ်မကျိုး လုပ်တတ်တယ် ။ အလွန်တော်တဲ့ ဖြန်ဖြေရေ း သမာလေး။ ကြား၀င်ဖြေရှင်း ရမယ်ဆိုရင် နှစ်ဖက်နှခွ မြင်တဲ့သူ။ အပြောအေးအေးလေးနဲ့ ကျလောက်အောင် ပြောတတ်တဲ့သူ။ သူ့၇ဲ့ ရိုးပုံအေးပုံကြောင့် လူတိုင်းက ခင်ကြတယ် ။ သူကတော့ ရောက်တဲ့နေရမှာ ပျော်အောင်နေမယ် ။

ပြသနာတွေ့ရင်တောင် ဒါတွေကို မေ့လျှော့ပြီး ကိုယ်လုပ်ချင်တာ လုပ်နေမဲ့ သူပဲ ။ဒါ့ကြောင်ဘာကိုမှ လေးလေးနက်နက် မရှိဘူးလို့ အထင်ခံရတတ်တယ် ။ စကားသာ ကျလောက်အောင်ပြောတာ တစ်ခါတစ်လေ ရှေ့နောက်မညီ ပြောပြီးတာတွေ မေ့တတ်ပြန်တယ် ။စိတ်ဓာတ်တတ်လွယ် ကျလွယ်တယ် ။ အရာရာ မပြတ်မသား နှောင့်နှေးလွန်းတော့ ဘ၀အခွင့်အရေး တွေ မကြာခဏ လက်တစ်လုံးကြား ဆုံးရှုံးရတတ်တယ် ။ သူ့ဘ၀ကို နိုင်နိုင်နှင်းနှင်း ပဲ့ထိန်းပေတဲ့ သူရှိမှ သူဘ၀က ဟန်ကျမယ် ။ နောက်ကတစ်ချိန်လုံး လိုက်ပြောနေမှ တန်ရုံကျမှာ ။အပြောခံရလို့ စိတ်ဆိုးမှာတော့ မပူနဲ သူကဘယ်တော့မှ မှတ်မထားလို့ပါ ။

အကြွင်း ( ၃ ) မေတ္တာ
===================

သူကတော့ မေတ္တာ ရှင်ကြီးပေါ့ ။ အားနာတတ်တယ် ၊ယုံစားလွယ်တယ် ၊ သူတစ်ပါးအပေါ် ခွင့်လွတ်နားလည်စိတ်ရှိတယ် ။ သည်းခံစိတ်ရှိတဲ့နေရာမှာ နှစ်ယောက်
မရှိဘူး ။ အောချရလောက်တဲ့ အထိပေါ့ ။ အရာရာကို ရင်ဆိုင်ရဲတယ် ။ လူသားအားလုံးအပေါ်
လေးလေးစားစား ဆက်ဆံတတ်တယ် ။ ကိုယ့်ကိုယ်ကို အမြဲ နှိမ့်ချနေတတ်တယ် ။ သူအနေနဲ့ ရိုးပေမယ့်
သွားအထင်မသေးပါနဲ့ ။ သူ့မှာချစ်တဲ့ခင်တဲ့
သူတွေ အလွန်ပေါတဲသူပါ ။ လမ်းလေဂျပိုး လူမိုက်ကအစ လုပ်ငန်းရှင်ကြီးအထိ သူ့ကိုခင်ကြတယ် ။

အရေးအကြောင်းဆို ကူညီဖို့အသင့်ပဲ ။ မြင့်မြတ်တဲ့ စိတ်သဘောထားအပေါ် လူတိုင်းက နေရာပေး
ဆက်ဆံကြတယ် ။ ရန်သူအပေါ်မှာတောင်
မေတ္တာထားတော့ ဘေးလူတွေနာမလည် အားမလို
အား မရ ဖြစ်တတ်ကြတယ် ။ ဒါပေမဲ့ ရန်သူကို
မေတ္တာနဲ့ အဆုံးမှာ စည်းရုံးနိုင်တဲ့ သူပါ ။ စိတ်သဘောထားကြီးတယ် ။ မဟုတ်တာ မလုပ်တဲ့သူ ။ ဘယ်သူ့ကို
မဆို တန်ဖို့းထားဆက်ဆံတတ်တယ် ။ အပြောသမားမဟုတ်ဘူး လက်တွေ့ဆန်တယ် ။ အေးအေးချမ်းချမ်း
နေချင်တဲ့သူ ။ အချစ်မေတ္တာအပေါ် အလေးအနက်
ထားတယ် ။ အခက်အခဲ ကိုရင်ဆိုင်ရရင်တောင်
မေတ္တာ ရှေ့ထားပြီး အောင်မြင်မှုကို ရယူတဲ့သူပါ ။ အားလုံးသိပါတယ် အောင်ခြင်(8)ပါးကို
မြတ်စွာဘုရားက မေတ္တာနဲ့ အောင်မြင်ခဲ့တာကိုလေ ။

အကြွင်း( ၄ )ဂရုဏာ
=================

ရင်ထဲမှာစာနာတတ်တယ် ၊ ခံစားတတ်တယ် ၊
ကြင်နာတဲ့စိတ်အပြည့်ရှိနေတယ် ။ သိပ်ကို
ကိုယ်ချင်းစာတတ်တယ် ။ ချစ်သူခင်သူဖြစ်စေ
သတ္တဝါတွေကိုဖြစ်စေ " သနားပါတယ်နော် " ဆိုပြီး စာနာစိတ်နဲ့ အမြဲကူညီလို့စိတ်ရှိတယ် ။ သနားအောင်ပြောရင် ဘယ်လောက်စိတ်ဆိုးနေပါစေ ခွင့်လွှတ်တယ် ။ ဂရုဏာသမားမို့ ရန်သူကိုတောင် သနားတတ်တဲသူ ။စိတ်ဆိုးလဲ ခဏပဲ ။ ရန်သူကို သူ့ခမျာ ငါ့ကိုတစ်ချိန်လုံး ရန်လိုနေတာ သနားပါတယ်တဲ့လေ ။ ဒါပေမဲ့
သူကသူတစ်ပါးအပေါ် ဂရုဏာထားသလို သူ့အပေါ်မှာ ဂရုစိုက်မှ ကျေနပ်တတ်တဲသူ ။ သူ့ကိုဂရုမစိုက်ဘူး အလေးမထာဘူး အချစ်ပေါ့တယ်လို့ ထင်ရင် စိတ်ကောက်ပြီး ဝုန်းတိုင်းကျဲ အရွဲ့တိုက်တတ်သူ ။

၀မ်းနည်းလွယ်တယ် တစ်ဇွတ်ထိုးလုပ်တတ်တယ် ။
ငါကောင်းသလောက် ငါ့အပေါ်မကောင်းဘူးလို့ စိတ်၀င် ၀မ်းနည်းသွာပြီဆိုရင် အမြန်လေးသာ ချော့လိုက်ပါ ။လူပုံစံ စတိုင် ၊ ဟန်ပန်က အစ ပြုမူပြောဆိုပုံက
မာကျစ်ကျစ် ၊ ဘုခွပြော ၊ မသနားတတ်တဲ့ ကြင်နာစိတ်
မရှိတဲ့ သူလိုအပြင်ပန်းမှာ ပေါ်နေတယ် ။ တကယ်အတွင်းစိတ် ရင်ထဲမှာတော့ ဂရုဏာ အပြည့်ရှိတဲသူပါ ဂရုဏာကြီးတဲ့ ဟန်ဆောင်နေတဲ့ သူနဲတော့ တခြာစီပေါ့ ။သူ့သဘော သူ့သဘာ၀ သူ့မနောကိုသိတဲ့ သူတွေကတော့ လေးလေးစားစား နဲ့ သူ့အရိပ်ကို ခို၀င်ကြတယ် ။ ဦးဆောင်သူ ၊ ဆရာတွေ ၊ သမားတော်တွေ
တော်တော်များများကတော့ ကရုဏာရှင်တွေပေါ့ ။

အကြွင်း( ၅ )မုဒိတာ
====================

မုဒိတာကို လက်ကိုင်ထားနိုင်သူမျိုးကတော့
ရှားပါးလှပါတယ် ။ သူကတော့ ရှားရှားပါးပါးထဲက
သူတစ်ယောက်မို့ လူတစ်သောင်းမှာ တစ်ယောက်
တွေ့ခဲလှတဲ့ မုဒိတာ ပွားနိုင်တဲ့ သူတစ်ယောက်ပေါ့ ။သူတစ်ပါးအောင်မြင်တာ ၊ ချမ်းသာကြွယ်၀တာ ၊
ထွန်းထွန်းပေါက်ပေါက်ဖြစ်တာ ၊ နာမည်ကြီးတာ ၊
ငွေရတာ ၊ အလုပ်တိုးတတ်တာ တွေ့ရင် ကိုယ်ကပဲ
ဒါတွေကို ခံစားနေရသလိုလိုနဲ့ ပိတိဖြာပြီး ဘေးကနေကြည်နူးနေတတ်တဲ့ သူမျိုး ဒီကမ္ဘာမှား ရှားပါတဲသူပေါ့ ။ မနာလို ၀န်တိုစိတ်မရှိဘူးအတင်းအဖျင်းမပြောတတ်ဘူး မြင့်မြတ်တဲ့ စိတ်ရှိတယ် ။ အရာရာ ရင်ထဲ ခံစားပြီးမှ လုပ်တတ်ပြောတတ်တဲ့သူ ။ မှန်ကန် မြင့်မြတ်တဲ့စိတ်ကြောင့်အောင်မြင်မှုထိတ်တန်းရောက်တယ် ။

ကိုယ်က သူတစ်ပါးကို ဝေဖန်တိုက်ခိုက်တာ ၊
သူတစ်ပါးကို ငယ်ကျိုးငယ်နာ ဖော်ပြီး ဒုက္ခပေးတာမျိုးလုံး၀မုန်းတီးတယ် ။ ကိုယ်ကလဲ မလုပ်ဘူး ၊
လုပ်ရပ်တွေကိုလဲ လက်မခံဘူး ။ ရှောင်ရှားတယ် ။
သူတစ်ပါး အားနည်ချက်အားသာချက်ကို ဖော်ထုတ်ပြီးချီးကျူးပြီးကောင်းတဲ့ အပြုသဘောတွေကို အကြံပေးမှုလေးတွေကြောင့် သူ့ကိုချစ်ခင်သူတွေပေါတယ် ။
မနာလို၀န်တိုစိတ်မရှိပဲ သူတစ်ပါးအပေါ်
မျှဝေခံစား တတ်လို့ ကြီပွားအောင်မြင်မှာ မလွဲပါဘူး ။
အရာရာ အပေါ်မှာ ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့
ဖြစ်ထွန်းစေသလို ကိုယ်တိုင်လဲ ဖြောင့်ဖြောင့်
မှန်ှမှန်နဲ့အမြဲကြိုးစားနေတဲ့ မြင့်မြတ်တဲ့
နှလုံးသား ပိုင်ရှင်တစ်ဦးပါ ။

အကြွင်း( ၆ )ဥပေက္ခာ
====================

အလွန်ထူးခြားတဲ့ နှလုံးသားပိုင်ရှင်ပေါ့ ။ ဘာသိ
ဘာသာ အေးအေးဆေဆေးပဲ နေတတ်တယ် ။ သူတစ်ပါးကိစ္စတွေကိုလဲ ကိုယ်နဲ့မဆိုင်အောင်
အမြဲကြိုးစာနေတတ်တယ် ။ ၀င်ပြီး စွတ်ဖက်တဲ့
သဘာ၀ ကင်းတယ် ။ ရန်သူကိုတောင် ဒေါသထွက်ပြီး ရင်မဆိုင်ပဲ မသိသလို့ ကိုယ့်ကို ရန်လုပ်တာ မဟုတ်သလို ခပ်မဆိတ်နေတတ်တယ် ။ ဥပေက္ခာပြု ကျောခိုင်း
နေတတ်တယ် တည်ကြည်တည်ငြိမ်ပြီး လူသား
အားလုံးကို ကိုယ်စိတ်ကမှန်တယ်ထင်တာ
လုပ်နေကြတာပဲတဲ့ ။ ဘာ၀င်စွတ်ဖက်စရာလို့လဲဆိုတဲ့ သဘော ထားတတ်တယ် ။ ကိုယ့်ကိစ္စနဲ့ ဆိုင်တဲ့
၀န်းကျင်အလုပ်ကို စူးစူးစိုက်စိုက် လုပ်တတ်လို့ အောင်မြင်ကြီးပွားကြပါတယ် ။ ထူးခြားချက်က
အနေအေးပြီး အရာရာ ကိုမသိဘူးမထင်နဲ့ ။
အရာရာကို သိတယ် လေ့လာတယ် ။ ပတ်၀န်းကျင်ကို
အမြဲ လေ့လာနေတယ် ။ဖြစ်ပေါ်လာတဲ့ အကြောင်း
ဆက်တွေအပေါ် နားလည်လွန်းလို့
အရာရာကို အပြစ်မမြင်ပဲ နေတတ်တဲ့သူ ။

အခက်အခဲတွေ ၊ ဒုက္ခတွေကို သူ့ဆီမှာ အကူညီ
တောင်း ကြည့် ။ ကိုယ့်ပြသနာ တစ်ခုကို သူ့ပြသနာ
တစ်ခုလို လှိုက်လှိုက်လှဲလှဲ သဘောထာပြီး ကူညီမှာသေချာတယ် ။ ကိုယ်နဲ့ မပတ်သက်သမျှ ၀င်မပါဘူး ။ ကိုယ်နဲ့ မိတ်ဆက်မပေးသမျှ မည်မျှမျက်မှန်းတန်းနေပါစေ ပြုံးပြနှုတ်ဆက်မှာမဟုတ်ဘူး ။
ယဉ်ကျေးတယ် သိမ်မွေ့တယ် ၊ အရေးကြုံလာရင် တကယ်အားထားရတယ် ။ အကယ်ကို အမြင်
ကြည်လင်တဲ့ သူတွေပေါ့ ။ တစ်နေ့မှာသူဟာ
ဘာသာ သာသနာအတွက် တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်နိုင်သူ တွေလို့ ရှေးပညာရှိတွေက ဆိုပါတယ် ။

(စံဇာဏီဘို)
Crd - တိုးတက်ရောင်ခြည်စာကြည့်တိုက်
Copy


🙏🙏🙏

REလက်ရှည်ခါးဝဲအပေါ်ထပ်(အထဲနွေးပါ)7800Size-4Colour-32 to 5 years
15/08/2021

REလက်ရှည်ခါးဝဲအပေါ်ထပ်(အထဲနွေးပါ)
7800
Size-4
Colour-3
2 to 5 years

New 012907500ပုံပါအရောင်လေးဆိုဒ်3နှစ်မှ 5နှစ်ထိကြိုးသိုင်း ရှေ့ခွဲဝမ်းဆက်အသန့်
15/08/2021

New 01290
7500
ပုံပါအရောင်
လေးဆိုဒ်
3နှစ်မှ 5နှစ်ထိ
ကြိုးသိုင်း ရှေ့ခွဲဝမ်းဆက်
အသန့်

စကိတ်Price-9600
15/08/2021

စကိတ်
Price-9600

ကလေး ပိုးစပန့်ခင်းစုံတစုံ။   13000
15/08/2021

ကလေး ပိုးစပန့်ခင်းစုံ
တစုံ။ 13000

Travel ဝမ်းဆက်9400Size -3colour -33 to 6 years
15/08/2021

Travel ဝမ်းဆက်
9400
Size -3
colour -3
3 to 6 years

Address

Yangon

Website

Alerts

Be the first to know and let us send you an email when KHS Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share