May Online Shop

May Online Shop 09793019631 vb

ဆင်ခြေဖုံး ရှေးခေတ်က ဘုရင်တွေဟာစစ်တိုက်ထွက်ရင် ဆင်ကိုသုံးတယ်အကယ်၍ အဲဒီဆင်က ခြေထောက်နာသွားပြီဆိုရင် သုံးမရတော့ဘူးဒီတော့ဆင...
06/06/2024

ဆင်ခြေဖုံး

ရှေးခေတ်က ဘုရင်တွေဟာ
စစ်တိုက်ထွက်ရင် ဆင်ကိုသုံးတယ်

အကယ်၍ အဲဒီဆင်က
ခြေထောက်နာသွားပြီဆိုရင် သုံးမရတော့ဘူး

ဒီတော့
ဆင် ရဲ့ခြေကိုကာကွယ်စောင့်ရှောက်ဖို့
စစ်သည်တော် တွေထားတယ်
ဆင်ခြေဖုံး စစ်သည်တော် လို့ခေါ်ကြတယ်

သူတို့တွေက
အဲ့ဒီ ဆင်အတွက်တော့
အလွန်အရေးပါတယ်

နောက်တော့
မြို့တွေတည်လာတဲ့အခါ
မြို့ ရဲ့ ဘေးနားက ဝန်းရံတဲ့
ရပ်ကွက်တွေကို
မြို့ဆင်ခြေဖုံးရပ်ကွက်တွေလို့ခေါ်တယ်

လက်လုပ်လက်စားလူတန်းစားတွေ
အလုပ်ကြမ်းလုပ်တဲ့သူတွေ
နေကြတာများတယ်
သူတို့လည်းသူ့နေရာနဲ့သူအရေးပါတယ်

လောကကြီးမှာအလုပ်ကြမ်းလုပ်တဲ့သူက
မရှ်ိမဖြစ်အရေးကြီးတယ်
အဲဒီလိုလူတွေ
ဘဝတွေပျက်ပြီး
အလုပ်လက်မဲ့ ဖြစ်ကုန်ရင်
စာရိတ္တတွေပျက်ပြီး
ခိုးဆိုးလုယက်ဘဝရောက်သွားရင်
မြို့ပူပြီ

မြို့ပူရင် နိုင်ငံဆူပြီ

ဆင်ခြေမလုံရင်စစ်ရှုံးနိုင်သလို
ဆင်ခြေဖုံးရပ်ကွက်က
အခြေခံလူတန်းစားကို ဂရုမစိုက်မိရင်
တိုင်းပြည် အထိနာမယ်

တိုင်းပြည်တခု ထူထောင်ဖို့က
အခြေခံ လူတန်းစားက အဓိက ကျတယ်

မယုံမရှိနဲ့
အခုဆို
ဆင်ခြေဖုံးတွေက
တော်တော်တော်လေးပျက်စီးနေပြီ

Credit to Original Owner

အသီးဝယ်မည်ဆိုလျှင်…ရွေးနည်းလေးတွေသိရအောင်ပါ
29/03/2024

အသီးဝယ်မည်ဆိုလျှင်…

ရွေးနည်းလေးတွေသိရအောင်ပါ

K နှင့် အခြားဆေးဝါးများ ဆိုးကျိုးအပျော်အပါးအတွက်ဟု ဆိုကာ ပေါ့ပေါ့ပါးပါး သုံးစွဲနေကြသော်လည်း မထင်မှတ်ရလောက်သည့် ဆိုးကျိုး...
08/03/2024

K နှင့် အခြားဆေးဝါးများ ဆိုးကျိုး

အပျော်အပါးအတွက်ဟု ဆိုကာ ပေါ့ပေါ့ပါးပါး သုံးစွဲနေကြသော်လည်း မထင်မှတ်ရလောက်သည့် ဆိုးကျိုးများက များလှသည်။ မူဆယ်မြို့ပေါ်ရှိ KTV ဆိုင်များတွင် တစ်လလျှင် အနည်းဆုံး လူတစ်ဦး K ရှူ၍ သေဆုံးနေသည်။

K ရှူရင်း အရက်နှင့် အရက် ပါဝင်မှုများပြားသည့် ဘီယာ၊ ဝိုင်များ သောက်သုံးရင်း သတိလစ် သေဆုံးသွားသူ အများစုသည် အသက် ၂၃၊ ၂၄ နှစ်ခန့် လူငယ်များ ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာစသိမ်းသည့် ၂၀၂၁ နောက်ပိုင်း နှစ်နှစ်ကျော်အတွင်း မူဆယ်မြို့တွင် K သည် တစ်ဟုန်ထိုး ပျံ့နှံ့လာခဲ့ပြီး တိကျသည့် စာရင်းအချက်အလက်များ ကောက်ယူထားခြင်း မရှိသော်လည်း လက်ရှိအချိန်ထိ မူဆယ်မြို့တွင် K ရှူမှုကြောင့် သေဆုံးသူ ၁၅ ဦးထက်မနည်း ရှိကြောင်း မိုင်းစိန်ဝင်းက ပြောသည်။

အဆိုပါသေဆုံးမှုများကို သတင်းအမှောင်ချထားသောကြောင့် မည်သည့်သတင်းဌာနများမှာမှ မတွေ့ရသလို သေဆုံးမှုလူဦးရေသည်လည်း သူသိသည်ထက် များနိုင်ကြောင်း ဆိုသည်။

မူဆယ်မြို့မှ K သားကောင်အများစုသည် အသက် ၁၄ နှစ်မှ ၄၀ နှစ်အကြား ဖြစ်ပြီး စစ်အာဏာသိမ်းမှုကြောင့် နယ်စပ်ဒေသများတွင် အလုပ်လာရောက်လုပ်ကိုင်သူများနှင့် ဒေသတွင်း အလုပ်အကိုင်ရှားပါးမှုဒဏ် ခံနေရသူများ ဖြစ်ကြသည်။

ထိုအရာသည် မူဆယ်လို နယ်စပ်မြို့အပြင် မန္တလေး၊ ရန်ကုန် စသည့် မြို့ကြီးများအထိ လူငယ်များအကြား လွှမ်းမိုးမှုများရှိနေပြီ ဖြစ်သည်။

K သည် တရုတ်ဘက်မှ စတင်ဝင်ရောက်လာကာ နယ်စပ်တစ်လျှောက် ရှမ်းပြည်နယ်တွင် သုံးစွဲမှု အများဆုံးဖြစ်ပြီး “ဝ” ဒေသ၊ မိုင်းလား၊ လောက်ကိုင်မှတစ်ဆင့် မူဆယ်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်ဟု ဆိုကြသည်။

K သုံးစွဲသူများသည် အဆုတ်နှင့် ဦးနှောက်တွင် ထိခိုက်မှုများရှိပြီး သတိလစ်လဲကျခြင်း၊ အကြောသေခြင်း၊ နှုတ်ခမ်းများ ပြာနှမ်းလာခြင်း၊ နှာရည်ယိုခြင်းများ ကြုံတွေ့နိုင်သည်ဟု ဆေးပညာရှင်များက သုံးသပ်ထားကြသည်။

K အလွန်အကျွံ သုံးစွဲပါက သေဆုံးနိုင်လောက်သည်အထိ ကြုံတွေ့ရပြီး တချို့သည် ပထမဆုံး သုံးစွဲစဉ်မှာပင် ရုတ်တရက်သေဆုံးနိုင်ကြောင်း၊ အရက်နှင့် တွဲဖက်သုံးစွဲပါက သေဆုံးမှုနှုန်း သိသိသာသာ မြင့်တက်လာကြောင်း ဘန်ကောက်ဆေးရုံ၏ ကျန်းမာရေးအသိပေးချက်တွင် ဖော်ပြထားသည်။ လက်ရှိ ထိုင်းနိုင်ငံတွင် မူးယစ်ဆေးသုံးစွဲသူများ သေဆုံးမှုနှင့် ဆက်စပ်နေကြောင်း ပါရှိသည်။

K သုံးစွဲပြီး မကြာမီအချိန်အတွင်းပင် ကယောင်ကတမ်း မြင်ယောင်ခြင်း၊ ယာယီလေဖြတ်ခြင်းများ ဖြစ်နိုင်ကာ ရေရှည်တွင် ဦးနှောက်ပျက်စီးမှုနှင့် မှတ်ဉာဏ်နှင့် အာရုံခံမှုတို့အပါအဝင် ဦးနှောက်လုပ်ဆောင်ချက်များ ချို့ယွင်းလာစေကြောင်း အထူးကုဆရာဝန်ကြီးများကို ကိုးကား၍ ဖော်ပြထားသည်။

ကတ်တမင်းနှင့် မက်သအင်ဖက်တမင်း (Methamphetamine) တို့သည် နှလုံးရောဂါ သို့မဟုတ် နှလုံးသွေးကြောပိတ်ခြင်းတို့ကို ဖြစ်ပေါ်စေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် သတိလစ်မှုတို့ ဖြစ်ပေါ်စေနိုင်ကာ သုံးစွဲသူတစ်ဦးစီ၏ တစ်ဦးချင်းအခြေအနေများအပေါ်တွင် သိသိသာသာသက် ရောက်နိုင်သည်ဟု သိရသည်။

မူးယစ်စေသောအရာ ၆ မျိုး ပေါင်းစပ်ထားသော Happy Water သောက်သုံးသူများသည်လည်း အိပ်မပျော်ခြင်း၊ ခန္ဓာကိုယ်ထိန်းချုပ်နိုင်မှု ခက်ခဲလာခြင်း၊ စိတ်ကယောင်ချောက်ချားဖြစ်လာခြင်းများ ကြုံတွေ့လာရနိုင်ကာ တစ်ဦးချင်းအပေါ် သက်ရောက်မှု မတူညီကြောင်း ဆေးပညာရှင်များက ပြောထားကြသည်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်ခန့်ကစင်္ကာပူဆိုတဲ့တံငါကျွန်းရွာလေးက #လီကွမ်ယု  ဆိုတဲ့ လူငယ်လေးတစ်ယောက်က အခုလို ပြောဖူးပါတယ...
18/02/2024

လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်ခန့်က
စင်္ကာပူဆိုတဲ့တံငါကျွန်းရွာလေးက
#လီကွမ်ယု ဆိုတဲ့ လူငယ်လေးတစ်ယောက်က
အခုလို ပြောဖူးပါတယ်။

" မြန်မာပြည်က အရမ်းခမ်းနားတဲ့
ရန်ကုန်တက္ကသိုလ်ကြီးမှာ ကျောင်းတက်နိုင်ဖို့က
ငါ့ရဲ့ အိပ်မက်ပဲ ... "တဲ့။

၁၉၅၀- ၆၀ ခုနှစ်အတွင်း၊ ရွှေတစ်ကျပ်သား
၂၀၀/ ၃၀၀ ခေတ်၊ မြန်မာတွေ ရွှေထီးဆောင်း
ခဲ့ကြစဉ်ကပေါ့။

အဲဒီတုန်းက

ရန်ကုန်မြို့ဆိုတာ အရှေ့တောင်အာရှမှာ
အလှပဆုံးနဲ့ခေတ်အမှီဆုံးမြို့တော်...

မင်္ဂလာဒုံလေယဥ်ကွင်းဆိုတာ အရှေ့တောင်
အာရှမှာအကျယ်ဆုံးနဲ့အကောင်းဆုံးလေယဥ်ကွင်း..

ရန်ကုန်တက္ကသိုလ်ဆိုတာ အရှေ့တောင်အာရှမှာ
နာမည်အကြီးဆုံးနဲ့အခမ်းနားဆုံး နံပါတ်တစ်
တက္ကသိုလ်...

နှစ် ၆၀ ကြာအပြီး...

ဒီနေ့ခေတ်မှာတော့ အရာအားလုံးက ပြောင်းပြန်
တွေဖြစ်ကုန်ပါရောလား...။ ။

🥺🥺🥺

တောင်တန်း၏အခြားတစ်ဘက်ခြမ်း(၁)   ရှမ်းရိုးရာဝတ်စုံဖြစ်သည့်  စိမ်းနုရောင်ဝမ်းဆက်ကိုဝတ်ဆင်ထားသည့် ဆယ့်ရှစ်နှစ်အရွယ်  မိန်းက...
15/02/2024

တောင်တန်း၏အခြားတစ်ဘက်ခြမ်း

(၁)
ရှမ်းရိုးရာဝတ်စုံဖြစ်သည့် စိမ်းနုရောင်ဝမ်းဆက်ကို
ဝတ်ဆင်ထားသည့် ဆယ့်ရှစ်နှစ်အရွယ် မိန်းကလေး
သည် (canon)ကင်မရာကိုပွေ့ကိုင်ထားသော ခွန်းသ
အား လက်ယပ်ခေါ်နေ၏။
ထိုမိန်းကလေးသည် သူနှင့်အသက်ရွယ်တူပုံစံရှိပြီး
ဖြူဝင်းသော အသားအရေရှိသည်။ နက်မှောင်သော
ဆံနွယ်တို့က ခါးအထိတိုင်အောင် ရှည်လျားပါသည်။
ဖြူနုနုမျက်နှာလေးကလည်း ပလပ်စတစ်ဆာဂျူရီ
နည်းပညာဖြင့်ပြန်လည်ပြုပြင်ထားသော မိန်းကလေး
တွေထက်ပင် လှပနေသေးသည်။
သူမ၏အနားတွင် အဘွားအိုတစ်ယောက်ရပ်နေပြီး
အဲသည့်အဘွားအိုသည် ညောင်ရွှေ-စက်မှုစုန်သွား
လမ်းတွင်လိပ်ပြာတွေကို ဓါတ်ပုံသွားရောက်ရိုက်ကူး
စဥ်က ဆုံတွေ့ခဲ့သောအဘွားဖြစ်သည်။
သူမတို့နှစ်ဦးသည် ဟိုဘက်ချောင်းကမ်းပါးတွင်
ရပ်နေပြီး ကြည်လင်အေးမြသည့် တောင်ကျရေတွေ
တသွင်သွင်စီးဆင်းနေသော စမ်းချောင်းငယ်လေးက
အလယ်တွင် စည်းခြားနေပါသည်။
ထိုစမ်းချောင်းလေးသည် ခြေမျက်စိခန့်သာနက်ပြီး
ရောင်စုံငါးကလေးတို့ ကူးခတ်ဆော့ကစားနေကြပါ
သည်။ဟိုဘက်ချောင်းကမ်းပါးတွင် ပေါက်ရောက်နေ
သည့် သုံးပေခန့်မြင့်သောဝါးမြက်ရုံတွင် အဖြူရောင်
လိပ်ပြာလေးတွေ အုပ်စုလိုက်ဝဲပျံနေကြသည်။
" အစ်ကိုရေ။ ညီမကဒီမှာလေ။ ညီမဆီလာခဲ့ပါဦး။
အစ်ကိုကို့စောင့်မျော်နေတာ နှစ်ပေါင်းများစွာ ကြာလှ
ပြီ "
ထိုမိန်းကလေးက သူ့ကို အကြိမ်ကြိမ် အော်ခေါ်နေ
သော်လည်း ဘာမှပြန်မပြောမိပါ။ပါးစပ်က ကော်ဖြင့်ကပ်ထားသလိုစေးကပ်နေပြီ လှုပ်၍မရသောကြောင့် ပြန်ပြော၍လည်းမရပါ။
စမ်းချောင်းသည် အတော်ကျယ်သဖြင့် အားကုန်
သုံး၍ခုန်လျှင်တောင်မှ တစ်ဘက်ကမ်းသို့ ရောက်ရန်
အလွန်ခဲယဥ်းပါသည်။ ဘာကြောင့်မှန်းတော့မသိပါ။
ခွန်းသသည် ချောင်း၏တစ်ဘက်ကမ်းသို့ ခုန်ကူးရန်
စိတ်အားထက်သန်နေ၏။ထိုကြောင့်မဖြစ်နိုင်မှန်း သိ
သော်လည်း ခုန်ကူးရန် ခြေလှမ်းပြင်လိုက်သည်။
ထိုနောက်ကင်မရာကို လည်ပင်းတွင်လွယ်ထားကာ
တစ်ဘက်ကမ်းသို့ အားကုန်သုံး၍ခုန်ကူးလိုက်သည်။
" အား... "
ထုံးစံအတိုင်းပင် တစ်ဘက်ကမ်းသို့ ရောက်မသွား
ဘဲ ချောင်းထဲသို့ ပြုတ်ကျသွားလေသည်။ ထိုနောက်
ခွန်းသသည် လန့်နိုးလာခဲ့၏။
" တစ်ခါလောက်တော့ ကျော်သွားသင့်တယ်ကွာ "
အိပ်မက်အကြောင်းတွေးမိသည့်အခါ ခွန်းသသည်
မကျေမနပ်ရေရွတ်မိ၏။ ထိုကဲ့သို့သောအိပ်မက်မျိုး
ကို မကြာခဏမြင်မက်နေသည်။ အိပ်မက် မက်သည့်
အခါတိုင်း ထိုနှင့်တစ်ပုံစံတည်းဖြစ်သည်။ ချောင်းကို
ခုန်ကျော်သည့်အချိန်တိုင်းလည်း စမ်းချောင်းထဲသာ
ပြုတ်ကျသွားပြီး တစ်ဘက်ကမ်းသို့ ရောက်မသွားခဲ့
ပါ။
ထိုအိပ်မက်မျိုးကို မြင်မက်နေသည်မှာ လွန်ခဲ့သည့်
တစ်လလောက်ကတည်းကဖြစ်ပြီး အတိအကျဆိုရ
လျှင် ဆင်တောင်တန်း၏ တောင်ခြေတစ်နေရာတွင်
ဓါတ်ပုံသွားရိုက်ပြီး ပြန်လာသည့်နေကတည်းကဖြစ်
သည်။

(၂)
ခွန်းသသည် အပျော်တမ်းဓါတ်ပုံဆရာဖြစ်ပြီး ငှက်
များ၊လိပ်ပြာနှင့် အင်းစက်ပိုးမွှားများကိုသာ ရိုက်ကူး
သောဓါတ်ပုံဆရာဖြစ်သည်။
ထိုနေ့က ခွန်းသသည် လိပ်ပြာဖြူတွေ အများကြီး
တွေ့ရသည်ဟု သူငယ်ချင်းတစ်ယောက်က လမ်းညွှန်
လိုက်သည့် ဆင်တောင်တန်းတစ်လျှောက်တောင်ခြေ
တွင်ဖောက်လုပ်ထားသော ညောင်ရွှေ-စက်မှုစုန်လမ်း
တွင် ဓါတ်ပုံရိုက်ရန်သွားရောက်ခဲ့သည်။
လွန်ခဲ့သည့်သုံးနှစ်ခန့် သူ့အသက် ဆယ့်ရှစ်နှစ်ပြည့်
မွေးနေ့တွင် လက်ဆောင်ရခဲ့သော (canon)ကင်မရာ
လေးသည် ယခုအချိန်ထိ အရည်အသွေးမြင့်ဓါတ်ပုံ
များကို ရိုက်ကူးနိုင်သေးသည်။
ဟိုအဝေးက ငှက်လေးတွေကို ရိုက်ကူးမည်ဆိုလျှင်
တော့ အကောင်းစား(lens)တွေကို အသုံးပြုရသည်။
ခွန်းသတွင် ကင်မရာ(lens)နှစ်ခုရှိပြီး အနီး၊အဝေး
ဓါတ်ပုံအားလုံးကို ရိုက်ကူးနိုင်သည်။
သူသွားမည့်နေရာမှာ ညောင်ရွှေမြို့နှင့် လေးမိုင်ခန့်
ဝေးသောသဲကျင်းအနီးပတ်ဝန်းကျင်ဆီသို့ဖြစ်သည်။
ထိုနေရာတွင် လိပ်ပြာမျိုးစိတ်များကို အများအပြား
တွေ့ရသည်ဟုဆိုသောကြောင့် ဓါတ်ပုံအများအပြား
ရိုက်ကူးနိုင်တော့မည်ဆိုသည့်အတွေးဖြင့် စက်ဘီးကို
ခပ်ထွက်သွက်နင်းလာခဲ့သည်။
ကင်မရာနှင့်ဆက်စပ်ပစ္စည်းများ၊အစာပြေစားဖို့ရန်
ရေဘူးနှင့်စားစရာတို့ကို ကျောပိုးအိတ်ထဲတွင် ထည့်
၍လွယ်ထားရသောကြောင့် လေးလံနေသော်လည်း
ပင်ပန်းသည်ဟုမခံစားရပါ။
ခွန်းသသည် စက်ဘီးကိုခပ်သွက်သွက်နင်းလာခဲ့ရာ
မကြာခင်သဲကျင်းသို့ရောက်လာခဲ့သည်။ သဲကျင်းဟု
ခေါ်ရခြင်းမှာ ဆောက်လုပ်ရေးတွင် အသုံးပြုသည့်
သဲနှင့်ကျောက်ကို အများအပြားတူးဖော်ထုတ်လုပ်နေ
သောကြောင့်ဖြစ်သည်။
ထိုနေရာသို့ရောက်သွားသည့်အခါ လမ်းဘေးဝဲယာ
ကို သေချာကြည့်ရှုလိုက်ရာ သစ်ပင်၊ခြုံပင်များတွင်
ဝဲပျံနေသော ရောင်စုံလိပ်ပြာများကို တွေ့လိုက်ရလေ
သည်။ အများဆုံးမှာ ခန္ဓာကိုယ်တစ်ခုလုံးဖြူစွတ်နေ
သော အဖြူရောင်လိပ်ပြာများဖြစ်သည်။
ကမ္ဘာပေါ်တွင် လိပ်ပြာမျိုးရင်းပေါင်း(၁၀)မျိုးရှိပြီး
အမျိုးအစား(၁၇၀၀၀)ကျော်ရှိသည်။မြန်မာနိုင်ငံတွင်
မျိုးရင်း(၉)မျိုးနှင့် အမျိုးအစားပေါင်း(၁၀၀၀)ကျော်
ရှိသည်။
ခွန်းသက အဲသည့်လိပ်ပြာမျိုးပေါင်း(၁၀၀၀)ကျော်
ကို မှတ်တမ်းတင်ရိုက်ကူးလိုသည်။ ထိုဓါတ်ပုံများကို
ပြခန်းတစ်ခုတွင် ရောင်စုံလိပ်ပြာများကို နှစ်သက်သူ
လူအများ လာရောက်ကြည့်ရှုနိုင်စေရန် ပြသထားလို
၏။ ထိုကြောင့်လိပ်ပြာသတင်းကြားသည့်နေရာတိုင်း
ကို ခက်ခဲပင်ပန်းစွာသွားရောက်ရိုက်ကူးခဲ့သည်။
သို့ဖြစ်ရာတစ်နှစ်ကျော်အတွင်း လိပ်ပြာမျိုးပေါင်း
လေးရာကျော်ကို မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့သည်။
အများစုကို ပုပ္ပါးတောင်ဒေသအနီးပတ်ဝန်းကျင်တွင်
သွားရောက်ရိုက်ကူးထားခြင်းဖြစ်သည်။
ခွန်းသသည် တောအရိုင်းပန်းပွင့်၏ပွင့်ချပ်ပေါ်တွင်
နားခိုနေသော (blue morph)အမည်ရှိ အပြာရောင်
လိပ်ပြာပုံကို ရိုက်ကူးနေသည့်အချိန် လူတစ်ဦးသည်
အနားသို့လျှောက်လာခဲ့၏။
ထိုကြောင့်ခွန်းသသည် အောက်ငုံ့၍ ဓါတ်ပုံရိုက်နေ
ရာမှ အပေါ်မော့ကြည့်လိုက်သည်။ ထိုအခါအသက်
ခုနှစ်ဆယ်ကျော်အရွယ် အဘွားအိုဖြစ်မှန်းသိလိုက်ရ
လေသည်။ပလိုင်းတစ်လုံးကို ခေါင်းပေါ်တွင် ပိုးလွယ်
ထားပြီး ထိုပလိုင်းထဲတွင် ဟင်းသီးဟင်းရွက်များနှင့်
အသားတွဲတစ်တွဲကိုတွေ့ရသည်။ စျေးကပြန်လာဟန်
တူပါသည်။
အနီးအနားမှာ ဘာစျေးရှိမှန်း သူမသိပါ။ သို့သော်
အဘွားသည် ဟိုအဝေးကလာခဲ့တာသေချာပါသည်။
အဘွား၏မောပန်းနွမ်းနယ်မှုက အသက်အရွယ်နှင့်
မလိုက်ဖက်ပါ။
သူတို့အနားတွင် သစ်ပင်ကြီးတစ်ပင်ရှိပြီး အဘွား
သည် ထိုသစ်ပင်အောက်မှာ ထိုင်နားရန်ဆန္ဒရှိဟန်တူ
ပါသည်။ ထိုကြောင့်ခွန်းသသည် အနားသို့သွားကာ
ပလိုင်းကို ဦးခေါင်းပေါ်က ကူချပေးလိုက်သည်။
" သာဓုပါကွယ် "
" အရမ်းမောနေလား အဘွား "
" အသက်ကြီးပြီဆိုတော့ အရင်လိုမဟုတ်တော့ဘူး
ပေါ့ကွယ်။ အရင်ကဆိုမနားတမ်းသွားခဲ့တာ "
အဘွားတွင် ရေဘူးမပါမှန်းသိသွားလေရာ ခွန်းသ
သည် ကျောပိုးအိတ်ထဲက ရေသန့်ဘူးကို ထုတ်ယူ၍
အဘွားကိုပေးလိုက်သည်။ ထိုအခါအဘွားက ကျေး
ဇူးတင်ကြောင်းပြောလေသည်။
အလွန်မောပန်းလာဟန်တူသော အဘွားသည် တစ်
ဝက်ခန့်ကျန်သောရေသန့်ဘူးကို အကုန်မော့သောက်
လိုက်သည်။
" အဘွားက စျေးပြန်လာတာထင်တယ်။ ဘယ်အထိ
ပြန်ရမှာလဲ "
" ဟိုဘက်ကိုပြန်ရမှာကွယ့် "
အဘွားက အရှေ့ဘက်ကို လက်ညိုးထိုးပြသည်။
တောင်တန်းကြီးနှင့် သစ်ပင်များကိုသာ တွေ့ရသည်။
ရွာကိုမတွေ့ရပါ။ တောင်တန်း၏အခြားတစ်ဘက်မှာ
ဆိုလျှင်တော့ ရွာတွေရှိနိုင်သည်။
" အဲဒီမှာရွာရှိနေတာလား "
" မရှိပါဘူးကွယ်။ အဘွားက သနပ်ဖက်ခင်းထဲမှာ
တဲထိုးပြီးနေတာလေ "
" သနပ်ဖက်ဆိုတာဘာလဲ အဘွား "
" ဆေးလိပ် လိပ်တဲ့အရွက်လေ။ လူလေး ဆေးလိပ်
မသောက်တတ်ဘူးလား "
သူကခေါင်းခါပြလိုက်သည်။
" အဝေးကြီးသွားရဦးမှာလား "
" သိပ်တော့ မဝေးတော့ပါဘူး။ နည်းနည်းလောက်
ဆက်လျှောက်ရင် တဲဆီပြန်ရောက်ပါပြီ။ ဒါနဲ့လူလေး
က ဒီကိုဘာလာလုပ်တာလဲ "
" လိပ်ပြာတွေကို ဓါတ်ပုံလာရိုက်တာဗျ "
" လူလေးလည်း အဘွားမြေးမလေးလို လိပ်ပြာတွေ
ကို ချစ်တတ်တယ်ထင်ပါ့ "
" အဘွားမှာ မြေးရှိတယ်ပေါ့ "
" အင်း "
" သူကရော ဘယ်မှာနေလဲ "
" အဘွားနဲ့အတူနေတာပေါ့ကွယ် "
" ဒါဆိုဟိုမှာသူတစ်ယောက်တည်းကျန်ခဲ့တာပေါ့ "
" အင်း "
" သူ့အတွက် မစိုးရိမ်ဘူးလား "
" ဒီတော၊ဒီတောင်ထဲမှာ သူ့ကိုအန္တရာယ်ပြုမယ့်သူ
မရှိပါဘူးကွယ်။ ဒါနဲ့ဒီမှာက လိပ်ပြာတွေ သိပ်မစုံဘူး
ကွယ့်။ အဘွားတို့ သနပ်ဖက်ခင်းပတ်ဝန်းကျင်မှာဆို
အမျိုးအစားမတူတဲ့ လိပ်ပြာတွေ အများကြီးရှိတယ်
ကွယ့်။
လူလေး သူတို့လေးတွေကိုမြင်ဖူးချင်ရင် အဘွားတို့
ဆီ အလည်လာခဲ့ပေါ့။ အဘွားတို့က ဆင်းရဲပေမယ့်
ဧည့်ဝတ်ကျေပါတယ် "
" ဟုတ်ကဲ့။ ဒီနေ့တော့ အချိန်မရတော့လို့ နောက်နေ့
မှပဲ လာလည်ပါ့မယ် အဘွား။ ဒီလမ်းအတိုင်းသွားရင်
အဘွားတို့တဲဆီရောက်တယ်မဟုတ်လား "
" အေးကွယ့်။ ဟောဒီလမ်းအတိုင်းသွားရင် တောရ
ကျောင်းဆီ ရောက်လိမ့်မယ်။ အဲဒီတောရကျောင်းရဲ့
အရှေ့ဘက်မှာ လူသွားလမ်းလေးရှိတယ်။ အဲဒီလမ်း
အတိုင်း ဖြောင့်ဖြောင့်တန်းတန်းသွားရင် လမ်းဆုံးမှာ
အဘွားတို့တဲကိုတွေ့ရလိမ့်မယ် "
" ဟုတ်ကဲ့အဘွား။ နောက်ရက်တွေကျရင် လာခဲ့ပါ
မယ် "
" အေး အေး လာခဲ့ကွယ်။ အဘွားတို့ စောင့်မျော်နေ
ပါ့မယ် "
ထိုနောက်အဘွားသည် ပလိုင်းကို ဦးခေါင်းပေါ်တွင်
ပိုးလွယ်ကာ ခွန်းသအား နှုတ်ဆက်၍ ထွက်ခွာသွား
လေသည်။ သို့ဖြစ်ရာခွန်းသသည် အနီးအနားတွင်
နားခို၊ဝံပျံနေကြသော ရောင်စုံလိပ်ပြာကလေးများကို
ဆက်လက်၍မှတ်တမ်းတင်ရိုက်ကူးလေသည်။
ထိုနေရာတွင် အများဆုံးတွေ့ရသော လိပ်ပြာအမျိုး
အစားမှာ(white butterfly)ဟုခေါ်သောအဖြူရောင်
လိပ်ပြာလေးတွေဖြစ်သည်။အချို့လိပ်ပြာမျိုးများကို
တွေ့ရသော်လည်း အများစုမှာ မှတ်တမ်းတင်ရိုက်ကူး
ထားပြီးဖြစ်သော လိပ်ပြာဓါတ်ပုံလေးရာကျော်တွင်
ပါဝင်သည့် လိပ်ပြာမျိုးများသာဖြစ်ပြီး အမျိုးအစား
သစ်အနည်းငယ်ကိုသာ ရိုက်ကူးနိုင်ခဲ့ပါသည်။

(၃)
အိမ်ကိုပြန်ရောက်သည့်အခါ လိပ်ပြာဓါတ်ပုံများကို
ကွန်ပြူတာဖြင့်ပြန်လည်ကြည့်ရှု၍ သဘောကျသော
ဓါတ်ပုံများကိုရွေးချယ်ကာ ကျန်သည့်ဓါတ်ပုံများကို
တော့ဖျက်ပစ်လိုက်၏။ ထိုသို့ပြုလုပ်နေသည့်အချိန်
မထင်မှတ်ဘဲ ဆုံတွေ့ခဲ့သောအဘွားကို သတိရလာခဲ့
သည်။
အဘွားပြောခဲ့သော စကားတွေကိုလည်း မှတ်မိနေ
သည်။
" အမျိုးအစားမတူညီတဲ့လိပ်ပြာတွေ အများကြီးရှိ
တယ် "တဲ့။ ထိုလိပ်ပြာများထဲတွင် ရှားပါးလိပ်ပြာမျိုး
စိတ်များလည်း ပါဝင်နေမည်လော။ မြန်မာနိုင်ငံတွင်
ကမ္ဘာ့ရှားပါးလိပ်ပြာမျိုးစိတ်ခြောက်မျိုးရှိသည်။
ခွန်းသသည် မြန်မာနိုင်ငံတွင်ရှိသော ကမ္ဘာ့ရှားပါး
လိပ်ပြာမျိုးစိတ်ခြောက်မျိုးအနက် (The Common
Birdwing)ဟုခေါ်သော အနက်ရောင်နှင့် ရွှေဝါရောင်
ရောစပ်နေသည့် လိပ်ပြာမျိုးစိတ် တစ်မျိုးတည်းသာ
မြင်တွေ့ဖူးသေးသည်။ ထိုတစ်မျိုးတည်းသာရိုက်ကူး
နိုင်သေးသည်။ထိုလိပ်ပြာမျိုးစိတ်ကို ပုပ္ပါတောင်တွင်
ရှာတွေ့ရိုက်ကူးနိုင်ခဲ့ခြင်းဖြစ်သည်။
အခြားသောကမ္ဘာ့ရှားပါးလိပ်ပြာမျိုးစိတ်ငါးမျိုးကို
လည်း ရိုက်ကူးခွင့်ရချင်သေးသည်။ သို့သော်ရှားပါး
လိပ်ပြာမျိုးစိတ်များကို ပုပ္ပါးတောင်၊ ကချင်ပြည်နယ်
နှင့် စစ်ကိုင်းတိုင်းရှိ တောတောင်များတွင်သာ အများ
တွေ့ရပြီး သူနေထိုင်သည့်ရှမ်းပြည်တောင်ပိုင်းဒေသ
တွင်တော့ ရှားပါးလိပ်ပြာမျိုးစိတ်တစ်မျိုးကို တွေ့ရ
ကြောင်း အင်တာနက်ပေါ်တွင် ဖတ်ခဲ့ရသည်။
ထိုကြောင့်ခွန်းသသည် အဆိုပါလိပ်ပြာမျိုးစိတ်ကို
အသည်းအသန်လိုက်လံရှာဖွေခဲ့ပါသော်လည်း ယနေ့
အချိန်ထိ ရှာမတွေ့သေးပါ။
အဘွားပြောသည့် အမျိုးအစားမတူသော လိပ်ပြာ
မျိုးစိတ်များထဲတွင် ရှားပါးလိပ်ပြာမျိုးစိတ်ပါဝင်နေ
မည်လား။
" ငါအဲဒီကိုသွားကြည့်ရင် ကောင်းမလား။ တောထဲ
ကို တစ်ယောက်တည်းသွားတာ အန္တရာယ်များလွန်း
ပါတယ်ကွာ "
သူငယ်ချင်းတွေရှိသော်လည်း ပါရမီကိုဖြည့်ပေးပြီး
အင်တာနက်လိုင်းမမိသည့်တောထဲကို လိုက်ခဲ့မည်သူ
တော့ရှိလိမ့်မည်မဟုတ်ပါ။ ထိုကြောင့်နေ့ခင်းတုန်းက
ဆုံတွေ့ခဲ့သောအဘွား၏သနပ်ဖက်ခင်းဆီ သွားလည်
မည့်စိတ်ကူးကို လက်လျှော့လိုက်ပါတော့သည်။

(၄)
ညစဥ်ညတိုင်းမြင်မက်နေသော ထိုအိပ်မက်ကြောင့်
ခွန်းသသည် လက်လျှော့ထားသော အဘွား၏သနပ်
ဖက်ခင်းဆီသို့ သွားလည်မည့်စိတ်ကူးက ပြန်လည်၍
ရှင်သန်လာခဲ့သည်။
" အဲဒီမှာငါသိပ်တွေ့ချင်တဲ့ ရှားပါးလိပ်ပြာမျိုးစိတ်
ရှိနေလို့ ကိုယ်စောင့်နတ်က အိပ်မက်ပေးပြီး လှုံ့ဆော်
နေတာဖြစ်လိမ့်မယ်။ ငါအဲဒီကိုသွားရမယ်။ ဘယ်လို
အန္တရာယ်မျိုးနဲ့ပဲ ကြုံတွေ့ရပါစေ။ ငါသွားဖြစ်အောင်
သွားမယ်ကွာ "
ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်ကြောင့် မနက်
ခင်းမိုးလင်းသည်နှင့် လိုအပ်သည့်ပစ္စည်းအားလုံးကို
ထည့်ထားသည့်ကျောပိုးအိတ်ကိုလွယ်၍ ထွက်လာခဲ့
သည်။
ညောင်ရွှေ-စက်မှုစုန် လမ်းပိုင်းသည် တောင်တက်၊
တောင်ဆင်း အလွန်များသောလမ်းဖြစ်သည်။ ခွန်းသ
သည် စက်ဘီးကို တောင်တက်ချိန်မှာ အားကုန်နင်း၍
အဆင်းတွင် အရှိန်လျော့၍နင်းလာခဲ့ရာ ဆူးတောင်း
ဂနိုင်အမည်ရသော တောရကျောင်းဆိုင်းဘုတ်ဆီသို့
ရောက်လာခဲ့သည်။
အဆိုပါဆိုင်းဘုတ်သည် အဘွားနှင့်ဆုံတွေ့ခဲ့သော
သစ်ပင်အနီးတွင် တည်ရှိသည်။ ဆိုင်းဘုတ်မှ အရှေ့
ဘက်သို့ သဲခင်းထားသောလမ်းသည် ဖြောင့်တန်းစွာ
တည်ရှိနေပြီး ထိုလမ်းအတိုင်း ဆက်လက်မောင်းနှင်
လာခဲ့ရာ သစ်ပင်၊ဝါးရုံများ၏အရိပ်အာဝါသအောက်
တွင် ရွှေဝါရောင်စေတီတစ်ဆူနှင့် အုတ်ချပ်များဖြင့်
တည်ဆောက်ထားသောကျောင်းသင်္ခန်းကို တွေ့လိုက်
ရလေသည်။
ထိုကျောင်းသင်္ခန်းအနီးတွင် ဘုန်းကြီးတစ်ပါးသည်
တံမြက်စည်းလှည်းနေ၏။ ထိုမှလွဲ၍ ကျောင်းသင်္ခန်း
အနီးပတ်ဝန်းကျင်တွင် တိတ်ဆိတ်ငြိမ်သက်နေလေ
၏။
ခွန်းသသည် စက်ဘီးကို တစ်နေရာတွင် ရပ်ထားခဲ့
ပြီး ဘုန်းတော်ကြီးအနားသို့သွားကာ ဦးချကန်တော့
လိုက်သည်။ ထိုနောက်လမ်း၌ အဆာပြေစားသောက်
ရန်ယူလာသောပေါင်မုန့်အချို့ကို လှူဒါန်းလိုက်သည်။
" သာဓုပါကွယ် ဤသို့ပြုရသော ကုသိုလ်ကောင်းမှု
ကြောင့် ဘုန်းကြီးလို့ အသက်ရှည်ပါစေ၊ လိုအင်ဆန္ဒ
လည်း အမြန်ဆုံးပြည့်ဝပါစေကွယ် "
" ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏ ဘုရား "
" ဒါနဲ့ဒကာလေးက ဘယ်ကိုသွားမလို့လဲ "
" တပည့်တော် သနပ်ဖက်ခင်းထဲကတဲမှာနေထိုင်တဲ့
အဘွားဆီအလည်သွားမလို့ပါ ဘုရား "
" ဒေါ်စိမ်းကို ပြောတာထင်တယ် "
" သူ့နာမည်တော့ တပည့်တော်မသိဘူး။လွန်ခဲ့တဲ့လ
က ကျောင်းအဝင်လမ်းဘေးမှာ တွေ့သေးတယ်။ အဲဒီ
နေ့တုန်းက ဒီဘက်ကိုတန်းတန်းလျှောက်သွားတယ်။ အရှင်ဘုရားသူ့ကိုသိလား "
" သေချာပါတယ်။ ဒကာမကြီးဒေါ်စိမ်းပဲ။ ဒေါ်စိမ်း
ဟာ ဘာသာတရားကိုသိပ်ရိုသေကိုင်းရှိုင်းတာကွယ့်။
ရွာထဲကို ဆွမ်းခံမကြွရတဲ့နေ့တွေဆို ဒကာမကြီးကပဲ
အဆင်ပြေအောင် စီမံပေးခဲ့တာ "
" အရှင်ဘုရား သူတို့နေထိုင်တဲ့ သနပ်ဖက်ခင်းထဲက
တဲဆီရောက်ဖူးလား "
" မရောက်ဖူးဘူး။ ဒကာမကြီးဒေါ်စိမ်းက ဦးဇင်းနဲ့
စကားများများမပြောဘူးကွယ့်။ ဆွမ်းခံမကြွရတဲ့နေ့
တွေဆို သူ့ဘာသာသူရောက်လာပြီး ဆွမ်း၊ခဲဖွယ်တွေ
လာကပ်တယ်။ ပြီးတော့စကားများများမပြောပဲ ပြန်
သွားတယ်။ အတော်ထူးဆန်းတဲ့ အမျိုးသမီးလို့ ပြော
ရမလားပဲ "
" တင်ပါ့ဘုရား။ ဒါနဲ့ဒီအရှေ့ဘက်မှာတော့ လမ်းရှိ
တယ်မဟုတ်လား ဘုရား "
" လူသွားလမ်းတော့ရှိတယ်။ စက်ဘီးနဲ့တော့ သွား
လို့ရမှာမဟုတ်ဘူး။ လမ်းကတော့ ဟိုဘက်မှာရှိတယ်
ကွယ့် "
ဘုန်တော်ကြီးက ကျောင်းသင်္ခန်း၏ အရှေ့တောင်
ဘက်ကို လက်ညိုးထိုးပြ၍ မိန့်ကြားလေသည်။
" တင်ပါ့။ ဒါဆိုတပည့်တော် နေမမြင့်ခင်သွားလိုက်
ပါဦးမယ်ဘုရား "
နေ့မမြင့်ခင်ဟုဆိုခြင်းမှာ နာရီကိုကြည့်၍ ဆိုလိုက်
ဖြစ်သည်။ တကယ်တမ်း ထိုနေရာတွင် နေရောင်ပင်
မမြင်ရသေးပါ။ သစ်ပင်၊ဝါးရုံများ အုပ်မိုးထားသည့်
တောင်ခြေတစ်နေရာသို့ ရောက်နေသောကြောင့်ဖြစ်
သည်။
" သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေကွယ် "

(၅)
ခွန်းသသည် စက်ဘီးကို ထိုတောရကျောင်းမှာပင်
ထားရစ်ခဲ့ပြီး ကျောပိုးအိတ်ကိုလွယ်ကာ ကင်မရာကို
လက်တစ်ဘက်တွင်ကိုင်၍ ဆက်လက်ထွက်ခွာလာခဲ့
သည်။
တောင်စောင်းတစ်လျှောက် လမ်းဖောက်ထားခြင်း
မဟုတ်ဘဲ သွားရ၊လာရလွယ်အောင် ရှင်းလင်းထား
ခြင်းသာဖြစ်သောကြောင့် မြွေလိမ်၊မြွေကောက်လမ်း
ကလေးဖြစ်နေသည်။ ကျောက်တုံး၊ ကျောက်ဆောင်
တွေ့လျှင် ကွေ့ဝိုက်သွားပြီး ဘာမှမတွေ့လျှင် လမ်းက
ဖြောင့်တန်းသွားလေသည်။
လမ်းခရီးတစ်လျှောက် ဝါးရုံပင်များကို အများဆုံး
တွေ့ရပြီး ငှက်ပျောရိုင်းပင်နှင့် ပိန္နဲပင်ကိုလည်း နေရာ
အနှံ့အပြားတွင် တွေ့နေရပါသည်။ ဝါးမြက်ရုံများကို
လည်း လမ်းဘေးဝဲယာတွင် တစ်ရုံပြီးတစ်ရုံတွေ့နေရ
ပါသည်။ ဝါးမြက်ရုံတွင် လိပ်ပြာဖြူကလေးများက
အုပ်လိုက်နားခိုပျံသန်းနေကြပါသည်။
မိုးသည်းထန်စွာ ရွာသွန်းထားပြီဖြစ်ပါသောကြောင့်
တောင်စောင်းတစ်လျှောက် မြက်ပင်၊ ပေါင်းပင်များ
ဖြင့် စိမ်းလန်းနေပါသည်။
မိနစ်အနည်းငယ်ကြာသည့်အခါ ကြည်လင်အေးမြ
သောတောင်ကျရေတွေ တသွင်သွင်စီးဆင်းနေသည့်
စမ်းချောင်းကိုတွေ့လိုက်ရလေသည်။ ထိုစမ်းချောင်း
တွင် ကြီးမားသောကျောက်ဆောင်များကို တွေ့ရပြီး
ကျောက်စရစ်ခဲများဖြင့် ချောင်း၏ကြမ်းခင်းပြင်ကို
ခင်းကျင်းထားသောကြောင့် ရေကကြည်လင်အေးမြ
နေခြင်းဖြစ်သည်။
ခွန်းသသည် ချောင်းထဲဆင်း၍ ကိုယ်လက်သန့်စင်
လေသည်။ထိုနောက်အေးမြသောရေကို အားပါးတရ
သောက်သုံးကာ ဘူးခွံချည်းသာ ကျန်ရစ်တော့သည်
ရေသန့်ဘူးထဲသို့ ရေအပြည့်ဖြည့်လိုက်သည်။
စမ်းချောင်းအတွင်းရှိ ကျောက်တုံးတစ်တုံးပေါ်တွင်
ထိုင်နားနေသည့်အချိန် ရှဥ့်အော်သံကို ကြားရသဖြင့်
ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်ရာ ငှက်ပျောရိုင်း
ပင်ပေါ်က အသီးမှည့်များကို ကိုက်ဖဲစားသောက်နေ
သော ရှဥ့်ပေါက်လေးတစ်ကောင်ကို တွေ့လိုက်ရလေ
သည်။
ခွန်းသသည် ငှက်ပျောသီးစားနေသော ရှဥ့်ပေါက်
လေးကို ကင်မရာဖြင့် အမိအရချိန်ရွယ်ကာ ရိုက်ကူး
လိုက်သည်။သို့ဖြစ်ရာရှဥ့်ပေါက်လေး၏ဓါတ်ပုံသည်
ကင်မရာထဲတွင် လှပစွာကျန်ရစ်ခဲ့၏။ အဲသည့်အချိန်
သူ၏လှုပ်ရှားမှုကိုမြင်တွေ့သွားသောရှဥ့်ပေါက်လေး
သည် ငှက်ပျောပင်ပေါ်မှဆင်းပြေးကာ ဟို အဝေးသို့
ထွက်ပြေးသွားလေသည်။
အေးမြသောချောင်းရေ၌ အချိန်အတော်ကြာသည်
အထိ ခြေထောက်ရေစိမ်ပြီးနောက် စိတ်ကျေနပ်သွား
သည့်အခါ ချောင်းထဲကပြန်တက်လာခဲ့သည်။
ထိုနောက်ချောင်းကမ်းပါးဘေးတွင်ရှိသော လူသွား
လမ်းလေးအတိုင်း ဆက်လက်ထွက်ခွာလာခဲ့သည်။
တောအတွင်းပိုင်းသို့ရောက်လာလေ လိပ်ပြာများကို
အရောင်အသွေးစုံလင်စွာ မြင်တွေ့ရလေဖြစ်သည်။
ငှက်အော်သံကို မကြာခဏကြားနေရပြီး ရှဥ့်အော်
သံလည်း မကြာခဏဆိုသလိုကြားနေရ၏။ သို့သော်
အသံပိုင်ရှင်များကိုတော့ မြင်တွေ့ရခြင်းမရှိပါ။
ခွန်းသသည် လိပ်ပြာဖြူမှလွဲ၍ တွေ့သမျှလိပ်ပြာ
များကို ရိုက်ကူးလာခဲ့ရာ ရှားပါးမျိုးစိတ်မဟုတ်သော်
လည်း တွေ့ရခဲသော (blue morph)အမည်ရှိ အပြာ
ရောင်လိပ်ပြာတစ်ကောင်ကို မြင်တွေ့လိုက်ရလေ၏။
ခွန်းသသည် ထိုလိပ်ပြာကို သေသေချာချာမှတ်တမ်း
တင်ရိုက်ကူးထားလိုက်၏။
ထိုနောက်ဆက်လက်ခရီးဆက်လာခဲ့ရာ ချောင်းကို
ဖြတ်ကူးရမည်နေရာသို့ရောက်လာခဲ့သည်။ ထိုနေရာ
သည် အိပ်မက်ထဲတွင် မြေးအဘွားနှစ်ယောက်နှင့် ဆုံ
တွေ့ခဲ့သည့်နေရာနှင့် ခပ်ဆင်ဆင်တူသည်။ သို့သော်
ချောင်းရေတွင် ရောင်စုံငါးကလေးတွေကိုမတွေ့ရပါ။
ချောင်း၏တစ်ဘက်ကမ်း မြက်ဝါးရုံတွင် လိပ်ပြာဖြူ
များကိုတွေ့သော်လည်း အိပ်မက်ထဲကလောက်တော့
မများပါ။
ချောင်းကမ်းပါးနှစ်ဘက်လုံးကို လှေကားထစ်များ
ပြုလုပ်ထားပြီး ချောင်းကိုကျော်၍ ထိုလှေကားထစ်
အတိုင်းဆက်ရမည်ဖြစ်မှန်းသိလိုက်ရ၏။ ထိုကြောင့်
ချောင်းထဲသို့ဆင်းလာပြီး ချောင်းတစ်ဘက်ကမ်းသို့
ပြန်တက်လာခဲ့သည်။ ထိုနောက်လူသွားလမ်းအတိုင်း
ဆက်လျှောက်ခဲ့ရာ တောင်ကုန်းတစ်ခုပေါ်သို့ ရောက်
သွားခဲ့ပြီး အလွန်ကျယ်ပြန့်သော ဥယျာဥ်ခြံတစ်ခုကို
မြင်တွေ့လိုက်ရလေသည်။
ထိုခြံသည် အဘွားပြောခဲ့သော သနပ်ဖက်ခင်းသာ
ဖြစ်ပေလိမ့်မည်။ လူတစ်ရပ်ကျော်အမြင့်ရှိပြီး လက်
မလောက်သာလုံးပတ်ရှိသော ထိုအပင်တွင် လက်ဝါး
တစ်ပြားခန့်ရှိသောအရွက်များက ဝေဖြာနေပါသည်။
ခွန်းသသည် သနပ်ဖက်ပင်တွေကြားက လမ်းလေး
အတိုင်း ဆက်လျှောက်လာခဲ့ရာ တဲငယ်လေးတစ်လုံး
ကိုမြင်တွေ့လိုက်ရလေသည်။
တဲရှေ့က ပိန္နဲပင်အောက်တွင် မိန်းကလေးတစ်ဦး
ထိုင်နေပြီး ထိုမိန်းကလေးသည် အစိမ်းနုရောင်အင်္ကျီ
နှင့် ထမိန်ကိုဝတ်ဆင်ထား၏။ သို့ဖြစ်ရာအိပ်မက်ထဲ
က မိန်းကလေးကို သတိရလာခဲ့သည်။
သူမသည် ခွန်းသ၏ခြေသံကို ကြားလိုက်ရသဖြင့်
နောက်သို့လှည့်ကြည့်လာသည်။ ထိုအခါသူတို့နှစ်ဦး
သည် မျက်လုံးချင်းဆုံမိသွားကြသည်။
" ဟင် "
ရုတ်တရက်အံ့ဩမှင်သက်သွားသောကြောင့် နှုတ်
မှအာမေဍိတ်သံ ထွက်ပေါ်လာခဲ့သည်။
" ရှင် ရှင်ဘယ်သူလဲ "
သူမသည် အိပ်မက်ထဲက မိန်းကလေးနှင့် တစ်ပုံစံ
တည်းတူ၏။အသံကလည်း တစ်သံတည်းဖြစ်သည်။
" ခရီးသွားပါ။ အဘွားဆီလာလည်တာပါ "
" အဘွားနဲ့သိနေတယ် "
" အင်း။ အဘွားရှိလား "
" မျှစ်သွားချိုးနေတယ်။ ခဏနေရင် ပြန်လာတော့
မယ်။ ဒီမှာပဲထိုင်စောင့်နေလေ "
ထိုနောက်သူမသည် ခွန်းသကို တစ်ယောက်တည်း
ထားရစ်ခဲ့ကာ တဲထဲသို့ဝင်သွားလေသည်။ သို့ဖြစ်ရာ
ခွန်းသသည် ပိန္နဲပင်အောက်တွင် တစ်ယောက်တည်း
ကျန်ရစ်ခဲ့လေ၏။
ပိန္နဲပင်အောက်တွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့
သောခွန်းသသည် ပုစ္ဆာအားလုံးအတွက် အဖြေရှာနေ
ခဲ့သည်။ အရင်က သူမကို တစ်ခါမှမမြင်ဖူးပါဘဲနှင့်
အဘယ်ကြောင့် အိပ်မက်ထဲတွင် သူမကိုမြင်တွေ့နေ
ရသနည်း။ ထိုပုစ္ဆာကို အတော်ကြာသည်အထိ အဖြေ
ရှာမရခဲ့ပါ။
" အိပ်မက်ပဲကွာ။ သူမက်ချင်ရာ မက်မှာပေါ့ "
ထိုအချိန်ခွန်းသသည် ပုစ္ဆာ၏အဖြေကိုရှာတွေ့သွား
လေ၏။ အဘွားအိုနှင့်သူမသည် ငယ်ရွယ်နုပျိုမှုနှင့်
အိုမင်းရင့်ရော်မှုကလွဲ၍ အရာအားလုံးတစ်ပုံစံတည်း
ဖြစ်သည်။ အကယ်၍သူမသာ အိုမင်းရင့်ရော်သွားခဲ့
လျှင် အဘွားနှင့် တစ်ပုံစံတည်း တူညီနေမည်ဖြစ်ပြီး၊
အဘွားအို၏ငယ်ရွယ်နုပျိုစဥ်က ပုံပန်းသွင်ပြင်သည်
ထိုမိန်းကလေးလိုပင် ချောမောလှပနေပေလိမ့်မည်။
သူ့အိပ်မက်ထဲက မိန်းကလေးသည် ထိုမိန်းကလေး
မဟုတ်ဘဲ အပြင်မှာဆုံတွေ့ခဲ့သော အိုမင်းရင့်ရော်နေ
သည့်အဘွားအို၏ လှပနုပျိုစဥ်အရွယ်ကို ပြောင်းလဲ
မြင်မက်နေခြင်းဖြစ်ပြီး ထိုသို့မြင်မက်ခြင်းမှာ အဘွား
သည် သူ့မြေးမလေးအကြောင်းကို ထည့်ပြောခဲ့သော
ကြောင့် အတွေးနှစ်ခုဆက်စပ်၍ မြင်မက်နေခြင်းဖြစ်
မှန်း သဘောပေါက်သွားလေသည်။
ခွန်းသသည် ပုစ္ဆာ၏အဖြေရှာတွေ့သွားသည့်အချိန်
မျှစ်ချိုးသွားသော အဘွားအိုလည်း ပြန်ရောက်လာခဲ့
၏။ အဘွားသည် ခဏတုန်းက မိန်းကလေးနှင့်အတူ
ခွန်းသထိုင်နေသော ပိန္နဲပင်အောက်သို့ လျှောက်လာခဲ့
သည်။
" အလိုကွယ်။ ဟိုတလောက ကားလမ်းဘေးမှာ ဆုံ
တွေ့ခဲ့တဲ့ လူလေးပဲ။ လူလေးက အဘွားဆီ တကယ်
လာလည်တာပေါ့ "
" ဟုတ်ကဲ့ အဘွား "
" ဝမ်းသာလိုက်တာကွယ်။လူလေးက အဘွားတို့ဆီ
လာလည်တဲ့ ပထမဆုံးဧည့်သည်ပဲ။ ပျော်သလောက်
နေပေါ့ကွယ်။ ဒီမှာ လူလေးအချစ်တော် လိပ်ပြာလေး
တွေအများကြီးရှိတယ် "
" မြေးလေး သူကအဘွားပြောတဲ့ကောင်လေးလေ။
သူကလည်း ငါ့မြေးလေးလို့ လိပ်ပြာလေးတွေကို ချစ်
တယ်တဲ့။ ဒီအနီးပတ်ဝန်းမှာရှိတဲ့လိပ်ပြာလေးတွေကို
လိုက်ပြလိုက်ပါဦးကွယ် "
" ဟင် အစ်ကိုလည်း လိပ်ပြာလေးတွေကို ချစ်တယ်
ပေါ့ "
" အင်း "
သူမ၏မျက်နှာသည် ခဏတုန်းကနှင့်မတူတော့ပါ။
ခွန်းသကိုလိုလားသည့် အပြုအမူမျိုးဖြစ်လာခဲ့သည်။
" ညီမနာမည်က နန်းစောပါ။အစ်ကို့နာမည်ကရော "
" ခွန်းသပါ "
" တဲထဲသွားကြရအောင်။ ဗိုက်ဆာနေပြီထင်တယ်။
ထမင်းစားပြီးမှပဲ လျှောက်သွားကြပေါ့ "
တစ်မနက်လုံး လမ်းလျှောက်လာခဲ့ရသောကြောင့်
ဆာလောင်နေပြီဖြစ်သော ခွန်းသသည် အဘွားအို၏
စကားကို ငြင်းဆန်နိုင်စွမ်းမရှိတော့ပါ။
တဲဟုဆိုသော်လည်း ကျေးလက်ဘက်က အိမ်တွေ
လိုပင် သုံးပင်လိမ်နှစ်ခန်းခွဲထားသော တဲအိမ်ကလေး
ဖြစ်ပြီး ဝါးခြမ်းစိတ်များဖြင့်ပတ်ပတ်လည်ကာရံထား
သည်။
တောထဲတွင် ဖြစ်သောကြောင့် ဟင်းတွေကလည်း
တောဟင်းများသာဖြစ်သည်။ မျှစ်နီနီကို နုတ်အောင်
ခြစ်၍ မြေပဲဖြင့်သုတ်ထားသော မျှစ်သုတ်နှင့် ခရမ်း
ချဥ်သီး မီးဖုတ်ထောင်းတို့က အလွန်ပင်အရသာရှိပါ
သည်။

(၆)
ထမင်းဝိုင်းတွင် စကားတွေအများကြီး ပြောဖြစ်ခဲ့
ပြီး ခွန်းသနှင့် နန်းစောသည် အလွန်ရင်းနှီးသွားလေ
၏။ နန်းစောက သူမဟာ လိပ်ပြာလေးတွေကို အလွန်
ချစ်မြတ်နိုးသောကြောင့် သေဆုံးသွားသော လိပ်ပြာ
လေးတွေကို သေချာစွာမြုပ်နှံပေးခဲ့ကြောင်း ပြောပြ
လေသည်။ ထိုနောက်လိပ်ပြာတွေနှင့် ရင်းနှီးကြောင်း
ဆက်ပြောလေသည်။ ထိုစကားသည် ယုံကြည်ဖွယ်
မကောင်းသော ထူးဆန်းသည့်စကားသာဖြစ်သည်။
ထိုနေရာတွင် ခွေးတို့၊ကြောင်တို့ဆိုလျှင် ယုံကြည်
နိုင်ဖွယ်ရှိပါသေးသည်။ အခုတော့လိပ်ပြာလေးတွေ
နှင့် ရင်းနှီးသည်တဲ့။ လွန်စွာမှရယ်စရာကောင်းသော
စကားဖြစ်သည်။
ထမင်းစားပြီးသည့်အခါ သူတို့နှစ်ဦးသည် လိပ်ပြာ
ကြည့်ရန် တဲထဲကထွက်လာခဲ့ကြသည်။ ခွန်းသသည်
နန်းစောနှင့်အတူရှိနေသည့်အချိန် ကြက်သီးမွေးညင်း
များထလာခဲ့သည်။ထိုသို့မိန်းကလေးတစ်ယောက်နှင့်
နီးကပ်စွာမနေဖူးသဖြင့် စိတ်လှုပ်ရှားနေသောကြောင့်
ဖြစ်ပါလိမ့်မည်။
" အစ်ကိုက လိပ်ပြာတွေကို ဘာဖြစ်လို့ချစ်တာလဲ "
" ဘာဖြစ်လို့လဲဆိုတော့ မသိဘူး။ ဒီအတိုင်းလေးပဲ
သဘောကျနေတာ။ လူတိုင်းမှာ ရူးသွပ်မှုကိုယ်စီရှိကြ
တယ်လေ။ လူတွေက ဒါကိုဝါသနာလို့ခေါ်ကြတယ်။
တစ်ချို့က အားကစားဘက်မှာ ဝါသနာပါကြတယ်။
တစ်ချို့ကတော့ စွန့်စားရတာကိုဝါသနာပါကြတယ်။
တစ်ချို့ကြပြန်တော့ သစ်ပင်ပန်းပင်တွေ စိုက်ပျိုးရ
တာကို ဝါသနာပါကြတယ်။ ပြီးတော့ပန်းတိုင်ကိုယ်စီ
ရှိကြတယ်။
လူတွေအားလုံးက ဝါသနာတွေကိုယ်စီနဲ့ ရှင်သန်နေ
ကြတာလေ။ ဝါသနာနဲ့ပန်းတိုင်မရှိရင် အသက်ရှင်နေ
ရတာ အဓိပ္ပါယ်ရှိတော့မှာမဟုတ်ဘူးလေ။
အစ်ကိုလည်း အဲဒီလိုပဲ။ လိပ်ပြာလေးတွေ မြင်ရင်
ဓါတ်ပုံရိုက်ချင်တယ်။ မှတ်တမ်းတင်ထားချင်တယ်။
ဒါဟာအစ်ကို့ဝါသနာပဲ။ ပြီးတော့အစ်ကို့ပန်းတိုင်က
မြန်မာပြည်က လိပ်ပြာမျိုးစိတ်အားလုံးကို မှတ်တမ်း
တင်ရိုက်ကူးချင်တယ် "
နန်းစောသည် ခွန်းသပြောသော စကားလုံးတွေကို
နားမလည်ဟန်ဖြင့် ခွန်းသကို ငေးကြည့်နေခဲ့၏။
" နန်းစောကရော ဘာကိုဝါသနာပါလဲ။ ပန်းတိုင်က
ရော ဘာလဲ "
" ဟင့်အင်း နန်းစောမသိဘူး။ သိဖို့လည်း မလိုဘူး။
နန်းစောတို့က ဝါသနာတွေ၊ ပန်းတိုင်တွေကြောင့် ရှင်
သန်နေတာမှမဟုတ်တာ "
" နန်းစောဘာကိုပြောတာလဲ "
" ဘာမဟုတ်ပါဘူး အစ်ကိုရယ်။ ဟော ဟိုမှာကြည့်
လိပ်ပြာလေးတွေအများကြီးပဲ "
နန်းစောသည် ဆက်မပြောလို့ စကားလမ်းကြောင်း
လွဲပြောလိုက်ခြင်းဖြစ်မှန်း သိသောကြောင့် ခွန်းသက
လည်း ဆက်လက်မေးမြန်းခြင်းမပြုတော့ပါ။
ခွန်းသသည် နန်းစောလက်ညိုးထိုးပြသောနေရာသို့
လှမ်းကြည့်လိုက်သည်။ ထိုအခါအုပ်လိုက်ဝဲပျံနေကြ
သော အဖြူရောင်လိပ်ပြာများကို တွေ့လိုက်ရသည်။
နန်းစောသည် ခန့်မှန်းခြေ အကောင်တစ်ရာခန့်ရှိသော
လိပ်ပြာလေးတွေဆီသို့ ပြေးသွားလေသည်။ ထိုအခါ
လိပ်ပြာလေးတွေကလည်း နန်းစောဆီသို့ ပျံသန်းလာ
လာခဲ့ကြ၏။
ထိုနောက်နန်းစောခန္ဓာကိုယ်တွင် နားခိုဝဲပျံကြလေ
သည်။ ထိုအခါမှလိပ်ပြာတွေနှင့်ရင်းနှီးသည်ဟူသော
စကားသည် လိမ်ညာနေခြင်းမဟုတ်မှန်း သိသွားလေ
သည်။ ခွန်းသသည် နန်းစောအနားမှာ လိပ်ပြာတွေ
ဝဲပျံနေသည့်အချိန် နန်းစောမသိအောင် ဓါတ်ပုံတစ်ပုံ
ခိုးယူရိုက်ကူးထားလိုက်သည်။
" တကယ်ပဲ နန်းစောက လိပ်ပြာတွေနဲ့ရင်းနှီးတယ် "
" အစ်ကိုက နန်းစောပြောတာကို မယုံခဲ့ဘူးပေါ့ "
" အဲဒီလိုမဟုတ်ပါဘူးဗျာ။ ထူးဆန်းနေလို့ပါ "
" လိပ်ပြာလေးတွေက သိပ်လှတာပဲနော်။ ကမ္ဘာပေါ်
မှာ လိပ်ပြာတွေဒီထက်ပိုများရင် သိပ်ကောင်းမှာပဲ "
" သူတို့လေးတွေက သိပ်သနားဖို့ကောင်းတယ် "
" ဟင် ဘာဖြစ်လို့လည်း အစ်ကို "
" သူတို့ရဲ့သက်တမ်းက ဆယ့်ငါးရက်မှ ရက်ပေါင်း
သုံးဆယ်အထိပဲ အသက်ရှင်နိုင်တာလေ။ အင်မတန်
အသက်ရှည်တဲ့ လိပ်ပြာမျိုးစိတ်တောင်မှ အလွန်ဆုံး
တစ်နှစ်ပဲ အသက်ရှင်နေထိုင်နိုင်ကြတာ။
သူတို့အတွက် တစ်လဆိုတဲ့သက်တမ်းက အရမ်း
တိုလွန်းပါတယ်။ နှစ်ပေါင်းများစွာ အသက်ရှင်နေနိုင်
ရင် ကမ္ဘာကြီးဟာ အလွန်များပြားတဲ့ ရောင်စုံလိပ်ပြာ
တွေကြောင့် သိပ်လှသွားမှာသေချာတယ် "
" ဟင့်အင်း။လိပ်ပြာလေးတွေက သနားဖို့မကောင်း
ပါဘူး အစ်ကိုရယ် "
" ဘာဖြစ်လို့ "
" သူတို့တွေက ရှင်သန်နေချိန် ခဏလေးအတွင်းမှာ
လွတ်လပ်စွာ ပျံသန်းနိုင်ကြတယ်လေ။ တစ်ချို့တွေ
ကျ နှစ်ပေါင်းများစွာရှင်သန်နိုင်ပေမယ့် လွတ်လပ်စွာ
ပျံသန်းဖို့ အခွင့်အရေးမရှိကြဘူးလေ "
နန်းစော၏စကားသံက ဆွေးမြေ့ဖွယ်ကောင်းနေပါ
သည်။
သူတို့နှစ်ဦးသည် စကားပြောဆိုရင်း လမ်းလျှောက်
လာခဲ့ကြရာ နေဇာမြက်တွေ ထူထပ်စွာပေါက်ရောက်
နေသည့် တောင်ကုန်းတစ်ခုဆီသို့ရောက်လာခဲ့သည်။
ထိုတောင်ကုန်းသည် သနပ်ဖက်ခင်းအနီးတစ်ဝိုက်
တွင် အမြင့်ဆုံးဖြစ်သည်။ ထိုကြောင့်ကွင်းပြင်ကျယ်
တစ်ခုလုံးကို အထက်စီးမှမြင်နေရ၏။ ထိုမျှသာမက
နာမည်ကျော် အင်းလေးကန်ကိုလည်း တောင်နှစ်လုံး
ကြားကနေမြင်နေရပါသည်။ အဝေးကြည့်မှန်ပြောင်း
သာပါလာခဲ့လျှင် အင်းလယ်ဘိုတဲကိုဖြတ်ကျော်သွား
လာနေသော စက်လှေငယ်များကို မြင်တွေ့ရမည်မှာ
အသေအချာပင်ဖြစ်သည်။
သူတို့နှစ်ဦးသည် တောင်ကုန်းပေါ်က မြက်ခင်းပြင်
ပေါ်တွင်ထိုင်၍ စကားတွေပြောဖြစ်ခဲ့ကြသည်။
" နန်းစောကျောင်းမနေတော့ဘူးလား "
" နန်းစောပြောခဲ့ပြီးပြီပဲ အစ်ကိုရယ်။ နန်းစောတို့က
ဝါသနာတွေ၊ပန်းတိုင်တွေကြောင့် အသက်ရှင်နေတာ
မဟုတ်ဘူးလို့။ နန်းစောဟာ ဒီတောင်ကုန်းပေါ်မှာ နှစ်
ပေါင်းများစွာ နေထိုင်ခဲ့ပြီးပြီ။ နောင်နှစ်ပေါင်းများစွာ
လည်း ဒီတောင်ကုန်းပေါ်မှာပဲ ဆက်နေရဦးမယ်။
ဒါဟာဝါသနာတွေ၊ပန်းတိုင်တွေထက်အရေးကြီးတဲ့
နန်းစောရဲ့တာဝန်ပဲ "
နန်းစောပြောသောစကားတွေကို သူနားမလည်နိုင်
ပါ။ နားလည်ဖို့လည်း မကြိုးစားတော့ပါ။ နန်းစောနှင့်
တွေ့ရသည့်အချိန်က တစ်ခဏမျှသာဖြစ်သည်။
" အစ်ကို အတိတ်ဘဝ၊နောင်ဘဝကို အယုံအကြည်
ရှိလား "
" အစ်ကိုမပြောနိုင်ဘူး။ ဟိုတောင်တန်းကြီးကို တွေ့
လား။ အဲဒီတောင်တန်းရဲ့အခြားတစ်ဘက်ကို အစ်ကို
မရောက်ဖူးဘူး။ဒါကြောင့်အဲဒီဘက်ခြမ်းမှာ ဘာရှိနေ
လည်းဆိုတာ အစ်ကိုမသိဘူး။ တောင်တန်းရဲ့အခြား
တစ်ဘက်မှာ ရွာရှိနေနိုင်သလို ဘာရွာမှမရှိတာလည်း
ဖြစ်နိုင်တယ်။အတိတ်ဘဝဆိုတာလည်း အဲဒီလိုပါပဲ။
နန်းစောက ဘာဖြစ်လို့အဲဒီလိုမေးတာလဲ "
" နန်းစောက ဒီတိုင်းမေးကြည့်တာပါ "
" ဒီပတ်ဝန်းကျင်က ဘယ်နေရာမှာ လိပ်ပြာတွေကို
အများဆုံးတွေ့ရလဲ။ လိပ်ပြ

*** တချိန်ကနာမည်ကျော်ကြားခဲ့တဲ့  #ဘိန်းဘုရင်ခွန်ဆာ စခန်းဆီသို့ ***တချိန်က နာမည်ကျော်ခဲ့တဲ့ ဘိန်းဘုရင်ခွန်ဆာရဲ့ စခန်းဟာ ထ...
12/02/2024

*** တချိန်ကနာမည်ကျော်ကြားခဲ့တဲ့
#ဘိန်းဘုရင်ခွန်ဆာ စခန်းဆီသို့ ***

တချိန်က နာမည်ကျော်ခဲ့တဲ့ ဘိန်းဘုရင်ခွန်ဆာရဲ့ စခန်းဟာ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဖါ့လုံမြို့နယ် ဘန်ထော့ထိုင်းရွာမှာ တည်ရှိတယ်။ တာချီလိတ်ရဲ့ တဖက်ကမ်း မယ်ဆိုင်ကနေ ၆၆ ကီလိုမီတာ ဝေးကွာပြီး၊ ချင်းရိုင်းကနေ သွားမယ်ဆိုရင်လည်း ၆၆ ကီလိုမီတာ ဝေးပါတယ်။
မယ်ဆိုင်-ချင်းရိုင်းသွား လမ်းပေါ်က မယ်ကျန်းရွာကနေ
မယ့်စလောင်းကို သွားတဲ့ လမ်းအတိုင်း လာရတာပါ။

ခွန်ဆာစခန်းမှာ စောင့်နေတဲ့ ရှမ်းအမျိုးသမီးကြီးကို
မေးကြည့်တော့ ကျိုင်းတုံဇာတိလို့ ဆိုပါတယ်။
စခန်းရဲ့ရှေ့ မြေကွက်လပ်နားမှာတော့ ခွန်ဆာရဲ့
မြင်းစီးရုပ်တုကြီးကို အသက်၀င်စွာနဲ့ ထုလုပ်ထားတာကိုလည်း မြင်နိုင်ပါ့မယ်။ လာပြီးလည်သူတွေ အမှတ်တရအဖြစ်
ဓါတ်ပုံမရိုက်ပဲ မနေနိုင်အောင်ကို ခွန်ဆာရဲ့ရုပ်တုကြီးက
ဆွဲဆောင်နေတာပါ။ ရုပ်တုရဲ့ရှေ့နားမှာတော့ တန်းစီတဲ့ နေရာလေလား၊ စစ်ရေးပြကွင်းလေးလားတော့ မသိ၊ ညီညာတဲ့ မြေကွက်လပ်လေးတခု။ တချိန်တုန်းက ဒီနေရာမှာ သူ့ရဲဘော်တွေကို ခွန်ဆာတစ်ယောက် ကြိမ်ဖန်များစွာ မိန့်ခွန်းတွေ
ချွေခဲ့ပါလိမ့်မယ်။ စဉ်းစားနေခိုက် ကျနော့်မိတ်ဆွေ
ထိုင်းလူမျိုးက ပြောလာတယ်၊ အပေါ်ဘက်က
ကုန်းပေါ်မှာ အကျဉ်းသားတွေကိုထားဖို့၊
ထောင်လိုသဘောမျိုး လုပ်ထားတဲ့ မြေအောက်
အကျဉ်းခန်းတွေ ရှိသေးသတဲ့။
ဒါနဲ့ပဲ ခပ်မတ်မတ် တောင်ကုန်းလေးပေါ်ကို
တက်ကြည့်ကြပါတယ်။ အတက်လမ်း ဘေးမှာတော့ တော်တော်လေးကို သက်တမ်းရင့်နေတဲ့ ထင်းရှုးပင်ကြီးကတော့ ဒီတောင်ကုန်းပေါ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ဆိုးတွေကို သိမီခဲ့ပုံပဲ။ ကုန်းပေါ်မှာတော့ ဆက်သွယ်ရေးမြောင်းတွေ၊ လိုင်းကျင်းတွေကို အပင်တွေဖုံးနေတဲ့ကြားက
ကွေ့ကွေ့ကောက်ကောက်နဲ့ မြင်နေရပါသေးတယ်။

အချုပ်ခန်းတွေလို့ ဆိုပေမယ့် ၀ငျပေါကျက ရေတွင်းလိုမျိုး ပုံစံပဲ၊ အဲဒီကနေ အောက်ကိုဆင်းပြီး ကြည့်ရင်တော့
အောက်မှာ နည်းနည်း ကျယ်လိမ့်မယ်လို့ ထင်ရပါတယ်။ အပြစ်ရှိတဲ့ အပြစ်သားတွေထဲက တချို့ကိုဆို မြေထဲမှာ
ကိုယ်တ၀က်မြှုပ်ပြီး အပြစ်ပေး ခဲ့တယ်လို့ သိရတော့
စိတ်မကောင်းမိဘူး။ ဒီကုန်းပေါ်မှာ ဒီလိုမျိုးနေရာတွေ နောက်ထပ် ရှိသေးတယ်လို့ သိရပါတယ်။
တောင်ကုန်းရဲ့ထိပ် မြေပြင်က အခုထိကို ညီညာပြီး
နည်းနည်းလည်း ကျယ်တယ်ဆိုတော့ ဟိုးခေတ်က ဒီနေရာတွေမှာ အဆောက်အဦတွေ ဘာတွေ ရှိခဲ့မယ့်ပုံပဲ။
အခုတော့ အပင်ငယ်တွေတောင် အတော်လေး ဖုံးနေပြီ။
ကုန်းပေါ်က အဆင်းမှာတော့ အဆောက်အဦတွေရဲ့
ဟိုဖက်မှာ တောင်ကုန်းတခု ရှိနေသေးတာကို မြင်ရတယ်။ စခန်း၀န်းထဲကနေ ဖောက်ထားတဲ့ လမ်းအတိုင်း
ဆက်သွားရင်တော့ ရွာတရွာကို ရောက်ပါလိမ့်မယ်။

ဒီပတ်၀န်းကျင်ရွာတွေ ဒေသတွေကိုတော့ ခွန်ဆာက
တိုးတက်အောင် လုပ်ပေးခဲ့တယ်လို့ ဆိုကြပါတယ်။
တစတစနဲ့ ခွန်ဆာရဲ့အင်အားဟာ အဆမတန် ကြီးထွားလာချိန်မှာတော့ အမေရိကန်ရဲ့ ဖိအားပေးမှုတွေကြောင့်
ထိုင်းအစိုးရက မျက်ကလူး ဆန်ပြာနဲ့ နှိမ်နှင်းရပါတော့တယ် တဲ့။ ဟုတ်မှာပါ ၁၉၈၅ မှာ ထိုင်းလေတပ်က ကြဲချခဲ့တဲ့
ဗုံးခွံအပိုင်းအစ တခုကိုတောင် အဆောက်အဦတွေရဲ့ရှေ့မှာ အမှတ်တရပုံစံမျိုး အနေနဲ့ စိုက်ထူထားသေးတယ်။

ဒီစခန်းနဲ့ မဝေးကွာတဲ့အနေအထား ကီလိုမီတာ (၃၀) မှာတော့ မြန်မာပြည် မိုင်းတုံမိုင်းဆတ်နယ်က၊ ထိစပ်နေလို့
သွားချင်တဲ့အခါ အသာလေးနဲ့ မြန်မာဘက်ကို ကူးလာရုံပဲ။

စခန်း၀န်းအတွင်းကို လှည့်ပတ် လေ့လာလိုက်တော့
အုတ်တိုက် အဆောက်အဦတွေရဲ့ ပုံစံက ဘားတိုက်တွေလိုလိုနဲ့၊ အုတ်စီလက်ရာတွေက အတော်လေး သေသပ်တယ်။ အခန်းတွေထဲကို ၀ငျပွီး ကြည့်တော့ ခွန်ဆာတို့ခေတ်က
ဓါတ်ပုံတွေရော၊ ကျိုင်းတုံဒေသနဲ့ သက်ဆိုင်တဲ့
ဓါတ်ပုံတွေရော၊ ဒေသအစုံက စော်ဘွားခေတ်
ဓါတ်ပုံတွေရော စုံလို့ပဲ။ ရှမ်းပြည်နယ် မြေပုံတွေဆိုရင်
ပုံစံအမျိုးမျိုးနဲ့ ကိုပါ။ ဒါပေမယ့် ဒီစခန်းနဲ့ မသက်ဆိုင်တဲ့
ဓါတ်ပုံတွေကလည်း အများကြီးပဲ။
အမှန်ဆိုရင်တော့ တခြားဒေသ ပေါင်းစုံက စော်ဘွားပုံ၊ တော်၀င်ရှမ်းမျိုးနွယ်ပုံတွေ၊ အာခါတိုင်းရင်းသားပုံတွေ၊ ရှမ်းမျိုးနွယ်စုပုံတွေ၊ ဟော်နန်းပုံတွေ စသည်ဖြင့်
မထည့်ထားသင့်တဲ့ ပုံတွေကလည်း အများကြီးလို့ ဆိုရမယ်။
ဒါပေမယ့် ထိုင်းတွေရဲ့ စုဆောင်းထားနိုင်မှု၊
စိတ်၀င်စားအောင် ခင်းကျင်းပြနိုင်မှု တွေကိုတော့
ချီးကျူးမိတယ်။

ခွန်ဆာရဲ့ ကြီးကျယ်ခမ်းနားခဲ့တဲ့ ပုံရိပ်ကိုလည်း
အတော်အသင့် ပြနိုင်တယ်လို့ ယူဆမိတာပါ။
ကြီးမားတဲ့လိုအပ်ချက်တစ်ခုက သမိုင်းကြောင်းတွေကို အင်္ဂလိပ်ဘာသာနဲ့ ရေးဖို့ပါပဲ။
ဒီနေရာလေးက ချင်းရိုင်းနဲ့ နည်းနည်းဝေးနေပေမယ့်၊
ခွန်ဆာနေခဲ့တဲ့ စခန်းလို့ ဆိုလိုက်ကတည်းက နိုင်ငံခြားသား
ဧည့်သည် တွေရော၊ ပြည်တွင်းက ထိုင်းတွေရော စိတ်၀င်စား ကြတဲ့အတွက် အားလုံးက လာလည်ချင်ကြတဲ့ နေရာလေးပါ။

ဒီစခန်းလေးကို သွားရောက်လည်ပတ်မယ်ဆိုရင်တော့
ကမ္ဘာကျော်ဘိန်းဘုရင်ကြီးရဲ့ဘ၀ဇာတ်ကြောင်းနဲ့
သိသင့်သိထိုက်တဲ့ သမိုင်းကြောင်းလေးတွေကို
ကြိုတင်ပြီး လေ့လာသွားမယ်ဆိုရင် အင်မတန်ကိုပဲ
အကျိုးရှိမှာလို့ ဆိုပါရစေ။

ခွန်ဆာ Zhang Qifu (Zhng Qf) () ကို
၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ မွေးခဲ့တယ်လို့
ဆိုပါတယ်။ သူ့ရဲ့ဇာတိကတော့ ရှမ်းပြည်နယ် မြောက်ပိုင်း လွယ်မော်ဒေသ တာယန်းမိုင်းရယ်နယ်က Hpa Hpeung ရွာက ပါ။ ဖခင်တရုတ် လူမျိုး Khun Ai(Zhang Bingyao)နဲ့ မိခင်က ရှမ်းတိုင်းရင်းသူ (Nang Hseng Zoom)တို့က
မွေးဖွားခဲ့တဲ့ ခွန်ဆာဟာ ရှမ်းတရုတ်ကပြား တစ်ယောက်
ဖြစ်ပါတယ်။ မိခင်က မုဆိုးမဘ၀မှာ လွယ်မော်ဌာနေ ပြည်သူ့စစ်နဲ့ အိမ်ထောင်ပြုခဲ့တဲ့အတွက် ခွန်ဆာရဲ့
ငယ်ဘ၀ဟာ လက်နက်ကိုင်ဘ၀နဲ့ အကျွမ်းတ၀င်
ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ တရုတ်ဖြူကူမင်တန်တပ်မှာ
ငယ်စဉ်က ၀ငျခဲ့ပမေယ့ျ ၊ နောက်ပိုင်းမှာတော့ လူအနည်းငယ်နဲ့ပဲ စပြီး ကိုယ်ပိုင်တပ်ကို ထူထောင်ခဲ့တယ်လို့ သိရတယ်။

ကူမင်တန်တပ်တွေ တရုတ်ပြည်ကြီးကနေ စစ်ရှုံး
တပ်ပျက်ပြီးနောက် ဗိုလ်ချုပ်လီမီရဲ့ အမှတ် (၈) တပ်မတော်နဲ့
ဗိုလ်ချုပ်လျူကိုချန်ရဲ့ အမှတ်(၂၆) တပ်မတော်တွေဟာ မြန်မာပြည် ကျိုင်းတုံဒေသ နယ်တွေနဲ့ ထိုင်း၊
လာအိုနယ် အစပ်တွေမှာ ကျူးကျော် ၀ငျရောကျလာခဲ့တာတှကေိုတော့ လူအများသိပြီးသား ဖြစ်မှာပါ။

အခု မိုင်းဖုန်းဆရာတော်ကြီး ရှိနေတဲ့ မိုင်းဖုန်းရွာ ဆိုတာ ...
တချိန်က တရုတ်ဖြူတွေရဲ့ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ရာ တံခါးပေါက် ဖြစ်ဖူးခဲ့ပါတယ်။ ရှမ်း/မြောက်ကိုးကန့်ဒေသက ဘိန်းတွေကို သယ်ဆောင်လာ ပြီး မိုင်းဖုန်းဒေသမှာ တည်ထောင်ထားတဲ့ ဘိန်းချက် စက်ရုံတွေမှာ ဟီးရိုးအင်း ကိုကင်းတွေအဖြစ် အသွင်ပြောင်း ချက်လုပ်ခဲ့တယ်လို့
သိရှိခဲ့ရ ဖူးတာပါ။ ချက်လုပ်ပြီးသား ဟီးရိုးအင်း
ကိုကင်း မော်ဖီးယား တွေကို အဲဒီဒေသမှာ ဖောက်လုပ်ထားတဲ့ လေယာဉ်ကွင်းတွေကနေ ကမ္ဘာအရပ်ရပ်ကို လေယာဉ်နဲ့
တမျိုး၊ နယ်စပ်ဖြတ်ကျော်ပြီး တဖုံ အဆင့်ဆင့် တင်ပို့ခဲ့ကြတယ်။ စီးပွားရေးအရ တွက်ခြေကိုက်လာတဲ့ အချိန်မှာ
မိုင်းတုံ၊ မိုင်းဆတ်၊ ကျိုင်းတုံနယ် တွေရဲ့ ဝေးလံတဲ့
တောင်ပေါ် ဒေသတွေမှာ အတင်းကာရောနဲ့ ဘိန်းတွေကို
စိုက်စေခဲ့ကြတာပါ။ မိုင်းဖုန်းဒေသရဲ့အချက်အချာ
ကျလိုက်ပုံက အရှေ့ဘက်မှာ လာအိုနဲ့ မြန်မာ နယ်နိမိတ်ခြင်း
ခြားထားတဲ့ မဲခေါင်မြစ်ကြီး၊ တောင်ဘက်မှာက
ထိုင်းနဲ့ မြန်မာကို ခြားထားတဲ့ နမ့်ဟုပ်ချောင်း၊
မဲခေါင်မြစ်အတိုင်း ဆန်တက်လိုက်တာနဲ့
တရုတ်ပြည်၊ မဲခေါင်မြစ်ကြောင်းအတိုင်း
စုံဆင်းလိုက်တာနဲ့ ဗီယက်နမ်၊ ကမ္ဘောဒီယား၊
ဆက်ပြီး သွားလိုက်တာနဲ့ ပင်လယ်ကြီးက
တကယ့်ကို ကမ္ဘာနဲ့ဆက်သွယ်ရာ သဘာ၀
ထွက်ပေါက်ကြီးပေါ့။

ဒါတွေကြောင့်လည်း မိုင်းဖုန်းရွာကြီးမှာ တရုတ်ဖြူတွေရဲ့
တပ်စခန်းတွေ၊ ဘိန်းချက်စက်ရုံတွေ၊ လေယာဉ်ကွင်းတွေ
ရှိခဲ့ပြီး ခြေကုပ်ယူခဲ့တာ နေမှာပါ။

အဲဒီ ကာလ ကျိုင်းတုံမှာ ရှိနေတာက တပ်မဟာ ၉ ...
အင်အားက ၂၀၀၀ လောက်ပဲ ရှိ။ နယ်နိမိတ်ကြီးက
အရှည်ကြီး၊ နယ်ပယ်ဧရိယာက စတုရန်းမိုင်ပေါင်း
တစ်သောင်းကျော်ဆိုတော့ အကျယ်ကြီး၊
ဘယ်လိုမှ လက်လှမ်းမှီဖို့ မလွယ်။

ကျနော် ကျိုင်းတုံကို ရောက်ကာစမှာပဲ
အဲဒီတုန်းက သိမှီလိုက်တဲ့ ...
တရုတ်ဖြူနဲ့ တိုက်ခိုက်ခဲ့ရတဲ့ မိတ်ဆွေအဖိုးကြီး တွေရဲ့
စမြုံ့ပြန်တာကို အမြဲတမ်း ကြားနေခဲ့ရတော့
သူတို့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို
အခုအချိန်ထိ မှတ်မိ နေခဲ့ရတယ်။

မြန်မာ့မြေပေါ်မှာ ၀ငျရောကျနရောယူ တပ်စွဲထားတဲ့
တရုတ်ဖြူကူမင်တန် အင်အားတစ်သောင်းကျော်ကို
၁၉၅၃ ခုနှစ်၊ မတ်လမှာ စပြီး ဗိုလ်မှူးကြီးကျော်စိုး
ဦးစီးကာ မိုင်းတုံ၊ မိုင်းဆတ်နယ်မှာ နဂါးနိုင် စစ်ဆင်ရေး၊ ၁၉၅၄ မတ်လမှာ ဗိုလ်မှူးချုပ်ကျော်ဇော ဦးစီးပြီး
မိုင်းတုံ၊ မိုင်းဆတ် ပုံပါကျင်မှာ ဘုရင့်နောင်စစ်ဆင်ရေး၊ ၁၉၅၅ မတ်လမှာ ရှမ်း/အရှေ့တခွင်မှာ ဆင်နွှဲခဲ့တဲ့
ရန်ကြီးအောင်စစ်ဆင်ရေး စတဲ့ စစ်ဆင်ရေးကြီးတွေနဲ့
ရင်ဆိုင်နှိမ်နှင်း ခဲ့ရပါတယ်။

စစ်ဆင်ရေးငယ်တစ်ချို့ ဖြစ်တဲ့ ၁၉၅၃ ခုနှစ်၊ မတ်လမှာ ကျော်ထွန်းစစ်ဆင်ရေး (တရုတ်ဖြူ၊ ရှမ်း/အရှေ့)၊
အောင်ပန်းစစ်ဆင်ရေး (တရုတ်ဖြူ၊ ရှမ်း/အရှေ့)၊
ချယ်ရီစစ်ဆင်ရေး (တရုတ်+KNDO၊ မော်ချီးဒေသ)၊
၁၉၅၄ မှာတော့ ဆင်ဖြူရှင်စစ်ဆင်ရေး
(တရုတ်ဖြူ+KNDO၊ ကော့ကရိတ်၊ မြ၀တီဒေသ)၊
မြ၀တီစစ်ဆင်ရေးနဲ့၊ ၁၉၆၀-၆၁ မှာ ဗိုလ်မှူးကြီးခင်မောင်သောင်း ဦးစီးခဲ့တဲ့ မဲခေါင်စစ်ဆင်ရေး(တရုတ်ဖြူ၊ ရှမ်း/အရှေ့) တွေနဲ့ လည်း အကြိမ်ကြိမ် အခါခါကိုပဲ
ထိုးစစ်တွေ ဆင်နွှဲခဲ့ရတာပါ။

နောက်ဆုံးတော့ တရုတ်ဖြူကူမင်တန် တပ်တွေလည်း အတော်လေးကို ပြုတ်ကုန်ကြတဲ့ အချိန်မှာ ထိုင်၀မ်ကျွန်းကို လေယာဉ်ကြီးတွေနဲ့ အခေါက်ခေါက် အခါခါ သယ်ဆောင်ပြီး ကမ္ဘာသိ ပြောင်းရွှေ့ကုန်ကျတယ်လို့ ဆိုပါတယ်။
အခုနောက်ပိုင်း ခေတ်မှာမှ သိရတာကတော့
ဒေသခံတချို့တွေကို စစ်ယူနီဖောင်းတွေ ပေး၀တ်ပြီး
ကူမင်တန်စစ်သား ဟန်ဆောင်စေကာ လေယာဉ်ပေါ် လိုက်ပါစေခဲ့ပါသတဲ့။

သဘောကတော့ သူတို့ရဲ့စစ်သားတွေ တချို့ကို
ဒေသခံတွေအတွင်း မြှုပ်နှံထားပြီး အခွင့်သာချိန်မှာ
ပြန်လှုပ်ရှားမယ့် စိတ်ကူးမျိုးနဲ့ ဖြစ်ဟန်တူပါတယ်။
အဲဒီ တရုတ်ဖြူလက်ကျန် အဆက်အနွယ်တွေကို
ရှမ်းအရှေ့ တောင်ပေါ်ဒေသတွေနဲ့ ထိုင်းမြောက်ပိုင်း
တောင်ပေါ် ဒေသတွေမှာ အများဆုံး တွေ့ရတာပါ။

တရုတ်ဖြူတွေ တစခန်း ငြိမ်းချိန်မှာတော့
ထကြွလာတဲ့ ရှမ်းလက်နက်ကိုင်တွေကို တိုက်ခိုက်ဖို့အတွက် ပြည်သူ့စစ်အသွင် လွယ်မော်ကာကွယ်ရေး ဒေသခံတပ်ရဲ့ခေါင်းဆောင်အဖြစ် ခွန်ဆာက တာ၀န်ယူလာရတဲ့အခါ ၊ မြန်မာအစိုးရရဲ့လူ ဖြစ်လာတယ်လို့ ဆိုရပါမယ်။
ဒါပေမယ့် ခွန်ဆာဟာ ၁၉၆၄ ခုနှစ်မှာ တောခိုခဲ့ကာ
သူ့ရဲ့စစ်တပ်ကို ကြီးမားအောင် တိုးချဲ့လာပြီး
ရှမ်းပြည်နယ်အတွင်းမှာ လစ်လပ်သွားခဲ့တဲ့
တရုတ်ဖြူကူမင်တန်တွေရဲ့ ဘိန်းလုပ်ငန်းကို
တဖြည်းဖြည်းနဲ့ အရှိန်အဟုန်မြှင့်ကာ လုပ်ဆောင်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ခွန်ဆာဟာ နာမည်ကျော်ကြားတဲ့
ဘိန်းဘုရင်ဘ၀သို့ ရောက်ရှိ လာပါတော့တယ်။

တကြိမ်မှာတော့ ၁၉၆၉ အောက်တိုဘာ ၂၅ မှာ
ခွန်ဆာ့ကို အစိုးရက ဖမ်းမိသွားပါတယ်။
၁၉၇၃ ခုနှစ်၊ ဧပြီ ၁၆ မှာတော့ တောင်ကြီးဆေးရုံက
ရုရှားဆရာ၀န် နှစ်ယောက်ကို ပြန်ပေးဆွဲပြီး
ခွန်ဆာနဲ့ အလဲအလှယ် လုပ်ခဲ့ပါသတဲ့။
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ခဲ့ပေမယ့်
၁၉၇၆ ခုနှစ်မှာ တောခိုခဲ့ပြီး ... လွတ်မြောက်လာတဲ့
ခွန်ဆာဟာ ထိုင်းမြောက်ပိုင်းက တောင်ကုန်းထူထပ်တဲ့
ဘန်ဟင်တက်(Bam Hin Taek)ရွာလေးမှာ အခြေချပြီး
ဘိန်းလုပ်ငန်းကို ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။

တောင်စဉ်တောင်တန်းတွေ ပတ်လည်ဝိုင်းနေတဲ့
၁၂ ဧကရှိ ဒီစခန်းလေးကို တိုက်ခိုက်ဖို့ရန်က
မလွယ်ကူလှပါဘူး။ ခွန်ဆာ အခြေချပြီးမှ စည်ကားလာတဲ့
ဒီရွာလေးဟာ မူလက အာခါတိုင်းရင်းသား (၇)အိမ်ပဲ
ရှိပါသတဲ့။ ခွန်ဆာရဲ့နောက်လိုက် လက်ကျန်မိသားစုတွေနဲ့ တိုးပွားလာတာဆိုတော့ အခုအချိန်မှာ မြို့တစ်မြို့ အလား ဆေးရုံ၊ ရဲစခန်း၊ အထက်တန်းကျောင်း၊ စားသောက်ဆိုင်တွေ၊ Guest House တွေနဲ့ အိမ်ခြေ ထောင်ကျော်လောက်
ရှိနေပါပြီ။ နှစ်ပေါင်း ၂၀ နီးပါး နေခဲ့တဲ့ ဒီဒေသတခုလုံး တိုးတက်အောင် လုပ်ဆောင်ခဲ့တယ်ဆိုပြီး ဒေသခံတွေက
ခွန်ဆာ့အပေါ် ယုံကြည်မှု ရှိခဲ့ကြတာ ၊ အခုအချိန်အထိပဲလို့
ဆိုရမှာပါ။

အမေရိကန်တွေရဲ့ နယူးယောက် လမ်းကြိုလမ်းကြားအထိတောင် ပြန့်နှံ့ခဲ့တဲ့ ခွန်ဆာ့ရဲ့ဘိန်းထွက်အဆင့်မြင့်
ဟီးရိုးအင်း တွေဟာ ၉၀ ရာခိုင်နှုန်းအထိ သန့်စင်မှု ရှိတယ်လို့ ဆိုကြပါတယ်။ အရှေ့ ခွန်ဆာ အနောက် အက်စကိုဘာ လို့တောင် ခေါ်ဆိုကြရတဲ့ ခွန်ဆာရဲ့ ဟီးရိုးအင်းတွေဟာ
ကမ္ဘာ့စျေးကွက်ရဲ့ရာခိုင်နှုန်း ၈၀ လောက်တောင် ရှိခဲ့ပါသတဲ့။

ကိုကင်းဘုရင်ကြီး Pablo Escobar ကနေ စပြီး ရေရင် နံပါတ် ( ၃) လိုက်တာက ခွန်ဆာပဲလို့ ဆိုကြပါတယ်။
အင်အားကြီးမားတဲ့ လက်နက်ကိုင်တပ်ကြီးကို ပိုင်ဆိုင်ထားတဲ့ ခွန်ဆာရဲ့ကြွယ်၀မှုကို အမေရိကန်ဒေါ်လာ ( ၅)ဘီလီယံ(သန်း၅ထောင်) လောက် ရှိမယ်လို့ ခန့်မှန်းကြပေမယ့်၊ တချို့ရဲ့ အဆိုအရ အဲဒီပမာဏထက် အများကြီးကို
ပိုနိုင်ပါတယ်တဲ့။
Shan United Army လို့ အမည်တွင်တဲ့၊
သူ့ရဲ့လက်နက်ကိုင် ၁၅၀၀၀ လောက်ရှိတဲ့ တပ်ကြီးဟာ၊
ကမ္ဘာ့ခေတ်အမှီဆုံး လက်နက်တွေနဲ့ တပ်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်လည်း ထိုင်း၊ လာအို၊ မြန်မာ ရွှေတြိဂံဒေသ ကနေ ဘိန်းဘုရင်အဖြစ် နာမည်ကျော်ကြားလာပြီး
အမေရိကန်အစိုးရရဲ့ ဆုငွေဒေါ်လာ ( ၂)သန်း ထုတ်တာကို
ခံရတာ ဖြစ်မှာပါ။

ထိုင်းနိုင်ငံအတွင်းက တပ်ပေါင်းစုတွေရဲ့ ဝိုင်း၀န်း
တိုက်ခိုက်မှုကို ခံရအပြီးမှာတော့ ခွန်ဆာရဲ့ ဌာနချုပ်ကြီးဟာ ဘန်ဟင်တက်ရွာကနေ ထိုင်းနယ်စပ်အနားက
ဟိုမိန်းကို ရောက်ရှိ သွားပါတော့တယ်။
နောက်ပိုင်းမှာတော့ အခြားသော ရှမ်းတပ်ဖွဲ့တွေနဲ့
ပူးပေါင်းကာ Mong Tai Army(MTA)အဖြစ်
ပြန်လည်ဖွဲ့စည်းပြီး တပ်ဖွဲ့၀င် အင်အား ၃ သောင်းကျော်သည့် အကြီးမားဆုံးသော လက်နက်ကိုင် အဖွဲ့ကြီးအဖြစ်
ရောက်ရှိ လာတော့တာပါ။ အမေရိကန်ရဲ့ စောင့်ကြည့် အရေးယူမယ့် အစီအစဉ်တွေကို ရှောင်လွှဲဖို့ရာအတွက် ငြိမ်းချမ်းရေးယူဖို့ စီမံခဲ့တယ် လို့ ဆိုရမှာပါ။
နှစ်ဖက် သဘောတူညီမှုတွေ ရအပြီး ၁၉၉၆ ခုနှစ် ရဲ့
နှစ်ဦးပိုင်း အရောက် တပ်ဖွဲ့၀င် ၁၄၀၀၀ လောက်ဟာ လက်နက်အပြီးတိုင် ချခဲ့ပြီး MTA တပ်ဖွဲ့ကြီးကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။

ကမ္ဘာမှာ ကျော်ကြားခဲ့တဲ့ ဘိန်းဘုရင်ကြီးခွန်ဆာဟာ
ဘ၀ရဲ့နောက်ဆုံးအချိန်တွေကို ရန်ကုန်မြို့မှာ
အေးချမ်းစွာ နေထိုင်ရင်းနဲ့ ၂၀၀၇ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့ အသက် ၇၃ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့တယ်လို့
ဆိုပါတယ်။

ဘိန်းဘုရင်ကြီးခွန်ဆာ နေထိုင်ခဲ့တဲ့ ဌာနချုပ်လေး ရှိခဲ့ရာ
ဘန်ဟင်တက်(Ban Hin Teak) ရွာလေးကိုတော့ ... အခုအချိန်မှာ ဘန်ထော့ထိုင်း(Ban Thord Thai) လို့ ပြောင်းလဲခေါ်ဝေါ် နေကြပါပြီ။
ဘန်ဟင်တက် ဆိုတာ The Village of Broken Stone လို့ အဓိပ်ပါယျရနတေဲ့ အတွက်၊ ဘန်ထော့ထိုင်း Village to Honour Thailand လို့ ပြောင်းလိုက်တာလို့ ဆိုပါတယ်။
ဒီရွာလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကြောင့် လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေ ညအိပ်မယ်ဆိုရင်လည်း
ဟိုတယ်၊ တည်းခိုခန်းတွေ စားသောက်ဆိုင်တွေက
အဆင်သင့်ပါပဲ။ သစ်ဝါးဘန်ဂလိုတွေမှာ နေရင်း
ဒေသအစားအသောက် တွေရဲ့ ထူးခြားတဲ့အရသာကို
ခံစားနိုင်ပါတယ်။

အဲဒီလမ်းကြောမှာ နောက်ထပ်စိတ်၀င်စားစရာ
နေရာတစ်ခုက မယ့်စလောင်း Doi Mae Salong လို့
ခေါ်တဲ့ Tea Plantation လက်ဖက်စိုက်ခင်း တွေ ပါပဲ။
ခွန်ဆာ့စခန်း ရှိခဲ့တဲ့ ဘန်ထော့ထိုင်းရွာကို လာတဲ့ လမ်းမှာ လမ်းဆုံတစ်ခု ရှိတဲ့ထဲက ... ဘယ်ဖက်ကို ဆက်တက်သွားမယ်ဆိုရင် မယ့်စလောင်းကို ရောက်ပါမယ်။

မယ့်စလောင်းမှာ နေထိုင်သူ အများစုကတော့
တရုတ်ဖြူကူမင်တန် တွေရဲ့ အဆက်အနွယ်တွေပါ။
မြန်မာ့တပ်မတော်က တိုက်ထုတ်လို့ ပြေးလာကြရတဲ့သူတွေပေါ့။ ဒေသခံတွေက အာခါ၊ လားဟူ၊ ရှမ်း တွေ ဖြစ်ပေမယ့်
သူတို့က လူနည်းစုပါ။ မယ့်စလောင်း တောင်ပေါ်က
ဘိန်းအစားထိုး သီးနှံအဖြစ် ဒေသထွက် လက်ဖက်ခြောက်တွေရဲ့ ထူးခြားတဲ့အရသာကို ခံစားရင်း၊ သိပ်ကိုလှပတဲ့
ရှုခင်းတွေကို ဓါတ်ပုံရိုက် နိုင်ပါတယ်။ ထူးခြားတဲ့
တရုတ်တိုင်းပြည် အငယ်စားလေးလို ဖြစ်နေတဲ့
ဒီဒေသလေးမှာ ... ကြွေထည်၊ မြေထည်နဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့ ရိုးရာလက်မှုထည်တွေကိုလည်း
၀ယျယူနိုငျ ပါသေးတယ်။ ကူမင်တန်တွေရဲ့ ပြတိုက်ကိုလည်း မဖြစ်မနေ ၀ငျရောကျလေ့လာ သင့်တယ်လို့ တွေးမိတော့၊ လေ့လာလည်ပတ်ရမယ့် အချိန်က အတော့်ကို နည်းနေသလိုပါ။ ခွန်ဆာစခန်းနဲ့ မယ့်စလောင်းကိုတော့ တရက်သပ်သပ် အချိန်ပေးပြီး လေ့လာရင် ပိုကောင်းပါလိမ့်မယ်။
အဲဒီနှစ်နေရာထဲက တစ်ခုကို ရွေးချယ်ပြီး အိပ်သင့်ပါတယ်။

ခွန်ဆာလို ဘိန်းဘုရင်ကြီးရဲ့စခန်းကို ပြတိုက်
အသေးစားလေးလို ဖွင့်ထားတာ မြင်ရတော့ ကျနော်တို့
နိုင်ငံမှာလည်း အဲဒီလို စခန်းဟောင်းတွေ၊ စစ်ဖြစ်ခဲ့တဲ့ သမိုင်း၀င်နေရာတွေမှ အများကြီးပဲလို့ တွေးမိတယ်။
အမှန်ဆိုရင် ခွန်ဆာစခန်းက ဘာမှ သိပ်ပြီး ကြည့်စရာရှိတာ မဟုတ်၊ ဒါပေမယ့် ကြည့်ချင်အောင်၊ ကြည့်စရာတွေ
ရှိ အောင် လုပ်ထားတော့ ဧည့်သည်တွေ လေ့လာစရာ
Tour destination တစ်ခု ဖြစ်လာရတယ်။

မိုင်းယန်းကို ရောက်တုန်းက ရဲစခန်း ရှိနေတဲ့ ကုန်းပေါ်ကို ရောက်ခဲ့ရတယ်။ တချို့ အဆောက်အဦတွေ လက်နက်ကြီးထိလို့ ပျက်နေတာတွေ၊ သစ်ပင်တွေမှာ ကျည်ဆံရာတွေနဲ့၊
သီဟသူရတင်အောင်မြင့်ဦးတို့ ၈၈ တုန်းက တိုက်ခဲ့တဲ့
နာမည်ကျော် မိုင်းယန်းတိုက်ပွဲနေရာလေ။

သမိုင်းကြောင်းနဲ့ မြေပုံတွေ ဓါတ်ပုံတွေကို ချိတ်ဆွဲပြီး၊ ပြတိုက်တောင် လုပ်လို့ ရတဲ့နေရာ ပေါ့။ အဆွဲဆောင်နိုင်ဆုံး တစ်ခုက ကိုယ်ရပ်နေတဲ့ မြေကြီးရဲ့အောက်မှာ
မပေါက်ကွဲသေးတဲ့ စစ်အတွင်းက ဗုံးတွေ ကျည်တွေ
ရှိတယ်တဲ့ ၊ ရင်တောင် တုန်သွားနိုင်တယ်လေ။
အဲလိုပဲ မြန်မာပြည်တွင်းမှာ တကယ့်ကို စိတ်၀င်စားစရာ
နေရာတွေက အများကြီး ၊ ထိုင်းတွေလို မလုပ်တတ်လို့သာ။

နောက်ပြီး အခုနက နေရာ မယ့်စလောင်း။
မြန်မာက တိုက်ထုတ်လို့ ပြေးရတဲ့ တရုတ်ဖြူကူမင်တန်တွေ။ ဒီလို ကျူးကျော်သူတွေကို လက်ခံထားပြီး Tour Site တစ်ခု ဖန်တီးထားနိုင်တာ နည်းတဲ့ အရည်အချင်းမှ မဟုတ်တာ။
တကယ့်ကို ချီးကျူးဖို့ ကောင်းတဲ့ Idea တွေပါ။
ဟိုတယ်ကြီးတွေ၊ Resortတွေ၊ စျေး၀ယ်စရာနေရာတွေ၊ စားသောက်ဆိုင်ကြီးတွေ၊ ကျယ်ပြော လှပတဲ့ လက်ဖက်ခင်းကြီးတွေနဲ့ အားကျငေးမောပြီး ပြန်လာရတယ်။

ကိုယ့်မြန်မာနိုင်ငံကြီးသား ပြည်လည်
အေးချမ်းတည်ငြိမ်လာမယ်ဆိုရင်

ကိုယ့်နိုင်ငံမှာရှိတဲ့ သီအိုရီသမားတွေ၊ ပညာရှင်တွေကို လက်တွေ့အသုံးချခွင့် ပေးလိုက်ပါ ၊
နိုင်ငံတော်အစိုးရကနေ ငွေကြေးအရင်းအနှီးတွေ
စိုက်ထုတ် ပေးလိုက်ပါ၊

ဖြေလျော့သင့်တာ ပယ်ဖျက်သင့်တာတွေကို
ပယ်ဖျက် ပေးလိုက်ပါ၊ အခြေခံ အဆောက်အဦတွေကို တိုးတက်အောင် လုပ်ပေးပါ၊ နည်းပညာတွေ သွားသင်ပြီး မျှဝေ ပေးလိုက်ပါ၊ လူသား အရင်းအမြစ်တွေကို
စိတ်ဓါတ်အသိဥာဏ်ကောင်းလေးတွေ ထည့်ပေးလိုက်ပါ၊
ဒါဆိုရင် မကြာခင်မှာ မြန်မာနိုင်ငံရဲ့ Tourism ကဏ္ဍကြီး တိုးတက်ဖွံ့ဖြိုး လာမည်က ဧကန် မလွဲပင်။ ။



#ခရီးသွားဆောင်းပါး
ိုရဲကျိုင်းတုံ
#ကိုရဲ(ကျိုင်းတုံ)
Credit

Address

Yangon

Website

Alerts

Be the first to know and let us send you an email when May Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to May Online Shop:

Share