18/12/2020
ကောင်းကျိုးတွေအများကြီးနဲ့ကြယ်ပဲ
တစ်ဘူးကို 1500ပါရှင့်။
Order to CB
pH 09420125324
09783500970 ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
ကြယ်ပဲ ကို အမေဇုန် တောအုပ်ထဲမှာ နှစ်ပေါင်း ၃၀၀၀ လောက် protein ကြွယ်ဝတဲ့ ပဲ (စားစရာ ပဲ) အဖြစ် စိုက်ပျိုးခဲ့ကြတယ်..
ဒီ ကြယ်ပဲ (Sacha Inchi) ကို အမေရိကန်လူမျိုးတွေက မကြာသေးခင် နှစ်အနည်းငယ် ကမှ ကျန်းမာရေးအတွက် အရမ်းကောင်းမှန်း သိလာပြီး စိုက်ပျိုးရောင်းချတာတွေ၊ကြယ်ပဲ အကြောင်း ကျန်းမာရေးဆောင်းပါးတွေ အများကြီး ရေးလာကြတယ်။
သာမန်ပဲ နဲ့ လုံးဝမတူပါဘူး။
ကြယ်ပဲ မှာ *Protein, Omega 3,6,9, alpha-tocopherol Vit E, Carotenoids (Vit A) နဲ့ Fiber တွေ အများကြီး ပါဝင်နေတယ်။
အစာကြေလွယ်တယ်။ကြယ်ပဲဆီ ဆိုပြီး အဆီထုတ်တယ်။ protein နဲ့ Omegas fatty acid တွေ ပေါကြွယ်ဝ လို့ ကမ္ဘာ့အကောင်းဆုံး ဆီလိုလည်း တင်စားကြတယ်။ သံလွင်ဆီ နဲ့ အနံ့အရသာ ခပ်ဆင်ဆင် ဆိုပေမဲ့ သံလွင်ဆီထက် အရသာ ပို ပေါ့ပြီး အစေ့အဆံအရသာ ပိုရတယ်။သက်သက်လွတ် စားတဲ့လူတွေ ရွေးချယ်သင့်တဲ့ ဆီမျိုးပါ။
ကျနော်လည်း ကြယ်ပဲလှော် တစ်ဗူး လက်ဆောင်ရတယ်။အရင်က နေပြည်တော်မှာ ကြယ်ပဲစိုက်ခင်းဆိုပြီး လေ့လာခဲ့ဖူးပေမဲ့ လှော်ထားတာတော့ မစားဖူးဘူး။အခွံမာ ကို သွားနဲ့ကိုက်ပီး အတွင်းထဲက မြေပဲအရသာလို ဆိမ့်ဆိမ့်လေးကို သဘောကျတာနဲ့ ၄/၅ စေ့လောက် စားနေမိတယ်။အလုပ်မှာ အတူစားတဲ့ အစ်မ က တစ်စေ့စားပြီး မကြာဘူး..ခေါင်းတွေမူးလာပြီ ဆိုလို့ အားလုံး နဲနဲ လန့်သွားကြတယ်။ ဒါနဲ့ Google မှာ Incha peanut ကြယ်ပဲ ရဲ့ adverse effect တွေများရှိနေမလား လေ့လာကြည့်မိတယ်။
မရှိပါဘူး။ကြယ်ပဲ နဲ့ ဓာတ်မတည့်တာ အရမ်းရှားပါတယ်။
တချို့လူတွေမှာ ကြယ်ပဲ စားပြီး ခေါင်းမူးတာ၊ အန်တာ၊ ဝမ်းလျှောတာ၊ မအီမသာ ဖြစ်တာ၊ ခေါင်းကိုက်တာ၊ အင်ပျဉ်ထ ပြီး ယားယံတာတွေ ဖြစ်တယ်ဆိုတာ Sacha Inchi ရဲ့ Omega fatty acid ပမာဏ အရမ်းမြင့်မားလွန်းလို့၊ နောက်ပီး protein ပမာဏကလည်း အရမ်းအရမ်းကို ကြွယ်ဝလွန်းလို့ တခါတလေ စားလိုက်ရင် ခန္ဓာကိုယ်က ငြင်းပယ်တယ်တဲ့ဗျ!
ဆိုလိုတာက ခန္ဓာကိုယ်က ဆိုးရွားတဲ့ တစုံတရာဝင်လာ တဲ့အခါဘဲ ငြင်းပယ်တာမဟုတ်ဘူး၊ သူနဲ့ မရင်းနှီးသေးတဲ့ အသားမကျသေးတဲ့ Omega နဲ့ protein ကြွယ်ဝတဲ့ အစားအစာတွေ ဝင်လာရင်လည်း လန့်သွားတတ်တာမျိုးပါ။
ဒါပေမဲ့ ဒီလိုမျိုးကြုံလာရင် စားတဲ့ပမာဏ ကို လျှော့စားသင့်တယ်။ ဆက်တိုက် မသက်သာဘဲ ဖြစ်နေရင်တော့ ကြယ်ပဲစားတာ ရပ်ပစ်လိုက်သင့်တယ်။
ကျန်းမာရေးအကျိုးကျေးဇူးတွေအနေနဲ့
#ကိုလက်စထရောလ်
မကောင်းတဲ့ LDL cholesterol ကိုလျှော့ချပေးတယ်..ကောင်းတဲ့ HDL cholesterol တွေကို မြှင့်တင်ပေးတယ်။
Crd