Style valley collections

Style valley collections We try our best to deliver all things you want to .

Good Morning ပါ ချစ်ဆုံးတို့ 11.11.22
11/11/2022

Good Morning ပါ ချစ်ဆုံးတို့
11.11.22

မင်္ဂလာနံနက်ခင်း​လေးပါ 🥰
17/06/2022

မင်္ဂလာနံနက်ခင်း​လေးပါ 🥰

ကိုဗစ် သည် ဘေးမှာ သေသေချာချာ ပြုစု စောင့်ရှောက်ပေးမယ့် လူနာစောင့်ရယ် ကုသပေးမယ့် ဆရာဝန်ရယ် ဆေးဝါးတွေရယ် အောက်ဆီဂျင် တွေရယ...
02/08/2021

ကိုဗစ် သည် ဘေးမှာ သေသေချာချာ ပြုစု စောင့်ရှောက်ပေးမယ့် လူနာစောင့်ရယ် ကုသပေးမယ့် ဆရာဝန်ရယ် ဆေးဝါးတွေရယ် အောက်ဆီဂျင် တွေရယ် အကုန်လုံး ချိတ်ဆက်ပြီး ကုသပေးမှ ပျောက်မှာပါ ဆေးတို့ အောက်ဆီဂျင်တို့ချည်းပဲ မျှော်ကိုးနေလို့မရပါဘူး

**** လူနာစောင့်ရဲ့ အခန်းကဏ္ဍက အရမ်း အရေးကြီးပါတယ်

>>>>လူနာကို ဘေးကနေ စိတ်ခွန်အားပေးရမယ် ဖြစ်နိုင်ရင် Facebook မသုံးခိုင်းပါနဲ့ အရေးမကြီးတဲ့ ဖုန်းတွေ မကိုင်ခိုင်းပါနဲ့ မိမိဘာသာတရားနဲ့ သက်ဆိုင်တဲ့တရားလေးတွေ ဖွင့်ပေးပါ သီချင်းနားထောင်ခိုင်းပါ လူနာကို စိတ်ဓတ်ကျစေမယ့် စကားတွေ သတင်းတွေ လူနာကို မပြောပါနဲ့

>>>>ဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သေသေချာချာ တိုက်ရပါမယ် သူများသောက်တိုင်းရမ်းပီး ဆေးတွေလိုက်သောက်လို့မရပါ လူတစ်ယောက်နဲ့တစ်ယောက် ခံနိုင်ရည် ရောဂါအခြေအနေ မတူတဲ့အတွက် ဆရာဝန်နဲ့ သေချာတိုင်ပင်ပီးမှ တိုက်ရပါမယ်

>>>> လိုအပ်ရင် သွေးပေါင်ချိန်တာ အောက်ဆီဂျင်တိုင်းတာ နှလုံးခုန်နှုန်း အသက်ရှုနှုန်း ဆီးချိုဖောက်တာတွေကိုပါ ဆရာဝန်ညွှန်ကြားချက်အတိုင်း သေချာလုပ်ပီး စာအုပ်လေးနဲ့ မှတ်တမ်းသေချာလုပ်မယ် ကိုယ်ပြနေကြဆရာဝန်ကို မှတ်တမ်းပြပီး လိုအပ်တာတွေ ဆက်လုပ်ရပါမယ်

>>>>လူနာကိုလည်း အစားသေချာဝင်အောင် သေချာကျွေးရမယ် ရေများများ သောက်ခိုင်းရမယ်

>>>>အောက်ဆီဂျင်ကျပီးမောနေတဲ့ လူနာကို အိပ်ယာဘေးမှာပဲ အပေါ့ အလေးသွားနိုင်အောင် စီစဥ်ပေးထားရမယ် တတ်နိုင်သမျှ လူနာကို ငြိမ်ငြိမ်လေး နေခိုင်းမယ်

>>>> လူနာကို မှောက်ခိုင်းမယ် ဘေးစောင်းခိုင်းမယ် အသက်ရှုလေ့ကျင့်ခန်းတွေ လုပ်ခိုင်းရမယ် Chest physiotherapy လုပ်ပေးရမယ် (chest physiotherapy ဆိုတာ ဘာမှန်း မသိရင် Facebook မှာ ရိုက်ပီး ရှာကြည့်လိုက်ပါ)

>>>> နောက်ဆုံး အောက်ဆီဂျင်ရှုဖို့လိုလာရင် တတ်နိုင်သမျှ လက်လှမ်းမှီရာ ပရဟိတ အဖွဲ့အစည်းတွေ မိတ်ဆွေတွေ ကို စုံစမ်းရပါမယ်

**** အဓိက ပြောချင်တာက ကိုယ့်အိမ်မှာ ကိုဗစ်ဖြစ်လို့ဆိုပီး ဆေးတွေပဲ အားကိုး အောက်ဆီဂျင် တခုတည်းပဲ အားကိုးနေလို့မရပါဘူး ဆေးရုံတက်ခွင့်ရခဲ့တယ်ဆိုရင်တောင် လူနာစောင့်ရဲ့ အခန်းကဏ္ဍက အိမ်ဖြစ်ဖြစ် ဆေးရုံဖြစ်ဖြစ် အရေးပါပါတယ်

လူနာစောင့်တော်နေပေမယ့်လည်း လူနာရဲ့ ရောဂါအခံ ကံတရားကြောင့် ချွတ်ချော်သွားရတဲ့သူတွေအတွက်လည်း စိတ်မကောင်းပါဘူး😔😔😔

အားလုံးနေကောင်း ကျန်းမာကြပါစေ 🙏🙏🙏

Credit: Ministry of Health (NUG)
03/07/2021

Credit: Ministry of Health (NUG)

Covid 19 အိမ်တွင်းပြုစုနည်း
02/07/2021

Covid 19 အိမ်တွင်းပြုစုနည်း

01/07/2021

Comorbid disease ဆီးချို သွေးတိုးကျောက်ကပ်ရောဂါ ကင်ဆာဝေဒနာသည်တွေ HIV ဝေဒနာသည်တွေ အိမ်မှာ ဖွဈနျိုငျရငျ တတ်နိုင်ရင် အိမ်မှာ Oxygen ဆောင်ထားကြပါ။
အိမ်ထဲမှာပဲနေပါ။

အပြင်ထွက်နေတဲ့သူရှိရင် လုံးဝ အနားအကပ်မခံပါနဲ့။
အခန်းကျဉ်းလေး ထဲနေရတာ မျိုးကတော့ မတတ်နိုင်တာနိုင်တာမှန်ပေမဲ့
spacing မကောင်းပေမဲ့ Mask ကိုအမြဲတပ်ထားပါ။

မြန်မာလူမျိူးအကျင့်က ဘာလဲတော့မသိဘူး
စကားပြောရင် mask ကိုချွတ်ပြီ။
စကားပြောရင်ကို မမြင်ရတဲ့ droplets တွေက နေကူးပါတယ်။
အသက်မသေအောင်လုပ်ပေးတာ Oxygen ပါ။

Telemedicine အားကိုးပါ။

SpO2 ကျလာတာကို စောင့်ပြီးမှပေးတယ်ဆိုတာ Non sense ပါနော်။

ABG ဆိုတာ လူတိုင်း နေရာတိုင်းမှာ ဖောက်ပြီး
မတိုင်းနိုင်ပါဘူး။
ICU setting မှာပဲ လက်လမ်းမှီတာပါ။

လွတ်လပ်စွာကူးယူနိုင်ပါသည်။
Credit ပေးစရာမလိုပါ။ 😊

01/07/2021

အမေး----အမေမှာ Covid ဖြစ်ရင် ကလေးကို နို့တိုက်လို့ရလား?
အဖြေ---* ရပါတယ်

အမေး----ကလေးကို မကူးအောင် ဘယ်လို ကာကွယ်ပြီးတိုက်ရမလဲ
အဖြေ---- 1/ ကလေးကို အမေနို့မတိုက်ခင် အမေ၏ လက်ကို ဆေးပါ။
2/ နှာချေချောင်းဆိုးခဲ့ရင် Tissue (တစ်ရှုး)နဲ့ အုပ်ပြီး ဆိုးပါ။ သုံးပြီးသား Tissue ကို ချက်ချင်းအဖုံးပါသော အမှိုက်ပှုံးထဲသို့ လွှင့်ပစ်ပါ။
3/ မိခင် ထိတွေ့ခဲ့သော မျက်နှာပြင် နေရာအားလုံးကို ပိုးသတ်ဆေး ဥပမာ အရက်ပြန်စွတ်ထားသော အဝတ်ဖြင့် ပိုးသတ်ပါ။
4/ ဖြစ်နိုင်မယ်ဆိုရင် Mask 😷 တပ်ပြီး နို့တိုက်ပါ။
Mask မရှိရင်ရော နို့မတိုက်ရဘူးလား?
ကလေးဆာမှာထက်စာရင် risk ယူပြီး တိုက်ရပါတယ်။
Mask 😷 တပ်ပြီး တိုက်ရင် အကောင်းဆုံးပါ။
Source ___WHO

Crd

29/06/2021

ဘုရားပစ္စည်းသုံးစွဲမိခြင်းကြောင့် ပြိတ္တာဖြစ်

သီဟိုဠ်ကျွန်းက လယ်သမား
တစ်ယောက်ဟာ ဘုရားရှင်၏
စေတီ၌လှူဒါန်းထားသော
တံခွန်တိုင်၌ တံခွန်သည် လေလွင့်၍
အောက်ကျနေသည်ကို မြင်သောအခါ
လောဘဇောတက်၍ ကောက်ယူပြီး
အင်္ကျီ ချုပ်ဝတ်ခဲ့လေသည် ၊

ထိုဒကာ သေသော အခါ လယ်တော၌
မီးရဲရဲတောက် နေသော သံပြားကြီးငါးရာကို
ထမ်း၍ သွားလာရသော
ပြိတ္တာ ဖြစ်လေသည် ၊

တနေ့သောအခါ ထိုပြိတ္တာနှင့်
ရဟန်းတစ်ပါးတို့
ဆုံမိကြလေသည် ၊ ရဟန်းက
အဘယ်ကြောင့်
မီးရဲရဲတောက် နေသော
သံပြားကြီးငါးရာကို
ထမ်း၍ သွားလာရသနည်းဟု
မေးသောအခါ
အတိတ်က သမိုင်းကြောင်းကို
လျောက်ကြား
လိုက်လေသည်၊

ထိုနောက် ပြိတ္တာသည် အရှင်ဘုရား
တပည့်တော်ကို ကယ်ပါဦးဟု
လျောက်သောအခါ ထိုရဟန်းသည်
သင်္ချိုင်း၌၄င်း လမ်းဆုံ လမ်းမတို့၌၄င်း
အဝတ် ၁၀ ခုတို့ကို ပံသုကူကောက်ယူ၍
ဘုရား၏ တံခွန်တိုင်၌ ပြန်လည်လှူဒါန်းပေးပြီး
ထိုပြိတ္တာအား အမျှပေးဝေလေသည်

ပြိတ္တာသည် သာဓုခေါ်ပြီးနောက်
မီးရဲရဲတောက်နေသော သံပြားကြီး
ဆယ်ပြား ကွာကျသွားလေသည်။

ပြိတ္တာသည် ထိုရဟန်းကို
အရှင်ဘုရားတပည့်
တော်၏ ကျောကုန်းသည် အနည်းအကျင်း
ပေါ့သွားပါသည်ဟု လျောက်၏

ထိုနည်းအတူ ရဟန်းသည် အဝတ်ငါးရာ
ပြည့်အောင်ရှာ၍ ဘုရားရှင်၏
တံခွန်တိုင်အား
လှူဒါန်းပြီး ထိုပြိတ္တာအား
ကယ်တင်ခဲ့လေသည်၊

ပြိတ္တာသည် ထိုဘဝက ကျွတ်လွတ်ပြီး
နတ်အသွင်ဖြင့် အရှင်ဘုရားတပည့်တော်သည် အရှင်ဘုရား၏ ကျေးဇူးကြောင့် တပည့်တော်
လွတ်ခဲ့ပါပြီဘုရားဟု လျောက်ထားလေတော့
သတည်း။

မြန်မာပြည်သူ ပြည်သားအပေါင်းတို့
ဘုရားပစ္စည်း မစားချင် မလိုချင်ကြပါနဲ့
သူတပါးတို့ကိုလည်း ယူဖို့ စားဖို့
မတိုက်တွန်းကြပါနဲ့။ အင်မတန်အပြစ်ကြီး
ပါကြောင်း ဤဝတ္ထုက သက်သေတည်ပါသည်။

Credit

ဓမ္မဒါနကုသိုလ်ပြုပါသည်။

Peace Rose (29/6/2021)

Address

Thakayta
Yangon
959

Website

Alerts

Be the first to know and let us send you an email when Style valley collections posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Style valley collections:

Share