28/08/2024
တစ်ရက်မှာ ကျွန်မက ကျွန်မသားကို " မင်းငါရွေးချယ်တဲ့မိန်းကလေး ကို လက်ထပ်ရမယ်ဆို" လို့ပြောလိုက်တယ်
သားက ပြန်ပြောတယ် "လက်မထပ်နိုင်ဘူးတဲ့"
အဲ့တော့ကျွန်မက သားကို " အဲ့မိန်းကလေးက ဘေလ်ဂိတ်ရဲ့သမီးနော်လို့" ပြောလိုက်တော့
သားက " အိုကေ သူလက်ထပ်မယ်ပေါ့"
အဲ့တာနဲ့ ကျွန်မလည်း ဘေဂိတ်ကို ဖုန်းလှမ်းဆက်ပြီး "
ကျွန်မသားနဲ့ ရှင့်သမီးကိုလက်ထပ်စေချင်တယ်လို့" ပြောလိုက်တယ်။
ဘေဂိတ်က "သူလက်မခံပါဘူးတဲ့"
အဲ့တာနဲ့ ကျွန်မက "ကျွန်မသားက world bank (ကမ္ဘာ့ဘဏ်ရဲ့ CEO)နော်" လို့ပြောလိုက်တော့
ဘေဂိတ်က ဒါဆိုရင် သူလက်ခံပါတယ်ပေါ့
ဒါနဲ့ပဲ ကျွန်မက world bank ရဲ့ President ကိုလှမ်းဆက်လိုက်ပြီး " ကျွန်မသားကို ရှင်တို့ ကုမဏီရဲ့ CEO အဖြစ် ခန့်အပ်စေချင်တယ်" လို့ပြောတော့
ထုံးစံအတိုင်း NO ပေါ့
ဒါနဲ့ ကျွန်မလည်း "ကျွန်မရဲ့သားက ဘေဂိတ်ရဲ့ သားမတ်ပါ" လို့ပြောလိုက်တော့
ဒါဆိုရင် အိုကေပါတယ် ခန့်ပါမယ်ပေါ့
နိုင်ငံရေးမှာလည်း ဒီလိုမျိုး ပါပဲ