Hobby Paradise

Hobby Paradise Hobby Store
(1)

"We are here to connect, inspire, and grow with others who share the same passion for exploring the world of hobbies! 🚀 Let’s push boundaries, learn together, and turn our hobbies into something extraordinary."

19/04/2026

WRC ကားအစစ်တွေလို ကြမ်းချင်လား?

အရင်နေ့တွေက WRC (World Rally Championship) ကားကြီးတွေအကြောင်း တင်ပေးခဲ့ပြီးပြီဆိုတော့...
ဒီနေ့မှာတော့ WRC ကားတွေလိုပဲ တကယ့်ကို အမိုက်စားဆော့လို့ရတဲ့ RC Rally Racing Car အကြောင်း ပြောပြချင်ပါတယ်။

Video ထဲမှာ မြင်ရမှာကတော့ ကျွန်တော့်ရဲ့ Collection ထဲက USA Brand ဖြစ်တဲ့ Traxxas Rally Deegan Edition လေးပါ။ Motorsports Legend ဖြစ်တဲ့ Brian Deegan ရဲ့ Ford Fiesta ST ပြိုင်ကားကို အခြေခံပြီး ထုတ်ထားတာ ဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော် အဓိက ပြောချင်တာက
"RC Model ဆိုတာ ကစားစရာသက်သက် မဟုတ်ဘူး" ဆိုတာပါပဲ။ 🛠️

👉 Realistic Engineering: ကားအစစ်ရဲ့ အချိုးအစားအတိုင်း ပြုလုပ်ထားရုံတင်မကဘဲ အမြန်နှုန်း၊ ရွေ့လျားမှုနဲ့ Suspension ပိုင်းတွေကအစ တကယ့်ကားအစစ်အတိုင်း ခံစားချက်ရအောင် ဖန်တီးထားတာပါ။

👉Precision & Speed: Rally ကားအစစ်တွေလိုပဲ မြေသားလမ်း၊ ကမ်းခြေသဲသောင်ပြင်နဲ့ ကတ္တရာလမ်းတွေပေါ်မှာ စိတ်ကြိုက်ကြမ်းလို့ရပါတယ်။

📌 ဝယ်ယူတော့မယ်ဆိုရင် သတိထားရမှာက -
RC ကားတစ်စီးကို မဝယ်ခင်မှာ ကိုယ်နဲ့ကိုက်ညီမယ့် အမျိုးအစားဖြစ်ဖို့ သေချာလေ့လာဖို့ လိုပါတယ်။

ဒါကြောင့် ဝယ်ယူတော့မယ်ဆိုရင် Hobby Paradise လို 10 နှစ်ကျော် experience ဖြစ်တဲ့ Hobbyist တွေရှိတဲ့နေရာမှာ သေချာဆွေးနွေးပြီးမှ ဝယ်ယူဖို့ အကြံပေးချင်ပါတယ်။ နည်းစနစ်တကျ လေ့လာပြီးမှ ဆော့မှသာ ဒီ Hobby ရဲ့ တကယ့်အရသာကို အပြည့်အဝ ခံစားရမှာ ဖြစ်ပါတယ်။ 💡

RC နဲ့ ပတ်သက်ပြီး သိချင်တာရှိရင်ဖြစ်ဖြစ်၊ Hobby Paradise နဲ့ ဆွေးနွေးချင်ရင်ဖြစ်ဖြစ် Comment / Messenger မှာ မေးမြန်းနိုင်ပါတယ်ဗျ။ 👋


  Season အရှိန်အဟုန်ပြင်းစွာ ကျင်းပနေပြီ! 🏁**  ချစ်သူတွေ စောင့်မျှော်နေတဲ့ 2026 World Rally Championship  ကတော့ အခုဆိုရင...
18/04/2026

Season အရှိန်အဟုန်ပြင်းစွာ ကျင်းပနေပြီ! 🏁**

ချစ်သူတွေ စောင့်မျှော်နေတဲ့
2026 World Rally Championship ကတော့ အခုဆိုရင် တကယ့်ကို အကြိတ်အနယ် ရှိနေပါပြီ!

🔥 လက်ရှိမှာ Round 4 ဖြစ်တဲ့ **Croatia Rally** အထိ ပြီးဆုံးသွားခဲ့ပြီဖြစ်လို့ အမှတ်ပေးဇယားက တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းနေပါတယ်။

ဒီနှစ်ရဲ့ ထူးခြားချက်ကတော့ **Toyota Gazoo Racing** အသင်းရဲ့ အားကောင်းမှုနဲ့အတူ Driver Standings ထိပ်ဆုံးပိုင်းကို စိုးမိုးထားတာပဲ ဖြစ်ပါတယ်။

🏆 လက်ရှိ ထိပ်ဆုံးရောက် Drivers များနှင့် ပြိုင်ကားများ
(Top 5 Standings) အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အကြမ်းဆုံး Driver တွေနဲ့ သူတို့ရဲ့ လက်နက်ကောင်းတွေကတော့ -

1️⃣ **Takamoto Katsuta** 🇯🇵
🏎️ **Car:** Toyota GR Yaris Rally1
💰 **Points:** 81 pts
*(သမိုင်းတစ်လျှောက် ဇယားထိပ်ဆုံးရောက်တဲ့ ပထမဆုံး ဂျပန်လူမျိုး Driver!)*

2️⃣ **Elfyn Evans** 🏴󠁧󠁢󠁷󠁬󠁳󠁿
🏎️ **Car:** Toyota GR Yaris Rally1
💰 **Points:** 74 pts

3️⃣ **Oliver Solberg** 🇸🇪
🏎️ **Car:** Toyota GR Yaris Rally1
💰 **Points:** 68 pts

4️⃣ **Sami Pajari** 🇫🇮
🏎️ **Car:** Toyota GR Yaris Rally1
💰 **Points:** 52 pts

5️⃣ **Adrien Fourmaux** 🇫🇷
🏎️ **Car:** Hyundai i20 N Rally1
💰 **Points:** 49 pts

🌍 WRC 2026 မှာ ဘာတွေ ထူးခြားနေလဲ?
✅ Toyota ၏ စိုးမိုးမှု - လက်ရှိမှာ Toyota ဟာ
ပထမကနေ စတုတ္ထနေရာအထိ အကုန်သိမ်းပိုက်ထားပြီး Manufacturer အမှတ်ပေးဇယားမှာလည်း အမှတ် ၂၀၀ ကျော်နဲ့ ပြတ်ပြတ်သားသား ဦးဆောင်နေပါတယ်။

✅ အိမ်ရှင်အသစ်များ - Paraguay နဲ့ Saudi Arabia တို့ကို ဒီနှစ်ပြက္ခဒိန်မှာ ပထမဆုံး မြင်တွေ့ရတော့မှာပါ။

✅ နောက်လာမည့်ပွဲ - ဧပြီလ ၂၃ ရက်ကနေ ၂၆ ရက်နေ့အထိ **Rally Islas Canarias (Spain)** မှာ ကတ္တရာလမ်း (Tarmac) ပေါ် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

WRC သတင်းတွေ၊ Stage အလိုက် ရလဒ်တွေနဲ့ Highlight တွေကို အချိန်ရရင် တင်ပေးသွားမှာဖြစ်သလို .. WRC.com မှာလဲ ကြည့်ရှု့နိုင်ပါတယ်..

ဒီနှစ် ချန်ပီယံဆုကို
Toyota ကပဲ သိမ်းပိုက်မလား?
Hyundai နဲ့ Ford တို့က ပြန်တက်လာမလား?
အားလုံးရဲ့ ခန့်မှန်းချက်လေးတွေကို Comment မှာရေးပေးခဲ့ကြပါဦး! 👇

18/04/2026

SWEDEN

Video Credit to World Of Speed & Original Owner.

🏁 WRC – World Rally Championship ဆိုတာဘာလဲ? ၁၉၇၃ ခုနှစ်မှာ စတင်ခဲ့တဲ့ WRC ဆိုတာ သာမန် Circuit ပြိုင်ကွင်းတွေမှာ ပတ်မောင်...
17/04/2026

🏁 WRC – World Rally Championship ဆိုတာဘာလဲ?

၁၉၇၃ ခုနှစ်မှာ စတင်ခဲ့တဲ့ WRC ဆိုတာ သာမန် Circuit ပြိုင်ကွင်းတွေမှာ ပတ်မောင်းရတဲ့ပွဲမျိုး မဟုတ်ပါဘူး။ နှင်းဖုံးနေတဲ့လမ်း၊ မြေနီလမ်းနဲ့ ရွှံ့ဗွက်တွေကြားထဲမှာ အချိန်လုပြီးမောင်းရတဲ့ The Ultimate Test of Man and Machine ပါ။

WRC ဆိုတာ ကားရဲ့ ကြံ့ခိုင်မှု + suspension performance + AWD control + driver skill ကို အဆုံးစွန်ထိ စမ်းသပ်တဲ့ motorsport ဖြစ်ပါတယ်။ အန္တရာယ်အများဆုံး ပြိုင်ပွဲတွေထဲက တစ်ခုလို့တောင် ပြောလို့ရပါတယ်

🚗 Homologation Special ဆိုတာဘာလဲ?
WRC မှာ ပြိုင်ဖို့ဆိုရင် ကားကုမ္ပဏီတွေက
ပြိုင်ပွဲဝင်ကားနဲ့ နီးစပ်တဲ့ လမ်းသုံးကား / အိမ်စီးကား version ကို အရေအတွက်အကန့်အသတ်နဲ့ ထုတ်လုပ်ရပါတယ်။ဒီလိုကားတွေကို Homologation Specials လို့ ခေါ်ပါတယ်။
- အဓိကရည်ရွယ်ချက်က Race DNA/Technology ကို အိမ်စီးကားထဲမှာ ထည့်သွင်းထားဖို့ပါ။

💙 Subaru WRX ဆိုတာ?
Subaru fan တွေအတွက်တော့ legend တစ်ခုက Subaru Impreza WRX STI ပါပဲ။

WRX ဆိုတာ World Rally eXperimental ကို ဆိုလိုပြီး Rally DNA ကို အိမ်စီးကားထဲထည့်ထားတဲ့ performance model ဖြစ်ပါတယ်။

Subaru ဟာ WRC မှာ legendary team တစ်ခုဖြစ်ပြီး
🏆 Constructors’ Champion – ၃ ကြိမ်
🏆 Drivers’ Champion – ၃ ကြိမ်
ရရှိခဲ့တဲ့ iconic brand တစ်ခုပါ။

အထူးသဖြင့်
Colin McRae,
Richard Burns,
Petter Solberg တို့နဲ့
Subaru ရဲ့ blue & yellow livery က Rally history ထဲမှာ မမေ့နိုင်တဲ့ icon ဖြစ်ပါတယ်

🎮 Real Car Vs RC Car

RC hobby world ထဲမှာလည်း ကားအစစ်တွေလို
🏁 RC Rally ပြိုင်ပွဲတွေနဲ့ Rally Car တွေရှိပါတယ်..

ပုံထဲက ကားလေးကတော့ Kyosho PureTen GP FAZER Nitro RC ဖြစ်ပြီး ၂၀၀၆ WRC မှာ Subaru ဝင်ပြိုင်ခဲ့တဲ့ car livery ကို licensed ယူပြီး 2010 မှာ ထုတ်ထားတဲ့ model ဖြစ်ပါတယ်။

တကယ်တော့ ဒီကားလေးက Rally chassis မဟုတ်ဘဲ Touring chassis type ဖြစ်ပါတယ်။
ဒါပေမယ့် Subaru Impreza ကို ကြိုက်နှစ်သက်တဲ့ fan တစ်ယောက်အနေနဲ့ Nitro engine ရဲ့ sound က ကားအစစ် Rally Feeling ကို အနီးစပ်ဆုံး ပေးနိုင်တာကြောင့် ဒီကားလေးကို ကျွန်တော့် collection ထဲမှာ အမှတ်တရအဖြစ် သိမ်းထားတာဖြစ်ပါတယ်

🏁 Coming Soon! The Rally Legend is Landing! ​ပထမဦးဆုံးအနေနဲ့ Rlaarlo XTS-S10 ကို ယုံကြည်စိတ်ချစွာ Pre-Order မှာယူပေးကြတဲ...
17/04/2026

🏁 Coming Soon! The Rally Legend is Landing!

​ပထမဦးဆုံးအနေနဲ့ Rlaarlo XTS-S10 ကို ယုံကြည်စိတ်ချစွာ Pre-Order မှာယူပေးကြတဲ့ Bro ကို Hobby Paradise မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ 🙏🙏🙏

​​ဒီကားလေးကတော့ Rlaarlo 1/10 Scale RTR 4WD Carbon Fiber Brushless RC Rally Car | XTS-S10 ဖြစ်ပါတယ်။

​ကျွန်တော်ကိုယ်တိုင်လည်း -
​- Rally Car တွေကို ကြိုက်တဲ့သူတစ်ယောက်ဖြစ်သလို...
- ​အထူးသဖြင့် Rally Car တွေရဲ့ ဂန္ထဝင် Subaru Impreza / WRX STI တွေကို အမြဲတမ်း အားပေးခဲ့ရတဲ့ Fan တစ်ယောက်လည်း ဖြစ်ပါတယ်။

အကြိုက်ချင်းတူတဲ့ bro ကိုယ်တိုင် သေချာလေ့လာပြီး
လာရောက်မှာယူထားတာလေးကို .. Hobby Paradise ရဲ့ ၁၀ နှစ်ကျော် experienced နဲ့ ထပ်မံပေါင်းစပ်လေ့လာလိုက်တဲ့အခါ လက်မလွှတ်သင့်တဲ့ ကားလေးဖြစ်တဲ့အတွက် ကားလေး မှာထားပါတယ် ...

Detail ကို နောက်ထပ် Post တစ်ခုမှာတင်ပေးပါမယ် ..

MN82 Series ရဲ့ မတူညီတဲ့ကွာခြားချက်လေးတွေကို တင်ပေးလိုက်ပါတယ် 📌MN82 / MN82 Pro / MN82sModel တစ်ခုချင်းစီမှာ setup နဲ့ fe...
17/04/2026

MN82 Series ရဲ့ မတူညီတဲ့ကွာခြားချက်လေးတွေကို တင်ပေးလိုက်ပါတယ် 📌

MN82 / MN82 Pro / MN82s
Model တစ်ခုချင်းစီမှာ setup နဲ့ feature အနည်းငယ်ကွာခြားမှုရှိပါတယ်။

🔦 Lighting System
Pro Version နဲ့ S Version မှာ lighting feature ပိုကောင်းပြီး realistic look ပိုရပါတယ်။

🔋 Battery Capacity (Ampere)
S version က 1200mah ပါဝင်ပါတယ်

Basic version ထက်စာရင်
💯 MN82 Pro / MN82s ကို ပိုရွေးသင့်ပါတယ်။

ဘာလို့လဲဆိုတော့ 👇
✅ Light setup ပိုလှ
✅ Realistic scale look ပိုကောင်း
✅ Premium feeling ပိုရ

Classics Style ကြိုက်ရင် Pro version ရွေးပါ
Modern Style ကြိုက်ရင် S version ရွေးပါ

MN82 Pro = 290,000Ks
MN82 s = 345,000Ks

Spare Parts Available ! MN99 နဲ့ WPLD12 ကားလေးတွေအတွက်Spare parts ပါ .. 1) MN99 series ESC 2) WPL D12 , Motor and gearbo...
16/04/2026

Spare Parts Available !

MN99 နဲ့ WPLD12 ကားလေးတွေအတွက်
Spare parts ပါ ..

1) MN99 series ESC
2) WPL D12 , Motor and gearbox

Price 48000 / PCs








#09799557899

နစ်စီးလုံးမရှိတော့ဘူး .. 🤒🤒
16/04/2026

နစ်စီးလုံးမရှိတော့ဘူး .. 🤒🤒







1/7 Scale ဆိုတော့ .. Size က တော်တော်ကိတ်တယ်JK07 PRO1/7 LARGE SCALE DESIGNJK07 Pro restores the appearance of the real ca...
15/04/2026

1/7 Scale ဆိုတော့ .. Size က တော်တော်ကိတ်တယ်

JK07 PRO
1/7 LARGE SCALE DESIGN

JK07 Pro restores the appearance of the real car, equipped with a full vehicle linkage lighting system, simulation of side tents, gantries, luggage racks and other designs the ultimate simulation of details, to take you to open the adventure of truth and speed.

https://rlaarlo.com/pages/jk07-pro





Coming Soon !FMS - 2026 new modelFCX10 Toyota LC80 Limited editionသင်္ကြန်ရက်လေးမှာ Pre-order မှာယူပေးတဲ့အတွက်အထူးပဲကျေး...
15/04/2026

Coming Soon !

FMS - 2026 new model
FCX10 Toyota LC80 Limited edition

သင်္ကြန်ရက်လေးမှာ Pre-order မှာယူပေးတဲ့အတွက်
အထူးပဲကျေးဇူးတင်ပါတယ် .. 🙏🙏🙏





သိန်း ၁၅၀ တန် RC ကား – Capo JKMX ဒီကားက “RC” လို့ခေါ်တာထက်…Real Machine Level လို့ပြောလို့ရပါတယ်.. 2018 တုန်းက Hobby Par...
12/04/2026

သိန်း ၁၅၀ တန် RC ကား – Capo JKMX

ဒီကားက “RC” လို့ခေါ်တာထက်…
Real Machine Level လို့ပြောလို့ရပါတယ်..

2018 တုန်းက Hobby Paradise ကနေ Factory ကို custom setup လုပ်ခိုင်းထားတဲ့
အမှတ်တရ special build ကားလေးပါ။

RC hobby world ထဲမှာ Top-tier / High-end level ကို ကိုယ်စားပြုတဲ့ model တစ်ခုဖြစ်ပြီး

🌍 One of the most expensive RC cars in the world
🇲🇲 Only one in Myanmar !

⚙️ Capo JKMX Value
🔧 Chassis Only – USD 2500
🔧 Complete RTR + Upgrade Parts – USD 4000

👉 Full metal construction
👉 Extreme scale realism
👉 Professional crawler performance
👉 Collector level masterpiece

RC hobby ကို serious level နဲ့ လိုက်တဲ့သူတွေအတွက်
ဒါက “Dream Machine” တစ်စီးပါပဲ။

မကြာခင် ရောက်ရှိလာမယ့် MJX RC ကားလေးတွေပါ Hyper Go Series – High Speed / Brushless / 4WD💥 RC Hobbyist တွေအတွက် Must Have...
12/04/2026

မကြာခင် ရောက်ရှိလာမယ့် MJX RC ကားလေးတွေပါ

Hyper Go Series – High Speed / Brushless / 4WD

💥 RC Hobbyist တွေအတွက် Must Have Model တွေပါ

💥 Drift / Rally/ Off-road / Bash အကုန်မောင်းလို့ရ

📦 Stock မရောက်ခင်
👉 ကြိုတင်ဝယ်ယူထားနိုင်ပါတယ်

📩 Pre-order now
📞 First come, first serve
🔥 Hashtags


Address

917/B , Joe Phyu Road , 20 Quarter , South Dagon Innwa Housing
Yangon

Alerts

Be the first to know and let us send you an email when Hobby Paradise posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hobby Paradise:

Share

Category