18/01/2024
ပထမတုန်းကတော့ မတင်တော့ဖို့ပဲ ဒါပေမယ့်လည်း တချို့သောသူတွေက အနာပေါ်တုတ်ကြလို့ နာနေတာနဲ့ အနာပေါ်ဆေးထိလို့ စပ်နေတာနဲ့ ဒီပိုစ့်ကို တင်ခြင်းဖြစ်ပါတယ်ရှင့်။
ချစ်ကာကာတို့ကို တစ်ခုလောက် အသိပေးစရာရှိလို့ပါရှင့် သေချာလေးအဆုံးထိဖတ်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်ရှင့်
မိုအားနားရေစို Auရေစိုနဲ့ပတ်သက်ပြီး အသိပေးစရာရှိလို့ပါရှင့် ကျွန်မတို့ Royal Textile အထည်လိပ်က တင်သွင်းရောင်းချပေးခဲ့အထည်များက ပစ္စည်းရောက်ပြီး နောက်ရက်ထဲမှာပဲ တစ်လိပ်မကျန် အကုန်လုံးကုန်အောင်ရောင်းချပြီးသွားပါပြီရှင့် ခုစျေးကွက်ထဲမှာ ဆင်တူရိုးမှားပုံမှားရိုက်ပြီး ရောင်းချနေတယ်လို့သိရပါတယ်ရှင့် ကျွန်မတို့ Royal Textile အထည်လိပ်ဆိုင်တင်သွင်းရောင်းချသည့် အလိပ်များသည် ကိုက် 60 ပတ်ချာ colors 6ရောင်တွဲ အလိပ်များပါရှင့်
ခုစျေးကွက်ထဲမှာ ကိုက်၂၀အပိုင်းများ ၆ရောင်တွဲcopyလုပ်ရောင်းချနေခြင်းမှာ ကျွန်မတို့ Royal Textile အထည်လိပ်ဆိုင်မှ တင်သွင်းရောင်းချသော ပစ္စည်းများမဟုတ်ကြောင်းနှင့် မြန်မာ့ဆေးရိုက်များသားဖြစ်ကြောင်း သတိပေးပါရစေရှင့်
ဆေးကျွတ်အရောင်ပြယ်ဖြစ်ပါက ကျွန်မတို့Royal Textile ရဲ့အထည်လိပ်များ မဟုတ်ကြောင်း ပြောကြားပါရစေရှင့်။
ပုံတူဆေးရိုက် သူများကိုလည်းသတိပေးပါရစေရှင့် ။ကျွန်မတို့ နိုင်ငံခြားမှတင်သွင်းရောင်းချပေးသော ပစ္စည်းများပေါ်အမည်းစက်ထင်လာပါက by nameနဲ့တကွဖော်ပြကြေငြာပေးသွားပါ့မယ်ဆိုတာ ကြိုသတိပေးပါရစေ။
ဝယ်ယူအားပေးခဲ့ကြသော ချစ်ကာကာများအားလုံးကို ကျွန်မတို့ Royal Textile မိသားစုမှ အထူးပင်ကျေးဇူးတင်ပါကြောင်း
အတုအပများကိုလည်း သတိထားကြပါလို့ ပြောကြားပါရစေ