18/05/2025
MAB Gold ရဲ့ မြန်မာနှစ်သစ်ကူးလက်ဆောင်အတွက် ပျူမင်းသားနဲ့မင်းသမီး ရေကစားပုံကို MAB Gold ရဲ့ Waterlines များနဲ့ရောယှက်ပြီးကြွယ်ဝမှု၊ အေးချမ်းမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ထင်ဟပ်စေဖို့ ဒီနှစ်သစ်ကူးအခါအခိုက်မှာ တန်ဖိုးရှိတဲ့ လက်ဆောင်အဖြစ် ဖန်တီးခဲ့တာဖြစ်ပါတယ်။
Khayae Home Fragrance မပါဝင်ခဲ့ပေမယ့် Khayae ရဲ့ အနံ့အရသာတွေကနေပဲမွေးဖွားလာတဲ့ စိတ်ကူးစိတ်သန်းလေးတွေဖြစ်ပါတယ်။
Home fragrance ရောင်းချတဲ့နေရာကနေစပြီး Khayae ဟာ ပြည်တွင်းဖြစ်အခြားသော အမှတ်တံဆိပ်တွေနဲ့ တွဲဖက်ပြီး business gifting sector ထဲမှာ ခိုင်မာလာတဲ့ path တစ်ခုဖန်တီးနေပါပြီ။ ဒီ project မှာလည်း ရွှေနယား မြန်မာ့ရိုးရာစားစရာတွေနဲ့ ရွှေဇွန်းလေးတွေလို ချစ်စရာကောင်းတဲ့ အမျိုးမျိုးသောနွေးထွေးမှုတွေကို ထည့်သွင်းပေးနိုင်ခဲ့ပါတယ်။
Fragrance အမြင်နဲ့ပြောရမယ်ဆိုလည်း “Gourmet” အနံ့ကိုခံစားရစေမဲ့ experience လေးပဲဖြစ်ပါတယ်။
MAB Gold ရဲ့ အမြဲတမ်းအားပေးမှုအတွက် Khayae အနေနဲ့ ကျေးဇူးအထူးတင်ရှိပါတယ်။