16/07/2025
🪷 “ပန်းကလေးများပွင့်တော့မည်၊ ဖူးတံဝင့်လိုချီ ၊နေခြည်မှာရွှေရည်လောင်း ငါတို့စာသင်ကျောင်း” 🪷
ဆိုတဲ့ ကဗျာလေးထဲကအတိုင်းပါပဲ… ကလေးတွေရဲ့အနာဂတ်ဟာစသင်ကျောင်းကစတင်ပါတယ်။
နွမ်းပါးကြပ်တည်းလှတဲ့ မိသားစုကမွေးဖွားလာသည်ဖြစ်စေ၊ပြည့်စုံတဲ့မိသားစုကမွေးဖွားလာသည်ဖြစ်စေ ၊ကမ္ဘာပေါ်မှာ ရှိတဲ့ ကလေးတိုင်းဟာ ပညာသင်ယူခွင့် အပြည့်အဝရထိုက်ပါတယ်။ ဒါကြောင့်လည်း တကမ္ဘာလုံးအတိုင်းအတာနဲ့ ကလေးငယ်တွေအတွက် လိုအပ်တဲ့ပညာရေး အထောက်အပံ့တွေကို လူပုဂ္ဂိုလ်(သို့)အသင်းအဖွဲ့အစည်း အသီးသီးက ရေရှည်စီမံကိန်းတွေချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။ ဒီထဲမှာ ရန်ကုန်တိုင်းဒေသကြီး အရှေ့ဒဂုံမြို့နယ်အတွင်း ထားဝယ်ချောင်အမှိုက်အပုံအနီးက ဇမ္ဗူဒီပဘုန်းတော်ကြီးသင်ပညာရေးကျောင်း လည်းပါဝင်နေပါတယ်။ အဆိုပါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဟာ အနီးအနားမှာရှိတဲ့ နွမ်းပါးတဲ့မိသားစုအသီးသီးက ကလေးငယ်စုစုပေါင်း (၃၀၁) ဦးကို သူငယ်တန်းမှ
ပဥ္စမတန်းအထိပညာသင်ကြားပေးလျက်ရှိနေပါတယ်။
ကျွန်ုပ်တို့ “We Care, We Share” အနေနဲ့လည်း အဆိုပါကျောင်းမှာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း တက်ရောက်နေကြတဲ့ အတန်းစုံအရွယ်စုံမှ ကလေးငယ်အသီးသီးအတွက် ပိုမိုပြည့်စုံတဲ့ သင်ကြားမှုအထောက်အပံ့တွေကို တစ်ဖက်တစ်လမ်းမှထောက်ပံ့ပေးနိုင်ဖို့အတွက် အကောင်အထည်ဖော်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီနှစ် ကျောင်းရာသီမှာ ကလေးတွေအတွက်အဓိကလိုအပ်လျက်ရှိတဲ့ သင်ထောက်ကူပစ္စည်းတွေကို သိရှိနိုင်ဖို့ ဇူလိုင်လပထမပါတ်မှာသွားရောက်ပီး လေ့လာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဇူလိုင်လ ၁၅ ရက်နေ့က ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး လှုဒါန်းခဲ့ရာမှာ -
✅ ပဥ္စမတန်း ကျောင်းသား (၂၇) ဦးအတွက် နှစ်ထပ်စာသင်ခုံ (၁၀) လုံး
✅ အငယ်တန်းများအတွက်ပျက်စီးယိုယွင်းနေသောစာသင်ခုံများနေရာတွင် အစားထိုးရန်နှစ်ထပ်စာသင်ခုံ (၃) လုံး
✅ ပထမတန်းမှ တတိယတန်းအထိ ကျောင်းသား/သူများအတွက် ဖတ်စာအုပ် (၈၅) စုံ
✅ သူငယ်တန်းမှ ပထမတန်းအထိ ကျောင်းသား/သူများအတွက် လက်ရေးလှစာအုပ် ဒါဇင်(၉၀)
✅ သူငယ်တန်းမှ ပဥ္စမတန်း အထိ အတန်းခြောက်တန်းစာ White Board (စာသင်ပုန်းကြီး) ၆ ခု
✅ မှင်အိုးမှင်တံ (၄) ဒါဇင်နှင့် သင်ပုန်းဖျက် Duster (၆) ခု
✅ သူငယ်တန်းမှ ပဥ္စမတန်း အထိ ကျောင်းသားများအတွက် ပေတံ၊ခဲတံ၊ခဲဖျက်အစုံ(၃၀၁) ဦးစာ
✅ သူငယ်တန်းမှ ဒုတိယတန်းကလေးငယ်များအတွက် နံရံကပ်ကဗျာနှင့် ပိုစတာများ
✅ အတန်းကြီးများလေ့လာရန် မြန်မာ့မြေပုံနှင့် ကမ္ဘာ့မြေပုံများ
✅ ကလေးငယ်များ အားလပ်ချိန်တွင် ပျော်ပျော်ရွှင်ရွှင်ကစားရန် ကစားစရာများနှင့် ပုံဆွဲပန်းချီစာအုပ်များ နှင့်အတူ
✅ ကျန်းမာသန့်ရှင်းသော စာသင်ခန်းများဖြစ်စေရန် တံမြတ်စည်း၊ဂေါ်ပြား၊အမှိုက်ပုံး၊အမှိုက်အိတ်များကိုပါ အတန်းတိုင်းအတွက် ပံ့ပိုးလှုဒါန်းခဲ့ပါတယ်။
ဒါ့အပြင် မေတ္တာအရင်းခံ၍ ပညာဒါနသင်ကြားပေးနေကြသော ဆရာ/ဆရာမ (၈) ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၅၀,၀၀၀ အပြင် ၊ ဇမ္ဗူဒီပဘုန်းတော်ကြီးသင်ပညာရေးကျောင်း ပဓာနနာယကဆရာတော် ဦးပညာဇောတအား ဝါဆိုမြတ်သက်န်းနှင့်အတူ နဝကမ္မအလှုငွေကျပ် (၅၀၀,၀၀၀) ကိုလည်း ဆရာတော်၏ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရန် ဆက်ကပ်လှုဒါန်းခဲ့ပါသည်။
ဤပညာပါရမီအထောက်အပံ့သည် “ပြည့်စုံသောသင်ယူခြင်းမှ ကလေးများအတွက် တောက်ပသောအနာဂတ်ဆီသို့” လျောက်လှမ်းနိုင်ရန်ရည်ရွယ်ပါသည်။
“We Care, We Share” မှကမကထပြုလှုဒါန်းမှုနှင့်အတူ ပညာပါရမီကုသိုလ်ရှင်များ၏ စုစုပေါင်းထည့်သွင်းလှုဒါန်းငွေမှာ ငွေကျပ် ၈,၄၈၇,၇၀၀
(ရှစ်ဆယ့်လေးသိန်း ရှစ်သောင်း ခုနှစ်ထောင့် ခုနှစ်ရာ) တိတိဖြစ်ပါတယ်။
အခြားလိုအပ်ချက်များကိုလည်း စေတနာရှင်မည်သူမဆို ပညာပါရမီအလှုဒါနပြုလုပ်လိုပါက -
📍 တည်နေရာ - ဇမ္ဗူဒီပဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ (UE 1) တိုးချဲ့ (၁) ရပ်ကွက်၊ ၊ကျန်စစ်သားလမ်းနှင့်အနော်ရထာလမ်းထောင့် ၊ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်
ဆက်သွယ်လှုဒါန်းရန် - ဦးပညာဇောတ (ပဓါနနာယက ဆရာတော်)
📞 ဖုန်း- 09793280765 သို့ဆက်သွယ်လှုဒါန်းနိုင်ပါကြောင်း နှိုးဆော်တိုက်တွန်းအပ်ပါသည်။
" A Brighter Future Begins with Learning"
Every child deserves access to education, regardless of background. As part of our “We Care, We Share” initiative, we supported Zambudipa Monastic School in East Dagon Township, which provides free education to 301 underprivileged children from preschool to Grade 5.
Following a needs assessment in early July, we donated on July 15, 2025:
✅ 13 double-layer study desks
✅ 85 sets of textbooks & 90 dozen handwriting books
✅ Full stationery kits for 301 students
✅ Posters, Maps, Toys & Art books
✅ Whiteboards, Ink, Dusters, and Classroom Cleaning Supplies (for each grade level from preschool to Grade 5)
In Addition, we provided support for:
✅ 50,000 MMK each for eight dedicated volunteer teachers
✅ 500,000 MMK to the school principal, Sayadaw Ven Pannajota, along with a Holy Waso Robe for the Lent season.
🙏 Total Contribution: 8,487,700 MMK
We believe quality education is the key to unlocking opportunities. If you would like to support this cause:
📍 Zambudipa Monastic School, East Dagon Township
📞 Sayadaw Ven Pannajota – 09793280765
Let’s continue to care, share, and empower children through education.