Ko Satt Entertainment

Ko Satt Entertainment Short Movies & Reviews

03/12/2023

တောင်ကိုရီးယားနိုင်ငံသားတွေ အာဖဂန်နစ္စတန်နိုင်ငံကို သွားရင်းနဲ့ တာလီဘန်တွေရဲ့ ဖမ်းဆီးခံလိုက်ရတဲ့အခါ
တောင်ကိုရီးယားက တာဝန်ရှိသူတွေရဲ့ဓားစာခံလွတ်မြောက်ရေးကြိုးစားပုံ
မိမိနိုင်ငံသားတွေရဲ့အသက်ကိုတန်ဖိုးထား ဂရုစိုက်ပုံ
နိုင်ငံရေးအကြက်အတည်းတွေကို တဖြည်းဖြည်းဇာတ်ရှိန်မြင့်လာပြီး ခံစားလို့ကောင်းမယ့်ကားကောင်းလေးပါ


25/11/2023

လူတွေရဲ့ကံကြမ္မာကကြိုတင်သတ်မှတ်ထားပြီးသားလား?
လူတယောက်ရဲ့လက္ခဏာကကောမပြောင်းလဲနိုင်ဘူးလား?
အချစ်လမ်းကြောင်းမရှိတဲ့လက္ခဏာဆရာနဲ့ ကုမရတဲ့ရောဂါကြောင့်သေတော့မယ့်ဆရာဝန်မလေးတို့ အချစ်ဇာတ်လမ်းကကော?
ဇာတ်ကားထဲကစာသားလေးတခုကတော့ "ကမ္ဘာပေါ်ကလူနည်းစုကသာကိုယ့်ရဲ့လက္ခဏာလမ်းကြောင်းကိုပြောင်းလဲနိုင်တယ်တဲ့ အဲ့ဒီလူတွေကလဲကမ္ဘာမှာအောင်မြင်နေတဲ့လူနည်းစုပဲ"
ကြည့်ကြည့်ပါ တခုခုတော့ကျန်မှာပါ

22/11/2023

မြေပြင်တပ်ဖွဲ့တွေရဲ့တိုက်ခိုက်ပုံတွေကိုအနီးကပ်မြင်နေရမယ့် စစ်ကားကောင်းလေးတကား
ခြေလျင်၊အမြောက်၊သံချပ်ကာ၊လေတပ် ပူးပေါင်းစစ်ဆင်ရေးတွေနဲ့ တကားလုံးမရိုးရမယ့်စစ်ကားကောင်းလေးတကား


15/10/2023

Oh My God 2(2023)
သားသမီးရှိတဲ့မိဘတိုင်း၊ညီငယ်ညီမငယ်ရှိတဲ့ အကိုတွေအမတွေတိုင်းကြည့်သင့်တဲ့ဇာတ်ကားလေးပါ
S*x education ကဘယ်လောက်အရေးကြီးသလဲရယ် sexual harrestment က‌မိန်းခလေးတွေသာမက ယောကျာ်းလေးတွေမှာလဲဖြစ်တတ်တယ်ဆိုတာရယ် ဒီကိစ္စတွေကြုံတွေ့လာတဲ့အခါ ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာရယ်ကို ပြသသွားတဲ့ကားကောင်းလေးပါ
မူရင်း oh my god လိုပဲ တရားရုံးတွင်းပြောဆိုချက်လေးတွေကိုလဲ ‌ဖျော်ဖြေရေးဆန်ဆန်ကြည့်ရှုခံစားရမှာပါ
ဇာတ်ကားလင့်ကမန့်ထဲမှာပါ


11/10/2023

ထွက်သွားတဲ့သူနဲ့ ကျန်ခဲ့တဲ့သူထဲမှာ ကျန်ခဲ့တဲ့သူကပိုခံစားရတာပါ အချစ်တွေအမှတ်တရတွေအများကြီးရှိခဲ့ရင် လက်ကျန်ဘဝတလျောက်လုံးသတိရနေမှာအသေချာပါပဲ ဒီကာတွန်းကားလေးကလဲ အဖိုးအိုတစ်ဦးရဲ့သူ့ဇနီးအပေါ်ထားတဲ့အချစ်ကိုပေါ်လွင်စေမယ့်ကားလေးတကားပါပဲ ပေါ့ပေါ့ပါးပါးနဲ့ခံစားလို့ကောင်းမယ့်ကားလေးပါ
ဇာတ်ကားရှည်လင့်ကမန့်ထဲမှာပါ


09/10/2023

"လူ့လောကကိုအကျိုးသက်ရောက်မယ့်မကောင်းမှုတစ်ခု လာမယ့်နှစ်ပေါင်းများစွာအတွက် ဘာသာအယူဝါဒကိုထိခိုက်မယ်ဆိုရင် ကြီးမားတဲ့မကောင်းမှုထဲပါဝင်တယ်" ရာဝဏရဲ့ရသေ့ဟန်ဆောင်ပြီးသီတာကိုခိုးတဲ့အပေါ် အရှင်သီဝရဲ့စကား
အိန္ဒိယဘာသာရေးခေါင်းဆောင်တဦးက သက်ငယ်မုဒိန်းမှုကျူးလွန်လာတဲ့အခါ ?
ကျူးလွန်သူနဲ့ကျူးလွန်ခံရသူအကြားဓနအင်အားကွာခြားမှုရှိလာတဲ့အခါ ?
ကိုးကွယ်တဲ့ဘာသာရေးခေါင်းဆောင်တွေ၊ဆရာတွေ၊ဆွေမျိုးသားချင်းတွေ၊လူကြီးတွေက ကလေးငယ်တွေအပေါ် ထိပါးလာတဲ့အခါ ဒါမျိုးတွေဟာကမ္ဘာအနှံ့အပြားမှာဖြစ်ပျက်လျက်ရှိပြီး အမှုမှန်ပေါ်ပေါက်မှုကတဝက်တောင်မရှိသေးပါဘူး
ဒီကားလေးကြည့်ရင်း ကျနော်တို့မြန်မာပြည်က Victoria လေးအမှုတောင်ပြန်မြင်ယောင်မိပါတယ်


Address

Yangon
11211

Website

Alerts

Be the first to know and let us send you an email when Ko Satt Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share