09/05/2026
⭕️ တိတ်ဆိတ်နေဖို့ရန် သိနားလည်ပါ
*****************************
ဝီလီယံဝပ်စ်ဝေါက ဤကဲ့သို့ ဉာဏ်အမြော်အမြင်ရှိစွာ သုံးသပ်ချက်ချခဲ့သည် ။ “အလျင်စလို နိုင်တဲ့ အလုပ်တွေကြောင့် ပိုမိုကောင်းမွန်ကို ကျွန်တော်တို့ရဲ့ အတ္တတွေနဲ့ ကြာရှည်လွန်းစွာ ခွဲခွာနေကြရတဲ့အခါ တစ်ကိုယ်တည်း ဖြစ်နေရတာဟာ ဘယ်လိုကျက်သရေ ရှိနိုင်မလဲ ” ကျွန်တော်တို့ တိတ်ဆိတ်ငြိမ်သက်ရန် အချိန်ရခဲ့သော နောက်ဆုံးအချိန်က ဘယ်အချိန်လဲ ။
သင်၏ ကိုယ်ခန္ဓာနှင့် စိတ်နှလုံးကို အားအင်ပြန်လည် ပြည့်ဖြိုးစေရန် တစ်ကိုယ်တည်း ရှိနေခြင်း၏ စွမ်းအားကို နှစ်ထောင်းအားရ ဖြစ်ဖို့အတွက် သင် အချိန်ယူခဲ့သော နောက်ဆုံးအချိန်က ဘယ်အချိန်လဲ ။
သင့် ကိုယ်ထဲတွင် ရှိနေသော ဂုဏ်ရောင် ထွန်းပြောင်မှုကို သိရှိလာရန် ပုံမှန်အခြေခံဖြင့် တိတ်ဆိတ်နေဖို့အတွက် သင့်မှာ အချိန်ရရှိရမည် ။ အမှန်ပင် သင် အလုပ်ရှုပ်နေနိုင်သည် ။ သို့သော် သိုရက် ပြောသည့်အတိုင်းပင် ပုရွက်ဆိတ်များ အလုပ်ရှုပ်နေသကဲ့သို့ အလုပ်ရှုပ်နေခြင်းဖြင့် မလုံလောက်ပေ ။ မေးခွန်းက ဘာအတွက် သင် ဒီလောက် အလုပ်ရှုပ်နေသလဲ ဖြစ်သည်။
တိတ်ဆိတ်ခြင်း၏ အရေးကြီးမှုကြောင့် အိုမင်းသော မီးပြတိုက် အစောင့်တစ်ယောက်၏ ဇာတ်လမ်းအကြောင်း ကျွန်တော် စဉ်းစားမိသည်။
ဖြတ်သန်းသွားကြသော သင်္ဘောများ ကျောက်ဆောင်ပေါများသော ကမ်းခြေကို ရှောင်ရှားကြဖို့အတွက် မီးပြတိုက်ကို မီးထွန်းညှိထားရန် သူ့တွင် ရေနံဆီပမာဏ အကန့်အသတ်သာ ရှိသည် ။ တစ်ည၌ အနီးအနားတွင် နေထိုင်သော လူတစ်ယောက်က သူ၏ အိမ်ကို မီးထွန်းဖို့အတွက် အဖိုးတန်သော သူ၏ ဆီအချို့ကို ချေးငှားသည်။ ထို့ကြောင့် မီးပြတိုက်အစောင့်က သူ၏ ရေနံဆီအချို့ကို ပေးသည် ။
နောက်တစ်ညတွင် ခရီးသည်တစ်ယောက်ကလည်း သူ ခရီးဆက်သွားနိုင်ရန် မီးအိမ်ကို မီးထွန်းဖို့အတွက် ရေနံဆီအချို့ တောင်းသည် ။ မီးပြတိုက်အစောင့်က ဤတောင်းဆိုချက်ကို လိုက်လျောပြီး သူ့ကို လိုအပ်သော ဆီပမာဏ ပေးလိုက်သည်။
နောက်ညတွင် သူ၏အိမ်တံခါးကို ရိုက်ပုတ်နေသော မိခင်တစ်ယောက်ကြောင့် မီးပြတိုက် အစောင့် အိပ်ရာနိုးသွားသည် ။ သူမက သူမ၏ အိမ်ကို မီးထွန်းပြီး မိသားစုကို ကျွေးမွေးနိုင်ရန် ရေနံဆီတချို့ တောင်းပြန်သည် ။ သူက နောက်တစ်ကြိမ် သဘောတူသည် ။ မကြာခင်၌ သူ၏ ရေနံဆီအားလုံး ကုန်သွားပြီး သူ၏ မီးပြတိုက်မှောင်ကျသွားသည်။ မီးပြတိုက်အစောင့်က သူ၏ ဦးစားပေးအရာပေါ် စူးစိုက်ရန် မေ့လျော့သောကြောင့် သင်္ဘောများစွာ သောင်တင်ပြီး လူ့အသက်များစွာကို ဆုံးရှုံးရသည် ။
သူ၏ အဓိက တာဝန်ကို လျစ်လျူရှုပြီး ကြီးမားသော ကြေးနှုန်းကို ပေးဆပ်ရသည် ။ တစ်နေ့လျှင် မိနစ်အနည်းငယ်လောက်ပင် တစ်ဦးတည်း ရှိနေခြင်းက သင့်ကို သင့် အမြင့်ဆုံးဘဝ ဦးစားပေးအရာများအပေါ် စူးစိုက်နေစေပြီ ။ ကျွန်တော်တို့ ဘဝများစွာထဲ ပျံ့နှံ့ဝင်ရောက်နေသော လျစ်လျူရှုမှုကို ရှောင်ရှားရန် ကူညီလိမ့်မည် ။
🔘 ပုံမှန်အခြေခံတစ်ခုဖြင့် တိတ်ဆိတ်နေရန် သင့်တွင် အချိန်မရှိဟု ပြောခြင်းသည် သင် ကားမောင်းရင်း အလုပ်ရှုပ်နေလွန်းသဖြင့် ဓာတ်ဆီဖြည့်ဖို့ မရပ်နိုင်ဟု ပြောခြင်းနှင့် အတော် တူနေလိမ့်မည် ။ နောက်ဆုံး၌ သင် ဓာတ်ဆီကုန်သွားပေလိမ့်မည် ။ 🔘
📕 #သင်သေသွားသော်ဘယ်သူငိုမလဲ
🖊 အောင်မြတ် (မြန်မာပြန်)
🔸 တန်ဖိုး ၅၀၀၀ ကျပ်
🗒 စာမျက်နှာ - 160 မျက်နှာ
(စာအုပ်အရွယ်အစား ၅.၅ × ၈ လက်မ)
❤️ ပို့ခ - ၂၅၀၀ ကျပ် (ပို့ခများသည် ပို့ဆောင်ရသည့် နေရာဒေသများပေါ်မူတည်၍ အပြောင်းအလဲရှိပါသည်)
------------------- *** -------------------
⭐️ Giveaway အနေနဲ့ ဒီစာအုပ်လေး(၃)အုပ်ကို စာဖတ်သူတို့အား လက်ဆောင်ပေးသွားဖို့လည်းရှိပါတယ် ⭐️
(ပို့ခကိုတော့ Giveaway ရရှိသူဘက်မှ ကျခံပေးရပါမယ်နော်)
ယခု post ကို Public share ခြင်းဖြင့် ပါဝင်နိုင်ပါတယ်
------------------- *** ----------------—