Phyu Phyu Online Store

Phyu Phyu Online Store Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Phyu Phyu Online Store, Book shop, Seinchel Street, Yangon.

သီတင်းကျွတ်အတွက် မကြာခင် ကျေ ာင်းရက်ရှည်ပိတ်တော့မယ် အဲ့တော့ခရီးတွေလိုက်ပို့ရတော့မဲ့မေမေတွေ ကြိုပြင်ဆင်လို့ရကောင်တလုံးလော...
08/08/2026

သီတင်းကျွတ်အတွက် မကြာခင် ကျေ ာင်းရက်ရှည်ပိတ်တော့မယ် အဲ့တော့ခရီးတွေလိုက်ပို့ရတော့မဲ့မေမေတွေ ကြိုပြင်ဆင်လို့ရကောင်တလုံးလောက်တော့ဆောင်ထားသင့်တယ်နော် 🥰
တလုံးကို ၃၂၀၀၀ ထဲပါ ကြာချိန် ၁၄ ရက် အော်ဒါလေးက လာမဲ့ကြာသပတေးနေ့ပိတ်မယ်နော်
အရမ်းတန်တယ်ကွယ် ပုံလေးပြပြီး လာမှာပေးပါသဲတို့💁‍♀️💜ပစ္စည်းလေးမှာမယ်ဆို viber phone 09252058407 မှာဆက်သွယ်မှာယူပေးပါရှင့် မက်စင်ဂျာကစာပြန်မရလို့ပါ

ကျောင်းကို စာအုပ်တွေ ထည့်ဖို့ ခပ်မိုက်မိုက်အိတ်ယူယူတို့အသည်းကျော် capybara လေးလာပါပြီတလုံးကို ၂၃၀၀၀ ကျပ်ထဲပါ မှာပြီး ရက်...
08/08/2026

ကျောင်းကို စာအုပ်တွေ ထည့်ဖို့ ခပ်မိုက်မိုက်အိတ်ယူ
ယူတို့အသည်းကျော် capybara လေးလာပါပြီ
တလုံးကို ၂၃၀၀၀ ကျပ်ထဲပါ မှာပြီး ရက် ၂၀ အတွင်း ရပါမည်💁‍♀️

,ပစ္စည်းလေးမှာမယ်ဆို viber phone 09252058407 ကိုဆက်သွယ်မှာယူပေးပါရှင့်
မက်စင်ဂျာကစာပြန်မရလို့ပါ
မေမေတို့ လိုရင်ယူထား အကြီးလေးတွေ စာအုပ်ထည့်ဖို့
အရမ်းတန်အောင်လုပ်ပေးထားတယ်😇

မနက်ခင်းလေအေးလေးနဲ့ လန်းဆန်းနေတဲ့ သဘာဝအလှလို...Alum Deodorant Spray နဲ့ဆို ချွေးနံ့ကို မေ့လိုက်ပါ!" 🌿 ဘာကြောင့် Alum Deo...
27/07/2026

မနက်ခင်းလေအေးလေးနဲ့ လန်းဆန်းနေတဲ့ သဘာဝအလှလို...
Alum Deodorant Spray နဲ့ဆို ချွေးနံ့ကို မေ့လိုက်ပါ!"

🌿 ဘာကြောင့် Alum Deodorant Spray ကိုရွေးချယ်သင့်လဲ?

သဘာဝပစ္စည်းများဖြင့်ပြုလုပ်ထားသည့်အတွက်

အရေပြားကို ယားယံခြင်း/ထိခိုက်ခြင်းမရှိ

ချွေးနံ့ကို အခြေခံကနေ ဖယ်ရှားပေးပါသည်။

💦 ဘယ်လိုအလုပ်လုပ်လဲ?
Alum ဓာတ်သတ္တိကဘက်တီးရီးယားတွေကိုသေစေပြီး ချွေးနံ့ဖြစ်ပေါ်မှုကို အမြစ်ပြတ်တားဆီးပေးတယ်။

✨ အထူးခံစားချက်

ချွဲကျိကျိမဖြစ်စေဘူး

အဝတ်အစားတွေမှာ အညစ်အကြေးအစွန်းအထင်းမရှိ

လန်းဆန်းတဲ့ရနံ့လေးနဲ့ တစ်နေ့တာလုံးလန်းဆန်းမှုကိုခံစားရမယ်

"ဒီနေ့ကစပြီး ချွေးနံ့စိုးရိမ်ပူပန်မှုတွေကို နှုတ်ဆက်လိုက်ပါ!"

🛒 ယခုဝယ်ယူရန်

1 ဘူး - 7000 /_
အမျိုးအစားသုံးမျိုး –
🌹 Lavender (ပန်းနံ့),
🌊 Cool (တည်ငြိမ်ရင့်ကျက်သောအနံ့),
🍇 Soft & Smooth (သိမ်မွေ့ညင်သာသောအနံ့)

23/07/2026

“နေအိမ်(သို့မဟုတ်)ဘုန်းကြီး
ကျောင်းတွင် ဆွမ်းကပ်ကြမည့် ဒကာ ဒကာမများအတွက် မှတ်သားဖွယ်”
***************************
၁။ အသားဟင်း ကပ်လျှင်အသားတုံးကို ဖဲ့စရာမလိုသော တစ်ကိုက်စာ အရွယ်အစားများ တုံးတစ်၍ ချက်ပြုတ်သင့်သည်။

(ရဟန်းသည် အသားတုံးကို ပါးစပ်ဖြင့် ကိုက်ဖဲ့ စားသောက်လျှင် အာပတ်သင့်သည်။ဝက်ခြေထောက်၊ဂဏန်းဟင်း စသောဟင်းလျာများမှာ အများရှေ့တွင် ဘုဉ်းပေးရန် မသင့်လျော် )

၂။ ငရုတ်သီး၊ချင်း၊ကြက်သွန်ဖြူ၊ကြက်သွန်နီ စသည်တို့ကို အလုံးလိုက်၊အတောင့်လိုက် မကပ်ဘဲ ခွဲခြမ်းစိပ်ပိုင်း၍ ကပ်ရမယ်။

(ကြက်သွန်ဖြူ အလုံးလိုက်သည် အပင်ပြန်ပေါက်နိုင်သေးသောကြောင့် ဖြစ်သည်။)

၃။ တို့စရာအဖြစ် ဟင်းရွက်အစိမ်းများကို ဟင်းလျာအဖြစ် စီစဉ်ထားလျှင် ထိုဟင်းရွက်ကို

(ဥပမာ-နံနံပင်) အပင်လိုက် ဟင်းပွဲမပြင်ဘဲ တတ်နိုင်သမျှ သေးအောင် ပိုင်းဖြတ်ထားသင့်သည်။

(တချို့ဟင်းရွက်ပင်တို့သည် အညွှန့်မှ၊အကိုင်းမှ အပင်ပြန်ပေါက်နိုင်သေးသည်။ရေနွေး စိမ်ထားလျှင် အကြောင်းမဟုတ်။)

၄။ အသီးအနှံကို အချိုပွဲအဖြစ် ကပ်ရာတွင် မည်သည့်အသီးကိုမဆို အလုံးလိုက်မထားဘဲ ခွဲစိတ်ထား
သင့်သည်။

(စပျစ်သီး၊ စတော်ဘယ်ရီသီးပါ
မကျန်)
(ဝိနည်း လေးစားကြသော ဝိနယဂရုက ရဟန်းတော်များသည် သစ်သီးအစေ့ကို ဝါးမိ၊စားမိလျှင်အာပတ်သင့်သည်ဟု ယူကြသည်။
ထိုကြောင့် တတ်နိုင်လျှင် အသီးများမှအစေ့ထုတ်၍ ကပ်လှူသင့်သည်။
အစေ့ ဖယ်မရသော စတော်ဘယ်ရီသီးကိုမူ ဝိနည်းကံ "ကပ္ပိယံကရောဟိ" ပြုရမည်။)

အထက်ပါ (၂)နှင့် (၃) ပါ အစာအစားများကို ကပ္ပိယမှ အပ်စပ်အောင် "ကပ္ပိယံကရောဟိ" ပြုပေးနိုင်လျှင် ပိုကောင်းမည်။

အမှတ်(၄) ပါ သစ်သီးမှာ သေးလွန်းလို့ ခွဲဖို့ အဆင်မပြေလျှင် "ကပ္ပိယံ ကရောဟိ" လုပ်သင့်သည်။

၅။ အသားဟင်း ကပ်ရာတွင် တချို့အသားဟင်းမှာ အမဲသားလော၊ဆိတ်သားလော စသဖြင့် ခွဲခြားရန် ခက်ခဲတတ်ပါသည်။

ထိုသို့ ရဟန်းက သံသယရှိလျှင် မည်သည့်အသားဖြစ်ကြောင်းလျှောက်ထားရမည်။

လိုအပ်လျှင် ဦးအောင်လျှောက်ထားပါ။
(ရဟန်းသည် အသားဟင်းကို မြင်လျှင် မည်သည့်အသားမှန်း မသိဘဲ၊မစုံစမ်းဘဲ မစားအပ်။
အာပတ်သင့်မည်။

ရဟန်းတို့ မစားကောင်းသောအသား (၁၀) မျိုးကိုလည်း သိထားသင့်သည်။)

၆။ ဖားအောက်တောရများနှင့် ယိုးဒယားရှမ်းကျောင်းများတွင် ဆွမ်း၊ဟင်းများကို ရဟန်းအားကပ်ပြီးပါက ထိုစားပွဲကို လူတို့အား ပေးမကိုင် ပေးမထိတော့ချေ။

ထိုသို့ မကြိုက်မှန်းသိလျှင် ဟင်းလိုက်ပွဲ ထည့်လိုပါက နီးစပ်ရာ ရဟန်းအား ဦးစွာ ခွင့်တောင်းသင့်သည်။

မိမိဆန္ဒအလျောက် ဟင်းခွက်ကို လှမ်းယူခြင်း မပြုသင့်။

(လူတို့တွင် ကပ်ပါနေသော ဖုန်မှုန့်များ အစားအစာထဲ ဝင်သွားလျှင် အကပ်ပျက်သည်ဟု ယူဆသောကြောင့် ဖြစ်သည်။)

၇။ ဟင်းပွဲ လိုက်သော (ဟင်းလိုက်ပွဲထည့်သော) သူများသည် ဟင်းပွဲထပ်ထည့်လိုလျှင် ရဟန်းများကို မေးမြန်းမနေဘဲ အလိုက်တသိ ထည့်ပေးရမည်။

(မေးမြန်း၍ အကယ်၍ ရဟန်းက ငြင်းဆိုမိလျှင် တခြားအစာအစားများ ထပ်တောင်းရန် မဖြစ်နိုင်ပေ။
ငြင်းပြီး နောက်မှ ထပ်ထည့်ခိုင်းသော အစာကို စားမျိုမိလျှင်အာပတ် သင့်၏။)

၈။ ဆွမ်းထမင်း လိုက်ပွဲကို ဒကာတစ်ယောက်မှ လိုက်ထည့်ပေးခြင်းထက် လိုက်ပွဲဇလုံအား ရဟန်း၏ အနားတွင်ချထားပေးခြင်းက ပိုသင့်လျော်မည်။

သူအလိုရှိလျှင် သူ့ဖာသာ ထည့်လိမ့်မည်။

သို့မဟုတ် ထည့်ပေးဖို့ တောင်းဆိုလိမ့်မယ်။

၉။ ဆွမ်း၊ဟင်းပွဲ လိုက်သူသည် ဆွမ်း၊ဟင်းထပ်ထည့်ရန် အတင်းတောင်းဆိုခြင်း မပြုသင့်။

ရဟန်း၏ အမူအရာကို ပါးနပ်စွာ အကဲခတ်တတ်ရမည်။

ရဟန်းတို့မှာ ဆွမ်းပွဲ၌ ထိုင်နေစဉ်
မငြင်းမိအောင် သတိထားရသည်။
(အထက်ပါ အကြောင်းအရင်း)

၁၀။ဟင်းပွဲလိုက်သော သူသည် မိမိကိုင်ထားသော ဟင်းကို ရဟန်းတစ်ပါးပါးအား ကပ်ပြီး၊မပြီးသတိပြုရမည်။

စားဖိုချောင်မှ အသစ်ယူလာသော ဟင်းဖြစ်ပါက နီးစပ်ရာရဟန်း တစ်ပါးပါးအား အမြန်ဆုံး ကပ်လိုက်ပါ။

လိုက်ပွဲ ထည့်ရာတွင်လည်း "ကပ်ပြီးသားပါဘုရား" ဟု သံသယကင်းရှင်းစေရန် အလိုက်တသိ လျှောက်ထားသင့်သည်။

၁၁။ မုန့်ဟင်းခါး၊ခေါက်ဆွဲကြော်၊အုန်းနို့ခေါက်ဆွဲ စသည့်အမျှင်ရှည်ပါသော ခေါက်ဆွဲဖတ်များကို အရှည်အတိုင်းမထားဘဲ ခပ်တိုတိုညှပ်ပြီးမှ ဘုဉ်းပေးရန် ကပ်သင့်သည်။

(တစွတ်စွတ် တပျပ်ပျပ် အသံမြည်အောင် မစားအပ်။)

၁၂။ ဆွမ်းဘုဉ်းနေစဉ် ရဟန်းတို့၏ အရိုး၊အမှိုက်၊ဝါးဖတ် စသည့်အညစ်အကြေးများကို စွန့်ပစ်နိုင်ရန် သီးသန့် အရိုးပန်းကန်၊အမှိုက်ခြင်းထားပေးရမည်။

(ရဟန်းမှာ အရိုးများ၊ဝါးဖတ်များကို မိမိစားသုံးသော ပန်းကန်ထဲ ထည့်လျှင် အာပတ်သင့်မည်။)

၁၃။ ဆွမ်းဟင်း အဆင်သင့်ပြင်ပြီး၍ ရဟန်းတို့အား ဆွမ်းကပ်ပြီးလျှင် ဝေယျာဝစ္စ ပြုလုပ်ပေးမည့်သူမှအပ ကျန်သူများ တခြားလွတ်လပ်သော တစ်နေရာတွင် သွားနေသင့်သည်။

မိမိလှူသော ဆွမ်းဘုဉ်းပေးနေသည်ကို ကြည်ညိုလိုလျှင်လည်း ခပ်လှမ်းလှမ်းမှသာ ကြည်ညိုသင့်သည်။

ရဟန်းတို့ လွတ်လွတ်လပ်လပ် ဘုဉ်းပေးပါစေ။

၁၄။ တချို့ဒကာမများသည် မိမိချက်လာသော ဟင်းဖြစ်၍ အားရပါးရ ဘုဉ်းပေးစေချင်ကြသည်။

ရဟန်းက မထိမတို့လျှင် အားမရဘဲ ဒကာမကိုယ်တိုင် ရဟန်း၏ ပန်းကန် ထဲသို့အတင်း လိုက်ထည့်ပေးတတ်ကြ၏။

ရဟန်းမှာ ငြင်းမိလျှင်လည်း အာပတ် သင့်နိုင်စရာ အကြောင်းဖြစ်နေ၍ မိမိမနှစ်မြို့သော်လည်း လက်ခံလိုက်ရသည်များ ရှိတတ်သည်။

ထိုကြောင့် ရဟန်း၏ ပန်းကန်ထဲသို့ အတင်းအဓမ္မ ထည့်ပေးခြင်းများ
မပြုမိဖို့ ဆင်ခြင်သင့်သည်။

၁၅။ ဆွမ်းဓုတင် (၅)မျိုးဆောင်သော ရဟန်းများ ရှိတတ်သောကြောင့် ဆွမ်းဓုတင် ငါးမျိုးအကြောင်းလည်း သိထားသင့်သည်။

မသိလျှင်လည်း မိမိဆန္ဒအလျောက် အတင်းအကြပ် တောင်းဆိုခြင်းမျိုး မပြုမိအောင် သတိပြုရမည်။
အကင်းပါးဖို့ လိုအပ်ပါသည်။

၁၆။ ဆွမ်းစားချိန် ကျရောက်၍ ဆွမ်းစားကျောင်း ဝင်ရန် ရဟန်းအား ပင့်ဖိတ်သောအခါ "ထမင်းသွားစားရအောင်"၊"ထမင်းစားကြွပါ" စသည့်လူဝတ်ကြောင်တို့အတွက် သုံးသောဝေါဟာရဖြင့် ပင့်ဖိတ်ခြင်းမပြုရ။

"ဆွမ်းဘုဉ်းဖို့ ကြွပါ"စသည့် ရဟန်းအသုံးအနှုန်းဖြင့်သာ ပင့်ဖိတ် သင့်သည်။

၁၇။ ဆွမ်းခံစားသော ရဟန်းအိုများတွင် အများဆုံးတွေ့ရသော ရောဂါဝေဒနာများမှာ အသည်းအဆီဖုံးနှင့် အသည်းကင်ဆာတို့ ဖြစ်သည်။

မြန်မာတို့ ရိုးရာဓလေ့အရ ဟင်းချက်လျှင် ဆီရွှဲနေမှ၊ဆီနစ်နေမှ ဟင်းကောင်းသည်ဟု ယုံကြည်ကြသည်။

ဟင်းမှာ ဆီမပါလျှင် မျက်နှာမလှဟု ယူဆကြသည်။

ထိုကြောင့် ဘာဟင်းချက်ချက် ဆီကိုနင့်နေအောင် သုံးကြသည်။

အရည်သောက် ဟင်းရည်ပင်လျှင် ဆီတဝင်းဝင်းနှင့် ဖြစ်နေတတ်သည်။

သပိတ်ထဲ၊ ပန်းကန်ထဲ နစ်နေအောင်ရှိနေသော ထိုဆီများသည် ရဟန်းတို့အား တိတ်တိတ်ပုန်း သတ်ဖျက်နေသော လက်နက်များ ဖြစ်ပေသည်။

ထိုကြောင့် ဒကာမများ ဆွမ်းလောင်း၊ဆွမ်းကပ်လျှင် ဟင်းထဲ ဆီကို တော်သင့်ရုံသာ အသုံးပြုသင့်သည်။

ဆွမ်းလောင်းမည်ဆိုလျှင် ဟင်းထဲမှဆီများ လုံးဝဖယ်ရှားပြီးမှ လောင်းသင့်သည်။

ထိုသို့မဟုတ်လျှင် သပိတ်၏ အောက်ခြေ သုံးပုံတစ်ပုံတွင် ဆီများအိုင်ထွန်း နေတော့မည်။

၁၇။ မြတ်စွာဘုရားလက်ထက်တော်အခါက နေအိမ်၌ ဆွမ်းကပ်လျှင် ရဟန်းတစ်ပါး စားပွဲတစ်လုံးကျစီဖြင့် ဆွမ်းကပ်လှူကြောင်း မှတ်သားရသည်။

တချို့နိုင်ငံခြားမှ ထေရဝါဒ ဘုန်းကြီးကျောင်းများတွင်လည်း ရဟန်းတစ်ပါးစီအတွက် ဟင်းခွက် တစ်စုံစီ သီးသန့် ကပ်လှူကြောင်း ကြုံကြိုက်ဖူးသည်။

သို့သော် မြန်မာနိုင်ငံ၌ ရဟန်းသံဃာများပြား၍ အကြောင်းအမျိုးမျိုးကြောင့် ထိုသို့မလုပ်နိုင်ကြတော့ပါ။

ဖြစ်နိုင်လျှင် အရည်သောက်ဟင်းကို တစ်ပါး တစ်ခွက် စီစဉ်ပေးနိုင်လျှင် ကောင်းမည်။

(စားခွက် တစ်ခွက်တည်း ရဟန်းတစ်ပါး နှင့်အထက် အတူတူစားလျှင် အာပတ်သင့်သည်။)

အသစ်လာချသော အစားအစာကို ရဟန်းမှ "တော်ပြီ"၊ "မလိုဘူး"၊ "မထည့်နဲ့" စသဖြင့် တားမြစ်ပြီးလျှင် နောက်ထပ် လာချသော မည်သည့်အစားအစာကိုမျှ မသုံးဆောင်အပ်တော့ပေ။

မတားမြစ်ခင်က ရှိနှင့်ပြီးသောအစားအစာကိုမူ စားကောင်းသေး၏။

အကယ်၍ တားမြစ်ပြီး အသစ်ရောက်လာသော အစားအစာကို စားမျိုမိလျှင် အလုတ်တိုင်း အာပတ်သင့်၏။

ဝိနည်းအခေါ် ပဝါရိတ် သင့်သည် ဟုသုံးသည်။

ထိုကြောင့် ရဟန်းတို့မှာ တားမြစ်လိုလျှင် ပရိယာယ်တစ်မျိုးဖြင့် "ပြည့်စုံပြီ" ဟု ပြောလေ့ရှိကြသည်။

ပြည့်စုံပြီ ဟု ပြောလာလျှင် အလိုက်သိစွာဖြင့် အတင်းအဓမ္မ
မထပ်ထည့်ရန် မတောင်းဆိုသင့်။

အသားဟင်းများကို ပါးစပ်ဖြင့် ကိုက်ဖဲ့ စားသုံးမှသာ အာပတ်သင့်ပါသည်။

လက်ဖြင့် ဖဲ့ယူစားသုံးလျှင် အပြစ်မရှိပါ။

သို့သော် အချိန်ကြာခြင်း၊လက်ဝင်ခြင်းများကြောင့် ဖဲ့ရခက်၊နွှာရခက်သော အသားဟင်းမျိုး ရှောင်သင့်ပါသည်။

ငါးဟင်းကဲ့သို့ ဖဲ့ရလွယ်သော အသားများဖြစ်ပါက အတုံးကြီးလည်း ပြဿနာမရှိပေ။

ဝိနည်းစည်းကမ်း သိပ်များတာ
မှတ်ဖို့မလွယ်ဘူးလို့ တွေးကြလိမ့်မည်။

အနှစ်ချုပ်ရလျှင် ဒကာ ဒကာမများ အနေဖြင့် ဝိနည်းအကုန် သိဖို့မလို အလိုက်သိဖို့သာ အရေးကြီးပါကြောင်း ...။ ။

✍ သ စ္စာ ဂ ဝေ သီ
Credit...Photo
🆙TT

Hygiene Quick Wrinkle Releaser Spray အကြောင်းပြောမယ်၁) ပန်းရောင်ဘူးSunrise Kiss အနံ့ကတော့🌸 ပန်းနံ့ (floral) အခြေခံလေးပါ🍑...
02/07/2026

Hygiene Quick Wrinkle Releaser Spray အကြောင်းပြောမယ်

၁) ပန်းရောင်ဘူးSunrise Kiss အနံ့ကတော့🌸 ပန်းနံ့ (floral) အခြေခံလေးပါ🍑 သစ်သီးနံ့နည်းနည်းရောထားတဲ့ sweet scentဖြစ်ပြီး☀️ သန့်ရှင်းပြီး နူးညံ့တဲ့ fresh scent မျိုးလေးမို့ ဝတ်လိုက်တာနဲ့ wow
အဝတ်ပေါ်မှာ လျှော်ပြီးစအနံ့လို သန့်သန့်ရှင်းရှင်းနဲ့ မွှေးမွှေးလေးခံစားရပါတယ်ကွယ်

၂) အဖြူရောင်ဘူး Creamy/Milky ကတော့နူးညံ့တဲ့အနံ့လေးပါအဖြူရောင်ပန်း (White Floral) အနံ့နည်းနည်းပါဝင်ပြီး အဝတ်လျှော်ပြီးစ အနံ့လို သန့်ရှင်းပြီး သက်တောင့်သက်သာရှိတဲ့ အနံ့ရတာချင်းအတူတူပါပဲ
ပြင်းပြင်းရှရှ မဟုတ်ဘဲ Soft, Clean, Powdery ဘက်ကို သွားတဲ့အနံ့လေးပါနော

အနံ့ပြင်းမှုအနေနဲ့ 3/5 လောက်ရှိပြီး အနံ့နူးညံ့တာကြိုက်တဲ့သူတွေ အများကြီးသဘောကျကြပါတယ်ကွယ်

အင်္ကျီ၊ တီရှပ်၊ ဂါဝန်၊ ဘောင်းဘီတို့ကို ပြန့်ပြန့်လေးဝတ်နိုင်အောင် ကူညီပေးပြီးမီးပူတိုက်ဖို့ အချိန်မရှိတဲ့အခါ အဆင်ပြေတာမျိုးပါ
မတိုက်ချင် ဒါဖျန်း😁

ခရီးထွက်တဲ့အခါ Suitcase ထဲမှာ ကြေသလိုဖြစ်သွားတဲ့ အဝတ်တွေကို အလွယ်တကူ ပြန်လည်
ဖြန့်နိုငလို့ အရမ်းအဆင်ပြေချက်

အသုံးပြုပုံလေးက အဝတ်ကို ချိတ်ထားပါ။
spray ကို20–30 စင်တီမီတာခန့် အကွာမှ အရေးအကြောင်းရှိရာသို့ ဖျန်းပါ လက်ဖြင့် အနည်းငယ်ဆွဲဖြန့်ပေးပါ/ ၃–၅ မိနစ်ခန့် ခြောက်သွားအောင် စောင့်ပြီး ဝတ်လို့ရပါပြီနော

ဘယ်အဝတ်တွေမှာ သုံးလို့ရလဲက

* Cotton
* Linen
* Polyester
* Rayon
* Blended fabrics တွေပါကွယ်

ဘူးဆိုဒ်က 220 ml ပါ
road transportation ကဆင်းလာမှာမို့ တလကြာပါမယ် အော်ဒါလေး မနက်ဖန်(30/6/2026) ည 9:00 အထိကောက်ပါမယ်
နော တဘူးကို 27000 ထဲနဲ့ special
လေးသုံးပါ

ဖုဋ္ဌဿဂါထာလာ ဘဝနေနည်း အနုပညာ 🪷"ရူးမတတ် ခံစားနေရချိန်၊ သေချင်စိတ်ပေါက်နေချိန်တွေ မှာ ဒီဂါထာကို နာနာဖိရွတ်ပါ။လူသားတိုင်း လ...
02/07/2026

ဖုဋ္ဌဿဂါထာလာ ဘဝနေနည်း အနုပညာ 🪷
"ရူးမတတ် ခံစားနေရချိန်၊ သေချင်စိတ်ပေါက်နေချိန်တွေ မှာ ဒီဂါထာကို နာနာဖိရွတ်ပါ။

လူသားတိုင်း လောကဓံလှိုင်းတံပိုးတွေနဲ့ ကြုံတွေ့ရစမြဲပါ။ တစ်ခါတစ်ရံ ပြဿနာတွေ၊ အခက်အခဲတွေ၊ အလုပ်၊ အချစ်ရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး စတဲ့ သောကတွေ ဝိုင်းရံလာတဲ့အခါ စိတ်ညစ်လွန်းလို့ ရူးမတတ် ခံစားရတတ်ပါတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိလောက်အောင် စိတ်ထောင်းကိုယ်ကျေ ဖြစ်နေ ချိန်မှာ၊ စိတ်ကို ချက်ချင်း ငြိမ်းအေးစေပြီး အဖြေမှန်ကို ရှာဖွေနိုင်မယ့် လက်တွေ့ကျတဲ့ အဆုံးအမတစ်ခု ရှိပါတယ်။

ဒါကတော့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ မင်္ဂလသုတ်လာ ထူးခြားတဲ့ ဂါထာတော်တစ်ပုဒ်ပါ။ (ဦးဇင်း ငယ်ငယ်က ဂါထာမန္တာန်တွေကို အလွန်အင်မတန် စိတ်ဝင်စားခဲ့တယ်။ ဒီ ဖုဋ္ဌဿဂါထာ ဟာ အစွမ်း ထက်တယ် လို့ အလွန်နံမည်ကြီးပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကိုယ်တွေ့ အဖြစ်အပျက်တွေ ရေးထားတာကို စုစည်းထားတာ စာအုပ်ကြီး တစ်အုပ်စာရှိပါတယ်။ ရေလဲ အမျိုးမျိုး နည်းအမျိုးမျိုးနဲ့ အသုံးပြုပုံတွေ ကလည်း အစုံပါ။ အချို့လည်း အဖုအကြိတ်မန်းတယ်။ အချို့လည်း အန္တရာယ်ကင်းတယ်တဲ့။ အချို့လည်း အခက်အခဲ မှန်သမျှကို ကျော်လွှားနိုင်တယ်ဆိုပြီး ရွတ်ကြပါတယ်။ အချို့ဆို လက်မှာပါတဲ့ မကောင်းတဲ့ လက္ခဏာတွေ ပျောက်ပျက်သွားအောင် ဒီဂါထာနဲ့ ရွတ်ပြီး လက်ကို ပွတ်ကြပါတယ်။ အချို့လည်း ရေမန်း၊ ကျောက်စရစ်မန်း အဖြစ် အသုံးပြုကြပါတယ်။ ဒါတွေကို အချို့က ယုံချင်မှ ယုံမယ်။ မယုံလည်း ကိစ္စ သိပ်မရှိပါဘူး။ ဦးဇင်းလည်း ဒါတွေကို မပြောချင်တော့လို့ ကျော်ခဲ့ပါတော့မယ်။) အဓိကကတော့ ဒီ ဂါထာတော်က လောကဓံမုန်တိုင်းကြားမှာ ကြံခိုင်သော စိတ်စွမ်းအား၊ မယိုင်လဲသော စိတ်ခွန်အားကို ပေးနိုင်တာတော့ သေချာပါတယ်။

''ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။
အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလမုတ္တမံ။''

ဖုဋ္ဌဿ လောက ဓမ္မေဟိ = လာဘ်ရခြင်း/မရခြင်း၊ ချီးမွမ်းခံရခြင်း/ ကဲ့ရဲ့ခံရခြင်း၊ ချမ်းသာခြင်း/ဆင်းရဲခြင်း၊ အခြွေအရံပေါများခြင်း/ အထီးကျန်ခြင်း ဆိုတဲ့ လောကဓံတရား ၈ ပါးနဲ့ ရင်ဆိုင် ကြုံတွေ့လာ ရတဲ့အခါ...
စိတ္တံ ယဿ န ကမ္ပတိ = (ဘုရား ရဟန္တာအရှင်သူမြတ်တို့၏ စိတ်ကဲ့သို့) မိမိ၏ စိတ်သည် မတုန်မလှုပ် ကြံ့ကြံ့ခံနိုင်ပါစေ။
အသောကံ = စိုးရိမ်ပူပန်ခြင်း၊ သောကကင်းပါစေ။
ဝိရဇံ = ကိလေသာ မြူအညစ်အကြေး ကင်းစင်ပါစေ။
ခေမံ = ဘေးရန်ကင်း၍ ငြိမ်းအေးလုံခြုံပါစေ။
ဧတံ မင်္ဂလမုတ္တမံ - ဒါဟာ အမြင့်မြတ်ဆုံး မင်္ဂလာပါ။
တစ်နည်း ဂါထာတော်၏ အနှစ်ချုပ် အဓိပ္ပာယ်
ဖုဋ္ဌဿ လောကဓမ္မေဟိ - လောကဓံတရားတွေနဲ့ တွေ့ကြုံလာရ တဲ့အခါ၊
စိတ္တံ ယဿ န ကမ္ပတိ: ဘုရားရှင် ရဟန္တာတို့ရဲ့ စိတ်ဟာ တုန်လှုပ်ခြင်း မရှိဘူး။
အသောကံ ဝိရဇံ ခေမံ: စိုးရိမ်မှုမရှိ၊ ကိလေသာ အညစ်အကြေးမရှိ၊ ဘေးကင်းလုံခြုံပါတယ်။
ဧတံ မင်္ဂလမုတ္တမံ - ဒါဟာ မြတ်သောမင်္ဂလာ ဖြစ်ပါတယ်။

ဘာကြောင့် ဒီဂါထာကို ရွတ်သင့်တာလဲ? (စိတ်ပညာရှုထောင့်မှ ချိန်ထိုးကြည့်ခြင်း)

ဘဝမှာ အခက်အခဲတွေနဲ့ ပိတ်ဆို့နေတဲ့အချိန်၊ အမှုအခင်း ပြဿနာ တွေ ကြုံလာရချိန်၊ လာဘ်ပိတ်နေချိန်တွေမှာ လူ့ရဲ့ ဦးနှောက်နဲ့ စိတ်က ထိတ်လန့်ကြောက်ရွံ့မှု (Panic) ဖြစ်ပြီး အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။ အဲဒီအချိန်မှာ ဒီဂါထာလေးရဲ့ အဓိပ္ပါယ်ကို နှလုံးသွင်းပြီး ဖြည်းဖြည်းနဲ့ မှန်မှန်လေး နာနာဖိရွတ်ပေးလိုက်ပါ။
အသံထွက်ပြီး ရွတ်ဖတ်ခြင်းနဲ့ တည်ငြိမ်တဲ့ သဘောတရားတွေကို အာရုံပြုခြင်းက စိတ်ရဲ့ ပူလောင်မှုတွေကို ရပ်တန့်စေပြီး သမာဓိ (Concentration) ကို ဖြစ်တည်လာစေပါတယ်။ စိတ်တည်ငြိမ်သွားတဲ့ အခါ မျက်စိထဲမှာ ရှုပ်ထွေးနေတာတွေ ရှင်းလင်းသွားပြီး ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတဲ့ အဖြေဟာ ကွင်းကွင်းကွက်ကွက် ပေါ်လာပါ လိမ့်မယ်။ ဒါဟာ ဂါထာမန္တာန် သက်သက် မဟုတ်ဘဲ၊ စိတ်ကို စနစ်တကျ ပြန်လည် တည်ဆောက်တဲ့ (Mind-training) အလွန် လက်တွေ့ကျတဲ့ ဖြစ်စဉ်တစ်ခုပါ။ လောကဓံကို ကြံ့ကြံ့ခံနိုင်တဲ့ "ဥပေက္ခာ" စိတ်ထားကို မွေးမြူခြင်းပါပဲ။
လောကဓံလှိုင်းတံပိုးတွေကြားမှာ အေးချမ်းစွာ လှော်ခတ်နိုင်ဖို့ "ဘဝနေနည်းအနုပညာ" ဆိုတာ တကယ်တော့ ပြင်ပကမ္ဘာကို ပြောင်းလဲဖို့ ကြိုးစားတာထက် ကိုယ့်ရဲ့ အတွင်းစိတ်အခံကို ပြုပြင် ပြောင်းလဲယူတဲ့ အတတ်ပညာပဲ ဖြစ်ပါတယ်။

“ဖုဋ္ဌဿ လောကဓမ္မေဟိ” ဂါထာတော်ဟာ မင်္ဂလသုတ်ရဲ့ နောက်ဆုံးပိတ် အထွတ်အထိပ် မင်္ဂလာဖြစ်သလို၊ လူတစ်ယောက်ရဲ့ ဘဝမှာ အလိုအပ်ဆုံးဖြစ်တဲ့ "စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအနုပညာ (The Art of Resilience)" လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ဒီဂါထာတော်ကို အခြေခံပြီး ဘဝကို အနုပညာဆန်ဆန်၊ ခိုင်ခိုင်မာမာ ဖြတ်သန်းနိုင်မယ့် "Living Philosophy" ထောက်တိုင် (၄) ခုကို ဖော်ပြပေးချင်ပါတယ်။

၁။ လက်ခံခြင်း အနုပညာ (The Art of Acceptance)
“ဖုဋ္ဌဿ လောကဓမ္မေဟိ” – လောကဓံတရားတို့နှင့် တွေ့ကြုံလာရ သောအခါ။
ဘဝနေနည်းရဲ့ ပထမဆုံး အနုပညာက "လောကဓံကို လက်ခံခြင်း" ပါပဲ။ လောကဓံ (၈) ပါး (အဆိုး ၄ ပါး၊ အကောင်း ၄ ပါး) ဆိုတာ ဘဝမှာ ရှောင်လွှဲလို့မရတဲ့ သဘာဝတရားတွေပါ။
လောကဓံကို "ဧည့်သည်" လို ဆက်ဆံပါ။
ဘဝမှာ အောင်မြင်မှုနဲ့ ကျရှုံးမှု၊ ချီးမွမ်းမှုနဲ့ ကဲ့ရဲ့မှုဆိုတာ အမြဲ ဒွန်တွဲနေ တတ်ပါတယ်။ ဘဝနေနည်း အနုပညာမှာ ပထမဆုံး အဆင့်ကတော့ ဒီအပြောင်းအလဲတွေကို "မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်" တွေလို့ သဘောထားတတ်ဖို့ပါ။ ဧည့်သည်ဟာ ခဏပဲ နေမှာပါ။ တစ်သက်လုံး နေမှာ မဟုတ်ဘူး ဆိုတာကို သတိပြုပါ။
ကောင်းတဲ့ဧည့်သည်လာရင်လည်းစိတ်ထဲ သာယာမနေပါနဲ့၊ ဆိုးတဲ့ ဧည့်သည် လာရင်လည်း ဒေါသမထွက်ပါနဲ့။ သူတို့လာတာကို "သိ" နေဖို့ပဲ လိုပါတယ်။ ဒီလို "သိ" နေခြင်းကပဲ မတုန်လှုပ်တဲ့ စိတ်ဓာတ် (Equanimity) ရရှိစေမှာပါ။

Perspective - အဆင်မပြေမှုတွေ ကြုံလာတဲ့အခါ "ငါ့ကို ဘာလို့ ဒီလိုဖြစ်ရတာလဲ" လို့ ငြင်းဆန်မယ့်အစား "ဒါဟာ လောကရဲ့ သဘာဝ တရား ငါ့ဆီ ခေတ္တရောက်လာတာပဲ" လို့ လက်ခံ လိုက်တာဟာ စိတ်ကို တည်ငြိမ်စေမယ့် ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။
Self-Reflection - တစ်နေ့တာကုန်ဆုံးချိန်မှာ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ပြန်လည်ဆန်းစစ်ပါ။ ဘယ်အရာက ငါ့ကို တုန်လှုပ်စေသလဲဆိုတာကို ရှာဖွေတာဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ကုစားခြင်း (Shadow Work) တစ်မျိုးပါပဲ။

Stoic Approach - ကိုယ်မထိန်းချုပ်နိုင်တဲ့ ပြင်ပလောကဓံကို ပြောင်းလဲဖို့ ကြိုးစားမယ့်အစား ကိုယ်ထိန်းချုပ်နိုင်တဲ့ "ကိုယ့်ရဲ့ တုံ့ပြန်မှု" ကိုပဲ အာရုံစိုက်ခြင်း ဖြစ်ပါတယ်။

၂။ တည်ငြိမ်ခြင်း အနုပညာ (The Art of Stability)
“စိတ္တံ ယဿ န ကမ္ပတိ” – စိတ်သည် မတုန်လှုပ်။
လှိုင်းတွေ ဘယ်လောက်ထန်ထန် ကျောက်ဆောင်ကြီးက မတုန်လှုပ် သလိုမျိုး ဘဝကို တည်ဆောက်တဲ့ အတတ်ပညာပါ။
Mental Anchor - စိတ်ထဲမှာ ခိုင်မာတဲ့ "ကျောက်ဆူး" တစ်ခု ရှိနေဖို့ လိုပါတယ်။ ဒါဟာ ကိုယ်စွဲကိုင်ထားတဲ့ ကျင့်ဝတ်သီလ (Ethics) ဖြစ်နိုင်သလို၊ ကိုယ်ယုံကြည်တဲ့ အမှန်တရားလည်း ဖြစ်နိုင်ပါတယ်။
Neutrality - အကောင်းကြုံရင်လည်း အလွန်အမင်း မသာယာဘဲ၊ အဆိုးကြုံရင်လည်း အလွန်အမင်း မတုန်လှုပ်တဲ့ အစွန်းလွတ်တဲ့ "အလယ်အလတ် လမ်းစဉ် (Equanimity)" ကို ကျင့်သုံးခြင်း ဖြစ်ပါတယ်။
၃။ သန့်စင်ခြင်း အနုပညာ (The Art of Clarity & Purity)
“အသောကံ ဝိရဇံ” – စိုးရိမ်ခြင်းကင်းခြင်း၊ ညစ်နွမ်းမှုကင်းခြင်း။
အတွင်းစိတ်ရဲ့ "မြူ (ဖုန်)” အညစ်အကြေးတွေကို သတိနဲ့ သုတ်သင်ပါ။
ဦးဇင်းတို့ စိတ်ညစ်ရတာဟာ ပြင်ပအကြောင်းအရာတွေထက် အဲဒီ အပေါ်မှာ ထပ်ဆင့်ပွားတဲ့ ကိုယ့်ရဲ့ "အတွေး" တွေကြောင့် ပိုများပါတယ်။ "ငါ့ကို ဘာလို့ ဒီလိုလုပ်ရတာလဲ"၊ "ငါပဲ အမြဲ ရှုံးနေတာလား" ဆိုတဲ့ အတွေးမျိုးတွေဟာ စိတ်ရဲ့ အညစ်အကြေး (ဝိရဇံ) တွေပါပဲ။

Living in the Present - "အသောကံ" ဖြစ်ဖို့ဆိုရင် အခုလက်ရှိ (Present Moment) မှာပဲ နေထိုင်တတ်ရပါမယ်။ မရောက်သေးတဲ့ ဘေးအတွက် ကြိုမပူဘဲ လက်ရှိလုပ်စရာရှိတာကို အကောင်းဆုံး လုပ်တာဟာ ဘဝနေနည်းကောင်း တစ်ခုပါ။
Emotional Hygiene - "ဝိရဇံ" ဆိုတဲ့အတိုင်း စိတ်ထဲမှာ အမုန်း၊ အာဃာတ၊ မနာလိုမှုဆိုတဲ့ အညစ်အကြေးတွေ မကပ်ငြိအောင် အမြဲတမ်း သန့်စင်နေ စစ်ထုတ်နေရပါမယ်။ (Filter)

၄။ လုံခြုံခြင်း အနုပညာ (The Art of Inner Security)
“ခေမံ” – ဘေးကင်းလုံခြုံခြင်း။
ဒီနေရာမှာ လုံခြုံခြင်းဆိုတာ အိမ်ခြံဝင်း ခိုင်ခိုင်မာမာ ခတ်ထားတာကို မဆိုလိုပါဘူး။ ဘယ်လို အခြေအနေမျိုးမှာမဆို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး စိတ်အေးချမ်းနေတာကို ဆိုလိုတာပါ။
Self-Sovereignty - ပြင်ပအခြေအနေတွေ (ငွေကြေး၊ ရာထူး၊ လူမှုရေး) ပေါ်မှာပဲ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ပုံမအပ်ထားဘဲ အတွင်းစိတ်ရဲ့ ငြိမ်းချမ်းမှုမှာပဲ ခိုလှုံခြင်း ဖြစ်ပါတယ်။

လက်တွေ့အသုံးချရန် နည်းလမ်း
ကိုယ်ဟာ ဘဝကို လှပစွာ ပုံဖော်ထုဆစ်နေတဲ့ အနုပညာရှင် တစ်ယောက်ဆိုရင် "ဖုဋ္ဌဿ ဂါထာ" ဟာ အကောင်းဆုံး Color Palette (ဆေးရောင်စုံ စပ်ဆေးခွက်) ဖြစ်ပါတယ်။
လေ့လာဆန်းစစ်ပါ။ အခက်အခဲကြုံတိုင်း "ဒါဟာ ဘယ်လောကဓံလဲ" လို့ ခေါင်းစဉ်တပ်ကြည့်ပါ။ (Labeling emotion helps to reduce its intensity).
အနားယူပါ။ တစ်နေ့တာမှာ အနည်းဆုံး ၁၀ မိနစ်လောက် ဒီဂါထာရဲ့ အဓိပ္ပာယ်ကို ဆင်ခြင်ပြီး စိတ်ကို အေးချမ်းတဲ့ "ခေမံ" အခြေအနေ ရောက်အောင် လေ့ကျင့်ပါ။
မျှဝေပါ။ ကိုယ်တိုင်ရရှိတဲ့ တည်ငြိမ်မှုကို အခြေခံပြီး ပတ်ဝန်းကျင်ကို အပြုသဘောဆောင်တဲ့ စွမ်းအင်တွေ ဖြန့်ဝေပေးပါ။

လောကဓံဆိုတာ တိုက်ခတ်နေမယ့် လေကြမ်းတွေပါ။ အဲဒီ လေတွေကို တားဆီးလို့ မရပေမဲ့ သင့်ဘဝရွက်လှေရဲ့ "ရွက်" ကိုတော့ ဒီဂါထာတော်နဲ့ အညီ စနစ်တကျ ထိန်းကျောင်း ပဲ့ပြင်နိုင်ပါတယ်။ ဒါဟာ အမြင့်မြတ်ဆုံးသော မင်္ဂလာ (The Highest Blessing) ပါပဲ။

မန့်တွင် ဆက်ဖတ်ရန်-

#အရှင်ဉာဏဝရ (ပါရမီ)


(ထွက်ရှိလာမည့်
ဓာရဏပရိတ်၊ ဝတ်ရွတ်ဉ်၊ ပဋိစ္စသမုပ္ပါဒ်လာ ဘဝနေနည်းအနုပညာ စာအုပ်မှ)

19/06/2026

အသိ များများတိုးရင် ပိုတော်လာမယ်ပေါ့။

စာအုပ်တွေ ဖတ်တယ်၊
သင်တန်းတွေ တက်တယ်၊
ဗဟုသုတတွေ တစ်ခုပြီးတစ်ခု ဖြည့်တယ်။

ဒါပေမဲ့ ဘဝက ရှေ့မတိုးဘူး။

ပြဿနာက အသိနည်းလို့ မဟုတ်ဘူး။
စားပြီး မလှုပ်ရှားလို့ပဲ။

အစာတစ်မျိုးတည်းကို
ခန္ဓာကိုယ်က နှစ်မျိုး ခွဲသိမ်းတယ်။

အဆီ... ဒါမှမဟုတ် ကြွက်သား။

ကွာသွားတာက တစ်ခုပဲ။
အဲဒီအစာကို စားပြီး လေ့ကျင့်ခန်း လုပ်၊ မလုပ်။

အသိပညာဆိုတာ ကိုယ့်ရဲ့ အစာပဲ။

စားရုံပဲ စားပြီး လက်တွေ့မလုပ်ရင်
အဲဒီအသိက အဆီ ဖြစ်သွားတယ်။

ကိုယ်လက် လေးလံလာတယ်၊
ပိုနှေးလာတယ်။

"အများကြီး သိနေပြီ" ဆိုတဲ့ စိတ်အာရုံဟာ
တကယ်တော့ ဉာဏ်ပညာ ဝနေတာပဲ။

သိနေတာက... လုပ်နေတာ မဟုတ်ဘူး။

သိထားတဲ့အသိကို လက်တွေ့ သုံးကြည့်မှ
အဲဒါ ကြွက်သား ဖြစ်လာတယ်။

ခွန်အား ဖြစ်လာတယ်။
ကိုယ့်ကို တကယ် မ,ထူပေးနိုင်တဲ့အရာ ဖြစ်လာတယ်။

ဒါပေမဲ့ ကြွက်သားက အလကားမရဘူး။
လေ့ကျင့်ရတာ ခက်တယ်၊ နာကျင်တယ်။

ကျွန်တော်ကိုယ်တိုင်လည်း
တစ်ချိန်က အသိတွေနဲ့ ဝနေခဲ့ဖူးတယ်။

စာအုပ်တွေ ဖတ်တယ်၊ နည်းလမ်းတွေ စုတယ်။
ဒါပေမဲ့ လက်တွေ့မလုပ်ဘူး။

အသိပဲ ထူပြီး
လုပ်ရည်ကိုင်ရည် ပါးလွှာနေတဲ့
အဆီတက်နေတဲ့ ဦးနှောက်တစ်ခုပေါ့။

ဘဝ ပြောင်းသွားတာက
ဖတ်လိုက်တဲ့ နေ့ မဟုတ်ဘူး။

လုပ်လိုက်တဲ့ နေ့ပဲ။

စားတာက ကိုယ့်ကို မသန်စေဘူး။
စားပြီး လေ့ကျင့်တာကမှ သန်စေတာ။

အသိတွေ အများကြီး စုထားနိုင်တာဟာ
ဂုဏ်ယူဖို့ မဟုတ်သေးဘူး။

အဲဒါ အဆီလား၊ ကြွက်သားလား ဆိုတာပဲ အရေးကြီးတယ်။

သိရုံနဲ့ မသန်ဘူး။
သုံးမှ သန်တာ။

Dr. Sai Phone Myat Lwin

"လင်မယားကြားမှာ"ပြောလည်းထူးမှာမဟုတ်ပါဘူး"ဆိုတဲ့အခြေအနေ ရောက်နေပြီလား?"               “လင်မယားကြား ပြောလည်းထူးမှာမဟုတ်ဘူး...
18/06/2026

"လင်မယားကြားမှာ"ပြောလည်းထူးမှာမဟုတ်ပါဘူး"ဆိုတဲ့အခြေအနေ ရောက်နေပြီလား?"
“လင်မယားကြား ပြောလည်းထူးမှာမဟုတ်ဘူး” ဆိုတဲ့စကားဟာ အပြင်ပန်းမှာတော့ အလွန်သာမန်လိုပဲ ထင်ရပေမယ့် အတွင်းပိုင်းမှာတော့ mental shut down (စိတ်ပိုင်းဆိုင်ရာ ပိတ်သွားခြင်း) ရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။
အိမ်ထောင်ရေးမှာ လင်နဲ့မယာား တစ်ယောက်က တစ်ယောက်ကို အကြိမ်ကြိမ်ပြော၊ ရှင်းပြ၊ မျှော်လင့်ပြီးနောက်မှာ
“မပြောင်းလဲဘူး” “နားမထောင်ဘူး” “အမြဲဒီလိုပဲ” ဆိုတဲ့ အတွေ့အကြုံတွေ စုပုံလာတဲ့အခါ
စိတ်ထဲမှာ နောက်ဆုံးဖြစ်လာတာက
"ပြောလည်း ဘာမှမထူးဘူး” ဆိုတဲ့ ခံစားချက်ဖြစ်လာပါတယ်။အဲဒီအချိန်မှာ လူတစ်ယောက်ဟာ ပြောဆိုခြင်းကို မရပ်တန့်သေးပေမယ့်
အတွင်းစိတ်ကတော့ တဖြည်းဖြည်း ပိတ်သွား (shut down) လာတတ်တယ်။
ဒီ Mental shut down ဆိုတာ
“စိတ်မရှိတော့တာ” မဟုတ်ပါဘူး။
“ခံစားနေရပေမယ့် မဖော်ပြတော့တာ” ဖြစ်ပါတယ်။
(၁)။မပြောချင်တော့တာ။
(၂)။ရှင်းပြဖို့ အားမရှိတော့တာ။
(၃)။မျှော်လင့်ချက် လျော့သွားတာ။
(၄)။ တစ်ဖက်လူနားလည်မယ်ဆိုတဲ့ ယုံကြည်မှု ပျောက်သွားတာ။
ဒီလိုအခြေအနေတွေကနေ စိတ်ဟာ အလိုလို emotional disconnect (ခံစားမှုချင်း ဝေးကွာသွားတာ)ဖြစ်လာတယ်။
လင်မယားကြားမှာ ခုလိုဖြစ်သွားတဲ့အကြောင်းရင်းတွေကတော့
(၁)။ပြောပြီးနောက်မှာ ပြောင်းလဲမှုမရှိတာ။
(၂)။နားမထောင်ပဲ အမြဲကာကွယ်တုံ့ပြန်တာ။
(၃)။ခံစားချက်ကို လျှော့တွက်တာ။
(၄)။အမြဲတမ်း စကားပြောရတာက ရန်ဖြစ်သလို ဖြစ်လာတာ။
ဒီလိုနဲ့ တဖြည်းဖြည်း
“ပြောရင်လည်း မထူးဘူး” ဆိုတဲ့ နက်နက်ရှိုင်းရှိုင်း ယုံကြည်မှု(internal belief)ကို ဖန်တီးပေးလိုက်တယ်။
လင်မယားကြားမှာ Mental shut down ဖြစ်လာတဲ့အခါအပြင်ပန်းမှာတော့ ငြိမ်သွားသလို ထင်ရပေမယ့် အတွင်းမှာတော့
(၁)။ချစ်ခြင်းမရှိတော့တာ မဟုတ်ပေမယ့် ခံစားချက်မရှိတော့ဘဲ ဘာမှ မပြောချင်တော့တာ။
(၂)။နီးကပ်မှုမရှိတော့ပဲ စိတ်ပိုင်းဆိုင်ရာ အကွာအဝေးကြီးလာတာ။
(၃)။တစ်အိမ်တည်းနေပေမယ့် “အတူမရှိတော့သလို” ဖြစ်လာတာ။
ဒါကြောင့် လင်မယားတွေအနေနဲ့ ဒီအခြေအနေကနေ ရုန်းထွက်နိုင်ဖို့/တစ်ယောက်နဲ့တစ်ယောက် စိတ်ခံစားမှုချင်း ပြန်လည်ချိတ်ဆက်ဖို့ လိုအပ်ပါတယ်။အရေးကြီးတာက “ပြောဖို့မဟုတ်ဘူး” ဆိုတဲ့နေရာကို ရောက်ပြီးသားအခါ နောက်ထပ် စကားတွေထပ်များတာမဟုတ်ဘဲ
(၁)နားထောင်ပေးတာ။
(၂)။ခံစားချက်ကို အမှန်တကယ်လက်ခံပေးတာ။
(၃)။အပြောင်းအလဲဖြစ်လာတယ်” ဆိုတာကို သေးသေးလေးကနေ ပြသတာ မျိုး ကနေ စတင်လုပ်ဆောင်ဖို့ လိုပါတယ်။ဒီသေးသေးလေးတွေကပဲ shut down ဖြစ်နေတဲ့စိတ်ကို တဖြည်းဖြည်း ပြန်ဖွင့်ပေးနိုင်ပါတယ်။
လင်မယားဆက်ဆံရေးမှာ
အကြီးမားဆုံးပြဿနာက စကားမပြောခြင်းမဟုတ်ပါဘူး။
**“ပြောလည်း မထူးဘူး” လို့ စိတ်ထဲကယုံသွားခြင်း” ပဲ ဖြစ်တတ်ပါတယ်နော်။
(ဒီလို အိမ်ထောင်ရေးမှာ ဒီလိုခံစားချက်တွေနဲ့ပိတ်မိနေကြသူတွေ ရှိကြလား?)
ညနေမိုး(ကလေး)

life
shutdown
Crd #

မသိနိုင်တာ (၅)မျိုး...ဘာတွေလဲဆိုရင် (၁) ဇီဝိတံ - အသက်ရှင်လျက် ဘယ်လောက်နေရဦးမယ်ဆိုတာ မသိဘူး။လောကကြီးမှာ ဘယ်လောက်ကြာကြာ အသ...
22/05/2026

မသိနိုင်တာ (၅)မျိုး...
ဘာတွေလဲဆိုရင်
(၁) ဇီဝိတံ - အသက်ရှင်လျက် ဘယ်လောက်
နေရဦးမယ်ဆိုတာ မသိဘူး။
လောကကြီးမှာ ဘယ်လောက်ကြာကြာ
အသက်ရှင်နေထိုင်ရဦးမလဲဆိုတာကို မသိနိုင်ဘူးတဲ့။

(၂) ဗျာဓိ - ဘဝခရီးကို လျှေက်လှမ်းရတဲ့အခါမှာ
ဘာရောဂါနဲ့သေမယ်ဆိုတာကိုလည်း
မသိနိုင်ပါဘူးတဲ့။

(၃) ကာလော - ကာလဆိုတာ
လူတစ်ယောက်ဟာ ဘဝခရီးအဆုံးသတ်မယ့်
အချိန်ဟာ ဘယ်အချိန်လဲ
မနက်လား၊ နေ့လည်လား၊ ညလား
ပြောလို့မရဘူးတဲ့။

ပြောလို့မရလို့လဲပဲ ကိုယ့်ရှေ့မှာ
ဘဝနိဂုံးချုပ်သွားကြတဲ့ပုဂ္ဂိုလ်တွေ
အများကြီးရှိကြပါတယ်။

အမှတ်တမဲ့နေရင်တော့ မသိဘူးပေါ့
အမှတ်နဲ့နေမယ်ဆိုရင်တော့ အကုန်သိနေမှာပဲ
မမျှော်လင့်ဘဲနဲ့ ဖြစ်နေကြတာတွေချည်းပါပဲ။

(၄) ဒေဟနိက္ခေပနံ - ကိုယ့်ရဲ့ရုပ်အလောင်းကို
ဘယ်နေရာမှာ သဂြိုလ်မယ်၊
ဘယ်နေရာမှာ မြှုပ်နှံမယ်ဆိုတာကိုလည်း မသိနိုင်ဘူး

တချို့ဟာ ကောင်းကင်ယံမှာ
အနိစ္စရောက်သွားတာလည်း ရှိတယ်။
တချို့ဟာ ပင်လယ်ထဲ ခရီးသွားရင်း
အနိစ္စရောက်သွားတာလည်း ရှိတယ်။
အမျိုးမျိုး ရှိကြတယ်လေ

အဲဒီတော့ ကိုယ့်ရဲ့အလောင်းကို
ဘယ်နေရာမှာ မြှုပ်နှံမယ်၊
ဘယ်နေရာမှာ သဂြိုလ်မလဲဆိုတာ
ကိုလည်း မသိနိုင်ပါဘူးတဲ့။

နောက်မသိနိုင်တာတစ်ခုက ဘာလဲဆိုရင်
(၅) ဂတိ - လူတိုင်းလူတိုင်းဟာ
ဘဝလမ်းကြောင်းကြီး (၅)ခုရှိတယ်။
ဂတိငါးပါးလို့ ခေါ်တာပေါ့။
Destination ခရီးလမ်းဆုံ ငါးဌာနရှိတယ်။

အဲဒီငါးဌာနက ဘာတွေလည်းဆိုလို့ရှိရင်
၁။ နတ်ပြည် - ကုသိုလ်ကံတွေ အကျိုးပေးလို့
ရောက်သွားနိုင်တဲ့ နတ်ပြည်ပေါ့နော်။

နောက်တစ်ခုက
၂။ လူ့ပြည် ပဲ။

အကုသိုလ်ကံတွေ အကျိုးပေးလို့
ရောက်သွားနိုင်တာက
၃။ ပြိတ္တာ
၄။ တိရစ္ဆာန်
၅။ ငရဲ
အားလုံး ငါးမျိုးရှိတယ်။

အဲဒီတော့ ပုထုဇဉ်တစ်ယောက်အနေနဲ့ ဘဝနိဂုံး အဆုံးသတ်သွားပြီးတဲ့အခါမှာ ဘယ်ဘဝမှာ
ပြန်လည်မွေးဖွားမလဲဆိုတာပြောလို့မရဘူး တဲ့။

သေဆုံးတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့
အခြေအနေတွေပေါ်မှာ မူတည်သွားတယ်တဲ့

သောတာပန်မဖြစ်သေးသမျှ
နိယတဂတိ ကိုယ်သတ်မှတ်ထားတဲ့နေရာတစ်ခုကို
သြားလို့မရေသးဘူးတဲ့

ဘုရားအလောင်းကြီးတောင်မှ
တိရစ္ဆာန်ဖြစ်တဲ့အခါ ဖြစ်တယ်။
ငရဲကျတဲ့အခါ ကျသွားတယ်။

ဘာဖြစ်လို့လဲဆိုတော့ သေခါနီးအချိန်မှာ ဘာတွေနဲ့ကြုံပြီး ဘာစိတ်နဲ့သေမယ်ဆိုတာကို
ပြောလို့ မရလို့ပေါ့နော်။

ဘဝခရီးကို လျှောက်လှမ်းပြီဆိုရင်
လူတိုင်းဟာ ဒီအချက်ကို ကြိုတင်
မပြောနိုင်ကြပါဘူးတဲ့။

အဲဒီတော့ ဘဝဆည်းဆာ ရောက်နေတဲ့
ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းကို
ကြည့်လိုက်မယ်ဆိုရင် အဲဒီအချိန်မှာ
အလွန်သနားစရာကောင်းပါတယ်။

သေအံ့မူးမူးအချိန်ရောက်နေပြီဆိုရင်
ပတ်ဝန်းကျင်ကလည်း ကိုယ့်ကို
ကယ်တင်မပေးနိုင်တော့ဘူး။

မြတ်စွာဘုရားက ဟောထားတယ်
န သန်တိ ပုတ်တာ တာဏာယ တဲ့။
လောကမှာ သေခြင်းတရားနဲ့
ရင်ဆိုင်ရပြီဆိုရင် အကာအကွယ်ပေးနိုင်တဲ့
သားသမီးဆိုတာ မရှိဘူးတဲ့။
မိဘတွေအဖို့နော်။

သားသမီးတွေအတွက်လည်းပဲ
ကယ်တင်ပေးနိုင်တဲ့မိဘဆိုတာ မရှိဘူးနော်။

ဆွေတွေမျိုးတွေထဲမှာလည်း
ဒီလိုဘဝဆည်းဆာအချိန် ရောက်နေပြီဆိုရင်တော့
ကယ်တင်ပေးနိုင်တဲ့သူ တစ်ယောက်မှမရှိဘူး
ဒီလိုပြောတာ။


ကျေးဇူးတော်ရှင် ပါမောက္ခချူပ်ဆရာတော်ကြီးဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

Crd

ဝမ်းနည်းလာရင်ကုသိုလ်လုပ်ပါ     ➖➖➖➖➖➖➖စိတ်ချမ်းသာဖို့ဆိုတာသူများအကြောင်းနဲ့ကင်းကင်းနေထိုင်တတ်ရမှာဖြစ်ပါတယ်၊လောကမှာတစ်ချိ...
11/05/2026

ဝမ်းနည်းလာရင်ကုသိုလ်လုပ်ပါ
➖➖➖➖➖➖➖
စိတ်ချမ်းသာဖို့ဆိုတာသူများအကြောင်းနဲ့
ကင်းကင်းနေထိုင်တတ်ရမှာဖြစ်ပါတယ်၊
လောကမှာတစ်ချို့သူတွေကကိုယ့်အကြောင်းနဲ့ကိုယ် မနည်းစိတ်ချမ်းသာအောင်နေရတဲ့အချိန်မှာတောင်
သူများအကြောင်းနဲ့ စိတ်ဆင်းရဲနေကြရတာ
တွေ့ရပါတယ်၊တစ်ချို့လူတွေက ခံစားလွယ်
ဝမ်းနည်းလွယ်တာတွေ တွေ့ရပါတယ်၊

ဝမ်းနည်းမှုတစ်ခုပေါ်လာတိုင်းဝမ်းနည်းကြေကွဲ
နေရမယ်ဆိုရင်၊ခံစားမှုတစ်ခုပေါ်လာတိုင်း
လိုက်ခံစားနေရမယ်ဆိုရင်၊ဒီဘဝသာကုန်သွားမယ်
ဝမ်းနည်း၊ခံစားမှုတွေကကုန်သွားကြမှာမဟုတ်ပါဘူး၊
တစ်ချို့သူတွေမှာ ကိုယ်တိုင်တာဝန်ယူလုပ်ရမည့်
အလုပ်မယ်မယ်ရရမရှိလေတော့အားတဲ့အချိန်တွေ
ကို မြင်မြင်သမျှအာရုံတွေအပေါ်မှာ ပုံအပ် ဝမ်းနည်း
ခံစားနေကြတာတွေ တွေ့ရပါတယ်၊ဝမ်းနည်းတတ်
ခံစားတတ်တယ်ဆိုတာကောင်းတဲ့အလုပ်မဟုတ်ပါ
ဘူး၊ကိုယ့်ဘဝလည်းဘာမှအကျိုးမရှိ အချိန်ကုန်
ပန်ပင်းရုံပါပဲ၊

📚တကယ်လို့ မိမိတို့ပတ်ဝန်းကျင်မှာဝမ်းနည်းစရာ၊
ခံစားစရာ ဒေါသဖြစ်စရာကြုံလာခဲ့ရင် စာဖတ်ပါ၊
🧘‍♂️ဘုရားတရားသံဃာအာရုံကို စိတ်မှာမွှမ်းထုံပါ၊တရားနာတရားထိုင်လိုက်ပါ၊
💼သို့မဟုတ် တစ်စုံတစ်ခုသောကိုယ်လုပ်ရမည့်
အလုပ်ကို အာရုံစိုက်ပြီး လုပ်နေလိုက်ပါ၊

အားနေရင်ဝမ်းနည်းမနေပါနဲ့၊အားနေရင်
ခံစားမနေပါနဲ့၊အားနေရင် ဒေါသဖြစ်မနေပါနဲ့။

အားနေတဲ့အချိန်တွေမှာဝမ်းနည်းစရာကြေကွဲစရာ
ဒေါသဖြစ်စရာတွေကိုတွေးပြီး ခံစား၊ ဝမ်းနည်း
နေမယ့်အစားကိုယ့်အတွက် ခုရောနောင်ပါအကျိုး
ရှိမည့်တရားနာ တရားထိုင်၊ဘုရားတရားသံဃာ
အာရုံပြု၊စာဖတ်ပုတီးစိပ်၊အကျိုးရှိစေမယ့်အရာ
တစ်ခုခုကိုလုပ်ပြီး အသုံးချလိုက်ပါ။

ဝမ်းနည်းတယ်ဆိုတာ အလုပ်မယ်မယ်ရရ
မရှိလို့ပါ အချိန်တွေပိုနေလို့ပါ၊အကောင်းဆုံးကတော့
ဝမ်းနည်းချင်လာတဲ့အခါကုသိုလ်တစ်ခုခုလုပ်နေတာ
အကောင်းဆုံးပါ၊ကုသိုလ်လုပ်နေတဲ့သူဟာ သူများအကြောင်းနဲ့ကင်းနေတဲ့သူပါပဲ၊

သူများအကြောင်းနဲ့ကင်းနေရင်စိတ်ချမ်းသာမှာ
အသေအချာပါပဲ၊ဒါကြောင့် ဘာကြောင့်ပဲ
ဝမ်းနည်းပါစေ၊ဝမ်းနည်းလာရင်ကုသိုလ်လုပ်နေပါ။

မေတ္တာဖြင့်
အရှင်ဇနက(မန္တလေးစာသင်သား)၈
၁၅မိုင် ဇနကာရာမတောရဆရာတော်

Address

Seinchel Street
Yangon

Telephone

+959252058407

Website

Alerts

Be the first to know and let us send you an email when Phyu Phyu Online Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category