22/04/2021
တင်းတိတ်အကြောင်းလေးအနည်းငယ်မျှဝေချင်ပါတယ်..
တင်းတိတ်ကို Melasma /Chloasma လို့ခေါ်ပါတယ်…။
တင်းတိတ်ဆိုတာမျက်နှာပေါ်မှာ
ရှိတဲ့ညို ညစ်ညစ် အရောင်လေးတွေဖြစ်ပါတယ်.
နစ်မျိုးနစ်စားရှိပါတယ်အသဲရေ…
အရေပြားရဲ့ အပေါ်ယံ့လွှာမှာဖြစ်တဲ့ တင်းတိတ်ရယ်.
အရေပြားရဲ့ အလယ်အလွာမှာဖြစ်တဲ့ တင်းတိတ်ရယ်ပါ…..။
😪သူကရောဂါတစ်ခုမဟုတ်ပေမယ့်..မျက်နာပေါ်မှာရှိတဲ့အလှတရားကို ဖျက်တဲ့အလှဖျက်သူပေါ့လေ..
#တင်းတ်ိတ်ဘယ်ကဖြစ်လာသလည်း …
Skin အရေပြားအလွှာထဲမှာ
မယ်လနိုစိုက်ဒ် ဆိုတဲ့ ကလပ်စည်းရှိပါတယ်။ အဲ့ဒီ ကလပ်စည်း က မယ်လနင် တွေကိုထုတ်လွတ်ပေးပါတယ်
မယ်လနင် တွေ များများထုတ်လေ အသားညိုလေ..
မယ်လနင်တွေ နည်းနည်းထုတ်လေ အသားဖြူလေပါ.အသဲတို့ရေ….
ဆိုတော့ အသားဖြူခြင်း အသား ညိုခြင်းက မယ်လနင်ပေါ်သက်ရောက်တဲ့ အဓိကအကြောင်းအရာလေး
တစ်ခုပေါ့့နော…။
တင်းတိတ်ကတော့ အဲဒီ မယ်လနင်တွေ က Balance မဖြစ်ပဲ ထွက်လာတဲ့အတွက်ကြောင့်
မျက်နာမှာ တင်းတိတ်တွေ အကွက်ကွက်လိုက်ဖြစ်နေတာပါ..။
မယ်လနင် ဘာလို့ Unbalance ဖြစ်သလည်းဆ ိုတာကိုတော့ တ်ိတိကျကျ အဖြေရှာမရသေးပေမယ့်..
ဖြစ်နိုင်ခြေအကြောင်းအရာတော့အများကြီးရှိပါတယ်
အသဲတို့ရေ…
၁။နေရောင်ထိခြင်း….
၂။တားဆေးသောက်ခြင်း
၃။ကိုယ်၀န်ဆောင်အမျိုးသမီးတွေ မှာ အလိုအလျောက် တင်းတိတ်တွေ ထွက်တတ်ပါတယ်
၄။မျိုး၇ိုးဗီဇ အရလည်း တင်းတိတ်ထွက်တတ်ပါတယ်….
၅။Cosmetic Allergy နဲ့လည်းဆိုင်ပါတယ်
နေရောင်နဲ့ထိ တာ များလေ မယ်လနင်တွေ ထွက်လေပါ
မယ်လနင် တွေ နေရာကွက်ပြီး ထွက်လာရင် တင်းတိတ် မျက်နာမှာဖြစ်လာပါတယ်
👉ဒါကြောင့်☀နေပူထဲသွားရင်ထီဉီးထုတ်ဆောင်သွားပါ
💁♀☀နေကာspf50ပါတာလိမ်းဖို့မေမ့နဲ့ေနာ်