Phone Thant Kyaw

Phone Thant Kyaw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Phone Thant Kyaw, Yangon.

ရွှေဆုံဆီ မြေပဲဆုံဆီရဲ့ အဓိကရည်ရွယ်ချက်
အရည်အသွေးကောင်းရမည်…
ကျန်းမာရေနှင့် ညီညွှတ်ရမည်…
ပေးလိုက်ရတဲ့တန်ဖိုးထက် သာလွန်တဲ့ အကျိုးရလာဒ်ရရမည်…

The main purpose of Shwe Sone Si Peanut Oil -
must be of good quality,
must be compatible with healthy,
you get results that go beyond what you pay for.

စားသုံးတဲ့ဆီတွေ ချက်ပြုတ်တဲ့ဆီတွေထဲမှာ ကျန်းမာရေးအတွက် ဘယ်တစ်ခုက အကောင်းဆုံးလဲဆိုတာ တွေးမိကြပါရဲ့လား…🤔ဆီကို ဘာလို့ မကျန်...
17/12/2023

စားသုံးတဲ့ဆီတွေ ချက်ပြုတ်တဲ့ဆီတွေထဲမှာ ကျန်းမာရေးအတွက် ဘယ်တစ်ခုက အကောင်းဆုံးလဲဆိုတာ တွေးမိကြပါရဲ့လား…🤔

ဆီကို ဘာလို့ မကျန်းမာစေတဲ့အရာလို့ လူသိများတာလဲ….🤔....

ဆီက ကျန်းမာရေးထိခိုက်တယ်... ဆီကြော်တွေလျှော့စားဆိုတာ ကြားဖူးကြမှာပါ။

တကယ်တော့ ဒီစကားက မှန်သလို မမှန်သလိုနဲ့ စာကြောင်းအဓိပ္ပာယ် မပြည့်စုံပါဘူး။ ဆီတွေမှာ အမျိုးမျိုးရှိပါတယ်….

- မပြည့်၀ဆီ
- ပြည့်၀ဆီ
- ပြန်ကြော်ဆီ စသဖြင့်ပါ။

မပြည့်၀ဆီ တွေဆိုတာက hydrogen နဲ့ carbon ကြားထဲမှာ ချိတ်ဆက်မှု bond မပြည့်၀သေးတာပါ။ ခန္ဓာကိုယ်တွက်အတော့ မပြည့်၀ဆီတွေက ကောင်းတဲ့ ဆီတွေဖြစ်လို့ စားရန်သင့်တော်တယ်လို့ အလွယ်မှတ်လို့ရပါတယ်။

မပြည့်၀ဆီတွေမှာ MUFA နဲ့ PUFA ဆိုပြီး ၂ မျိုး အလွယ်တကူ ခွဲလို့ရပါတယ်။

မြေပဲနဲ့ မြေပဲကရတဲ့ မြေပဲဆီတွေမှာ ပါ၀င်တာကတော့ MUFA များများနဲ့ PUFA အနည်းငယ် ဖြစ်လို့ ကျန်းမာရေးအတွက်ကောင်းတယ်လို့ ပြောလို့ရပါတယ်။

ဒီတော့မြေပဲက နှလုံးသွေးကြော မပိတ်စေပါနော်။....

ဟုတ်ပါတယ်…. မြေပဲက အဆီဓာတ်များတဲ့ အစားအစာဖြစ်လို့ နှလုံးသွေးကြောပိတ်တာ ဖြစ်စေတယ်ဆိုပြီး အထင်မှားကြတာရှိပါတယ်။

မြေပဲဟာ Monounsaturated fat (MUFA) လို့ခေါ်တဲ့ မပြည့်၀ဆီ အများစုပါ၀င်ပြီး polyunsaturated fat (PUFA) လည်း ပါ၀င်တာဆိုတော့ မြေပဲကို နှလုံးရောဂါရှိသူတွေ၊ နှလုံးသွေးကြော ကျဥ်းနေသူတွေ၊ အသည်းအဆီဖုံးသူတွေ၊ သည်းခြေကျောက်တည်တတ်တဲ့သူတွေကအစ စိတ်ချလက်ချစားသုံးလို့ရပြီး အဲဒီလိုမျိုးလူနာတွေအတွက် ပိုသင့်တော်ပါတယ်။

နောက်တစ်ခုက ဆီတိုင်းက ဘေးဖြစ်စေတာ မဟုတ်ပါဘူး။ ဆီအမျိုးအစားပေါ်သာမူတည်ပြီး ဆိုးကျိုးတွေ ဖြစ်စေတာပါ။ ဆီဆိုတာ ခန္ဓာကိုယ်က လိုအပ်ပါတယ်။ ကိုယ်တွင်းက ပစ္စည်းလေးတွေ ပြန်လုပ်ဖို့ အသုံးပြုပါတယ်… ခန္ဓာကိုယ်တွင်းက ဟော်မုန်းဓာတ်တွေ ဆဲလ်နံရံတွေ စသဖြင့်ပါ။ ဒီတော့ ဆီဆိုတာ တအားကြီးကြောက်ဖို့ မလိုပါဘူး။ မှန်ကန်စွာ ရွေးချယ်စားသုံးနိုင်ရင် ကျန်းမာနေမှာ အမှန်ပါပဲ။....

အခြား MUFA အချိုးအစား ပါ၀င်မှုများတဲ့ ဆီတွေဆိုရင် သံလွင်ဆီ၊ ထောပတ်သိီးကရတဲ့ဆီ စတာတွေရှိပါသေးတယ်။ ဒါပေမယ့် ဟင်းချက်ရာမှာ မြန်မာနိုင်ငံအနေနဲ့ လက်တွေ့ကျတာကတော့ မြေပဲဆိီလို့ ပြောရမှာပေါ့နော်။ တကူးတကကြီး သံလွင်ဆီတွေ ရှာ၀ယ်မနေဘဲ မြေပဲဆီကို သုံးနိုင်ပါတယ်။

နေကြာဆီ၊ ပဲပိစပ်ဆီတွေကတော့ PUFA ပိုများတဲ့ မပြည့်၀ဆီတွေဖြစ်ပြီး သူတို့ကိုလည်း ဟင်းချက်ရာ အသုပ်သုပ်ရာမှာ အသုံးပြုနိုင်ပါတယ်။

တစ်ခုရှိတာက အပူချိန်ပြင်းပြင်းနဲ့ အချိန်ကြာကြာ ဆီများများ အသုံးပြုရမယ်ဆိုရင်တော့ MUFA ပိုများတဲ့ မြေပဲဆီက ပိုသင့်တော်ပါတယ်။ ဘာလို့ဆို သူက အပူပိုခံလို့ပါ။ အပူချိန် တအားမြင့်သွားရင် PUFA များတဲ့ဆီတွေဖြစ်တဲ့ ပဲပိစပ်ဆီနဲ့ နေကြာဆီတွေက ပုံစံပြောင်းသွားတတ်ပြီး ကျန်းမာရေးနဲ့ မသင့်တော်တာမျိုး ဖြစ်နိုင်လို့ပါ။

ဒါကြောင့် ဘယ်ဆီမဆို ထပ်ခါထပ်ခါ မသုံးသင့်တာပါ။ ကြာမြင့်စွာ အပူပေးခံရလေလေ ပါ၀င်မှုတွေက ကဗြောင်းကဆန် ဖြစ်သွားပြီး ပုံပြောင်းဆီလို့ခေါ်တဲ့ trans fat ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အကြော်ဆိုင်က ဆီကြော်မုန့်တွေကို လျှော့စားပါလို့ ပြောကြတာပါ။....

ပြည့်၀ဆီကတော့ ၀က်ဆီ၊ အမဲဆီနဲ့ ဆိတ်တို့လို ကုန်းနေသတ္တ၀ါတွေက ရတဲ့အဆီတွေပေါ့။ သူတို့တွေက ကျန်းမာရေးအတွက် မကောင်းလို့ အနီရောင်အသားစားတာ လျှော့စားဖို့သင့်ပါတယ်နော်။

နောက်ပြီး အဆီီခဲ၊ သုံးထပ်သား၊ အဆီအရွတ်ချက်ဟင်းလိုမျိုး၊ ဟော့ပေါ့မှာ အဖြူတွေမြင်ရတဲ့ အသားဖတ်တွေ စားတာမျိုး၊ တုတ်ထိုးတွေလို စားတာမျိုးတွေကတော့ လျှော့နိုင်/ရှောင်နိုင်ရင်တော့ အကောင်းဆုံးပါ။ ကြက်သားအဆီကလည်း မကောင်းပါဘူးနော်။

ငါးနဲ့ ငါးအရေပြားတွေကတော့ တိရိစ္ဆာန်အဆီဖြစ်ပေမယ့် မပြည့်၀ဆီတွေများလို့ စားလို့ရပါသတဲ့။....

ပြန်ချုပ်ပြောရရင်

ဆီကို မှန်ကန်စွာ ရွေးချယ်အသုံးပြု စားတတ်ရင် ဆိုးကျိုးတွေကို စိုးရိမ်ဖို့မလိုပါဘူး….

တိရိစ္ဆာန်ကရတဲ့အဆီတွေ အကုန်ရှောင်… ဒါပေမယ့် ငါးကအဆီကတော့ ကောင်းတယ်၊ စားလို့ရတယ်။

အပင်ကရတဲ့၊ အစေ့အဆန်ကရတဲ့ ဆီတွေက အကုန်နီးပါး မပြည့်၀ဆီတွေမို့ ကောင်းတယ်။ ဒါပေမယ့် စားအုန်းဆီတော့မပါ… စားအုန်းဆီကတော့ ပြည့်၀ဆီတွေမို့ပါ။

• တစ်ကြိမ်ပဲ ဆီပူပူမှာ နှစ်ကြော်ရမယ့်ဟာမျိုးဆိုရင်တော့ smoke point မြင့်တဲ့အတွက် စားအုန်းဆီကို အသုံးပြုနိုင်ပါတယ်။

• ဆီပူပူမှာ ကြာကြာကြော်ဖို့အတွက် အကောင်းဆုံးကတော့ မြေပဲဆီပေါ့။

• အရွက်ကြော်တာလို ခဏပဲ မီးမပြင်းတာမှာသုံးမယ်ဆို နေကြာဆီ၊ ပဲပိစပ်ဆီတို့က သင့်တော်ပါတယ်။ နေကြာဆီ၊ ပဲပိစပ်ဆီတို့ကို ဆီပူပူအိုးထဲ အကြော်စုံအကြာကြီးကြော်မယ်ဆိုရင်တော့ ပုံပြောင်းဆီဖြစ်သွားစေပြီး ကျန်းမာရေးအတွက် မသင့်တော်ပါ။

• ဟင်းရည်ချက်ဖို့နဲ့ အခြားဟင်းတွေချက်တဲ့အခါ ဆီသတ်ဖို့ဆိုရုံလောက်တော့ ဘယ်ဆီမဆို သုံးလို့ရပါတယ်။

• အသားတွေစားတဲ့အခါ အဆီနည်းတဲ့အသားကို ရွေးစားပါ။ မြင်နေရတဲ့အဆီတွေကို ဖယ်စားပါ။ ချက်တဲ့အခါလည်း အဆီတွေ လှီးထုတ်ပြီးမှချက်တာ ပိုကောင်းပါတယ်၊

• ဗိုက်ချပ်စေတယ်ဆိုပြီး အုန်းဆီတွေ တစ်ဇွန်းပြီးတစ်ဇွန်း မသောက်ပါနဲ့၊ ဗိုက်မချပ်စေပါ...အဆီမကျစေပါ။ ဆီတိုင်းဟာ ၁ ဂရမ် (1 gram) မှာ ၉ ကယ်လိုရီ (9 calories) ပေးပါတယ်။ ဘယ်ဆီပဲဖြစ်ဖြစ် ထမင်းစားဇွန်း (၁၅ မီလီ) တစ်ဇွန်း ဗိုက်ထဲ၀င်တိုင်း ၁၃၅ ကယ်လိုရီ ခန္ဓာကိုယ်က ရရှိမှာဖြစ်လို့ ဆီတွေက ကယ်လိုရီပေးပြီး ၀ိတ်တက်စေပါတယ်။

အာဟာရဆရာဝန်တစ်ဦး
တယ်လီကျန်းမာ

--------------------------------------------

Crd to တယ်လီကျန်းမာ

တန်ဆောင်မုန်းလပြည့်နေ့ဆေးပေါင်းခတဲ့ည
27/11/2023

တန်ဆောင်မုန်းလပြည့်နေ့
ဆေးပေါင်းခတဲ့ည

ဝါဆိုလပြည့် ဓမ္မစကြာနေ့မှာ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာစွာရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်တယ်🙏🙏🙏
01/08/2023

ဝါဆိုလပြည့် ဓမ္မစကြာနေ့မှာ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာစွာရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်တယ်🙏🙏🙏

အခုလုိမိုးရာသီလေးမှာ ကန်စွန်းရွက်‌ေလးကြော်စားမယ်ဆို  #ရွှေဆုံဆီ လေးနဲ့ ကြော်နော်... အနံအရသာနဲ့ပြည့်စုံတဲ့ ဟင်းလေးဖြစ်မှာ...
26/06/2023

အခုလုိမိုးရာသီလေးမှာ ကန်စွန်းရွက်‌ေလးကြော်စားမယ်ဆို #ရွှေဆုံဆီ လေးနဲ့ ကြော်နော်... အနံအရသာနဲ့ပြည့်စုံတဲ့ ဟင်းလေးဖြစ်မှာသေချာတယ်နော်...

Photo crd

.. သစ်သီးဆိုင်မှာ အလုပ်သမားလုပ်တာပါ .. ခုတော့အလုပ်ပြုတ်သွားပါပြီ ..  ဆိုင်ရှင်က ..  ``ဟဲ့ customer ကို ဒူးရင်းသီးအခွံခွါ...
21/06/2023

.. သစ်သီးဆိုင်မှာ အလုပ်သမားလုပ်တာပါ ..

ခုတော့အလုပ်ပြုတ်သွားပါပြီ ..

ဆိုင်ရှင်က ..
``ဟဲ့ customer ကို
ဒူးရင်းသီးအခွံခွါပေးလိုက်ဦး ´´.. လို့ခိုင်းတယ် ..

ကျနော် သေချာခွါပေးလိုက်ရဲ့သားနဲ့ဗျာ

🥺🥺
.Crd

ဂျင်းတွေ... ဂျင်းတွေ...ဂျင်းထည့်တာများတော့ ဂျင်းတွေတောင် ဈေးတက်ကုန်ပြီ..ဂျင်းတစ်ပိဿာ - ၈,၀၀၀ ~ ၁၂,၀၀၀ ကျပ်တဲ့ဂျင်းလျှော့...
04/06/2023

ဂျင်းတွေ... ဂျင်းတွေ...
ဂျင်းထည့်တာများတော့ ဂျင်းတွေတောင် ဈေးတက်ကုန်ပြီ..
ဂျင်းတစ်ပိဿာ - ၈,၀၀၀ ~ ၁၂,၀၀၀ ကျပ်တဲ့
ဂျင်းလျှော့ထည့်ကြနော်...

#ရွှေဆုံဆီ
#မြေပဲ
#ဆုံဆီ
ဒဂုံအရှေ့တွင်လည်း ဝယ်ယူရရှိနိုင်ပါပြီ

အမြဲအားပေးနေကြ အမက ဆီမှာတော့ "အမရယ် ဆီဈေးတက်တယ်.. ၁ပိဿာ ၁၇,၀၀၀ တောင်ဖြစ်နေပြီ"လို့ အဲ့လိုပြောတော့ သူကဘာပြန်ပြောလဲဆိုတော့...
24/05/2023

အမြဲအားပေးနေကြ အမက ဆီမှာတော့
"အမရယ် ဆီဈေးတက်တယ်.. ၁ပိဿာ ၁၇,၀၀၀ တောင်ဖြစ်နေပြီ"လို့ အဲ့လိုပြောတော့ သူကဘာပြန်ပြောလဲဆိုတော့ "ပစ္စည်းကောင်းကြိုက်ရင်တော့ ဈေးကောင်းပေးရမှာပေါ့"တဲ့ 😍😍
Feeling - Happy ဖြစ်သွားတာပေါ့နော်...
အခုလိုအမြဲ အားပေးကြတဲ့ ဝယ်ယူသူဖောက်သည်ကြီးများကို အမြဲ ကျေးဇူးတင်လျက်🙏🙏🙏

ဒဂုံ/အရှေမှာလည်းဝယ်ယူအားပေးလို့ရနေပြီနော်
#မြေပဲ
#ဆုံဆီ

ဝယ်ယူအားပေးကြသူမိဘများရဲ့ တုံ့ပြန်‌သံလေးတွေက အရမ်းကောင်းလို့ နှမြောလို့ မကုန်အောင်စားနေတယ်တဲ့ 😅စားကြပါ ကုန်အောင်စားကြပါလ...
20/04/2023

ဝယ်ယူအားပေးကြသူမိဘများရဲ့ တုံ့ပြန်‌သံလေးတွေက အရမ်းကောင်းလို့ နှမြောလို့ မကုန်အောင်စားနေတယ်တဲ့ 😅
စားကြပါ ကုန်အောင်စားကြပါလို့
ကုန်သွားရင် ထပ်မှာစားလို့ရပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်...🎉🎉🎉

02/03/2023

*တောင်သူလယ်သမားနေ့*
တောင်သူဦးကြီးများအား ဂုဏ်ပြုပါသည်🫡🫡🫡

ခြံထွက်ကိုက်လန်ကြော်လေးအရွက်ကြော်ဆိုရင် စိမ်းစိမ်းလေးမှ ကြိုက် 😋(ကိုယ့်ခြံထွက်တော့ မဟုတ်ဘူး သူများခြံကထွက်တာ😅.. ဘယ်ခြံကထ...
08/01/2023

ခြံထွက်ကိုက်လန်ကြော်လေး
အရွက်ကြော်ဆိုရင် စိမ်းစိမ်းလေးမှ ကြိုက် 😋
(ကိုယ့်ခြံထွက်တော့ မဟုတ်ဘူး သူများခြံကထွက်တာ😅.. ဘယ်ခြံကထွက်ထွက် ခြံထွက်ပဲလေနော့ 😁 - ဤကားစကားချပ်)

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Phone Thant Kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share