Lark Sia

Lark Sia All Kinds of Goods

ဘဝမှာ မြိန်ရာဟင်းကောင်း ခင်ရာဆွေမျိုးဆိုတဲ့ စကားပုံလေးအတိုင်း ခံစားရတဲ့အခါ လောကကြီးကသာယာနေပြန်ရောနော်...အသွားအပြန်နဲ့ အလ...
24/04/2026

ဘဝမှာ မြိန်ရာဟင်းကောင်း ခင်ရာဆွေမျိုးဆိုတဲ့ စကားပုံလေးအတိုင်း ခံစားရတဲ့အခါ လောကကြီးကသာယာနေပြန်ရောနော်...
အသွားအပြန်နဲ့ အလျားအနံမရှိတဲ့ ချစ်ခြင်းမေတ္တာတွေဟာ ဘဝရဲ့ ချိုမြိန်ခြင်းအစစ်အမှန်တွေပါဘဲလေ....
ဒါတွေကိုခံစားဘို့ဆိုတာက လွယ်မနေပြန်ပါဘူး....
ခါးသီးခြင်းတွေတွေ့မှ ချိုမြိန်ခြင်းအရသာကိုတန်ဘိုးထားတတ်သလို...
လဲပြိုနေတုန်းမှာ လက်တွဲခေါါယူသူဟာ ကိုယ့်အတွက်တော့ ဘုရားပေးတဲ့ဆု လိုပါဘဲလေ....

အဖြူရောင်ချစ်ခြင်းများဖြင့်
Lark Sia

ချိုသာသောအပြုံးနဲ့ သာယာဖွယ်ရာစကားသံတွေနဲ့ မွှမ်းထုံထားတဲ့ လူတယောက်ရဲ့ မျက်နှာကို ပကတိအတိုင်းဖောက်ထွင်းမြင်နိုင်တဲ့ အမြင်...
24/04/2026

ချိုသာသောအပြုံးနဲ့ သာယာဖွယ်ရာစကားသံတွေနဲ့ မွှမ်းထုံထားတဲ့ လူတယောက်ရဲ့ မျက်နှာကို ပကတိအတိုင်းဖောက်ထွင်းမြင်နိုင်တဲ့ အမြင်အာရုံကို ပိုင်ဆိုင်နိုင်အောင်ကြိုးစားကြည့်ပါ..အနည်းဆုံးတော့အလိမ်ခံရခြင်းက ကင်းဝေးနေမှာအမှန်ပါ...

အဖြူရောင်ချစ်ခြင်းများဖြင့်
Lark Sia

တခါတလေမှာ မျှော်လင့်မထားတဲ့ ချစ်ခြင်းတွေကိုခံစားရတဲ့ အခါ ဝမ်းသာဝမ်းနည်းဖြစ်တတ်ကြပါတယ်....ဘာဘဲဖြစ်ဖြစ် ချစ်ခင်သူတွေပေါမျာ...
21/04/2026

တခါတလေမှာ မျှော်လင့်မထားတဲ့ ချစ်ခြင်းတွေကိုခံစားရတဲ့ အခါ ဝမ်းသာဝမ်းနည်းဖြစ်တတ်ကြပါတယ်....
ဘာဘဲဖြစ်ဖြစ် ချစ်ခင်သူတွေပေါများချင်တာက လူတိုင်းရဲ့ ကိန်းအောင်းနေတဲ့ ဆန္ဒလေးတခုဖြစ်မယ်ထင်တယ်နော်...

အဖြူရောင်ချစ်ခြင်းများဖြင့်
Lark Sia

တနေ့တာပင်ပန်းနွမ်းနယ်ခြင်းတွေကနေ ပြေပျောက်စေဘို့ ခေတ္တခဏ အနားယူအိပ်စက်ကြရတော့မယ်....မေတ္တာပွားများရင်းနဲ့ စိတ်ကလေးကိုအနာ...
19/04/2026

တနေ့တာပင်ပန်းနွမ်းနယ်ခြင်းတွေကနေ ပြေပျောက်စေဘို့ ခေတ္တခဏ အနားယူအိပ်စက်ကြရတော့မယ်....
မေတ္တာပွားများရင်းနဲ့ စိတ်ကလေးကိုအနားပေးကြရအောင်နော်,,,
မနက်ခင်းမှာ ရွှင်လန်းစွာနဲ့ နိုးထလာပြီး ဘုရားဝတ်ပြုကြရမှာမို့...
အားအင်ဖြစ်စေမဲ့ အနားယူခြင်းအပြည့်နဲ့ အိပ်စက်နိုင်ကြပါစေနော်..

အဖြူရောင်ချစ်ခြင်းများဖြင့်
Lark Sia

ဘဝမှာ ကံကြမ္မာအလှည့်အပြောင်းတွေကြောင့် ရုတ်တရက်ရင်ဆိုင်ရတဲ့  ပတ်ဝန်းကျင်ရဲ့ တုံ့ပြန်မှုတွေက  အဖိုးတန်ဆုံး သင်ခန်းစာတစ်ခု...
19/04/2026

ဘဝမှာ ကံကြမ္မာအလှည့်အပြောင်းတွေကြောင့် ရုတ်တရက်ရင်ဆိုင်ရတဲ့ ပတ်ဝန်းကျင်ရဲ့ တုံ့ပြန်မှုတွေက အဖိုးတန်ဆုံး သင်ခန်းစာတစ်ခု ဖြစ်လာပါလိမ့်မယ်ဆိုတာ မစဉ်းစားမိခဲ့ဘူး..
ကံဇာတာအမြင့်မှာ ရှိနေတုန်းက ဝန်းရံနေတတ်တဲ့ လူတွေဟာ အရိပ်လိုမျိုး ကွယ်ပျောက်သွားတတ်ကြပေမဲ့၊ တကယ့်စစ်မှန်တဲ့ မေတ္တာရှင်တွေကတော့ ကိုယ့်ရဲ့ဘေးနားမှာပဲ ရှိနေဆဲပါ။ တစ်ချို့က အခြေအနေကို ကြည့်ပြီး သနားကြသလို၊ တစ်ချို့ကတော့ အခွင့်အရေးတစ်ခုလိုမျိုး သဘောထားပြီး ဝေးကွာသွားကြပါတယ်…
ကျွန်မကတော့ ပတ်ဝန်းကျင်ရဲ့ တုံ့ပြန်မှုတွေကို သင်ခန်းစာယူဘို့ အချိန်တခုယူပြီးတော့ ကြိုးစားခဲ့ရပါတယ်။ ကိုယ်နဲ့ဝေးကွာသွားတဲ့သူတွေဟာ သူတို့ကိုယ်တိုင်မသိလိုက်တဲ့အချိန်မှာဘဲ သူတို့ရဲ့ စိတ်ရင်းမှန်ကိုပြသသွားခဲ့ကြတာပါ…
ကျွန်မကတော့ အရာအားလုံး ဆုံးရှုံးသွားတယ်လို့ ထင်ရတဲ့အချိန်မှာပဲ ဘယ်သူက အတုအယောင်၊ ဘယ်သူက အစစ်အမှန်ဆိုတာကို အရှင်းဆုံး မြင်တွေ့ခွင့်ရသွားတာဟာ ကျွန်မအတွက်တော့ အရှုံးထဲက အကြီးမားဆုံးသော "ပိုင်ဆိုင်မှုအသစ်" ဖြစ်တဲ့ အမြတ်တစ်ခုပါပဲရှင်…
ဘဝကို ပြန်လည်တည်ဆောက်တဲ့အခါ ဘယ်အချိန်မှာဘယ်အခါ ဘယ်ကာလရယ်လို့ သတ်မှတ်ချက်မရှိပါဘူး ….လျှောက်လှမ်းနေတဲ့ ခြေလှမ်းတိုင်းမှာ ပိုပြီး မှန်ကန်တဲ့ လူတွေနဲ့ပဲ လျှောက်လှမ်းနိုင်ဖို့ ဒီအတွေ့အကြုံလေးက ကျွန်မကို အကောင်းဆုံး လမ်းပြပေးသွားပါတယ်…. ✨

အဖြူရောင်ချစ်ခြင်းများဖြင့်
Lark Sia

လူတွေက ကိုယ့်ကိုကိုယ်အချစ်ဆုံးလို့ဆိုကြတယ် တကယ်ကောဟုတ်ရဲ့လား?  တကယ်တော့ "ဘယ်လိုပုံစံနဲ့ ချစ်တာလဲ" ဆိုတာက အဓိကကျပါတယ်။ဆင်...
18/04/2026

လူတွေက ကိုယ့်ကိုကိုယ်အချစ်ဆုံးလို့ဆိုကြတယ် တကယ်ကောဟုတ်ရဲ့လား? တကယ်တော့ "ဘယ်လိုပုံစံနဲ့ ချစ်တာလဲ" ဆိုတာက အဓိကကျပါတယ်။

ဆင်ခြင်တုံမဲ့ ချစ်ခြင်း (Blind Self-Love):
ဒါက ကိုယ့်အပေါ် အလွန်အမင်း အလိုလိုက်တာမျိုးပါ။ ကိုယ့်အမှားတွေကို ကိုယ်မမြင်ဘဲ အမြဲကာကွယ်နေတာ၊ လက်ငင်းပျော်ရွှင်မှုအတွက် ရေရှည်အတွက်မကောင်းတာတွေကို လုပ်မိတာမျိုးပေါ့။ ဒါက နောက်ဆုံးမှာ ကိုယ့်ကိုကိုယ် ပြန်ထိခိုက်စေတတ်ပါတယ်။ 🥺🥀

ဆင်ခြင်တုံနဲ့ ချစ်ခြင်း (Conscious Self-Love):
ဒါကတော့ ကိုယ့်ကိုကိုယ် တကယ်တန်ဖိုးထားတာပါ။ ကိုယ့်ရဲ့အားနည်းချက်တွေကို လက်ခံတယ်၊ ဒါပေမဲ့ ပြင်ဆင်ဖို့ ကြိုးစားတယ်။ ကိုယ့်ကျန်းမာရေး၊ စိတ်ဓာတ်ခွန်အားနဲ့ တိုးတက်မှုအတွက် မှန်ကန်တဲ့ ရွေးချယ်မှုတွေကို ရဲရဲဝံ့ဝံ့ လုပ်ပေးတာမျိုးပါ။ ဒါက တကယ့်ကို ကျန်းမာတဲ့ ချစ်ခြင်းပါပဲ။ 💖🌱

ညအိပ်ခါနီး တွေးမိတာလေးပါ ✨💤

ဒီလိုမျိုး ဆင်ခြင်တုံနဲ့ ကိုယ့်ကိုယ်ကို ချစ်တတ်သွားပြီဆိုရင် လောကကြီးကိုလည်း ပိုပြီး နားလည်ပေးနိုင်လာမှာပါ။ အိပ်စက်ခြင်းကို ပျော်ရွှင်စွာနဲ့ အနားယူနိုင်ပါစေ...... 🌙✨

"ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရတယ်" ဆိုပေမဲ့လေ 🌾🤔ပေါင်းနှုတ် ပေါင်းသင် မပြောင်ရင်တော့ ရိတ်တဲ့အထဲ ရောပါလာမှာ မဟုတ်ဘူးလား 🌿😟...
18/04/2026

"ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရတယ်" ဆိုပေမဲ့လေ 🌾🤔
ပေါင်းနှုတ် ပေါင်းသင် မပြောင်ရင်တော့ ရိတ်တဲ့အထဲ ရောပါလာမှာ မဟုတ်ဘူးလား 🌿😟 လို့ တွေးမိတွေးရာလေး တစ်ဖြတ်ပေါ့ ✨

ဘဝမှာ အရေးကြီးဆုံးအရာ သုံးခုကတော့ - မင်းရဲ့ ကျန်းမာရေး၊ မင်းရဲ့ ရည်မှန်းချက်နဲ့ မင်းချစ်တဲ့လူတွေပဲ။ ဒါအကုန်ပဲ။
17/04/2026

ဘဝမှာ အရေးကြီးဆုံးအရာ သုံးခုကတော့ - မင်းရဲ့ ကျန်းမာရေး၊ မင်းရဲ့ ရည်မှန်းချက်နဲ့ မင်းချစ်တဲ့လူတွေပဲ။ ဒါအကုန်ပဲ။

နှစ်သစ်ကစလို့နှစ်ဟောင်းကုန်သည်အထိ ဖြူအောင်စိတ်ကိုထားနိုင်ကြပါစေ
17/04/2026

နှစ်သစ်ကစလို့နှစ်ဟောင်းကုန်သည်အထိ ဖြူအောင်စိတ်ကိုထားနိုင်ကြပါစေ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Lark Sia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share