29/09/2023
"ဘိုးတော်အောင်မင်းခေါင်"
အဘခေါင်သည် နဘားမှ ရေဆန်သစ်တုံးကြီးနှင့်အတူ ပျောက် ကွယ်သွားပြီးနောက် ပုပ္ပားသို့ ရောက်မီကာလ၌ ယခင်ကကဲ့သို့ပင် ရှုပ်ပွနေသော ဆံပင်၊ ဖုန်အလိမ်းလိမ်းနှင့် ကြေး(ဂျီး)အထပ်ထပ်ပေနေ သော တိုက်ပုံအင်္ကျီနှင့် လုံချည်အကွက်ကြီးကိုဝတ်ဆင်၍ မြင်းခြံနှင့် နွားထိုးကြီးကြား၌ရှိသော “တစို့မလယ်”ရွာသို့ ရောက်ရှိနေပြန်သည်။
အဘသည် ရွာဝန်းကျင်အနှံ့၊ ဟိုဒီလူးလာအနှံ့သွားလာ နေထိုင် သည်ကို အများက စိတ်မနှံ့သော အရူးကြီးဟု သတ်မှတ်နေကြသည်။ အဘခေါင်သည် မည်သူ့ကိုမျှ ဂရုမစိုက်၊ မိမိပြုလုပ်ဆောင်ရွက်ရမည့် အထက်ဝိဇ္ဇာကြီးများ ချမှတ်ထားသည့် သာသနာ့ကိစ္စများကို ဆောင်ရွက် ရန်သာ ကြိုးပမ်းလျက်ရှိ၏။
မြင်းခြံ၌နေစဉ် အဘသည် သံခမောက်တစ်ခုကို ဆောင်းပြီး၊ တောင်ဝှေးတစ်ခုကို စွဲကိုင်လေ့ရှိ၏။ ရှေ့လာမည့် ကပ်(၃)ပါးဘေးကို ကြိုတင်ပြီးကာကွယ်သည့်အနေဖြင့် (၉)တောင်ပြည့် ကိုးနဝင်းကပ်ကျော် စေတီများကို စတင်တည်ရန် ဆောင်ရွက်လေသည်။ အဘသည် ဆုံးမ သည့်အနေဖြင့် အတိတ်တဘောင်တစ်ခုကို (၉)တောင်ပြည့်တည်သော
အခါ ရွတ်ဆိုလေ့ရှိပါသည်။ တဘောင်ကား..
“ဘုရားလေးငယ်ငယ်၊ ကိုးတောင်ပြည့်တည်၊
ငယ်သာငယ် ကယ်ဆယ်မဲ့ဘုရား၊
ဓာတ်ကောလီသုံးဆယ်ပြည့်မှာ ဖူးကြအများ”
ဟူ၍ ဖြစ်၏။
ဘုရားတည်စဉ်ကာလ၌လည်း “အရူးဘုရား၊ ဖူးမသွားရင်၊ ဘီလူး စားလိမ့်မယ်” ဟူ၍လည်း ဘုရားတည်နေစဉ်ခိုက်တွင် ပြောဆိုလေ့ရှိ ပါသည်။
နောင်အခါ အဘခေါင်သည် (၉)တောင်ပြည့်ကပ်ကျော်စေတီ အကြောင်းကို အကျယ်တဝံ့ မိန့်တော်မူခဲ့ဖူးလေသည်။
ဤ(၉)တောင်ပြည့်စေတီငယ် တည်သည့် အကြောင်းရင်းကို (၂၂-၅-၁၃)ရက်တွင် ရရှိခဲ့၍ ဗဟုသုတဖြစ်စေခြင်းအလို့ငှာ ထည့်သွင်း ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။
**(၉)တောင်ပြည့်စေတီ ခေါ် ဓမ္မစေတီတည်ခြင်း”
သာသနာပြုတယ်ဆိုတဲ့ အနှစ်သာရဟာ၊ မိမိခန္ဓာမှာ ဓမ္မစေတီ ထိုက်အောင် ပြုလုပ်ခြင်းဖြစ်တယ်။ မိမိအသိစိတ်ကလေးက ဂုဏ်တော် တွေကို မပြတ်ပွားနေရင်လည်း ခန္ဓာမှာ ဓမ္မစေတီတည်နေတာပဲ။ သီလ၊ မိမိလက်လှမ်းမီရာအဆင့်မှ ကြိုးစားကျင့်ကြံ သမာဓိ၊ ပညာတရားတွေကို အားထုတ်နေရင်လည်း ဓမ္မစေတီတည်တယ်လို့ ခေါ်တယ်။
လက်လှမ်းမီရာအဆင့်ဆိုတာ မိမိနားလည်သဘောပေါက် တတ် စွမ်းသလောက်၊ အားထုတ်ခြင်းကို ဆိုပါတယ်။ ပါရမီအနုအရင့်ကိုလိုက် ပြီး မိမိတည်တဲ့ ဓမ္မစေတီဟာ အကြီး၊ အငယ်၊ အရွယ်၊ အလတ် ပုံစံ အမျိုးမျိုး ရှိကြပေလိမ့်မယ်။ အဲဒါ မိမိရဲ့ကျင့်ကြံမှု စရဏ၊ လုပ်ဆောင်မှု ပါရမီ၊ သိမြင်မှု ဝိဇ္ဇာဆိုတဲ့ အကြောင်းတရား(၃)ပါးမှ ရရှိတဲ့အကျိုး တွေ ဖြစ်တယ်။
မိမိခန္ဓာမှာတည်ထားတဲ့ ဓမ္မစေတီကြီးကို ခိုင်ခန့်တဲ့ အုတ်မြစ်တွေ ချတတ်ဖို့ အရေးကြီးတယ်။
ဒီအုတ်မြစ်တွေကတော့ (၁) ယုံကြည်တဲ့ သဒ္ဓါ၊
(၂) မမေ့မလျော့ တဲ့ သတိ၊ (၃) မဆုတ်မနစ် ကြိုးစားမှု ဝီရိယ၊
(၄) ကောင်းမကောင်း ဝေဖန်တတ်တဲ့ ပညာတို့ ဖြစ်တယ်။
ထိုအုတ်မြစ်(၄)ခုဟာ အစိဏ္ဏကံ ခေါ် နေ့စဉ်မှန်မှန် အဓိဋ္ဌာန်ပြု တိုင်း မပိုမလျော့ရအောင် ကောင်းစွာ“အပ္ပမာဒတရားနဲ့ ချရမယ့်အုတ် မြစ်တွေ ဖြစ်တယ်။ အုတ်မြစ်ကောင်းမှ စေတီခိုင်မယ်၊ စေတီခိုင်မှ “စိန်ဖူး”တင်လို့ရမယ်။ “စိန်ဖူး” ဆိုတာ တခြားမမှတ်နဲ့ မဂ်ဖိုလ်အထွဋ် ကို ရရှိခြင်းကို စိန်ဖူးတင်တယ်လို့ ခေါ်တယ်။ ဒါကြောင့် ဓမ္မစေတီရဲ့ စိန်ဖူးဆိုတာ အထွဋ်အမြတ်ဖြစ်တဲ့ မဂ်ဖိုလ်ကို ခေါ်တယ်။
အဲဒီလို ဓမ္မစေတီတည်နေတဲ့ မိမိရဲ့ခန္ဓာကြီးဟာ အပါယ်သို့မလား နိုင် မကျနိုင်၊ ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားကြပါ။
အုတ်မြစ်ချလို့ စေတီတည်ပြန်တော့ မဟာရံတံတိုင်းခတ်မှသာ လျှင် စေတီရဲ့တင့်တယ်သပ္ပာယ်မှုများ ပေါ်လွင်ထင်ရှားမယ်။ အဲဒီခတ်ရ မယ့် တံတိုင်းကတော့ သမဏဂုံ(၃)ပါး အထပ်ထပ်ပွားများခြင်းကိုခေါ် တယ်။ အဲဒါဗုဒ္ဓစည်း၊ ဓမ္မစည်း၊ သံဃစည်းလို့ ဘုရားမတည်မီ ပရိကံ ပြုခြင်းလို့ ခေါ်တယ်။ ဒီတော့ သရဏဂုံကို မပြတ်ဆောက်တည်ပါက နောင်နဲ့ ယခု ကျရောက်ဆဲ၊ ကျရောက်လတ္တံ့ဖြစ်တဲ့ ကပ်ကြီး(၃)ပါး ဘေးမှ ဧကန်ကင်းဝေးစေနိုင်မယ်။
ထို့ကြောင့် ရောဂါကင်းဝေး ဘေးမဖြစ်ရေးနဲ့ ဥပါဒ်ရန်စွယ် အသွယ်သွယ်မှ ပိန်းကြာထိပ်ဖျား ရေမနားသို့ လျှောကျပျောက်ကင်း ရှင်းရှင်းစင်အောင်၊ ဂုဏ်တော်ဓမ္မစေတီ နှစ်ဆတည်၍ အောင်စည်ခတ် ယွမ်း၊ မဂ်ဖိုလ်နိဗ္ဗာန်အစွန်းကို ဤဘဝမှစ၍ ဓမ္မစေတီကောင်းစွာတည် ခြင်းအမှုဖြင့် အသင်သူတော်ကောင်းတို့ ကောင်းစွာမသွေ ရရှိတော်မူ ကြပါစေလို့ အဘက မေတ္တာပို့လိုက်ပါတယ်။
“ဘုရားလေးငယ်ငယ်၊ ကိုးတောင်ပြည့်တယ်၊ ငယ်သာငယ်တယ် ဆယ်မဲ့ဘုရား"ဆိုတာ သရဏဂုံတည်၍ ဂုဏ်တော်ကိုးပါးကို မိမိရဲ့ ခန္ဓာအိမ်မှာ တည်ခိုင်းခြင်းဖြစ်တယ်လို့ သဘောပေါက်သွားရပါသည်။
“ သံခမောက် နှင့် တောင်ဝှေး
ဤနေရာ၌ အဘဘိုးမင်းခေါင် သုံးစွဲခဲ့သော “သံခမောက်” နှင့် “တောင်ဝှေး”အကြောင်းကို ဆက်၍ပြောပါဦးမည်။ ဤဂမ္ဘီရဝိဇ္ဇာ သုံး ဆောင်သော ပစ္စည်းနှစ်မျိုးသည် အဘ မြင်းခြံနယ်မှ ထွက်ခွာသွားပြီး နောက် အစရှာ၍မရအောင် ပျောက်ကွယ်သွားပါသည်။
အကြောင်းစုံလင်မှာ ၁၉၉၈ ခုနှစ်လောက်က ဖြစ်ပါသည်။ ကျွန်ုပ်၏တပည့်ရင်းတစ်ဦးဖြစ်သော ပိတ်ဖြူစင်ကြယ်ကို ရာသက်ပန် ဝတ်သည့် ဆရာမကြီး“ဒေါ်ကြည်အေး”သည် ဗျည်း(၃၃)လုံး မှော်စဉ်ကို ကြိုးစားအောင်မြင်ပြီးနောက် အဘဘိုးမင်းခေါင်ဘုန်းတော်ရိပ်ကို ခိုလှုံလျက် သတ္တဝါများကို ကယ်တင်ကာ သာသနာပြုခဲ့ပါသည်။ ဒေါ်ကြည်အေးသည် ပိတ်ဖြူစင်ကြယ် ခေါင်းပတ်ပေါင်းနှင့် ပိတ်ဖြူလက်ကတော့ထိုးကို ရာသက်ပန်ဝတ်ဆင်ပါသည်။ သတ္တဝါတို့ကိုကြုံကြိုက်လျှင် မိမိတတ်ကျွမ်းသည့် ပညာဖြင့် ကယ်တင်ရင်း ဂန္ဓာရီလှည့်လည်ကာ ကျင့်စဉ်များကို ကျင့်နေသူတစ်ဦး ဖြစ်ပါသည်။ ထိုသို့သက်သတ်လွတ်အဓိဋ္ဌာန် ရာသက်ပန်အဓိဋ္ဌာန်ပြုကာ စားနေရင်း၊ ပဲခူးရိုးမသို့ ရောက်ရှိပြီးလျှင် (၃)လခန့် အားထုတ်နေစဉ်အတွင်း “ဝိဇ္ဇာရှင်ပျံ”နှင့် တွေ့ပါသည်။
ဝိဇ္ဇာရှင်ပျံသည်ကား အဘဘိုးမင်းခေါင်ပင် ဖြစ်ပါသည်။ (၃)လ ပြည့်ပြီးနောက် ရန်ကုန်သို့ ပြန်မည်ဟု အဘရှင်ပျံက လျှောက်သောအခါ ဒေါ်ကြည်အေးအား အဘရှင်ပျံက ရုတ်တရက် “သမီး... ငါ မြင်းခြံ မှာ သာသနာပြုခဲ့တုန်းက ငါ့ပစ္စည်းတွေ မြင်းခြံမှာ ရှိနေသေးတယ်၊ သမီး ငါ့ရဲ့သံခမောက်နဲ့ တောင်ဝှေးကို မြင်းခြံမှာ သွားယူချေ”ဟု စေခိုင်းပါတော့သည်။
ထိုအခါ ဒေါ်ကြည်အေးက “အဘ .. နေရာအတိအကျ မသိဘဲ သမီး ဘယ်ကိုသွားယူရမှာလဲ”ဟု ပြန်၍မေးရာ အဘရှင်ပျံက “ဟဲ့.. သမီးငါ မြင်းခြံမှာ တစ်ချိန်တုန်းက အရူးကြီးဘဝနဲ့ ခမောက် ဆောင်း၊ ကြိမ်လုံးကိုင်ပြီး ကိုးတောင်ပြည့်ဘုရားတွေ တည်ခဲ့တယ်။ ဝိဇ္ဇာမှာ လိပ်စာမရှိဘူးသမီး မြင်းခြံကို သွားသာသွားပါ၊ ရလာပါလိမ့် မယ်”ဟု အဘက အမိန့်ရှိပါသည်။
ဒေါ်ကြည်အေးလည်း အဘ မိန့်မှာသည်ကို ယုံကြည်စွာဖြင့် ပဲခူးရိုးမမှ ပြန်လာခဲ့ပြီး ရန်ကုန်သို့ မသွားတော့ဘဲ မြင်းခြံသို့ဆက်၍ ခရီးထွက်ခဲ့ပါသည်။
ဒေါ်ကြည်အေးသည်မြင်းခြံသို့ရောက်သောအခါ တန်ခိုးကြီးဘုရား တစ်ဆူကိုဝင်ရောက်ဖူးမြော်၍ ရတနာသုံးပါးကိုဦးထိပ်ထားကာ သိကြားဒေဝါ ဝိဇ္ဇာအပေါင်းတို့ကို မေတ္တာပို့သပြီးနောက် မိမိသည် ယခု အဘ ဝိဇ္ဇာရှင်ပျံ စေခိုင်း၍ သံခမောက်နှင့် တောင်ဝှေးပစ္စည်း လာယူရသည့် အကြောင်းကို သစ္စာဆို၍ တိုင်တည်ဆုတောင်းပါတော့သည်။
“ဓာတ်မှန်ရင်၊ နတ်ထံက သိတယ်” ဆိုသည့် စကားအရ ဒေါ်ကြည်အေး သစ္စာဆို တိုင်တည်၍အပြီးတွင် မိမိအနား၌ ဘုရားဝတ် ပြုနေသော အသက်သုံးဆယ်ကျော်ခန့်ရှိ မိန်းကလေးတစ်ဦးက ဒေါ်ကြည် အေးအား ပိတ်ဖြူစင်ကြယ်ဝတ်သည်ကို အံ့သြစွာမေးရာမှ ခင်မင် သွားကြပါသည်။
ထို့နောက် ဒေါ်ကြည်အေးအား မြင်းခြံသို့ လာရခြင်းကိစ္စကို မေးသောအခါ ဒေါ်ကြည်အေးက ပဲခူးရိုးမတွင် အဓိဋ္ဌာန်ကျင့်စဉ်ကျင့် ရာ ““ဝိဇ္ဇာရှင်ပျံ”နှင့် တွေ့ရှိပြီး မြင်းခြံမှာ အရူးကြီးဘဝနှင့် ကိုးတောင် ပြည့်စေတီတွေ တည်စဉ်က အသုံးပြုခဲ့သော သံခမောက်နှင့် ကြိမ်လုံးကို စေခိုင်း၍ လာယူရကြောင်း ရှင်းပြရာ အမျိုးသမီးငယ်က ပြုံးရွှင်အားရ သော မျက်နှာဖြင့် ဒေါ်ကြည်အေးအား မိမိအမည်မှာ အေးအေးမြင့် ဖြစ်ကြောင်း၊ ၄င်းမိဘများ လက်ထက်ကတည်းမှ ကိုးကွယ်ထားသော အဘခေါင်၏ သံခမောက်နှင့် တောင်ဝှေး မိမိအိမ်၌ရှိကြောင်း ပြောပြပြီး လျှင် ဒေါ်ကြည်အေးအား မိမိအိမ်သို့ခေါ်သွားပြီး အဘခေါင်၏ သံခမောက်နှင့် တောင်ဝှေးကို ပေးအပ်လိုက်ပါတော့သည်။ (ဤပစ္စည်းနှစ်ခုသည် ဒေါ်ကြည်အေးအိမ်၌ ကိုးကွယ်ထားပါ သည်။)
““မိစ္ဆာဓာတ်ကို ရှင်းခြင်း””
မိစ္ဆာဆိုသည်မှာ ရတနာသုံးပါးကို နားမလည်သော လူ့တိရစ္ဆာန် များကို ဆိုလိုပါသည်။ အဘခေါင်သည် သာသနာပြုရာတွင် ရှေးဦးစွာ မိစ္ဆာဓာတ်ကို ရှင်းရပါသည်။ မြန်မာပြည်သို့ ဂျပန်တို့ ဝင်ရောက်လာခြင်းမှာ သာသနာညှိုးမိန်ကွယ်ရာနိမိတ် ဖြစ်ပါသည်။ ဂျပန်ဆိုသည်မှာ ဂဏန်းအားဖြင့် ၂ + ၅ ဖြစ်ပါသည်ဓာတ်အားဖြင့် ကောက်သော် ၂ + ၅ သည် “ဂ တ္တေ”မြေဓာတ် ဖြစ်ပါသည်။ ဂဗ္ဘသည် အလွန် ခိုင်မြဲသော သဘောရှိ၍ ဝိဇ္ဇာတို့အတတ်ဖြင့် ထိုဂမ္ဘီ(၂+၅)ဓာတ်ကို ကက်ကင်းပြောင်းပြန်လှန်မှ ပျက်စီးရပေမည်။
ပထမကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ဒုတိယကမ္ဘာစစ်ပွဲစချိန်တွင် မြန်မာပြည်သို့ ဂျပန်များ ဝင်ရောက်လာပါသည်။ ဂျပန်သည် ဂမ္ဘေ မြေဓာတ် မိစ္ဆာဓာတ် ဖြစ်၏။ ထိုမိစ္ဆာဓာတ်ကိုတွန်းလှန်ပစ်ရန် ဝိဇ္ဇာ အစည်းအဝေးပွဲ ပြုလုပ်ရာ “မင်းခေါင်”ကို ရွေးချယ်၍ တာဝန်ပေးအပ် ပါသည်။ မင်းခေါင်(၅+၂)သည် ဂျပန်(၂+၅)၏ ပြောင်းပြန်ကက်ကင်း ဓာတ်ဖြစ်၏။ ဂျပန်များပြေးရန် အဘ ဦးစွာဓာတ်ဆင်သည်မှာ မြင်းခြံ (၅+၂)သို့သွား၍ မင်းခေါင်(၅+၂)သည် ပုဂံ(၅+၂)များကို နက္ခတ်အချိန် အခါနှင့်ကိုက်၍ ရိုက်ခွဲဖျက်ဆီးပါတော့သည်။ ဂျပန်(၂+၅)ဆိုသည့် မိစ္ဆာဓာတ်ကို မင်းခေါင်၊ မြင်းခြံ၊ ပုဂံ ဟူသော ကက်ကင်း(၃)ခါဆင့်၍ ဖျက်ဆီးခြင်းဖြစ်သည်။
ထိုသို့ပြုသည်မှစ၍ မြန်မာပြည်မှ ဂျပန်တို့ ဖရိုဖရဲဖြစ်လာကာ တဖြည်းဖြည်း ဆုတ်ခွာသွားကြလေတော့သည်။ ထိုသို့ ဝိဇ္ဇာနည်းဖြင့် ဓာတ်ရိုက်ဓာတ်ဆင် ပြုခြင်းကို သာမန်လူတို့ နားမလည်နိုင်ကြပေ။ ထိုသို့ သာသနာရန်ဖြစ်သော မိစ္ဆာဓာတ်ကို ရှင်းပြီးတော့မှ အဘခေါင် သည် ဆက်လက်၍ သာသနာပြုရန် ““ပုပ္ပား”တောင်မြတ်သို့ ကြွမြန်း တော်မူခဲ့လေသည်။
““ပုပ္ပားမင်းခေါင် ပေါ်လာခြင်း"
အဘခေါင် ပုပ္ပားတောင်ကလပ်သို့ ရောက်ရှိစဉ်က မည်သူမျှ ဝိဇ္ဇာဟု မသိကြပါ။ ထုံးစံအတိုင်း တိုက်ပုံအနွမ်း၊ ပုဆိုးညစ်ပေပေ၊ဆံကေသာ ဗလဖွာနှင့် ဖြစ်ပါသည်။ သို့သော် အဘ၏ သင်္ကေတမှာ လူတကာနှင့်မတူဘဲ ဘယ်ဒူးပေါ် ညာတင်ပါးလွှဲချိတ်ပြီး ထိုင်လေ့ရှိပါ သည်။
ပုပ္ပားသို့ စပြီးရောက်ရှိစဉ်က နဘား၊ မြင်းခြံတို့တွင် နေခဲ့စဉ် ကကဲ့သို့ အမျိုးမျိုး ဝေဖန်ကြပါသည်။ သို့သော် အဘကို ဆည်းကပ် ယုံကြည်သူများလည်း အနည်းငယ် ရှိကြပါသည်။
အဘသည် မိမိဝိဇ္ဇာဖြစ်သည်ဟု ထုတ်ဖော်လို၍မဟုတ်၊မိမိအား ပြစ်မှားကြသူတို့ ကံထိုက်မည်ကိုစိုးသောကြောင့် ဝိဇ္ဇာမဟိဒ္ဓိတန်ခိုးကို ပြသရပါလေတော့သည်။ ထိုအချိန်က ဂျပန်တို့ မြန်မာပြည်မှ အပြေးအလွှား ဆုတ်ခွာနေရသောကာလ ဖြစ်ပါသည်။ မြန်မာပြည်အနှံ့ အပြားတွင်လည်- ဗုံးသံ၊ သေနတ်သံ၊ လေယာဉ်ပျံစက်သေနတ်သံတွေ မပြတ်ကြားနေရသော စစ်အတွင်းကာလကြီး ဖြစ်ပါသည်။
အဘခေါင်သည် မိမိဝိဇ္ဇာဖြစ်၍ ဓာတ်ပိုင် ဓာတ်နိုင်ကြောင်းကို ပုပ္ပား၌ အထင်အရှား ပြသခဲ့ပါသည်။ ထိုအချိန်က အဘကို ယုံကြည်သူ၊ လေ့လာသူများပါ အဘခေါင်၏အနီးတွင် ရှိနေတတ်ကြပါသည်။ တစ်နေ့ တွင် အဘက သူတို့၏စိတ်ကို စမ်းလို၍ ရုတ်တရက် မိမိအနားရှိ ရွာ သားများကို ပြောကြားသည်မှာ “အဘ ဝက်သားစားချင်လို့ ဝက်သား တစ်ပွဲလောက် ဝယ်ပေးကြစမ်းပါကွာ” ဟု ပြောလိုက်သည့်ခဏ၌ ရွာ သားများမှာ လွန်စွာထိတ်လန့်သွားကြပြီးလျှင် အချို့မှာ အဘအနားမှ ခွာ၍ ပြေးကြကုန်၏။ အဘယ်ကြောင့်ဆိုသော် ပုပ္ပားတောင်ပိုင်မယ်တော် မှာ “မယ်ဝဏ္ဏ””ဖြစ်ခြင်းကြောင့် ““ဝက်”ဟူ၍ပင် နှုတ်ကမပြောရဲ ကြပေ။ ပုပ္ပားမှာ မယ်ဝဏ္ဏနှင့် သားတော်နှစ်ပါးဖြစ်သော ရွှေဖျင်းညီ နောင်တို့နယ်မြေဖြစ်၍ ဝက်နှင့်ပတ်သက်လျှင် ဒုက္ခတစ်စုံတစ်ရာဖြစ် တတ်သည်ဟု အယူရှိကြပါသည်။
အဘခေါင်က ရွာ၏ဓလေ့စွဲကို သိနှင့်ပြီးဖြစ်၍ ဆက်လက်ပြော ကြားသည်မှာ “ဟေ့……. ဝက်သားတစ်ပွဲသာ ဝယ်ပေးစမ်းပါကွာ၊အပြစ်ဖြစ်ရင် ငါခံမယ်”ဟု ဆိုလိုက်ရာ ကြောက်ရွံ့၍ တုပ်တုပ်မျှ မလှုပ်ကြသည့်ရွာသားများကြားမှ အဘကို အလွန်ယုံကြည်အားထား သော ရွာသားတစ်ဦးက “အဘ ဒီလောက် ဝက်သားစားချင်နေရင် ကျွန်တော်ကိုယ်တိုင် တောင်အောက်ကိုဆင်းပြီး ဝယ်ပေးမယ်”ဟု ပြော ရာ အဘလည်း ထိုရွာသားကို စေ့စေ့ကြည့်လိုက်ပြီး “အေးကွာ“ မင်း ဝက်သားဝယ်ရင် ခေါင်းနဲ့နားရွက်ပါအောင် ဝယ်လာနော်”ဟု ထပ်ဆင့်၍ သတိပေး မှာကြားလိုက်ပါသည်။
ထိုသို့ အဘခေါင်နှင့် ဝက်သားဝယ်မည့်ရွာသားတို့ ပြောဆိုနေ ကြသောစကားကိုကြားသော ရွာသားတို့မှာ ကြောက်ရွံ့နေကြပါသည်။
“အဘခေါင် သိဒ္ဓိစ္စမ်းပြခြင်း”
ပုပ္ပားတောင်ပေါ်တွင် ရွာသားတို့ တထိတ်ထိတ်နှင့် ဝက်သား ဝယ်လာရင် ဘာတွေဖြစ်ကြမလဲဟု ဝက်သားသွားဝယ်သူကို မျှော်နေ ကြပါသည်။ ဝက်သားကို တောင်အောက်သို့ သွားဝယ်သောရွာသား သည် နှစ်နာရီခန့်ကြာသော် တောင်ပေါ်သို့ ဝက်ခေါင်းတွဲကြီးကိုဆွဲပြီး ရောက်ရှိလာပါသည်။ အဘရှိရာသို့ ဝမ်းသာအားရ တန်းတန်းမတ်မတ် သွားပြီး “အဘရေ.. အဘမှာလိုက်တဲ့အတိုင်း ဝက်ခေါင်းသားနဲ့ နားရွက်ပါ ရလာလို့ ကျွန်တော် ဝယ်လာခဲ့တယ်”ဟု ပြောပြောဆိုဆို အဘကို ဝက်သားတွဲကြီး လှမ်းပေးလိုက်ပါသည်။
အဘခေါင်လည်း ဝက်သားတွဲကို ရွာသားထံမှ လှမ်းယူလိုက်ပြီး နောက် ဘာမပြော ညာမပြော ဝက်သားတွဲကိုဆွဲ၍ ထသွားပါတော့ သည်။ ရွာသားများလည်း ဝက်သားတွဲကြီးဆွဲပြီး ဘယ်ကိုသွားသလဲဟု သိလို၍ နောက်မှ တပြုံကြီးလိုက်၍ ကြည့်ကြရာ အဘသည် ဝက်သား တွဲကိုဆွဲ “မယ်ဝဏ္ဏ””နန်းရှိရာသို့ သွားနေပါတော့သည်။ “မယ်ဝဏ္ဏ နန်း”သို့ ရောက်သောအခါ မယ်ဝဏ္ဏရုပ်တုကို မော့ကြည့်လိုက်ပြီးလျှင် ဝက်သားတွဲကို မယ်ဝဏ္ဏရုပ်တု၏နားရွက်မှာ ချိတ်ဆွဲလိုက်ပါတော့သည်။ ရွာသားတို့လည်း ထိုဖြစ်ရပ်ကို မြင်လိုက်သောအခါ “ဟယ်””ဟုဆိုပြီး မျက်စိမျက်နှာ ပျက်ကုန်ကြပါသည်။
ဒီတော့မှ အဘခေါင်က အောင်မြင်သောအသံကြီးနှင့် အမိန့်ပေး သည်မှာ... “မယ်ဝဏ္ဏ... ငါ ဒီတောင်ပေါ်ကို ရောက်ရှိနေခိုက် အများသူငါ ဘေးကင်းရအောင် သင်စောင့်ရှောက်ရမယ်”ဟု အမိန့်ပေး တော်မူလိုက်ပါသည်။
ထိုသို့ အဘခေါင် အမိန့်ပေးပြီးနောက် တစ်လခန့်ကြာသည့်တိုင် အောင် တောင်ပေါ်၌လည်းကောင်း၊ တောင်အောက်ရွာ၌လည်းကောင်း ဘာမျှ ဒုက္ခရောက်သည်ဟု မကြားရပေ။ နတ်ဖမ်းစားသည်ဟုလည်း မကြားရပေ။ ပုပ္ပားနယ်တစ်ဝိုက်သည် သာယာငြိမ်းချမ်းနေ၍ ပုပ္ပားရွာ သူရွာသားတို့သည် အဘခေါင်အပေါ်၌ ပိုမိုလေးစား ချစ်ခင်ကြည်ညို လာကြကုန်၏။
ဤသို့ဖြင့် အဘ၏သတင်းသည် အနယ်နယ်သို့ ပျံ့နှံ့သွားခဲ့ပြီး လျှင် ပုပ္ပားသို့ အဘကို ဖူးမြော်ရန် အနယ်နယ်မှ လာရောက်ကြသော ကြောင့် ပုပ္ပားတောင်မြတ်မှာ စည်ကား၍လာပါတော့သည်။
ပုဂ္ဂိုလ်ထူးအဖြစ် ကြည်ညိုကြသူ အလွန်များလာခဲ့၍ “ပုပ္ပား ဘိုးမင်းခေါင်”ဟု ကျော်ကြားလာခဲ့ရပါသည်။
(ဤအကြောင်းကို အစ်မကြီးမခင်ဝင်း ပြောပြခဲ့သော အဘ ဘိုးမင်းခေါင်၏ ဖြစ်ရပ်မှန် ဖြစ်ပါသည်။)
“အဘဘိုးမင်းခေါင်၏ အတိတ်ဘဝက မိခင်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း၌ အဘဘိုးမင်းခေါင်သည် ပုပ္ပား၌ နေထိုင်လျက် ရှိပါသည်။ ထို့အတူ အဘ၏သတင်းသည်လည်း အနယ် နယ် အရပ်ရပ်သို့ ပျံ့လွင့်လျက် ရှိပါသည်။ အဘကို တစ်စတစ်စနှင့် လူသိများလာခဲ့ရာ အနယ်နယ် အရပ်ရပ်မှ အဘဘိုးမင်းခေါင်ကို လာ ရောက်ဦးခိုက်နေသောကာလ ဖြစ်ပါသည်။ အဘလည်း ကြုံကြိုက်လျှင် ကြုံကြိုက်သလို မဟိဒ္ဓိတန်ခိုးများကို ပြလေ့ရှိပါသည်။
ထိုသို့ ပုပ္ပားတောင်၌ အခြေကျနေပြီဖြစ်သော အဘခေါင်အား “ပုပ္ပားမင်းခေါင်”ဟု ခေါ်စမှတ်ပြုလာကြလေသည်။
အဘသည် တစ်ချိန်သောကာလက ကျောက်ပန်းတောင်းဂါတ်ဝင်း ထဲမှ ပုလိပ်မိန်းမများကို ထဘီဇောက်ထိုးဝတ်၍ တံမြက်စည်းကို ကိုယ် စီခွကာ မြင်းယိမ်းကစေခြင်း၊ စက်မရှိသည့် ကားစုတ်ကြီးအား ပါးစပ် နှင့်နှိုးကာ ပါးစပ်နှင့်ပြောပြီး မောင်းပြခြင်း၊ မိုးမျှော်ငရုတ်သီးကို မြိန် ယှက်စွာ စားပြခြင်း စသည့် မဟိဒ္ဓိအစွမ်းပြပုံအကြောင်းတို့ကို အဘနှင့် ပဋ္ဌာန်းဆက်ရှိသူတို့က ရေးသားပြီးခဲ့ကြပြီး ဖြစ်ပါသည်။
သို့သော် အဘဘိုးမင်းခေါင် ပုပ္ပားတောင်တွင် ရှိစဉ်က အဘ ကိုယ်တိုင် ထုတ်ဖော်ပြောဆိုဖူးသော အဘဘိုးမင်းခေါင်၏ ဘဝဟောင်း ကမိခင်ဖြစ်သူ “အစ်မကြီးမခင်ဝင်း”၏ ဖြစ်ရပ်မှန်ကို ချန်လှပ်ထား ခဲ့လျှင် သင့်မည်မထင်သောကြောင့် အများမှတ်သားသိရှိခွင့်ရစေရန် အဘဘနှင့် ပုပ္ပားသမိုင်းတွင် တစ်ကဏ္ဍအနေဖြင့် ဖြည့်စွက်ကာ ထည့်သွင်း ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။
မခင်ဝင်းသည် အဘ ပုပ္ပားတောင်၌ရှိစဉ်က သမိုင်းကြောင်းတွင် ပါဝင်ခဲ့၍ ရေးသားရခြင်း ဖြစ်ပါသည်။ ဤဖြစ်ရပ်မှန်ကား ယခုခေတ် ဓာတ်စီး၍ပြောခြင်း၊ အိပ်မက်ပေး၍ သိရခြင်းမျိုး မဟုတ်ပါ။ ဘုရား ရှင် မိန့်တော်မူခဲ့သည့် စကားအရ “အနမတဂ္ဂသံသာရေ၊ ဇာယာဝါ၊ ပတိဝါပုဗ္ဗမိတရောဝါ၊ အဘူတပုဗ္ဗောနာမနတ္ထိ””လို့ဆိုပါတယ်။ အဓိပ္ပာယ် မှာ အလွန်ရှည်လျားသော သံသရာ၌ မယားသည်လည်းကောင်း၊ လင် သည်လည်းကောင်း၊ သားသမီးသည်လည်းကောင်း၊ မဖြစ်ဖူးခဲ့ကြဟူ၍ မရှိချေဟူ၍ ဖြစ်၏။
ထို့ကြောင့် အဘဘိုးမင်းခေါင် ပုပ္ပားတောင်ကလပ်၌ ရှိစဉ်က စစ်ဒဏ်ကိုကြောက်၍ အမေကြည်တို့မိသားစု အဘတောင်ကလပ်၌ လာရောက်ခိုလှုံခဲ့ကြပါသည်။ ဒေါ်ကြည်တို့မိသားစုသည် သူတို့ကိုးကွယ် အားထားကြည့် အဘရှိရာတောင်သို့ ရောက်လာပြီးနောက် အဘကို ဝတ်ကြီးဝတ်ငယ် ပြုစုရင်း ပုပ္ပားတောင်၌ နေထိုင်ခဲ့ကြပါသည်။
“ထူးခြားသော အဘထမင်းဝိုင်း”
ပုပ္ပားကျေးရွာများမှလည်းကောင်း၊ အနယ်နယ်မှ ရောက်ရှိလာ သော တပည့်များကလည်းကောင်း အဘကို ဆက်ကပ်ရန် ထမင်းနှင့် ဟင်းလျာမျိုးစုံတို့သည် အဘသုံးဆောင်မည့် ထမင်းဝိုင်း၌ နေ့စဉ်နှင့် အမျှ အပြည့်ပင်ဖြစ်၏။ ဟင်းခွက်တွေကလည်း စုံလင်လှပါသည်။ ထူးခြားချက်မှာကား အဘ ထမင်းသုံးဆောင်ကာနီးတိုင်း မိမိရှေ့မှာရှိ သော ဟင်းခွက်များကို သေချာစွာကြည့်ရှုလေ့ရှိ၏။ မိမိရှေးဦးစွာ အလို ရှိသော ဟင်းခွက်ပါမလာပါက အဘ ထမင်းမသုံးဆောင်သေးချေ။ ထိုအခါ အဘအနားရှိ သဘောပေါက်နားလည်သူတစ်ဦးဦးက “ဪ... မခင်ဝင်းရဲ့ ဟင်းခွက်ကျန်နေသေးတာပဲ၊ မြန်မြန်လာပို့လို့ ပြောလိုက်ပါ ဦး”ဟု ပြောပါသည်။
ထိုအခါ မခင်ဝင်းသည် ဆင်းရဲချို့တဲ့သည်ဖြစ်၍ အဘအတွက် အသားဟင်းလျာကို မပို့နိုင်ပါ။ မိမိရရာ ဘူးညွန့်၊ ခဝဲညွန့်၊ ကန်စွန်း ညွန့်ကို ကပျာကရာခူးပြီး ရေဆေးကာ ပန်းကန်နှင့်ထည့်၍ အဘထမင်းပွဲ ရှိရာသို့ လာရောက်ကပ်တော့မှ အဘခေါင်သည် မိခင်ပို့လာသည့် ဟင်း ခွက်ကို အရင်ဦးစွာစ၍ နှိုက်ပြီးတော့မှ အခြားဟင်းခွက်များကိုနှိုက်၍ ဆွမ်းစားလေ့ရှိပါသည်။
အဘက ဤသို့ပြုခြင်းမှာ မိခင်အား ကျေးဇူးဆပ်သောအားဖြင့် ကုသိုလ်ရရန် ဦးစွာနှိုက်ယူသုံးဆောင်ခြင်း ဖြစ်သည်ဟု တပည့်တို့အား ရှင်းပြခဲ့ပါသည်။
ဘုရားရှင်သာမက ဝိဇ္ဇာလည်း မိဘ၏ကျေးဇူးကို မလွန်ဆန်နိုင် ကြောင်း အလွန်မှတ်သားဖွယ်ရာ သာဓကတစ်ခု ဖြစ်ပါသည်
ထိုစဉ်က အစ်မကြီးမခင်ဝင်းသည် (၁၂)နှစ်အရွယ်သာ ရှိပါသေး သည်။ အဘက “ငါ့အမေကျေးဇူးကို ဆပ်ချင်လို့ သူ့ဟင်းကို ဦးစွာ စားခြင်းဖြစ်တယ်”လို့ မကြာခဏ ပြောလေ့ရှိပါသည်။ အဘခေါင် နောက်တစ်ချက် ပြောလေ့ရှိသည့်စကားမှာ..”အမေ့ကို တစ်ချိန်ကျရင် ကျေးဇူးဆပ်ရမယ်”ဟူ၍ ဖြစ်၏။
အဘခေါင် ပုပ္ပားတွင် ရှိစဉ်ကာလက အဘကို တိုက်ဖက်သောရိုက် လည်းကောင်း၊ လူကြုံဖြင့်သော်လည်းကောင်းလှူဒါန်းကြသောငွေမှာ မနည်းလှပေ။ တစ်ခါတစ်ရံ အလှူငွေတွေကို စစ်ဆေးနေကြရင်းမှ ငွေစက္ကူတစ်ခုကို ဆွဲထုတ်လိုက်ပြီး... “ဒီငွေဟာ မည်သူလှူလိုက်တာ ဖြစ်တယ်”ဟု အတိအကျ ပြောပြလေ့ရှိ၏။
" ဌာနီပြန်ချိန်နီးလို့ လှေကြီးကို ပြင်"
ထိုအချိန်က အဘသတင်းကိုကြားသိ၍ နယ်လေးရပ်မှ တဖွဲဖွဲ ရောက်ရှိလာကြကာ လှူဒါန်းကြသည်မှာ အားရစရာပင် ဖြစ်၏။ ဝိဇ္ဇာ တို့၏သဘောကို သိနိုင်ရန် ခက်ခဲ၏။ မိမိထံ လာရောက်ခိုလှုံနေသော မိခင်ဆိုသူအား အချိန်မကျသေး၍ ဘာတစ်ခုမှ အကူအညီမပေးခဲ့ပေ။
အဘခေါင်သည် နောင်ကာလ၌ဖြစ်မည့်အကြောင်းကို ကြိုတင်သိ ရှိနေသည့်အလား တစ်ခါတစ်ရံ အားလပ်သောအချိန်၌ “မခင်ဝင်း”ကို ခေါ်ပြီးလျှင် မောင်ငယ်ဖြစ်သူ “မောင်တင်ရ”ကို ပါးစပ်ဆိုင်းတီးစေ ကာ မခင်ဝင်းကို ကခိုင်းပါသည်။ မခင်ဝင်း၏ အစ်ကိုဖြစ်သူ ကိုစိန်ဝင်း နှင့် ညီမ မမြသန်းတို့ကလည်း အဘစည်းဝါးတိုင်ပေးသလို ဆိုကြ ကကြရပါသည်။ ကိုစိန်ဝင်းနှင့် မောင်တင်ရတို့က ဒူးခေါင်းတွင် ပတ်စာ ထည့်၍ ဒူးကိုပုတ်ကာ ပါးစပ်ဆိုင်းတီးကြရပါသည်။
အဘသည် အနာဂတ်တွင် ဖြစ်ပေါ်လာမည့်အကြောင်းကို ကြိုတင် ၍ ဓာတ်ဆင်ပေးခြင်း ဖြစ်ပါသည်။ ပါးစပ်ဆိုင်းကလည်း မနားတမ်းတီးသလိုမခင်ဝင်းကလည်း မနားတမ်း ကရသည်မှာ မကြာခဏ ဆိုသလို ဖြစ်ပါသည်။ ထိုအခါများတွင် အဘခေါင်က ဘေးကထိုင် ကြည့်ပြီး သဘောကျလျက်... “က က… နောင်ကို သမီး ဒီလိုပဲ ကရလိမ့်မယ်”ဟု ဆိုပြီးလျှင် အဘခေါင်သည် တဟားဟားနှင့် သဘောကျစွာ ရယ်မောလေ့ရှိပါသည်။ ထူးခြားချက်တစ်ခုမှာ အဘက ဆိုခိုင်း ကခိုင်း တီးခိုင်း၍ ဓာတ်ဆင်ပေးနေသည့်အခါ အဘက“ရပ်” လို့ မပြောမချင်း မရပ်ရပါ။
ပုပ္ပားတောင်ပေါ်၌ မခင်ဝင်းတို့မောင်နှမတစ်စုကို ဓာတ်ဆင်ပေး နေသည်မှာ ကြည့်ရှုနေကြသူတို့အဖို့ ဇာတ်ဝိုင်းလည်းမဟုတ်၊ အရပ်ဝိုင်း လည်းမဟုတ်၊ ပါးစပ်ဆိုင်းနှင့် ကနေခြင်းကြောင့် ရယ်စရာဟု ထင်မှတ် ကြပေလိမ့်မည်။ သို့သော် အဘခေါင်ကတော့ သူ့အကြောင်းရှိလို့ သူ့ အနာဂတ်ကို ဆောင်ခြင်းကြောင့် ဘယ်သူက ဘာထင်ထင် မခင်ဝင်းတို့ ကို ခိုင်းမြဲခိုင်းနေပါတော့သည်။
ထိုသို့ နေထိုင်ခဲ့ကြစဉ် အတွင်း၌ပင် ဒုတိယကမ္ဘာစစ်ကြီးလည်း ပြီးဆုံးသွားခဲ့လေ၏ စစ်အတွင်းကာလ ဒုက္ခသည်အပေါင်းတို့သည် မိမိတို့၏နေရင်းဒေသများသို့ တဖွဲဖွဲဆိုသလို ပြန်ကြသောကာလ ဖြစ်ပါ သည်။ မိခင်ကြီး ဒေါ်ကြည်နှင့် မခင်ဝင်းတို့ မိသားစုတို့မှာလည်း အများသူငါကဲ့သို့ ပြန်ကြလိုသဖြင့် တစ်နေ့တွင့် အဘခေါင်အပါးသို့ ချဉ်းကပ်၍ ကန်တော့ပြီးလျှင် ““အဘ…. သမီးတို့မိသားစု ရန်ကုန် ပြန်ခွင့်ပြုပါ အဘရယ်”ဟု ဝမ်းနည်းစွာဖြင့် လျှောက်ထားလေ၏။ တစ်ချိန်က ကျွန်ုပ်အား အစ်မကြီးမခင်ဝင်းက ပြောပြသည်မှာ “ငါ့ မောင်ရယ် ... အဘက ဒို့မိသားစုကို ပြန်စရိတ်ကလေးများ ထောက်ပံ့ မလားလို့ မျှော်လင့်အားထားပြီး အဘကို အမေက လျှောက်တာပါ ကွယ်”ဟု ပြောပြရှာသည်။
မိသားစုအားလုံး အဘကို ဦးချကန်တော့ပြီးသော်လည်း အာက ဘာစကားကိုမျှ မဆို၊ ဣနြေ္ဒရစွာဖြင့် စိုက်ကြည့်ပြီးနောက် ရှေးကသုံးလေ့ရှိသော “ရွက်လှေတံဆိပ်” မီးခြစ်ဘူးကလေးကို ဒေါ်ကြည်တို့မိသားစုအလယ်သို့ ပစ်ချပေးလိုက်ပါသည်။ ဒေါ်ကြည်က အဘပေးလိုက်သော အတိတ်ကိုကောက်၍...“ဪ... အဘက ဒို့ကို ရေကြောင်း ခရီးက လှေနဲ့သွားရမယ်လို့ ဆိုခြင်းဖြစ်တယ်” ဟု အတိတ်ကောက်ယူ ပါသည်။ထို့နောက် မိသားစုတို့သည် သစ်ပင်ကြီးတစ်ပင်ကို ခုတ်လှဲ ကြပြီးလျှင် မိမိတို့ကိုယ်တိုင် လှေဖြစ်အောင် ထွင်းကြရပါသည်။ လှေ ကြီးပြီးစီးသွားသောအခါ လှေနှင့် ရိက္ခာပြီးစီးသွားသောအခါ မိသားစု တို့ အဘကို သွားရောက်ကန်တော့ကြပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း စုံဆင်းပါလေတော့သည်။
လှေ၏ဝမ်းထဲ၌ကား စားနပ်ရိက္ခာဆိုလို့ မယ်မယ်ရရ မပါပါ။ ဆန်အနည်းငယ်၊ ထမင်းခြောက်နှင့် ငါးခြောက်၊ သောက်ရေအိုးမျှသာ ဖြစ်ပါသည်။ မိမိတို့လှေထဲ၌ပါလာသော ရိက္ခာကို လောက်ငအောင် ချွေတာစားသုံးကြရင်း ဧရာဝတီမြစ်အတိုင်း တဖြည်းဖြည်း စုန်ဆင်းလာ ခဲ့ရာတွင် ၄င်းတို့မိသားစုသည် လှေပေါ်၌ ဘုရားဂုဏ်တော်များကို ရွတ်ပွားခြင်းမေတ္တာပို့ခြင်းတို့ကို ပြုလုပ်ကြပါသည်။ တရွေ့ရွေ့နှင့် လှေကြီးသည် ရန်ကုန်မြစ်ထဲသို့ ရောက်လာပြီး ပုဇွန်တောင်ချောင်းကမ်း စပ်တစ်နေရာ၌ ဆိုက်ကပ်သွားပါတော့သည်။
ပုပ္ပားမှာနေစဉ်ကာလက အဘခေါင် မကြာခဏဆိုသလို ပေးခဲ့ သော မနောဓာတ်သည် အစ်မကြီးမခင်ဝင်း၌ ထူးဆန်းစွာ ကိန်းအောင်း ဖြစ်ပေါ်လာပါတော့သည်။
ထိုစဉ်က အစ်မကြီးမခင်ဝင်းနှင့်အတူ ညီမငယ်ဖြစ်သူ မမြသန်း (ဗိုလ်မှူးကြီး...ဇနီး)တို့ပါ ညီအစ်မနှစ်ယောက် အဘပေးသော မနော ဓာတ်အကြားအမြင်ဖြင့် (၇)၇က်သားသမီးတို့ကိုဟောပြောရင်း သာသနာ ပြုကိစ္စများကို စတင်ဆောင်ရွက်ခဲ့ကြပါသည်။
အစ်မကြီးတို့ အကြားအမြင်ဓာတ်ရ၍ ဓာတ်စီးခြင်းမှာ အလွန် ဆန်းကြယ်၍ ဗဟုသုတဖြစ်စေရန် ဖော်ပြလိုက်ပါသည်။ အစ်မတို့သည်
သာသနာပြုပါမည်ဟု အဘခေါင်ကို ဦးထိပ်ထားကာ သစ္စာဆိုပြီး (၇) ရက်သားသမီးတို့ကို နှုတ်စီးပြီး ဗေဒင်ဟောပါသည်။ ထူးခြားချက်မှာကား ကုလား၊ တရုတ်၊ ရှမ်း၊ အင်္ဂလိပ် စသော လူမျိုးပေါင်းစုံတို့ကို ဟောရာတွင် မေးလာသူ၏ ဘာသာစကားအတိုင်း ဟောနိုင်ခြင်းပင် ဖြစ်သည်။ ကုလားဖြစ်စေ၊ အင်္ဂလိပ်ဖြစ်စေ သူ့ဘာသာစကားကို ပီပီ သသ ဟောနိုင်ခြင်းပင် ဖြစ်၏။ သာသနာပြုလမ်းစဉ်၌ ဤလိုပုဂ္ဂိုလ် မျိုး အလွန်မှ ရှားပါးပါသည်။
ထို့ကြောင့် အဘခေါင် တစ်ချိန်တုန်းက ပြောကြားခဲ့သည်မှာ “အမေ့ကို တစ်ချိန်ကျ ကျေးဇူးဆပ်မယ်” ဟု ဆိုခဲ့သော ကတိစကား သည် အကောင်အထည် ပေါ်လာရခြင်း ဖြစ်ပေသည်။ ထိုအချိန်မှစ၍ ဝိဇ္ဇာက လမ်းစပြကာ မ,စ,လာသောကြောင့် အစ်မကြီးတို့မိသားစုမှာ တစ်နေ့တခြား လူမှုရေးတွေစီးပွားရေးတွေ ထူးခြားစွာတိုးတက်ပြောင်း လဲလာပါတော့သည်။
“အရှင်မွေးရင် နေ့ချင်းကြီး”ဆိုသလို မမျှော်လင့်ဘဲ“ဘားလမ်း” တိုက်ခန်းအမှတ်(၂၈၈)သို့ ပြောင်းရွှေ့နေထိုင်လာခဲ့နိုင်ပြီး အဘခေါင် ညွန်ကြားချမှတ်သည့်အတိုင်း သာသနာပြုလုပ်ငန်းများကို နေ့မနား ည မနား ဆောင်ရွက်ခဲ့ကြပါသည်။
“အဘခေါင်၏ သာသနာပြုဓတ်နန်း ""
အဘဘိုးမင်းခေါင် သာသနာပြုခဲ့သော ဓာတ်နန်းကြီးတည်ရှိခဲ့ ရာမှာ ရန်ကုန်မြို့၊ ဘားလမ်း၊ တိုက်ခန်းအမှတ်(၂၈၈)(၂၉၂)ဖြစ်ပါသည်။ အမေကြည်နှင့် အစ်မကြီးမခင်ဝင်းတို့ မိသားစုမှာ အဘနှင့် သေသည့် တိုင်အောင်မခွဲ၊ ဘဝအထိုထိုတိုင်အောင် အဘခေါင်၏ပါရမီကိုဖြည့် မည်ဟု သစ္စာအဓိဋ္ဌာန်ပြုထားကြသူများ ဖြစ်ကြပါသည်။ ထို့ကြောင့် အစ်မကြီးမခင်ဝင်းအား အဘခေါင် အမိန့်ချမှတ်သည့်အတိုင်း သာသနာပြုဓာတ်နန်း၌ တစ်ပတ်လျှင် ပွဲပေါင်း(၄၀)ခန့်ပေး၍ ကမ္ဘာအရပ်ရပ်ရှိ ဝိဇ္ဇာအပေါင်း၊ နတ်မြတ် နတ်ကောင်း နတ်ဒေဝါ အပေါင်းတို့နှင့်တကွ၊ ၉၉၉၉၉၉ ကုန်းသိုက် ရေသိုက်၊ အတွင်း(၃၇) မင်း၊ အပြင်(၃၇)မင်း နတ်များကိုပါမကျန် ပင့်ဖိတ်ခြင်း၊ ဗာလိနတ်စာ ကျွေးခြင်းနှင့်တကွ ကမ္ဘာ့ကြိုးကိုင် အဘဘိုးဘိုးအောင်နှင့် အဘဘိုးမင်း ခေါင်တို့ နှစ်ပါးက ဦးစီးလျက် စနေ၊ တနင်္ဂနွေနေ့တိုင်း နှစ်ပေါင်း(၃၀) ကျော် မပျက်မကွက် ဆောင်ရွက်ခဲ့သည်မှာ အံ့သြချီးကျူးဖွယ်ရာ ဖြစ် ပါသည်။
ထိုတစ်ချိန်သောကာလက အပတ်စဉ်ဆိုသလို အဘခေါင်သည် ဗုဒ္ဓဟူးနေ့မှာ တရားဟောပါသည်။ စနေနှင့် တနင်္ဂနွေနေ့များတွင် “အောင်နှင့်ခေါင်” တစ်လှည့်စီ ကမ္ဘာဓာတ်ပန္နက်ချကာ သရုပ်ဖော် ကပြကြပါသည်။ ကျွန်ုပ်မှတ်မိသရွေ့ ပြောရလျှင် အပတ်စဉ်ကန်တော့ပွဲ (၄၀)နှင့် ဧည့်ခံကျွေးမွေးကုန်ကျစရိတ်မှာ အလွန်တာဝန်ကြီးလှပါသည်။ ထိုစရိတ်အတွက် (၁၀)ပတ်အတွက် မကြာခဏ တာဝန်ယူခဲ့သူမှာ မြိတ်သူဌေးကြီး ဦးကြည်ဟိုနှင့် ဦးကြည်ဆိုင်တို့ ဖြစ်ကြပါသည်။
(ကျွန်ုပ်သည် အတူရင်းနှီးစွာ နေလာခဲ့သော အဘ၏မိခင်ဖြစ်သူ မခင်ဝင်းအား မကြာခဏဆိုသလို အဘခေါင်နှင့် ပတ်သက်သည့် အကြောင်းများကို လေ့လာဆည်းပူး မေးခဲ့ခြင်းကြောင့်၊ အစ်မကြီးမခင် ဝင်းအား ဂုဏ်ပြုသောအနေဖြင့် အစ်မကြီး၏အကြောင်းကို တစ်ကဏ္ဍ ထည့်သွင်းဖော်ပြရခြင်း ဖြစ်ပါသည်။)
ဆက်ပါဦးမည်။ အဘဘိုးမင်းခေါင်သည် ဒုတိယကမ္ဘာစစ်ကြီး ကာလက ““ပုပ္ပား”၌ တစ်ထီးတစ်နန်း အထင်အရှား နေလာခဲ့ရာမှ စစ်ပြီးကာလသို့ရောက်သော် အဘခေါင် ပုပ္ပားတောင်ကလပ်မှ ပျောက် ကွယ်သွားပြီးနောက် မည်သည့်နေရာ၊ မည်သည့်ဒေသတွင် သာသနာပြု နေပါသနည်းဟု အဘဘိုးမင်းခေါင်အား တပည့်အများက သတင်း စကားရရှိရန် စုံစမ်းမေးမြန်းမှုများ ပြုခဲ့ကြပါတော့သည်။
"အဘခေါင် ပုပ္ပါးမှပျောက်ပြီး
ဘယ်ရောက်သွားသလဲ”
အဘဘိုးမင်ခေါင်သည် “ပြည်တော်ဝင်””လာသော ကာလ၌ သာသနာ့ကိစ္စများကို အားသွန်ခွန်စိုက် မနေမနား ဆောင်ရွက်လာခဲ့သည် မှာ နှစ်ပေါင်းအတန်ကြာခဲ့လေပြီ။ အဘခေါင်သည် ဒုတိယကမ္ဘာစစ် ကြီးကာလက ပုပ္ပားတောင်ကလပ်တွင် ရှိခဲ့သော်လည်း စစ်ကြီးပြီးဆုံး သွားသောအခါ “အဘခေါင် ဘယ်ကိုရောက်သွားသလဲ” ဆိုသည့်အကြောင်းကို သိလိုကြလိမ့်မည်ဟု ထင်ပါသည်။
ဤသို့ အဘခေါင်၏ ပျောက်သွားသော ကွင်းဆက်ကိုလည်းကျွန်ုပ် ကိုယ်တိုင်ပင် စိတ်ဝင်စားစရာတစ်ခု ဖြစ်နေပါသည်။ သာမန် လူတွေက အဘ၏လုပ်ရပ်တွေကို မျက်ခြည်ပြတ်သွားကြသော်လည်း အဘခေါင်ကမူ သာသနာ့ကိစ္စများကို ဆောင်ရွက်ရာ၌ မျက်ခြည်ပြတ် သွားခြင်း မရှိချေ။
အဘဘိုးမင်းခေါင်သည် ပုပ္ပားတောင်ကလပ်၌ အောင်ဓာတ်စခန်း တွေကို ဆောင်ရွက်ပြီးနောက် နောင်အနာဂတ်ဓာတ်သစ်ကို ဖော်ထုတ်ရန် ရှေးဦးစွာ ရန်အပေါင်း ကုန်ဆုံးသော အတိတ်ဆောင်သောအားဖြင့် “ရန်ကုန်”သို့ ပုပ္ပားမှ ရောက်ရှိလာခဲ့ပါသည်။
ထိုအချိန်ကအဘဘိုးမင်းခေါင်သည် ရန်ကုန်မြို့ရှိ “ဝင်ဒါမီယာ”ထဲသို့ ရောက်ရှိလာပါတော့သည်။ အဘခေါင်သည် ဝင်ဒါမီယာထဲ၌ ““ဦးဖိုးဝက်ကြီး”ပိုင်သော ခြံမြေထဲတွင်ရှိသော သရက်ပင်ကြီးအောက် ၌ နေပါသည်။ တရုတ်လူမျိုးဖြစ်သော ဦးဖိုးဝက်ကြီးသည် အတိတ်ဘဝ က အဘခေါင်နှင့် ပဋ္ဌာန်းဆက်ရှိခဲ့၍လားမသိ၊ အဘကို မြင်မြင်ချင်း ကြည်ညိုလေးစားကာ ယခုထင်ရှားရှိသော “ဓာတ်ပေါင်းစုံဘုရား အတွက် ဝတ္တကမြေကို ပေးလှူခဲ့ပါသည်။ ထိုစဉ်က အဘခေါင်ဆိုခဲ့ သော တဘောင်မှာ...
“မကြားမရှိကြစေဖို့၊ ဗောဓိကုန်းမှာတဲ့ ဘုရားတည်၊ မြန်မာပြည်ကပ်သုံးလီ အဖုံဖုံဝေးအောင်ပ၊
ဓာတ်ပေါင်းစုံဘုရားကို
ဖူးတွေ့ကြမည်”
ဖြစ်၍ ထိုတဘောင်အရ ဗောဓိကုန်းတွင် ဓာတ်ပေါင်းစုံဘုရားကိုတည်ခြင်းဖြစ်ပါသည်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ဝင်ဒါမီယာထဲသို့ ဝင်ရ သောမြင်ကွင်းကို ပြောပြလိုပါသည်။ ထိုစဉ်က “ဝင်ဒါမီယာ”ထဲသို့ ဝင်ရာတွင် ကြခတ်ဝါးရုံတွေ တစ်ဖက်တစ်ချက်ယှက်ပြီး အုပ်နေသော ကြောင့် မြင်းလှည်းနှင့် ဝင်သည့်အခါ မြင်းလှည်းခေါင်မိုးနှင့် ထိနေသော ကြခတ်ဝါးများကိုတိုး၍ မြင်းလှည်းမောင်းရပါသည်။ မြင်းလှည်းနှင့် ဆိုက်ကားသာကျပ်ကျပ်တည်းတည်း ဝင်ထွက်၍ ရပါသည်။
ထိုစဉ်က ဓာတ်ပေါင်းစုံဘုရားကြီး စပြီးတည်ကာစက ယခုကဲ့သို့ တိုက်တာအဆောက်အအုံ များစွာမရှိသေးပေ။ ပတ်ဝန်းကျင်၌ တောင် လျှိုမြောင်များသာ ရှိပါသည်။ အဘခေါင် နောက်ဆုံးတာဝန် တစ်ရပ်အနေဖြင့် ““ဓာတ်ပေါင်းစုံဘုရား”ကို တည်သောအခါ၌ ကမ္ဘာ့ သာသနာပြုဆရာတော်ဘုရား ““ဦးသီလဝန္တ”သည် အဘခေါင်နှင့်အတူ တကွ သာသနာရေးကိစ္စများကို ဆောင်ရွက်ခဲ့ပါသည်။
ဦးသီလဝန္တဆရာတော်ဘုရားသည် မွန်လူမျိုး ဖြစ်ပါသည်။ အဘ ခေါင် ထွက်ရပ်စခန်းသို့ ကြွမြန်