09/07/2021
အာရှတော်၀င်က
ဆရာ၀န်ကြီးဒေါက်တာမြတ်သူရဲ့post
ကြောက်နေ ဖို့ - မ လို ပါ ။
COVID 3rd wave ဟာ
ကာကွယ်လို့ ရတဲ့အထဲမှာ
မပါတော့ဘူးလို့ မြင်မိပါတယ် ။
လူတိုင်း ကူးစက်ခံရမှာပါ ။
ကိုယ်ခံအားကောင်းမွန်အောင်
နေထိုင်ပြုမူခြင်းကပဲ ကယ်နိုင်မှာပါ ။
ကိုယ်ခံအားကောင်းစေတဲ့
ဘယ်လိုဟာမဆို
ပါစပ်ထဲ ထည့်ဖို့နဲ့
အိပ်ရေးဝအောင်အိပ်ဖို့ပါပဲ ။
ပိန်မှာတွေ ဝမှာတွေ
ဒီအချိန် မလိုအပ်ပါဘူး ။
အနံပျောက်တာလောက်ကို
စာဖွဲ့စရာ မလိုလောက် တော့ပါဘူး ။
လူတိုင်းရင်ဆိုင်ကြရမှာပါ ။
အားလုံးထံမှာတောင်
ပိုးကရှိနေလောက်ပါပြီ ။
ကိုယ်ခံအားနည်းတဲ့အချိန်ပေါ်မယ် ။
ခုခံအားကောင်းနေရင်
ဘာမှ မဖြစ်ဘူးဆိုတဲ့
အနေထားရောက်နေပြီထင်ပါတယ် ။
ကလေးသူငယ်တွေ
လူကြီးသူမတွေကို
ဂရုစိုက်ကြရပါမယ် ။
ကြောက်နေလို့အပိုပါပဲ။
mask တပ်ပါ ။
လက်ဆေးပါ ။
ကိုယ်ခံအားကောင်းအောင်နေဖို့ပါပဲ ။
ကျန်တာ ဘာမှ လုပ်လို့မရတော့ပါဘူး ။
သေခြင်းတရားကတော့
ရက်စေ့ရင် ခေါ်မှာပါပဲ ။
ကိုဗစ်နဲ့မှ မဟုတ်ပါဘူး ။
သေဖို့ ကြောင်းရာ များတဲ့နယ်မြေမှာ
နေရတော့လည်း
ကို့ကိုယ်ကိုပဲ မသေခင်
ဂရုစိုက်ကြတာ အကောင်းဆုံးပါပဲ ။
။ စိတ်ချမ်းသာအောင်နေကြပါ ။
ကောင်းတာတွေး ၊
ကောင်းတာလုပ်ကြပါ ။
ကူညီရိုင်းပင်းကြပါ ။
စည်းလုံးကြပါ ။
အထူးဂရုစိုက်ကြပါ ။