17/08/2019
ဒီတစ်ပါတ်မှာတော့ နေ့ စဉ်အသုံးပြုနေကြဖြစ်တဲ့ လျှပ်စစ်ထမင်းပေါင်းအိုးကို ဘယ်လိုအသုံးပြုဖြစ်လာကြလဲဆိုတဲ့အကြောင်းလေးကို မျှဝေပေးချင်ပါတယ်ခင်ဗျာ...
ထမင်းပေါင်းအိုးလို့ဆိုလိုက်ရင် အခုခေတ်မှာလူတိုင်းနဲ့ မစိမ်းတော့တဲ့ မီးဖိုချောင်သုံးပစ္စည်းလေးဖြစ်လာပါပြီ...
ယခုခေတ်မှာအသုံးပြုနေတဲ့ Function စုံလှတဲ့ ထမင်းပေါင်းအိုးမဖြစ်လာခင် ထမင်းဘယ်လိုချက်ခဲ့ကြသလဲဆိုတာ သိကြပါသလား???🤔
ဆန်ကနေ ကျနော်တို့စားသုံးနေတဲ့ ထမင်းဖြစ်လာအောင် မီးသွေးမီးဖိုကြီးများနဲ့ ချက်ခဲ့ကြရပြီး ထည့်ရတဲ့ မီးနှင့်ရေ အနည်းအများပေါ်မူတည်ကာ ဆန်ရဲ့အရသာကပြောင်းလဲသွားပါတယ်...
မီးသွေးမီးဖိုများအသုံးပြုရတဲ့အတွက်ကြောင့် မီးထိန်းချုပ်ရတာ ခက်ခဲပြီး မီးခိုးများလည်းထွက်တဲ့အတွက် လေထုညစ်ညမ်းပြီး ချက်ရတဲ့သူလည်း စိတ်ညစ်ရပါတယ်...
ယခုလိုအခက်အခဲများကြောင့် 1937 အရောက်မှာ Japan နိုင်ငံမှ ပထမဆုံး ပုံစံခွဲထွက်ထားတဲ့ ထမင်းချက်စက်ကို တီထွင်ခဲ့ပါတယ်.ထို့နောက် 1945မှာ japan company တစ်ခုဖြစ်တဲ့ Mitsubishi Electric က ပထမဆုံးသော Electric Rice Cookerကိုတီထွင်ထုတ်လုပ်ရောင်းချခဲ့ပြီး ထမင်းကျက်တာနဲ့ အလိုအလျောက်ပိတ်ပေးတဲ့စနစ်တော့ မပါဝင်ခဲ့ပါဘူး. .
ထို့နောက်မှာတော့ Toshiba Electric Corporation မှ Yosh*tada Minami ဆိုသူကပိုမိုကောင်းမွန်တဲ့ ထမင်းပေါင်းအိုးကို တီထွင်ခဲ့ပြီး 1956 တွင်Toshiba ကအလိုအလျောက်ချက်ပေးနိုင်တဲ့ ပထမဆုံးထမင်းပေါင်းအိုးများကို တစ်လလျှင်အလုံး 200,000 ဖြင့်Japanပြည်တွင်းဈေးကွက်သို့ တင်သွင်းရောင်းချခဲ့ပါတယ်. ...
1980ခုနှစ်များမှာ ထမင်းချက်ရာတွင် အချိန်ကိုထိန်းချုပ်နိုင်တဲ့ Microprocessors ပါဝင်သော နည်းပညာမြင့်ထမင်းပေါင်းအိုးကိုစတင်တီထွင်လာခဲ့ကြပြီး 1990 ခုနှစ်မှာတော့ ထမင်းပေါင်းအိုးတော်တော်များများတွင် ထမင်းအပြင် အခြားအစားချက်ပြုတ်စရာများကိုပါ ထည့်သွင်းချက်ပြုတ်လာနိုင်တာကို တွေ့ရပါတယ်. ထို့အပြင် China မှလည်း Functionစုံလင်သော ထမင်းပေါင်းအိုးများကို ဈေးကွက်အတွင်းသို့ အမြောက်အများ ထုတ်လုပ်ရောင်းချလာပြီး Japan နိုင်ငံနှင့်ဈေးကွက်ယှဉ်ပြိုင်လာပါတယ်....
2000 ခုနှစ်ရောက်လာတဲ့အခါမှာတော့ ထမင်းအရသာပိုမိုကောင်းမွန်လာအောင်ဆန်းသစ်ထားတဲ့ အဆင့်မြှင့်တီထွင်ထားပြီး ဈေးနှုန်းမြင့်မားလာသော ထမင်းပေါင်းအိုးများကို ဈေးကွက်တွင်တွေ့ရှိလာရပါတယ်.
ယခုခေတ်ထမင်းပေါင်းအိုးများဟာဆိုရင်တော့ ထမင်းချက်နိုင်ရုံတင်မကတော့ပဲ အခြားစားချင်စဖွယ် menu များကိုလည်း လုပ်လာနိုင်ပါပြီဖြစ်ပါတယ်...
တီထွင်ဆန်းသစ်လာတဲ့ ယခုခေတ်ပေါင်းအိုးများရဲ့ကောင်းကျိုးတွေကတော့ အချိန်တိုတိုဖြင့် ထမင်းကောင်းကောင်းရအောင် ချက်ပေးနိုင်ပြီး ကျက်သွားတဲ့ထမင်းကိုအပူဆက်ပေးထားနိုင်တာမျိုး ပြီးတော့ အခြားစားသောက်ဖွယ်ရာများကိုပါ ချက်ပြုတ်လာနိုင်တာမျိုးပဲ ဖြစ်ပါတယ်.
ဒါ့ကြောင့် လူကြီးမင်းတို့အတွက် မရှိမဖြစ်အသုံးလိုတဲ့ ထမင်းပေါင်းအိုးလေးတွေကို Fairyland ရဲ့ဆိုင်ခွဲများတွင်လေ့လာဝယ်ယူနိုင်နေပြီဖြစ်ပါကြောင်းလည်း အသိပေးအပ်ပါတယ်ခင်မျ...
နီးစပ်ရာဆိုင်ခွဲများတွင်လည်းသွားရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ...
Fairyone – (Mingalar Taung Nyunt)
No.57, 121 Street, Mingalar Taung Nyunt Tsp, Yangon
Near Mingalar Market
Phone
Fairytwo – (Sule)
No.90, 32nd street, Lower Block, Maha Bandula Street, Kyauktada Tsp, Yangon
Near Sule Pagoda
Phone
Fairythree – (31Gate)
No(746), MyitTar Road, Ward(13), Near Old (31) Bus Stop, Yangon
Phone
-source from internet