Gracemgk-Tlm

Gracemgk-Tlm Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Gracemgk-Tlm, Shopping & retail, Yangon.

ကွီးတို့အတွက် 🥰ORLANDO နာရီ💎💎သံကြိုး🔥ဘယ်လိုတောင် တန်လွန်း 🤤🤤4 colour 4လုံးစီး -55001လုံးစျေး -7000
23/11/2020

ကွီးတို့အတွက် 🥰
ORLANDO နာရီ💎💎
သံကြိုး🔥
ဘယ်လိုတောင် တန်လွန်း 🤤🤤
4 colour 4လုံးစီး -5500
1လုံးစျေး -7000

သင်အပြင်သွားမယ်လို့ စိတ်ကူးမိရင် ကိုယ့်မိသားစုကိုပြန်တွေးကြည့်လိုက်ပါ ကိုယ့်အိမ်မာ လူကြီးရှိလား.ရောဂါအခံရှိတ့ဲသူရှိလား ?...
19/09/2020

သင်အပြင်သွားမယ်လို့ စိတ်ကူးမိရင် ကိုယ့်မိသားစုကိုပြန်တွေးကြည့်လိုက်ပါ ကိုယ့်အိမ်မာ လူကြီးရှိလား.ရောဂါအခံရှိတ့ဲသူရှိလား ?ငယ်ရွယ်နုနေ သေးတ့ဲ ကလေးလေးတွေရှိလား? 🏃🚶👫 ပြန်စဥ်းစားကြည့်ပါ ။ ဘာမဟုတ်တ့ဲအရာတခုကြောင့် အပြင်ထွက်မိရင် ကိုယ်ချစ်တ့ဲမိသားစုတွေအရင်ဆုံးနှစ်နာမာပါ။ မိမိကစ ကာကွယ်ပါ။ အိမ်မာနေခိုင်းတယ်ဆိုတာ သင့်စီးပွားရေး၊သင့်ပညာရေး၊ သင့်လွတ်လပ်ခွင့်ကိုပိတ် ပင်ချင်လို့မဟုတ်ပါဘူး ၊သင့်ကိုချစ်လို့ပါ၊ တကယ်လို့သင်သာ တခုခု ဖြစ်သွားရင် တခြားသူအတွက်ဘာမှ နှစ်နာစရာမရှိပါ သင်ကိုယ်တိုင်န့ဲ သင့်မိသားစုကပဲ နှစ်နာမာပါ။

မ​ဖြစ်မနေအပြင်သွားရမယ်ဆိုရင် Mask 😷😷တပ်သွားပါ.Facesheld တပ်သွားပါ.လက်အိတ်စွတ်သွားပါ၊
👉အတက်နိုင်ဆုံးအိမ် 🏠🏠မာပဲနေပါ။
👉အိမ်မာနေပြိးကိုယ့်မိသားစုန့ဲ တူတူဒီလိုအကြာကြီးနေရဖို့ဆိုတာ အခွင့်အရေးအရမ်းနည်းပါတယ်.ခုလက်ရှိအချိန်ကိုအသုံးချပြိး ကိုယ့်မိသားစုအပေါ အရင်ကထုတ်မပြဖြစ်ခ့ဲတ့ဲ အချစ်တွေ ထုတ်ပြဖို့ယခုလက်ရှိ အခွင့်အရေးကိုအသုံးချလိုက်ပါ 🤝🤝
👉သင့်မိသားစု.သင့်သူငယ်ချင်းအပေါင်းသင်းတွေ၊ ကိုယ့်ဆွေမျိုးသားချင်းတွေကို ခု postကို tag တွဲပြိး သတိပေးလိုက်ပါ။
👉ယခုကာလမှာ ကျန်းမာရေးဂရုစိုက်ပါလို့ ပြောတ့ဲစကားတခွန်းက ပြောခံရတ့ဲလူတိုင်းရ့ဲရင်ထဲမှာ အရမ်းနွေးထွေးစေနာပါ။
#ချစ်ခြင်းများစွာဖြင့်
#အားလုံးကျန်းမာပြိးဘေးရန်ကင်းကွာကြာပါစေ။
❤❤❤❤

channel အိတ်လေးရပါပြိရှင့်။4 colour 5လုံးစီး-4000ks1လုံးစျေး -5000ks
17/09/2020

channel အိတ်လေးရပါပြိရှင့်။
4 colour
5လုံးစီး-4000ks
1လုံးစျေး -5000ks

အားလုံးပဲအထူးသတိထားကျပါ 😘😘
14/09/2020

အားလုံးပဲအထူးသတိထားကျပါ 😘😘

"အသက်ဆက်ရှင်ပါ "ဘယ်သူ့အတွက်ပဲ ဖြစ်ဖြစ်ဘာအတွက်ပဲ ဖြစ်ဖြစ်ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ်ဒုက္ခ ပင်လယ်ဘယ်လောက်ပဲဝေဝေလောကကြီးကို အရှ...
27/05/2020

"အသက်ဆက်ရှင်ပါ "

ဘယ်သူ့အတွက်ပဲ ဖြစ်ဖြစ်
ဘာအတွက်ပဲ ဖြစ်ဖြစ်
ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ်
ဒုက္ခ ပင်လယ်ဘယ်လောက်ပဲဝေဝေ
လောကကြီးကို အရှုံးပေးဖို့ မစဉ်းစားပါနဲ့
အသက်ဆက်ရှင်ပါ ။

တစ်ယောက်ယောက်က မင်းကို
အသုံးမကျဘူးလို့ ဘယ်လောက်ပဲပြောနေပြောနေ
မင်းအနာဂတ်ကိုက အဲ့ဒီတစ်စုံတစ်ယောက်က
ဘာမှ မခြယ်သ ပေးနိုင်ရင် သို့မဟုတ်
ဘာမှ အကျိုးမဖြစ်စေနိုင်တဲ့ လူတစ်ယောက်ဖြစ်ခဲ့ရင်
သူ့ကိုခဏခေါက်ထားပါ
မင်း အသက်ဆက်ရှင်ဖို့ ကြိုးစားပါ ။

တကယ်လို့ တစ်ယောက်ယောက်က
မင်း ကို အလိုမကျခြင်းများစွာနဲ့
စွန့်ခွာသွားတဲ့ အခါ အဲ့ဒီတစ်ယောက်ယောက်နဲ့
အကယ်၍ ပြန်ဆုံတွေ့ခဲ့ရင်ဖြင့်
ဟိုအရင်တုန်းကထက် ပိုပြီးအရည်အသွေး
ကောင်းမွန်တဲ့ လူတစ်ယောက်အဖြစ်ကို
ကူးပြောင်းပြ နိုင်ဖို့ အသက်ဆက်ရှင်ပါ ။

မင်း ကိုမယုံကြည်တဲ့လူတွေက
မင်း လျှောက်နေတဲ့လမ်းတွေ
မင်း လုပ်နေတဲ့အရာတွေအတွက်
"ဖြစ်လာမှ မဟုတ်ဘူး " လို့ထင်ကြေးပေးတဲ့အခါ
အဲ့ဒီ ထင်ကြေးတွေကို ပြောင်းလဲဖို့အတွက်
စိတ်ဓာတ်မကျဘဲ အသက်ဆက်ရှင်ပါ ။

အသက်ဆက်ရှင်ပါ …
အိပ်မက်နဲ့မျှော်လင့်ချက်တွေကို
ယုံကြည်ပေးပါ
မင်းလျှောက်နေတဲ့လမ်းတွေကို
မညွှန်ပြနိုင်ပဲ ပြစ်တင်စကားပြောတဲ့လူတွေအတွက်
မင်းစိတ်ထဲနေရာပေးပြီး မခံစားမိစေနဲ့

မင်း ရဲ့စိတ်တွေကို ယိုင်နဲ့သွားအောင်
အပျက်သဘောဆောင်နေတဲ့
စကားတွေပြောတတ်တဲ့လူတွေအတွက်
မင်းရင်ထဲထားပြီး မခံစားပါနဲ့ …

သေခြင်းတရားတွေ နဲ့ဘယ်အချိန်
ပက်ပင်းတိုးမယ်မသိတဲ့ဘဝထဲမှာ
မင်းကို စိတ်ဓာတ်ကျစေမဲ့ လူတွေရဲ့
စကားတွေမှ နားမယောင်ပါဘဲ
မင်း အိပ်မက်တွေအတွက် အသက်ဆက်ရှင်ပါ ။

အဆုံးသတ်မှာ မင်းလုပ်နိုင်ခဲ့တယ် ဆိုတဲ့
သဘောတရားကို ပြဖို့အတွက်
လမ်းခုလတ် မှာ မင်းကို မလိုလားတဲ့လူတွေ
မင်းကို ချန်သွားတဲ့လူတွေပေးခဲ့သမျှ
ဖိအားတွေနဲ့ မင်းမယိမ်းယိုင်သွားဖို့ပဲလိုတယ်။

ဘာပဲဖြစ်ဖြစ်
ဘယ်လိုပဲဖြစ်ဖြစ်
အရှုံးမပေးဘဲ အသက်ဆက်ရှင်ပါ…။

LuAh(AungKhinSitt)


Unicode

"အသက်ဆက်ရှင်ပါ "

ဘယ်သူ့အတွက်ပဲ ဖြစ်ဖြစ်
ဘာအတွက်ပဲ ဖြစ်ဖြစ်
ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ်
ဒုက္ခ ပင်လယ်ဘယ်လောက်ပဲဝေဝေ
လောကကြီးကို အရှုံးပေးဖို့ မစဉ်းစားပါနဲ့
အသက်ဆက်ရှင်ပါ ။

တစ်ယောက်ယောက်က မင်းကို
အသုံးမကျဘူးလို့ ဘယ်လောက်ပဲပြောနေပြောနေ
မင်းအနာဂတ်ကိုက အဲ့ဒီတစ်စုံတစ်ယောက်က
ဘာမှ မခြယ်သ ပေးနိုင်ရင် သို့မဟုတ်
ဘာမှ အကျိုးမဖြစ်စေနိုင်တဲ့ လူတစ်ယောက်ဖြစ်ခဲ့ရင်
သူ့ကိုခဏခေါက်ထားပါ
မင်း အသက်ဆက်ရှင်ဖို့ ကြိုးစားပါ ။

တကယ်လို့ တစ်ယောက်ယောက်က
မင်း ကို အလိုမကျခြင်းများစွာနဲ့
စွန့်ခွာသွားတဲ့ အခါ အဲ့ဒီတစ်ယောက်ယောက်နဲ့
အကယ်၍ ပြန်ဆုံတွေ့ခဲ့ရင်ဖြင့်
ဟိုအရင်တုန်းကထက် ပိုပြီးအရည်အသွေး
ကောင်းမွန်တဲ့ လူတစ်ယောက်အဖြစ်ကို
ကူးပြောင်းပြ နိုင်ဖို့ အသက်ဆက်ရှင်ပါ ။

မင်း ကိုမယုံကြည်တဲ့လူတွေက
မင်း လျှောက်နေတဲ့လမ်းတွေ
မင်း လုပ်နေတဲ့အရာတွေအတွက်
"ဖြစ်လာမှ မဟုတ်ဘူး " လို့ထင်ကြေးပေးတဲ့အခါ
အဲ့ဒီ ထင်ကြေးတွေကို ပြောင်းလဲဖို့အတွက်
စိတ်ဓာတ်မကျဘဲ အသက်ဆက်ရှင်ပါ ။

အသက်ဆက်ရှင်ပါ …
အိပ်မက်နဲ့မျှော်လင့်ချက်တွေကို
ယုံကြည်ပေးပါ
မင်းလျှောက်နေတဲ့လမ်းတွေကို
မညွှန်ပြနိုင်ပဲ ပြစ်တင်စကားပြောတဲ့လူတွေအတွက်
မင်းစိတ်ထဲနေရာပေးပြီး မခံစားမိစေနဲ့

မင်း ရဲ့စိတ်တွေကို ယိုင်နဲ့သွားအောင်
အပျက်သဘောဆောင်နေတဲ့
စကားတွေပြောတတ်တဲ့လူတွေအတွက်
မင်းရင်ထဲထားပြီး မခံစားပါနဲ့ …

သေခြင်းတရားတွေ နဲ့ဘယ်အချိန်
ပက်ပင်းတိုးမယ်မသိတဲ့ဘဝထဲမှာ
မင်းကို စိတ်ဓာတ်ကျစေမဲ့ လူတွေရဲ့
စကားတွေမှ နားမယောင်ပါဘဲ
မင်း အိပ်မက်တွေအတွက် အသက်ဆက်ရှင်ပါ ။

အဆုံးသတ်မှာ မင်းလုပ်နိုင်ခဲ့တယ် ဆိုတဲ့
သဘောတရားကို ပြဖို့အတွက်
လမ်းခုလတ် မှာ မင်းကို မလိုလားတဲ့လူတွေ
မင်းကို ချန်သွားတဲ့လူတွေပေးခဲ့သမျှ
ဖိအားတွေနဲ့ မင်းမယိမ်းယိုင်သွားဖို့ပဲလိုတယ်။

ဘာပဲဖြစ်ဖြစ်
ဘယ်လိုပဲဖြစ်ဖြစ်
အရှုံးမပေးဘဲ အသက်ဆက်ရှင်ပါ…။

LuAh(AungKhinSitt)

🧚‍♀️Fairyရဲ့Productလေးတွေထဲက အားလုံးရဲ့အကြိုက်ကရော ဘာလေးတွေဖြစ်မလဲ.???🧚‍♀️Fairyချစ်သူလေးတွေရဲ့အကြိုက်လေးတွေလဲ မန့်ပေးခဲ့...
26/05/2020

🧚‍♀️Fairyရဲ့Productလေးတွေထဲက
အားလုံးရဲ့အကြိုက်ကရော ဘာလေးတွေဖြစ်မလဲ.???

🧚‍♀️Fairyချစ်သူလေးတွေရဲ့အကြိုက်လေးတွေလဲ မန့်ပေးခဲ့ဦးနော်😘😘😘😘

အကုန်ကြိုက်တယ် ကိုယ့်ရဲ့အသည်းနှလုံး ပူတူတူးလေးတွေ ❤❤
Agentဝင်လိူသူများ welcomeပါနော် 🤝🤝

Covid 19လည်း ​ပြိးရော ဝက်ဖြစ်တော့မိ​ု့လား ❌ဘာမှစိတ်မပူန့ဲစားချင်တာ စားလိုက်ပါ နဂိုထက်ပိုလှလာဖို့  Fairy Jelly ကအပြည့်ဝ  ...
08/04/2020

Covid 19လည်း ​ပြိးရော ဝက်ဖြစ်တော့မိ​ု့လား ❌
ဘာမှစိတ်မပူန့ဲစားချင်တာ စားလိုက်ပါ
နဂိုထက်ပိုလှလာဖို့ Fairy Jelly ကအပြည့်ဝ တာဝန်ယူ တယ်နော် 💯💯 😘😘
1buu -15000(12လုံးပါ)
3buu -36000

 #ဂဂုစိုက်ကြပါ 😘😘
30/03/2020

#ဂဂုစိုက်ကြပါ 😘😘

 #၂ဦးထပ်မံတွေ့ရှိCOVID-19 ရောဂါပိုးရှိသူ နှစ်ဦး ထပ်မံတွေ့ရှိကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (၂၇-၃-၂၀၂၀) ရက်နေ့၊ နံနက် ...
27/03/2020

#၂ဦးထပ်မံတွေ့ရှိ

COVID-19 ရောဂါပိုးရှိသူ နှစ်ဦး ထပ်မံတွေ့ရှိ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (၂၇-၃-၂၀၂၀) ရက်နေ့၊ နံနက် (၁) နာရီ (၄၅) မိနစ် သတင်းထုတ်ပြန်အရ COVID-19 ရောဂါပိုးရှိသူ နှစ်ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သည့် အမေရိကန်နိုင်ငံသား ခံယူထားသော မြန်မာလူမျိုး၊ အသက် (၃၃) နှစ်ရွယ် အမျိုးသားတစ်ဦးသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ (၁၉-၃-၂၀၂၀) ရက်နေ့တွင် ပြန်လည် ရောက်ရှိခဲ့ ပါသည်။ (၂၂-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်း လက္ခဏာ များ ခံစားခဲ့ရသဖြင့် (၂၅-၃-၂၀၂၀) ရက်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လာရောက် ပြသခဲ့ရာ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍ စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင် ထားရှိ၍ ကုသမှုပေးလျက်ရှိသည်။ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ (၂၆-၃-၂၀၂၀) ရက်နေ့ တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။

အဆိုပါလူနာသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ (၁၉-၃-၂၀၂၀)ရက်နေ့၊ ညနေ (၆) နာရီတွင် Qatar Airline ဖြင့် ပြန်လည်ရောက်ရှိခဲ့ပြီး တောင်ဥက္ကလာမြို့နယ်တွင် တစ်ည အိပ်နေထိုင်ခဲ့ကြောင်း (၂၀-၃-၂၀၂၀)ရက်နေ့၊ ည(၁၀)နာရီတွင် ရန်ကုန်မြို့မှ မန္တလေး မြို့သို့ ခိုင်မန္တလေး အဝေးပြေးမှန်လုံယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ကားဂိတ်မှ ချမ်းမြသာစည် မြို့နယ်ရှိနေအိမ်သို့ မီနီအိုးဝေယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်းသိရှိရပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သော အသက် (၆၉) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးသည် နှာခေါင်းကင်ဆာရောဂါကို ဩစတြေးလျ နိုင်ငံတွင် (၁) လခန့် ဆေးကုသမှုခံယူခဲ့ပြီး မြန်မာနိုင်ငံသို့ အပြန်တွင် စင်္ကာပူနိုင်ငံ၌ (၄) ရက်ခန့် နေထိုင်ခဲ့ပြီးနောက် (၁၄-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ ခဲ့ပါသည်။ (၁၈-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် (၂၅-၃-၂၀၂၀) ရက်နေ့မှစတင်၍ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တွင် စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိ၍ အထူးကြပ်မတ်ခန်း (ICU) တွင် ကုသမှုပေးလျက်ရှိပါသည်။ အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာအား ရယူခဲ့ပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ခဲ့ရာ (၂၆-၃-၂၀၂၀) ရက်နေ့တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲ အဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအရ အဆိုပါ လူနာများထံမှ ဓာတ်ခွဲနမူနာအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ဆက်လက်ပေးပို့၍ အတည်ပြုချက် ရယူသွားမည်ဖြစ်ပါသည်။

အဆိုပါ လူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါဓာတ်ခွဲ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူလူထု အနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တိုက်တွန်းထားသည်။

(၂၇-၃-၂၀၂၀) ရက်နေ့၊ နံနက် (၁) နာရီ (၄၅) မိနစ် အချိန်အထိ COVID-19 ရောဂါပိုး လူနာ ငါးဦး၌ တွေ့ရှိခဲ့ပြီး စောင့်ကြည့်လူနာ (၂၀) ဦးအား သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။

22/03/2020

ဘဝအတွက် လုပ်သင့်သော ၂၇ ချက်

(၁) ထမင်းစားနေချိန်မှာ ဖုန်းကိုခဏမေ့ထားပါ။ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် အမြဲတမ်း ဖုန်းတစ်လုံးနဲ့ အချိန်ကုန်မနေဘူးလား။ မိသားစုအတွက် တန်ဖိုးရှိတဲ့အချိန်တွေအတွက် ဖုန်းကို ဘေးချထားလိုက်ပါ။

(၂) ကီးမကိုက်တဲ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ဖြတ်ပါ။ သူတို့နဲ့ အတူတူသွားလာချိန်မှာ မပျော်ရင်တော့ သူတို့ကို အဆက်ဖြတ်ပါ။ သင့်မှာအချိန်ဆိုတာက အကန့်အသတ်မရှိသလို အားနာနေဖို့လည်း မလိုပါဘူး။ ကိုယ့်အတွက် အရေးကြီးတဲ့သူတွေအတွက် အချိန်ကို အလေးပေးပါ။

(၃) မနက်စောစောထပြီး တခုခုလုပ်ပါ။ နေ့တိုင်း အလုပ်တွေများပြီး ကိုယ့်ရဲ့အချိန်ကော ရှိရဲ့လား။ မနက်စောစောထပြီး တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို အသုံးချပြီး ကိုယ်လုပ်ချင်တာကို လုပ်ပါ။

(၄) ငြင်းသင့်ရင် ငြင်းပါ။ မလုပ်ချင်တဲ့ အလုပ်(သို့) ကိစ္စကို မလုပ်ချင်တဲ့အခါ သတ္တိရှိရှိ ငြင်းလိုက်ပါ။ မလုပ်ချင်တဲ့အလုပ်ကိုလုပ်ရင် အဖြေကတော့ ပြောစရာမလိုပါ။

(၅)နေတိုင်း စိတ်သစ်ကိုယ်သစ်နဲ့နေပါ။ အတိတ်မှာ ဖြစ်ခဲ့တဲ့ကိစ္စကို အတိတ်မှာသာ ထားခဲ့ပါ။ အတိတ်က အကြောင်းတွေကို အတွေးလွန်ရင် မျက်စိရှေ့မှာရှိတဲ့ အခွင့်အရေးကို လက်လွတ်သွားနိုင်ပါတယ်။

(၆)မိသားစုကို ကျေးဇူးတင်ကြောင်း ပြောပါ။ မိသားစုကို ကျေးဇူးတင်စကား ပြောခဲ့တာ ဘယ်တုန်းကလဲ။ ပြောရမှာ ရှက်ပင်မဲ့ တတ်နိုင်သလောက် ပြောနိုင်အောင် ကြိုးစားပါ။

(၇) ဓါတ်ပုံကို ကူးပါ။ ဖုန်းထဲမှာ ရှိတဲ့ဓါတ်ပုံတွေကို ဖုန်းထဲမှာပဲ မသိမ်းထားပဲနဲ့ ဓါတ်ပုံကူးပြီး ဓါတ်ပုံစာအုပ်ထဲမှာ ထည့်ပြီးသိမ်းထားပါ။ အသက်ကြီးလာတဲ့အခါမှာ သင့်အတွက် အရေးကြီးတဲ့ အရာတခုဖြစ်လာပါလိမ့်မယ်။

(၈)ဆုံးဖြတ်တဲ့အခါ စိတ်ရှင်းရှင်းနဲ့ လိုချင်တာကို ရွေးပါ။ ဘဝမှာ ဆုံးဖြတ်ရခက်မဲ့ ကိစ္စတွေကို အများကြီး ကြုံရမှာပါ။ အဲဒီအခါမှာ ကိုယ်ကလုပ်ချင်တဲ့အရာကို စိတ်ရှင်းရှင်းနဲ့ ရွေးချယ်ပါ။ စဉ်းစားသင့်တာထက်ပိုပြီး စဉ်းစားဆုံးဖြတ်ရင် နောင်တရတတ်ပါတယ်။

(၉) ကျောင်းက မိတ်ဆုံပွဲတွေကို မသွားပါနဲ့။ အဲဒီလောက်လဲ မခင်ခဲ့တဲ့သူတွေနဲ့တွေ့လည်း အချိန်ကုန်တာပဲ အဖတ်တင်ပါတယ်။ ကိုယ့်အတွက် တန်ဖိုးထားရမဲ့သူတွေက ဘယ်သူလဲဆိုတာ တွေးပါ။

(၁၀)မိသားစု ဓါတ်ပုံရိုက်ပါ။ မိသားစုဝင်တွေ စုဖြစ်ရင် ဓါတ်ပုံရိုက်ဖို့မမေ့ပါနဲ့။ သင့်အတွက် အဖိုးမဖြတ်နိုင်တဲ့အရာ တခုအနေဖြင့် ကျန်ခဲ့မှာပါ။

(၁၁) လုပ်မယ်ဆိုရင် ဆုံးသည့်တိုင်အောင်လုပ်ပါ။ ဒီအလုပ်ကို လုပ်မယ်လို့ ဆုံးဖြတ်လိုက်ရင် လက်တွေ့လုပ်မယ်ဆိုတဲ့စိတ်နဲ့လုပ်ပါ။ ဘယ်လောက်ပဲ အခက်အခဲတွေ တွေ့တွေ့အောင်မြင်ပါလိမ့်မယ်။

(၁၂) ပိတ်ရက်မှာ ကောင်းကောင်းနားပါ။ ပိတ်ရက်မှာ အချိန်က ဘယ်လိုကုန်သွားမှန်းကို သိမှာမဟုတ်ပါ။ မလိုအပ်တဲ့ သတင်းတွေ၊ ဖုန်းတွေကို ပိတ်ပြီး နားအေးပါးအေး နားလိုက်ပါ။

(၁၃)အသုံးအဆောင်ပစ္စည်းတွေကို တန်ဖိုးထားပါ။ ကိုယ်ကြိုက်လို့ဝယ်ထားပြီး သုံးနေတဲ့ပစ္စည်းလေးတွေကို သပ်သပ်ရပ်ရပ် သုံးပါ။ မလိုအပ်တဲ့ပစ္စည်းတွေကိုတော့ ဘာမှမထားပါနဲ့။

(၁၄)ကျန်းမာရေးကို ဂရုစိုက်ပါ။ ကျန်းမာမှသာလျှင် လုပ်ချင်တာကို လုပ်လို့ရပါလိမ့်မယ်။

(၁၅)ရာထူးတိုးအောင်လည်း ပြောပါ။ ကြိုးစားထားတဲ့ အလုပ်တခုအတွက် ကိုယ့်မှာ ခံစားခွင့်ရှိတယ်လို့ထင်တယ်ဆိုရင် သတ္တိရှိရှိ အထက်ကို တောင်းဆိုသင့်ပါတယ်။

(၁၆) ပတ်ဝန်းကျင်နဲ့ ထိတွေ့နိုင်မဲ့နေရာကို ထားပါ။ အိမ်မှာပဲဖြစ်ဖြစ် ရပ်ကွက်ထဲမှာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်နဲ့အမြဲ ထိတွေ့နေနိုင်မဲ့နေရာကို ရှိအောင်လုပ်ပါ။

(၁၇) ခရီးသွားရင် ကပ်စီးမနဲပါနဲ့။ ကိုယ်ကအရမ်းသွားချင်တဲ့ခရီးမှာ ပိုက်ဆံကို ချွေတာနေတဲ့အလုပ်ကို မလုပ်ပါနဲ့။ ပိုက်ဆံထက် တန်ဖိုးရှိမဲ့အရာကို သင်ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

(၁၈) ကိုယ့်ရဲ့ ထင်မြင်ချက်ကို ရဲရဲတင်းတင်းပြောပါ။ အားနာလို့ မပြောခဲ့တဲ့စကားတွေကြောင့် ခံခဲ့ရပေါင်းလဲမနည်းတော့ပါ။ တခါတလေတော့ စိတ်ထဲမှာရှိတဲ့အတိုင်း ရဲရဲတင်းတင်းသာ ပြောလိုက်ပါ။

(၁၉) ပုံလည်းဆွဲကြည့်ပါ။ ကိုယ်နဲ့ ဆန္ဒတွေ၊ ရင်ထဲမှာ ခံစားနေရတာတွေကို စာမဟုတ်ပဲ ပုံဆွဲပြီး သရုပ်ဖော်ကြည့်ပါ။ အတွေးအခေါ်အသစ်တွေလည်း ရလာနိုင်ပါတယ်။

(၂၀) ယုံကြည်ချက်တွေ ဆုံးရှုံးသွားမဲ့နေရာကို ပစ်ထားလိုက်ပါ။ ကိုယ့်ရဲ့ ယုံကြည်ချက်တွေ ဆုံးရှုံးသွားစေမဲ့နေရာကနေ မြန်မြန်ထွက်ခွာသွားနိုင်အောင် ကြိုးစားပါ။ မကောင်းတဲ့နေရာမှာရှိနေလို့လဲ ဘာမှထူးလာမှာ မဟုတ်ပါ။

(၂၁) စွန့်စားကြည့်ပါ။ များတယ်။နည်းတယ်။ကြီးတယ်။သေးတယ် မဆိုင်ပါ။ ကိုယ်ကလုပ်ချင်တယ်လို့တွေးထားတဲ့အရာကို စွန်းစားပြီးလုပ်ကြည့်ပါ။ အောင်မြင်တာ မအောင်မြင်တာထက် အတွေ့အကြုံကောင်းတွေ အများကြီးရပါလိမ့်မယ်။

(၂၂) ပိုက်ဆံ နည်းနည်းစုပါ။ ဘဝမှာ ဘာဖြစ်လာမလဲဆိုတာကို ဘုရားမှလွဲ၍ ဘယ်သူမှမသိနိုင်ပါ။ တခုခုဖြစ်ရင်သုံးဖို့အတွက် ပိုက်ဆံကို ဆောင်ထားပါ။

(၂၃) သူငယ်ချင်းကို တန်ဖိုးထားပါ။ အသက်တွေရလာရင် သူငယ်ချင်းရဲ့တန်ဖိုးကို သိလာပါလိမ့်မယ်။ သူငယ်ချင်းတွေကလည်း ကူညီပေးပါလိမ့်မယ်။

(၂၄) Facebook သုံးနေတဲ့အချိန်ကို လျှော့ပါ။ ဘာရယ်လို့မဟုတ် Facebook ဖွင့်ကြည့်ပြီး အချိန်တွေဖြုန်းနေတဲ့သူတွေ အများကြီးပါ။ သတိထားပါ။

(၂၅) သူတပါးရဲ့ အောင်မြင်မူကို အားပေးပါ။ သူငယ်ချင်းပဲဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်ပဲဖြစ်ဖြစ် သူ့ရဲ့အောင်မြင်မူအတွက် ဂုဏ်ယူပါ။ အားပေးပါ။ မနာလိုမဖြစ်ပါနဲ့။ သူတော်လို့ အောင်မြင်တာပါ။ သူအောင်မြင်တာကို အားမပေးနိုင်တဲ့စိတ်ဓာတ်ရှိရင် ကိုယ်အတွက်ဆိုရင်လည်း အားပေးမဲ့သူရှိမည်မဟုတ်ပါ။

(၂၆)ကိုယ်အတွက် အရေးကြီးသောသူအတွက် အချိန်ပေးပါ။ ကိုယ်ရဲ့အရေးကြီးသောသူအတွက် အချိန်လေးကို တနေ့နည်းနည်းပေးပါ။

(၂၇) အချစ်ဆုံးသူငယ်ချင်းနဲ့ ဟက်ဟက်ပက်ပက် ရယ်လိုက်ပါ။ အချစ်ဆုံးသူငယ်ချင်းနဲ့တွေ့ပြီး ကျောင်းတုန်းကအကြောင်းပဲဖြစ်ဖြစ် ပြောချင်တာတွေကို ပြောပြီး ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်နေလိုက်ပါ။ နောင်တဆိုတာ နောင်မှတရတယ် ဆိုစကားကို လူကြီးတွေဆိုက ကြားဖူးပါတယ်။ ဒီစကားအတိုင်းမဖြစ်ချင်ရင်တော့ ဒီ ၂၇ချက်ကို ယခုချက်ချင်းလုပ်သင့်တယ်လို့ထင်ပါတယ်။

Credit to Chelmo Team

အိုခီ ကျိုင်းဇူးပါရှန်

21/03/2020

ဘယ်သူနဲ့မှ လိုက်ညှိမနေနဲ့
ဆွေးနွေးမနေနဲ့
စိတ်ပျက်ရင် ပစ်ချခဲ့
မချစ်ရင်အောင့်မနမ်းနဲ့
စိတ်မပါရင်လှည့်တောင်မကြည့်မိစေနဲ့
နာကျင်လာရင်လွှတ်ချခဲ့လိုက်
ချစ်တာတွေ မေတ္တာတွေ သစ္စာတွေ သံယောဇဉ်တွေထောက်နေရင် အလုပ်ရှုပ်တယ် အချိန်ကုန်မယ်
ရှေ့တိုးလို့မှားမှန်းသိတာနဲ့ ချက်ချင်းနောက်ဆုတ်
အချိန်သိပ်မရှိဘူး !

လူ့ဘဝတိုတိုလေး သူများတွေကိုခေါင်းထဲအချိန်ပြည့်ထည့်ပြီးစိတ်ဆင်းရဲနေရင် သေတဲ့အထိပျော်ရွှင်ရမှာမဟုတ်ပါဘူး
သူများရဲ့အကျဉ်းသားအဖြစ်မခံနဲ့
ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်သာနေပါ Be yourself
လူတွေဟာလိုတုန်းခဏပဲပူနွေးတုန်းခဏပဲမင်းအနားရှိမယ် ကြာလာရင်ဒုံရင်းကဒုံရင်းပဲ

လူတွေကြောင့်တော့အချိန်ကုန်ခံပြီးစိတ်ဆင်းမရဲစေချင်ဘူး အားလုံးကိုလွှတ်ချခဲ့လိုက်
ရခဲတဲ့ဘဝကြီးမှာ မသိလိုက်ခင်လေးတင်မင်းသေရမှာ
မင်းခေါင်းထဲကအရေးပေးနေမိတဲ့လူတစ်ယောက်မှမင်းနောက်လိုက်လာမှာမဟုတ်ဘူး
မပြတ်သားရင် မစွန့်လွှတ်ရဲရင် နှစ်ခါသေသလိုပါပဲ

ဒီတော့ဘာမှပြန်ထောက်မနေနဲ့။ လူတိုင်းကိုယ့်ဘဝနဲ့ကိုယ်မို့ ခေါင်းထဲက အမှိုက်ထုပ်လိုလူတွေ အမျှဝေ ပြီးထုတ်ပစ်လိုက်🖕။ ငယ်ရွယ်တုန်းလေးမှာကိုယ်ပျော်သလိုနေကြည့် မဟုတ်ရင်တစ်ချိန်နောင်တရလိမ့်မယ်😊

•COVID-19 ရောဂါကာကွယ်ဖို့ လုပ်သင့် မလုပ်သင့်သော အပြုအမူများ• ာဖျားနေတဲ့ကမ္ဘာကြီးphotos
18/03/2020

•COVID-19 ရောဂါကာကွယ်ဖို့
လုပ်သင့် မလုပ်သင့်သော အပြုအမူများ•



ာဖျားနေတဲ့ကမ္ဘာကြီး

photos

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Gracemgk-Tlm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Gracemgk-Tlm:

Share