12/08/2026
Acrylic ဆေးရဲ့ Coverage နဲ့ Brush တစ်ချောင်းရဲ့ Controlကို ပေါင်းစပ်ထားတဲ့ M&G Brush Tips Acrylic Marker Set 🎨
Acrylic နဲ့ Craft Project လေးတစ်ခုစမယ်ဆိုတိုင်း ဆေးဘူးတွေ၊ Palette၊ Brush နဲ့ ရေခွက်တွေ အကုန်ထုတ်ရတာက အလုပ်လုပ်ရတာထက် ပြင်ဆင်ရတဲ့အချိန်က ပိုများနေတတ်ပါတယ်။ အထူးသဖြင့် Detail သေးသေးလေးတစ်ခုဆွဲဖို့၊ စာတန်းလေးတစ်ခုရေးဖို့နဲ့ Gift Box လေးတစ်ခု Decorate လုပ်ဖို့ဆိုရင် ပိုပြီးအလုပ်ရှုပ်သလို ခံစားရနိုင်ပါတယ်။
ဒီလိုအခက်အခဲလေးတွေအတွက် ဆေးဘူးတွေ၊ Brush တွေ အများကြီးမလိုဘဲ ဖန်တီးချင်တဲ့အချိန်မှာ ချက်ချင်းကောက်သုံးလို့ရမယ့် M&G MOCALO Acrylic Marker လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
သူက Water-based Acrylic ဆေးကို Marker ပုံစံနဲ့ တိုက်ရိုက်သုံးနိုင်အောင် ဖန်တီးထားတာပါ။ အဓိက သဘောကျစရာကောင်းတဲ့အချက်ကတော့ Flexible Brush Tip လေးပါပဲ။ ဖိအားပေါ့ပေါ့လေးနဲ့ဆွဲရင် Detail Line နဲ့ Lettering အနုစိတ်လေးတွေရနိုင်ပြီး၊ Marker ကို နည်းနည်းစောင်းပြီး ဖိအားပိုပေးလိုက်ရင် Brush Stroke အထူနဲ့ ဆေးရောင်ဖြည့်ရတဲ့ အပိုင်းတွေကို အလွယ်တကူ ခြယ်သနိုင်ပါတယ်။ Fixed Tip Marker တွေလို လိုင်းတစ်မျိုးတည်းမဟုတ်ဘဲ ကိုယ့်လက်ဖိအားအလိုက် Stroke ကို ပြောင်းသုံးနိုင်တာက တကယ့်ကို အဆင်ပြေစေပါတယ်။
အရောင်တောက်ပမှုနဲ့ ဖုံးအုပ်နိုင်စွမ်း (Coverage) အားကောင်းတဲ့အပြင် Paper နဲ့ Canvas သာမက Wood, Plastic, Metal နဲ့ Glass လို Surface တွေပေါ်မှာပါ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ Transparent Case လေးနဲ့မို့ အရောင်တွေကို တစ်နေရာတည်း စနစ်တကျထားနိုင်သလို၊ Art Class, Workshop နဲ့ အပြင်မှာ Craft လုပ်ချင်တဲ့အချိန်တွေမှာလည်း အလွယ်တကူ သယ်သွားနိုင်ပါတယ်။
💡 အကောင်းဆုံးရလဒ်ရဖို့ အသုံးချနည်းလေးတစ်ခု
ထုတ်ပိုးမှုမှာ ဖော်ပြထားတဲ့အတိုင်း "Shake — Write — Re-cap" အစီအစဉ်လေးအတိုင်း သုံးပေးပါ။ မသုံးခင် အဖုံးပိတ်လျက်နဲ့ သေချာလှုပ်ပေးဖို့လိုပါတယ်။ ပြီးရင် ကိုယ်သုံးမယ့် Surface အမျိုးအစားတူတဲ့ အစမ်းစပေါ်မှာ Ink Flow ကို အရင်စမ်းကြည့်ပေးပါ။
ဖန်၊ ပလတ်စတစ်နဲ့ သတ္တုလို မျက်နှာပြင်ချောတဲ့ပစ္စည်းတွေပေါ်မှာ သုံးမယ်ဆိုရင် ဖုန်၊ ဆီနဲ့ လက်ဗွေတွေကို အရင်ပြောင်အောင်သုတ်ထားဖို့ လိုပါတယ်။ အရောင်တစ်ထပ်ပေါ် နောက်တစ်ထပ် ထပ်တင်ချင်ရင်တော့ အောက်ခံအရောင် သေချာခြောက်သွားမှ ထပ်တင်ပေးရင် အရောင်ပိုသန့်ပြီး သေသပ်ပါတယ်။
⚠️ သတိပြုရန်
သုံးပြီးတိုင်း အဖုံးကို ချက်ချင်းပြန်ပိတ်ထားဖို့ အရေးကြီးပါတယ်။ လေဝင်သွားရင် Brush Tip နဲ့ အတွင်းက Ink တွေခြောက်ခဲသွားပြီး ပြန်သုံးရခက်သွားတတ်ပါတယ်။
ရွေးချယ်နိုင်မယ့် အရောင်အရေအတွက်နဲ့ ဈေးနှုန်းလေးတွေကတော့ —
🔸 M&G Mocalo
Acrylic Marker24 Colours (48,000 ကျပ်) - Beginner တွေ၊ School Project နဲ့ Basic Craft လေးတွေစမ်းလုပ်ချင်သူတွေအတွက် အသင့်တော်ဆုံးပါ။
🔸 **36 Colours (70,500 ကျပ်)** - Illustration၊ Lettering နဲ့ Craft ကို ပုံမှန်လုပ်ဖြစ်ပြီး အရောင်စပ်ရတဲ့အချိန်ကို လျှော့ချင်သူတွေအတွက် Practical အဖြစ်ဆုံး ရွေးချယ်မှုပါ။
🔸 **48 Colours (92,500 ကျပ်)** - Colour Variation ပိုများတဲ့ Artwork တွေ၊ Gift Personalisation နဲ့ Mixed-surface Project တွေ ပုံမှန်လုပ်သူတွေအတွက် ရေရှည်မှာ ပိုတန်တဲ့ Set လေးဖြစ်ပါတယ်။
Acrylic ဆေးရဲ့ Coverage ကို သဘောကျပေမယ့် ဆေးဘူးတွေ၊ Brush တွေနဲ့ အလုပ်မရှုပ်ချင်ဘူးဆိုရင်တော့ MOCALO Acrylic Marker လေးတွေကို ရွေးချယ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ✨
Disclaimer : No copyright infringement. Products of these photos are for resell purpose only. We do not own the trademark of the product. All rights and credits go to the rightful owner.