Handmade by ShweJara

Handmade by ShweJara handmade အလှဖယောင်း အမျိုးစုံစွာ ဝယ်ယူအာ? handmade Natural Soaps

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့-------------------------------ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင...
27/11/2023

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့
-------------------------------

ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်။

ထို့ကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို
သာမညဖလအခါတော်နေ့အဖြစ်
သတ်မှတ်ကျင်းပခဲ့ကြလေသည်။

သာမညဖလ ၏ အဓိပ္ပာယ်မှာ
ရဟန်းပြုရခြင်း၏အကျိုး ဟု အဓိပ္ပာယ်ရသည်။
ရဟန်းပြုခြင်း၏အကျိုးကို
ဟောကြားသောနေ့ဖြစ်ခြင်းကြောင့်

တန်ဆောင်မုန်းလပြည့်နေ့ကို
သံဃာတော်များနေ့ဟု ခေါ်ဆိုလျှင်လည်း
ရနိုင်သည်။

သာမညဖလသုတ်တော်သည် ဒီဃနိကာယ်၊
သီလခန္ဓဝဂ္ဂပါဠိတော်၌ လာရှိသည်။
သာမညဖလသုတ်တော်သည် ရဟန်းသံဃာတော်များအတွက် ကြေးမုံမှန်ချပ်ကြီးတစ်ခုသဖွယ်ဖြစ်သည်။

ကိုယ်ကျင့်သီလရှိသည်၊ မရှိသည်ကို
ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်သည်။
သာမညဖလသုတ်သည်
လူဒါယကာများအတွက် ပြဒါးချိန်ကြီးသဖွယ်ဖြစ်သည်။
မိမိတို့ ကိုးကွယ်နေသော ဆရာသမားတို့၏
ကျင့်ကြံမှု ဟုတ်၊ မဟုတ်၊ မှန်၊ မမှန်ကို
ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်သည်။

အဇာတသတ်မင်းသားလေးသည်
အသိဉာဏ်နုနယ်စဉ်အချိန် အရှင်ဒေဝဒတ်၏
စည်းရုံးမှုကိုခံရ၍ အရှင်ဒေဝဒတ်ကို အထင်ကြီးကာ
ကိုးကွယ်ဆည်းကပ်မိလေသည်။

ဆရာကုန်မှားတော့ တစ်သံသရာလုံး
မှောက်ဆိုသည့်အတိုင်း ဆရာတင်မှားမှုကြောင့်
ဖခင်ဘုရင်ဗိမ္ဗိသာရကို
သတ်မိသည်အထိ အမှားကြီးမှားမိတော့သည်။

ဆင်းတု၊စေတီ၊ဟောတရား စသည့်ကိုးကွယ်မှုတွေ များပြားဖောင်းပွလွန်းသော ယခုလိုခေတ်ကြီးမှာ
ကိုးကွယ်မှုဘက်က ဖောင်းပွလျှင် ကုသိုလ်တရားဘက်က ကြုံ့သွား၊ ကျစ်သွားတတ်သည်ကို သတိပြုရမည်ဖြစ်သည်။

အဇာတသတ်သည် ဖခင်ဘုရင်ဗိမ္ဗိသာရကို
သတ်မိသည့်အချိန်မှစ၍ ညတိုင်အိပ်မပျော်သော
ရောဂါဝေဒနာ စွဲကပ်တော့သည်။

သူ့မျက်လုံးတွေကို လှံချက်ပေါင်း အရာအထောင်မက ထိုးဆွခြင်းခံရသလို ဝေဒနာခံစားရသည်။
ထိုဝေဒနာကို ပျောက်ကင်းအောင် မည်သည့်သမားတော်၊ မည်သည့်ဆေးစွမ်းကောင်းမှ
မစွမ်းနိုင်ဖြစ်နေသည်။

တန်ဆောင်မုန်းလပြည့်
ညတစ်ညမှာ အဇာတသတ်မင်းသည်
မှူးမတ်ပေါင်းစုံညီဖြင့် ညီလာခံသဘင်
ဆင်ယင်ကျင်းပနေစဉ် ဆီးနှင်းမြူတိမ်သူရိန်မီးခိုး
ညစ်မျိုးငါးဝ ကင်းစင်ပသဖြင့်ကြည်နူးသာယာဖွယ်
ကောင်းလှသည့် တန်ဆောင်မုန်းလပြည့်
ညအလှကို ကြည့်ရှုခံစားပြီး
မွေ့လျော်ဖွယ်ကောင်းလှသော ညတစ်ညပါတကား၊
အလွန်လှပသော ညတစ်ညပါတကား
ရှုချင်စဖွယ်ကောင်းလှသော ညတစ်ညပါတကား
ဟု တန်ဆောင်မုန်းလပြည့်ညအလှကို ချီးကျူးလေသည်။

အဇာတသတ်လည်း တကယ်တော့ အလှအပကို
ခံစားတတ်သူတစ်ဦးဖြစ်တာကို တွေ့ရ၏။

အဇာတသတ်မင်းက

ယခုကဲ့သို့ သာယာလှပသောညချမ်းမှာ အဘယ်ပညာရှိ
ရဟန်းပုဏ္ဏားကို ချည်းကပ်ရလျှင် ကိုယ်တော်မြတ်
စိတ်တော် ကြည်လင်နိုင်မည်နည်းဟု မေးသောအခါ
မှူးကြီးမတ်ကြီးတွေက သူတို့နီးစပ်ရာ
တိတ္ထိဆရာကြီးခြောက်ယောက်နာမည်တွေကို
ပြောပြကြသည်။ ဘုရင်အတိုင်ပင်ခံ ပုဂ္ဂိုလ်အများစုသည် သမ္မာဒိဋ္ဌိတွေ မဟုတ်ကြဆိုတာကို သတိပြုမိသည်။

ပုရာဏကဿ ပဆရာကြီးက အကိရိယဝါဒ
ဘာမှလုပ်စရာမလိုဟူသော ဝါဒသမားဖြစ်သည်။
မလုပ်၊ မရှုပ်၊ မပြုတ်ဟူသော ဝါဒနှင့်တူသည်။

အဇိတကသကေမျဗလဆရာကွီးက နတ်ထိကဝါဒ
ဘာမှမရှိ ဟူသော ဝါဒသမားဖြစ်သည်။

မက္ခလိဂေါသာလဆရာကြီးက အဟေတုကဝါဒ
ကြောင်းကျိုးပယ် ဝါဒသမား ဖြစ်သည်။

ပကုဓ ကစ္စာယနဆရာကြီးက အကတဝါဒ
မပြုမပြင် ဝါဒသမား ဖြစ်သည်။ ပြုလည်းမပြု ၊ ပြင်လည်း
မပြင်သူ ဖြစ်သည်။

သဉ္စယဗေလဋ္ဌဆရာကြီးက အမရာဝိက္ခေပဝါဒ
ဝေ့လည်ချောင်ပတ် ဝါဒသမားဖြစ်သည်။

နိကဏ္ဌနာဋပုတ္တဆရာကြီးက စာတုယာမသံဝရဝါဒ
စောင့်စည်းမှုလေးမျိုးဖြင့် ကံသုံးပါးကို ထိန်းထားသော
ဂျိန်းဝါဒဖြစ်သည်။

အဇာတသတ်မင်းသည် အမတ်ကြီးတို့၏ တင်ပြချက်ကို
လက်မခံဘဲ ဆရာဇီဝကကို မေးတော်မူရာ ဆရာဇီဝက၏
အကြံပေးချက်အရ ဘုရားရှင်အထံသို့ ချဉ်းကပ်ဖို့ရန်
ဆရာဇီဝကကို စီစဉ်စေသည်။ ဆရာဇီဝကက
ဘုရင့်အနီးမှာယောက်ျားကိုယ်ရံတော် တစ်ယောက်မျှ
မထားရှိဘဲ အမျိုးသမီးကိုယ်ရံတော်တပ်ကို
ယောက်ျားအသွင် ဝတ်ဆင်စေပြီး
လိုက်ပါစေသည်။ဆင်မယဉ်သာ ငါးရာပေါ်၌
သက်တော်စောင့်အဖြစ် အမျိုးသမီးစစ်သည်တော်
ငါးရာကို လိုက်ပါစောင့်ရှောက်စေပြီး
ဘုရားကျောင်းတော်သို့ သွားရန် စီစဉ်ပေးသည်။

အဇာတသတ်မင်း ဘုရားရှင်ထံ ဖူးမြော်ရန်သွားသောအ
ချိန်သည် တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန် ဖြစ်သည်။ ထိုအချိန်က ဘုရားရှင်သည် ရာဇဂြိုလ်မြို့အနီး
ဇီဝကသရက်ဥယျာဉ်၌ သီတင်းသုံးလျက်ရှိသည်။
ဘုရားကျောင်းတော်သို့သွားသောအခါ

-ညအခါ ဖြစ်သည်ကတစ်ကြောင်း၊ တောရိပ်၊ သစ်ရိပ်
ဖုံးအုပ်နေသဖြင့် အမှောင်ဖုံးနေသည်က တစ်ကြောင်း၊
ထိုနှစ်ချက်ကြောင့် လိုက်ပါသူအားလုံး မီးရှူးးမီးတိုင်
ကိုယ်စီထွန်းညှိပြီး သွားကြရသည်။ မီးရှူးမီးတိုင်ကို
ပေါရာဏ ဝေါဟာရအားဖြင့် တန်ဆောင်(တန်ဆောင်တိုင်) ဟုခေါ်ဝေါ်သည်။

အဇာတသတ်နှင့် အခြံအရံပရိသတ်တို့ တန်ဆောင်မုန်းလပြည့်ည၌ တန်ဆောင်တိုင်မီးထွန်းပွဲ ကျင်းပကြသကဲ့သို့ ဖြစ်သည်။ အဇာတသတ်ဘုရင်က ဘုရားရှင်ထံ ခွင့်ပန်ပြီးသူသိလိုသော အကြောင်းအရာများကို
လျှောက်ထားလေသည်။

ရှင်တော်မြတ်ဘုရား..လောကမှာ အတတ်ကြီးဆယ့်
ရှစ်ရပ်စသော အတတ်ပညာတို့သည် မျက်မှောက်လက်ငင်း အကျိုးတရားကို ခံစားရရှိနိုင်ပါသည်။ရဟန်းပြုခြင်းဖြင့်
မျက်မှောက်လက်ငင်း အကျိုးတရားကို
ခံစားရရှိနိုင်ပါသလား ဘုရား။

တိတ္ထိဆရာကြီးခြောက်ဦးကို မေးဖူးပါသည်။ သူတို့အားလုံးက သူတို့ဝါဒကိုသာ တင်ပြ၍ ဝေ့လည်ချောင်ပတ်
လုပ်ကြပါသည်ဘုရား။

ဟု သာမညဖလ-ရဟန်းပြုခြင်း၏ မျက်မှောက်လက်ငင်းအကျိုးကိုမေးလျှောက်သည်။ဘုရားရှင်၏အဖြေကို ချုပ်၍
တင်ပြရလျှင်

ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်း ရနိုင်သောအကျိုး တို့မှာ-

(၁)။ မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ရခြင်း အကျိုး၊

(၂)။ အခွန်ထမ်းဆောင်ခြင်းမှကင်းလွတ်ရခြင်းအကျိုး၊

(၃)။ ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံသဖြင့်
အပါယ်လေးပါးမှ ကင်းဝေးရခြင်း အကျိုး၊

(၄)။ ဒုစရိုက်တရားတို့ကို ရှောင်ကြဉ်သဖြင့် ဒုစရိုက်ဒုက္ခမှ
ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံရခြင်း အကျိုး၊

(၅)။ ပွဲသဘင်အမျိုးမျိုး၊ ကစားပွဲအမျိုးမျိုး၊
မကောင်းသောစကားအမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့်
ထိုဒုက္ခတွေမှ ကင်းလွတ်၍ မဇ္ဈိမသီလနှင့်
ပြည့်စုံရခြင်း အကျိုး၊

(၆)။ နက္ခတ် ဗေဒင် ယတြာ ဆေးကုပေးခြင်း စသည်တို့မှ
ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံရခြင်းအကျိုး၊

(၇)။ ဣနြေ ခြောက်ပါးလုံး အကုသိုလ်မဖြစ်အောင်
စောင့်စည်းနိုင်ခြင်း အကျိုး၊

(၈)။ သတိနှင့်ပြည့်စုံခြင်း အကျိုး၊

(၉)။ သမ္ပဇဉ်ခေါ် ဆင်ခြင်တုံတရားနှင့် ပြည့်စုံခြင်းအကျိုး၊

(၁ဝ)။ သန္တောဂ-စားဝတ်နေရေး ရောင့်ရဲနိုင်ခြင်းအကျိုး၊

(၁၁)။ နီဝရဏငါးပါးမှ ကင်းလွတ်ရခြင်းအကျိုး၊

(၁၂)။ စျာန်တရားတွေ ရနိုင်ခြင်းအကျိုး၊

(၁၃)။ ဝိဇ္ဇာဉာဏ်ရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရခြင်းအကျိုး၊

အထက်ပါအကျိုးတရားတို့သည် သာမညဖလခေါ်
ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်းရရှိနိုင်သော
အကျိုးတရားတို့ဖြစ်ကြသည်။

အဇာတသတ်မင်းသည် သာမညဖလတရားတော်ကို
နာကြားရသည့်အတွက် အိပ်မပျော်သောရောဂါ
လုံးပျောက်ကင်းသွားတော့သည်။ ရတနာသုံးပါးအပေါ်
နှစ်နှစ်ကာကာ ယုံကြည်သွားတော့သည်။ ပုထုဇဉ်တို့တွင်
ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်အဖြစ်
ဧတဒဂ်ပေးမှတ်တမ်းတင်ခြင်းခံရသည်။

ဒုက္ခကြီးလေးသော မဟာအဝီစိငရဲ၌ မကျတော့ဘဲ၊
ဒုက္ခပေါ့ပါးသော လောဟကုမ္ဘီငရဲငယ်၌သာ
ခံစားရတော့မည်။ နောင်အနာဂတ်ကာလ၌ ....
ဝိဇိတာဝီ အမည်ဖြင့် ပစ်စကေဗုဒ်ဓါတစျပါး
ဖြစ်ရမည်။

အဇာတသတ်မင်းသည် ပထမသံဂါယနာတင်
ဒကာအဖြစ်ခံယူရသည်။
ဘုရားရှင်၏ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီးတည်ထားခဲ့သည်။ဗုဒ္ဓသာသနာနှစ်ကို
အတိအကျသတ်မှတ်ခဲ့သည်။
ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျသုံးစွဲခွင့်ရရှိနေသည်မှာ အဇာတသတ်မင်း၏ ကျေးဇူးဖြစ်သည်။

နောင်အခါ သီရိဓမ္မာသောကမင်းကြီးသည် အဇာတ
သတ်မင်း၏ စုဆောင်းထားသော ဓာတ်တော်များကို ရှာ
ဖွေ၍ စေတီပေါင်းရှစ်သောင်းလေးထောင် တည်ထားကိုးကွယ် သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်များဖူးမြော်ကြရသည်။

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များအနက်
တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသော
ပွဲတော်များသည်

-တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
-ကထိန်သင်္ကန်း အလှူပွဲတော်၊
-မသိုးသင်္ကန်း ရက်လုပ်ပွဲတော်၊
-မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊
-ကျီးမနိုး ပွဲတော်၊
-သာမညဖလအခါတော်နေ့ ပွဲတော်များ ဟူ၍
ခုနှစ်မျိုးခန့်ရှိသဖြင့်
တန်ဆောင်မုန်းလသည်
ရိုးရာပွဲတော် အများဆုံးလဟု
ဆိုရပေတော့မည်။ ။

(လေးစားစွာကူးယူမျှဝေပါသည်။)

ယခုနှစ် ဆေးပေါင်းခ ချိန် ၂ကြိမ်ဖြစ်ထွန်းမည် ။တန်ဆောင်မုန်းလပြည့်နေ့ နေ့လည် ၁၁နာရီ ၃၅ မိနစ်မှ ၁၁နာရီ ၄၅ မိနစ်အတွင်း ဆေးပေ...
26/11/2023

ယခုနှစ် ဆေးပေါင်းခ ချိန် ၂ကြိမ်ဖြစ်ထွန်းမည် ။

တန်ဆောင်မုန်းလပြည့်နေ့ နေ့လည် ၁၁နာရီ ၃၅ မိနစ်
မှ ၁၁နာရီ ၄၅ မိနစ်အတွင်း ဆေးပေါင်းခမည်ဖြစ်ပြီး
စီးပွါးရေး လာဘ် ရာထူးနှင့် အသိုင်းအဝိုင်းကောင်း
များ ရရှိလိုပါက နတ္ခတ္တစုံညီချိန် အကောင်းဆုံးဖြစ်
သောကြောင့် မယ်ဇလီဖူးသုပ် စားမည့်သူများသည်
အကောင်းဆုံးဖြစ်သည် ။

ဒုတိယ ဆေးပေါင်းခချိန်မှာ ညနေ ၆နာရီ ၅မိနစ်မှစ
ပြီး ၆နာရီ ၁၅မိနစ်အတွင်းဖြစ်သည် ။ပြောသမျှဆို
သမျှအောင်မြင်ပြီး ကြံတိုင်းအောင်နိုင်သောနတ္ခတ်
အချိန်ဖြစ်သည် ။

ထို ၂ကြိမ်လုံးသည် ကျန်းမာရေးအတွက် အထူးပင်
ကောင်းမွန်သော နက္ခတ်စုံချိန်ဖြစ်ပါသည် ။မယ်ဇ
လီသုပ်စားသုံးမည့်သူများအတွက် အသိပေးခြင်း
ဖြစ်ပါသည် ။

( နက္ခတ္တသင်တန်းကျောင်းအုပ် ပါရဂူဒေါက်တာ
ဆရာမ ကြည်ကြည်စိန် ၏တွက်ချက်မှုကို ကိုးကား
ဖေါ်ပြခြင်းဖြစ်သည် )

၂၀၂၃ခုနှစ်၊နိုဝင်ဘာလ၂၇ ရက်၊တနလ်ာနေ့တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့…...........….....…...............….....…........
26/11/2023

၂၀၂၃ခုနှစ်၊နိုဝင်ဘာလ၂၇ ရက်၊တနလ်ာနေ့

တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့
…...........….....…...............….....….............….........…..

မြန်မာပြည်သူ၊ပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း

ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း

Handmade by ShweJara မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

တန်ဆောင်မုန်းလပြည့်ညသည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ဖြစ်ပါသည်။
မြတ်စွာဘုရားသည် အဇာတသတ်
ရှင်ဘုရင်အား သာမညဖလ သုတ်တော်ကို
ဟောတော်မူ၍...
ဘုရင်နှင့်တကွ နောက်ပါ
ပြည်သူ( ၁ )သိန်းခန့်
ဗုဒ္ဓဘာသာဖြစ်တဲ့ ညကြီးပါ။
ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဗုဒ္ဓဘာသာ နေ့ကြီးကို
မသမာသူများ(အဖြစ်အပျက် အမှန်ကို မသိကြသောသူများ) က...
အသိ သတိ မဲ့စွာ
သူခိုးညဆိုပြီး နာမည်တပ်လိုက်
တော့
အမှန်တရား ပျောက်ကွယ်သလို
ဖြစ်သွားပါတယ်။

~~~~~~~~~~~~~~
တန်ဆောင်မုန်း လပြည့်ည၌
ပစ္စည်းခိုးရခြင်းအကြောင်း(ကျီးမနိုးပွဲ)
~~~~~~~~~~~~~~
လွန်လေပြီးသော ရှေးအခါက
ယောင်္ကျားသားများ ရှင်လိင်ပြန် ကြရာ၀ယ်
ဆေးမင်ကြောင်ထိုးသည့် ဓလေ့သည် အထင်အရှားရှိခဲ့၏။
ရှင်ဘုရင်မှအစချီကာ မင်းညီမင်းသား၊ မှူးမတ်သူကြွယ်၊ ကုန်သည်၊ လယ်လုပ် အစချီကာ
သူရင်းငှားများ စသော
လူယောင်္ကျား တို့သည် ဆေးမှင်ထိုးကြလေသည်။

ယခုခေတ်ကဲ့သို့ ကြုံသလိုထိုးခြင်း မဟုတ်ချေ။
ဆေးမှင် ထိုးသည့်အခါ နက္ခတ်ကောင်း၊ အခါကောင်း စောင့်ဆိုင်းကာ
မှောင်ခန်းခေါ် မှင်ထိုးသည့် အခန်းတွင် ကန်တော့ပွဲ ပေး၍ ထိုးရသည်။

ထိုသို့ ထိုးခဲ့ပြီးသော ယောင်္ကျား တို့သည် တန်ဆောင်မုန်းညနက္ခတ်စုံချိန်တွင်
ထိုးထားသည့် ကြောင်တက်ကြောင်ဆင်း ဆေးအစောင့်တို့သည်
တန်ခိုးပြသည်ဟု အယူရှိသောကြောင့် အရှင်မသိသော ပစ္စည်းကိုခိုးယူကာ ခိုးကွင်း၌ ထားမြဲဖြစ်၏။

"ခိုးကွင်း"ဆိုသည်မှာ ခိုးရာပါ ပစ္စည်းအား ဘယ်သူဘယ်ဝါ၏ အိမ်မှ ပစ္စည်းဖြစ်ကြောင်း
ခိုးကွင်းတွင် စာကပ်၍ ထားကြသည်။

ထိုသို့ခိုးရာတွင် အသက်ရှိသောအရာကို
ခိုးယူနိုင်စွမ်းသော သူသည် လူစွမ်းကောင်း ဖြစ်လေသည်။ ရှေးအခါက နွားများနှင့် လူအိပ်နေသော ကုတင်ကို
လူမနှိုးအောင် ထမ်း၍ ခိုးကွင်း၌ လာထားကြသည်။
မနက်မိုးလင်းသောအခါ ပစ္စည်းရှင်များက သင်္ကန်းအစုံဖြင့် မိမိတို့ ပစ္စည်းကို
လာရွေးယူကြပြီး ကထိန်ပွဲကို ဆင်နွဲရသည်။

ပစ္စည်းခိုး၍ လူမိသောအခါတွင် ထိုသူကိုဖမ်း၍
ခိုးကွင်းတွင် ကတုံးတုံးကာ ပြာလူး၍ ထားကြသည်။
ကထိန်ပွဲတွင် ထိုခိုးသားကို ရွာသူကြီးက တရားသူကြီးလုပ်ကာ
တရားရင်ဆိုင်ခန်းဖြင့် ဟာသလုပ်ကြပြီး ရဟန်း၀တ်စေမြဲဖြစ်သည်။

ဒီဘက်ခေတ် ရောက်လာတော့တန်ဘိုးရှိ ပစ္စည်းတွေကို တကယ် ခိုးလာကြတယ်။
လမ်းတွေပေါ်မှာ ကျက်သရေမင်္ဂလာမရှိအောင် ရုပ်ပျက် ဆင်းပျက် ဆိုင်းဘုတ် တွေ ဖြုတ်ချ၊ အရက် ဘီယာ အစားအသောက်တွေ ပလူပျံအောင် ပြန့်ကျဲနေတယ်။
အပျော် ကနေ အပျက် ဘက်ကို ဦးတည်လာကြတယ်။

အမှန်တရားကို ဗုဒ္ဓဘာသာ မြန်မာလူမျိုး
တွေ သိစေချင်၍ရည်ရွယ်ရင်း ....

လေးစားစွာကူးယူဖေါ်ပြပါသည်။

Photo - crd

ဈေးသည်ကြီး လာဘီဗျို့ အမြင့် ၃လက်မ ရှိ ဆွမ်းအုပ်ပုံ အလှဖယောင်းများ ဒီနှစ်ရဲ့ ထုတ်ကုန်အသစ်လေးအဖြစ် မိတ်ဆက်လိုက်ပါတယ်နော့်။...
21/10/2023

ဈေးသည်ကြီး လာဘီဗျို့
အမြင့် ၃လက်မ ရှိ ဆွမ်းအုပ်ပုံ အလှဖယောင်းများ ဒီနှစ်ရဲ့ ထုတ်ကုန်အသစ်လေးအဖြစ် မိတ်ဆက်လိုက်ပါတယ်နော့်။

ဝါကျွတ်ပြီဖြစ်တဲ့အတွက် မင်္ဂလာဆောင်ကြမဲ့မိတ်ဆွေများလဲ (လူမျိုးဘာသာမရွေး တနှစ်ပတ်လုံး အသုံးတည့်တဲ့ ဖယောင်းတိုင် တန်ဖိုးထားချစ်စေရမဲ့ admin ရဲ့ Handmade candle လေး) ကို တခုချင်း တထုပ်ချင်း ၂ခုတွဲဖြစ်စေ မိတ်ဆွေတို့အကြိုက် ဒီဇိုင်းကာလများ ထုတ်ပိုးမှုနှင့် မင်္ဂလာလက်ဆောင်ကမ်းချင်တယ်ဆို hello လိုက်ပါနော် ( 🏷️ဇနီးမောင်နှံအမည် ကို ကဒ်ပြားလေးနဲ့ ပုံနှိပ်တွဲပေးမှာမို့ ပွဲမတိုးမှာမပူနဲ့နော်) တနှစ်ထပ်တစ်နှစ် အားနည်းချက်များကို မွမ်းမံပြင်ဆင်လာခဲ့တာ ထုတ်လုပ်ရောင်းဝယ်ခဲ့တာ ၅နှစ်တိုင်တိုင်ရှိပြီမို့ ကွာလတီနဲ့ အရောင်အသွေးကာလာအနေအထားလုံးဝ လှနေ customized ဖြစ်စေရပါမယ်👌 😘

🕯️❤️🧡💛💚🩵💙💜🤎🤍🩶🩷🖤🕯️
Page‌ လေး 5years Anniversary ရှိခဲ့ပါပြီ....
2019 မှစ၍ ယခု 2023 ထိတိုင် ဝယ်ယူအား‌ပေးသူချစ်မိတ်ဆွေများ အယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်....

🙏သီတင်းကျွတ်ဖို့ ရက်ပိုင်းလေးဘဲလိုတော့တယ်နော့်....

👉အလှပန်းဖယောင်းများရဲ့အားနည်းချက်ဖြစ်‌သောဖယောင်းသားမကုန်တဲ့ပြဿနာကို လုံးဝစိတ်မပူနဲ့တော့နော် မီးဇာမယိုင်လဲ ဖယောင်းသားအကုန်အစင်မီးလောင် အောင်အထူးစီမံထုတ်လုပ်ထားတဲ့ကိုယ်တိုင်လုပ် handmade လက်ရာစစ်စစ်လေးပါရှင့်။

👉အလှဖယောင်းလေးတွေ ဖယောင်းအကုန်ကုန်စင်သွားစေဖို့ရာ ထွန်းတဲ့အခါ မြေဆီမီးခွက် (သို့) ဇောက်နက်တဲ့ခွက်အသေးလေးအောက်ခံထွန်းပေးပါရှင့်။
သေချာလေးစမ်းသပ်ထားပြီးပြီမို့ စိတ်ချလက်ချနဲ့ အားပေးနိုင်ပါပြီရှင့်။

👉ဖယောင်းသား quality ပိုင်း packing ပိုင်းကိုလုံးဝ စိတ်ချမ်းမြေ့စွာ ယုံကြည်စွာနဲ့ ဝယ်ယူပူဇော်နိုင်ပါပြီ။
ပေးရတဲ့‌ဈေးနှုန်း နဲ့ တကယ်တန်မှာမို့ အားပေးကြပါဦးရှင့်။

နှစ်သက်ရာအရောင်ဒီဇိုင်းဖြင့် စိတ်တိုင်းကျဝယ်ယူနိုင်ပါတယ်။
လက်ကားဈေး ရှိပါတယ်နော်။

ဆီမီးတစ်ထောင်ပူဇော်လိုသူများ
သက်စေ့ဆီမီးပူဇော်လိုသူများ
အဓိဌာန်ဘုရားရှိခိုးအမျိုးမျိုး ပူဇော်ကြသူများ
အိမ်ရှေ့ခြံစည်းရိုးကစလို့ အိမ်အဝင်ဝထိမီးထွန်းလိုသူများ
မိမိအိမ်ဘုရား နေ့စဉ်ပူဇော်ဖို့ဖြစ်စေ
လူကြီးမိဘ မိတ်ဆွေများသို့ ကန်တော့ဖို့လက်ဆောင်ခြင်း၊ မွေးနေ့ သို့ မင်္ဂလာဆောင် တို့မှာ လက်ကမ်း ဖြစ်စေ
decoration အတွက်ဖြစ်စေ
မိမိစိတ်တိုင်းကျ ဖယောင်းအရောင်နှင့် Order မှာယူနိုင်ပါတယ်။

ရန်ကုန် အိမ်အရောက်ငွေချေ ပို့ဆောင်ပေးပါတယ်။
မြို့နယ်အလိုက်ပို့ဆောင်ခ ဝယ်သူဘက်မှ ပေးဆောင်ရပါမည်။

5သောင်းဖိုးအထက်မှာယူအား‌ေပးသူများ Delivery free ပါနော်။
နယ်မြို့များ ကားဂိတ်တင်ခ အခမဲ့ပါ။(စရံငွေငွေကြိုလွှဲပေးပါရှင်)

လက်လီ လက်ကား ဝယ်ယူနိုင်ပါပြီ။
chat box မှာ ဈေးနှုန်း မေးမြန်းနိုင်ပါတယ်ရှင်။
ရွာမရပ်ကွက် ထောက်ကြန့်မြို့ မဂ်လာဒုံမြို့နယ်
09799700313 Viber (Kpay/Wavepay) %ပိုမပေးရပါဘူးနော်။
09968290313 မှဖြစ်စေ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။......................................

မလိုအပ်လို့ အားမပေးဖြစ်တောင် နှစ်စဉ် Bill Giveaway အစီအစဉ်လေးတွေရှိတာမို့ ပါဝင်ကံစမ်းရအောင် Page ကို Like follow or seefirst လုပ်ပေးထားပါနော် 😘

Thanks for ordering! 😚
#ဆွမ်းအုပ်ပုံဖယောင်းတိုင်

#အလှဖယောင်း
#ပန်းဖယောင်း

#ဆီမီးလှူခြင်းဖြင့် #ဥာဏ်မျက်စိ_ကြည်လင်ခြင်း

🙏သီတင်းကျွတ်ဖို့ ရက်ပိုင်းလေးဘဲလိုတော့တယ်နော့်....👉အလှပန်းဖယောင်းများရဲ့အားနည်းချက်ဖြစ်‌သောဖယောင်းသားမကုန်တဲ့ပြဿနာကို လု...
17/10/2023

🙏သီတင်းကျွတ်ဖို့ ရက်ပိုင်းလေးဘဲလိုတော့တယ်နော့်....

👉အလှပန်းဖယောင်းများရဲ့အားနည်းချက်ဖြစ်‌သောဖယောင်းသားမကုန်တဲ့ပြဿနာကို လုံးဝစိတ်မပူနဲ့တော့နော် မီးဇာမယိုင်လဲ ဖယောင်းသားအကုန်အစင်မီးလောင် အောင်အထူးစီမံထုတ်လုပ်ထားတဲ့ကိုယ်တိုင်လုပ် handmade လက်ရာစစ်စစ်လေးပါရှင့်။

👉အလှဖယောင်းလေးတွေ ဖယောင်းအကုန်ကုန်စင်သွားစေဖို့ရာ ထွန်းတဲ့အခါ မြေဆီမီးခွက် (သို့) ဇောက်နက်တဲ့ခွက်အသေးလေးအောက်ခံထွန်းပေးပါရှင့်။
သေချာလေးစမ်းသပ်ထားပြီးပြီမို့ စိတ်ချလက်ချနဲ့ အားပေးနိုင်ပါပြီရှင့်။

👉ဖယောင်းသား quality ပိုင်း packing ပိုင်းကိုလုံးဝ စိတ်ချမ်းမြေ့စွာ ယုံကြည်စွာနဲ့ ဝယ်ယူပူဇော်နိုင်ပါပြီ။
ပေးရတဲ့‌ဈေးနှုန်း နဲ့ တကယ်တန်မှာမို့ အားပေးကြပါဦးရှင့်။

🕯️❤️🧡💛💚💙💜🤎🤍💖🕯️

💛 ကြာဖူးဖယောင်း ပန်းဖူးဖယောင်း (၇နာရီခန့် အထွန်းခံပါတယ်)
ကြာ1ဖူး+မြေဆီမီးခွက် 1300ကျပ်
ကြာ3ဖူးပါတဘူး 3700ကျပ်

💚 အလှပန်းဖယောင်း (Size အသေး အမြင့် 2cm အောက်ခြေ 4cm ရှိ ၂နာရီကျော်အထွန်းခံပါတယ်)
6ခုပါတဘူး 1500ကျပ်
8ခုပါတဘူး+မြေဆီမီးခွက် 2000ကျပ်
11ခုပါတဘူး 2600ကျပ်

နှစ်သက်ရာအရောင်ဒီဇိုင်းဖြင့် စိတ်တိုင်းကျဝယ်ယူနိုင်ပါတယ်။
လက်ကားဈေး ရှိပါတယ်နော်။

ဆီမီးတစ်ထောင်ပူဇော်လိုသူများ
သက်စေ့ဆီမီးပူဇော်လိုသူများ
အဓိဌာန်ဘုရားရှိခိုးအမျိုးမျိုး ပူဇော်ကြသူများ
အိမ်ရှေ့ခြံစည်းရိုးကစလို့ အိမ်အဝင်ဝထိမီးထွန်းလိုသူများ
မိမိအိမ်ဘုရား နေ့စဉ်ပူဇော်ဖို့ဖြစ်စေ
လူကြီးမိဘ မိတ်ဆွေများသို့ ကန်တော့ဖို့လက်ဆောင်ခြင်း၊ မွေးနေ့ သို့ မင်္ဂလာဆောင် တို့မှာ လက်ကမ်း ဖြစ်စေ
decoration အတွက်ဖြစ်စေ
မိမိစိတ်တိုင်းကျ ဖယောင်းအရောင်နှင့် Order မှာယူနိုင်ပါတယ်။

ရန်ကုန် အိမ်အရောက်ငွေချေ ပို့ဆောင်ပေးပါတယ်။
မြို့နယ်အလိုက်ပို့ဆောင်ခ ဝယ်သူဘက်မှ ပေးဆောင်ရပါမည်။

5သောင်းဖိုးအထက်မှာယူအား‌ေပးသူများ Delivery free ပါနော်။
နယ်မြို့များ ကားဂိတ်တင်ခ အခမဲ့ပါ။(စရံငွေငွေကြိုလွှဲပေးပါရှင်)

လက်လီ လက်ကား ဝယ်ယူနိုင်ပါပြီ။
chat box မှာ ဈေးနှုန်း မေးမြန်းနိုင်ပါတယ်ရှင်။
ရွာမရပ်ကွက် ထောက်ကြန့် မဂ်လာဒုံမြို့နယ် ရန်ကုန်
09799700313 Viber (Kpay/Wavepay) %ပိုမပေးရပါဘူးနော်။
09968290313 မှဖြစ်စေ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။......................................

မလိုအပ်လို့ အားမပေးဖြစ်တောင် နှစ်စဉ် Bill Giveaway အစီအစဉ်လေးတွေရှိတာမို့ ပါဝင်ကံစမ်းရအောင် Page ကို Like follow or seefirst လုပ်ပေးထားပါနော် 😘

🕯️❤️🧡💛💚💙💜🤎🖤🤍

#အလှဖယောင်း
#ပန်းဖယောင်း
Thanks for ordering! 😚

17/10/2023

အဘိဓမ္မာ အခါတော်နေ့ သီတင်းကျွတ် လပြည့်
=========================

မြန်မာတို့ကသီတင်းကျွတ်လကို ''တူရာသီ''ဟုခေါ်ကြသည်။ ပုဂံခေတ်က ရေးထိုး ခဲ့သော ကျောက်စာများ၌မူ သီတင်းကျွတ်လကို ''သန်တူလ'' ဟူ၍ ရေးထိုးခဲ့ကြ သည်။
ရှေးဟောင်း ဆေးကျမ်း၊ ဗေဒင်ကျမ်းများ၌ လည်း ''သန်တူလ'' ဟူ၍ပင် ရေးသားထားခဲ့ ကြလေသည်။

===================

ဆရာကြီး ဦးဖိုးလတ်၏ ''မြန်မာလအမည်များ'' ကျမ်းတွင် ရှေးခေတ် ကျောက်စာများ၌ မူရင်း လယ်၊ သန်လယ်၊ မုရင်းမည်မျှဟူ၍ ရေးထိုး ထားသည့်အတွက် ''သန်ပုဒ်'' သည် ကောက်စပါး ဟူ၍ အဓိပ္ပာယ် ရသည်ဟု ဆိုသည်။ ''
တူပုဒ်သည်'' ထောင်သည်၊ မတ်သည်၊ စိုက်သည် ဟူသော အဓိပ္ပာယ်ဖြစ်သည်။ မြန်မာတို့နှင့် အနွယ်တူ ဖြစ်သော မုဆိုးဘာသာ၊ လီစူးဘာသာ၊ တရုတ်ဘာသာ တို့တွင်လည်း ''တူသည်'' တက်၊ ထွက်၊ ထ၊ ထောင်၊ ပေါက်ဖြစ်သည်။ ထို့ကြောင့် ''သန်တူလ''ဆိုသည်မှာ ကောက်ပင်၊ စပါးပင်များ ပေါက်ရောက် ထောင်မတ်သော လဖြစ်သည်ဟု ဆိုနိုင်သည်။

မြန်မာတို့ကစပါးကောက်နှံဟူ၍ ဆိုကြသကဲ့သို့
စပါးကောက် သန်ဟန် ဟူ၍လည်း ဆိုကြသည်။

သီတင်းကျွတ်လတွင် စန်းပြည့်နက္ခတ် အဿဝဏီ ထွန်းလင်း တောက်ပသည်။ ၎င်းနှင့် စန်းယှဉ် သောတာရာမှာ ကျီးတာရာဖြစ်၏။ ရာသီရုပ်မှာချိန်ခွင်ကိုင် ကုန်သည်ရုပ်ဖြစ်သည်။

ရာသီပန်းမှာ.ကြာမျိုးငါးမည်ဖြစ်၍ ပွဲတော်မှာ ဆီမီးထွန်း ပွဲတော် ဖြစ်လေသည်။ သီတင်းကျွတ်လ သည် ရှေးဘုရင်မင်းများ လက်ထက်တော်က မြန်မာနာရီအားဖြင့် ဆိုလျှင် နေ့ ၃ဝ၊ ည နာရီ ၃ဝ ဖြစ်သည်။ ရှေးမြန်မာစံတော်ချိန် သတ်မှတ်ချက်အရ နေမွန်းတည့်၌ သုံးဖဝါးရှိသော လလည်းဖြစ်ပေသည်။

နေ့တာနှင့် ညတာက အရှည်တူ၍ မျှတသော လဖြစ်ပေသည်။ အပူအအေး မပြင်းထန်သော လဖြစ်သဖြင့် နေလို့ထိုင်လို့ ကောင်းသည်။ ထိုလ၌ ဆီမီးထွန်းပွဲတော်ကို ကျင်းပလေ့ ရှိရာ ထိုပွဲကို မီးမြင့်မိုရ်ပွဲ၊တာဝတိံသာပွဲဟုလည်း ခေါ်ကြသည်။

မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည် ဆင်းသက် လာရာ၌ ဆီမီးများ ထွန်းညှိ ကြိုဆိုကြသည်ကို ရည်စူး၍ နှစ်စဉ် ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

သီတင်းကျွတ် မီးထွန်းပွဲတော် ဖြစ်ပေါ်လာပုံမှာ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် ဘုရား ဆုပန်ခဲ့သည်မှာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း တိုင်အောင်ပင် ပါရမီတော်များကို ဖြည့်ဆည်းခဲ့ရာ သိဒ္ဓိတ္ထဘဝသည် နောက်ဆုံးဘဝ ဖြစ်ခဲ့သည်။ လူ့ဘဝကို ငြီးငွေ့စေသည့် ''အို၊ နာ၊ သေ၊ ရဟန်း'' စသည့် နိမိတ်ကြီး လေးပါးကို မြင်ခဲ့ပြီးနောက် မိဂဒါဝုန်တောသို့ တောထွက်ခဲ့သည်။ ဆံပင်ကို စွန့်ပယ်ကာ ရဟန်းပြု၍ ပဉ္စဝဂ္ဂီငါးဦးတို့၏ အလုပ်အကျွေး ပြုမှု ကို ခံယူကာ ဒုက္ကရစရိယာ ခြောက်နှစ်တိုင်တိုင် ကျင့်ခဲ့သော်လည်း ဘုရားအဖြစ်သို့ ရောက်ရှိတော် မမူခဲ့ပါ။ ပဉ္စသိင်္ခနတ်သားက သူ၏ ဗေဠုဝ စောင်းတော်ကြီးမှ စောင်းကြိုးကို တင်း၍ တစ်မျိုး၊ လျှော့၍တစ်ဖုံ တီးခတ်သတိပေးခဲ့ရာ ဘုရားအလောင်းမှာ သတိဝင်၍ ဒုက္ကရစရိယာ အကျင့်ကို စွန့်တော် မူခဲ့သည်။ ဗြဟ္မာကို ရည်စူး၍ ညောင်ပင်၌ကပ်လှူခဲ့သော

ဃာန၏ နို့ဆွမ်းကို သုံးဆောင်ပြီး မလျော့မတင်းသော မဇ္ဈိမပဋိပဒါအကျင့်ကို ကျင့်တော်မူ ခဲ့သောကြောင့် ပဉ္စဝဂ္ဂီငါးဦးတို့က ဘုရားအလောင်းတော်ကို ဖယ်ကြဉ်၍ ထွက်ခွာ သွားခဲ့ ကြသည်။ နောက်ဆုံး မိဂဒါဝုန တောထဲ၌ တစ်ပါးတည်း ကျန်ရစ်ခဲ့ကာ မာရ်နတ်၏ ရန်ကို အောင်မြင်တော်မူ၍ ပုဗ္ဗေနိဝါသဥာဏ်၊ ဒိဗ္ဗစက္ခုဥာဏ်၊ အာသွက္ခရဥာဏ်တော်တို့ကို ရရှိ တော်မူကာ လောကသုံးပါး၌ ဘုရားစင်စစ် ဧကန်ဖြစ်တော်မူခဲ့လေသည်။

ဘုရားအဖြစ်သို့ ရောက်ရှိတော် မူခဲ့ပြီးနောက် ပဉ္စဝဂ္ဂီငါးဦးတို့ ရှိရာ ဥရုဝေလ တောအုပ်သို့ ကြွချီတော် မူပြီးနောက် တရားဦး ဓမ္မစကြာကို ခုနစ်ရက်တိုင်တိုင် ဟောကြားတော် မူခဲ့သည်။ ထို့နောက် မဟာသက္ကရာဇ် ၁ဝ၉ ခုနှစ် ဝါဆိုလပြည့် ညနေပိုင်းတွင် တာဝတိံ သာနတ်ပြည်သို့ မယ်တော် မိနတ်သားအား တရားဟောရန် ကြွချီတော် မူခဲ့လေသည်။ တရားဟော ရခြင်းမှာ မယ်တော် ဖြစ်ခဲ့ဖူးသူ သန္တုသိနတ်သားကို မွေးကျေးဇူးဆပ်ရန် ဖြစ်လေသည်။ တာဝတိံသာ နတ်ပြည်၌ မယ်တော်မိနတ်သား အပါအဝင် နတ်၊ ဗြဟ္မာ အပေါင်းတို့ကို တစ်နေ့နှင့် တစ်ရက် (လူ့သက်တမ်း၌ ဝါတွင်းသုံးလပတ်လုံး) အဘိဓမ္မာ တရားတော်ကို နေ့ညမစဲ တရား ဟောတော်မူရာ သီတင်းကျွတ် လပြည့်နေ့၌ တရားစခန်း သိမ်းလေသည်။ ထို့ကြောင့် နတ်ပြည်မှ လူ့ပြည်ဖြစ်သော သင်္ကဿနဂိုရ်မြို့သို့ ပြန်လည်ဆင်းသက် ကြွချီတော်မူရာ လူ့ပြည်မှ မင်းနှင့်တကွ ပရိသတ် အပေါင်းတုိ့က မြတ်စွာဘုရားရှင်ကို ဆီမီးနံ့သာများဖြင့် ထွန်းညှိ ပူဇော် ကြိုဆိုခဲ့ကြသည့် အစဉ်အလာကို နှစ်စဉ်နှစ်တိုင်း မြတ်စွာဘုရားရှင်ကို ရည်စူး၍ ကျင်းပလာခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်လေသည်။

မြတ်စွာ ဘုရားရှင် လူ့ပြည်သို့ ဆင်းသက်တော်မူရန် သိကြားမင်းက စောင်းတန်းကြီး သုံးသွယ်ကို ဖန်ဆင်း ပေးခဲ့သည်။ ရွှေစောင်းတန်းတွင် နတ်များကလည်းကောင်း၊ ငွေစောင်း တန်းတွင် ဗြဟ္မာကြီးများက လည်းကောင်း လိုက်ပါ လာကြ၍ ဂေါတမ ဘုရားရှင်က ပတ္တမြား စောင်းတန်းမှ ကြွချီတော်မူသည်။ သိကြားမင်းသည် ဘုရားရှင်ကို ရွှေထီးမိုး၍ လည်းကောင်း၊ ပဉ္စသိင်္ခနတ်သားက သုံးဂါဝုတ် မျှကြီးသော ဗေဠုဝနတ်စောင်းကြီးကို တီး၍ လည်းကောင်း၊ မာတလိနတ်သားက ပန်းမန်နံ့သာ အမွှေးအကြိုင်တို့ဖြင့် ဘုရားရှင်ကို ပူဇော်၍လည်းကောင်း၊ သုယာမ နတ်မင်းက စာမရီသားမြီးယပ်တို့ဖြင့် ဘုရားရှင်ကို ယပ်ခပ် ပူဇော်၍လည်းကောင်း၊ သန္တုသိတနတ်မင်းက ပတ္တမြားယပ်ဝန်းကို ခပ်၍လည်းကောင်း၊ သိကြားမင်းက ကဝိဇယုတ္တရ ခရုသင်းကို မှုတ်၍ လည်းကောင်း၊ ဂန္ဓဗ္ဗနတ်များက သီဆိုကခုန်လျက် လည်းကောင်း ဆင်းသက် လိုက်ပါ လာကြပုံကို ပုဂံခေတ် မြင်းကပါရပ် ဂူပြောက်ကြီး ဘုရား နံရံဆေး ပန်းချီ ကား၌ ရေးဆွဲထားသည်ကို လေ့လာ တွေ့ရှိနိုင်သည်။

ထို့ပြင် အင်ဂုံရွာစားဝန်ကြီး သီရိဥဇနာ၏ ကုန်းဘောင်ခေတ်ဦး လောကဗျူဟာကျမ်းတွင် သီတင်းကျွတ် လဆန်း ၁၄ ရက် လပြည့်ကျော် ၁ ရက်နေ့အခါ သုံးရက်တွင် မြို့တွင်း ရွှေစည်း ခုံ၊ ကူတော်သစ်၊ မာန်အောင်ရတနာ၊ ရွှေရင်ရဲ၊ ရန်အောင်မြင်၊ မဟာမုနိ၊ တံတားဦး မင်္ဂလာ စေတီတော်၊ ပန်းယ ရွှေစည်းခုံ၊ တူရွင်းခြေဘုရား၊ စစ်ကိုင်းချမ်းသာကြီး၊ ရှင်ဖြူရှင်လှ၊ ပုည စေတီ၊ ပတ္တမြားစေတီ၊ ရာဇမဏီ စူဠဘုရားများကို ဘုရားတစ်ဆူလျှင် ဆီမီး ခွက် ထွန်း ပြာသာဒ်မီးခွက် ၁ဝဝ၊ မီးစာစုံနှင့် ဆီသုံးပိဿာမီးထွန်းကြပ်၊ သွေးသောက်စုမြင်းတော်သည် ရွှေပန်းပန်နှစ်ယောက်စီခန့်၍ သုံးရက် မီးပူဇော်ရသည်ဟူ၍ ရေးသားခဲ့သည်ကို ထောက်ရှု ခြင်းဖြင့် ဘုရားစေတီတော်တို့တွင် ဆီမီးခွက်ထွန်းပြာသာဒ်များ၊ မီးစာ၊ မီးစာဆီများကို ထွန်းညှိ ပူဇော်ရန် မီးထွန်းသူ မင်းလုလင်များကို ခန့်ထားပေး၍ သုံးရက် တိုင်တိုင် (လမပြည့်မီ၊ လပြည့် နှင့် လပြည့်ကျော်တစ်ရက်) မီးပူဇော်ခဲ့ကြောင်း သိနိုင်ပေသည်။

သီတင်းကျွတ် လပြည့်နေ့တွင် သာသနာ့ ဝန်ထမ်း ရဟန်းတော်များက ပဝါရဏာ ပွဲတော် ကျင်းပလေ့ ရှိသည်။ သိက္ခာတော် ဝါတော် အကြီးဆုံးဖြစ်သော မထေရ်ကြီးက လက်ဝဲဘက် ပခုံးပေါ်တွင် ကေသီ သင်္ကန်းကိုတင်လျက် ဆောင့်ကြောင့် ထိုင်ပြီးလျှင် ''ငါ့ရှင်တို့ တပည့် တော်သည် သံဃာကို ပင့်ဖိတ်ပါ၏။ တပည့်တော်၏ အဖြစ်ကိုမြင်လျှင်သော်လည်းကောင်း၊ ကြားလျှင် သော်လည်းကောင်း၊ သံသယရှိလျှင် သော်လည်းကောင်း၊ တပည့်တော် အားသနား သဖြင့် ပြော၍ဆို၍ သတိပေးပါ၊ အပြစ်ကိုရှာ၍ ကုစားပါမည်'' ဟု သုံးကြိမ်တိုင်တိုင် သံဃာ များကို ဖိတ်ကြား တိုက်တွန်း၍ ကျန်သံဃာတော်တို့က သာဓုသုံးကြိမ် ခေါ်ကြရသည်။ ထိုပဝါရဏာနည်းတူ လူတို့မှာလည်း မိမိတို့ထက်ကြီးမြင့်သော သက်ကြီးရွယ်အိုများ၊ မိဘ ဘိုးဘွားများကို အပြစ်မှ ခွင့်လွှတ်စေကြောင်း ဝန်ချ၍ ကန်တော့ကြသည်မှာ မြန်မာ့ယဉ်ကျေးမှု

အစဉ်အလာ သီတင်းကျွတ်ပွဲတော်၏ အနှစ်သာရပင်ဖြစ်လေသည်။ တတ်နိုင်သူတို့ကလည်း နိဗ္ဗာန်စျေးများ ဖွင့်လှစ်ကာ လာလာသမျှသော လူတို့ကို အယုတ်၊ အလတ်၊ အမြတ်မရွေး စတုဒိသာ ကျွေးမွေးပွဲများ ပြုလုပ် ကျွေးမွေး လှူဒါန်း ကြလေသည်။

သီတင်းကျွတ် လပြည့်သည် မြန်မာတို့အတွက် ဘာသာရေး အနှစ်သာရ ပြည့်ထွန်း နေသည့် လဖြစ်သည့် အပြင် ရဟန်းတော် များအဖို့ ဝါလကင်းလွတ်သည့်လ ဖြစ်သောကြောင့် ဝါပန်စရာ မလိုဘဲ ခရီးသွားလာခွင့် ရကြလေသည်။ စိုစွတ်သောရာသီမှ လွတ်ကင်းသော ကြောင့် ကုန်သည် လယ်လုပ် ပြည်သူပြည်သားများ အဖို့မှာလည်း ရောင်းဝယ် ဖောက်ကား သွားရေး လာရေး အဆင်ပြေသောလလည်းဖြစ်သည်။

ရှေးစာဆိုတို့ကလည်း မြန်မာစာပေ လင်္ကာများဖြင့် သီတင်းကျွတ်လကို ဖွဲ့ဆိုခဲ့ကြရာ အမည်မသိ ရှေးစာဆိုတော် တစ်ဦးက မီးဖြူမီးဝါ ထိန်လင်းလို့ သီတင်းကျွတ် ချိန်ခါ၊ ဓာတ်ဝါ ရောမငြိမ်တယ်၊ ထူအိမ်ငယ်မယွင်း၊ စိတြသဝဏီ၊ နေ့ညဉ့်မီးထွန်းလျှံလို့လင်း၊ ကျီးတာရာ အနင်းမို့၊ အိုင်အင်းမှာ တွေတွေ၊ ကြာငါးမျိုးဝတ် ဆံကြွေသည်။ ရေနဒီမောက်ဖြိုး၊ မြတ်ဗုဒ္ဓ စွယ်တော်ကို ရှိကော်ရော်ဦးချလို့မိုး... မီးထွန်းပွဲ ကျင်းပသော သီတင်းကျွတ်လ၌ လေမငြိမ် သကဲ့သို့ ရေများ လည်းဖြိုးမောက် နေတတ်သေးကြောင်း ရေးဖွဲ့ခဲ့သည်။ ကင်းဝန်မင်းကြီး၏ တစ်ဆယ့်နှစ်လရာသီ သံပေါက်တွင်မူ ''သီတင်းကျွတ်ပြီ၊ တူရာသီ အဿဝဏီရှိန်ဝါ ရွန်း ကြာမျိုးလည်းစို၊ မီးမြင်းမိုရ်၊ ဗဟိုအခြားထွန်း'' ဟူ၍ရေးဖွဲ့ခဲ့သည်။

ဘိုးသူတော်ဦးမင်း၏ ''ဆယ့်နှစ်ရာသီဖွဲ့သဖြန်၌ ကြာငါးမည် ကြိုင်သင်းလို့ လျှံဝင်းတဲ့ ပြောင်ထိန်၊ ရွှေနန်းတောင်တော်ဦးမှာလ၊ ကွန့်မြူးမြင်းမိုရ်မီး၊ညီးတဲ့ခါ ချိန်၊ ရှိခိုးငယ်နှိမ်၊ သုံးကြိမ်ရိုပျောင်း၊ သကစ္စဂါရဝနှင့် စဉ်အလာပူဇော်ပွဲကို ခဲကြပေတောင်း''ဟု စပ်ဆိုခဲ့လေသည်။

မြန်မာတို့သည် ၁၂ လရာသီပွဲများကို ဘာသာရေး၊ လူမှုရေး၊ ရိုးရာဓလေ့စသည့် ရှုထောင့် အမျိုးမျိုးဖြင့် ကျင်းပ လာခဲ့ကြရာ ပျော်ပွဲရွှင်ပွဲများ၊ ဇာတ်ပွဲ၊ ရုပ်သေးကြည့်ချင်ပွဲများ၊ အလှူ အတန်းများ၊ စတုဒိသာ ကျွေးမွေးပွဲများဖြင့် စိတ်အေးချမ်းသာစွာ ကျင်းပလာနိုင်ခဲ့ကြသည်။ ယခုအခါ မြန်မာလူမျိုးတို့သည် တိုင်းတစ်ပါးယဉ်ကျေးမှုများကို အတုခိုး မှားလာကြသဖြင့် သက္ကစ္စဂါရ ဝတရားများ၌ ယုတ်လျော့လာကြတာ မလုံ့တလုံ ဝတ်စားခြင်း၊ မူးယစ် သောက်စား ခြင်း၊ နှုတ်မှုရေးရာ ပေါ့သွမ်းခြင်း၊ မောင်နှင့်နှမ၊ သားနှင့်အမိ မမြင်ဝံ့သောအပြုအမူများကို ရဟန်းသံဃာနှင့် သက်ကြီးသူတို့၏ ရှေ့၌မရှောင်၊ အနေအထိုင် အထိန်းအကွပ် မရှိခြင်း တို့မှာ ဘာသာရေး အနှစ်သာရနှင့် လုံးလုံးလျားလျားကြီး ဖီလာဆန့်ကျင်နေသောကြောင့် မြန်မာပီပီ ရိုးရာယဉ်ကျေးမှုကို မြတ်နိုးစွာဖြင့် အဘိဓမ္မာ အခါတော်နေ့ ဖြစ်သော သီတင်းကျွတ် ပွဲတော် ကြီးကို ဘာသာရေး အနှစ်သာရ ပြည့်ဝစွာဖြင့် ''ပျော်ပျော်ရွှင်ရွှင် ပါဝင် ဆင်နွှဲကြပါစို့''ဟု ရေး သားလိုက် ရပေတော့သတည်း။

မူရင်းရေးသားသူအားcreditပေးပါ၏
# ⓢⓞⓔ

 #ဆီမီးလှူရသောအကျိုး===================မြတ်စွာဘုရားရှင် လက်ထက်တော်အခါကသာဝတ္ထိပြည်သူ တစ်ဦးသည် တရားပွဲ၌  #ဆီမီးညှိထွန်း လ...
17/10/2023

#ဆီမီးလှူရသောအကျိုး
===================

မြတ်စွာဘုရားရှင် လက်ထက်တော်အခါက
သာဝတ္ထိပြည်သူ တစ်ဦးသည် တရားပွဲ၌
#ဆီမီးညှိထွန်း လှူဒါန်းသဖြင့် သေလွန်သောအခါ တာဝတိံသာ နတ်ပြည်၌ ဖြစ်ရလေသည်။

#ဆီမီးလှူခြင်းဖြင့် ရရှိနိုင်သော
အခြားအကျိုးများလည်း ရှိသေး၏။
ယင်းတို့ကား...

၁။ #ပကတိ_မျက်စိကြည်လင်ခြင်း၊

၂။ #ဥာဏ်မျက်စိ_ကြည်လင်ခြင်း တို့ဖြစ်သည်။

#ဓမ္မဒါန

🙏သီတင်းကျွတ်ဖို့ ရက်ပိုင်းလေးဘဲလိုတော့တယ်နော့်....

🕯️❤️🧡💛💚💙💜🤎🤍💖🕯️

💛 ကြာဖူးဖယောင်း ပန်းဖူးဖယောင်း (၇နာရီခန့် အထွန်းခံပါတယ်)
ကြာ1ဖူး+မြေဆီမီးခွက် 1300ကျပ်
ကြာ3ဖူးပါတဘူး 3700ကျပ်

💚 အလှပန်းဖယောင်း (Size အသေး အမြင့် 2cm အောက်ခြေ 4cm ရှိ ၂နာရီကျော်အထွန်းခံပါတယ်)
6ခုပါတဘူး 1500ကျပ်
8ခုပါတဘူး+မြေဆီမီးခွက် 2000ကျပ်
11ခုပါတဘူး 2600ကျပ်

နှစ်သက်ရာအရောင်ဒီဇိုင်းဖြင့် စိတ်တိုင်းကျဝယ်ယူနိုင်ပါတယ်။
လက်ကားဈေး ရှိပါတယ်နော်။

ဆီမီးတစ်ထောင်ပူဇော်လိုသူများ
သက်စေ့ဆီမီးပူဇော်လိုသူများ
အဓိဌာန်ဘုရားရှိခိုးအမျိုးမျိုး ပူဇော်ကြသူများ
အိမ်ရှေ့ခြံစည်းရိုးကစလို့ အိမ်အဝင်ဝထိမီးထွန်းလိုသူများ
မိမိအိမ်ဘုရား နေ့စဉ်ပူဇော်ဖို့ဖြစ်စေ
လူကြီးမိဘ မိတ်ဆွေများသို့ ကန်တော့ဖို့လက်ဆောင်ခြင်း၊ မွေးနေ့ သို့ မင်္ဂလာဆောင် တို့မှာ လက်ကမ်း ဖြစ်စေ
decoration အတွက်ဖြစ်စေ
မိမိစိတ်တိုင်းကျ ဖယောင်းအရောင်နှင့် Order မှာယူနိုင်ပါတယ်။

ရန်ကုန် အိမ်အရောက်ငွေချေ ပို့ဆောင်ပေးပါတယ်။

လက်လီ လက်ကား ဝယ်ယူနိုင်ပါပြီ။
chat box မှာ ဈေးနှုန်း မေးမြန်းနိုင်ပါတယ်ရှင်။
09799700313 Viber (Kpay/Wavepay) %ပိုမပေးရပါဘူးနော်။
09968290313 မှဖြစ်စေ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။......................................

💎 Shwe Handmade Candles 💎 Page‌ လေး 5years Anniversary ရှိခဲ့ပါပြီ

2019 မှစ၍ ယခု 2023 ထိတိုင် ဝယ်ယူအား‌ပေးသူချစ်မိတ်ဆွေများ အယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်
အလှဖယောင်းလေးတွေ ဖယောင်းအကုန်ကုန်စင်သွားစေဖို့ရာ ထွန်းတဲ့အခါ မြေဆီမီးခွက် (သို့) ဇောက်နက်တဲ့ခွက်အသေးလေးအောက်ခံထွန်းပေးပါရှင့်။
သေချာလေးစမ်းသပ်ထားပြီးပြီမို့ စိတ်ချလက်ချနဲ့ အားပေးနိုင်ပါပြီရှင့်။

မလိုအပ်လို့ အားမပေးဖြစ်တောင် နှစ်စဉ် Bill Giveaway အစီအစဉ်လေးတွေရှိတာမို့ ပါဝင်ကံစမ်းရအောင် Page ကို Like follow or seefirst လုပ်ပေးထားပါနော် 😘

🕯️❤️🧡💛💚💙💜🤎🖤🤍

#အလှဖယောင်း
#ပန်းဖယောင်း
Thanks for ordering! 😚

🙏သီတင်းကျွတ်ဖို့ ရက်ပိုင်းလေးဘဲလိုတော့တယ်နော့်....👉အလှပန်းဖယောင်းများရဲ့အားနည်းချက်ဖြစ်‌သောဖယောင်းသားမကုန်တဲ့ပြဿနာကို လု...
17/10/2023

🙏သီတင်းကျွတ်ဖို့ ရက်ပိုင်းလေးဘဲလိုတော့တယ်နော့်....

👉အလှပန်းဖယောင်းများရဲ့အားနည်းချက်ဖြစ်‌သောဖယောင်းသားမကုန်တဲ့ပြဿနာကို လုံးဝစိတ်မပူနဲ့တော့နော် မီးဇာမယိုင်လဲ ဖယောင်းသားအကုန်အစင်မီးလောင် အောင်အထူးစီမံထုတ်လုပ်ထားတဲ့ကိုယ်တိုင်လုပ် handmade လက်ရာစစ်စစ်လေးပါရှင့်။

👉အလှဖယောင်းလေးတွေ ဖယောင်းအကုန်ကုန်စင်သွားစေဖို့ရာ ထွန်းတဲ့အခါ မြေဆီမီးခွက် (သို့) ဇောက်နက်တဲ့ခွက်အသေးလေးအောက်ခံထွန်းပေးပါရှင့်။
သေချာလေးစမ်းသပ်ထားပြီးပြီမို့ စိတ်ချလက်ချနဲ့ အားပေးနိုင်ပါပြီရှင့်။

👉ဖယောင်းသား quality ပိုင်း packing ပိုင်းကိုလုံးဝ စိတ်ချမ်းမြေ့စွာ ယုံကြည်စွာနဲ့ ဝယ်ယူပူဇော်နိုင်ပါပြီ။
ပေးရတဲ့‌ဈေးနှုန်း နဲ့ တကယ်တန်မှာမို့ အားပေးကြပါဦးရှင့်။

🕯️❤️🧡💛💚💙💜🤎🤍💖🕯️

💛 ကြာဖူးဖယောင်း ပန်းဖူးဖယောင်း (၇နာရီခန့် အထွန်းခံပါတယ်)
ကြာ1ဖူး+မြေဆီမီးခွက် 1300ကျပ်
ကြာ3ဖူးပါတဘူး 3700ကျပ်

💚
လက်လီ လက်ကား ဝယ်ယူနိုင်ပါပြီ။
chat box မှာ ဈေးနှုန်း မေးမြန်းနိုင်ပါတယ်ရှင်။
09799700313 Viber (Kpay/Wavepay) %ပိုမပေးရပါဘူးနော်။
09968290313 မှဖြစ်စေ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။.....................................

🕯️❤️🧡💛💚💙💜🤎🖤🤍

#အလှဖယောင်း
#ပန်းဖယောင်း
Thanks for ordering! 😚

🙏သီတင်းကျွတ်ဖို့ ရက်ပိုင်းလေးဘဲလိုတော့တယ်နော့်....👉အလှပန်းဖယောင်းများရဲ့အားနည်းချက်ဖြစ်‌သောဖယောင်းသားမကုန်တဲ့ပြဿနာကို လု...
17/10/2023

🙏သီတင်းကျွတ်ဖို့ ရက်ပိုင်းလေးဘဲလိုတော့တယ်နော့်....

👉အလှပန်းဖယောင်းများရဲ့အားနည်းချက်ဖြစ်‌သောဖယောင်းသားမကုန်တဲ့ပြဿနာကို လုံးဝစိတ်မပူနဲ့တော့နော် မီးဇာမယိုင်လဲ ဖယောင်းသားအကုန်အစင်မီးလောင် အောင်အထူးစီမံထုတ်လုပ်ထားတဲ့ကိုယ်တိုင်လုပ် handmade လက်ရာစစ်စစ်လေးပါရှင့်။

👉အလှဖယောင်းလေးတွေ ဖယောင်းအကုန်ကုန်စင်သွားစေဖို့ရာ ထွန်းတဲ့အခါ မြေဆီမီးခွက် (သို့) ဇောက်နက်တဲ့ခွက်အသေးလေးအောက်ခံထွန်းပေးပါရှင့်။
သေချာလေးစမ်းသပ်ထားပြီးပြီမို့ စိတ်ချလက်ချနဲ့ အားပေးနိုင်ပါပြီရှင့်။

👉ဖယောင်းသား quality ပိုင်း packing ပိုင်းကိုလုံးဝ စိတ်ချမ်းမြေ့စွာ ယုံကြည်စွာနဲ့ ဝယ်ယူပူဇော်နိုင်ပါပြီ။
ပေးရတဲ့‌ဈေးနှုန်း နဲ့ တကယ်တန်မှာမို့ အားပေးကြပါဦးရှင့်။

🕯️❤️🧡💛💚💙💜🤎🤍💖🕯️

💚 အလှပန်းဖယောင်း (Size အသေး အမြင့် 2cm အောက်ခြေ 4cm ရှိ ၂နာရီကျော်အထွန်းခံပါတယ်)
6ခုပါတဘူး 1500ကျပ်
8ခုပါတဘူး+မြေဆီမီးခွက် 2000ကျပ်
11ခုပါတဘူး 2600ကျပ်

🕯️❤️🧡💛💚💙💜🤎🖤🤍

#အလှဖယောင်း
#ပန်းဖယောင်း
Thanks for ordering! 😚

💎 Shwe Handmade Candles 💎  Page‌ လေး 5years Anniversary ရှိခဲ့ပါပြီ....2019 မှစ၍ ယခု 2023 ထိတိုင် ဝယ်ယူအား‌ပေးသူချစ်မိတ်...
17/10/2023

💎 Shwe Handmade Candles 💎 Page‌ လေး 5years Anniversary ရှိခဲ့ပါပြီ....
2019 မှစ၍ ယခု 2023 ထိတိုင် ဝယ်ယူအား‌ပေးသူချစ်မိတ်ဆွေများ အယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်....

🙏သီတင်းကျွတ်ဖို့ ရက်ပိုင်းလေးဘဲလိုတော့တယ်နော့်....

👉အလှပန်းဖယောင်းများရဲ့အားနည်းချက်ဖြစ်‌သောဖယောင်းသားမကုန်တဲ့ပြဿနာကို လုံးဝစိတ်မပူနဲ့တော့နော် မီးဇာမယိုင်လဲ ဖယောင်းသားအကုန်အစင်မီးလောင် အောင်အထူးစီမံထုတ်လုပ်ထားတဲ့ကိုယ်တိုင်လုပ် handmade လက်ရာစစ်စစ်လေးပါရှင့်။

👉အလှဖယောင်းလေးတွေ ဖယောင်းအကုန်ကုန်စင်သွားစေဖို့ရာ ထွန်းတဲ့အခါ မြေဆီမီးခွက် (သို့) ဇောက်နက်တဲ့ခွက်အသေးလေးအောက်ခံထွန်းပေးပါရှင့်။
သေချာလေးစမ်းသပ်ထားပြီးပြီမို့ စိတ်ချလက်ချနဲ့ အားပေးနိုင်ပါပြီရှင့်။

👉ဖယောင်းသား quality ပိုင်း packing ပိုင်းကိုလုံးဝ စိတ်ချမ်းမြေ့စွာ ယုံကြည်စွာနဲ့ ဝယ်ယူပူဇော်နိုင်ပါပြီ။
ပေးရတဲ့‌ဈေးနှုန်း နဲ့ တကယ်တန်မှာမို့ အားပေးကြပါဦးရှင့်။

🕯️❤️🧡💛💚💙💜🤎🤍💖🕯️

💛 ကြာဖူးဖယောင်း ပန်းဖူးဖယောင်း (၇နာရီခန့် အထွန်းခံပါတယ်)
ကြာ1ဖူး+မြေဆီမီးခွက် 1300ကျပ်
ကြာ3ဖူးပါတဘူး 3700ကျပ်

💚 အလှပန်းဖယောင်း (Size အသေး အမြင့် 2cm အောက်ခြေ 4cm ရှိ ၂နာရီကျော်အထွန်းခံပါတယ်)
6ခုပါတဘူး 1500ကျပ်
8ခုပါတဘူး+မြေဆီမီးခွက် 2000ကျပ်
11ခုပါတဘူး 2600ကျပ်

နှစ်သက်ရာအရောင်ဒီဇိုင်းဖြင့် စိတ်တိုင်းကျဝယ်ယူနိုင်ပါတယ်။
လက်ကားဈေး ရှိပါတယ်နော်။

ဆီမီးတစ်ထောင်ပူဇော်လိုသူများ
သက်စေ့ဆီမီးပူဇော်လိုသူများ
အဓိဌာန်ဘုရားရှိခိုးအမျိုးမျိုး ပူဇော်ကြသူများ
အိမ်ရှေ့ခြံစည်းရိုးကစလို့ အိမ်အဝင်ဝထိမီးထွန်းလိုသူများ
မိမိအိမ်ဘုရား နေ့စဉ်ပူဇော်ဖို့ဖြစ်စေ
လူကြီးမိဘ မိတ်ဆွေများသို့ ကန်တော့ဖို့လက်ဆောင်ခြင်း၊ မွေးနေ့ သို့ မင်္ဂလာဆောင် တို့မှာ လက်ကမ်း ဖြစ်စေ
decoration အတွက်ဖြစ်စေ
မိမိစိတ်တိုင်းကျ ဖယောင်းအရောင်နှင့် Order မှာယူနိုင်ပါတယ်။

ရန်ကုန် အိမ်အရောက်ငွေချေ ပို့ဆောင်ပေးပါတယ်။
မြို့နယ်အလိုက်ပို့ဆောင်ခ ဝယ်သူဘက်မှ ပေးဆောင်ရပါမည်။

5သောင်းဖိုးအထက်မှာယူအား‌ေပးသူများ Delivery free ပါနော်။
နယ်မြို့များ ကားဂိတ်တင်ခ အခမဲ့ပါ။(စရံငွေငွေကြိုလွှဲပေးပါရှင်)

လက်လီ လက်ကား ဝယ်ယူနိုင်ပါပြီ။
chat box မှာ ဈေးနှုန်း မေးမြန်းနိုင်ပါတယ်ရှင်။
09799700313 Viber (Kpay/Wavepay) %ပိုမပေးရပါဘူးနော်။
09968290313 မှဖြစ်စေ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။......................................

မလိုအပ်လို့ အားမပေးဖြစ်တောင် နှစ်စဉ် Bill Giveaway အစီအစဉ်လေးတွေရှိတာမို့ ပါဝင်ကံစမ်းရအောင် Page ကို Like follow or seefirst လုပ်ပေးထားပါနော် 😘

🕯️❤️🧡💛💚💙💜🤎🖤🤍

#အလှဖယောင်း
#ပန်းဖယောင်း
Thanks for ordering! 😚

17/10/2023

Address

Yangon

Telephone

+959799700313

Website

Alerts

Be the first to know and let us send you an email when Handmade by ShweJara posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Handmade by ShweJara:

Share

Category