Healthy Glow Myanmar Cosmetics

Healthy Glow Myanmar Cosmetics ဈေးနှုန်းချိုသာထိရောက်တာလူတိုင်းအ?

မယုံရင် orderတင်ကြည့်😁
02/09/2021

မယုံရင် orderတင်ကြည့်😁

😂😂😂😂

ဒီpageလေးမှာ ကံစမ်းပေးအုံးနော် အမျိုးတွေ😘😘😘
01/09/2021

ဒီpageလေးမှာ ကံစမ်းပေးအုံးနော် အမျိုးတွေ😘😘😘

"လာပါသူငယ်ချင်း" စီဗစ်ဝယ်မရဘူးလားလာပါ သူငယ်ချင်း ဂါလီနဲ့တွန်းပြီးရောင်းတဲ့ "နာနတ်သီး" တထောင်ဖိုး ၅လုံး။စိမ်းတာကိုရွေး စာ...
26/07/2021

"လာပါသူငယ်ချင်း"

စီဗစ်ဝယ်မရဘူးလား

လာပါ သူငယ်ချင်း

ဂါလီနဲ့တွန်းပြီးရောင်းတဲ့ "နာနတ်သီး" တထောင်ဖိုး ၅လုံး။
စိမ်းတာကိုရွေး စားပေါ့။

သံပုရာသီးက တထောင်ဖိုး အလုံး(၃၀)
တလုံးက စီဗစ်တပြားအာနိသင်မကဘူး။

D-3 နဲ့ ဗိုက်တာမင် အီးက
စျေးကြီးလို့ မဝယ်နိုင်ဘူးလား

လာပါ သူငယ်ချင်း
နေပူထဲမှာ ၁၅မိနစ် နေရင်း
လေ့ကျင့်ခန်းလေး လုပ်ကြမယ်။

ဇင့်က ဝယ်မရဘူးလား

လာပါ သူငယ်ချင်း
ကုန်ခြောက်ဆိုင်က ငါးလေးခြောက်က
တပိသာ ၁၅၀၀ကျပ်ထဲပါ။

နွားနို့တဗူး၁၂၀၀ကျပ်ထဲပါ။

နှာခေါင်းစည်း စျေးကြီးနေလား

လာပါ သူငယ်ချင်း
အိမ်ကအပ်ချုပ်စက်နဲ့
အိကျီအဟောင်းကို ညှပ်ပြီး
နှာခေါင်းစည်း ချုပ်ကြရအောင်။

လက်သန့်ဆေးရေ စျေးကြီးနေလား

လာပါ သူငယ်ချင်း
ကာဘော်လစ်နဲ့ လက်ဆေးကြမယ်။

🙏လာပါသူငယ်ချင်း
ငါတို့လက်လှန်းမှီရာနဲ့
အသက်ရှင်ကြစို့။

🙏 လာပါသူငယ်ချင်း
ငါတို့လက်လှန်းမှီရာကို
အားပေးကြရင်း
အခြေခံလူတန်းစားကို ကူညီကြစို့။

🙏 လာပါသူငယ်ချင်း
ငါတို့ အားကစားလုပ်ကြစို့
တစ်နှစ် သုံးလေး
ငါးခြောက် ခွန်ရှစ်

ရှစ်ခွန် ခြောက်ငါး
လေးသုံး တမျိုးပြောင်း။

အသက်ရှင်ဖို့ ပထမ
အသက်ရှင်ဖို့ ဒုတိယ
အသက်ရှင်ဖို့ တတိယ

ဂျင်းအကြောင်းသိကောင်းစရာ~~~~~~~~~~~~~~~~~ဂျင်းပြုတ်ရည်ကို နေ့စဉ်သောက်ပေးသင့်တဲ့ အကြောင်းရင်းများ🥃✅ဂျင်းတက်ဟာ မရှိမဖြစ်လိ...
25/07/2021

ဂျင်းအကြောင်းသိကောင်းစရာ
~~~~~~~~~~~~~~~~~
ဂျင်းပြုတ်ရည်ကို နေ့စဉ်သောက်ပေးသင့်တဲ့ အကြောင်းရင်းများ🥃
✅ဂျင်းတက်ဟာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပြီး တိုင်းရင်းဆေးအဖြစ်လည်း အသုံးပြုကြပါတယ်။ ဂျင်းတက်ရဲ့ ရောဂါကုသနိုင်တဲ့ အရည်အသွေးတွေကို သိရှိခဲ့ကြတာ နှစ်ပေါင်းရာချီ ကြာမြင့်ပြီဖြစ်ပြီး လူမျိုးပေါင်းစုံရဲ့ တိုင်းရင်းဆေးတွေမှာလည်း ထည့်သွင်းအသုံးချခဲ့ကြပါတယ်။ ဂျင်းတက်ထဲမှာ မန်းဂနိစ်၊ ကော့ပါး၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ် အစရှိတဲ့ သတ္ထုဓာတ်တွေ ကြွယ်ဝစွာပါဝင်သလို ဗိုက်တာမင် အီး၊ စီ နဲ့ အေ တို့လည်း ကြွယ်ဝပါတယ်။
✅ဂျင်းတက်စားပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလုပ်ဆောင်မှုတွေကို ပိုမိုမြန်ဆန်စေသလို ကိုယ်ခံအားစနစ်ကိုလည်း အတိုင်းအတာ တစ်ခုအထိ တိုးတက်စေနိုင်ပါတယ်။ ဂျင်းတက်ကို အစိမ်းစားလို့ ရသလို ရေနွေးလေးနဲ့ စိမ်သောက်လို့လည်း ရပါတယ်။ အထူးသဖြင့် ဂျင်းပြုတ်ရည်မှာ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အာနိသင်တွေ ပါရှိပါတယ်။
၁။ သွေးတွင်းအချိုဓာတ် ထိန်းညှိပေးတယ်
လေ့လာမှုတွေအရ ဂျင်းပြုတ်ရည် သောက်ပေးခြင်းဟာ Type 2 ဆီးချိုရောဂါရှိသူတွေအတွက် သွေးတွင်းအချိုဓာတ်ကို လျော့ကျစေနိုင်တယ်လို့ သိရပါတယ်။ ဒါတင်မကသေးပါဘူး။ ဂျင်းပြုတ်ရည်ထဲမှာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ငြိမ်သက်စေနိုင်ပြီး အစာချေနှုန်းကိုလည်း ကူညီထိန်းကျောင်းပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။
၂။ ဝိတ်ကျစေတယ်
ခါးဆိုဒ်ပိုကြီးလာလို့ ဘောင်းဘီတွေ မတော်တော့ဘူးလား။ ဘာမှစိတ်မပူပါနဲ့။ ဂျင်းပြုတ်ရည်ကိုသာ သောက်ပေးလိုက်ပါ။ ဂျင်းပြုတ်ရည်ကို နေ့စဉ်သောက်ပေးခြင်းဟာ ကိုယ်အလေးချိန် ကျဆင်းစေဖို့အတွက် ကူညီပေးနိုင်ပါတယ်။ မနက်မိုးလင်းပြီဆိုတာနဲ့ အစာမစားခင် ဂျင်းပြုတ်ရည်တစ်ခွက် သောက်ပေးမယ်ဆိုရငသ် သွေးတွင်းအချိုဓာတ်ကို ညီမျှအောင် ထိန်းညှိပေးနိုင်ပြီး မိမိကိုယ်ကို အလွန်အကျွံ စားသောက်မိခြင်းမှ ထိန်းချုပ်နိုင်ပါတယ်။
နောက်ပြီးတော့ ခန္ဓာကိုယ်ထဲက ကိုလက်စ်ထရောလယ်ဗယ်ကို ထိန်းညှိပေးခြင်းဖြင့်လည်း နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါတယ်။
၃။ ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေတယ်
ကျွန်တော်တို့ လူ့ခန္ဓာကိုယ်ကို ရေဓာတ် (၇၀) ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတဲ့အတွက် ရေဓာတ်ပြည့်ဝနေစေဖို့အတွက် ရေကိုလုံလောက်စွာ သောက်သုံးဖို့လိုအပ်ပါတယ်။ မနက်ခင်းတိုင်းမှာ ဂျင်းပြုတ်ရည် တစ်ခွက်ကို သောက်သုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာ အချိန်အတော်ကြာသည်အထိ ရေဓာတ်ပြည့်ဝနေအောင် ကူညီပေးနိုင်ပါတယ်။

ဂျင်းပြုတ်ရည် ပြုလုပ်နည်း🥃
ဂျင်းပြုတ်ရည် ပြုလုပ်ဖို့ဆိုရင် ဂျင်းတက်လတ်လတ်ဆတ်ဆတ်ကိုသုံးတာ အကောင်းဆုံးပါပဲ။ ရယ်ဒီမိတ် ဂျင်းမှုန့်တွေကို သုံးလို့လည်း ရတယ်ဆိုပေမဲ့ ဂျင်းတက် လတ်လတ်ဆတ်ဆတ်မှာ အာနိသင်အများဆုံး ပါဝင်ပါတယ်။
ဂျင်းပြုတ်ရည်ပြုလုပ်ဖို့အတွက် အရင်ဆုံး ဂျင်းတက်တစ်ခုကို ရေအေးနဲ့ဆေးလိုက်ပါ။ ပြီးရင် ဂျင်းတက်ကို အမှုန့်ကြိတ်လိုက်ပါ။ ရလာတဲ့ဂျင်းမှုန့်က လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာခန့်ပဲ ရှိရမှာပါ။ ပြီးရင် ရေနွေးပွက်ပွက်ဆူ တစ်ခွက်ထဲမှာ ဂျင်းမှုန့်ကို ဖြူးပေးလိုက်ပါ။ ပြီးရင်တော့ ကြက်သီးနွေး အပူချိန်လောက် ရောက်သည်အထိ အအေးခံလိုက်ပြီး သောက်သုံးနိုင်ပါပြီ။ အရသာ ပိုမိုကောင်းမွန်ချင်ရင်တော့ သံပရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာတို့ကိုလည်း ထည့်သွင်းနိုင်ပါတယ်။

Credit to Duwun

Credit :
https://www.facebook.com/healthnewsforu/posts/3292735390807042/

19 𝐉𝐮𝐥𝐲 မမေ့နိူင် 🖤အာဇာနည်နေ့ တို့မမေ့ 🖤  photo
19/07/2021

19 𝐉𝐮𝐥𝐲 မမေ့နိူင် 🖤
အာဇာနည်နေ့ တို့မမေ့ 🖤

photo

18/07/2021

မာယာ များတဲ့ကိုဗစ်

ဒီ Sister ကြီးပြောတာ အဓိပ္ပါယ်ရှိတယ်.....
."ကိုဗစ်ရဲ့မာယာ"

သမီးတို့ရေ

ကိုဗစ်ဟာမာယာ တကယ်များတယ်နော်၊
အဖျားတက်၊ ချောင်းဆိုး၊ ခေါင်းကိုက်၊
အနံအရသာမရတဲ့သူတွေကို
(Negative)နှစ်ကြိမ်တောင်ပြပြီး
ဘာရောဂါလက္ခဏာမှမပြတဲ့သူတွေကို
(Positive) ပြပြန်ရော

ဒါကြောင့် Sister ကတော့လေ

Positive ကိုလည်း Positive
Negative ကိုလည်း Positive
ကျန်တဲ့သူတွေကိုလည်း Positive လို့ဘဲ
သတ်မှတ်လိုက်တော့တယ်။

ကိုယ့်ဝမ်းနာ ကိုယ်သာသိရမှာဖြစ်ပါတယ်၊
Positive နဲ့ထိတွေ့ပြီးတဲ့သူတိုင်း

(1) ဖိန်းတိန်းရှိန်းတိန်းနဲ့ဖျားချင်သလို
ဖြစ်လာကြတယ်၊ကျောကချမ်းစိမ့်စိမ့်ဖြစ်လာမယ်၊ Fever ငွေ့ငွေ့လေးဖြစ်လာလိမ့်မယ်

(2) ဆီးပူလာမယ်

(3) လည်ချောင်းခြောက်ခြောက်ကြီးနဲ့
နာလာကြတယ်

(4) တစ်ကိုယ်လုံးနှုံးခွေ့ပြီး မလှုပ်ချင်မကိုင်ချင်ဖြစ်လာကြတယ်

(5) အစားအသောက်ပျက်ချင်လာမယ် ၀မ်းပျက်လာမယ်

(6) ခေါင်းတစ်ချက်တစ်ချက် ထိုးကိုက်လာမယ်

ဒီ Minor အချက်တွေထဲက
နှစ်ချက်လောက်နဲ့ငြိတယ်ဆိုရင်ဘဲ
ကူးစက်ခံရပြီဆိုတာ သိသာပါတယ်၊

တရားဝင်အကူးခံရတာနဲ့
တရားမ၀င်အကူးခံရတာသာ ကွာပါလိမ့်မယ်၊

Swab ဘယ်အချိန်စစ်စစ်
Immune ကောင်းနေသ၍
Negative ဘဲထွက်ပါလိမ့်မယ်၊

သမီးတို့ကိုပြောပြချင်တာက

(1) Immuneကောင်းအောင် နေကြမယ်

(2) အိပ်ရေး၀၀ အိပ်ကြမယ်

(3) ကိုယ်ခံအားကောင်းမယ့် အစိမ်းရောင်
အရွက်တွေ၊ မုန်လာဥနီ၊ နွားနို့၊ ကြက်ဥ၊
သံပုရာရည်၊ ဂျင်းပြုတ်ရည်၊ အသားတွေ
ငါးတွေ များများစားကြမယ်၊ ဒီအချိန်မှာ
မချွေတာကြနဲ့ ကပ်စီးမနည်းကြနဲ့

(4) ဆားရည်နဲ့တစ်နေ့အနည်းဆုံးသုံးကြိမ်
ပလုပ်ကျင်းကြမယ်

(5) ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ကြမယ်

(6) ပျော်ပျော်ရွှင်ရွှင်နေကြမယ်

(7) စိတ်ဓါတ်နဲ့ အနိုင်တိုက်ကြမယ်

ကိုဗစ်ကို ကိုယ့်ဘက်က မာမာထန်ထန် တုန့်ပြန်ကြမယ်

(8) ဘာပြောပြောအဆိုးထဲက အကောင်းကတော့ Antibody ရသွားတာ အမြတ်ဘဲလေ

(9) နောက်ဆုံးအချက်ကတော့ Covid နဲ့အတူ ယှဉ်တွဲနေထိုင်ရင်းအကောင်းဆုံး ဆိုတဲ့ Nursing Care ကို အပြည့်အဝပေးသွားကြပါစို့။

ချစ်သော Sister နွယ်နီ

ပြန်လည်မျှဝေပါသည်...

ယခု မြတ်စွာဘုရား၏  ပုံတော်မှာ ရောဂါ ဘယကင်းဝေးခြင်း၊ ဖြစ်ပေါ်လတ္တံသော ကပ်ရောဂါများကို ကာကွယ်စောင့်ရှောက်ခြင်း ဟု စာတမ်းရေ...
17/07/2021

ယခု မြတ်စွာဘုရား၏ ပုံတော်မှာ ရောဂါ ဘယကင်းဝေးခြင်း၊ ဖြစ်ပေါ်လတ္တံသော ကပ်ရောဂါများကို ကာကွယ်စောင့်ရှောက်ခြင်း ဟု စာတမ်းရေးထိုးထားတွေ့ရပါတယ်။ ကိုဗစ်ပထမလှိုင်းကတည်းက ဖုန်းထဲမှာ save သိမ်းထားပြီး ပုံတော်ကို လူအများအတွက် နွယ်တစ်ပင် မြက်တစ်ပင်ဖြစ်ပါစေခြင်း၊ ယုံကြည်စွာ ပူဇော်ကန်တော့ခြင်းဖြင့် အသက်ခန္ဓာများ ပျက်စီးဆုံးရူံးရခြင်းမှ ကင်းဝေးလွှတ်မြောက်ကြပါစေခြင်း ဟူသော မေတ္တာဖြင့် သတိယပြီး ပြန်တင်ပေးလိုက်ပါတယ်။ ယုံကြည်တာ မယုံကြည်တာ ကာယကံရှင်၏ သဘောသာဖြစ်ပြီး
ဤထိုင်တော်မူမြတ်စွာဘုရားပုံတော်အား အများဖူးမြော်နိူင်ရန် ကုသိုလ်ပြုလိုက်ရပါသည်

Crd #

Address

No2. Yarkyaw Road
Yangon
11011

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Healthy Glow Myanmar Cosmetics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share