HAPPY SALES Vintage Shop

HAPPY SALES Vintage Shop ပျော်ရွှင်စွာ ဝယ်ယူပါ မိတ်ဆွေ 😍 🥰
(1)

16/11/2025
16/11/2025

Welcome 🍃🍃🍃

18/06/2023

( ဘေဆိုတာနဲ့ဆင်းရဲသားတွေပဲဝတ်တဲ့ အပေါစား အစုတ်အနွမ်းတွေလို့ထင်နေတဲ့သူတွေသိဖို့ )
ဘေထုပ်အကြောင်း တစေ့တစောင်း
Vintage clothing (သို့) ဘေထုပ် (Bale)

ဘေထုတ်လို့ပြောတာနဲ့ အယူအဆမှားနေတဲ့
လူတချို့က ဟင်ခနဲဆိုဖြစ်ပါတယ် 🙅
Vintage Clothings ဆိုတာ မြန်မာပြည် အခေါ် ဘေထုပ်လို့ လူသိများတဲ့ နိုင်ငံခြားဖြစ် second hand clothings (thrift clothings) တနည်းအားဖြင့် တပတ်ရစ် အဝတ်အစားတွေပေါ့
Bale ဆိုတာ English လို အစီး
ကြီး အထုပ်ကြီးလို့ ခေါ်ပါတယ်။
အဲဒီ အဝတ်အစားတွေဟာ Bale ဆိုတဲ့ အထုပ်ကြီး အစည်းကြီးတွေနဲ့လာတော့ မြန်မာတွေ အခေါ် ဘေထုပ်ဖြစ်သွားတာပေါ့နော်...
ဒီ Bale အထုပ်တွေထဲမှာ Brand စုံ အရောင်စုံ ဒီဇိုင်းစုံ ဆိုဒ်စုံ ထုတ်လုပ်တဲ့ နိုင်ငံ အစုံ(made in China, Japan, USA) ကလာတဲ့ အဝတ်အစား အမျိုးးအစား အစုံပါပါတယ်... ပစ္စည်း အ
သန့်တွေ တံဆိပ်တောင် မဖြုတ်ရသေးတဲ့ အသစ်တွေ Store
ဆိုင်တွေက Sale ချလိုက်တဲ့ lot နံပါတ်အလိုက်အသစ်စက်စက်တွေက အစ... ဟောင်းနွမ်းစုတ်ပြတ် ပေါက်ပြဲနေတဲ့ အထည်တွေ ပစ္စည်းတွေ အထိပါပါတယ်...
နာမည်ကြီး Brand တွေရဲ့ quality နဲ့ စျေးကတော့ ဝယ်ဖူးသူတွေ ဝတ်ဖူးသူတွေ ပိုသိပါတယ်။ ဒီနေ့ခေတ်မှာ မဝယ်ဖူး မဝတ်ဖူးတောင် Facebook ပေါ် လိုင်းပေါ်ကနေ brand တော်တော်များများကို မြင်ဖူးကြားဖူးကြမှာပါ...
Branded ဝယ်ဝတ်ချင်ပေမယ့် စျေးနှုန်းမြင်ရင် လက်တွန့်နေတာ
အဲတော့ စျေးအသင့်အတင့်နဲ့
ကွာလတီကောင်းကောင်း Brand တွေ ကံကောင်းရင် Limited Edition တွေ တောင် ရနိုင်ပါသေးတယ်...
Vintage ဝတ်ရတာ...ရှာရတာ
ကြိုက်တဲ့ နိုင်ငံခြားသား တွေ...ခရီးသွားတွေ...ပိုက်ဆံ​ ချွေတာချင်တဲ့ သူတွေ... ဒုနဲ့ဒေး..
(.မြန်မာနိုင်ငံမှာပဲ ဘေထုပ်စျေး
ကွက် ရှိနေတာမဟုတ်ပါဘူး)
ဘေထုပ် vintage wears တွေကို ဆင်းရဲသားတွေ ပိုက်ဆံမတတ်နိုင်တဲ့သူတွေပဲ ဝတ်တယ်လို့ ဘယ်သူပြောလဲ....တကယ်တော့ နိုင်ငံတကာမှာ
Vintage ခေါ် ဘေ အဝတ်အထည်များကို
သာမာန်အဝတ်အထည်များထက်ပိုပြီး
စိတ်ဝင်စားလေ့ရှိပါတယ် .နိုင်ငံတကာမှာတချို့ နာမည်ကြီး Celebrities တွေကိုယ်တိုင် Vintage Wears တွေကို သေချာ ရှာဝတ်ပါတယ်...ဘာကြောင့်လဲဆိုတော့
နံမည်ကြီးအမှတ်တံဆိပ်တွေမှာမှ
အသစ်ထပ်မံ ထုတ်လုပ်ခြင်းမရှိတော့တဲ့
အဝတ်အထည်တွေကို
တစ်ခုတည်းသောရရှိနိုင်တဲ့ နေရာက
Vintage အထည်တွေမှာပါ

သူကအသစ်မဟုတ်လို့ဆိုပြီးဝယ်ရင်စိတ်မသန့်တာမျိုးမဖြစ်ပဲဒီဇိုင်းကွာလာတီကိုပိုကြိုက်လို့ဆိုပြီးဝယ်စေချင်တယ်

ဒါ့အပြင်
ဒီဇိုင်းအသစ် တွေ တစ်ခါမှ မမြင်ဘူးတဲ့ ပုံစံတွေ
မြန်မာနိုင်ငံထုတ်မဟုတ်ပဲ နိုင်ငံခြားက ထုတ်တဲ့ အဝတ်အထည်တွေ ကို
စျေးနှုန်းသက်သာစွာနဲ့ ရ ရှိနိုင်တဲ့
အခွင့်အရေးကို မရွေးချယ်မိဘူးဆိုရင်တော့
သင်ဟာ အရမ်းခေတ်နောက်ကျနေပါပြီ ဘေထုပ်ကို ဝတ်ဖူးသူတိုင်းကြိုက်ကြတယ်ဆိုတာက......အောက်ကအချက်လေးတွေကြောင့်ပါ

၁ အချက်.....သူ့ရဲ့ ကွာလတီ( branded တွေလေ အရည်အသွေးမြင့် QC passed တွေကိုး)...တရုတ် နဲ့ ယိုးဒယားက.လာတဲ့ စျေးချုပ်ထည်တွေနဲ့ အကွာကြီးကွာ....

၂ အချက် စျေးနှုန်း.....တစ်ခါဝတ်ပြီးရင် အရောင်မှိန် ဆေးသားပြယ် ချုပ်ရိုးပြေ သွားတဲ့ စျေးချုပ်ထည်ထက်တောင် စျေးသက်သာပါသေးတယ်....( ဘေရှယ်ဂေါင်ထည် အသန့် Limited Edition စျေး တွေကတော့ ချွင်းချက်ပေါ့ဗျာ ဒါပေမယ့် ရောင်းတဲ့သူက ဘယ်တော့မှ အသစ်စျေးမတောင်းသလို ဝယ်သူကလည်း အဟောင်းစျေးဘဲ ပေးတာပါပဲ )

၃ အချက်...brand တွေကို ပေါပေါလောလော အထည်များ အယားပြေ ဝတ်နိုင်ခြင်း...brand အသစ်စက်စက်တထည်စျေးဟာ ဘေထုပ်ထဲက အလားတူ brand မျိုးအထည်ရေ ၃/၄ ထည်လောက်ပေါင်း စျေး နဲ့ တူနေမှတော့ အသစ်ကို.... ထည့်မစဉ်းစားတော့တာ အဆန်းလားနော့
ဘေထည်ရွေး တဲ့ အခါမှာ ပညာသားပါပါတယ်...မျက်စိလျင်ရမယ်... Fashion ရေစီးကြောင်း ကို သိရမယ် brand နာမည်တွေ made in ဘာညာတွေ သိရပါမယ် ကဲခေတ်နောက်မကျအောင်ရွေးလိုက်ကြတော့ဗျာ

opposite 😎
09/12/2022

opposite 😎

ရမ်း လှ ခဲ့ သော
09/12/2022

ရမ်း လှ ခဲ့ သော

04/04/2022

ဘေထုပ်လို့ပြောလိုက်ရင် မျက်လုံးထဲအချိုးမကျတဲ့အရောင်တွေ cuttingတွေနဲ့အဝတ်တွေပဲလှမ်းမြင်ကြမယ်ထင်တယ် ....
များသောအားဖြင့်ကအဲ့လိုပဲအကြမ်းဖျဉ်း
သိထားတာမို့ ဘေထုပ်ကို
ရှက်စရာfigureတစ်ခုအဖြစ်မြင်ကြတာပါ

``ဘာရောင်းတာလဲ´´ -``ဘေထုပ်ရောင်းတာပါ´´
``ဘေထုပ်တွေဝတ်တာလား´´ စသဖြင့်
ဘေထုပ်ကို ရှက်စရာတစ်ခုလိုမြင်ကြပေမယ့်
Vantage Fashion တွေပြန်ခေတ်စားလာတဲ့
ဒီနှစ်တွေအတွင်းမှာ ဒီအမြင်တွေတဖြည်းဖြည်း
လျော့ပါးလာတာကိုသိသိသာသာမြင်ရတာ
ဝမ်းသာစရာပါပဲ။

တကယ်တော့အဲ့လိုမဟုတ်ပဲ ကိုယ့်Fashion senseကောင်းရင်ကောင်းသလို ဘေထုပ်လို့ထင်စရာမရှိအောင်ကိုအရည်အသွေးကောင်းတဲ့ Authenticအဝတ်တွေ ဘေထုပ်ထဲမှာရနိုင်ပါတယ်
H&M,Urban Outfitters,Zara,Gap,
Old Navy,Uniqlo,bathing ape, dickies စတဲ့ Mid-range brandတွေ

Adidas,Nike,Kappa,Asics,Under Armour,New Balance,Converse,Sport Brandတွေ,

Levi's,Erwin,American Eagle, LEE, Tommy Hilfiger, Champion လို ခပ်မြင့်မြင့်Brandတွေရယ်ကအစ

Bandအစုံ Artistအစုံ studioအစုံ
ရဲ့Merchအစစ်တွေ,တက္ကသိုလ်ပေါင်းစုံ ကျောင်းပေါင်းစုံက Tshirtအစုံကို ဘေထုပ်ထဲတင်ရှာတွေ့နိုင်ပါတယ်

Brandအစွဲနဲ့မဟုတ်ပဲ comfortဖြစ်ဖို့ qualityကောင်းနေဖို့ကပဲ အဓိကဆိုရင်လဲ
တကယ်မိုက်တဲ့ပုံစံပေါင်းစုံနဲ့အဝတ်အထည်တွေရာသီတိုင်းအတွက်ရှိသေးတယ်..
ဒါပေမဲ့ ဘေထုပ်သွားရွေးတိုင်းလဲ
ဒီလိုမျိုးတွေ့ရဖို့ကမသေချာလှပါဘူး။ ဒါတွေက
ကိုယ်ရွေးဝယ်တဲ့အမျိုးအစား,ကိုယ့်ရဲ့ရွေးတတ်မှူနဲ့ Brand knowledge နဲ့လဲဆိုင်ပါသေးတယ်။
ကိုယ့်ဝတ်လေ့ရှိတဲ့ style / Fashion တွဲမြင်မှုအမြင်တွေနဲ့ ...ဘာဝယ်ရမလဲ?
သေချာစဥ်းစားပြီးရင်တော့
ဘေထုပ်တန်းကိုလာခဲ့ဖို့လဲဖိတ်ခေါ်ပါရစေ...

Pre-owned လေးတွေ ဝတ်ဆင်ခြင်းက
သဘာဝပတ်ဝန်းကျင်ကို တဖက်တစ်လမ်းကအကျိုးပြုသလို
ထောင်ဂဏာန်းဝန်းကျင် thrift clothes လေးတွေက (၂ထည် ၃ထည်လောက်နဲ့
၁လစာလောက်ကုန်နေတဲ့) အဝတ်အစားဖိုးကိုလဲအများကြီးသက်သာစေမှာပါ❤️

ကိုးကား _ Thrift and Lit
https://m.facebook.com/story.php?story_fbid=10395487497327&id=102968338405260

22/10/2021

Donations 💚💚💚

Address

Yangon

Telephone

+959955411366

Website

Alerts

Be the first to know and let us send you an email when HAPPY SALES Vintage Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HAPPY SALES Vintage Shop:

Share