Nyo Seint

Nyo Seint Peaceful 😍

နှစ်သစ်မှာ ဆုမွန်ခြွေ 🙏🙏🙏
18/04/2025

နှစ်သစ်မှာ ဆုမွန်ခြွေ 🙏🙏🙏

16/03/2025

ညိုစိမ့်တစ်ယောက်
၂၀၂၅ နှစ်စကတည်းက Training တက်လိုက်
စာတွေဖတ်လိုက် အလုပ်တွေလုပ်လိုက်နဲ့
Page လေးကို ပစ်ထားမိတာကြာသွားတယ် 😍

Nyo Seint ရဲ့ ပထမဆုံးဖွင့်ထားခဲ့ဖူးခဲ့Ma Nyo Seint Page လေးကိုလည်း လေ့လာကြည့်ပါအုံးနော် 😍
29/12/2024

Nyo Seint ရဲ့ ပထမဆုံးဖွင့်ထားခဲ့ဖူးခဲ့
Ma Nyo Seint Page လေးကိုလည်း လေ့လာကြည့်ပါအုံးနော် 😍

🚐😀
05/12/2024

🚐😀

 #ကုလားဖန်ထိုးခြင်းအနုပညာ ♣️♠️♦️
03/12/2024

#ကုလားဖန်ထိုးခြင်းအနုပညာ ♣️♠️♦️

အသက်အရွယ်တစ်ခုရောက်လာတဲ့အခါ ဘယ်အရာမဆို Professional ပီသသူတွေနဲ့ အလုပ်တွဲလုပ်ရတာ စိတ်ချမ်းသာဖို့ကောင်းတယ်ဆိုတာကို သတိထားမ...
18/11/2024

အသက်အရွယ်တစ်ခုရောက်လာတဲ့အခါ ဘယ်အရာမဆို Professional ပီသသူတွေနဲ့ အလုပ်တွဲလုပ်ရတာ စိတ်ချမ်းသာဖို့ကောင်းတယ်ဆိုတာကို သတိထားမိလာတယ်။

Professional ဆိုတာ မိမိတာဝန်ယူနေရတဲ့အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ လုပ်နိုင်သူက Pro ပါပဲ။

Professional ပီသဖို့ Professional စစ်စစ်ဖြစ်ဖို့ဘာတွေလိုလဲလို့မေးရင် ဒေါက်တာဖြိုးသီဟ ရဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်ဖို့ဆိုရင်ဆိုတဲ့ စာအုပ်လေးထဲက 3S ကို ကျွန်မသိပ်သဘောကျပါတယ်။ ကျွန်မ ဆရာ့ရဲ့ စာအုပ်လေးကို ဖတ်ထားခဲ့တာကြာပါပြီ။ Professional အကြောင်းတွေးမိရင်းက ဆရာ့ရဲ့ 3S ကို သတိရသွားခဲ့တာ။

ဆရာပြောတဲ့ 3S က Salary (Paid Occupation), Skill (Specialized Skill or Knowledge to meet technical standard), Self-Control (To meet ethical standard) ပါ။ ကျွန်မမှတ်မိသလောက် နားလည်သလောက်လေး မျှဝပေးချင်ပါတယ်။

Salary - ကိုယ်ရဲ့အချိန်တွေ၊ လေ့လာသင်ယူခဲ့တဲ့ပညာရပ်တွေကို ကိုယ်ရဲ့ ဉာဏအား လုပ်အားတွေနဲ့အလုပ်လုပ်ရင်းရလာတဲ့ လုပ်ခလစာတနည်းအားဖြင့် ဝင်ငွေပေါ့။ အလုပ်တွေ ဘယ်နှစ်ခုလုပ်လုပ် အဓိက ဝင်ငွေရနေတဲ့အလုပ်က သူ့ရဲ့ ပရော်ဖက်ရှင်နယ်ပါပဲ။ ဥပမာ -ဆရာဝန်တစ်ယောက်က ဆေးလည်းကုတယ် အဆိုတော်လည်းလုပ်တယ်။ ဒါပေမယ် သူ့ရဲ့ ပရော်ဖက်ရှင်နယ်က ဆေးကုတာ အဆိုတော်လုပ်တာက အပျော်တမ်းအနေနဲ့ တခါတလေ ပွဲတွေမှာ သီချင်းဆိုတာမျိုးပေါ့။

Skill - ကိုယ်တာဝန်ယူလုပ်ကိုင်ရတဲ့အလုပ်နဲ့သက်ဆိုင်တဲ့ပညာရပ်အသစ်တွေကို အမြဲမပြတ်လေ့လာသင်ယူရင်း ကြိုးစားနေရပါမယ်။ အရည်အသွေးတွေအမြဲမပြတ်တိုးတက်နေရပါမယ်။

Self-Control - ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ပြီး Manage လုပ်နိုင်ရပါမယ်။ စိတ်ခံစားချက်တွေကို ရှေ့တန်းမတင်ဘဲ ကိုယ်လုပ်ရမယ့်အလုပ်တွေကို တာဝန်ကျေအောင်လုပ်ရပါမယ်။ အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို ခွဲခြားနိုင်ရမယ်။ ကိုယ့်ရဲ့ရသင့်ရထိုက်တဲ့ အခွင့်အရေးထက်ပိုယူတာမျိုး မဖြစ်အောင်လည်း ထိန်းချုပ်နိုင်ရပါမယ်။ ရသင့်ရထိုက်တဲ့ အခွင့်အရေးထက်ပိုယူတာဆိုတာ ဆရာ့ရဲ့ဥပမာပေးထားတာလေးကို အခုထိမှတ်မိပါသေးတယ်။ ငါ့ကအထက်လူကြီးမို့ ကိုယ့်လက်အောက်က ဝန်ထမ်းကို Personal ကိစ္စတွေ ခိုင်းလို့ရတယ်။ ငါခိုင်းမယ်ဆိုတဲ့ မယူသင့်တဲ့အခွင့်အရေးတွေကို ရှောင်ပါတဲ့။

ကိုယ့်ရဲ့အောင်မြင်မှုကို ရေရှည်ထိန်းထားနိုင်ဖို့က Professional ပီသဖို့လိုအပ်ပါတယ်။ ပါးစပ်ကနေ ငါက Professional လို့ ရွတ်နေရုံနဲ့မရပါဘူး။ တကယ့်ကို Professional ပီသအောင်ကြိုးစားရပါမယ်။ ကိုယ်တိုင်လည်း Pro တွေနဲ့အလုပ်တွဲလုပ်ရတာ စိတ်ချမ်းသာသလို မိမိကိုယ်တိုင်ကလည်း Professional ပီသစွာ အလုပ်လုပ်မယ်ဆိုရင် အပြန်အလှန်ယုံကြည်မှုတွေရရှိလာပြီး အောင်မြင်မှုတွေကို အချိန်အကြာကြီးထိန်းသိမ်းထားနိုင်ပါမှာ မလွဲမသွေပါပဲ …..။

ညိုစိမ့်
နိုဝင်ဘာလ (၁၈)၊ ၂၀၂၄ခုနှစ်

သူခိုးကြီးည သို့မဟုတ် ကျီးမနိုးပွဲ 🌝🌌ရှေးမြန်မာ‌တွေရဲ့ ထိုးကွင်းထိုးကြတဲ့ ဓလေ့ကို သိကြမှာပါနော်။ အဲ့လို ထိုးကွင်းမှင်ကြေ...
16/11/2024

သူခိုးကြီးည သို့မဟုတ် ကျီးမနိုးပွဲ 🌝🌌

ရှေးမြန်မာ‌တွေရဲ့ ထိုးကွင်းထိုးကြတဲ့ ဓလေ့ကို သိကြမှာပါနော်။ အဲ့လို ထိုးကွင်းမှင်ကြောင်ထိုးကြတဲ့အခါ သီတင်းကျွတ်လပြည့်နေ့မှာ ထိုးလေ့ရှိကြပါတယ်။

တန်ဆောင်မုန်းလပြည့်ညရောက်တဲ့အခါ ကောင်းကင်ယံမှာ နက္ခတ် ၂၇ လုံး စုံညီတာမို့ ဆေးအာနိသင်တွေ နိုးကြွား ထက်မြက်တယ်လို့ ယူဆကြပြီး ဆေးအုပ်၊ မှော်ထပ်အုပ်ကြပါတယ်။

ဆေးဆရာကြီးတွေက ဆေးအုပ်ပြီး တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက် နေ့ည‌ရောက်တာနဲ့ ထိုးကွင်း စွမ်း/မစွမ်း သိရဖို့ အိမ်ရှင်တွေမသိအောင် လျှောက်ခိုးခိုင်းပါတယ်။

ရလာတဲ့ပစ္စည်းတွေကို ရွာသူကြီးအိမ်ရှေ့မှာ ပုံထားရတယ်။ တကယ်လို့ ခိုးတာမိသွားတဲ့သူတွေကိုလဲ မှတ်ထားရတယ်။ နောက်နေ့မနက်မှာ ကိုယ့်ပစ္စည်းကို ရွာလူကြီးအိမ်မှာ ပိုက်ဆံနဲ့လာရွေးရတယ်။

ပစ္စည်းတန်ဖိုးအလိုက် ရတဲ့ငွေကို အလှူငွေလို့သတ်မှတ်ပြီး သင်္ဃန်းပရိက္ခရာ ဝယ်တယ်။ ပြီးရင် ခိုးလို့မိတဲ့သူတွေကို သာမေဏ ဝတ်ပေးကြတယ်။

တကယ်တော့ သူခိုးကြီးညမှာ ခိုးတယ်ဆိုတာက အကုသိုလ်ဖြစ်အောင် ခိုးကြတာမဟုတ်ပါဘူး။ ဆေးပေါင်းခတဲ့အချိန် နက္ခတ်စုံတဲ့ညမှာ ဆေးအုပ်တဲ့ ထိုးကွင်းအစွမ်း ထက်/မထက် စမ်းသပ်ရင်း ကုသိုလ်အဖြစ်လုပ်ကြတာပါ။

သူခိုးကြီးညကို တလွဲအယူတွေနဲ့ အကုသိုလ်ဖြစ်အောင်၊ သူတပါး စိတ်အနှောင့်အယှက်ဖြစ်အောင် မပြုလုပ်မိဖို့ ရည်ရွယ်ပြီး ရေးသား မျှဝေလိုက်ပါတယ်။

ညိုစမ့်က စာတွေရှာဖတ်ပြီး သိထားလေးကို ပြောပြတာပါ။ လိုတာရှိရင် ဖြည့်စွက်နိုင် အကြံပေးနိုင်ပါတယ်နော်။

နောက်လာမယ့်အရေးအသားတွေကိုလည်း ဝေဖန်ပေးကြပါလို့ မေတ္တာရှေ့ထား တောင်းဆိုလိုက်ရပါတယ်ရှင် .... 🙏🙏🙏

ညိုစိမ့်
နိုဝင်ဘာလ (၁၆)ရက် ၊ ၂၀၂၄ခုနှစ်

#ကျီးမနိုးပွဲ
#သူခိုးကြီးည

ဒီနေ့က ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားတဲ့ နေ့ထူးနေ့မြတ် တွေထဲ တစ်ရက် အပါအဝင်ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ ပဲ ဖြစ်ပါတယ...
15/11/2024

ဒီနေ့က ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားတဲ့ နေ့ထူးနေ့မြတ် တွေထဲ တစ်ရက် အပါအဝင်ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ ပဲ ဖြစ်ပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့ လို့လည်းခေါ်ဆို ကြပါတယ်။

သာမညဖလအခါတော်နေ့ လို့ ဘာကြောင့်ခေါ်တာလဲ❓

သာမညဖလဆိုတာ ရဟန်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး လို့ အဓိပ္ပာယ်ရပါတယ်။ လပြည့်နေ့မှာ မြတ်စွာဘုရားရှင်က အဇာတသတ်မင်းကို ရည်စူးပြီး ရဟန်းသံဃာတော်တို့၏ ဂုဏ်တော် နှင့် ကျေးဇူးများကို ဖော်ပြသည့် သာမညဖလသုတ်တော်ကို ဟောကြား တော််မူခဲ့တဲ့အတွက် သမညဖလအခါတော်နေ့ လို့ ခေါ်ဆိုခြင်းဖြစ်တယ် လို့ မှတ်သားသိရှိရပါတယ်။

ကထိန်သင်္ကန်း နောက်ဆုံးကပ်လှူခွင့်ရှိတဲ့နေ့ 🙏

မြတ်စွာဘုရားရှင်အား သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကနေ တန်ဆောင်မုန်းလပြည့်နေ့အထိသာ ကပ်လှူခွင့်ရှိတဲ့ ကထိန်သင်္ကန်းကို နောက်ဆုံးကပ်လှုခွင့်ရှိတဲ့နေ့လည်း ဖြစ်ပါတယ်။

ဆေးပေါင်းခတဲ့နေ့ 👍

တန်ဆောင်မုန်းလမှာ ကောင်းကင်ယံတွင် နက္ခတ် ၂၇ လုံး စုံညီတဲ့ အတွက် ဆေးအာနိသင်များ နိုးကြွား ထက်မြက်တယ်လို့ ယူဆကြ တာ‌ကြောင့် တန်ဆောင်မုန်း လပြည့်ညကို ဆေးပေါင်းခတဲ့ည လို့လည်း ခေါ်ပါသေးတယ်။

ဆေးပေါင်းခတဲ့ညနဲ့ မယ်ဇလီဖူးသုပ် 🥗

ဆေးဆရာများက လပြည့်ညအခါတွင် တူးဖော် ခူးဆွတ်ရရှိသော သစ်မြစ် သစ်ဖုများကို သိမ်းဆည်းထားပြီး လိုအပ်တဲ့အခါ ပြန်လည် အသုံးပြု တဲ့အခါ အာနိသင်ထက်မြက်တယ်လို့ ပြောခဲ့ကြပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့ညမှ မယ်ဇလီဖူးသုပ်ကို စားလေ့ရှိကြ ပါတယ်။ မယ်ဇလီပင်ရဲ့ အဖူးအပွင့်‌ကို စားသုံးရခြင်းမှာ မယ်ဇလီ ပန်းတို့သည် နတ်ပြည်မှာရှိတဲ့ နတ်များက အသက်ရှည်ရန် စားသုံးကြတဲ့ မြဥ္ဇုသက နတ်ပန်းများနှင့် ဆင်တူတာကြောင့် စားသုံးခြင်း ဖြစ်တယ်လို့ သိရှိရပါတယ်။

ကဲ ဒါကတော့ ဒီနေ့က တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်တဲ့အတွက် ဖတ်ဖူးမှတ်သားဖူးခဲ့တာ‌လေးတွေကို ပြန်လည်ဝေမျှပေးတာပါ။

ဒီလိုပြောပြရေးပြနိုင်အောင် ကိုးကားရေးသားလို့ရအောင် ရေးသားထားခဲ့ကြသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ကပ်ဘေးအန္တရာယ်အပေါင်းတို့မှ ကင်းဝေးပြီး လိုရာဆန္ဒတွေအားလုံးပြည့်ဝကြပါစေ 🙏🙏🙏

မညိုစိမ့်
နိုဝင်ဘာလ (၁၅)ရက်၊ ၂၀၂၄ခုနှစ်

#တန်ဆောင်မုန်းလပြည့်နေ့
#သာမညဖလအခါတော်နေ့
#‌ဆေးပေါင်းခတဲ့နေ့ #မယ်ဇလီဖူးသုပ်
#စာဖတ်ခြင်းကြောင့်ပျော်ရွှင်မှုနဲ့ဗဟုသုတရနိုင်ပါစေ

ဒီနေ့ ဒေဝါလီနေ့ ရုံးပိတ်ရက်လေးမှာ Diwali သို့မဟုတ် Deepavali အကြောင်းလေး ဖတ်မိသမျှ ပြောပြမယ်။ကျွန်မတို့ ငယ်ငယ်ကတည်းက ဒေဝ...
01/11/2024

ဒီနေ့ ဒေဝါလီနေ့ ရုံးပိတ်ရက်လေးမှာ Diwali သို့မဟုတ် Deepavali အကြောင်းလေး ဖတ်မိသမျှ ပြောပြမယ်။

ကျွန်မတို့ ငယ်ငယ်ကတည်းက ဒေဝါလီ (Diwali) လို့သိထားခဲ့ပေမယ့် တချို့သောနိုင်ငံတွေမှာတော့ ဒီပါဝလီ (Deepavali) လို့ခေါ်ကြ သုံးနှုန်းကြပါတယ်။ India တောင်ပိုင်းနဲ့မြောက်ပိုင်း အခေါ်အဝေါ် ကွဲလွဲတာကြောင့်သာ ဖြစ်ပေမယ့် တကယ်ကတော့ ဟိန္ဒူဘာသာဝင် တို့ရဲ့သီတင်းကျွတ် မီးထွန်းပွဲတော်ပဲ ဖြစ်ပါတယ်။

ပျော်စရာကောင်းတာကတော့ ရုံးပိတ်ရက်အဖြစ်သတ်မှတ်ထားလို့ပါ 😁

ဟိန္ဒူဘာသာဝင်များက ညလုံးပေါက် ကျမ်းစာများရွတ်ဖတ်ပူဇော်ကြပြီး ဆီမီးများကို မြိုင်မြိုင်ဆိုင်ဆိုင်ထွန်းညှိပူဇော်ကြပါတယ်။ ဒီပက မီးအလင်းရောင် လို့ အဓိပ္ပါယ်ရပြီး ဒီပါဝလီ ဆိုတာ ဆီမီးထွန်းညှိ ပူဇော်ခြင်း လို့ဆိုလိုခြင်း ဖြစ်ပါတယ်။

👻Happy Halloween Day 2024👻
31/10/2024

👻Happy Halloween Day 2024👻

Marketing ဆိုတာ အရင်ကလို ဖုန်းတွေဆက် Appointment တွေလုပ်ပြီး ကိုယ့် Brand Image အတွက် Service တွေကို ရှင်းပြစရာမလိုတော့ဘ...
12/10/2024

Marketing ဆိုတာ အရင်ကလို ဖုန်းတွေဆက် Appointment တွေလုပ်ပြီး ကိုယ့် Brand Image အတွက် Service တွေကို ရှင်းပြစရာမလိုတော့ဘူး။ Online Marketing လုပ်ပြီး ထိုးဖောက်နေကြပြီ။

ကျွန်မတို့ငယ်ငယ်က ကျူရှင်တွေ Computer Center တွေက Pamphlet တွေကို လိုက်ဝေပြီး ကြော်ငြာကြတယ်။ ကျွန်မတို့သိချင်တဲ့ တက်ချင်တဲ့ အတန်းတွေကို ဖုန်းဆက်ပြီး လိုက်စုံစမ်းရတယ်။ အခုခေတ်မှာတော့ သိချင်တာဖြစ်ဖြစ် တက်ချင်တဲ့အတန်းတွေဖြစ်ဖြစ် ဖုန်းလေးတစ်လုံးရှိရုံနဲ့ ရိုက်ရှာလိုက်ရုံပဲ ဘယ်လောက်တောင် လွယ်ကူလိုက်သလဲ။

Online Marketing ဆိုတာ
ကိုယ့်ရဲ့ Page လေးကနေပြီး ပေးနိုင်တဲ့ Service တွေကို လူတွေသိအောင် ပြောပြပေးရမယ်။
မိမိရဲ့ Brand Image ကို လူတိုင်းကစိတ်ဝင်စားအောင် ယုံကြည်လာအောင် အကောင်းဆုံး Service ပေးနိုင်ရမယ်။

Online Marketing လုပ်ပြီး အခုရေတွင်းတူး အခုရေကြည်သောက်လို့တော့မရပါဘူး။
ခေတ်နဲ့အညီ မိမိရဲ့ Brand Image ကို ထိုးဖောက်နိုင်အောင် အမြဲလေ့လာပြီး ကြိုးစားနေမှ အောင်မြင်မှာ မဟုတ်ရင်တော့ အရမ်းနောက်ကျကျန်ခဲ့လိမ့်မယ်။

သိထား လေ့လာထားသလောက်လေးနဲ့ Sharing လုပ်ပေးခြင််းသာဖြစ်တာမို့ လိုတာရှိလည်း ပြောပြပေးနိုင်ပါတယ်နော်။

Nyo Seint

📸 Credit

Address

Insein
Yangon

Website

Alerts

Be the first to know and let us send you an email when Nyo Seint posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category