30/10/2024
Page access တွေ စာရင်းတွေပါအကုန် recover ပြန်ရပြီဖြစ်လို့ နောက်ထပ်ကိစ္စများကို Page ကနေပဲ Customer တွေကိုဒီနေ့စပြီး ၅ရက်အတွင်းဆက်သွယ်သွားပါမယ် Enhypen နဲ့ပတ်သတ်တဲ့ customer တွေကနေအရင်စဆက်သွယ်ပေးပါမယ် ပြီးရင် ZB1 နဲ့ပတ်သတ်တဲ့ customer တွေဆက်သွယ်ပါမယ်
ဒုတိယအချက်အနေနဲ့ကတော့ အလျှင်လိုရင် Viber ရှိပါတယ်
ပစ္စည်းမှာပြီးမရသေးတဲ့ customer တွေကိုဘယ်လိုဖြေရှင်းပေးနေလဲဆိုရင် -
ခုလက်တစ်လောမှာတော့ deliတွေလဲဆက်တိုက်အပ်ပေးနေပြီး refund တွေလဲအသင့်အတင့်ပေးထားပြီးဖြစ်ပါတယ်။ ရပြီးသားသူများ သိကြမှာပါ။
အဓိကကတော့ အပြောနဲ့မဟုတ်ပဲလက်တွေ့ဖြေရှင်းပေးနေပါတယ်။
Refund amountလဲသိန်းချီနေပါပြီ။
Deliကတော့ ဆက်သွယ်လို့ရတဲ့ထိပဲအပ်ရသေးပါတယ် အပ်ဖို့ကျန်နေပါတယ် လိုက်ဆက်သွယ်ပေးမှာမလို့ လိပ်စာလေးတွေပေးပေးပါ။
နောက်ကျန်တဲ့သူများကတော့
(1) မှာထားတဲ့ပစ္စည်းအတိုင်း
မပျက်မစီး instock ရှိနေရင် မှာတဲ့ပစ္စည်းပဲပို့ပေးနိုင်ပါတယ်။ ဒီအတွက် refund တောင်းကြသူတွေကိုတော့ အားနာစွာနဲ့ပဲ ပြန်အမ်းပေးလို့မရနိုင်ပါဘူး။ Customer order မှန်သမျှ supplier ဘက်ကိုအကုန်တစ်ခုမကျန်ပြန်မှာပေးခဲ့ပါတယ်
မယုံရင် Supplier ကိုတိုက်ရိုက်မေးပါ မှာထားသမျှကိုလဲ Half သွင်းထားပြီးသားပါ။
(2) တစ်ခြား set share ယူထားတဲ့သူတွေကတော့ စာတစ်ချက်သေချာဖတ်ပေးကြည့်ပါ
Set share ဆိုတာ 1set ကို လူ ၇ယောက်ကနေ ၁၀ယောက်ဝယ်ထားကြတာမလို့ မှာထားသမျှလူတွေကိုလိုက်ဆက်သွယ်ပြီး ပစ္စည်းထုတ်ဖို့ခုရက်ထဲပဲစီစဥ်ပါမယ်
အဓိကက half prepaid ပဲရောင်းတာဖြစ်ဖို့ ပစ္စည်းရရင် cod နဲ့ half တော့ထပ်ပေးရပါမယ်
ဘယ်လိုမှ မရနိုင်တာဆို refund ပေးပါမယ်ပဲတန်းပြောတာပါ ရနိုင်တဲ့သူတွေကိုက ပစ္စည်းရှိပါတယ်ပဲပြောတာပါ
ဒါကြောင့်ပစ္စည်းရှိနေတဲ့သူတွေကို refund စီစဥ်ပေးလို့မရပါဘူး ။
အမတို့/ညီမတို့မှာထားသမျှကို Supplier ဘက်ကိုပြန်မှာ/ပြန်ငွေလွှဲထားတာဖြစ်လို့ Admin ယူသွားတာ လိမ်သွားတာ တစ်ခုမှမရှိပါဘူး။
ပစ္စည်းကိစ္စလိုက်ဆက်သွယ်တာကို ဒီနေ့ကစပြီး ၃ရက်အတွင်း Admin Page ကနေစာပို့ပါမယ်
refund မဖြစ်မနေအမ်းရမဲ့ list ထဲပါတဲ့သူတွေကတော့ Admin အမေကိုယ်တိုင် viber မှာငွေအမ်းပေးနေပါတယ်။ ငွေကိစ္စ Admin မနိုင်လို့မကိုင်ပါဘူး စာရင်းပဲစစ်ပြီး ဆက်သွယ်တာ ညှိနှိုင်းတာလုပ်ပေးသွားပါမယ်။ ကြန့်ကြာသွားတာအတွက်လဲအားနာပါတယ် ကျေးဇူးပါ။