CK Delivery Services

CK Delivery Services Customer တွေဆီ အမြန်ရောက်ဖို့ CK နဲ့ဆက်သွယ်စို့�

19 𝐉𝐮𝐥𝐲 မမေ့နိူင် အာဇာနည်နေ့ တို့မမေ့🇲🇲🇲🇲မြန်မာပြည်ကြီးအမြန်ငြိမ်းချမ်းပါစေ🙏🙏🙏ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွကျဆုံးသွားသောအ...
18/07/2022

19 𝐉𝐮𝐥𝐲 မမေ့နိူင်

အာဇာနည်နေ့ တို့မမေ့🇲🇲🇲🇲

မြန်မာပြည်ကြီးအမြန်ငြိမ်းချမ်းပါစေ🙏🙏🙏

ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွကျဆုံးသွားသောအာဇာနည်ခေါင်းဆောင်ကြီးများနှင့် နွေဦးတော်လှန်ရေးတွင်ကျဆုံးသွားသောအာဇာနည်သူရဲကောင်းများကိုလေးစားစွာအလေးပြုပါသည်။

🇲🇲1️⃣9️⃣🔸7️⃣🔸2️⃣0️⃣2️⃣2️⃣🇲🇲
7️⃣5️⃣နှစ်မြှောက် အာဇာနည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်

🙏🙏🙏
(1️⃣9️⃣4️⃣7️⃣)ခုနှစ် ဇူလိုင်လ(1️⃣9️⃣) ရက်နေ့ နံနက်(1️⃣0️⃣) နာရီ (3️⃣7️⃣)မိနစ် တွင်မသမာသူလူတစု၏လုပ်ကြံမှု‌ကြောင့် ကျဆုံးသွားသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးအား ရိုသေလေးစားစွာဂါရဝပြုပါသည်။

#ဗိုလ်ချုပ်အောင်ဆန်း
#နှင့်တကွအာဇာနည်များအားလုံးကိုရိုသေလေးစွာဂါရဝပြုပါသည်

#အာဇာနည်နေ့
#၁၉ဇူလိုင်မမေ့နိုင်

မြန်မြန်ရောက်ချင်လား   နဲ့ပို့ငွေကြိုရှင်းလိုချင်လား  နဲ့ပို့မြန်မာတနိုင်ငံလုံးနီးပါး အိမ်အရောက်ပို့ လိုချင်လား  နဲ့ပို့...
28/05/2022

မြန်မြန်ရောက်ချင်လား
နဲ့ပို့

ငွေကြိုရှင်းလိုချင်လား
နဲ့ပို့

မြန်မာတနိုင်ငံလုံးနီးပါး အိမ်အရောက်ပို့ လိုချင်လား
နဲ့ပို့

ပို့ပီးပစည်းတွေကို Cash(ငွေသား) ပဲပြန်လိုချင်လား
နဲ့ပို့

Call or CB

09973777255

09765488941

အိမ်အရောက်ပို့ မြို့နယ်လေးတွေပါရှင့် update တင်ပေးထားပါတယ်နော် 🥰အသေးစိပ် သိ့ချင်ရင် FB CB ( သို့ )ဖုန်းလေး ဆက်နော် FB Li...
17/04/2022

အိမ်အရောက်ပို့ မြို့နယ်လေးတွေပါရှင့်

update တင်ပေးထားပါတယ်နော် 🥰

အသေးစိပ် သိ့ချင်ရင် FB CB ( သို့ )ဖုန်းလေး ဆက်နော်

FB Link

https://www.facebook.com/CKDelivery17

Ph no

09973777255

09440677448

နှစ်သစ်မှာ လူတိုင်း မပျော်ရွှင်နိုင်ပေမယ့်လဲ  7ရက်သားသမီးအပေါင်း ဘေးဘယာ ဝေးကွာပီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ စွာနဲ့ ရွှင်လ...
17/04/2022

နှစ်သစ်မှာ လူတိုင်း မပျော်ရွှင်နိုင်ပေမယ့်လဲ

7ရက်သားသမီးအပေါင်း ဘေးဘယာ ဝေးကွာပီး

စိတ်ချမ်းသာ ကိုယ်ကျန်းမာ စွာနဲ့

ရွှင်လန်းချမ်းမြေ့ ကြပါစေလို့

မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော် 🤍🤎

အလုပ်များလဲ ပုံမှန် ပြန်လည် လုပ်ကိုင်နေပီမို့

မိတ်ဟောင်း မိတ်သစ် များ အားလုံး CB မှာ Hi လို့ရပီနော် 🥰😘😘

၂၀၂၂ ရဲ့ ပထမဆုံး Cyclone ဟာ မြန်မာနိုင်ငံကိုဘဲ ကံဆိုးစွာ ရောက်လာခဲ့ပါတယ်မူလလမ်းကြောင်းအတိုင်းဆိုပါက မော်တင်စွန်းကနေ ဖြတ်...
21/03/2022

၂၀၂၂ ရဲ့ ပထမဆုံး Cyclone ဟာ မြန်မာနိုင်ငံကိုဘဲ ကံဆိုးစွာ ရောက်လာခဲ့ပါတယ်

မူလလမ်းကြောင်းအတိုင်းဆိုပါက မော်တင်စွန်းကနေ ဖြတ်သန်းနိုင်ပြီး လမ်းကြောင်းသွေဖယ်မည်ဆိုပါက
လပွတ္တာ ပြင်စလူဘက်ကနေ ရွေ့လျားနိုင်ပါတယ်

ဘယ်လိုဘဲဖြစ်ဖြစ် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ မုန်တိုင်းဖြတ်သန်းမယ့် လမ်းကြောင်းပေါ်မှာ ရောက်နေခဲ့ပါပြီ။

မုန်တိုင်းအခြေအနေကို တိုက်ရိုက်ကြည့်ရှုလို့ရနိုင်မယ့် Link ဖြစ်ပါတယ်

2008 ခုနှစ် Nargisရဲ့ အတွေ့အကြုံအရ ကျနော်တို့ ပြည်သူတွေ အထူးသဖြင့် ဧရာဝတီကပြည်သူတွေ လက်တွေ့ခံစားပြီးပြီမလို့ အကောင်းဆုံးကျော်ဖြတ်နိုင်မှာပါ

အရင်တစ်ကြိမ် အထိနာတာဟာ self-awareness မရှိလို့ ပေးဆပ်ခဲ့ရတာဖြစ်ပါတယ် ။ Natural Disaster Prevention Plan တွေဟာ ၁၄ နှစ်ကြာခဲ့ပြီမလို့ Cyclone Shelter တွေဟာ အဆင်ပြေမှပြေပါလိမ့်မယ်။
တစ်ကြိမ် ကြုံဖူးထားလို့ အရမ်းစိတ်ပူ စိုးရိမ်နေကြမယ်ဆိုပင်မယ့် အတွေ့အကြုံကဘဲ ဒီတစ်ကြိမ်ဘေးကင်းမယ့် သင်ခန်းစာဖြစ်သွားမှာပါ

မိသားစုတွေကွဲသွားခဲ့လျှင် ပြန်ဆုံမယ့် စုရပ်
သတ်မှတ်ထားပါ (ဒါအရေးအကြီးဆုံးပါဘဲ)
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းသင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများမှာ ပါဝင်ကူညီခဲ့စဉ်က မိသားစုကွဲသွားပြီး အခုအထိ သေလားရှင်လားမသိရတဲ့ ရင့်နင့်ဖွယ် အဖြစ်အပျက်မျိုးတွေ မကြုံစေချင်တော့ပါ

မုန်တိုင်း Windy လမ်းကြောင်းကို အဆက်မပြတ် ကြည့်ရှုနေပါ ဒီကနေ့ည (ဦးပိုင်း) အထိ ကျနော်တို့မှာ
ပြင်ဆင်ချိန်တွေ ရွှေ့ပြောင်းချိန်တွေ
အများကြီးကျန်ပါသေးတယ်

စိတ်အေးအေးထားပြီး ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပါ ပြန်လည်ထူထောင်ရေးအတွက် အားလုံးကရှိနေမှာပါ

Cyclone ကိုသာ ဘေးကင်းစွာ ကျော်ဖြတ်ပေးခဲ့ကြပါ

🆘မိမိတို့ ခတ္တခိုလှုံရာ နေရာနှင့် အနီးဆုံးရှိမည့် ပေ၂၀ အထက် ကုန်းမြင့်တစ်ခုအား ရှာဖွေထားပါ
🆘အဆိုပါကုန်းသို့ သွားရန် အတိုဆုံးလမ်းကြောင်းအား
ရှာဖွေထားပါ
🆘ဘေးအန္တရာယ်ဖြစ်ပွါးပါက အဆိုပါကုန်းမြေသို့သာပြေးပါ၊ (အများပြေးသော နေရာအနိမ့်များအား လိုက်ပါမပြေးရ)

*ဂျပန်နိုင်ငံ ဆူနာမီ ဖြစ်ပွါးစဉ်က ကမာအိရှိ ဒေသမှာ ကြိုတင်ပြေးရန် နေရာသတ်မှတ်ထားသော်လည်း အမှန်တကယ်ဖြစ်ပွါးချိန်တွင် မြေနိမ့်ပိုင်းရှိ အဆောက်အဦးအလွတ်ထဲသို့ ရောယောင် ပြေးမိသဖြင့် လူအစုလိုက် အသက် ဆုံးရှုံးခြင်းမျိူး ဖြစ်ပွါးခဲ့ဖူးသည်*

🆘မိသားစုများ ကွဲပြားခဲ့ပါက ပြန်ဆုံရန် ဆုံမှတ်တစ်ခု ကြိုတင်သတ်မှတ်ပါ
🆘ရေပေါ်တွင် ပေါလာပေါနိုင်မည့် ကော်ပုံးကဲ့သို့ ပစ္စည်းများအားရှာဖွေပါ
🆘ဖုန်းနဲ့အရေးကြီးစာရွက်များအား ရေလုံအိတ်ထဲသို့ ထည့်ကာ လည်ပင်း၌ဆွဲထားပါ

အားလုံးပို့သတဲ့မေတ္တာများနဲ့ ဧရာဝတီမြေ
ဘေးကင်းပါစေ🙏

We all with you, Ayeyarwady

https://earth.nullschool.net/ /wind/surface/level/orthographic=-263.69,12.06,911

https://www.windy.com/?12.125,94.867,6,m:d5GaiNk





08/12/2021

ှရုံးပိတ်ရက်ကြေငြာခြင်း

CK Delivery Service မှ မိတ်ဟောင်း မိတ်သစ် Customers များရှင့် (10.12.21 ) နေ့တွင်

CK Deli ရဲ့ နှစ်ကုန် အကြိုစာရင်းချုပ်မှာ ဖြစ်ပါသောကြောင့် ထို December 10 ရက်နေ့ကို

ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်ပါသည်။

ထို(10.12.21) နေ့တွင် ပစ္စည်းမပို့ ပစ္စည်း မကောက်ပါ ....😔☹️

Dec 11ရက်နေ့တွင် ပုံမှန် ပြန်လည် ပို့ဆောင်ပီး order များ ကောက်ခံပေးမည် ဖြစ်ပါတယ်ရှင့် 🥰

CK Deli ရဲ့ ကျေးဇူးရှင်များအား အထူးပင်ကျေးဇူးတင်ရှိပါသည်ရှင် 💛

🪔သီတင်းကျွတ်ချိန်ခါသမယမှာ  ကိုယ်စိတ်နှစ်ဖြာကျန်းမာကြပြီး  ဘေးအန္တရာယ် ကင်းဝေးကြပါစေကြောင်း   မှ ဆုမွန်ကောင်း တောင်းအပ်ပါ...
19/10/2021

🪔သီတင်းကျွတ်ချိန်ခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာကြပြီး ဘေးအန္တရာယ် ကင်းဝေးကြပါစေကြောင်း မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်။🎊🎉

ရုံးပိတ်ရက်လေးမှာ အေးချမ်းစွာ ပျော်ရွှင်နိုင်ကြပါစေရှင်။💛💛💛


😬🥴
14/10/2021

😬🥴

09/09/2021

ဖက်စစ် စစ်တပ် အမြစ်ဖြတ်မှ ရမယ်.....🤬🤬

မနေ့ညက ကိုယ့်ဆီက Deli ကောင်လေး ညအိမ်ပြန်ချိန်
8:30 လောက်ရှိ
စက်ဘီးသူငယ်ချင်းအိမ်ထားပီး Taxi နဲ့ပြန်တာ ကြည့်မြင့်တိုင် မီးသတ်နားရောက်တော့ ကားတားပီး အောက်ဆင်းခိုင်းတယ်တဲ့ .....အောက်ရောက်တော့ ဘယ်ချိန်ရှိပီလဲ ဆိုပီး ပါးရိုက်တာတဲ့ ကောင်လေးကို 🤬🤬🥺

(ကျနော်ဗျာ အသံလဲမကြားရ မြင်လဲမမြင်ရတော့တဲ့ အဲ့ခဏမှာ ပြင်းလိုက်တဲ့ ရိုက်ချက်တဲ့ ဒီရန်ကုန်က ကောင်တွေတော့ မဖြစ်နိုင်ဘူးတဲ့ တော်တော် အားပျင်းတာတဲ့) ကောင်လေးကလဲ ကျနော်ရှေ့နားဆိုရောက်ပါပီ အလုပ်က ပြန်လာတာလို့ ပြောတယ်တဲ့ အာ့နဲ့

မင်း အရက်သောက်လာတာလားလို့ မေးတယ်

ဟုတ်ကဲ့ ကျနော် အလုပ်ပီးလို့ နည်းနည်းသောက်လာပါတယ်ပေါ့

မင်းတို့ကောင်တွေသောက်စရာလားဆိုပီး ထပ်ရိုက်တော့ မျက်နှာကို အုပ်ပီး ထိုင်ချလိုက်တယ်တဲ့

အဲ့အချိန် Taxi ကားဆရာက အလုပ်ပါနဲ့ဗျာ သူကရှေ့ဆိုရောက်ပါပီဆိုပီး ဝင်ပြောပေးတာကို......ခင်ဗျား အလှည့်မရောက်သေးဘူး ဝင်မပြောနဲ့ဆိုပီး ရင်ဝကို စောင့်ကန်လိုက်တယ် ပီးတော့ သေနတ်နဲ့ထုတယ်တဲ့ ကောင်လေးထက်တောင် Taxi သမား ပိုခံလိုက်ရတယ်တဲ့ 🥺.....
ထိုးကြိတ်ပီး အဆုံးမှာ သွားတော့ဆိုပီးလွတ်လိုက်တယ်တဲ့ ....
နှယောက်သား ပြန်လာပီး ဘာဖြစ်သေးလဲ ရလား ဘာညာမေးပီး ခရီးဆုံးတော့ ကောင်လေးလဲ ဆင်း Taxi သမားလဲ အိမ်ပြန်ပေါ့ .....😭😡

ဒီနေ့ပစည်းပို့တော့ ဦးထုပ်ငိုက်စိုက်ဆောင်းပီးပို့ ပါးကြီးကရောင်ကိုင်းနဲ့ .....ကိုယ်မှာ ဒေါသတွေ အလှိမ့်လိုက်ထွက် စိတ်တို သနား နဲ့ စခတွေ တော်တော်ကို သောင်းကျန်းနေပီ ကြွက်မနိုင် ကျည်မီးနဲ့ ရိူ့ - သူတို့ရဲ့ သွေးစာနေတဲ့ စိတ်ကို တွေ့ရာလူမှာ ရက်စက်နေကြပီ ......

အားလုံးပဲ ည 8 နာရီကျော်လျှင် အပြင်မထွက်သင့်တော့ပါနော် အထူးဂရုစိုက်ပီး သွားလာကြပါနော် ...

03/09/2021

နုတ်ခမ်းနီတောင့် သေးသေးလေးတွေကို ကျည်ဆံတွေလားဆိုပီး ထုချေပစ်ကြည့်မလို့တဲ့ 🥴😲

နင်တို့ကလဲဟယ် နုတ်ခမ်းနီလား ကျည်ဆံလား မခွဲတတ်တော့လောက်အောင် ကြောက်နေကြပီလားဟယ် 😂

deli man ကတောင်းပန်ရတယ် အကိုရယ် ထုချေကြည့်ရင် ကျနော် လျော်ရမှာပေါ့ဆိုပီး🥺

📦 လွယ်ကူချောမွေ့တဲ့ သယ်ယူပို့ဆောင်ခြင်း တစ်ခုဖြစ်ဖို့ CK Delivery service နဲ့လက်တွဲစို့။📦လူကြီးမင်းရဲ့ Online Business အ...
25/08/2021

📦 လွယ်ကူချောမွေ့တဲ့ သယ်ယူပို့ဆောင်ခြင်း တစ်ခုဖြစ်ဖို့ CK Delivery service နဲ့လက်တွဲစို့။📦

လူကြီးမင်းရဲ့ Online Business အတွက်ပဲဖြစ်ဖြစ်၊ ချစ်ခင်ရသောသူများအတွက်ဖြစ်ဖြစ် ပစ္စည်းများပို့ဆောင်လိုပါက CK Delivery service မှ သင့်ကို လက်ကမ်းကြိုဆိုနေလျက်ရှိပါတယ်။

🙋‍♂️လူကြီးမင်း၏ ပစ္စည်းများ လုံခြုံစိတ်ချစွာ လိုရာခရီးရောက်နိုင်စေဖို့အတွက် ကျွန်ုပ်တို့ဘက်မှအပြည့်အ၀တာဝန်ယူဆောင်ရွက်ပေးနေပါပြီ။ 🙋‍♂️

✅ ဘာကြောင့် CK Delivery service ကိုရွေးချယ်သင့်သလဲ။

လူကြီးမင်းလုပ်ငန်းတိုးတက်စေဖို့က ကျွန်ုပ်တို့ရဲ့ အဓိက ရည်မှန်းချက်ဖြစ်ပြီး အတူတကွ အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်ပေးဖို့အတွက် ရည်မှန်းချက်တူ ညီကို မောင်နှများဖြင့်ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်လို့ ယုံကြည်စိတ်ချရမူ့အပိုင်းကို အထူးအာမခံပါတယ်။

✅ ဘယ်နေရာတွေကို အိမ်အရောက်ငွေချေပို့ဆောင်ပေးလဲ။

အောက်ပါစာရင်းထဲမှာ ဖော်ပြထားတဲ့မြို့ တွေကိုကျွန်ုပ်တို့ မှ အိမ်အရောက်ငွေချေ ဝန်ဆောင်မူ့ ပေးနေလျက်ရှိပါသည်။

ရန်ကုန်
မန်းလေး
မုံရွာ
တောင်ကြီး
ပြင်ဦးလွင်
မိတ်ထီလာ
နေပြည်တော်
မော်လမြိုင်
ပြည်
ပဲခူး
ပုသိမ်
ဟင်္သာတ
ဖျာပုံ
ဒေးဒရဲ
ကွမ်းခြံကုန်း
တွံတေး

📌 လုပ်ငန်းလုပ်ဆောင်ပုံ

3ways အထက်ဆို လာယူခ free ပါနော်
3ways နဲ့ အောက်ဆို 1000 ပါရှင့်

⌚️ ကြာမြင့်ချိန်

ယခုလို ချိန်ခါဖြစ်သည့်အတွက် ရန်ကုန်မြို့တွင်းကို 24hrs အတွင်းပို့ဆောင်ပေးပြီး
နယ်မြို့ကြီးတွေဆို 3 မှ 6 ရက် အတွင်း ကြာနိုင်ပါတယ်ရှင်

🚚အိမ်အရောက်ငွေချေဖြင့် မရရှိသောမြို့များကို ကားဂိတ်မှတင်ပေးတယ်နော်
ကားဂိတ်တင်ခ တထုပ် 1000 ကျပ် 🚚

☎️အသေးစိတ် သိရှိလိုပါက
09973777255
09978094837
09676447171
ဆက်သွယ်မေးမြန်းနိုင်ပီး 📱CB မှ တဆင့်လဲ မေးမြန်းနိုင်ပါတယ်ရှင့်

Customers တွေနဲ့အတူတတ်နိုင်သလောက် အလှူလေး 🙏🙏🙏ခုနှစ်ရက်သားသမီး အပေါင်း ကျန်းမာကြပါစေ 🙏🙏🙏
21/07/2021

Customers တွေနဲ့အတူ
တတ်နိုင်သလောက် အလှူလေး 🙏🙏🙏
ခုနှစ်ရက်သားသမီး အပေါင်း ကျန်းမာကြပါစေ 🙏🙏🙏

Address

Mya Aye Kyi 3st, Hlaing Thaya Township
Yangon
11111

Telephone

+959973777255

Website

Alerts

Be the first to know and let us send you an email when CK Delivery Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share