13/06/2026
ဝန်ထမ်းတွေကို ဘယ်လို ထိန်းကျောင်းရမှန်းမသိဖြစ်နေပါသလား....?
လူဆိုတာ အရာအားလုံးရဲ့ အခရာပဲ။ နည်းပညာတွေ ဘယ်လောက်တိုးတက်တိုးတက် ငွေကြေးအရင်းအနှီးတွေ ဘယ်လောက်ရှိရှိ၊ စီးပွားရေးလုပ်ငန်းတစ်ခု၊ အဖွဲ့အစည်းတစ်ခုအောင်မြင်ဖို့အတွက်က အဲ့ဒီအရာတွေ အားလုံးထက် လူသားအရင်းအမြစ်တွေကို တန်ဖိုးထားပြီး စနစ်တကျ ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်မှုဟာ လုပ်ငန်းတစ်ခု အောင်မြင်ဖို့ ရေရှည်တည်တံ့ဖို့နဲ့ တိုးတက်ဖို့အတွက် အဓိက အရေးကြီးတဲ့ အချက်ပဲ။
ကိုယ်က HR နဲ့ ပတ်သက်တဲ့အလုပ် လုပ်နေတယ်။ ဒါမှမဟုတ် Business Owner တစ်ယောက်အနေနဲ့ ဝန်ထမ်းတွေ ဘယ်လို ထိန်းရမှန်းမသိ ဖြစ်နေတယ်ဆိုရင်တော့ ဒီစာအုပ်က သင့်အတွက်ပါ။ ဒီစာအုပ်မှာ HRM နဲ့ပတ်သက်ပြီး ဘယ်လိုစီမံခန့်ခွဲရမလဲ ဆိုတာကို အပြည့်အစုံ ဖော်ပြပေးထားပါတယ်။
အဖွဲ့အစည်းတစ်ခု ရေရှည်တည်တံ့ပြီး တိုးတက်ဖို့အတွက် လူသားအရင်းအမြစ်ကို နှလုံးသားနဲ့ ဘယ်လို စီမံခန့်ခွဲမလဲဆိုတာ ဒီစာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်။
တန်ဖိုး - 20000 ကျပ်
#နှလုံးသားဖြင့်စီမံပါ
#ဒေါက်တာစန္ဒီဝင်း