Bone Nay Min

Bone Nay Min M
usic Video

18/08/2020

အဝေးရောက်ချစ်သူများအတွက် သီချင်းအသစ်လေးပါ

15/03/2020
*****သမိုင်းဆိုတာ           ခဲသွားအောက်မှာ  ထားသင့်တဲ့           အရာမဟုတ်ဘူး**********နှလုံးသားထဲမှာသာ           သိမ်းထာ...
01/02/2020

*****သမိုင်းဆိုတာ
ခဲသွားအောက်မှာ ထားသင့်တဲ့
အရာမဟုတ်ဘူး*****
*****နှလုံးသားထဲမှာသာ
သိမ်းထားသင့်တဲ့အရာပါ*****

ဘုန်းနေမင်း*****(နှလုံးသွေးဂီတ)

ဗုဒ္ဓမှာတမ်း🌸🌸🌸🌸သွားတော့မယ်.. အာနန္ဒာတရားနဲ့သာ ဖြေရစ်ကြပေတော့နေမဖြစ်တဲ့လမ်းမှာငါဘုရားလည်းမြန်းရမယ် ဒါ..အဆန်းမှမဟုတ်ပဲဖြစ...
01/02/2020

ဗုဒ္ဓမှာတမ်း
🌸🌸🌸🌸
သွားတော့မယ်.. အာနန္ဒာ
တရားနဲ့သာ ဖြေရစ်ကြပေတော့

နေမဖြစ်တဲ့လမ်းမှာ
ငါဘုရားလည်းမြန်းရမယ် ဒါ..အဆန်းမှမဟုတ်ပဲ

ဖြစ်ရင်ပျက်မြဲ
ချစ်ခင်သမျှလည်း ခွဲရမှာမဟုတ်လား

ငိုပွဲတွေရပ်
မျက်ရည်ဇာတ်သိမ်း သောကကိုထိန်းပေါ့

ငြိမ်းချမ်းစွာ
ထွက်ခွာမသွားခင်
သက်သာစွာအသာနားဖို့
ငါ ဘုရားကို...
ရေကြည် တစ်ခွက်လောက် ဆက်စမ်းပါ

ပြန်မလာတော့ဘူး.. အာနန္ဒာ...
သံသရာအလည်ရပ်ခဲ့ပြီမို့
ခန္ဓာနယ်စပ်က ငါရုန်းထွက်တော့မယ်

အသုံးမဲ့ အဆုံးမဲ့
အရှုံးနဲ့ ရင်းရတဲ့လမ်းမှာ ငါ သိပ်ပင်ပန်းခဲ့တယ်

အနွမ်းပြေဖို့...
အလွမ်းတွေရဲ့ ဟိုဖက်ကမ်း
ငါတန်းတန်းကြီးသွားနှင့်မယ်
မဂ္ဂင်လမ်းကလိုက်ခဲ့ကြ..

ဂရုစိုက်ပါ အာနန္ဒာ..
ကုသိနာနဲ့ လုမ္ဗိနီ မိဂဒါဝုန်နဲ့ မဟာဗောဓိ

ငါ့အတ္ထုပ္ပတ္တိဟာ..
တောတွေနဲ့ အနားကွပ်
ငါဟာ တကယ့် တောသားအစစ်ပေါ့

သစ်ပင်ရင်းမှာ ငါ့ကိုဖွား
သစ္စာတရားကို တောမှာဖွေ
ငါပိုင်တဲ့နေ့တွေဟာ သစ်ပင်တွေနဲ့ဝေလို့..

ငါ့ရဲ့ နောက်ဆုံးထွက်သက်လေဟာ
သစ်ပင်ရင်းပဲ ဖြစ်သင့်တယ်

သစ်ပင်ကို ချစ်ခင်ဖို့
ငါ.. တရားတွေဟောခဲ့ပြီးပြီ..
တောဆိုတာ သံသရာရဲ့ ထွက်ပေါက်
တောပျောက်ရင် နိဗ္ဗာန်ပါပျောက်မယ်

တောမရှိရင် ဘုရားမရှိနိုင်ဘူး..
အရိယာတွေ မွေးထုတ်ဖို့
တောအုပ်တွေရှိမှ ဖြစ်မယ်

သတိပဋ္ဌာန်ကို သင်ပြတိုင်း
သစ်ပင်ရင်းကို သွားကြဖို့
ငါ ခဏခဏ တိုက်တွန်းခဲ့ပြီးပြီ

စိတ်ချခြင်းများစွာနဲ့
အခုတော့ ငါ သွားပါရစေတော့

သဘောထားကြီးဖို့
တောသားကြီးတွေဖြစ်အောင်သာ
ကြိုးစားရစ်ပေတော့...

အဆိပ်သင့်နေတဲ့ အချစ်=======================သန်းခေါင်ယံအချိန်မှာ ငိုသံတစ်ချို့ကြားနေရတယ် သူ့ရင်ထဲမှာမီးလောင်နေတယ်ထင်တယ်ဒါ...
01/02/2020

အဆိပ်သင့်နေတဲ့ အချစ်
=======================
သန်းခေါင်ယံအချိန်မှာ ငိုသံတစ်ချို့
ကြားနေရတယ်
သူ့ရင်ထဲမှာမီးလောင်နေတယ်ထင်
တယ်
ဒါပေမယ့် ဘေးလူကပြောတယ်
သူက အရူးတဲ့ ကျနော်စိုက်ကြည့်မိတယ်ဟုတ်တာပေါ့်
ငိုနေတဲ့သူက နံရံပေါ်က
ဓာတ်ပုံကိုယ်ကြည့်ပြီးငိုနေတာဆို
တော့ သူရူးနေတာသေချာသွားတယ်လေ
သူကဘယ်လိုအရူးလဲဆိုတာကျနော်
သိသွားတယ် သူကအချစ်ရူးလေ
======================
ဆောင်းရနံ့သင်းတဲ့နံက်ခင်းမှာ
လေပြည်တစ်ချို့ တိုးဝှေ့လေတိုင်း
အချစ်ရိုင်းက စူးသံတိုင်းကြီးလို
ချုပ်နောင် ထိုးနက်
အချစ်စစ်က မျက်ရည်မြစ်သွားခဲ့တာ
ဘယ်သူမှမသိလိုက်ဘူး ===
နံရံပေါ်က ပုံက သက်သေ
နှလုံးသားထဲက အမာရွတ်ကသက်သေ
စက္ကန့်တိုင်းရဲ့ ရင်ခုန်လွမ်းဆွတ်မှုတွေ
ကသက်သေ
လက်ဆယ်ဖြာထိပ်မှာမိုးလို့
မြတ်ဘုရားနဲ့ မြေပထဝီ
လေပြေလေနုအေးတွေကသက်သေပေါ့
====
ဘယ်ညာ အခန်းတံခါးထိပ်မှာ
အလွမ်းသမားစိတ်က
ချစ်သူမသိအောင်နမ်း
ချစ်သူမသိအောင်လွမ်း
အဲတာ ဆန်းသလား
မဆန်းပေမယ့်
အလွမ်းသမားတွေပဲ့
နွေရွက်လို တစ်ဖြုတ်ဖြုတ်ကြွေ
အချစ်ကြောင့်သေခဲ့တာလဲများလှပါပြီ
တစ်ချို့က ဘဝသေ
တစ်ချို့က အချစ်တွေသေ
တစ်ချို့ က အသေကြီးသေသွားခဲ့တာလေ
====
ခြွေတာကအသည်း
ဝေတာက ပုလဲ
မြေသြဇာတွေတိုးနေဆဲပေါ့
=======
ဒါကြောင့်
ငိုရှိုက်နေသူဟာတစ်ကယ်တမ်းတော့
ပင့်ကူအိမ်ကိုယ် တိုးဝှေ့မိလို့
အတောင်တစ်ဖက်ကျိုးတဲ့
လိပ်ပြာတစ်ကောင်လို
ချစ်တာရိုးသလောက်
အဖြစ်ဆိုးတွေ ထိုးနက်ခဲ့တာ
သူဟာအချစ် ဆူးကြောင့်
အဆိပ်သင့်ခဲ့ရတဲ့အချစ်ရူးဆိုတာ
ကျနော်သိလိုက်ရတယ်လေ
အော် အချစ် အချစ် အချစ်
ရင်မောစရာပါလားဗျာ
ဘုန်းနေမင်း( နှလုံးသွေးဂီတ)

မောင်လိုချင်တဲ့ချစ်သက်သေ      =====================မောင်မဆိုးနဲ့ ကွာ ဟေမာန်ကြောက်တယ် ဟေမာန်ကလဲကွာ မောင်ကိုယ်ချစ်ရင် ဒါလေ...
27/01/2020

မောင်လိုချင်တဲ့ချစ်သက်သေ =====================
မောင်မဆိုးနဲ့ ကွာ ဟေမာန်ကြောက်တယ်
ဟေမာန်ကလဲကွာ မောင်ကိုယ်ချစ်ရင် ဒါလေးတော့
လက်ခံရမှာ ပေါ့
မိန်းခလေးတစ်ယောက်ရဲ့အပျိုစင်ဘဝနော်မောင်
လူပတ်ဝန်းကျင်တစ်ခုလုံးမှာ သိက္ခာရှယ်မရဖြစ်သွား
မှာ သူများတွေသိရင် ဟေမာန်ဘဝ အဖတ်ရှယ်မရဖြစ်သွားမှာ
ဟေမာန်ကလဲကွာ ဘယ်သူသိလို့လဲ ကိုယ်တို့နှစ်ယောက်တည်း သိတဲ့ကိစ္စ
မရဘူးမရဘူးမောင် ဒါတော့ဟေမာန်ဘယ်နီးနဲ့မှလက်မခံဘူး
ဟေမာန်မောင်ကိုယ်မချစ်ဘူးလား
ဘယ်နှယ်ပြောလိုက်တာလဲမောင်ရယ်ချစ်တာပေါ့
အသက်လောက်မက မောင်ကိုယ်ဟေမာန်ချစ်ခဲ့တာပါ
ဒါပေမယ့်အပျိုစင်ဘဝဆိုတာလေးကိုယ် မောင်အတွက်
ဟေမာန်ထိမ်းသိမ်းထားချင်တယ် မောင်နဲ့ဟေမာန်လက်ထပ်ပြီးတဲ့အခါကျရင် ဟေမာန်ရဲ့အပျိုစင်ဘဝလေးကိုယ် မောင်ပဲ့ပိုင်ဆိုင်ရမှာပါ
တော်ပြီဟေမာန် မောင်ကိုယ်ဟေမာန်မချစ်ဘူး ဟေမာန်မောင်ကိုယ်ချစ်တယ်ဆို တာ ဟေမာန်လိမ်တာ
မောင်ကိုယ်ဟေမာန်မချစ်ဘူး
==============
မောင်က ကျမကိုယ်တွန်းပြီး လှဲ့ထွက်သွားတယ်
မောင်ကျမကိုယ်တစ်ချက်လောက်တောင်လှည့်မကြည့်ဘူး မြေပေါ်မှာခွေလျှက်ကျမလဲကျနေတာလေ ်
မောင်ပြောတဲ့စကားက ကျမကမောင်ကိုယ်မချစ်ဘူး
တဲ့ ဟုတ်ပါတယ်လေ ကျမက မိန်းမတစ်ယောက်ရဲ့အပျိုစင်ဘဝနဲ့ မှ ကျမက မောင်အပေါ်ချစ်တဲ့အချစ်ကိုယ် သက်သေမှမပြနိုင်တာ
ယောင်္ကျားကြိုက်တော့ ဆိုက်ဆိုက်လာ မိန်းမကြိုက်တော့ မျှော်လိုက်တာတဲ့
ခုတော့ ကျမ မောင်ကိုယ်မျှော်နေမိတယ် မောင်ကတော့
ကျမကိုယ် စိတ်နာသွားပြီထင်ပါရဲ့ ကျမအိပ်မပျော်ဘူး
မောင်ကိုယ်လွမ်းနေမိတယ် ထမင်းလည်းစားမရဘူး
ခေါင်းအုံးပေါ်မှာကျမမျက်ရည်စတွေ မိုးရွာထားသည့်နှယ် စိုစွတ်နေပြီ ကျမဘာလုပ်ရမှာလဲ
ကျမမောင့်ကိုယ်ချစ်တယ် မခွဲနိုင်ဘူး မောင်ယုံအောင်
သက်သေပြရမှာက ကျမရဲ့အပျိုစင်ဘဝ ဘာပဲ့ဖြစ်ဖြစ်
မောင်ယုံကြည်အောင် ကျမသက်သေပြဖို့ မောင်ရှိတဲ့နေရာ အထိ ကျမရောက်အောင်သွားခဲ့တယ်
====================
မင်းဘာလာလုပ်တာလဲ
မောင်ဆန္ဒအတိုင်း ကျမအချစ်ကိုယ် ကျမဘဝနဲ့
သက်သေပြမလို့ လာခဲ့တာပါ
==========
တော်စမ်းပါဟေမာန်ရာ
မောင်မယုံဘူးလား
=============
ကျမ မောင်ခန်းထဲက ကုတင်ပေါ်မှာ အိပ်လိုက်ပြီး
မောင်ကိုယ် မိမွေးအတိုင်းပြလိုက်တယ်
အဲဒီမှာပဲ့ မောင်ဆန္ဒကိုယ်လိုရောက်ပြီး
ကျမအချစ်ကိုယ် ကျမဘဝနဲ့သက်သေပြလိုက်တယ်လေ
မောင်ကျေနပ်သွားတယ်ထင်ပါရဲ့
===================
ဘာပြောတယ်ဆရာ ဟေမာန်မှာကိုယ်ဝန်ရှိနေပြီဟုတ်လား
ဟုတ်တယ်သမီး ကိုယ်ဝန်ကလေးလကျော်နေပြီ
သမီးအမျိုးသားကိုယ်ပြောလိုက်လေသူအရမ်းပျော်
မှာသမီးရဲ့ ကျမခေါင်းပဲ့ငြိမ်းလိုက်တယ်
ကလေးကယောင်္ကျားလေးနဲ့တူတယ်
တဲ့
====================
ဘုရားဘုရား
ငါဘာလုပ်ရမှာလဲ ဒီအကြောင်းကိုယ် အမေနဲ့အဖေသိ
ရင်မိုးမီးလောင်တော့မှာ မဖြစ်ဘူး မဖြစ်ဘူး
ဒီအကြောင်းကိုယ် အဖေနဲ့အမေမသိခင် မောင်ကိုယ်ပြောပြီး မောင်နဲ့ အတူ အဝေးဆုံးကိုယ်
ထွက်ပြေးမှပဲ့ ဟုတ်တယ်မောင်ဆီ ငါသွားမယ်မောင်ဆီငါသွားရမယ်
======================
မဖြစ်နိုင်ဘူးဟေမာန် ဒီကိုယ်ဝန် ကမောင်ကိုယ်ဝန်မဖြစ်
နိုင်ဘူး
မောင်ဘယ်လိုပြောလိုက်တာလဲ ဒီကိုယ်ဝန်ကမောင်နဲ့ရတာမဟုတ်ဘူး ဟုတ်လားမောင်
မောင်ကျမမျက်နာ ကျမမျက်လုံးကိုယ် ကြည့်ပြီးပြောစမ်းပါ မောင်ကိုယ် အချစ်သက်သေ
ပြလို့ရလာတဲ့ကိုယ်ဝန်လေ
တော်စမ်းပါကွာ ငါမယုံဘူး တကယ်လို့ငါနဲ့ရတဲ့ကိုယ်ဝန်ဆိုလဲ ဖျက်ချလိုက်
လေ မင်းဒီလောက်တောင်နားမလည်ဘူးလား
ငါတာဝန်မယူနိုင်သေးဘူး ဟေမာန် ဒီလိုသာ သွေးသားဆန္ဒအရ ဆက်ဆံမိတာနဲ့ တာဝန်ယူရမယ်ဆိုရင်တော့ ငါ့မှာမိန်းမတွေတန်းစီနေမှာပဲ့
မောင်တရားလွန်နေပြီနော်
တရားလွန်တာကမင်း
အလည်းကား ငါ့ကိုယ်ဒုက္ခရောက်အောင် မင်းလုပ်နေတာလား
ဟေမာန်ဘာလုပ်လဲ့မောင်ဆန္ဒအရလိုက်ရောလို့ဖြစ်
်လာခဲတာလေ မောင်ရယ်ကျမကိုယ်သနားပါအုံး
မင်းကမောင်ကိုယ်သနားရမှာကွ
ဒီမှာဟေမာန် မောင်ရှင်းရှင်းပဲ့ပြောမယ်
မောင်ကိုယ်ချစ်တယ်ဆိုရင် ဒီကိုယ်ဝန်ကိုယ်ဖျက်ချပြီး
မောင်ကိုယ်သက်သေပြဒါပဲ့
============
မောင်ကျမကိုယ်လှည့်မကြည့်ပဲထွက်သွားပြီလေ
ကျမက ကမ္ဘာပေါ်မှာ ကံအဆိုးဆုံးမိန်းမလားမောင်ရယ်
============
တစ်ကယ်တမ်းကျတော့ ကျမဟာ လမ်းဘေးက
ပြည်တန်ဆာမလောက်တောင် အရှက်မရှိ
သိက္ခာ မရှိတဲ့ ဘဝဖြစ်သွားပြီလေ
လူကနေပေမယ့်ရင်မှာလွယ်ထားတဲ့ ကိုယ်ဝန်ကမနေဘူး တဖြည်းဖြည်းကြီးလာသလို
ဆံသားတွေကချောက်လာတယ် ခါးတွေတုတ်လာတယ် အမေနဲ့အဖေကရိပ်မိသလိုဖြစ်
လာတယ်
===========
ငါထင်သလိုသာဖြစ်နေရင် ဟိုခွေးသားကိုယ်လဲသတ်မယ်
ဒီကောင်မကိုယ်လဲအရှင်မထားဘူး
နေပါအုံး ကိုအေးမောင်ရယ်
ကျမအကဲ့ခတ်ပါရစေအုံး
နှင်ကခုထိပဲ့ အကဲ့ခတ်အုံးမှာလား
တော်တော့မိထွေး နှင့်ကိုယ်ပါငါသတ်မှာနော်
နေပါအုံး ကိုအေးမောင်ရယ် သူများကြားသွားလို့
တကယ်ထင်နေလိမ့်မယ်

==============
အဖေအသံကခက်ထန်နေသလို အမေသံကငိုတဲ့အသံ
တစ်ချို့ပါဝင်နေတယ်လေ ကျမဘာလုပ်ရမှာလဲမဖြစ်ပါ
ဘူး မောင်ပြောသလိုမောင်ကိုယ်သပ်ပြဖို့ ကျမ ရဲ့ကိုယ်ဝန်ကိုယ်ဖျက်ချရတော့မှာပဲ့ ဒါကြောင့် ကျမ
ကလေးဖျက်ချတဲ့လက်သယ်ဆီ ကိုယ်ရောက်အောင်သွားခဲ့တယ်
==============
ဘာကိစ္စလဲ ကျမ ကျမ ကျမကိုယ်ဝန်ဖျက်ချချင်လို့ပါ
ဘယ်နှယ်လလဲ
လေးလကျော်နေပြီ
ကလေးက တော်တော်ကြီးနေပြီပဲ့ ကံမကောင်းရင်
အသက်ပါပေးရလိမ့်မယ်
ရှင်---------------

ဘာလဲဖျက်ချမလား မဖျက်ချဘူးလား
=========
ကျမမောင့်စကားကြားယောင်မိတယ် သူကိုယ်ချစ်ရင်
ဖျက်ချလိုက်တဲ့ နောက်တစ်ခုက အမေနဲ့အဖေသိသွားလို့ ကျမကိုယ်သတ်တာကျမသေရဲပေမယ့်
မောင်ကိုယ်တော့မသေစေချင်ဘူး ဒါကြောင့် ကျဆုံးဖြတ်လိုက်ပြီလေ ကျအိပ်ကဒ်ထဲကငွေတစ်သိန်း
ထုပ်ပေးပြီး ကလေးဖျက်ချတဲ့လက်သည်အန်တီကိုယ်
ခေါင်းငြိမ့်ပြလိုက်တယ်
==================
အား အား အား
ကျမခန္ဒာကိုယ်တစ်ခုလုံးလေးလံနေပြီ
လက်သယ်အန်တီကြီးက ကျမကိုယ်ထဲကိုယ်
အရာဝတ်ထုတစ်ခုနဲ့မွေနေပြီလေ
ကျမအရမ်းနာနေပြီမောင်ရဲ့ ကျမကိုယ်ကယ်ပါအုံး
အား မောင် ကျမမောင်ကိုယ် အချစ်သက်သေပြနေတာ
မောင်တစ်ခဏလေးဖြစ်ဖြစ်လာကြည့်ပါလား မောင်
ကျမမျက်ရည် အသွင်သွင်စီးလို့ ကျမနုတ်ခမ်းမှာသွေး
တွေ ကျကိုယ်ကိုယ်လုံးထဲကသွေးတွေဒလဟောစီထွက် လျှက်
ကျမအသက်ထပ်ရှင်ပါ့မလား အား အား
ကျမမျက်လုံးတွေဝေနေပြီလေ
အသက်ရှူရတာတောင်မကောင်းတော့ဘူမောင်
ကျမငိုသံ ကျမခေါ်တဲ့အသံတွေ ဘယ်သူမှမသိသေး
ခင်မှာပဲ့ ကျမအားလုံးရဲ့အဝေးကိုယ်ရောက်သွားပြီ
လေ ဒါက မောင်လိုချင်တဲ့အချစ်သက်သေမဟုတ်လား
ကျမရဲ့ အပျိုစင်ဘဝမဟုတ်ဘူး ကျမအရှက် ကျမသိက္ခာ နောက်ဆုံး ကျမအသက်ကိုယ်ပါ မောင်အတွက်ကျမ ချစ်သက်သေပြခဲ့တာပါမောင်
ဘုန်းနေမင်း( နုလုံးသွေးဂီတ )

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Bone Nay Min posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share