K&B JD MTB Shop

K&B JD MTB Shop mountain bike whole sale / retail sale and service

20/05/2026

စက်ဘီးသေးသေးလေး(mini bike)များ၏အကျိုးကျေးဇူး/အားသာချက်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~

သေးငယ်တဲ့ဘီးတွေကပိုပြီး အခြားစက်ဘီးတွေထက်ပိုမိုပေါ့ပါးပြီးပိုမိုကြံခိုင်ကြပါတယ်
ဘယ်လောက်ပဲခိုင်ခံ့တယ်ပြောပြောလူအများစုကမမြင်နိုင်တဲ့ ချိုင့်ခွက်တွေဆူးညှောင့် တွေအတွက်စိုးရိမ်ကြပါသေးတယ်။အမြင်နဲ့ ဆုံးဖြတ်လို့မရတဲ့ အကောင်သေးတဲ့စက်ဘီးလိုပဲပြောပြော သေးတဲ့စက်ဘီးလိုပဲခေါ်ခေါ် ဘယ်လိုခေါ်ခေါ် မမြင်ရတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ mini bike လေးတွေကတော့ သင့်ကိုတကယ်အံ့ဩစေမှာပါ။စက်ဘီးစီးတာနဲ့ပတ်သက်ပြီးပိုကြီးတဲ့ ဘီးတွေကပိုကောင်းတယ်စတာကအတွေးပေါင်းစုံရှိနိုင်နေပေမယ့်ပိုကြီးတာကပဲအမြဲတမ်းပိုကောင်းတာမဟုတ်ပါဘူး။ အမြဲတမ်း ပုံမှန် ဘီးတွေနဲ့စီးနေတဲ့လူတွေကဘီးငယ်များသည်ထူးဆန်းနေပုံရသော်လည်းအထူးသဖြင့်လူကောင်သေးတဲ့လူတွေအတွက်ရော ကားကျပ်တဲ့ မြို့ပြမှာ စက်ဘီးစီးရတာတွေအတွက်ရောအားသာချက်များစွာရှိပါတယ်။

ပိုမြန်တယ်
~~~~~~~

အဓိပ္ပယ်မရှိဘူးလို့ ဆိုရင်ဆိုနိုင်ပါတယ်။အမြင်အတိုင်းကတော့ တကယ်လည်း မြန်စရာအကြောင်းမရှိပါဘူး ဟုတ်မလား ။ဒါပေမယ့် ထူးဆန်းတာတွေကတော့ ဖြစ်နေပါတယ် upright bike နဲ့ ကမ္ဘာ့အမြန်ဆုံး စံချိန်တင်ထားတဲ့ ဘီးအရွယ်အစားက ၁၈ လက်မ ပါ။ ဘီးသေးသေးလေးတွေက များသောအားဖြင့် ၂၆ လက်မ ၂၈ လက်မ ဘီးတွေထက် စမုတ်နည်းပါတယ် ဒါပေမယ့် တည်ငြိမ်မှုကတော့အတူတူပဲရရှိပါတယ်။

ပိုအရှိန်ကောင်းတယ်
~~~~~~~~~~~~~~
သင့်အနေနဲ့ ကားထူထပ်တဲ့ မြို့ပြတွေမှာစက်ဘီးစီးရတဲ့အခါ ဒါမှမဟုတ် မကြာခနရပ်တန့်ဖို့လိုလာတဲ့အခါ (မီးပွိုင့်မိတဲ့အခါ) ဘီးသေးလေးတွေက ပိုအဆင်ပြေစေပါလိမ့်မယ် ဘီးသေးသေးတွေက သင့်အနေနဲ့ မီးပွိုင့်ထိပ်မှာ မီးစိမ်းတဲ့အခါလည်း ကောင်းကောင်း တာထွတ်နိုင်ဖို့ အထောက်အကူပြုပါလိမ့်မယ်။ဘီးသေးတာက weight နည်းပြီးတော့ ဘီးကြီးတွေထက် အပတ်ရည်အရနည်းသောကြောင့်လည်း ဘီးအကြီးတွေလို လေးလံထိုင်းမှိုင်းနေတာမျိုးကိုဖြစ်စေမှာမဟုတ်ပါဘူး။ရလဒ်အနေနဲ့ဘီးသေးလေးတွေကမြန်မြန်ဆန်ဆန်မြန်ဆန်အလုပလုပ်နိုင်ပြီးပိုမိုကောင်းမွန်သောကုံးတတက်ခြင်းကိုပြုလုပ်နိုင်တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

ပိုလှုပ်ရှားရတာလွယ်တယ်
~~~~~~~~~~~~~~~~~

ဘီးသေးသေးလေး ရှိနေတာက ပို လှုပ်ရှားရတာလွယ်ကူစေပါတယ်။ဘီးသေးသေးလေးရှိတာကြောင့်ပဲစတီယာရင်ကို ပြီးလွယ်လွယ်ကူကူ ထိန်းသိမ်းနိုင်ပါတယ်။ဥပမာ သင့်အနေနဲ့ ကားကြားထဲမှာ တိုးနေရတဲ့အခါ ဘီးသေးသေးလေးတွေက လွယ်လွယ်ကူကူပဲ သွားလာနိုင်သလို ကားအရမ်းရူပ်တဲ့အခြေအနေမျိုးမှာ လမ်းဘေး လူသွားလမ်းကနေလည်း တွန်းသွားလို့ ပိုအဆင်ပြေပါစေလိမ့်မယ်။အရွယ်အစားသေးငယ်တာကြောင့်လည်း ရထားပေါ် ကားပေါ် ပိုလွယ်လွယ်ကူကူယူဆောင်သွားနိုင်သလို
အထပ်မြင့်အတောက်ဦးမှာနေရတဲ့အခါမျိုးမှာလည်း ပေါ့ပါးလွယ်ကူစွာ အတက်အဆင်း ထမ်းသွားလို့ရမှာဖြစ်ပါတယ်။

ပိုသိုလှောင်ဖို့လွယ်ကူတယ်(ပစ္စည်းသယ်ဆောင်ဖို့လွယ်ကူ
~~~~~~~~~~~~~~~~~~~~~~~~~
သင်အနေနဲ့ ခရီး မကြာခန သွားလာတက်တဲ့လူမျိုးလား ခရီးသွားတိုင်းလည်း စက်ဘီးယူဆောင်သွားချင်ပါသလား mini bike လေးတွေက သင့်အနေနဲ့ ရွေးချယ်သင့်တဲ့အမျိုးအစားပါပဲ သင့်ကားနေရာ အတွက်လည်း အများကြီးပေးစရာမလိုအပ်ပါဘူး။mini bike တွေထဲက တစ်ချို့က ခေါက်ချိုးလို့ရတဲ့ Folded bike တွေဖြစ်ပြီးတော့ ကျောပိုးအိတ်ထဲတောင် ထည့်သွားလို့ရတဲ့ အမျိုးအစားတွေလည်းရှိပါတယ်။သာမန် mini bike တွေထက် brand ကောင်းတဲ့ mini folded bike တွေက စျေးလည်းကြီးသလို size အရွယ်အစား တူရင်တောင် နေရာယူပိုသက်သာတာတွေ့ရပါတယ် ဥပမာ brompton company ထုတ် mini bike များ။

အရပ်တိုတဲ့ လူတွေနဲ့ပိုအဆင်ပြေတယ်
~~~~~~~~~~~~~~~~~~~~~~~~~

အာရှသား အများစုက ဥရောပသားတွေထက်တော့ အရပ်တိုတာများကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အရပ်အတို အရှည်မညီမျှမှုကများပြားလှပါတယ် အရပ်တိုတဲ့ တစ်ချို့ စက်ဘီးစီးသူတွေအနေနဲ့ စက်ဘီးရွေးတဲ့နေရာမှာ size အခက်အခဲ ရှိနိုင်ပါတယ်။မိမိက ကြိုက်ပေမယ့် size အရမ်းကြီးတာမျိုး size က အရေးမကြီးဘူး မထင်ရင်တော့ ရေရှည်အတွက်မကောင်းပါဘူး size ကြီးတဲ့ စက်ဘီးတစ်စီးကို ကြာကြာစီးတာက သင့်ခန္ဓာကို အနည်းနဲ့အများတော့အကျိုးသက်ရောက်ပါတယ်။ mini bike တွေမှာ တော့ size က သင့်ကိုခွဲခြားမှာမဟုတ်ပါဘူး သက်တောင့်သက်သာ စီးနိုင်ဖို့ အတိုး အလျှော့ မိမိ နဲ့အဆင်ပြေတဲ့အထိ ပြုပြင်နိုင်မှာဖြစ်ပါတယ်။ ပြီးတော့ အရပ်တိုလည်းစီးလို့ရတဲ့အတွက်ဒါက သင့်အတွက်ရှက်စရာ မဟုတ်ဘဲ ပျော်စရာတခု ဖန်တီးပေးနိုင်ဦးမှာဖြစ်ပါတယ်။

#ရေးသားသူ credit

20" mini Aluminum folding bikeဂျပန်ကျ ကုန်သေတ္တာထွက် ဘီးများသာ သီးသန့်ရောင်းချပါသည်။🚲🚲🚲🚲🚲နယ်မှ ဝယ်ယူချင်သူမိတ်ဟောင်း မိတ...
16/05/2026

20" mini
Aluminum folding bike

ဂျပန်ကျ ကုန်သေတ္တာထွက် ဘီးများသာ သီးသန့်ရောင်းချပါသည်။🚲🚲🚲🚲🚲
နယ်မှ ဝယ်ယူချင်သူမိတ်ဟောင်း မိတ်သစ်များ အတွက်တော့ ကားဂိတ်အရောက် ပို့ပေးပါမည်။
ရန်ကုန်မြို့တွင်း အိမ်အရောက်ဝန်ဆောင်မူ ရှိပါတယ် ခင်ဗျ
Cb or Phone ကိုအားမနာတန်းမေးမြန်းနိုင်ပါသည်။
ဂျပန်ကျ တပတ်ရစ်သုံးပြီး စိတ်ဆင်းရဲမူမရှိအောင် စစ်ဆေးထားပါသည်။
ရောင်းချပြီးသော စက်ဘီးများကို (၁) လ အတွင်းလက်ခမဲ့ စစ်ဆေးပေးပါမည် ။
စက်ဘီးချစ်သူ အပေါင်းရေရှည်အသုံးပြုနိုင်စေရန်Stainless Steel gear ကြိုးများကိုသာ အသုံးပြု ပေးထားပါတယ် ခင်ဗျာ။
https://www.facebook.com/profile.php?id=100057197180211&mibextid=ZbWKwLု
K&B Japan Domestic Mountain Bikes
‌🚩အမှတ် ၈၈၈၊ ဗန္ဓုလလမ်း မကြီး၊ ၊ ၄၉- ရပ်ကွက် ၊ မဒဂုံ ။
‌📲 09 799 659895
‌📲 09 519 3462
‌📲09 518 8832

မြန်မာနှစ်ကူးသက်ြန်မှာ အတာရေနဲ့အတူ ကျန်းမာ ရွှင်လန်းမူ အပေါင်းနဲ့ပြည့်စုံကြပါစေ စက်ဘီးချစ်သူအပေါင်း။။။။။။
13/04/2026

မြန်မာနှစ်ကူးသက်ြန်မှာ အတာရေနဲ့အတူ ကျန်းမာ ရွှင်လန်းမူ အပေါင်းနဲ့ပြည့်စုံကြပါစေ စက်ဘီးချစ်သူအပေါင်း။။။။။။

ဘာတန်းအိတ်လေးတွေပါဗျာ့၊ အသစ်လေးပါ။ဈေးက ၂၅,၀၀၀ ကျပ်အများကြီးမရပါဗျာ့။cb or ring K&B Japan Domestic  Mountain Bikes ‌🚩အမှတ...
02/04/2026

ဘာတန်းအိတ်လေးတွေပါဗျာ့၊ အသစ်လေးပါ။
ဈေးက ၂၅,၀၀၀ ကျပ်
အများကြီးမရပါဗျာ့။
cb or ring

K&B Japan Domestic Mountain Bikes
‌🚩အမှတ် ၈၈၈၊ ဗန္ဓုလလမ်း မကြီး၊ ၊ ၄၉- ရပ်ကွက် ၊ မဒဂုံ ။
‌📲 09 799 659895
‌📲 09 519 3462
‌📲09 518 8832

၂၄" Cannondale Disc Brake, Alooy frame....ဂျပန်ကျ ကုန်သေတ္တာထွက် ဘီးများသာ သီးသန့်ရောင်းချပါသည်။🚲🚲🚲🚲🚲နယ်မှ ဝယ်ယူချင်သူမိ...
28/03/2026

၂၄" Cannondale
Disc Brake, Alooy frame....

ဂျပန်ကျ ကုန်သေတ္တာထွက် ဘီးများသာ သီးသန့်ရောင်းချပါသည်။🚲🚲🚲🚲🚲
နယ်မှ ဝယ်ယူချင်သူမိတ်ဟောင်း မိတ်သစ်များ အတွက်တော့ ကားဂိတ်အရောက် ပို့ပေးပါမည်။
ရန်ကုန်မြို့တွင်း အိမ်အရောက်ဝန်ဆောင်မူ ရှိပါတယ် ခင်ဗျ
Cb or Phone ကိုအားမနာတန်းမေးမြန်းနိုင်ပါသည်။
ဂျပန်ကျ တပတ်ရစ်သုံးပြီး စိတ်ဆင်းရဲမူမရှိအောင် စစ်ဆေးထားပါသည်။
ရောင်းချပြီးသော စက်ဘီးများကို (၁) လ အတွင်းလက်ခမဲ့ စစ်ဆေးပေးပါမည် ။
စက်ဘီးချစ်သူ အပေါင်းရေရှည်အသုံးပြုနိုင်စေရန်Stainless Steel gear ကြိုးများကိုသာ အသုံးပြု ပေးထားပါတယ် ခင်ဗျာ။
https://www.facebook.com/profile.php?id=100057197180211&mibextid=ZbWKwLု
K&B Japan Domestic Mountain Bikes
‌🚩အမှတ် ၈၈၈၊ ဗန္ဓုလလမ်း မကြီး၊ ၊ ၄၉- ရပ်ကွက် ၊ မဒဂုံ ။
‌📲 09 799 659895
‌📲 09 519 3462
‌📲09 518 8832

၂၄" DJ လေးနဲ့ ဆော့ကြမယ် အကြိုက်တွေ့ရင်တော့ ဂျပန်ကျ ကုန်သေတ္တာထွက် ဘီးများသာ သီးသန့်ရောင်းချပါသည်။🚲🚲🚲🚲🚲နယ်မှ ဝယ်ယူချင်သူမ...
28/03/2026

၂၄" DJ လေးနဲ့ ဆော့ကြမယ်
အကြိုက်တွေ့ရင်တော့

ဂျပန်ကျ ကုန်သေတ္တာထွက် ဘီးများသာ သီးသန့်ရောင်းချပါသည်။🚲🚲🚲🚲🚲
နယ်မှ ဝယ်ယူချင်သူမိတ်ဟောင်း မိတ်သစ်များ အတွက်တော့ ကားဂိတ်အရောက် ပို့ပေးပါမည်။
ရန်ကုန်မြို့တွင်း အိမ်အရောက်ဝန်ဆောင်မူ ရှိပါတယ် ခင်ဗျ
Cb or Phone ကိုအားမနာတန်းမေးမြန်းနိုင်ပါသည်။
ဂျပန်ကျ တပတ်ရစ်သုံးပြီး စိတ်ဆင်းရဲမူမရှိအောင် စစ်ဆေးထားပါသည်။
ရောင်းချပြီးသော စက်ဘီးများကို (၁) လ အတွင်းလက်ခမဲ့ စစ်ဆေးပေးပါမည် ။
စက်ဘီးချစ်သူ အပေါင်းရေရှည်အသုံးပြုနိုင်စေရန်Stainless Steel gear ကြိုးများကိုသာ အသုံးပြု ပေးထားပါတယ် ခင်ဗျာ။
https://www.facebook.com/profile.php?id=100057197180211&mibextid=ZbWKwLု
K&B Japan Domestic Mountain Bikes
‌🚩အမှတ် ၈၈၈၊ ဗန္ဓုလလမ်း မကြီး၊ ၊ ၄၉- ရပ်ကွက် ၊ မဒဂုံ ။
‌📲 09 799 659895
‌📲 09 519 3462
‌📲09 518 8832

SOLD OUT 🎈🫰🫰🫰တခါတလေမှရတဲ့ ၂၇" မစီး ချိန်းပျောက် ဂျွိုင်းဘီးလေးပါဗျာ့ဂျပန်ကျ ကုန်သေတ္တာထွက် ဘီးများသာ သီးသန့်ရောင်းချပါသည...
28/03/2026

SOLD OUT 🎈🫰🫰🫰

တခါတလေမှရတဲ့ ၂၇" မစီး ချိန်းပျောက် ဂျွိုင်းဘီးလေးပါဗျာ့

ဂျပန်ကျ ကုန်သေတ္တာထွက် ဘီးများသာ သီးသန့်ရောင်းချပါသည်။🚲🚲🚲🚲🚲
နယ်မှ ဝယ်ယူချင်သူမိတ်ဟောင်း မိတ်သစ်များ အတွက်တော့ ကားဂိတ်အရောက် ပို့ပေးပါမည်။
ရန်ကုန်မြို့တွင်း အိမ်အရောက်ဝန်ဆောင်မူ ရှိပါတယ် ခင်ဗျ
Cb or Phone ကိုအားမနာတန်းမေးမြန်းနိုင်ပါသည်။
ဂျပန်ကျ တပတ်ရစ်သုံးပြီး စိတ်ဆင်းရဲမူမရှိအောင် စစ်ဆေးထားပါသည်။
ရောင်းချပြီးသော စက်ဘီးများကို (၁) လ အတွင်းလက်ခမဲ့ စစ်ဆေးပေးပါမည် ။
စက်ဘီးချစ်သူ အပေါင်းရေရှည်အသုံးပြုနိုင်စေရန်Stainless Steel gear ကြိုးများကိုသာ အသုံးပြု ပေးထားပါတယ် ခင်ဗျာ။
https://www.facebook.com/profile.php?id=100057197180211&mibextid=ZbWKwLု
K&B Japan Domestic Mountain Bikes
‌🚩အမှတ် ၈၈၈၊ ဗန္ဓုလလမ်း မကြီး၊ ၊ ၄၉- ရပ်ကွက် ၊ မဒဂုံ ။
‌📲 09 799 659895
‌📲 09 519 3462
‌📲09 518 8832

နေ့တိုင်း စက်ဘီးစီးပေးခြင်းရဲ့အကျိုးကျေးဇူးများကျန်းကျန်းမာမာရှိဖို့ဆိုရင် ကိုယ်လက်လှုပ်ရှားမှုရှိဖို့လည်း လိုပါတယ်။ ပုံ...
05/02/2026

နေ့တိုင်း စက်ဘီးစီးပေးခြင်းရဲ့အကျိုးကျေးဇူးများ

ကျန်းကျန်းမာမာရှိဖို့ဆိုရင် ကိုယ်လက်လှုပ်ရှားမှုရှိဖို့လည်း လိုပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်တာ

(ဒါမှမဟုတ်) ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တာက အဝလွန်တာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ၊ စိတ်ရောဂါ၊ ဆီးချိုရောဂါလို ရောဂါများစွာကို ကာကွယ်ပေးနိုင်ပါတယ်။

စက်ဘီးစီးခြင်းရဲ့အကျိုးကျေးဇူးများ

စက်ဘီးစီးတာက သင့်ဘဝနေထိုင်မှုပုံစံကို မြှင့်တင်ဖို့နဲ့ ကျန်းမာရေးပြဿနာအများစုကနေ ကင်းဝေးဖို့

အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါ။ စက်ဘီးစီးတာကို အသက်အရွယ်မရွေး လုပ်လို့ရနိုင်ပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးရော စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပါ တိုးတက်စေနိုင်တဲ့ လေ့ကျင့်ခန်းမျိုးလည်းဖြစ်ပါတယ်။ စက်ဘီးစီးခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့

နှလုံးကျန်းမာရေးကောင်းမွန်စေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးတယ်

သွေးတိုးရောဂါ၊ ကိုယ်လက်စထရောများတာ၊ လေဖြတ်တာနဲ့နှလုံးရောဂါလို နှလုံးသွေးကြောဆိုင်ရာ

ရောဂါတွေဖြစ်နိုင်ခြေကို ပုံမှန်စက်ဘီးစီးခြင်းဖြင့် လျှော့ချပေးနိုင်ပါတယ်။ စက်ဘီးစီးတာက သွေးလည်ပတ်မှုအားကောင်းစေပါတယ်။

အဝလွန်ခြင်းမဖြစ်အောင်၊ ကိုယ်အလေးချိန်ကျအောင်ကူညီပေးတယ်

သုတေသနတွေအရ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် တစ်ပတ်ကို အနည်းဆုံး ၂၀၀၀ ကယ်လိုရီ

လောင်ကျွမ်းအောင်လုပ်နိုင်တယ်လို့ သိရပါတယ်။ တစ်နာရီလောက် စက်ဘီးစီးတာက ၃၀၀ ကယ်လိုရီခန့် လောင်ကျွမ်းစေပါတယ်။ တစ်နေ့ကို (၂) ကြိမ်စက်ဘီးစီးတာက ကယ်လိုရီတွေကို မြန်မြန်ဆန်ဆန် လောင်ကျွမ်းစေနိုင်ပါတယ်။ စက်ဘီးစီးတာကို ကိုယ်အလေးချိန်ချဖို့နဲ့ ကိုယ်အလေးချိန်ထိန်းဖို့ အထိရောက်ဆုံးနည်းအဖြစ်ယူဆထားပါတယ်။ စက်ဘီးစီးတာက ဇီဝဖြစ်စဉ်အားလည်းကောင်းစေပါတယ်။

စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျမှုပမာဏတွေကိုလျှော့ချပေးတယ်

ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တဲ့သူတွေက မလုပ်တဲ့သူတွေထက် ၃၂ ရာခိုင်နှုန်းလောက်

စိတ်ချမ်းသာမှုပမာဏမြင့်မားကြပါတယ်။ စက်ဘီးစီးတာက ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းဖြစ်တဲ့အပြင် အပြင်ထွက်စီးရတာဖြစ်တဲ့အတွက် သဘာဝတရားကြီးကိုလည်း ခံစားရစေပါတယ်။ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနဲ့စိတ်ဓာတ်ကျမှုတွေကို လျှော့နည်းသွားစေနိုင်ပါတယ်။ တစ်ယောက်တည်းစီးတာထက် အဖွဲ့လိုက်စီးတာက အထီးကျန်သလိုမခံစားရစေတဲ့အပြင် လူမှုဆက်ဆံရေးလည်း ကောင်းလာစေနိုင်ပါတယ်။

ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ်

စက်ဘီးစီးတာက အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ လေ့လာချက်တွေကဆိုထားပါတယ်။ ပုံမှန်စက်ဘီးစီးပေးတာက ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်တယ်လို့ အထောက်အထားတချို့က ဆိုထားပါတယ်။

ခွန်အားမြှင့်တင်ပေးတယ်

စက်ဘီးစီးတာက ခွန်အားတွေတိုးအောင်၊ အရိုးအဆစ်နာကျင်တာတွေ လျှော့နည်းအောင် ကူညီပေးပါတယ်။ စက်ဘီးစီးတာက အရိုးအဆစ်တွေမှာ ဖိအားနည်းနည်းပဲဖြစ်စေတာကြောင့် အဆစ်ရောင်ရောဂါရှိသူတွေအတွက် အလွန်ကောင်းမွန်တဲ့လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။

ကြွက်သားတည်ဆောက်ပေးတယ်

စက်ဘီးစီးတာက တံကောက်ကြော၊ ပေါင်နဲ့ ခြေသလုံးကြွက်သားတွေ ကျစ်လျစ်တောင့်တင်းလာအောင် ကူညီပေးပါတယ်။

ဦးနှောက်စွမ်းအားတိုးမြှင့်ပေးတယ်

စက်ဘီးစီးခြင်းက မှတ်ဉာဏ်ဆိုင်ရာလုပ်ငန်းဆောင်တာတွေကို တိုးတက်ကောင်းမွန်စေပါတယ်။ စက်ဘီးစီးတာက ဦးနှောက်ရဲ့မှတ်ဉာဏ်စင်တာဖြစ်တဲ့ hippocampusမှာ ဦးနှောက်ဆဲလ်အသစ်တွေကို တည်ဆောက်ဖို့အတွက် အကူအညီပေးပါတယ်။

စက်ဘီးစီးဖို့ အကောင်းဆုံးအချိန်

စက်ဘီးစီးခြင်းကနေ အကျိုးကျေးဇူးအများကြီးရရှိနိုငဖို့ဆိုရင် မနက်ခင်းပိုင်း စက်ဘီးစီးပေးတာက

အကောင်းဆုံးပါပဲ။ မနက်ခင်းမှာ ဂလူးကို့စ်ပမာဏက ၁၅-၂၀ ရာခိုင်နှုန်းလောက် လျော့နည်းနေကတည်းက အဆီကျဖို့နဲ့ ကိုယ်အလေးချိန်ထိန်းပေးဖို့ ကူညီပေးတာကြောင့် မနက်ခင်းမှာ စက်ဘီးစီးတာ ကောင်းပါတယ်။

ဘယ်လိုလူတွေ စက်ဘီးမစီးသင့်လဲ

ဒူးနဲ့လက်ထိခိုက်နာကျင်နေတဲ့သူတွေက စက်ဘီးစီးတာကို ရှောင်ကျဉ်သင့်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါနဲ့ ဒူးပြဿနာရှိတဲ့သူတွေကလည်း စက်ဘီးမစီးသင့်ပါဘူး။ စက်ဘီးစီးတဲ့အခါ လေကို ပိုပြီး ရှုရှိုက်ရတာကြောင့် နှလုံးခုန်နှုန်းမြင့်မားလာပြီး ပန်းနာရင်ကျပ်တုံ့ပြန်မှုကို တိုးလာစေနိုင်ပါတယ်။

Credit
ရိုးရာလေး

အမျိုးများ နှစ်သစ်မှာ ကျန်းမာပျော်ရွှင် ကြပါစေ။
31/12/2025

အမျိုးများ နှစ်သစ်မှာ ကျန်းမာပျော်ရွှင် ကြပါစေ။

25/12/2025
Sold out ဘီလေးပါဗျာ့ တန်တန်လေးတွေ ရောင်းပေးပါတယ်K&B JDM Mountain Bike Shop....Ko San Htun ကျေးဇူးပါဗျာ့
03/11/2025

Sold out
ဘီလေးပါဗျာ့
တန်တန်လေးတွေ ရောင်းပေးပါတယ်
K&B JDM Mountain Bike Shop....
Ko San Htun ကျေးဇူးပါဗျာ့

Address

Bo Mu Ba Htoo Street, 48 Ward
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959799659895

Website

Alerts

Be the first to know and let us send you an email when K&B JD MTB Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to K&B JD MTB Shop:

Share