Ei Ei Phyo Bookshop

Ei Ei Phyo Bookshop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ei Ei Phyo Bookshop, Book shop, Yangon.

ရင်းနှီးမြုပ်နှံမှုဖြင့်ချမ်းသာကြွယ်ဝမှုဖန်တီးခြင်း.....အမှာစာ လေးကိုအရမ်းကြိုက်တယ်။စီးပွားရေးလုပ်ငန်းရှင်တော်တော်များမျ...
12/04/2024

ရင်းနှီးမြုပ်နှံမှုဖြင့်ချမ်းသာကြွယ်ဝမှုဖန်တီးခြင်း.....
အမှာစာ လေးကိုအရမ်းကြိုက်တယ်။
စီးပွားရေးလုပ်ငန်းရှင်
တော်တော်များများက
✅ အမြင်ကျယ်လို့ အမြင့်ရောက်တာထက်
အမြင့်ကိုရောက်လို့ အမြင်ကျယ်ခဲ့ကြတာပါ
✅✅✅✅✅✅✅✅✅✅✅✅✅✅

ဖတ်နေတယ်✅

🎯 ယနေ့ခေတ် မိမိလိုချင်သောပညာရပ်များကို သိန်းဆယ်ချီကုန်ကျခံပြီး အချိန်ကုန်၊ ငွေကုန်ခံပြီး သွားရောက်သင်ယူစရာ မလိုအပ်တော့ဘဲ...
01/03/2024

🎯 ယနေ့ခေတ် မိမိလိုချင်သောပညာရပ်များကို
သိန်းဆယ်ချီကုန်ကျခံပြီး အချိန်ကုန်၊ ငွေကုန်ခံပြီး
သွားရောက်သင်ယူစရာ မလိုအပ်တော့ဘဲ
ငွေေကြေးအနည်းငယ်ဖြင့်
အချိန်ယူပြီး ကြိုးစားပါက
မိမိလိုချင်သော နေရာပန်းတိုင်ကို
အရောက်လှမ်းနိုင်ပါပြီ။ 🎯

🎯 E-learning ခေတ်မှာ နေပူခံ ထီးဖြူဖိနပ်ပါး
စရိတ်စကတွေ အများအပြား အကုန်ခံပြီး
သင်တန်းတွေ တက်နေဦးမလို့လား...?
ကွန်ပျူတာနည်းပညာ ပညာရပ်တွေကို
သင်တန်းတက်စရာမလိုဘဲ ကိုယ့်အိမ်မှာပဲ
အိမ်ယာထဲလှဲ ကော်ဖီလေးသောက် မုန့်လေး
စားရင်း အလွယ်တကူ လေ့လာနိုင်မယ်ဆိုရင်ရော...?
ဟုတ်ပါတယ်... အဲဒီလို စာအုပ်တွေရှိပါတယ်...🎯

🎯 ကိုယ့်ရှေ့မှာဆရာတစ်ယောက်ရောက်နေသလို
Video ဖိုင်လေးကိုဖွင့် စာအုပ်လေးကို
လိုက်ပါဖတ်မှတ်ပြီး E-learning ခေတ်မှာ
သင် တတ်လိုသမျှ ပညာကို အလွယ်တကူ
တတ်မြောက်နိုင်နေပါပြီကော...တန်ဖိုးအားဖြင့်လည်း
စာအုပ်ဖိုးသာသာမျှသာဖြစ်တဲ့အတွက်
သင်တန်းစရိတ်တွေနဲ့ သွားလာစရိတ်တွေနဲ့
ယှဉ်ရင် တန်လွန်း ချိုသာလွန်းတယ်လို့ ဆိုရမှာပါ....

🎯နေရာဒေသအခက်အခဲကြောင့်၊
ရုံးချိန်တွေပြည့်နေလို့၊ အင်တာနက်လိုင်းအဆင်မပြေလို့
ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ လေ့လာခြင်းတွေကို
ရပ်တန့်ပစ်လိုက်တော့မှာလား။ စဉ်ဆက်မပြတ်
လေ့လာနေမှသာ လိုချင်တဲ့ ပန်းတိုင်ကိုရောက်ရှိပြီး
ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လုပ်ငန်းခွင်မှာ
နေရာတစ်နေရာ ရရှိနိုင်မှာပါ။ ⭕️🔷🔴

🎯တကယ့် ပညာရပ် တစ်ခုရဲ့
အနှစ်သာရ တန်ဖိုး ဆိုတာ
မိမိကိုယ်တိုင် ကြိမ်ဖန်များစွာ
လေ့ကျင့်ခြင်းကနေသာ
ဖြစ်တည်လာတာပါ။ 🎯

🎈🎈ယခုအခါ တိုးတက်လာသော
အင်တာနက်နည်းပညာနှင့် မိုဘိုင်းနည်းပညာခေတ်တွင်
စာအုပ် + Training Video Tutorial + Exercise File
+ Software + Telegram Group ပြည့်ပြည့်စုံစုံဖြင့်
လေ့လာနိုင်အောင် နည်းပညာစာအုပ်များကို IT နှင့်
Computer နည်းပညာချစ်သူများအတွက်
မိတ်ဆက်လိုက်ပါတယ်။⭕️🔷🔴

🎯 ၂၁ ရာစုနောင်းပိုင်းကနေစပြီး
လူငယ်တော်တော်များများဟာ တိုးတက်လာတဲ့
နည်းပညာကို အခြေခံကာ IT ပညာကို
ပိုမိုလေ့လာနေကြပါတယ်။ အဲဒီလို တိုးတက်လာတဲ့
နည်းပညာအပေါ် အမှီပြုပြီး အသက်မွေးဝမ်းကျောင်း
ရှာဖွေနေကြတဲ့ သူများလည်း ပိုမိုများပြားလာပါတယ်။ 🎯

🎯 2023 ခုနှစ်ရဲ့ တိုးတက်လာတဲ့ နည်းပညာအပေါ်
အမှီပြုပြီး အသက်မွေးဝမ်းကျောင်း ရှာဖွေနေကြတဲ့
သူများ များပြားလာပါတယ်။ ဒီလို နည်းပညာရဲ့
တိုးတက်မှုတွေနဲ့ အခြေခံပြီး အသက်မွေးဝမ်းကျောင်း
ပြုလိုသူများ၊ အိမ်ကနေပဲ့ Self Study လေ့လာ
လိုသူတွေအတွက် အသုံးဝင်တဲ့
Computer စာအုပ်တွေပဲ့ ဖြစ်ပါတယ်။ 🎯

🎯 နည်းပညာကို အသုံးချပြီး အသက်မွေးဝမ်းကျောင်းပြုလိုတဲ့
လူငယ်များအတွက် အခြေခံကနေစပြီး အသေးစိတ်
self-study လေ့လာလို့ရသည့်အပြင် video နဲ့ရော
တစ်ခါတည်း ရှင်းပြပေးထားတာမို့
နားမလည်မှာလည်း စိတ်ပူစရာမလိုပါဘူး။ 🎯

🎯 နောက်ပြီးတော့ စာအုပ်တွေကရော self-study
လုပ်မဲ့သူတွေအတွက် အဆင်ပြေပါ့မလား ဆိုတာကတော့
စာအုပ်တွေအကုန်ကတော့ self-study
လုပ်ဖို့အတွက် အဓိကရည်ရွယ်ပြီး
ထုတ်ပေးထားတာမို့ အဆင်ပြေပါတယ်ဗျ​။ 🎯

💯 သင့်အတွက် တစ်သောင်းကျော်ဈေးနှုန်းလေးနဲ့
ဒီဇိုင်းပညာရပ်ကို အိမ်ကနေလွယ်လွယ်ကူကူ
သင်ကြားနိုင်မယ့်အပြင် ဆက်လက်
လေ့လာလိုပါကလည်း စာအုပ်တွေထုတ်ထားတာမို့
လေ့လာနိုင်ပါတယ်။ ⭕️🔷🔴

🎯 Computer နှင့် IT နည်းပညာကို
Self-Study သင်ယူလေ့လာခြင်းဖြင့် ....
သင် လိုချင်သောဘဝကို
ပုံဖော်ဖန်တီးပါ။🎯

🎯 ဒီလို နည်းပညာရဲ့ တိုးတက်မှုတွေနဲ့ အခြေခံပြီး
အသက်မွေးဝမ်းကျောင်းပြုလိုသူများ၊ အိမ်ကနေပဲ့
အခြေခံကနေစပြီး Self Study လေ့လာလိုသူတွေအတွက်
အသုံးဝင်တဲ့ နည်းပညာနဲ့ စာအုပ်တွေနဲ့
မိတ်ဆက်ပေးပါ့မယ်။​ 🎯

🎯 သင်တန်းတွေနဲ့ အလှမ်းဝေးတဲ့ နယ်ကသင်တန်း
သားတွေ၊ ပညာဒါန ပြန်လည်သင်ကြားလိုသူတွေ၊
ကိုယ်တိုင် self study ပြုလုပ်လိုသူတွေနဲ့ လုပ်ငန်း
ခွင်ဝင်ရောက်မည့်သူတွေအတွက် စနစ်တကျသင်
ကြားပေးထားသောTraining Guide စာအုပ်လေး
များဖြစ်ကြောင်း ညွှန်းဆိုပါရစေ....... 🎯
ဖုန်း - 09250798810 Or Cb
Ei Ei Phyo Bookshop
Ei Ei Phyo



















Database is Everywhere!========================Microsoft Access 2019 စာအုပ်ထွက်ပါပြီ။IT Industry နည်းပညာခေတ်မှာ ဒေတာ အချ...
01/03/2024

Database is Everywhere!
========================
Microsoft Access 2019 စာအုပ်ထွက်ပါပြီ။

IT Industry နည်းပညာခေတ်မှာ ဒေတာ အချက်အလတ်တွေ သိမ်းဆည်းမယ်ဆိုရင် Database System နဲ့ပဲ စနစ်တကျ သိမ်းဆည်းရပါတယ်။ ဒါကြောင့် စီးပွားရေးဆိုင်ရာ နည်းပညာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆိုရင် Database နည်းပညာများကို မဖြစ်မနေ လေ့လာသင်ယူထားဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်မှာ မဖြစ်မနေ အသုံးပြုနေကြရတဲ့ Database နည်းပညာများကို မိမိဖာသာ Self-study လေ့လာသင်ယူနိုင်စေဖို့ AIT Computer ကနေ Microsoft Access 2019 Database ဘာသာရပ်ကို အခြေခံကနေ အဆင့်မြင့် Project များထိ ပါဝင်တဲ့ စာအုပ်နဲ့ ပို့ချချက် Training DVD ကို ထုတ်ဝေ ဖြန့်ချိလိုက်ပါပြီ။

စာအုပ်မှာ မဂ္ဂဇင်းဆိုဒ်အရွယ်အစားများဖြစ်ပြီး မြန်မာလို ပို့ချချက် Training DVD လည်း ပါဝင်မှာ ဖြစ်ပါတယ်။ စာမျက်နှာ ၃၄၀ ကျော်ပါဝင်ပါတယ်။
လက်တွေ့လုပ်ဆောင်နိုင်ဖို့ Unit တစ်ခုချင်းစီအလိုက် Access Database Exercise Lesson ဖိုင်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။

IT နည်းပညာစာပေ ထုတ်ဝေ ဖြန့်ချိရေးမှ တန်ဖိုးငွေ ၁၅၀၀၀/- (တစ်သောင်းကျပ်ခွဲဖြင့်) ၂၀၂၂ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိမှာ ဖြစ်ပါတယ်။ ဖုန်းနံပါတ် 09 405 227 220သို့ ဆက်သွယ် မှာယူနိုင်ပါပြီ။
ကောင်းမွန် မှန်ကန် အမှားနည်းပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Database Design တစ်ခုရရှိဖို့ Normalization ပြုလုပ်ပုံအဆင့်ဆင့်မှသည် Database Security, Database Encryption များထိ သင်ကြားပို့ချထားပါတယ်။
စာအုပ်အရောင်းဆိုင် Database Application Software တစ်ခုကို အစအဆုံး ရေးသားပြထားသည့်အပြင် Banking Database Structure စတဲ့ Real Word Case Study Project (၁၀) ခုကိုလည်း ထည့်သွင်း ရေးသား ပို့ချထားပါတယ်။
ပါဝင်တဲ့ သင်ခန်းစာ Course Outline က ‌အောက်ပါအတိုင်း ဖြစ်ပါတယ်။

Unit 1 Introduction to Microsoft Access 2019
Unit 2 Creating Database Tables, Linking and Entering Data
Unit 3 Creating Data Entry Forms, Queries, Reports
Unit 4 Designing Tables
Unit 5 Working with Queries
Unit 6 Calculations and Expressions
Unit 7 Basic Forms
Unit 8 Basic Reports
Unit 9 Data Validation
Unit 10 Data Analysis
Unit 11 Action Queries
Unit 12 Specialized Queries
Unit 13 Advanced Forms
Unit 14 Advanced Reports
Unit 15 Get Connected
Unit 16 Fine-Tuning the Database
Unit 17 Enhanced Database Techniques

Unit တစ်ခုချင်းစီမှာ ပါဝင်တဲ့ သင်ခန်းစာ အသေးစိတ်က ‌အောက်ပါအတိုင်း ဖြစ်ပါတယ်။

Unit 1 Introduction to Microsoft Access 2019
Database အကြောင်းကို နားလည်ခြင်း၊ database management system (DBMS) အကြောင်းကို နားလည်ခြင်း၊ Data နဲ့ Information ကွာခြားချက်၊ Microsoft Access ရဲ့ Database Object Type များ အကြောင်း၊ Field နဲ့ Record အကြောင်း၊ Table အတွင်း Record တွေကို CRUD (Create, Retrieve, Update, Delete) ပြုလုပ်ခြင်း၊ Database Utilities များကို အသုံးပြုခြင်း၊ Database Backup ပြုလုပ်ခြင်း၊ Table မှ Record များကို Filtering (စစ်ထုတ်ခြင်း) နှင့် Sorting စီခြင်း၊ Access မှာ Blank Database အသစ်များ Create လုပ်ခြင်း, အဆင်သင့် လုပ်ပြီးသား Template များမှ Create လုပ်ခြင်း စသည့် အခြေခံ Microsoft Access Database သင်ခန်းစာများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။

Unit 2 Creating Database Tables, Linking and Entering Data
Microsoft Access မှာ Database နှင့် Table များ တည်ဆောက်ခြင်း၊ Database ရဲ့ Field နဲ့ Data Type များကို နားလည်ခြင်း၊ Design View မှာ Table တွေကို Create လုပ်ခြင်း၊ Lookup အသုံးပြုပြီး Dropdown List များ တည်ဆောက်ခြင်း၊ Primary Key နဲ့ Foreign Key ကို နားလည်ချိတ်ဆက်ခြင်း၊ အသုံးအများဆုံး One-to-Many Relationship ချိတ်ဆက် အသုံးပြုပုံ၊ Microsoft Access မှာ စနစ်တကျ Data Entry ပြုလုပ်နည်းများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။

Unit 3 Creating Data Entry Forms, Queries, Reports
Data Entry တွေ ပြုလုပ်ဖို့ Forms များ Create လုပ်ခြင်း၊ ရှာဖွေချင်တဲ့ Result တွေ Return ပြန်ဖို့ Query များ Create လုပ်ခြင်း၊ Query Criterias များကို နားလည်ခြင်း၊ Microsoft Access မှာ Report များ တည်ဆောက်ခြင်း၊ Report Wizard အသုံးပြုခြင်း၊ Report Heading နှင့် Page Heading များကို Customize ပြုလုပ်ခြင်း စသည့် Form, Query, Report အခြေခံလုပ်ဆောင်ချက်များကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။

Unit 4 Designing Tables
Table ဆိုတာ Database ကို စတင် Design ဆွဲ သက်မှတ်ခြင်း ဖြစ်ပါတယ်။ Table များကို ပုံစံချ ဒီဇိုင်း သက်မှတ်ခြင်း၊ Table အသစ်များ တည်ဆောက်ခြင်း၊ Table များကို ပြန်လည် မွမ်းမံ ပြင်ဆင်ခြင်း စသည့် အကြောင်းအရာများ၊ ဒေတာတွေကို Manual Entry မသွင်းတော့ဘဲ တခြား ပြင်ပ External Source တွေကနေ တဆင့် Import ပြုလုပ်ခြင်း၊ Table Relationship များ တည်ဆောက်ခြင်း၊ Referential Integrity အသုံးပြုရခြင်း အကြောင်း စသည့် Table Design နှင့် ပတ်သက်သမျှ အသေးစိတ် အကြောင်းအရာများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။

Unit 5 Working with Queries
Queries ဆိုတာ Database ထဲက Information တွေကို Extracting ဆွဲထုတ်ခြင်း ဖြစ်ပါတယ်။ Query Wizard အသုံးပြုပြီး Single Table Query များ တည်ဆောက်ခြင်း၊ Query Criteria, Sort Order များ အကြောင်း၊ MultiTable Query များ တည်ဆောက်ခြင်း၊ Modify ပြုလုပ်ခြင်း၊ Query အတွင်း Data Summarize ပြုလုပ်ဖို့ Total Row များ ထည့်သွင်းအသုံးပြုခြင်း စသည့် Query နှင့် ပတ်သက်သည့် အသေးစိတ် သင်ခန်းစာများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။

Unit 6 Calculations and Expressions
Microsoft Access မှာ မြောက်များလှစွာသော built-in calculations တွေ ပါဝင်ပါတယ်။ ဒီ Calculation တွေကို Queries မှာ အများဆုံး ထည့်သုံးကြပေမယ့် tables, forms နဲ့ reports တွေမှာလည်း ထည့်သွင်း အသုံးချနိုင်ပါတယ်။ ဒီသင်ခန်းစာမှာ calculated field တည်ဆောက်ဖို့ expression အသုံးပြုပုံများ၊ Query အသုံးပြုပြီး Data Summarizing ပြုလုပ်ပုံများ၊ Expression Builder မှာ Function တွေ အသုံးပြုပုံ၊ Aggregate Function များ အကြောင်း စသည့် Calculation နှင့် Expression အကြောင်းအရာ အသေးစိတ်ကို ‌လေ့လာသင်ယူရပါမည်။

Unit 7 Basic Forms
Database User တွေအတွက် Data Entry ပြုလုပ်တဲ့အခါမှာ ရိုးရိုးရှင်းရှင်းနဲ့ လွယ်ကူပြီး အမှားနည်းစေဖို့ Form တွေကို တည်ဆောက် အသုံးပြုရပါတယ်။ ဒီသင်ခန်းစာမှာ Form Tool များ အသုံးပြုပြီး Form များ တည်ဆောက်ခြင်း၊ Form View မှာ Data များကို ပြင်ဆင် တည်းဖြတ်ခြင်း၊ Form Design များကို ပြင်ဆင်ဖို့ Layout View ကို အသုံးပြုခြင်း၊ Form Layout Control များကို နားလည်ခြင်း စသည့် Form နှင့် ပတ်သက်ပြီး အခြေခံ လုပ်‌ဆောင်ချက်များကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။ Form နှင့် ပတ်သက်ပြီး အဆင့်မြင့် လုပ်‌ဆောင်ချက်များကို Advanced Forms အခန်းမှာ ထပ်မံ လေ့လာသင်ယူရပါမည်။

Unit 8 Basic Reports
Report တွေနဲ့ Information ထုတ်ပြန်ခြင်းဟာ Database ရဲ့ အဓိက လုပ်ဆောင်ချက် ဖြစ်ပါတယ်။ Microsoft Access ရဲ့ report-generating tools တွေ အသုံးပြုပြီး professional reports တည်ဆောက်ပုံတွေကို အထူးပြု လေ့လာခြင်း၊ Print Preview ကြည့်ရှုခြင်း၊ Report များကို ပြန်လည်ပြင်ဆင် Modify ပြုလုပ်ခြင်း၊ Report မှာ Record များကို Sorting စီခြင်းနှင့် Grouping ပြုလုပ်ခြင်း စသည့် Report နှင့် ပတ်သက်ပြီး အခြေခံ လုပ်‌ဆောင်ချက်များကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။ Report နှင့် ပတ်သက်ပြီး အဆင့်မြင့် လုပ်‌ဆောင်ချက်များကို Advanced Reports အခန်းမှာ ထပ်မံ လေ့လာသင်ယူရပါမည်။

Unit 9 Data Validation
Data Validation Feature ဆိုတာ Data Entry ပြုလုပ်တဲ့အခါမှာ ပိုမိုမြန်ဆန်အောင်၊ ပိုမို တိကျအောင်၊ အမှား Error ကင်းစင်အောင်၊ Invalid Data တွေ ရိုက်ထည့်လို့ မရ‌အောင် ကြိုတင်တားဆီးထားခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Data Validation ဆိုတာ Reducing Errors အမှားတွေကို လျှော့ချခြင်း ဖြစ်ပါတယ်။ Field Require သက်မှတ်ခြင်း၊ Validation Rule များ ထည့်သွင်းခြင်း၊ Input Mask များ အသုံးပြုခြင်း၊ Lookup Field များ ပြုလုပ်ခြင်း၊ ထပ်မံ ပြင်ဆင်ခြင်း စသည့် Data Validation သင်ခန်းစာများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။

Unit 10 Data Analysis
Data Analysis ကို Queries တွေ အသေရေးမထားဘဲ User Input ပေါ်မူတည်ပြီး ရှာဖွေ ဖော်ပြတဲ့ပုံစံများ အတွက် Parameter Query များ တည်ဆောက်ခြင်း၊ Date Function များ အသုံးပြုခြင်း၊ IIf Function များ အသုံးပြုခြင်း၊ DatePart Function များ အသုံးပြုခြင်း စသည့် အဆင့်မြင့် Data Analysis သင်ခန်းစာများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။

Unit 11 Action Queries
Action Query မစမ်းသပ်ခင်မှာ Database ကို Backup ပြုလုပ်ခြင်း၊ Update Query အသုံးပြုပြီး Data များကို Update ပြုလုပ်ခြင်းနှင့် စမ်းသပ်ခြင်း၊ Append Query အသုံးပြုပြီး Record များ ထပ်ထည့်ခြင်း၊ Make Table Query အသုံးပြုပြီး Table အသစ်များ တည်ဆောက်ခြင်း၊ Delete Query အသုံးပြုပြီး Record များ ဖျက်ခြင်း စသည့် Select Query ထက် အဆင့်မြင့်တဲ့ Action Query သင်ခန်းစာများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။

Unit 12 Specialized Queries
Specialized Queries တွေမှာ crosstab query, find unmatched query နဲ့ find duplicates query တို့ ပါဝင်ပါတယ်။ crosstab query က Data တွေကို group ဖွဲ့ဖို့၊ အနှစ်ချုပ် summarize data တွေ ထုတ်ဖို့, find unmatched query က mismatched records တွေကို ရှာဖွေဖို့, find duplicates query က နှစ်ခါ ထပ်နေတဲ့ duplicate records တွေ ရှာဖွေဖို့ ဖြစ်ပါတယ်။ Crosstab Query အသုံးပြုပြီး Data Summarizing ပြုလုပ်ပုံ အဆင့်ဆင့်ကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။

Unit 13 Advanced Forms
Form အတွင်း ဒေတာတွေကန့်သတ်ဖို့ Menu ပုံစံ ပြောင်းလဲခြင်း၊ Form မှာ Combo Box, Tab Order တွေ ထည့်သွင်းခြင်း၊ Additional Record တွေ ဖော်ပြဖို့ Subform တွေ ထည့်သွင်းခြင်း, Auto Order အသုံးပြုပြီး Tab Order များ နေရာချခြင်း၊ မိမိဖာသာ မိမိ Manual Tab Order ပြုလုပ်ခြင်း စတဲ့ အဆင့်မြင့် Form သင်ခန်းစာများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။

Unit 14 Advanced Reports
Report ရဲ့ အဆင့်မြင့် သင်ခန်းစာများ အနေနဲ့ Control နဲ့ Section များ အကြောင်းကို ‌လေ့လာသင်ယူရပါမည်။ Control ဆိုတာ Form သို့မဟုတ် Report ရဲ့ Object တစ်ခု ဖြစ်ပါတယ်။ Control တွေက ဘာလုပ်နိုင်ဆိုတော့ Data တွေကို ဖော်ပြနိုင်တယ်၊ တွက်ချက်မှုတွေ ပြုလုပ်နိုင်တယ်၊ Box or Line ကဲ့သို့သော Visual Effect တွေ ထည့်သွင်းနိုင်ပါတယ်။ Text boxes, labels, combo boxes နဲ့ subforms စတာတွေဟာ Control ရဲ့ ဥပမာတွေပဲ ဖြစ်ပါတယ်။ ဒီအခန်းမှာ Unbound Control, Bound Control နဲ့ Calculated Control အကြောင်းတွေကို လေ့လာသင်ယူ ရပါမည်။

Unit 15 Get Connected
Microsoft Access နှင့် တခြား Applications တွေကြားမှာ Data တွေ ဖလှယ်ဖို့ နည်းလမ်းမျိုးစုံကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။ Hyperlink ဖြင့် ချိတ်ဆက်ခြင်း၊ Attachment ဖိုင်များ သိမ်းဆည်းခြင်း၊ Microsoft ရဲ့ တခြား Application တွေ ဖြစ်တဲ့ Word, Excel များဆီသို့ Data Export ပြုလုပ်ခြင်း၊ Access Data တွေကို PDF or XPS Document အဖြစ် Export ထုတ်ခြင်း၊ Access Table တွေကို တခြား Database System များသို့ Export ထုတ်ခြင်း စသည့် Connection နည်းပညာများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။

Unit 16 Fine-Tuning the Database
ကောင်းမွန်စွာ Design ချမထားတဲ့ Database တစ်ခုဟာ မလိုလားအပ်ဘဲ ဖိုင်အရွယ်အစားတွေ ကြီးနေပါတယ်။ Performance ကိုလည်း ထိခိုက်ပါတယ်။ Data Redundancy ကြောင့် Data Update လုပ်လိုက်ရင် မလိုအပ်ဘဲ တစ်ခြား နေရာတွေမှာပါ ပြောင်းလဲမှု ဖြစ်သွားတဲ့အတွက် Database အတွင်းမှာ Inconsistency ဖြစ်စေပါတယ်။ Database မှာ ဒီပြဿနာတွေကို ကျော်လွှားနိုင်ဖို့ Normalization ပြုလုပ်ပုံအဆင့်ဆင့်ကိုလည်း လက်တွေ့ Database တစ်ခု ဖန်တီးရင်း လေ့လာသင်ယူရပါမည်။ ဒါ့အပြင် Database ရဲ့ နောက်ထပ် အရေးကြီးတဲ့ Concept ဖြစ်တဲ့ Security ပိုင်းတွေပါ ထိခိုက်ပါတယ်။ ဒီအခန်းမှာတော့ Database ကို ပိုမိုကောင်းမွန်အောင် Fine-Tuning ပြုလုပ်ပုံ၊ Performance Design ချမှတ်ပုံ အဆင့်ဆင့်၊ Security ကောင်းမွန်အောင် Password နဲ့ Encryption ပြုလုပ်ပုံတို့ကို လေ့လာသင်ယူကြပါမည်။

Unit 17 Enhanced Database Techniques
Access မှာ User Interface Function ကို ထိန်းချုပ်ဖို့ Programming Method နည်းလမ်း (၂) ခု ဖြစ်တဲ့ Macro နဲ့ Procedure တွေကို Microsoft VBA (Visual Basic for Applications) အသုံးပြုပြီး ရေးသားကြပါမည်။ ဒီအခန်းမှာ standalone macros နဲ့ embedded macros ရေးသားပုံများကို လေ့လာကြပါမည်။ Form နဲ့ Report တွေမှာ Command Button တွေ ထည့်ပြီး Macro နဲ့ ချိတ်ဆက်ပုံတွေကိုလည်း သင်ယူရပါမည်။ SQL Statement တွေဟာ Microsoft Access မှာ ဘယ်လို အလုပ်လုပ်ဆောင်သလဲဆိုတာကို လက်တွေ့ သင်ခန်းစာများ ပြုလုပ်ရင်း လေ့လာသင်ယူရပါမည်။
တန်ဖိုး/ ၁၅၀၀၀ကျပ်
စာမျက်နှာ /၃၂၃
DVD/1ချပ်

01/03/2024
Power BI စာအုပ် ထွက်ပါပြီ။~~~~~~~~~~~~~~~~Power BI ဆိုတာ Microsoft ရဲ့ Business Analytics Tool ဖြစ်ပြီး မိမိတို့ရဲ့ စီးပ...
01/03/2024

Power BI စာအုပ် ထွက်ပါပြီ။
~~~~~~~~~~~~~~~~

Power BI ဆိုတာ Microsoft ရဲ့ Business Analytics Tool ဖြစ်ပြီး မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်း၊ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေအတွက် အင်မတန်အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်ဖို့ တစ်စစီ ပြန့်ကျဲနေတဲ့ဒေတာတွေကို စုစည်းပြီး အသုံးဝင်တဲ့ Information သတင်းအချက်အလက်အဖြစ် လျှင်လျှင်မြန်မြန် ထွက်လာစေဖို့အတွက် အသုံးပြုပါတယ်။ လုပ်ငန်းအခြေအနေတွေ ရလာဒ်တွေ လစဥ် နှစ်စဥ် အရောင်းတွေ သိရဖို့ decision making တွေ ချမှတ်နိုင်ဖို့ အရင်က Excel Dashboard, Excel Pivot Table တို့ပဲ အသုံးပြုနေရာကနေ အခုဆိုရင် Microsoft Power BI က Excel Sheet ပေါင်းများစွာအပြင် တခြား Data Source ပေါင်းများစွာကနေ စုစည်းပြီး Dynamically Interactive Report Dashboard တို့ကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ဖန်တီးတည်ဆောက်နိုင်အောင် ဒီစာအုပ်နဲ့ ပို့ချချက်ခွေက သင့်ကို အကူအညီပေးပါလိမ့်မယ်။

Power BI ကို ရုံးဝန်ထမ်းများ၊ အရောင်းမန်နေဂျာမှသည် CEO, MD ထိ အသုံးပြုရမှာဖြစ်ပြီး အရောင်းဒေတာအချက်လက်တွေကို ခွဲခြမ်းစိတ်ဖြာ (data visualization) ပြုလုပ်နိုင်ခြင်း၊ Sales Data တွေကို Forecast ပြုလုပ်နိုင်ခြင်း၊ လုပ်ငန်းအတွက် အရေးကြီးတဲ့ Decision Making တွေကို Interactive Data Visualization ဖြစ်တဲ့ Power BI အကူအညီနဲ့ အချိန်တိုအတွင်း ဖန်တီး တည်ဆောက် ရယူ အသုံးချနိုင်ပါတယ်။

Power BI Report Dashboard တည်ဆောက်တဲ့အခါ အလွန်အရေးပါတဲ့ Features တွေ၊ Data Cleaning ပြုလုပ်ပုံ အသေးစိတ် Step By Step နည်လးမ်းတွေ၊ Data Analyze လုပ်တဲ့အခါမှာလည်း အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးမားတဲ့ Business Intelligence တွေ၊ DAX အသုံးပြုနည်းလမ်းတွေ၊ Business Insights တွေအကြောင်းကို ဒီစာအုပ်နဲ့ ပို့ချချက် DVD မှာ ဆရာစားမချန် သင်ကြားပို့ချထားပါတယ်။

Visualization အတွက်လည်း Professional လည်းကျ Business Insights မျိုးစုံကိုလည်း အလွယ်တကူ ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့ Power BI Report Dashboard တွေ ရေးဆွဲပုံကိုလည်း Step By Step လေ့လာသင်ယူရပါမည်။

စာအုပ်နဲ့ ပို့ချချက် ဗွီဒီယိုကြည့်ပြီး တစ်ပါတည်း လိုက်ပါလုပ်ဆောင်နိုင်ဖို့ Exercise File များကိုလည်း Unit အလိုက် ထည့်သွင်းထားပါတယ်။

Unit 1 Introduction to Power BI

Power BI Software ထည့်သွင်း အသုံးပြုဖို့ အနည်းဆုံး Hardware & Software လိုအပ်ချက်များ၊ Data Skill , မတူညီသော Power BI Tools များ အကြောင်း၊ Step By Step အသုံးပြုရမည့် Power BI Desktop Flow, Power BI Desktop Software ထည့်သွင်း Install ပြုလုပ်ပုံ၊ Power BI Desktop Software ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ User Interface ကို နားလည်ခြင်း၊ Power BI Dashboard တစ်ခု ပြုလုပ်ဖို့အတွက် လိုအပ်သည့် Sample Data များကို လေ့လာခြင်း၊ Excel Spreadsheet မှ Data များကို ရယူခြင်း၊ Power Query Editor အသုံးပြုပြီး Data များကို Transformation ပြုလုပ်ခြင်း၊ Website မှ Data များကို ရယူပြီး Data များကို Transformation ပြုလုပ်ခြင်း၊ Merging Queries အသုံးပြုပြီး Table များကို Join ခြင်း၊ Power BI Layout ဖြစ်တဲ့ Field နဲ့ Visualization များကို လေ့လာခြင်း၊ Title, Slicer, Theme များ ထည့်သွင်း အသုံးချခြင်း၊ Report သိမ်းဆည်းခြင်းနှင့် Publish ပြုလုပ်ခြင်း၊ တခြားသူများနှင့် မျှဝေခြင်းစသည့် Power BI အကြောင်းအရာများကို Professional Dashboard တစ်ခု ဖန်တီးနိုင်သည့်အထိ လေ့လာသင်ယူရပါမည်။

Unit 2 Getting Data Sources

Power BI မှာ Report, Dashboard, Data Analysis နဲ့ Visualization တွေ ပြုလုပ်ဖို့ အရင်ဆုံး Data Source တွေနဲ့ ကြိုတင်ချိတ်ဆက်ထားဖို့ လိုအပ်ပါတယ်။ ဒီအခန်းမှာ Data Source တွေ ချိတ်ဆက်ဖို့ အခြေခံသိထားရမည့် အကြောင်းအရာများ၊ Excel File များ ချိတ်ဆက်ခြင်း၊ CSV ဖိုင်များ ချိတ်ဆက်ခြင်း၊ Database များသို့ ချိတ်ဆက်ခြင်း၊ Website များမှ Data များကို ချိတ်ဆက်ခြင်း၊ SharePoint List များသို့ ချိတ်ဆက်ခြင်း၊ Microsoft Dataverse သို့ ချိတ်ဆက်ခြင်း စသည့် Data Source ချိတ်ဆက်ခြင်း သင်ခန်းစာများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။

Unit 3 Data Cleaning and Preparation

NA Row များကို ဖယ်ရှားခြင်း၊ first row ကို headers names အဖြစ် အသုံးချခြင်း၊ Pivot နဲ့ Unpivot အကြောင်းကို နားလည်ခြင်း၊ Column များခွဲခြင်း၊ Data Type များ အကြောင်းကို နားလည်ခြင်း၊ M Language အကြောင်းကို နားလည်ခြင်း၊ Empty Row များကို ဖယ်ရှားခြင်း၊ dataset အတွင်းမှာ granular data level ကို Identify ပြုလုပ်ခြင်း၊ နှစ်ခါ သုံးခါ ထပ်နေတဲ့ Duplicated Rows များကို ဖယ်ရှားခြင်း၊ Append queries, Merge Queries အသုံးပြုခြင်း၊ မလိုအပ်တဲ့ ဖိုင်တွေကို Disable ပြုလုပ်နည်း စတဲ့ Power Query Editor အသုံးပြုပြီး Data Cleaning ပြုလုပ်ပုံ အဆင့်ဆင့်ကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။

Unit 4 Transform Data with the Power Query Editor

Data တွေကို Power BI မှာ အဆင်ပြေပြေအသုံးချနိုင်ဖို့ အရင်ဆုံး Data Cleaning and Transform ပြုလုပ်ရပါမည်။ အဲဒီအတွက် Power Query Editor ကို အသုံးပြုခြင်း၊ Data များကို လျော့ချခြင်း၊ ကြီးစဥ်ငယ်လိုက်သော်လည်းကောင်း ငယ်စဥ်ကြီးလိုက်သော်လည်းကောင်း Sorting စီခြင်း၊ First Row အဖြစ် သက်မှတ်သိမ်းဆည်းခြင်း၊ ဒေတာများ Extract ထုတ်ယူခြင်း၊ Row များကို Filter လုပ်ခြင်း၊ Data Type များကို မှန်ကန်စွာ သက်မှတ်ခြင်း၊ ဒေတာတန်ဖိုးများကို အစားထိုး ပြောင်းလဲပြင်ဆင်ခြင်း၊ Unpivot Column များ ပြုလုပ်ခြင်း၊ Column များကို Transform ပြုလုပ်ခြင်း စသည့် Data Transformation သင်ခန်းစာများကို ဒီအခန်းမှာ‌ လေ့လာသင်ယူရပါမည်။

Unit 5 Combine, Append and Merge Data

တစ်ခုထက်ပိုတဲ့ Multiple Table တွေကို Combine လုပ်ဖို့အတွက် ပြင်ဆင်ခြင်း၊ Data တွေကို Append လုပ်ဖို့ Query အသုံးပြုခြင်း၊ Index Column ထည့်သွင်းခြင်း၊ Data များကို Cleaning ပြုလုပ်ခြင်း၊ ကိုယ့်ရဲ့ Data Model မှာ Table များကို Relationship ပြုလုပ်ခြင်း၊ Query များကို ဖော်ပြခြင်း(Display), ဝှက်ထားခြင်း (Hide), Data များကို ပေါင်းစပ်ခြင်း, Merging ပြုလုပ်ခြင်း စသည့် Combine, Append and Merge သင်ခန်းစာများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။

Unit 6 Creating Report with Visualizations

Power BI Desktop Report View ကို အသုံးပြုခြင်း၊ Visualization အတွက် ပုံစံချ Format ပြင်ဆင်ခြင်း၊ အရောင်အသွေး စုံလင်သော Theme များကို အသုံးချခြင်း၊ Cards, Table, Matrix များဖြင့် Text Visual များ ပြင်ဆင်ခြင်း၊ Preset Style များ အသုံးပြုခြင်း၊ Conditional Formatting အသုံးပြုခြင်း၊ ခေါင်းစဥ် Title စာသားများကို ပြောင်းလဲ ပြင်ဆင် Format သက်မှတ်ခြင်း စသည့် Report တစ်ခု ပြုလုပ်ဖို့အတွက် Visualization နည်းပညာများအကြောင်းကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။

Unit 7 Modify and Print a Report

Report စာမျက်နှာများကို စီမံခန့်ခွဲခြင်း၊ Report Page တွေမှာ ကြည့်ချင်သည့် စာမျက်နှာများကိုသာ ကြည့်ရှုနိုင်စေဖို့ Filter များ ထည့်သွင်းခြင်း၊ Visualization များကို Interactive ဖြစ်အောင် ပြင်ဆင်ခြင်း၊ Report Page များကို Print ထုတ်ခြင်း၊ PowerPoint Format, PDF Format များ အဖြစ်သို့ Export ထုတ်ခြင်း စသည့် Printing နဲ့ Exporting အကြောင်းအရာများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။

Unit 8 Using Filter and Q&A in a Report

Filter လုပ်တာကို Visualize ဖြစ်စေဖို့ Slicer ကို အသုံးပြုခြင်း၊ Report နဲ့ Page တွေမှာ Filter ပြုလုပ်ခြင်း၊ Q&A Visualization ပြုလုပ်ဖို့ Search Capabilities ထည့်သွင်းခြင်း၊ Q&A Visualization မှာ Suggesstion ထည့်သွင်းနည်းစတဲ့ Advance Report နည်းပညာများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။


Unit 9 Share Data with Colleagues and Others

မိမိရဲ့ ပြုလုပ်ပြီးသား Power BI ဖိုင်ကို တခြားသူများနှင့် မျှဝေသုံးစွဲနိုင်ရန် Sharing ပြုလုပ်ခြင်း အခြေခံများ၊ Power BI Desktop မှ Publish ပြုလုပ်ပုံအဆင့်ဆင့်၊ Power BI Service မှ PBIX ဖိုင်ကို ရယူခြင်း၊ Microsoft Team ထဲမှာ Power BI Content များကို ပြသခြင်း၊ Power BI Service မှာ Dataset ကို Republish ပြုလုပ်ခြင်းစသည့် Data Sharing နည်းပညာများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။

Unit 10 Real World Power BI Project for Marketing

Marketing Awareness ကို Analyzing ပြုလုပ်ဖို့ Brand Lift နဲ့ Campaign Traction ပြုလုပ်ခြင်း၊ Engagement ကို Analyzing ပြုလုပ်ဖို့ Lead Generation, Reach and Frequency များကို တိုင်းတာခြင်း၊ Customer Satisfaction ကို တိုင်းတာဖို့ နဲ့ Customer Engagement ကို Analyzing ပြုလုပ်ဖို့ Conversion Analysis နဲ့ Reputation Analysis ပြုလုပ်ခြင်း၊ Customer Advocacy ကို Analyzing ပြုလုပ်ဖို့ True Fan Identifying နဲ့ Customer Content များကို တိုင်းတာခြင်း၊ Power BI Desktop နဲ့ Power BI Service မှ တဆင့် Report Content ကို Publishing ပြုလုပ်ခြင်းစသည့် Marketing အတွက် အင်မတန်အသုံးဝင်တဲ့ Power BI Project ပြုလုပ်ပုံအဆင့်ဆင့်ကို Step By Step လေ့လာသင်ယူရပါမည်။

Unit 11 Creating Sales Report Dashboard

Sales Report Dashboard တစ်ခု ပြုလုပ်ဖို့ Data များကို Import ပြုလုပ်ခြင်း၊ Power Query Editor အသုံးပြုပြီး Text/CSV ဖိုင်မှ Data များကို Transform ပြုလုပ်ခြင်း၊ Excel Workbook ဖိုင်မှ Data များကို Transform ပြုလုပ်ခြင်း၊ Relationships အသုံးပြုပြီး Table များကို Join ခြင်း၊ Slicer နဲ့အတူ Chart များ ထည့်သွင်းခြင်း၊ Quick Measure ပြုလုပ်ထားသည့် Table များ ထည့်သွင်းခြင်း၊ Location နှင့် Result များကို တွဲဖက်ပြသဖို့ Map Chart များ ထည့်သွင်းခြင်း၊ Line Char များ ထည့်သွင်းခြင်း၊ Dashboard မှာ KPI များ ထည့်သွင်းခြင်း၊ Web ပေါ်မှာ Report များကို သိမ်းဆည်းပြီး Publish ပြုလုပ်ခြင်း၊ ဒီ Sales Report ကို တခြားသူများနဲ့ မျှဝေအသုံးပြုခြင်း စသည့် Sales Report Dashboard ပြုလုပ်ပုံ အဆင့်ဆင့်ကို ဒီအခန်းမှာ Step By Step လေ့လာသင်ယူရပါမည်။

Unit 12 DAX (Data Analysis Expressions)

DAX ဆိုတာ Data Analysis Expressions ဖြစ်ပြီး Microsoft က သူ့ရဲ့ အမျိုးမျိုးသော Platform တွေမှာ Data တွေနဲ့ ပတ်သက်ပြီး Interactive ဖြစ်အောင် လုပ်ဆောင်နိုင်ဖို့ တီတွင်ဖန်တီးထားတဲ့ နည်းပညာ ဖြစ်ပါတယ်။ ဒီအခန်းမှာ DAX Language ရဲ့ ရေးသားပုံ Syntax နဲ့ Function တို့ကို လေ့လာခြင်း၊ DAX ရဲ့ Arithmetic, Comparison, Logical, Text Concatenation စတဲ့ Operator များကို လေ့လာခြင်း၊ Date Time DAX Function များကို လေ့လာခြင်း၊ Logical DAX Function များကို လက်တွေ့ အသုံးချခြင်း၊ Text Concatenation Function များကို လက်တွေ့ အသုံးချခြင်း၊ DAX နဲ့ပတ်သက်လို့ လက်တွေ့ Project တစ်ခုလုပ်ပြီး လေ့လာလို့ရအောင် Data များကို Import လုပ်ခြင်း၊ Data Model များ တည်ဆောက်ခြင်း၊ Table အချင်းချင်း Relationship ပြုလုပ်ခြင်း၊ Sum Function အသုံးပြုပြီး New Measurement များ ပြုလုပ်ခြင်း၊ Measure များကို ပုံစံ Format သက်မှတ်ခြင်း, ပြင်ဆင်, တည်းဖြတ်, ပြန်ဖျက်ခြင်း၊ Count Function, Distinct Function အသုံးပြုပြီး New Measure များ ပြုလုပ်ခြင်း၊ Measure ထဲမှာ မှတ်ချက် Comment များ ထည့်သွင်းခြင်း၊ Operator များ အသုံးပြုပြီး New Measure များ ပြုလုပ်ခြင်း၊ Quick Measure tool အသုံးပြုခြင်း၊ Calculated Column များ ပြုလုပ်ခြင်း၊ Measure နဲ့ calculated column တို့ရဲ့ ကွာခြားချက်၊ တခြား Measure များကို Reference ပြုလုပ်ခြင်း၊ Iterator functions, Find function, If function, Calculate function ထည့်သွင်း အသုံးပြုခြင်း စတဲ့ DAX သင်ခန်းစာများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။

Unit 13 Create Comparative Analysis Dashboard in Power BI

Comparative Analysis Dashboard တစ်ခု ဖန်တီးတည်ဆောက်နိုင်ဖို့ လိုအပ်သော Data Model များ တည်ဆောက်ခြင်း၊ Dashboard အတွက် လှပသော Background များ ဖန်တီးဖို့ Power Point မှာ Design ရေးဆွဲခြင်း၊ Page Background မှာ ပုံတွေ ထည့်သွင်းခြင်း၊ Tooltip များ ထည့်သွင်းဖော်ပြခြင်း၊ ယခင်နှစ် ရောင်းအားနဲ့ ယခုနှစ်ရောင်းအားများကို နှိုင်းယှဥ် ကြည့်ရှုခြင်း၊ YoY sales growth% များ နှိုင်းယှဥ်ခြင်း၊ သက်မှတ်ထားတဲ့ Budgeted Sales data နဲ့ အမှန်တကယ် အသုံးပြုလိုက်တဲ့ Budget တို့ရဲ့ ကွာခြားမှု Variance% တို့ကို နှိုင်းယှဥ်ခြင်း၊ Sales forecast များ ပြုလုပ်ခြင်း၊ DAX Function များကို လက်တွေ့ရေးသား အသုံးပြုခြင်း စတဲ့ Comparative Analysis Dashboard သင်ခန်းစာများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။

သင်ခန်းစာတွေကို Step By Step လိုက်ပါလုပ်ဆောင် သင်ယူရင်း Power BI နည်းပညာဖြင့် အောင်မြင်သောဘဝများ တည်ဆောက်နိုင်ပါစေလို့ စိတ်စေတနာပြုရင်း ....

ဆရာဝေဖြိုးအောင် (AIT Computer) ရေးသားပြီးIT Computer Training Center ကနေ ထုတ်ဝေဖြန့်ချီလိုက်တဲ့Peachtree by Sage ကုမ္ပဏီ...
01/03/2024

ဆရာဝေဖြိုးအောင် (AIT Computer) ရေးသားပြီး
IT Computer Training Center ကနေ ထုတ်ဝေဖြန့်ချီလိုက်တဲ့

Peachtree by Sage
ကုမ္ပဏီတွေ စက်ရုံကြီးတွေမှာ အဓိကအသုံးပြုတဲ့ Peachtree Accounting ကို လေ့လာခြင်း✔

တန်ဖိုး ၁၅၀၀၀ကျပ်
စာမျက်နှာ/စာမျက်နှာ၃၅၃
DVD/၁ချပ်

09250798810 or cb
Ei Ei Phyo Bookshop

23/02/2024

Ei Ei Phyo Bookshop
မျက်နှာမများစမ်းပါနဲ့ အချစ်ရယ်....စာအုပ်ဝယ်ဖတ်နော်🤝
နည်းပညာနဲ့ပတ်သတ်တဲ့စာအုပ်တွေရပါပြီ🥉🏆..eep09250798810

Java Programming Language ကို ဘယ်လို စတင်လေ့လာမလဲ?Java Programming မှ မဟုတ်ပါဘူး။ မည်သည့် ပညာရပ်ကိုပဲ သင်ယူလေ့လာပါစေ အခြ...
23/02/2024

Java Programming Language ကို ဘယ်လို စတင်လေ့လာမလဲ?

Java Programming မှ မဟုတ်ပါဘူး။ မည်သည့် ပညာရပ်ကိုပဲ သင်ယူလေ့လာပါစေ အခြေခံကောင်းဖို့က အဓိက အရေးကြီးပါတယ်။ အခြေခံ ခိုင်မာမှသာလျှင် အဆင့်ဆင့် ထပ်ထပ်ပြီး ပိုပြီးတိုးတက်အောင် လုပ်လို့ ရပါတယ်။

Java Programming Language ဟာ လူငယ်တိုင်း သင်ယူထား လေ့ကျင့်ထားသင့်တဲ့ Programming Language တစ်ခုပါပဲ။ အရမ်း စည်းကမ်းကျနပြီး Programming အခြေခံ Concept ကောင်းကောင်းပေးနိုင်တဲ့ Language တစ်ခုဖြစ်ပါတယ်။ Java Programming အခြေခံ ကောင်းကောင်းရသွားရင် ကျန်တဲ့ Programming Language တွေက သင်တန်း ထပ်တက်စရာမလိုဘဲ Self Study လေ့လာလို့ရလောက်တဲ့အထိ Java က အခြေခံ ကျပါတယ်။ အခုနာမည်ကြီး Japan ITPEC Exam နဲ့ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်မှာလည်း Java က မသင်မဖြစ် မယူမဖြစ် လေ့လာရတဲ့ Programming Language ဖြစ်နေဆဲပါပဲ။

ဒါ့ကြောင့် AIT Computer Institute ကနေ Java Programming Basic (Java 101) စာအုပ်ကို ဗွီဒီယို ပို့ချချက်နဲ့အတူ ထုတ်ဝေဖြန့်ချီလိုက်ပါပြီ။ Basic Level မှာ ပါဝင်မည့် အကြောင်းအရာတွေကတော့

Unit 1 Introduction to JavaSE Programming
Unit 2 Variable, DataType & Operators
Unit 3 Control Structure
Unit 4 Looping
Unit 5 Array
Unit 6 Character & String
Unit 6 Character & String
Unit 7 Functions in Java
Unit 8 Classes and Objects in Java
Unit 9 Using Java Pre-written Method
Unit 10 Date and Time
Unit 11 Exception Handling
Unit 12 File & Folder

Unit တစ်ခုချင်းစီမှာ ပါဝင်မည့် အသေးစိတ် အကြောင်းအရာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

Unit 1 Introduction to JavaSE Programming
Java Introduction အခန်းမှာ Java Programming ဖြစ်ပေါ်လာပုံကို အရင်ဆုံး လေ့လာရပါမည်။ Programming Language အမျိုးအစားများ၊ မိမိ ကွန်ပျူတာမှာ Java ကို အဆင်ပြေပြေ Run နိုင်ဖို့ Java System Environment ကို တည်ဆောက်ပုံ နည်းလမ်းများ၊ Command Line ကနေ ဖိုင်၊ ဖိုဒါများ စီမံ ခန့်ခွဲပုံ၊ Hello World Java Program ကို Run ပုံ၊ Java Programming Language ရဲ့ မသိ မဖြစ် သိရမည့် အကြောင်းအရာများကို ဒီအခန်းမှာ လေ့လာသင်ယူ ရပါမည်။

Unit 2 Variable, DataType & Operators
ဒီ အခန်းမှာ Java Programming Language ရဲ့ Memory ပေါ်မှာ နေရာယူမည့် Variable များ သက်မှတ် အသုံးချပုံ၊ Integer, Float, Double, Char စတဲ့ Java ရဲ့ Primitive Data Type (8) မျိုးနဲ့ Reference Data Type များ အကြောင်း၊ Data တွေကို Manipulate လုပ်ပေးမည့် Operator များ အကြောင်းကို ဒီအခန်းမှာ အသေးစိတ် လေ့လာသင်ယူရပါမည်။

Unit 3 Control Structure
Control Structure ဆိုတာ Programming Language တိုင်းမှာ သင်ယူရသည့် Decision Making or Flow Control or Selection ဆိုတဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။ အခြေအနေတစ်ခုကို စစ်ဆေးပြီးမှ အဖြေထုတ်ရတာ ဖြစ်တဲ့အတွက် Condition (အခြေအနေ) လို့လည်း လူသိများပါတယ်။ သင်ယူရမည့် အကြောင်းအရာတွေက if, else, elseif, switch, break, continue, default စတဲ့ Keyword တွေ အသုံးချနည်းကို လေ့လာသင်ယူရပါမည်။

Unit 4 Looping
လူသားတွေနဲ့ ကွန်ပျူတာတွေရဲ့ အဓိက ကွားခြားချက် တစ်ခု ရှိပါတယ်။ အဲဒါက ပုံစံတစ်ခုတည်း တစ်ပုံစံတည်း လုပ်ရတဲ့ အလုပ်တစ်ခုကို လူတွေက အဲဒီအတိုင်းပဲ ထပ်ကာ ထပ်ကာ ကြိမ်ဖန်များစွာ လုပ်ရပါတယ်။ အဲဒီလို အလုပ်မျိုးကို ကွန်ပျူတာကတော့ တစ်ကြိမ်တည်းပဲ အလုပ်လုပ်ပါတယ်။ ဒီ Function ကို အဓိက ပုံဖော်ပေးတဲ့ Programming Language Feature တစ်ခုကတော့ Looping ဖြစ်ပါတယ်။ ဒီအခန်းမှာ Java Programming Language ရဲ့ Looping သင်ခန်းစာတွေ ဖြစ်တဲ့ For Looping, While Looping, Do While Looping, For each Looping တို့ကို သင်ယူရပါမည်။

Unit 5 Array
Programming Software တွေဟာ Memory ပေါ်မှာ နေရာယူပြီး အလုပ်လုပ်ကြပါတယ်။ မိမိ Program မှာ အသုံးပြုမည့် Identifier တွေကိုလည်း Variable ကြေငြာပြီး အသုံးချရပါတယ်။ အကယ်၍များ မိမိ အသုံးပြု မည့် Variable ဟာ Data Type လည်းတူမယ်၊ အသုံ:ပြုမည့် Style လည်း တူမယ်ဆိုရင် Array ဖွဲ့ပြီး နာမည် တစ်ခုတည်းနဲ့ Variable အမြောက်အများ အသုံ:ချလို့ ရပါတယ်။ Array မှာ Single Array, Two Dimension Array, Three Dimension Array, Multi Dimension Array ဆိုပြီးတော့ တစ်ဆင့်ပြီး တစ်ဆင့် အသုံးချ လေ့လာ သင်ယူသွားကြပါမည်။

Unit 6 Character & String
Java Programming မှာ Number တွေ အတွက် Data Type တွေက တာဝန်ယူပြီးတော့ အက္ခရာတွေ အတွက် Character & String တွေက တာဝန်ယူဆောင်ရွက်ပါတယ်။ ဒီအခန်းမှာ အက္ခရာ တစ်လုံးချင်းစီ အသုံ:ချရမည့် Character အကြောင်းနဲ့ စကားစုတွေ စာကြောင်းတွေကို အသုံ:ချမည့် String အကြောင်းကို သူတို့ရဲ့ Build in Method တွေနဲ့ တွဲပြီး အသုံ:ချတာကို လေ့လာသင်ယူကြရပါမည်။

Unit 7 Functions in Java
Java Programming Language မှာ Function တွေ Method တွေ ခွဲရေးရခြင်းအကြောင်း၊ Method Define ပြုလုပ်ပုံ၊ Method ပြန်ခေါ်သုံးပုံ၊ Parameter နဲ့ Return Type တွေ အကြောင်း၊ Static Method နဲ့ Non-static Method ကွာြခားပုံ၊ Java ရဲ့ Built-in Function တွေ ခေါ်ယူ အသုံးပြုခြင်း၊ Void Keyword အကြောင်း၊ Passing Parameter ပြုလုပ်ခြင်း နည်းလမ်း၊ Method Overloading အကြောင်း၊ Object တွေ ဖန်တီးပေးတဲ့ Constructor တွေအကြောင်းကို နားလည်ခြင်း၊ this Keyword အလုပ်လုပ်ပုံ၊ Variable Argument အသုံးပြုပုံ နည်းလမ်း၊ Finalize Method အသုံးပြုပုံ၊ Challenge Code အနေနဲ့ Salary Calculator Solution ပြုလုပ်ခြင်းများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။

Unit 8 Classes and Objects in Java
Java Language ဟာ Object Oriented Programming (OOP) ဖြစ်ပါတယ်။ ဒါကြောင့် ဘာလုပ်ချင် လုပ်ချင် အရာရာတိုင်းကို Class ဖွဲ့ Object တည်ဆောက်ပြီး မှ အသုံ:ချရပါတယ်။ လုပ်ဆောင်ချက် Action ကိုတော့ Method အနေနဲ့ အသုံးပြုကြပါတယ်။ ဒီအခန်းမှာ OOP Concept အကြောင်းနဲ့ Class တည်ဆောက်ပုံ၊ Object တည်ဆောက်ပုံ၊ Method တည်ဆောက်ပုံတို့ကို လေ့လာသင်ယူ ကြရပါမည်။

Unit 9 Using Java Pre-written Method
Java Programming မှာ ကြိုတင်ရေးသား သက်မှတ်ထားတဲ့ Pre-written method Library ပါဝင်ပါတယ်။ Standard Library ဖြစ်ပြီး Java API (Application Programming Interface) လို့လည်း ခေါ်ပါတယ်။ String Manipulation ကဲ့သို့သော အခြေခံ Feature ကနေ စပြီး network communication နဲ့ file handling ကဲ့သို့သော အဆင့်မြင့် Complex Feature တွေ ထိ ပါဝင်ပါတယ်။ ဒီအခန်းမှာ Java ရဲ့ Pre-written Method တွေကို ဘယ်လို အသုံးချမလဲဆိုတာကို အသေးစိတ် လေ့လာသင်ယူရပါမည်။

Unit 10 Date and Time
လက်တလော ရောက်ရှိနေတဲ့ Current Date Time ကို ဖော်ပြခြင်း၊ Date Time Format များကို လေ့လာခြင်း၊ printf အသုံးပြုပြီး Date Formatting ပြုလုပ်ခြင်း၊ Parsing String ပြုလုပ်ခြင်း၊ ကြာချိန်များကို တိုင်းတာခြင်း၊ Gregorian Calendar ကို အသုံးပြုခြင်း Date Time များကို ဖော်ပြခြင်း စသည့် သင်ခန်းစာများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။
Unit 11 Exception Handling
လူတိုင်း အမှား မကင်းကြသလို Program တိုင်းလည်း အမှား မကင်းကြပါဘူး။ ဒါပေမယ့်လည်း မှားခဲ့ပြီးသား အမှားကို ထပ်မမှားဖို့တော့ လိုတာပေါ့နော်။ အမှားတွေ တွေ့ရင် ဘယ်လို ကျော်ဖြက်ကြမလဲဆိုတာလည်း ကြိုတင် ပြင်ဆင်ထားသင့်တဲ့ အရာတစ်ခုပေါ့။ ဒါကို Java Programming မှာ Exception Handling လို့ ခေါ်ပါတယ်။ throws, try, catch, final စတဲ့ Keyword တွေကို သုံးပြီး Exception Handling ခေါ် Error Recovery အကြောင်းကို ဒီအခန်းမှာ သင်ယူရပါမည်။

Unit 12 File & Folder
ဖိုင်၊ ဖိုဒါတွေ အကြောင်းသင်ရင် Storage Device တွေကိုလည်း လေ့လာရတော့မှာပါ။ ဖိုင် အမျိုးအစားတွေ အကြောင်းနဲ့ File Permission တွေ အကြောင်း၊ ဖိုင်နာမည်၊ ဖိုင်ထားရာ Path လမ်းကြောင်း၊ ဖိုင် ထားရှိရာ ဖိုဒါ တည်နေရာများ စသည့် အကြောင်းအရာတို့ကို File Class အောက်က Method တွေ အသုံးချပြီး သင်ယူရပါမည်။

Java Programming Fundamental နည်းပညာရပ်များကို အခြေခံမှစပြီး Self-Study ကိုယ်တိုင်လေ့လာနိုင်မည့် စာအုပ်နှင့် မြန်မာဗွီဒီယို သင်ခန်းစာများ ဖြစ်ပါတယ်။ Java Developing အတွက် လိုအပ်သော JDK, JRE, IDE Tools များလည်း ပါဝင်ပါတယ်။

စာမျက်နှာ (၅၀၀) ကျော်ပါဝင်တဲ့ စာအုပ်ဝယ်ယူပါက ကြည်လင် ပြတ်သားသော ရုပ်သံဖြင့် မြန်မာလို သင်ကြားပို့ချထားတဲ့ Video သင်ခန်းစာများကို Google Drive Download Link ပေးပါမယ်။ DVD တွေကို အသုံးမပြုကြတော့တဲ့အတွက် ထည့်မပေးတော့ပါဘူး။ တန်ဖိုးကတော့ ၃၅၀၀၀ (သုံးသောင်းခွဲကျပ်) ဖြစ်ပါတယ်။

e-Learning MP4 Video ဖိုင်များဟာ ဆရာကိုယ်တိုင် အိမ်မှာ အနီးကပ်လာသင်ပေးနေသလို ခံစားရမှာဖြစ်ပြီး နားမလည်မချင်း မရှင်းမလင်းချင်း ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ပြန်လည် နားထောင် ကြည့်ရှုလေ့လာနိုင် တာကြောင့် နားလည်တက်မြောက်ဖို့ တာဝန်ယူပါတယ်။
🎯 ဝယ်ယူ လေ့လာသင့်သူများ
✅ Java Programming ဘာသာရပ်ကို သင်တန်းတက်ဖို့ အချိန်မပေးနိုင်သူများ၊
✅ အလုပ်တစ်ဖက်နှင့်မအားလပ်၍ သင်တန်းမတက်နိုင်သူများ၊
✅ အခုမှ Computer Science ဘာသာရပ်ကို စတင်လေ့လာလိုသူများ၊
✅ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ် တက်မည့် ကျောင်းသား/သူ များ၊
✅ Mobile Phone Software Application ရေးသားချင်သူများ
✅ ကွန်ပျူတာနည်းပညာရှင်တွေနဲ့ အလှမ်းဝေးတဲ့ မြန်မာနိုင်ငံ မြို့ရွာအနှံမှ နည်းပညာ ဝါသနာရှင်များ
အတွက် တစ်ခါဝယ်ထားရုံဖြင့် မိမိအတွက်သာမက နောက်ထပ် မျိုးဆက် သားငယ် သမီးငယ်များထိ အကျိုးရှိစေမှာပါ။

AIT Computer က ဖွင့်လှစ် သင်ကြားပေးနေတဲ့ Japan ITPEC(IP/FE) တန်းတွေ၊ US Computer Science + MBA တန်းတွေကို စုံစမ်းချင်ရင် Follower ပေါင်း တစ်သိန်းခွဲကျော် ရှိတဲ့ ကျွန်တော်တို့ AIT Computer Page ရဲ့ Messenger မှာ လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်...
ချက်ချင်း အကြောင်းပြန် ဖြေဆိုပေးပါမည်။ Facebook မှာ AIT Computer လို့ ရှာပြီး ဆက်သွယ်လိုက်ပါ။
အနာဂါတ်ရဲ့ ကျားတွေကို တောင်ပံ တပ်ပေးဖို့ AIT Computer က တာဝန်ယူပါရစေ ....

ကိုဝေဖြိုးအောင် (AIT Computer)
Computer Science & MBA (Saylor, USA)
MBA in Information Technology & System Management (Candidate)
CEH ( EC-Council, USA)
ITPEC Trainer (Japan)
CEO & Founder (AIT Computer Co.,Ltd)
09250798810

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ei Ei Phyo Bookshop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category