A&T Forever

A&T Forever Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from A&T Forever, Yangon.

16/09/2025
02/08/2021

ကိုယ်တိုင်းပေါင်း ငှက်သိုက် A&T🐦 တံဆိပ်နဲ့ မြိတ်ငှက်သိုက် စစ်စစ်ရပါပြီ☺📣📣💯

ငှက်သိုက် အစစ်ဘလိုလဲ ပေါင်းလဲ ငှက်သိုက်အစစ်
အရသာဘလိုလဲ သိချင်မြင်ချင်ရင် မသိသေးသူတွေ
A&T မြိတ်သဘာဝငှက်သိုက် ကိုသောက်ကြည့်ပါ 💯💯

ဝယ်ယူအားပေးခဲ့သူတစ်ယောက်ခြင်းစီကိုလဲ
ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ 😘😊☺

သကြားပါဝင်မှုနှုန်းကို အနိမ့်ဆုံး လျော့ချ
ပေးထားတာမို့လို့ ဆီးချိုသွေးချိုသမားများပါမကျန်
သုံးဆောင်နိုင်ပါတယ် ☺😊

ရန်ကုန်မြို့တွင်း ၅ပုလင်းနဲ့၅ပုလင်း အထက်ကို
အိမ်အရောက်ကို့ဆောင်ပေးပါတယ် (ပို့ခရှိ့ပါတယ်) 😊
ပုလင်း၅၀နဲ့၅၀ အထက်ကိုလဲ လက်ကားစျေးသီးသန့်
ရှိ့ပါသေးတယ်ခင်ဗျ 📞📞09773813302 ကိုဆက်သွယ် မှာယူနိုင်ပါပြီခင်ဗျာ 🗯🗯📣📣

&T မြိတ်သဘာဝ ငှက်သိုက် #

Send a message to learn more

01/08/2021

ဘိတ်ငှက်သိုက် ထပ်ရောက်ပါပြီ☺
ငှက်သိုက်အစစ်ကို သဘာဝတိုင်းပေါင်းခံပြုတ်ထားခြင်းကြောင့် ဆိုးဆေးမပါ အရောနှောကင်းပြီး
သကြားပါ ဝင်မှုနှုန်း အနည်းဆုံးပါခင်ဗျ 👍👍

ဆီးချိုသွေးချို သမားများ စိတ်ချယုံကြည်စွာ
သောက်သုံး နိုင်ကြောင်းအာမခံပါတယ် ခင်ဗျ☺😊

ရန်ကုန်မြို့တွင်း ၅ ပုလင်း ၅ပုလင်းနှင့်အထက်
အိမ်အရောက်ပို့ပေးပါတယ်ခင်ဗျာ (ပို့ခ ရှိ့ပါတယ်)😊

တစ်ပုလင်း 5500 ကျပ်ပါခင်ဗျာ
ပုလင်း ၅၀ နှင့် ၅၀ အထက် လက်ကားစျေး
သက်သက်ရှိ့ပါတယ်ခင်ဗျာ cb နဲ့ ဖုန်းနံပတ်များမှာ
စုံစမ်းနိုင်ပါတယ် ✴

✴(09773813302/09780050889)✴

Send a message to learn more

22/07/2021

ချစ်တို့ရေ🙏🙏
500ml hand spray တွေ ရမယ်နော်🧯🧯
ဘယ်သွားသွား အလွယ်တကူ ဆောင်ထားလို့ရမဲ့100ml ‌လည်းရှိပါတယ်နော်✅✅
ဖြန်း ချင်ရာဖြန်း အသားကုန်ဖြန်း ✅
ဖြန်း နိုင်လေ ဘေးကင်းလေ မို့ စိတ်ကြိုက်ဖြန်းပေရော့ပဲ့✅
🧯100ml တစ်ဘူး 1500ကျပ်
🧯ဆယ်ဘူးဈေး 1300ကျပ်
🧯500ml တစ်ဘူး 3000ကျပ်
🧯ဆယ်ဘူးဈေး 2600ကျပ်
#အားလုံးပဲ့ကျန်းမာဘေးကင်းပါစေနော်

22/07/2021

ဝင့်ဝါကို ဘာနဲ့လုပ်ထားလဲ မေးသူတွေ အတွက်🤷🤷
🔶 ဂျင်းကို အဓိကပါဝင် ပစ္စည်း အနေနဲ့ ထုတ်လုပ်ထားပါတယ်💁
🔶ဂျင်းသံပရာ ပျားရည် နနွင်း စသော သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားပါတယ်💁
🔶အမျိုးသမီးများလစဉ် ဓမ္မတာ မှန်စေတယ်
🔶ဝမ်းတွင်းအပူပုတ်ကို ကင်းစေပြီး အူရှင်းပေးပါတယ်
🔶သွေးတိုး သမားများ သောက်သုံးရန် သင့်တော်ပြီး
ကိုယ်ဝန်ဆောင်နဲ့နို့တိုက် မိခင်များ မသောက်သုံးရပါဘူးရှင်💁
🔶အဆီပိုများကို ဖယ်ရှားပေးပြီး ပေါ့ပါးလန်းဆန်းတဲ့ ခံစားမှုကို ရ‌ရှိစေမှာ ပါ💁
🔶အပူပုတ်ကင်း ဝမ်းမှန်အဆီချ ဖို့ ဆို ဝင့်ဝါလေးတော့ ဆောင်ထား ‌မှဖြစ်မှာနော် 💛💛
ဆယ်ရက်စာ ဆယ်ထုတ်ပါတဲ့တစ်ဘူး 4800ကျပ်
#လက်ကားဈေးသီးသန့်ရှိပါတယ်ရှင့်
#အားလုံးပဲ့ကျန်းမာဘေးကင်းပါစေရှင်

21/07/2021

Oxygen ပေးနည်း
ထိန်းသိမ်းနည်း
တွက်ချက်နည်း
တပ်ဆင်နည်း

" #လူနာအားOxygenပေးနည်း "
~~~~~~~~~~~~~~~~~~~~~~
Oxymeter မှ ထွက်​သောအ​ဖြေအား တွက်ချက်၍
Oxygen ​ပေးနည်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လူနာအား Oxymeter နဲ့တိုင်းကြည့်ပါ
အ​ဖြေက 94 နဲ့ 99 ကြားမှာရှိသင့်ပါတယ်။
တိုင်းကြည့်လို့ Oxymeter မှ ထွက်လာတဲ့
အ​ဖြေဟာ 94 ​အောက်ကျ​နေပြီဆိုရင် စိုးရိမ်ရပါတယ် ။

လူနာကို Oxygen ​ပေးဖိုလိုအပ်​နေပါပြီ
*************************************
#အောက်ဆီဂျင်ဘယ်လိုပေးမလဲ
94 ​အောက်သို့​ရောက်သော
Oxymeter မှထွက်လာ​သည့် အ​ဖြေ ဂဏန်းကို
94 ထဲက နူတ်ပြီး 4 ဖြင့်စားပါ ။
4 ဖြင့်စား လို့ အကြွင်းပျက်သွားရင်
စားလဒ် ဂဏန်းအတိုင်း ​လူနာကို Oxygen
အမှတ်ချိန်၍ပေးရပါမည် ။

စားလို့မပျက်ပဲ အကြွင်းတခုခု ကြွင်းပါက
စားလဒ်ဂဏန်းကို 1 ဖြင့်​ပေါင်း၍ ​
လူနာကို Oxygen အမှတ်​ချိန်၍ပေးရပါမည် ။

ဥပမာ ။ ။ ( ၁ )
လူနာအား Oxymeter ဖြင့်တိုင်း၍
အ​ဖြေဟာ 82 ထွက်သည်ဆိုပါစို့ .....

အဆိုပါ 82 ကို 94 ထဲက နူတ်ရင် 12 ဖြစ်၍
ထို 12 ကို 4 ဖြင့်စားပါက စားလဒ်ဟာ 3 ဖြစ်ပြီး အကြွင်း 0ကြွင်း၍အကြွင်းပျက်သွား​သော​ကြောင့်
လူနာကို ​အောက်ဆီဂျင်​ပေး​သောအခါ စားလဒ် 3 အတိုင်းပဲ 3 မှတ်​ပေးရမည်ဖြစ်၍ Oxygen အိုးရဲ့
flow meterမှာ 3 မှတ်အ​နေအထားချိန်ပြီးမှလူနာကို Oxygen ပိုက်တပ်​ပေးပါ ။

ဥပမာ ။ ။ ( ၂ )
Oxymeter ဖြင့်တိုင်း၍
အ​ဖြေဟာ 80 ထွက်သည်ဆိုပါစို့ ......

အဆိုပါ 80 ကို 94 ထဲက နူတ်ရင် 14 ဖြစ်လို့
14 ကို 4 ဖြင့်စားပါက စားလဒ်ဟာ 3 ဖြစ်ပြီး
2ကြွင်း​သော​ကြောင့် စားလဒ် 3 ကို 1 ဖြင့်​ပေါင်း​သော် 4 ဖြစ်သဖြင့် လူနာကို ​အောက်ဆီဂျင် ​ပေး​သည့်အခါ Oxygenအိုးရဲ့ Flow meter မှာ 4 မှတ်​အ​နေအထားချိန်ပြီးမှ လူနာကို ​Oxygen ပိုက်တပ်ပေးပါ ။

Oxymeter မှ အ​ဖြေဟာ 91/92/93
ဖြစ်​နေလျှင် Oxygen ​ပေးမည်ဆိုပါက Oxygen အိုးရဲ့ Flow meter မှာ 2 မှတ် အ​နေအထားချိန်၍
​ပေးနိုင်ပါသည် ။

အနီဝိုင်းပြထားသောနေရာတွင်
ဘောလုံးလေးရှိသည်။
ဘားဖွင့်လျင် ဘောလုံးလေး‌က
လေပေါ်မြောက်နေသော
အမှတ်ကိုဆိုလိုပါသည်။

အောက်ခံခွက်ထဲကို
ရေထည့်ဖို့လည်းမမေ့ပါနှင့်။
ရေမထည့်ရင် အာခေါင်ခြောက်
အာခေါင်နာဖြစ်ပါသည်။
👉မန့်မှာတော့ ဆရာ Myi Ther Khine ထပ်ဖြည့်ပေးလိုက်တာက...

flow များရင် mask နဲ့ပေးရမယ်။ resoirvor bag ထပ်သုံးရပါမယ်။ nasal prone နဲ့က 5l/min အများဆုံးပဲရမှာ ထပ်တိုးမယ်ဆို mask ပြောင်းပေးရမယ်။ 10l/min ထပ်ကျော်ပေးရင် resoirvor mask နဲ့ပေးရပါမယ် လို့ထပ်ဖြည့်ပေးထားပါတယ်။

#အောက်ဆီဂျင်အိုးမှာရေဘာကြောင့်ဖြည့်ရသလဲ

ရေရဲ့အရေးကြီးပုံနဲ့ တပ်ဆင်အသုံးပြုတဲ့အခါမှာဂရုပြုနိုင်ဖို့အတွက် ဆရာ
ကလည်းဒီလိုလေးအသေးစိတ်ရှင်းပြထားပါသေးတယ်။

ိုးအသုံးပြုပုံမူတည်ပြီးOxygen_Flow_meterမှာသတိပြုနိုင်မယ့်အမှားများကို ပြောပြချင်ပါတယ်။

Water Level နဲ့ပတ်သတ်ပြီးအရင်ဆုံးပြောပြချင်ပါတယ်

ရေကဘာကြောင့်ထည့်ရတာလဲဆိုရင် စိုထိုင်းစလေးရချင်လို့ပါပဲ Oxygen ကြောင့် နှုတ်ခမ်း နှာခေါင်းအတွင်းခြောက်သွေ့ကွဲအက်မှာဆိုးလို့ စိုထိုင်းစလေးဖြစ်အောင်ရေကိုထည့်ထားခြင်းဖြစ်ပါသည် ။ ရေကိုဖြတ်ပြီးမှ အောက်ဆီဂျင်ရချင်းမဟုတ်ပါဘူး မရှိမဖြစ်လိုအပ်နေခြင်းလဲမဟုတ်ပါ။ အောက်ဆီဂျင်ရှူ နေရတဲ့လူနာက အောက်ဆီဂျင်အရေးပေါ် လိုအပ်နေပါကရေဖြည့်ချင်းကိုသတိထားပြီးစောင်ရွက်သင့်ပါသည် ။ ဘေးမှာအောက်ဆီဂျင်ဘူးအပိုနဲ့ Oxygen ပိုက်အပိုကိုထားပြီး ရေဖြည့်နေစဉ် အရန်တစ်အိုးနဲ့ပေးထားရင်ပိုကောင်းပါသည်။

သတိပြုရန်

ရေကိုဖြည့်စဉ် water Level ရဲ့ Scale ကိုကျော်လွန်ပြီးမထည့်ရန်အလွန်ရေးကြီးပါသည် ။ Level ကျော်ပါက ရေများသည် Oxygen ပိုက်များမှ တစ်ဆင့် ရောက်ရှိသွားနိုင်ပါတယ် Nasal Cannula Pipe နဲ့ပေးထားမည် ဆိုပါက နှာခေါင်းထဲတိုက်ရိုက်ရောက်သွားပြီး အသက်ရှူ ခြင်းကို ဒုက္ခပေးနိုင်ပါတယ် Oxygen Mask Pipe များအသုံးပြုနေခြင်းဆိုပါက မျက်နှာကိုရေများရွဲဆိုနိုင်ပါသည်။ ထိုကြောင့် ရေကို water Level scale ကို မကျော်လွန်ပဲ ထည့်ရန်လိုပါသည်။ Level scale အပြည်နီးပါ မထည့်ခိုင်းချင်းမှာ Flow Level ကို အမြင့်ဆုံးထားထားပါက ရေများအရမ်းပွက်လာကာ ပိုက်ထဲသို့ဝင်ရောက်နိုင်သောကြောင့်ဖြစ်ပါသည် ။ ရေဖြည့်ပြီးရင် ခွက်ကိုလုံအောင်ပိတ်ပေးဖို့ သတိပြုရမှာပါ လုံအောင်မပိတ်ပါက Oxygen များသည် ထိုမလုံတဲ့အပေါက်ကနေ ထွက်သွားပြီး လူနာက Oxygen ကိုပြည်ဝစွာမရရှိနိုင်ပါ။ ခွက်ကိုလှည့်၍ပိတ်တဲ့အခါ တစောင်းအနေထားဖြစ်နေပါက အရစ်ပြည့်ပြီးတပ်ဆင်ပြီးပြီးဟုထင်ရသော်လည်း လေမလုံနိုင်သည်အတွက် ထိုလွတ်နေသောနေရာမှ လေများထွက်နိုင်သည် flow level အမြင့်ဆုံးပေးထားပါက အသံမြည်သော့်ကြောင့်သိရှိနိုင်သော်လည်း flow level နည်းပါက လက်နှင့်စမ်းသပ်မှသိရှိနိုင်မည်။ ကျနော်ရဲ့အတွေ့ကြုံအရ ICU အခန်းထဲက ဦးလေးကြီးတစ်ယောက်ကို wall line မှ Oxygen flow Meter နဲ့ပေးထားပြီး flow level မှာ ၁၅ဖြစ်သည်။ ထိုသို့ပေးနေစဉ် လူနာစောင့်မှာ ရေနည်းနေ၍ ရေဖြည့်ပြီးသေချာတပ်ဆင်ခြင်းမရှိသောကြောင့် Oxygen ကောင်းမွန်စွာမရရှိပဲ အောက်ဆီဂျင်များကျဆင်းလာကာ HFNC စက်ဖြင့် flow level 30ထား၍ ပြန်ပေးချင်းကိုခံခဲ့ရသည်။

Nasal Oxygen Cannula Pipe
Nasal Oxygen Cannula pipe က Oxygen flow level ကို ၁ ကနေ ၃အထိပဲပေးလို့ရပါသည် ထိုထပ်များပါက အချိန်ကြာလာသည်နှင့်အမျှ နှာခေါင်းအတွင်းပိုင်းကိုပျက်စီးစေပါသည် ။ Nasal Cannula ကိုတပ်စဉ်မည်ဆိုလျှင် Oxygen flow ကိုချိန်ပြီးမှတက်စဉ်ပေးရန်လိုသည်။ အဘယ်ကြောင့်ဆိုသော Oxygen flow level ကိုချိန်သည့် ball ကိုလှည့်စဉ် လက်ကအားဖြင့် လှည့်မိပါက ရုတ်တရက် Oxygen များပြင်းအားနဲ့ထွက်လာပြီး နှာခေါင်းအတွင်းပိုင်းကိုထိခိူက်ပျက်စီးစေတက်သောကြောင့်ဖြစ်သည်။ ပိုက်ဝယ်ရာတွင်လည်း ကလေးနဲ့လူကြီး ဆိုပြီး ၂မျိုးရှိသည်။ Oxygen flow level 2 နဲ့ 3 ကိုပေးနေရာမှ Spo2 တက်လာခြင်းမရှိပါက flow level ထပ်မြင့်ရန် Oxygen face mask pipe ပြောင်းရမည်ဖြစ်သည်။

Oxygen Pressure
Oxygen လေပေါင်ကို မပျက်စေဖို့ သတိနဲ့စောင့်ကြည့်ပေးဖို့လိုပါတယ် ။ ဖြစ်နိုင်ရင် Flow meter ကို ၂ခုဝယ်ထားပြီး Oxygen ၂အိုးမှာတပ်ထားပေးပါ လေပေါင်ကုန်သွားပါက ပိုက်ဂိုက်ဖြင့် Screws ကိုလှည့်နေပါက လူနာအောက်ဆီဂျင်ပြတ်လပ်သွားနိုင်ပါသည်။ ထိုကြောင့် Oxygen အိုးနောက်တစ်ခုနဲ့ flow meter ၂ခုဆောင်ထားပါက ပိုက်ကိုသာဆွဲ ဖြုတ်၍ လျှင်မြန်စွာလဲနိုင်ပါသည် ။ လေပေါင်ကုန်သွားကအချိန်မှီဖြန့်တင်နိုင်းဖို့လဲအရေးကြီးပါသည်။

ရေရှည်အောက်ဆီဂျင်ရှူ နေမည့်သူများသည်ပိုက်များကိုလဲလှည့်ဖို့လိုအပ်ပါသည် ။ သန်ရှင်းအောင်ထားဖို့လဲလိုပါသည်။ အောက်ဆီဂျင်ပိုက်များမှ တဆင့် အခြား Virus များ အသက်ရှူလမ်းကြောင်းမှတဆင့်ဝင်ရောက်နိုင်သောကြောင့်ဖြစ်သည်။
ကျနော်သိလိုသမျှကိုစိတ်ရှည်ရှည်နဲ့ဖြေကြားပေးတဲ့ ဒေါက်တာကျော်သူဟိန်း Kyaw Thu Hein ကိုလည်းကျေးဇူးအထူးတင်ပါတယ် 🙏🙏🙏🙏🙏🙏🙏🙏

" #အောက်ဆီဂျင်အိုးအသုံးပြုပုံအဆင့်ဆင့်"

အရေးပေါ်အခြေနေမှာ အောက်ဆီဂျင်အိုးကိုဘယ်လိုသုံးရမလဲ သိထားသိတဲ့ အချက်တွေကို ကို Kyaw Thuya က အခုလိုလေးထပ်ရှင်းပြထားပါသေးတယ်ဗျ လေ့လာမှတ်သားထားသင့်ပါတယ်။

ပုံ ( ၁ ) တွင်ပြထားသည့်အတိုင်း စလင်ဒါအိုးနှင့်အတူ Flowmeter Set တစ်ဘူး တစ်ခါတည်း ပါရပါမည် ။

ပုံ ( ၂ ) တွင် ပြထားသည့်အတိုင်း Flowmeter setတွင် A,B,C ပစ္စည်း ( ၃ ) မျိုး ပါရပါမည် ။

ပုံ ( ၃ ) တွင်ပြထားသကဲ့သို့ "A" ပစ္စည်းဖြစ်သော ရေဘူးကို အဖုံးလှည့်ဖွင့်ပါ။
ထိုဘူးထဲသို့ ရေဖြည့်ပါ ။( Lower level နှင့် Upper level ကြား)၊
အဖုံးကို လုံအောင်ပြန်လှည့်ပိတ်ပါ ။

ပုံ ( ၄ ) တွင်ပြထားသည့်အတိုင်း ရေထဲ့ထားသည့် ရေဘူး"A" ကို မီတာပါသည့် "B" တွင် မြှားပြထားသည့်နေရာ"AB" မှ လှည့်၍ တပ်ဆင်ပါ ။ ရေဘူး"A"၏ ငုတ်တွင် အောက်ဆီဂျင် ရှူသည့်ပိုက် "C" ကို မြှားပြထားသည့် "AC" နေရာတွင် ထိုးထဲ့ကာ တပ်ဆင်ပါ ။

ပုံ ( ၅ ) တွင်ပြထားသည့်အတိုင်း အောက်ဆီဂျင်အိုး နှင့် Flowmeter ၏ "A" အစိတ်အပိုင်း တို့အား မြှားပြထားသည့် နေရာမှ လက်ဖြင့် လှည့်၍ တပ်ဆင်ပါ ။

ပုံ ( ၆ ) တွင် ပြထားသကဲ့သို့ ဂွရှင်ကိုအသုံးပြုပြီး တင်းကျပ်စွာ တပ်ဆင်ပါ ။ (၁၀လက်မ ဂွရှင်တစ်ချောင်း ဆောင်ထားပါ) အိမ်တွင် ဂွရှင် မရှိလျှင် အောက်ဆီဂျင်အိုး ငှါးသည့်နေရာတွင် အကူအညီတောင်းပါ ။

ရေဘူးမှထွက်သည့် ပိုက်ပျော့၏ အခြားတစ်ဖက်မှ ငုတ်နှစ်ခုကို လူနာ၏ နာခေါင်းပေါက် တစ်ဖက်တစ်ခု တေ့ထည့်ကာ ​အောက်စီဂျင်ပေးပါ ။ (၄င်းပိုက်မပြုတ်စေရန်အတွက် လူနာ၏ ပါးပြင်တွင် ပိုက်ကို ပလာစတာဖြင့် ယာယီတွဲကပ်ထားသင့်သည်)

ပုံ ( ၇ ) တွင် ပြထားသကဲ့သို့ အောက်ဆီဂျင်အိုး၏ မိန်းဘား "D"ကို ၂ ပတ်ခန့် လှည့်ဖွင့်ပါ ။ မီတာ ဒိုင်ခွက်တွင် လက်တံ အပေါ်သို့ တက်လာသည်ကို တွေ့ရမည်။

ပုံ ( ၇ ) တွင်ပြထားသည့်အတိုင်း Flowmeter ၏ ထိန်းညှိဘား "E" ကို ဖြေးညင်းစွာ လှည့်ဖွင့်ပါ ။ ဖန်ပြွန်ချောင်း "F" ထဲတွင် ဘောလုံးအသေးလေး အပေါ်သို့ တက်လာမည် ဖြစ်သည်။

ထိန်းညှိဘား " E " ကို များများဖွင့်လျှင် ဘောလုံး အပေါ်ပိုတက်၍ နဲနဲဖွင့်လျှင် ဘောလုံးသည် အောက်နားတွင်သာ ရှိနေမည်။

ပုံမှန်အားဖြင့် ၄င်းဘောလုံးလေးသည် ဖန်ပြွန်ချောင်းတွင်ပါသော နံပတ် ( ၂ ) တွင် ရှိ​နေရန် ချိန်ထားပြီး အောက်ဆီဂျင်ရှူနိုင်သော်လည်း လိုအပ်ပါက ဆရာဝန်ညွှန်ကြားသည့် နံပတ်တွင် ထား၍ ရှူရမည်ဖြစ်သည် ။

အိမ်မှာဆောင်ထားလိုသော မိတ်ဆွေများအတွက်
ကူးယူဝေမျှလိုက်ပါသည်။ မူရင်းရေးသားသူကိုလည်း credit ပေးပါသည်။
မိသားစုတိုင်းကျန်းမာအသက်ရှည်ဘေးဘရာဝေးကွာလို့ပျော်ရွှင်သောနေ့သစ်ကိုလျှောက်လှမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါရစေ။
🙏🙏🙏🙏🙏
👉ဖြူးမြို့နယ်အနီးတစ်ဝိုက်မှ အောက်ဆီဂျင်လိုအပ်နေသူများအား ကူညီနိုင်ရန်အတွက် အောက်ဆီဂျင်အိုးတွေမှာထားပြီးပါပြီ။

ကျွန်တော် ဇော်မိုး ပိုင်အိုးနီးယား၁၁၅မှစုစည်းတင်ပြသည်။

Address

Yangon

Telephone

+959773813302

Website

Alerts

Be the first to know and let us send you an email when A&T Forever posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share