Cytopher hobbies

Cytopher hobbies Fashion Design and Branded

 #မိခင်ဘဝဆုံးရှုံးခဲ့ရတဲ့အမျိုးသမီးတွေဘဝကိုတစ်ချို့စာနာနိုင်ကြပါစေ
31/01/2023

#မိခင်ဘဝဆုံးရှုံးခဲ့ရတဲ့အမျိုးသမီးတွေဘဝကို
တစ်ချို့စာနာနိုင်ကြပါစေ

💦ကလေးယူဖို့အကောင်းဆုံးအရွယ်

လူအများစုကအိမ်ထောင်ပြုပီးရင်သားသမီးတို့ကိုမွေးဖွားကြရပါတယ်။တချို့အိမ်‌ထောင်ပြုနောက်ကျ‌တာတွေ၊စောတာ၊ငွေကြေး စတဲ့ပြဿနာတွေများစွာရှိတဲ့အတွက်ဒီအချိန်လေးတွေကိုသိရင်အတွေးတခုရသွားမယ်လို့မျှော်လင့်ပါတယ်။

🍓သားသမီးယူဖို့အကောင်းဆုံးအရွယ်

🍄၁၈-၂၄နှစ် -အကောင်းဆုံးပါ။

🍄၂၅-၃၀နှစ်-ခုခေတ်အနေအထားဆိုရင်ကလေးယူဖို့အသင့်တော်ဆုံးပါ။ကလေးရောအမေအတွက်ပါအကောင်းဆုံးဖြစ်ပါတယ်။

🍄၃၁-၃၅နှစ်-ဒီအရွယ်ဆိုရင်ကလေးရနိုင်ချေနည်းလာပီးစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတွေကျလာတဲ့အတွက်သိပ်မကောင်းတော့ပါဘူး။

🍄၃၆-၄၀နှစ်- ကလေးလိုချင်ရင်တော့ရနိုင်ပါ‌တယ်။အမွှာမွေးတာ၊ မျိုးရိုးဗီဇ ဆိုင်ရာ‌ ရောဂါတွေ(Down)၊ကလေးဉာဏ်ရည်မမှီတာတွေ၊မွေးရခက်တာတွေကြုံရတတ်တယ်။ ကိုယ်ဝန်ရခဲ့ရင်လည်းပျက်ကျတတ်ပါတယ်။

🛑၄၁-၄၅နှစ်- မယူသင့်တော့ပါဘူး။အမေရော‌ကလေးမှာပါ ပြဿနာများစွာရှိပါတယ်။

မေတ္တာဖြင့်
ဒေါက်တာကောင်းထက်ကျော်

မိဘမျက်ရ​ည်တစ်စက် သားသမီးဆင်းရဲတစ်သက် တဲ့။ ဒီလိုသာဆို ချမ်းသာတဲ့သူရှိပါဦးမလားလို့ တွေးမိတယ်။ မိဘဆိုတာ သားသမီးအပေါ် အလိုမ...
15/01/2023

မိဘမျက်ရ​ည်တစ်စက် သားသမီးဆင်းရဲတစ်သက် တဲ့။

ဒီလိုသာဆို ချမ်းသာတဲ့သူရှိပါဦးမလားလို့ တွေးမိတယ်။ မိဘဆိုတာ သားသမီးအပေါ် အလိုမကျတိုင်း မျက်ရည်ကျနေတာလေ။

မိဘက တက်စေချင်တဲ့ တက္ကသိုလ်ကို သားသမီးက မတက်ချင်ဘူး။ မိဘနဲ့ သားသမီးညှိမရတော့ ပြဿနာဖြစ်။ မိဘက ဒရမ်မာတွေခင်းပြီး ငိုရော။ အဲဒီသားသမီး တစ်သက်လုံးဆင်းရဲမှာလား။

အဲဒီလိုသာဆိုရင် သိဒ္ဓတ္ထမင်းသား ဘုရားမဖြစ်ပဲ လူဆင်းရဲဖြစ်သွားမယ်။ သိဒ္ဓမင်းသားကို သူ့အဖေက စကြာဝတေးမင်းဖြစ်စေချင်ပြီး တောမထွက်စေချင်ဘူးလေ။

သူက ဘုရားရဲ့အဖေမဖြစ်ချင်ဘူး။ စကြာဝတေးမင်းရဲ့အဖေပဲဖြစ်ချင်တာ။ သိဒ္ဓတ္ထမင်းသားက သူ့စကားနားမထောင်ပဲ တောထွက်သွားတာ မျက်ရည်မကျပဲနေမလား။

မိဘအပေါ် မိုက်ရိုင်းစော်ကားတာ မလုပ်ဖို့။ ညှဉ်းပန်းနှိပ်စက်တာ မလုပ်ဖို့။ မကျွေးမွေးမပြုစုပဲ ပစ်ထားတာမျိုး မလုပ်ဖို့ ပြောဆိုဆုံးမကြရမှာလေ။

မိဘအပေါ် မိုက်ရိုင်းစော်ကားလို့၊ ညှဉ်းပန်းနှိပ်စက်လို့၊ မကျွေးမွေးမပြုစုပဲ ပစ်ထားလို့ မိဘက စိတ်ဆင်းရဲပြီး မျက်ရည်ကျရင် အဲဒီသားသမီး တစ်သက်လုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်တတ်တယ်လို့ ပြောရင် သင့်တော်သေးတယ်။

မိဘကိုမျက်ရည်မကျအောင်၊ ပျော်အောင်ထားလို့ ဘဝပျက် စီးပွားပျက်သွားတဲ့လူတွေ ဒီလောကထဲမှာ ရှိပါတယ်။

မိဘဖြစ်တိုင်း လူကောင်းမှမဟုတ်တာ။ တချို့က သားသမီးတွေရဲ့လုပ်စာနဲ့ လောင်းကစားလုပ် ဘိန်းရှု အရက်သောက်နေတဲ့ မိဘတွေမှ တစ်ပုံကြီး။

ဖဲရိုက် ချဲထိုး ဘိန်းရှု အရက်သောက်ဖို့ ငွေမပေးလို့ ငိုရင် သားသမီးက တစ်သက်လုံးဆင်းရမှာတဲ့လား။ အဓိပ္ပါယ်မရှိလိုက်တာ။

ဘုရားဟောတဲ့ သားသမီးကျင့်ဝတ်ထဲမှာ မလိမ္မာတဲ့မိဘကို လိမ္မာလာအောင် ပြုပြင်ပေးရမယ်လို့ပါတယ်။ ပြုပြင်တယ်ဆိုပြီး ဆဲဆိုရိုက်နှက်တာတော့ မလုပ်နဲ့ပေါ့။

သားသမီးတွေက မိဘကို အဆင်ပြေအောင်
အတတ်နိုင်ဆုံး ဘယ်လောက်ပဲ လုပ်ကိုင်ပေးနေပါစေ အလိုမကျ စိတ်တိုင်းမကျ ပြဿနာရှာ ဒရမ်မာခင်းပြီး
ငိုနေတဲ့မိဘတွေလဲ ရှိတယ်လေ။ အဲဒါကြောင့်သာ သားသမီးတွေ တစ်သက်လုံးဆင်းရဲရင် မတရားလိုက်တာ။

ဘယ်ကိစ္စပဲဖြစ်ပါစေ တန်ရင်ဆေး၊ လွန်ရင်ဘေးပါပဲ။ သတိ ဉာဏ်ပညာနဲ့ ချင့်ချိန်ပြီး ပြုမူဖို့ပါပဲ။

#မိုးသု #မန္တလေး

ယောကျာ်းက ဖောက်ပြန်ရင် မိန်းမက စိတ်ကျေနပ်မှု့ မပေးနိုင်လို့ ဖောက်ပြန်တာ…- မိန်းမက ဖောက်ပြန်ရင်တော့ အကျင့်စာရိတ္တ ပျက်ပြာ...
17/12/2022

ယောကျာ်းက ဖောက်ပြန်ရင် မိန်းမက စိတ်ကျေနပ်မှု့ မပေးနိုင်လို့ ဖောက်ပြန်တာ…

- မိန်းမက ဖောက်ပြန်ရင်တော့ အကျင့်စာရိတ္တ ပျက်ပြားတဲ့ အမျိုးသိက္ခာကို ချတဲ့ မိန်းမ…

- ယောကျာ်းက မိန်းမဖြစ်သူကို ရိုက်ရင် လင်မယားဆိုတာ ဒီလိုဘဲ အခန့်မသင့်ရင် ဖြစ်တတ်ပါတယ်…

- မိန်းမဖြစ်သူက ယောကျာ်းဖြစ်သူကို ပြန်ရိုက်တယ်ဆိုရင် ငရဲအိုးထဲကျမယ့် ကောင်မ… မိဘ မသွန်သင်ထားတဲ့ အမျိုးယုတ်မ…အရှက်မရှိတဲ့ မိန်းမ

- ယောကျာ်းက မိန်းမကိုဖြစ်သူကို ဆဲဆို ရန်ဖြစ်တယ်ဆို ယောကျာ်းဆိုတာ စိတ်တိုတော့လဲ ပြောမှာပေါ့ဟယ်

- မိန်းမဖြစ်သူက ယောကျာ်းဖြစ်သူကို ဆဲရင် နှုတ်လျှာကြမ်းတမ်းတဲ့ မိန်းမ…

- ကွာရှင်းပြီး တလလောက် မကြာခင် ယောကျာ်းလေးဖြစ်သူက သူစိမ်းမိန်းမတယောက်နဲ့ တွဲတယ် သွားတယ် ဆို… အော် သူလဲ လူလွတ်ဖြစ်သွားပြီဘဲ သူ့ဘဝအတွက် သူလိုအပ်သူကို ရှာမှာပေါ့…

- မိန်းခလေးဖြစ်သူ ယောကျာ်းလေး သူငယ်ချင်း တယောက်ယောက်နဲ့ တွဲတွေ့လိုက်ရင်
တွေ့တယ်မလားး…ဒီကောင်မ ဒီလို ခြေရှုပ်လို့ အရင်လင်က ကွာလိုက်တာလေ…
ကွာရှင်းထားတာတောင် မကြာသေးဖူး ကောင်မ လင်အသစ်ရှာနေပြီ…

- ယောကျာ်းဖြစ်သူက ကွာရှင်းလိုက်တော့ မိန်းမဖြစ်သူ ဘယ်လောက်ဆိုးလဲမှ မသိတာ အာကြမ်း လျှာကြမ်း ပြောတတ်တော့ ဘယ်ယောကျာ်းမဆို ကွာရှင်းမှာဘဲ…

- မိန်းမဖြစ်သူဘက်က ကွာရှင်းခွင့် တောင်းရင် ဘယ်လို မိန်းမလဲ? ဘယ်လို အမေလဲ သားသမီး မျက်နှာမှ မထောက်… တော်တော် မိုက်ကမ်းတဲ့ မိန်းမဘဲ

မင်္ဂလာဆောင်တယ်… ၂ဦးသဘောတူ
အချစ်မျှပြီး ခလေးထွက်လာတယ်…

ကွာရှင်းလိုက်တော့ ခလေးဖြစ်သူဟာ မိခင်မှာဘဲ တာဝန်ရှိသလိုလိုနဲ့ အဖေဖြစ်သူက ကိုယ့်သွေးနဲ့ မွေးထားတဲ့ ခလေးကို စားရိတ်ထောက်ရမှာ ထောက်ပံ့ကြေး ပေးရမှာ သေအောင် ကြောက်ကြတယ်…

တချို့ ယုတ်ညံ့တဲ့ ယောကျာ်းမျိုးတွေလဲ ရှိသေးတယ်… ငါ ယောကျာ်းကွ နောက်ထပ် မိန်းမယူ ခလေး ၁၀ယောက် မွေးလို့ရတယ် ဆိုတဲ့ အောက်တန်းစား မျိုးတွေ ရှိသေးတယ်…

ပြသနာ တခုခု ဖြစ်ရင် ဘာကြောင့် မိန်းခလေးဘက်ကိုဘဲ အမှားမြင်ကြတာလဲ ???

ဘာကြောင့် မိန်းခလေးဘက်က မှားလို့ ယောကျာ်းတွေက ဒီလိုလုပ်တာ ဟိုလိုလုပ်တာဆိုပြီး ဖြည့်စွတ် တွေးကြတာလဲ ???

တချို့လူတွေရဲ့ တဖက်သတ် စိတ်ဓါတ်တွေကို အံ့သြမိပါယ်။

လက်ခုပ်ဆိုတာ ၂ဖက်တီးမှ မြည်တတ်တာကိုးးး ဘာကြောင့် အများစုက ပြဿနာတခုခုဖြစ်ပြီဆို မိန်းခလေးဘက်ကချည်း မှားတယ်လို့ မြင်ကြတာတုန်းလို့...အဲ့ဒါပြောချင်တာ

Crd...မူရင်းရေးသားသူအား

ပေးပါသည်။

သိက္ခာရှိအောင်နေမေတ္တာရှိတဲ့သူတွေ မင်းဘဝထဲရောက်လာလိမ့်မယ်။တန်ဖိုးရှိအောင်နေ ၊ တန်ဖိုးမသိတဲ့သူတွေသူဘာသာ ထွက်သွားလိမ့်မယ်။...
23/10/2022

သိက္ခာရှိအောင်နေ

မေတ္တာရှိတဲ့သူတွေ
မင်းဘဝထဲရောက်လာလိမ့်မယ်။

တန်ဖိုးရှိအောင်နေ ၊

တန်ဖိုးမသိတဲ့သူတွေ
သူဘာသာ ထွက်သွားလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ်သာဂရုစိုက်

ရိုးသားခြင်းထက်ပိုပြီး
ချစ်မြတ်နိုးဖို့ကောင်းတဲ့အရာမရှိဘူး။

လောကသဘောက ရှင်းရှင်းလေး

ကိုယ်လုပ်တဲ့ ကောင်းကံ ဆိုးကံ
နောက်ဆုံး ကိုယ်ပြန်ခံရတာပဲ~။

#အရှင်ဇဝန(ရွှေလင်းယုန်)

မာနတွေ သိပ်မထားပါနဲ့ ...
မထားသင့်တဲ့ မာန်မာနက
သင့်ကမ္ဘာကို ကျဉ်းမြောင်းစေပါတယ်။

လူတွေကို အပြုံးနဲ့ စတင်နှုတ်ဆက်ဖို့
ဘယ်တော့မှဝန်မလေးပါနဲ့
အပြုံးတွေက
တစ်ဖက်လူကို ပျော်ရွှင်စေသလို
ကိုယ်တိုင်လည်း ပီတီ ဖြစ်စေတယ်။

လူတိုင်းမှာ ဝမ်းနည်းစရာဆိုတာ
အမြဲရှိပြီးသားပါ သင့်တစ်ယောက်တည်း
မပျော်ရွှင်ပဲ ဝမ်းနည်းနေရတာ မဟုတ်ဘူး။

ဘဝဆိုတာ ဒင်္ဂါပြားတစ်ခုလို့
မျက်နှာပြင်နှစ်ဖက် ခေါင်းနဲ့ ပန်းလို့ပါပဲ
အဆိုးတွေပြီးရင် အကောင်းဆုံးတွေ
တစ်ကျော့ပြန်လှည့်လာမှာပါ။

ဖြေရှင်းလို့ရတာတွေ ဆက်ဖြေရှင်းပါ
ဖြေရှင်းလို့မရတာတွေ ပစ်သာထားလိုက်ပါ
အချိန်တစ်ခုကြာတော့လည်း
အပြောင်းအလဲတွေနဲ့ သင်ကံကြမ္မာ
တစ်ခါပြန်ကံကောင်းလာမှာပါ။

အရေးကြီးတာက
ဘယ်အရာတွေကိုပဲဖြစ်ဖြစ်
ရင်ဆိုင်ရဲတဲ့စိတ်နဲ့
ရင်ဆိုင်ချင်စိတ်လေးရှိဖို့လိုတယ်။

တစုံတစ်ယောက်ဆီက
မျှော်လင့်ချက်တွေ
ထင်သလို ဖြစ်မလာတဲ့ အခါ
မျှော်လင့်ချက်တွေကို လျှော့ချပစ်ပါ

အကြိမ်များစွာ သင် မျှော်လင့်သလို
မတုန့်ပြန်တဲ့သူဟာ သင်လိုချင်တဲ့အရာ
သူ့မပေးနိုင်ဘူးဆိုတာ
သင့် နားလည်ထားဖို့ လိုတယ်။

သင့်ကို မနာလိုသူ ၊ မလိုလားအပ်သူ၊
သင့်ကို စွန့်ခွာသွားသူတွေကို မမုန်းတီးပါနဲ့
မတ်တောသာထားလိုကျပါ

မေတ္တာဆိုတာ ကျယ်ပြန့်တတ်သလို
ရောင်ပြန်ဟပ်စေပါတယ်
သင့်မျှော်လင့်ထားတဲ့သူဆီက မေတ္တာမရလဲ
အခြားလူတွေဆီက ချစ်ခြင်းမေတ္တာတွေ
အပြည့်အဝ ရစေနိူင်ပါတယ်။

သင့်ကိုဂရုစိုက်သူ
အလေးထားသူတွေကိုပဲ
တတ်နိုင်သလောက်မမေ့လျော့ပါနဲ့ ...
သူတို့ရဲ့တန္ဖိုးထားမွုကို
အသိအမှတ်ပြုပြီး တုန့်ပြန်ပါ။

ဘာလို့လဲဆိုတော့
သူတို့က ကိုယ့်ရဲ့အသက်ရှင်
ရပ်တည်မှုကိုပိုပြီး အဓိပ်ပါယျရှိအောငျ
လုပ်ပေးတဲ့သူတွေမို့ပါ။

ဖြစ်ချင်တာတွေ
တစ်ထပ်ချင်းဖြစ်အောင်
ဖြည်းဖြည်းချင်းလုပ်ယူပါ
အရမ်းကြီး ဆန္ဒ သိပ်မစောပါနဲ့...
ဒီနေ့မဖြစ်လဲ နောက်နေ့ရှိသေးတာပဲ
နေ့တိုင်းအကျိုးရှိစွာ
လုပ်ဆောင်နေဖို့သာအဓိကပါ။

နေ့ရက်တိုင်းကစပြီး ဒီနေ့ထိ
သင့်စိတ်ညစ်နေရင်
ပျော်ရွှင်စရာလေးတစ်ခုခုတော့ရှာဖွေပါ။

ဥပမာ။ ။ ဟာသ VDယိုလေး၊
ရီမောစရာကာတွန်းလေးတွေ ၊
ရီစရာပြောတတ်သောသူငယ်ချင်းတွေ
အစရှိသဖြင့်
ပြုံးရီစရာလေးတွေနဲ့
အာရုံပြောင်းနိုင်အောင် ကြိုးစားပါ။

လူသားတိုင်း မပျော်ပဲ ပြုံးနေရတဲ့
ဘဝဆိုတာ အမြဲရှိပြီးသားပါ

တချို့လူတွေပျော်ရွှင်နေရတယ်ဆိုတာ
စိတ်ညစ်စရာလုံးဝမရှိလို့မဟုတ်ဘူး

သူတို့ကိုယ်တိုင်က
ပျော်ပျော်နေတတ်လို့ပါ
ပြီးတော့ ပျော်ရွှင်ခြင်းဆိုတာ
သင်ကိုယ်တိုင် ဖန်တီးယူရတာပါ။

ကိုယ့်ကိုယ်ကို ကံအဆိုးလို့
ဘယ်တော့မှမတွေးပါနဲ့
သင့်ဘဝ ဘယ်လောက်ဆိုးရွားပါစေ
ကိုယ့်ထက်ဆိုးရွားတဲ့လူတွေ
ကိုယ့်ထက်ကံဆိုးတဲ့သူတွေ
ဒီကမ္ဘာပေါ်မှာ တစ်ပုံကြီးပါ။

အတွေးလေးတစ်ခု
ပြောင်းလဲတွေးခေါ်တတ်ဖို့ပဲ လိုပါတယ်။

နောက်ဆုံးတစ်ခုကတော့

ကံဆိုတာအလုပ် အလုပ်ဆိုတာ ကံပါ။
ဆိုးတာတွေ လုပ်နေရင် အဆိုးတွေချည်းပဲ
ကြုံတွေ့နေရမှာပါ။

ဒါကြောင့် သင်အမြဲကောင်းတာတွေ
လုက်ကိုင် ကြံစည်လုပ်ကိုင်နေရင်
တနေ့တော့ သင်အမြဲ
ကံကောင်းလာမှာ ဧကန်မုချမလွဲပါပဲ ။ ။

Credit to the original uploader.of Photo

အိမ်ထောင်ရေးမှာ......မိန်းမချစ်တဲ့အိမ်ထောင် နဲ့ ယောက်ျားချစ်တဲ့အိမ်ထောင် ဘာကွာလဲ?အချိန်လေးနည်းနည်းပေးပြီး တစ်ဘဝလုံးစာပြင...
21/10/2022

အိမ်ထောင်ရေးမှာ......

မိန်းမချစ်တဲ့အိမ်ထောင် နဲ့ ယောက်ျားချစ်တဲ့အိမ်ထောင် ဘာကွာလဲ?

အချိန်လေးနည်းနည်းပေးပြီး တစ်ဘဝလုံးစာပြင်ဆင်နိုင်ဖို့ ဖတ်စေချင်ပါတယ်....

💗 မိန်းမချစ်တဲ့အိမ်ထောင် 💗

မိန်းကလေးအများစုဟာ အရမ်းအချစ်ကြီးကြပါတယ်... ကိုယ်ချစ်တဲ့သူနဲ့ပေါင်းဖက်နိုင်ဖို့ဆိုရင် ဘာမဆိုစွန့်လွတ်နိုင်တဲ့အရည်အချင်းလည်းရှိကြသေးတယ်
တကယ်ဂုဏ်ပြုထိုက်တဲ့မိန်းကလေးများပါ....

ဒီ post က မိန်းကလေးများအတွက် အရမ်းဆင်ခြင်စရာကောင်းမယ်လို့မျှော်လင့်မိပါတယ်...

အကြောင်းမှာ - ပညာရှင်တွေဟာ နစ်ပေါင်းများစွာ အိမ်ထောင်ရေးအကြောင်းတွေကို သုတေသနပြုခဲ့ကြတယ်။ မိန်းကလေးကချစ်လို့ပြု့ထားတဲ့အိမ်ထောင်ရေးဟာ သာယာတဲ့အိမ်ထောင် ကြီးပွါးတဲ့အိမ်ထောင်ဖြစ်ဖို့ ရာခိုင်နှူန်း နည်းတယ်လို့ အဆိုပြုနိုင်ခဲ့ပါတယ်....

သုတေသနပညာရှင်များရဲ့အကြံပေးချက်အရ အိမ်ထောင်ရေးဟာ ယောက်ျားကချစ်တဲ့အိမ်ထောင်ဖြစ်ဖို့လိုပါတယ်....

ဘာကြောင့်လဲဆိုရင်တကယ့်ဘဝမှာ မိသားစုကို ဦးစီဦးဆောင်ရမှာက ယောက်ျားလေးတွေဖြစ်ပါတယ်
သူတို့ရဲ့ ဦးဆောင်မှုကို ဝန်ခံနိုင်တဲ့ မိန်းကလေးများကိုလည်း အိမ်ရှင်မကောင်းလို့ဆိုပါတယ်.....

❣ ယောက်ျားလေးချစ်တဲ့အိမ်ထောင် ❣

အိမ်ထောင်ရေးမှာ ယောက်ျားလေးကချစ်ဖို့လိုပါတယ် တကယ့် ဘဝပြဿနာနဲ့ ရင်ဆိုင်ခဲ့တဲ့အခါမှာ
ဒီမိန်းမကို ငါယူမယ် ငါလုပ်ကျွေးမယ်
ဘာပဲဖြစ်ဖြစ်ငါတာဝန်ယူမယ်ဆိုတဲ့ ခံယူချက် တွေရှိတာကြောင့် သူတို့ဟာ မိသားစုကို အကောင်းဆုံးဖြစ်စေနိုင်ကြပါတယ်.....

သူတို့ချစ်တဲ့ မိန်းမကို အလှဆင်ဖို့
သူတို့ချစ်တဲ့ မိန်းမကို စိတ်ပျော်အောင်ထားပေးနိုင်ဖို့ကို အလေးထားပြီး ကြိုးစားအားထုတ် နိုင်ကြတာမို့ ယောက်ျားလေးကချစ်တဲ့အိမ်ထောင်ရေးဟာ
သာယာတဲ့အိမ်ထောင် ပိုပြီးဖြစ်စေပါတယ်....

မိန်းကလေးများအတွက်အကြံပေးချက်

စာရေးသူအကြံပေးချင်တာက မိန်ကလေးများဟာ ကိုယ်ပိုင်အရည်အချင်း မရှိတာရှိတာထက် ကိုယ့်ကိုတာဝန်ယူပေးနိုင်မည့် ယောက်ျားလေးကို ရွေးချယ်
ယူနိုင်ဖို့အရေးကြီးပါတယ်....

အရည်အချင်းရှိပြီး ဘယ်လိုပြဿနာ အခက်အခဲပဲရှိရှိ
ကိုယ့်ကို တကယ်တာဝန်ယူ ချစ်နိုင်မည့်ယောက်ျားလေးများကိုရွေးချယ် စေချင်ပါတယ်.....

ဒါကြောင့် မိန်းကလေးများကို ကိုယ့်အချစ်မရှာပဲ သူ့အချစ်ကိုရှာပါလို့ အားပေးချင်ပါတယ်.....

ယောက်ျားလေးများအတွက်အကြံပေးချက်

ကိုယ်တကယ်မချစ်ပဲမယူပါနဲ့
ကိုယ်တကယ် မချစ်နိုင်ပဲ
လူတကာကို ချစ်တယ်မပြောပါနဲ့
ကိုယ်တကယ်ချစ်နိုင်တဲ့သူ တန်ဖိုးထားနိုင်တဲ့သူ တာဝန်ယူနိုင်တယ်ဆိုတဲ့ သူမျိုးကိုပဲရွေးယူပါ.....

ချစ်တယ်ဆိုတဲ့စကားဟာ သမီးရည်းစား ဘဝမှာပဲ
ပြောလို့ကောင်းတာ တကယ့်ဘဝတိုက်ပွဲမှာ
ချစ်တာတွေမေတ္တာတွေ ပျောက်ဆုံးသွားတတ်ကြလို့ပါ...
ယောက်ျားလေးများကိုတော့ သူ့အချစ်မရှာပဲ ကိုယ့်အချစ်ကိုရှာပါလို့ အားပေးချင်ပါတယ်.....

အားလုံးပဲသာယာပျော်ရွှင်တဲ့ မိသားစုများ
ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းရင်း
အားလုံးကိုချစ်ခင်လျှက်ပါ....

#𝘾𝙧𝙚𝙙𝙞𝙩
#နောင်ဘဝသူချစ်ကိုရှာတွေ့ပြီးကိူယ့်ကို
တကယ်ချစ်တဲ့သူ၊ကိုယ့်ကိုလိုလိုလားလား
လက်ခံပေးမေတ္တာထားပေးမယ့်အတ္တကင်းတဲ့
မိသားစုထဲအေးချမ်းစွာလက်တွဲဝင်ခွင့်ရပါရစေ🙏🙏🙏
ကိုယ့်ကိုမလိုလားဘူးဆိုတာသိနေတဲ့ခံစားချက်နဲ့
နဲ့စခဲ့ရတဲ့ဘဝ၊ဘာဆိုဘာမှလှပအောင်
ဆေးခြယ်ခွင့်မရသူတပါးလက်ထဲသူတပါး
အလိုကျဖို့နေပေးပြီးအလိုမကျတော့တမျိုး
ကိုယ့်ဘဝကိုယ့်အိမ်ထောင်ကိုပျက်စီးစေဖို့
အတွက်ပါလမ်းကြောင်းပေးခဲ့ရသလို
ဖြစ်ခဲ့ရတဲ့အိမ်ထောင်ဘဝလေးတခုအတွက်
ကိုယ့်လိုနာနာကျင်ကျင်မခံစားကြပါစေနဲ့

 #အသက်ကြီးလာလို့..အိုစာမင်းစာအတွက် စုဆောင်းတဲ့အခါ.. ပိုက်ဆံချည်းစုလို့ မရဘူး.. မေတ္တာပါစု ရပါတယ်.. ပိုက်ဆံက.. နေဖို့ ထို...
21/10/2022

#အသက်ကြီးလာလို့..

အိုစာမင်းစာအတွက် စုဆောင်းတဲ့အခါ..

ပိုက်ဆံချည်းစုလို့ မရဘူး..
မေတ္တာပါစု ရပါတယ်..

ပိုက်ဆံက..

နေဖို့ ထိုင်ဖို့.. အိမ်ခြံတိုက်တာ.. စားဖို့ သွားဖို့ လာဖို့

မကျန်းမာရင်ကုသဖို့..
လိုတာမှန်ပေမယ့်..

အိုလာတဲ့အခါ.. ဘေးနားမှာ ..
ကိုယ့်ရဲ့ ဝေယျာဝေစ္စကို..လုပ်ပေးမယ့်.. မေတ္တာရှိတဲ့သူ လိုလာပါတယ်..

သားသမီးမြေးမြစ် ဘယ်နှစ်ယောက်ရှိရှိ
အခုခေတ်ပိုဆိုးတယ်.. အနားမှာ ဘယ်သူမှ..ခဏတစ်ဖြုတ်အပြင် အဖော်
မလုပ်ပေးအားကြဘူး..

အဲ့တော့.. အသက်အရွယ် ရလာတဲ့အခါ..အိုလာတဲ့အခါ..

ဘယ်သူနဲ့ဖြစ်ဖြစ်..

ကိုယ့်အနားရောက်လာရင်
ချစ်အောင်နေ.. အေးချမ်းအောင်နေ.. မေတ္တာထား..

စကားပြောတာ.. ခေါ်တာပြောတာကအစ.. အေးချမ်းအောင်..
နှစ်လိုဖွယ်ဖြစ်အောင်.. ဘယ်သူ့ကို ဖြစ်ဖြစ် မေတ္တာနဲ့ ဆက်ဆံပြီး..
မေတ္တာတွေ စုရပါတယ်..

အဲ့ဒါမှ.. ကိုယ်အိုလာတဲ့အခါ..
လုပ်ပေးမယ့်သူ.. ပြုစုမယ့်သူပေါပြီး.. အိုတဲ့အချိန်ကို.. အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်မှာ..

အိုလာတဲ့ အချိန်မှာ.. ကျန်းမာရေးက ဘဝကူးတဲ့အချိန်အထိ ..

ကိုယ့်လက် ကိုယ့်ခြေ.. ကိုယ်သယ်နိုင်တဲ့ အနေအထားဆိုရင်တော့…

တော်သေးတာပေါ့.. သူများ အကူအညီလိုလာပြီဆို..အိုစာမင်းစာ စုလာတာမှာ.. ပိုက်ဆံချည်းပဲ မပြည့်စုံတော့ဘူး..

မေတ္တာတွေပါ လိုလာပါပြီ..

တကယ်တော့… အိုလာတဲ့အချိန်မှာ..

ကျွန်မအထင်ကတော့.. ပိုက်ဆံထက်တောင်..
မေတ္တာက..ပို အရေးပါနေမယ်လို့..
ထင်မိပါတယ်… 🙏🙏🙏

" ခလုတ်တိုက်လို့လာဆုံကြသောအခါ...."ပြောချင်တာက...သားမွေးထားပြီး သားကမိန်းမကြောက်ရလို့မိန်းမလုပ်စာကပိုများနေလို့မိန်းမအရှိ...
20/10/2022

" ခလုတ်တိုက်လို့လာဆုံကြသောအခါ...."

ပြောချင်တာက...

သားမွေးထားပြီး
သားကမိန်းမကြောက်ရလို့
မိန်းမလုပ်စာကပိုများနေလို့
မိန်းမအရှိန်အဝါကပိုကြီးနေလို့
ကို့မိဘနဲ့တွေဖို့တောင် ခိုးကြောင်ခိုးဝှက်..
ပေးဖို့ကျွေးဖို့တောင် ကျီးလန့်စာစား..
အဲ့လိုသားတွေတပုံကြီး

သားမွေးထားပြီး
"ငယ်ငယ်ကသား ကြီးတော့အား "ဆိုသလို
မိဘတွေမသေမချင်း
ငါတော့ငါ့သားလက်ပေါ်မှာပဲသေမယ်
ငါ့သားရှိနေရင်ငါတို့သေတဲ့အထိမပူရဘူးဟဲ့လို့
အားကိုးနေရတဲ့သားတွေတပုံကြီး

သမီးမွေးထားပြီး
အမေကိုတောင်ပါးထရိုက်တဲ့သမီးတွေ
လင်လုဖက်လို
အမေကိုအော်ဟစ်ဆက်ဆံနေတဲ့သမီးတွေ
ငွေ ၅၀၀/၁၀၀၀နဲ့
အမေကိုဆဲဆိုနေတဲ့သမီးတွေ
လင်နောက်လိုက်သွားထဲက
တစိမ်းလုံးလုံးဖြစ်သွားတဲ့သမီးတွေရှိသလို..

စားဝတ်နေရေးအကုန်တာဝန်ယူ
ချီးသေးက အစ
ကျန်းမာရေးအလယ်
နာရေးအဆုံး တာဝန်အပြည့်ယူသွားတဲ့
ငယ်ငယ်ကသမီးကြီးတော့ ထီး ဆိုသလို
မိဘတွေကိုအရိပ်ပေးနေတဲ့
သမီးတွေ ဒုနဲ့ဒေး...

သားတော့မွေးထားတယ်
Gay ဖြစ်နေပြီး
မိတ်ကပ်လိုက်ပြင် ဘုရားပွဲလိုက်က
အင်္ကျီချုပ် စျေးရောင်း ရတဲ့အလုပ်အကုန်လုပ်ပြီး
တမိသားစုလုံးရှာကျွေးနေတဲ့သားတွေတပုံကြီး..

ပညာမတက်ပေမယ့်
အလုပ်ကြမ်းလုပ် ရှိသမျှခွန်အားနဲ့
သူတက်နိုင်သလောက်မိဘကိုရှာဖွေကျွေးမွေးနေတဲ့
သားတွေ ဒုနဲ့ဒေး...

မွေးကျေးဇူးမဆပ်တဲ့အပြင်
ထောင်ဝင်စာ သွားသွားတွေ့နေရတဲ့သားတွေ
အများကြီး
အရက်သမားဖြစ် ဆေးသမားဖြစ်
ဘာစောက်လုပ်မှ မယ်မယ်ရရမလုပ်ပဲ
အသက်ဖင်ဆောင့်တဲ့အထိ
နို့သက်ခံစို့နေတဲ့ သားတွေတပုံကြီး

သမီးတွေတော့မွေးထားပါရဲ့
တလင်ပြီးတလင်ပြောင်း
တယောက်ပြီးတယောက်မွေးရင်းနဲ့
ကလေးလိုက်ကောက်ရ
မြေးတွေလိုက်ထိန်းရရင်း သေသွားတဲ့မိဘတွေအများကြီး

သမီးအလိမ္မာမို့ မိဘတွေသာမက
တဆွေလုံး တမျိုးလုံး အားကိုးစရာ
သစ်တပင်ကောင်းလို့ ငှက်တသောင်းနားရုံမက
ရှိသမျှငှက်အားလုံးလာနားနေကြတဲ့
သမီးတွေတပုံကြီး

သားကသူများနောက်ပါမှာ
သမီးကမှကိုယ်နဲ့နေခဲ့မှာဆိုတဲ့
သတ်မှတ်ချက်တွေကြားရင် ရီချင်မိတယ်

သမီးကအချိန်တန်ရင်ထည့်လိုက်ရမှာ
သားကမှ ကိုစားရမှာဆိုတဲ့
ပြောဆိုသံတွေကြားရင် သနားမိတယ်

သားသမီးမွေးထားတာ
ကြီးလာရင်အားကိုးချင်လို့ဆိုတာတော့
မှန်သင့်သလောက်မှန်ပါတယ်

ဒါပေမယ့်
ယောက်ျားလေးမွေးမှတို့
မိန်းကလေးမှအားကိုးရမယ်တို့ဆိုတာတော့
အစွန်းရောက်သွားပြန်ရော...

ကျေးဇူးတရားဆိုတာ
Gender ပေါ်မှီခိုတာမဟုတ်ဘူး

သိတတ်မှုဆိုတာ
ကျား/မ ခွဲပြီးအကျိုးပေးတာမဟုတ်ဘူး

မိဘလုပ်စာသာ သားသမီးတွေက
မရှိရှိတာ ခြစ်ခြုပ်စားသောက်သွားတာ
သားသမီးလုပ်စာဆိုတာမျိုးကျ
စားထိုက်မှ စားရတာမျိုး

လောကသဘော ဖြစ်ပျက်သဘောတွေကို
တွေ့နေမြင်နေကြားနေဖတ်နေရပါလျက်
သားမမွေးလို့ စိတ်ညစ်နေကြတယ်
သမီးမမွေးလို့ စိတ်ဆင်းရဲနေကြတယ်

တချို့များ မရသေးတဲ့ချွေးမတောင်
လှမ်းပြီးစိတ်ပူနေကြတာကရှိသေး..

မမြင်ရသေးတဲ့ သားမက်တောင်
လှမ်းပြီးရန်လုပ်နေကြတာကရှိသေး...

ငါစွဲတွေများလွန်းတယ်...

အသက်ကြီးရင် အားကိုးရဖို့
ကလေးမွေးကြမယ်ဆိုရင်
ကလေးမမွေးနဲ့
အဲ့ကုန်ကျမယ့်ပိုက်ဆံတွေကို ရွှေလုပ်ထား
ရွှေတွေများလာရင် တစ်ခုခုအတွက်
ရင်းနှီးမြှ ုပ်နှံထား
အဲဒါကလေးမွေးတာထက်ပိုသေချာတယ်

ကိုယ်တောင် မနက်ဖန်အသက်ဆက်ရှင်မလား
သေမလား မသေချာတဲ့အနိစ္စလောကမှာ
ကိုယ့်သားသမီးအပေါ် ပုံသေနည်းတွေနဲ့တွက်ချက်နေကြတာ
မပင်ပန်းလွန်းဘူးလား

ကိုယ့်သားသမီးသာမက သူတို့အိမ်ထောင်ဘက်တွေအပေါ်မှာပါ
လှမ်းပြီး လောဘ ဒေါသတွေပွားများနေကြတာ
မဆင်းရဲလွန်းဘူးလား

ကလေးကို ချစ်ခြင်းမေတ္တာနဲ့
ပြုစုထိန်းကျောင်းပြီး
သူတို့ဘဝအတွက်
ကိုယ်တက်နိုင်သလောက် ပေးဆပ်ရင်း
ကိုယ့်အတွက်လည်းကိုပြင်ဆင်သွားကြတဲ့
မိဘတွေလည်းရှိကြတယ်

ပြန်မကျွေးရကောင်းလား
ပြန်မကြည့်ရကောင်းလား ဆိုပြီး
အားနေ သားသမီးကိုပြဿနာထိုင်ရှာနေတဲ့
မိဘတွေလည်း မြင်ဖူးတယ်

အသီးစားချင်ရင် အပင်စိုက်ပါ
အသီးအောင်မအောင်က
အပင်စိုက်သူနဲ့အများဆုံးသက်ဆိုင်တယ်

အရိပ်လိုချင်အပင်စိုက်ပါ
အရိပ်ကောင်းမကောင်းက
စိုက်တဲ့လူရဲ့ အပင်ရွေးချယ်မှုနဲ့သက်ဆိုင်တယ်

ဒါကြောင့်
သားသမီးအပေါ် ပေးဆပ်မှုတွေသာများပြီး
မျှော်လင့်ချက်တွေနည်းနိုင်သမျှ နည်းကြပါစေ

သားသမီးတွေကလည်း မိဘတွေအပေါ်
ရယူတာတွေနည်းနိုင်သမျှနည်းအောင်
ကြိုးစားရင်း
များများပြန်ပြီးပေးဆပ်နိုင်ကြပါစေ...

ခလုတ်တိုက်လို့ လာဆုံရတဲ့သံသရာခဏမှာ
တစ်ဦးကျေးဇူး တစ်ဦးနားလည်ကြပါစေ.

"မခေါ်ချင်ဘူး" ဆိုမှတော့...မျှော်လင့်ချက်နဲ့ လူလုံးသွားပြမနေပါနဲ့တော့။မပြောချင်ဘူး ဆိုမှတော့...အတင်းကြီး သွားနှုတ်ဆက်မနေ...
20/10/2022

"မခေါ်ချင်ဘူး" ဆိုမှတော့...
မျှော်လင့်ချက်နဲ့ လူလုံးသွားပြမနေပါ
နဲ့တော့။

မပြောချင်ဘူး ဆိုမှတော့...
အတင်းကြီး သွားနှုတ်ဆက်မနေပါနဲ့
တော့။

မဆက်ဆံချင်ဘူး ဆိုမှတော့...
ဇွတ်သွားမပတ်သက်ပါနဲ့တော့။

မချစ်ချင်ဘူး ဆိုမှတော့...
မာနကိုခဝါချပြီး တွယ်ကပ်မနေပါနဲ့
တော့။

မသိချင်ဘူး ဆိုမှတော့...
စိတ်ရော ကိုယ်ပါအပင်ပန်းခံပြီး ရှင်းပြ
မနေပါနဲ့တော့။

တစ်ခါတစ်လေ ကိုယ့်ကိုမလိုအပ်တော့
တဲ့သူဆီကနေ ပြတ်ပြတ်သားသား
ထွက်လာနိုင်ခဲ့တာ လောကရဲ့ပြောင်းလဲ
တတ်တဲ့နိယာမတရားကို ဆင်ခြင်နှလုံး
သွင်းနိုင်သွားသလို တဖက်သားရဲ့ ဆုံး
ဖြတ်ချက်ကို လေးစားလိုက်နာရာလည်း
ရောက်ပါတယ်။ဒီထက်ပိုအရေးပါတဲ့
အချက်ကတော့ ကိုယ့်သိက္ခာကိုကိုယ်
တန်ဖိုးထားပြီးသားလည်း ဖြစ်တာပေါ့။

မနောဖြူ..credit

🌼 မျက်နှာဖုံးတွေ ခွာချလိုက်ပါ..။​လူတိုင်းမှာ မျက်နှာဖုံးတွေ ကိုယ်စီ ရှိတတ်ပါတယ်..။ လူတွေရဲ့ ချစ်ခင်လေးစားမှုကို ရရှိနိုင...
20/10/2022

🌼 မျက်နှာဖုံးတွေ ခွာချလိုက်ပါ..။
​လူတိုင်းမှာ မျက်နှာဖုံးတွေ ကိုယ်စီ ရှိတတ်ပါတယ်..။ လူတွေရဲ့ ချစ်ခင်လေးစားမှုကို ရရှိနိုင်ဖို့အတွက်..အောင်မြင်မှုတွေ ရရှိဖို့အတွက်..ငွေကြေးချမ်းသာတွေ ပိုင်ဆိုင်ဖို့အတွက်..အင်မတန် လှပနှစ်သက်ဖွယ်ကောင်းတဲ့ မျက်နှာဖုံးတွေကိုယ်စီ တပ်ဆင်ထားတတ်ကြပါတယ်..။ ဒီ မျက်နှာဖုံးရဲ့အောက်မှာရှိနေတဲ့ ပကတိ မျက်နှာတွေကတော့ စိတ်ပျက်နာကျည်းမှုတွေ..မနာလို ဝန်တိုမှုတွေ..ငြူစူပြစ်တင်ကဲ့ရဲ့မှုတွေ..မာနတွေ ဒေါသတွေ စတဲ့အရိပ်တွေ အမျိုးမျိုး ဖုံးလွှမ်းလို့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတတ်ပါတယ်..။
တကယ်တမ်းကျတော့ မျက်နှာဖုံးတွေဟာ လေးလံကျဉ်းကြပ်လွန်းပါတယ်..။ တစ်ချိန်လုံး မျက်နှာဖုံးကြီးတပ်ထားရတာ ဘယ်လောက်များ မွန်းကြပ် ပင်ပန်းလိုက်မလဲ..။ ဒီ မျက်နှာဖုံးတွေကို အလေးခံပြီး ဘာကြောင့် တပ်ဆင်ထားရသလဲ..။ အဓိက အကြောင်းရင်းခံကတော့ ကျွန်မတို့ရဲ့ စိုးရိမ်ကြောက်ရွံ့မှုကြောင့်ပါပဲ..။ ကိုယ့်ကို သူများက အထင်သေးသွားမှာ ကြောက်တယ်၊ မချစ်ခင် မလေးစားတော့ မှာကို ကြောက်တယ်၊ ရရှိထားတဲ့ အခွင့်အရေးတွေ လက်လွှတ်ဆုံးရှုံးလိုက်ရမှာကို ကြောက်တယ်၊ အောင်မြင်မှုတွေနဲ့ ဝေးကွာသွားရမှာကို ကြောက်တယ်၊ အဲဒီ ကြောက်ရွံ့မှုတွေရဲ့ ခြိမ်းခြောက်မှုကြောင့် ကျွန်မတို့က သိပ်လှပတဲ့ အထင်ကြီးစရာကောင်းတဲ့ လူတကာက လေးစားအားကျရတဲ့ မျက်နှာဖုံးတွေ တပ်ဆင်ထားမိကြတာပါပဲ။
​တချို့သော ဟန်ဆောင်ကောင်းတဲ့သူတွေကို မြင်ဖူးခဲ့ပါတယ်..။ ချစ်စရာအပြစ်ကင်းစင်တဲ့ သူကလေးတွေ..လေးစားအထင်ကြီးစရာကောင်းတဲ့ သူကြီးတွေ သူတို့တွေရဲ့ မျက်နှာဖုံးတွေ မတော်တဆ လှစ်ခနဲ ကွာကျသွားချိန်မျိုးမှာ မယုံနိုင်လောက်အောင် ရင်သပ်ရှုမော အံ့ဩရပါ တယ်။
​တကယ်တမ်းကျတော့ စစ်မှန်တဲ့ အရာတိုင်းမှာ ဆွဲငင်မှု ရှိစမြဲပါ..။ ဘယ်သူမဆို အစစ်ဆိုတဲ့ အရာကိုသာ တန်ဖိုးထား မက်မောလေ့ ရှိပါတယ်..။ ဘာပစ္စည်းကလေးပဲ ဝယ်ဝယ် ..Authentic ဖြစ်တယ်ဆိုတဲ့ အာမခံချက်လေးကို ဂရုတစိုက် ရှာဖွေတတ်ကြပါတယ်..။ Authenticity..ဆိုတဲ့ စစ်မှန်ခြင်းဟာ အရာဝတ္ထု ပစ္စည်းတွေမှာသာ တန်ဖိုးရှိတာ မဟုတ်ပါဘူး..။ လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးမှာလည်း စစ်မှန်ခြင်းဟာ အဖိုးတန်လှပါတယ်။
​စစ်မှန်စွာ ရိုးသားပွင့်လင်းစွာ ဟန်မဆောင်စွာ မျက်နှာဖုံးမပါဘဲ ဆက်ဆံတတ်သူတိုင်းဟာ လူချစ်လူခင်လည်း များသလို လူတိုင်းရဲ့ လေးစားတန်ဖိုးထားခြင်းကိုလည်း ခံရပါတယ်..။ စစ်မှန်တဲ့သူဟာ ဘယ်အချိန်မှာမှ ဟန်ဆောင်စရာမလိုတဲ့အတွက် အမြဲ တစ်သမတ်တည်းသော ဆက်ဆံရေးမျိုး တည်ဆောက်နိုင်သူပါ..။
​လိုတစ်မျိုး မလိုတစ်မျိုး အပြောင်းအလဲ မြန်ခြင်းမျိုး မရှိတဲ့အတွက် သူနဲ့ ပေါင်းသင်းဆက်ဆံရသူတိုင်းကို စိတ်ချယုံကြည်ရသော နွေးထွေးမှုကို ပေးနိုင်စွမ်း ရှိပါတယ်။
​ကိုယ်က လူတိုင်းအပေါ် ဟန်ဆောင် မျက်နှာဖုံးမပါတဲ့ စစ်မှန်တဲ့ ဆက်ဆံရေး ပေးထားတဲ့အတွက် စိတ်နှလုံးလုံခြုံစွာ..နောင်တကင်းစွာ ပျော်ရွှင်ချမ်းမြေ့နေတတ်ပါတယ်..။ မစစ်မှန်သူတွေ အလိုလို ဝေးလွင့် ဖယ်ခွာသွားတဲ့အခါလည်း ဝမ်းမနည်းတတ်ပါဘူး။
​ဘဝမှာ စစ်မှန်သောအရာကို တန်ဖိုးထားတယ် ဆိုပါလျင် ကိုယ်ကစပြီး စစ်မှန်စွာ နေတတ်ဖို့လည်း အရေးကြီးပါသေးတယ်..။ ကိုယ်လိုချင်တဲ့ အရာကို ကိုယ်ကစပြီး ပေးမှသာ ပြန်ရတတ်တာမျိုး မဟုတ်လား။ လေးလံကျဉ်းကြပ်တဲ့ မျက်နှာဖုံးတွေကို ခွာချကြည့်လိုက်ပါ..။ လွတ်လပ်ပေါ့ပါးတဲ့ စစ်မှန်မှုကို ခံစားရပါလိမ့်မယ်..။ မျက်နှာဖုံး မပါတဲ့ ဘဝဟာလည်း သောကနဲ့ ဝေးရာဆီ လျှောက်လှမ်းနေရတဲ့ ဘဝတစ်ခု ဖြစ်ပါတယ်..။ မျက်နှာဖုံးကပေးတဲ့ သောကတွေ လေးလံမှုတွေ ကျဉ်းကြပ်မှုတွေအားလုံး မျက်နှာဖုံးနဲ့အတူ ခွာချလိုက်နိုင်တဲ့ တစ်နေ့မှာ ရိုးရှင်းတဲ့ ဘဝရဲ့ ဟန်ဆောင်မှုကင်းတဲ့ အရသာကို ပီပီပြင်ပြင် ခံစားရပါလိမ့်မယ်။ ဟန်ဆောင်ရတာ ပင်ပန်းလွန်းလို့ ရိုးရှင်းတဲ့ စစ်မှန်ခြင်းနဲ့သာ ပျော်ရွှင်ကြည့်စေချင်ပါတယ်။

#လွန်းထားထား
#သောကနဲ့ဝေးရာဆီ
#စိတ်ခွန်အားဖြည့်စာစုများ

ဘဝမှာဘယ်လိုအိမ်ထောင်ရေးမျိုးကိုလိုချင်အားကျမိလဲဆိုရင်ချမ်းသာဖို့မလိုဂုဏ်ပကာသနတွေမလိုရိုးရိုးရှင်းရှင်းနဲ့နီးနီးဝေးဝေးသစ္...
19/10/2022

ဘဝမှာဘယ်လိုအိမ်ထောင်ရေးမျိုးကို
လိုချင်အားကျမိလဲဆိုရင်
ချမ်းသာဖို့မလိုဂုဏ်ပကာသနတွေမလို
ရိုးရိုးရှင်းရှင်းနဲ့နီးနီးဝေးဝေး
သစ္စာရှိရှိနားလည်မှုအပြည့်၊ကြားလူနှောင့်ယှက်မရတဲ့
အိမ်ထောင်ရေးမျိုးကိုပဲမက်မောတယ်
သူမှားတာတွေခွင့်လွှတ်ပေးပြီးကိုယ်မှားတာတွေ
တောင်းပန်တတ်မယ်
သူ့မိဘကိုယ့်မိဘလိုအိမ်ထောင်ရေးမျိုးပေါ့
သူ့အမေကိုယ့်အမေနေရတဲ့အိမ်ထောင်ရှင်မ
အခွင့်အရေး၊နေရာလုပ်ပိုင်ခွင့်တာဝန်တွေရချင်သလို
သူ့အဖေကိုယ့်အဖေထမ်းထားတဲ့
တာဝန်တွေကိုလည်းပေးအပ်ချင်ပါတယ်
အမှားတွေတူတူမှားကြချင်းတူလို့
အပြစ်ရကြေးဆိုတောင်
ကိုယ်ချစ်တဲ့သူရဲ့အမှားကအစ
တစ်ယောက်တည်းသဋအပြစ်တွေ
အကုန်ခံယူချင်သူပါကိုယ့်ဘဝသာယာအဆင်ပြေဖို့
တဖက်သားဘဝလေးချနင်းချေဖျက်စီးဖို့
ယုတ်မာစိတ်နဲ့တောင်မကြံစည်ရက်သလို
သူပျော်ရွှင်ဖို့မေတ္တာထားတတ်လာအောင်
ကိုယ့်ကိုကိုယ်ပြောင်းလဲဆင်ခြင်ရမှာပေါ့
ကြားအနှောက်ယှက်တွေဖိအားတွေကြောင့်
ကိုယ်ချစ်တဲ့သူကိုဖျက်စီးစွန့်လွှတ်ပါဆိုရင်တောင်
ကိုယ်ကတော့အသေပဲခံသွားလိုက်မယ်
ဘယ်တော့မှလူမပီသတဲ့စိတ်နဲ့ချစ်သူကို
နာကျင်စေမှာမဟုတ်ပါဘူးနော်
#အေးချမ်းတဲ့ချစ်ခြင်းမေတ္တာအကြောင်း
သိခွင့်ကြုံတွေ့ခွင့်ရဖို့ဘုရားသခင်ဆီက
ဉာဏ်အသိတရားအလင်းတန်းတွေခံယူရရှိခဲ့ခြင်းက
ထာဝရလူပီသဖို့အတွက်ပါဝမ်းမြောက်ဝမ်းသာ
လက်ခံပါတယ်🤲

ပါးနပ်သော ချစ်ခြင်းတရား________________________ကျွန်မ လိုချင်တဲ့ အိမ်ထောင်ဖက်ဆိုတာ " ဟောဒီ လက်မောင်းကို တွဲခိုပါ " ဆိုတာ...
19/10/2022

ပါးနပ်သော ချစ်ခြင်းတရား
________________________
ကျွန်မ လိုချင်တဲ့ အိမ်ထောင်ဖက်ဆိုတာ
" ဟောဒီ လက်မောင်းကို တွဲခိုပါ " ဆိုတာမျိုး မလိုဘူး
ကျွန်မ မောပန်းလာရင် ပခုံးလေးကိုမှီထားခွင့် လေးဘဲပေးပါ …
………………

" ကိုယ့် ကျောကိုတက်နင်းပြီး ဒီလမ်းကိုသွားပါ " ဆိုတာမျိုး
မလိုချင်ဘူး ကျွန်မလျှောက်နေတဲ့ ခြေလှမ်း ယိမ်းယိုင်သွား
တဲ့အခိုက်တန့် ဘေးကလှမ်းထိန်းပေးရုံလေး ထိန်းပေးပါ ………
…………

" ချစ်ကြိုက်ရင်ကိုယ်လည်း ကြိုက်တယ် ချစ်သဘော " ဆိုတဲ့
အခွင့်ရေး မပေးပါနဲ့ ကျွန်မရွေးချယ် ထားတဲ့အရာတွေကို
ကြိုက်၏ မကြိုက်၏ ပွင့်လင်းစွာ ပြောပြ ပေးပါ …
…………………

" မင်းက အရင်အတိုင်း အကျင့်ကိုမပြင်ဘူး " ဆိုတဲ့ စကားနဲ့
အတိတ်ကို လာမဖော်ပါနဲ့ ကျွန်မဖက်က မှားနေတယ်ဆိုရင်
နောက်တကြိမ် ထပ်မမှားဖို့ အမှားတွေကို ထောက်ပြပေးပါ …

…………………

" မင်း စိတ်ညစ်ရင် ငါပါ စိတ်ညစ်တယ်ဟာ " ဆိုတဲ့ လေသံနဲ့
လာမနှစ်သိမ့်ပါနဲ့ ကျွန်မစိတ်ညစ်နေရတဲ့ အကြောင်းရင်းကို
အဖြေရှာကူပေးပါ ………
………………

ကျွန်မဝမ်းနည်းစရာရှိလို့ ငိုမိတဲ့အခါ " ငိုမနေစမ်းနဲ့ဟာ "
ဆိုတဲ့ စကားနဲ့ လာမပိတ်ပင်ပါနဲ့ ရင်ခွင်ထဲဝင် အားပါးတရ
ငိုကျွေးခွင့်ပြုပါ ပြီးမှ တခြားစကားတွေနဲ့ နှစ်သိမ့်ပေးပါ ……
………………………

ကျွန်မဖက်က တစ်စုံတစ်ခုမှားခဲ့ရင် လိုအပ်ချက်တွေရှိခဲ့ရင်
"မင်းနဲ့တော့ စိတ်ကုန်ဖို့ ကောင်းလိုက်တာ " ဆ်ိုတဲ့
စကားနဲ့ မပစ်ပယ် လိုက်ပါနဲ့ " ကိုယ့်စကားလေးကို သေချာ
လိုက်နာပေးပါ " ဆိုတဲ့ စကားနဲ့ လက်တွဲခေါ်ပေးပါ ………
……………………

ကျွန်မစိတ်ဆိုးဒေါသထွက်နေရင် " စိတ်ပျက်ဖို့ ကောင်းတယ်
ကွာ " ဆိုတဲ့စကားနဲ့ လမ်းမှားကို မတွန်းပို့ပါနဲ့
အကျိုးအကြောင်းသေချာရှင်းပြပြီး စကားအလိမ်မာသုံး
ကျွန်မဒေါသတွေကို လမ်းကြောင်းပြောင်းလိုက်ပါ …
…………………

စရိုက်မတူတဲ့ မိသားစုနှစ်ခုက လူသားနှစ်ယောက်
တစ်မိုးအောက် အတူနေဖို့ ဆိုတာ စိတ်ကူးနဲ့သာ
ပေါင်းဖက်ဖို့ ကောင်းတာပါ ……

တကယ်တမ်း တစ်မိုးအောက်အတူနေကြချိန်မှာ ကွဲလွဲမှု
များစွာ ရှိနေပါတယ် ဒီလိုကွဲလွဲမှုတွေကို အချိန်ကြာလာရင်
အပြစ်တစ်ခု အဖြင့် ပြောင်းလဲ သွားတတ်တဲ့
လောကနိယာမကြီးကို လိမ်မာ ပါးနပ်စွာ ရှောင်ရှားတတ်ဖို့
လိုအပ်လာပါလိမ့်မယ် ……
…………

ကိုယ်ချစ်လို့ လက်ထပ်မဲ့ ချစ်သူကို လက်မထပ်ခင်က
ကွဲပြာမှုတွေ " ကိုယ်ဖြစ်ခြင်တဲ့ ပုံစံ " အယူအဆတွေ "
ကို ကြိုတင်ပြီး ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင် ထားသင့်ပါတယ် ……………
…………………

ချစ်လို့လက်ထပ်ခဲ့ကြပါတယ် တစ်အိမ်ထဲနေချိန်မှ မတူညီတဲ့
စရိုက်တွေ ပေါ်လာကြတယ်
ချစ်သူဘဝမှ မပွင့်လင်းခဲ့လို့ အခုကျ အပြစ်တွေဖြစ်လာတယ်
" တစ်ယောက်အပြစ် တစ်ယောက်ကဖော် "
" တစ်ယောက်ရဲ့ အမှားတစ်ယောက်က ခွင့်မလွှတ်နိုင် "ဖြစ်
အချစ်ဆိုတဲ့နေရာမှာ အပြစ်တွေက နေရာယူ ထားပြီး ဘယ်မှာလည်း အရင်တချိန်က " မိုးလောက်ကြီးချစ်ပါတယ် "
ဆိုတဲ့ အချစ်တွေ "………………………
…………………………

ချစ်ခြင်းတရားခိုင်မြဲဖို့နဲ့ ကိုယ်ချစ်တဲ့သူကို ထာဝရ ပိုင်ဆိုင်
ခြင်တယ်ဆိုခဲ့ရင် သစ္စာရှိရှိနဲ့ " တစ်ယောက်နဲ့တစ်ယောက်
ဆက်ဆံရေးမှာ ပါးနပ်စွာ ဆက်ဆံတတ်ကြပါစေ ………
………………



စာကိုနှစ်သက်ရင် လွတ်လပ်စွာ Share နိုင်ပါတယ်ရှင်
copy ယူလျှင် credit ပေးပေးပါ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Cytopher hobbies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share