The Book ,The Tea and The Cigarette

The Book ,The Tea and The Cigarette Books

မျိုးဆက်တစ်ခုက နောက်ခံကားလိပ်လို ကျသွားတယ်နောက်မျိုးဆက်က လက်ခုပ်လက်ဝါးတီးလို့ဘေဒေါဝ်ဘာသာပြန် - ဇေယျာလင်း
03/04/2026

မျိုးဆက်တစ်ခုက နောက်ခံကားလိပ်လို ကျသွားတယ်
နောက်မျိုးဆက်က လက်ခုပ်လက်ဝါးတီးလို့

ဘေဒေါဝ်
ဘာသာပြန် - ဇေယျာလင်း

02/04/2026

ကြေညာချက်

နောက်ဆုံးအချိန် ရောက်ကောင်း ရောက်ခဲ့ပြီလေ
ကိုယ်ဟာ ဘာသက်သေအထောက်အထားမှ မထားရစ်ခဲ့ဘူး
ရေးတံ တစ်ချောင်းပဲ ၊ အမေ့အတွက်
ကိုယ်ဟာ ဘာသူရဲကောင်းမှ မဟုတ်ဘူး
သူရဲကောင်းတွေ မရှိတော့တဲ့ ခေတ်မှာ
ကိုယ်ဟာ သာမန်လူသားတစ်ယောက်ပဲ ဖြစ်ချင်ပါတော့တယ်

ငြိမ်သက်နေတဲ့ မိုးကုပ်စက်ဝိုင်း
လူသေနဲ့ လူရှင်တို့ကို နေရာခွဲလိုက်တယ်
ကိုယ့်မှာ ကောင်းကင်ကိုပဲ ရွေးခွင့်ရှိသမို့
မြေကြီးပေါ် ကိုယ် ဒူးထောက်မှာ မဟုတ်ဘူး
လွတ်လပ်မှု တိုက်လေကို ပိုအကွယ်ကောင်းဖို့
မားမားမတ်မတ် ရပ်နေကြတဲ့ ပါးကွက်အာဏာသားတွေကို
ပိုမြင့်မားအောင် ကိုယ် မလုပ်ပေးနိုင်ဘူး

ကြယ်လို ကျည်ဆန်ပေါက်တွေကနေ စီးလာမယ်
သွေးနီရောင် အရုဏ်ဦး

ဘေဒေါဝ်
ဘာသာပြန် - ဇေယျာလင်း

တိုနီမွန်တားနားအတွက် ကဗျာတစ်ပုဒ်အမေရိကမှာ သွေးဖြူဥကို ချေလိုက်ရင် ကိုကင်းရတယ်လူတိုင်းမှာ ကိုကင်းဖြစ်လာနိုင်တဲ့ သွေးဖြူဥတ...
18/03/2026

တိုနီမွန်တားနားအတွက် ကဗျာတစ်ပုဒ်

အမေရိကမှာ သွေးဖြူဥကို ချေလိုက်ရင် ကိုကင်းရတယ်
လူတိုင်းမှာ ကိုကင်းဖြစ်လာနိုင်တဲ့ သွေးဖြူဥတွေရှိတာပေါ့
ဒါပေတဲ့ ဒါတွေ မိုင်ယာမီကိုဘယ်လိုပို့မလဲ
ဝီးညောင်ဝီးညှောင်အလမ်း(မ်)ကြီးဖွင့်ပြီး အဆောင်ကိုစောက်သီးလာပို့တဲ့ရဲတွေ
မျက်လုံးတွေနီရဲလို့
ဗမာပြည်မှာလည်း တစ်ယောက်မဟုတ်တစ်ယောက်ကတော့ တိုနီမွန်တားနား၊ အက်စ်ကိုဘာ၊ ခွန်ဆာ၊
အလွန်တရာမိုက်တယ်ဆိုပဲ
ဒီတော့ အလယ်မှာစာမပါရင် သွားကြားထိုးတံလေးနဲ့
တီအမ်(မ်) တိုနီမွန်တားနားလို့ခြစ်ပြီး သူ့မက်ရှင်းဂန်းလို အတန်းလိုက်ဆွဲ
ငါ ငှက်ပျောသီးကြိုက်ပေမဲ့ ငါ့ကိုငှက်ပျောလှေပေါ်ကကောင်လို့ပြောရင် ငါဒေါသထွက်မှာပဲ
ဒါပေတဲ့ ငါ့ဒုတ်ဟာ မင်းကိုဘုချင်တဲ့ ကျူဘားငှက်ပျောပဲ
စပရိုက်စ်ဂ်လေးတစ်ကြိမ်ပေါက်ဖို့
ပေ့ဂ်ျတစ်ခုမှာ တိုနီမွန်တားနား တိုနီမွန်တားနားတိုနီမွန်တားနား လို့မန့်ပြီး ရှဲလိုက်ရတာ
မိုးလင်းတော့ အားလုံးရဲ့ခန္ဓာကိုယ်တွေထဲ ကျည်ဆံတွေရောက်နေ၊ အားလုံးရဲ့နှာခေါင်းတွေနီပြီး နှာရည်တွေပျော်ကျ
နိုင်ငံရေးဆောင်းခိုဖို့ အရေးအခင်းမီးပုံကြီးဘေးမှာ ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ
စစ်ကြောရေးဘဲတွေလည်း ကျားကြီးကိုက်လို့သေပါစေ ကြေပါစေပေါ့လေ
ဒီတိုင်းပြည်က အရှေ့တောင်အာရှမှာ
သရက်မှန်းမသိ ပရက်မှန်းမသိ
ဦးခေါင်းခွံတွေကို မီးထွန်းပြီးစိုက်ထားတာ
ကောက်ကျစ်တဲ့ကောင်တွေလာကြစမ်းဆို
လသာဆောင်ထဲအထိ တင့်ကားတွေမောင်းဝင်လာကြတယ်
သူတို့လက်ဝါးတွေက ကြမ်းတယ်
မင်းကိုချေတယ် ငါ့ကိုချေတယ် အားလုံးကိုချေတယ်
ငါတို့သွေးဖြူဥတွေကို နှာခေါင်းကြီးတစ်ပေါက်က ဆောင့်ရှူလိုက်တယ်
ငါတို့ ကြမ်းပြင်မှာ ကိုကင်းတွေအဖြစ်ကပ်နေကြ၊ မလှုပ်နဲ့၊ ပစ်ထည့်လိုက်မယ်
ခေါင်းမဖော်ရဲအောင် မှု့န်မှု့န်ညက်ညက်ကြေနေတဲ့ ကိုကင်းတွေ
အဲဒီနောက် ဘာပြောလဲ၊ ဘာပြောလဲသိလား
ခင်ဗျားပြောသလိုပဲ စစ်ပွဲကိုစရအောင်ပေါ့ မစ္စတာမွန်တားနား

ချမ်းမြသော်
၂၀၂၁

16/02/2026

ငါက တစ်ပါးသူ အရေပြားအတွက်
တစ်ခါက သနပ်ခါးပင်လေး ဖြစ်တယ်။

ဝင်းမြင့်

14/11/2025

မင်းဆီ ပေးပို့လိုက်ပါတယ်

ငါပါ
စိတ်မကောင်းခြင်းနှင်းဆီ
နားကန်းနေတဲ့ ငါ့ စာသင်ခုံလေးဆီကပါ
ဘာမှ မကြားမမြင်ရတဲ့
ရုပ်မြင်သံကြားပါ
ငါပါ
ကြည့်နေရင်း ကန်းသွားတဲ့ အကန်း
ရွှေငါးလေးရဲ့ အမြီး အစွန်အဖျားအားလည်း
လိုက်မဖမ်းရက်ခဲ့
ငါပါ
ပျော်ချင်လို့ နာကျင်
နှုတ်ခမ်း ဟက်တက်ကွဲ
သွေးသံရဲရဲနဲ့ ပြုံးနေတဲ့ ငါပါ
ငါ့ မျက်ဝန်းတွေချည်း သက်သက်
ငါ့အသံ
မင်းဆီ ပို့လိုက်ပါရဲ့
မင်း မကြားနိုင်သော
ညံ့ဖျင်းမှုဟာ ငါပါ
ဟိုး ခပ်ဝေးဝေးမှာ
လိင်မှုသက်သက် လူထု
ငါတို့ ပန်းပုရုပ်လေးမှာ သွေးသားပါဖို့
မင်းမျက်ရည် မလိုပါဘူးကွယ်
မင်းထံ ပေးပို့ပါရဲ့
မြေလျှောက် လမ်းကလေးအတိုင်း
မင်း ခြေဖဝါးလေးတွေ
သွေးခြည်မဥစေ အကြောင်းပေါ့
ညည ငါ အိပ်မပျော်တာ ငါ့ကြောင့်ပါ
မင်းဆီ ပေးပို့လိုက်ပါရဲ့
မြတ်နိုးခြင်းဟာ အခု ရွာနေတဲ့ မိုးတွေလို ငိုလို့
လုံချည်အစိမ်းလေး အင်္ကျီအဖြူလေးက စရင်
မဆိုးတတ် ဆိုးတတ်
လက်သည်းနီလေးအထိ ရောက်မယ်
ငါ ရိုးသားချင်တယ်ဆိုတဲ့ အနမ်းနဲ့
ဒီအတိုင်း မင်းဆီ ပေးပို့လိုက်တာပါ
ကြည်လင်သော
နံနက်ခင်း မိုးဥတုလေး
ရေစက်မှုန်မှုန်လေးတွေ ကပ်နေသော
ဆံပင်ကုပ်ဝဲလေး
မင်းဆီ ပေးပို့လိုက်ပါတယ်
သက်တံလို ပြုံးပါ
ကြည်နူးပီတိရှိသော နေ့သစ်မှာ
ဆွယ်တာအဝါလေး ဝတ်ပါ
ငါပါ
မင်းကို မြင်လိုလှပါတယ်။ ။

#သက်ငြိမ်သစ်

ဘွတ်ဖိနပ်တွေနဲ့ မရဘူး။မီးသတ်သမားတွေကို ပြောလိုက်ပ မီးလောင်နေတဲ့ နှလုံးသားပေါ် အနမ်းနဲ့ တက်ရတယ်လို့။မာယာကော့ဖ်စကီးဘာသာပြန...
29/07/2025

ဘွတ်ဖိနပ်တွေနဲ့ မရဘူး။
မီးသတ်သမားတွေကို ပြောလိုက်ပ မီးလောင်နေတဲ့ နှလုံးသားပေါ်
အနမ်းနဲ့ တက်ရတယ်လို့။

မာယာကော့ဖ်စကီး
ဘာသာပြန် - မောင်သာနိုး

ရည်ရွယ်ချက်မဲ့ခြင်းဟာ အဓိပ္ပါယ်မဲ့ခြင်းမဟုတ်ဘူးသီချင်းဟာ ဆိုနည်းကို သင်ပေးတယ်ကိုယ့်ကဗျာတွေဟာ Autobiographical ကိုယ်တိုင်...
16/05/2025

ရည်ရွယ်ချက်မဲ့ခြင်းဟာ အဓိပ္ပါယ်မဲ့ခြင်းမဟုတ်ဘူး
သီချင်းဟာ ဆိုနည်းကို သင်ပေးတယ်
ကိုယ့်ကဗျာတွေဟာ Autobiographical ကိုယ်တိုင်ရေး အတ္ထုပတ္တိတွေဖြစ်တယ်၊ဘယ်သူ့အကြောင်းလည်းသာ မသိတာ
ကဗျာကို ကြိုးစားရေးသားနေကြသူတွေကြောင့် ကဗျာဟာ ထိခိုက်နစ်နာ သွားတယ်ရယ်လို့ မရှိပါဘူး
‌သွေးဟာ အတုဖြစ်ကောင်းဖြစ်ပေမဲ့ သွေးထွက်သံယိုဖြစ်ခြင်းကတော့ တကယ် အစစ်ပါ

ဒီးန်ယန်းဂ်
ဇေယျာလင်းဘာသာပြန်

11/05/2025

ငါ ၊တရီးစီးယပ်စ်၊ ပြောလို့ရတာ ငါတို့ခေတ်မှာ ငါတို့ဘဝတွေ ငါတို့ကဗျာတွေဟာ အတူတူပဲ ခက်ခဲကြတယ်...ငါ့ရဲ့ကြီးကျယ်ခမ်းနားခြင်း၊ ဝေဒနာနဲ့ ယိမ်းထိုးနေတဲ့ လက်ကျန်မီးတောက်...သေသူတွေဟာ ငါတို့ကို လှမ်းဆက်သွယ်တယ် ငါတို့ဘာသာစကားအလွန်မှာ မီးလျှံလျှာတွေနဲ့ ဇာတ်လမ်းဆုံးသွားတဲ့နေရာမှာ အမှတ်အသားတစ်ခု ရှိနေတယ်...ပြောလို့မရတာတစ်ခုထဲ ဝင်ရောက်စီးနင်းခြင်း...နုနယ်တဲ့ကဗျာသမားတွေဟာ တုပတယ် ရင့်ကျက်တဲ့က‌ဗျာသမားတွေဟာ ခိုးချတယ်

ဇေယျာလင်း

(အဲလိယစ်တ်ရဲ့စာသားတွေကို ဇေယျာလင်းက က ပြန်စီထားတာပါ၊အဲဒါကို ကျတော်က ကျတော်ကြိုက်သလို ထပ်စီထားပါတယ်၊)

ပိုက်ဆံလမ်း ပိုက်ဆံမြို့ ပိုက်ဆံနိုင်ငံမှာ၊ငါတို့ရဲ့ ပိုက်ဆံနိုင်ငံတော်ကြီး၊ ငါတို့ (ငါတို့ကို ခွင့်လွှတ်ပါ) စစ်အတွင်းမှ...
29/04/2025

ပိုက်ဆံလမ်း ပိုက်ဆံမြို့ ပိုက်ဆံနိုင်ငံမှာ၊
ငါတို့ရဲ့ ပိုက်ဆံနိုင်ငံတော်ကြီး၊ ငါတို့ (ငါတို့ကို ခွင့်လွှတ်ပါ)
စစ်အတွင်းမှာ ပျော်ပျော်ကြီး နေခဲ့ပါတယ်။

#အီလျာကာမင်းစကီး
ဘာသာပြန် - သူရိန်ဝင်း

13/04/2025

ကိုပျော်ရွှင်

ကိုပျော်ရွှင် အထစ်ထစ်အငေါ့ငေါ့ ကိုပျော်ရွှင် နတ်သမီးဟာ အောင်ပင်လယ်တောမှာပျောက်ကျန်ရစ်တာ ဘဝရဲ့ ဒီဇိုင်းလို့ သူပျော်ရွှင် ကောင်းပါလေရဲ့ ကိုပျော်ရွှင် ။
အထစ်ထစ်အငေါ့ငေါ့ ဘီးလေးကိုစီးပြီး အချစ်လေးကိုတင်ပြီး* ခင်ဝမ်းတို့ထိုင်ခဲ့ဖူးတဲ့ မင်းမင်းကဖီးဆိုင်နားမှာ ပျောက်သွားကြ အို ကိုပျော်ရွှင် နည်းနည်းလေးပဲသိပါရစေတဲ့လား စပျစ်ခြံတွေကို ခင်ဗျားမသိ G spotကို ခင်ဗျားမသိ ဝက်ထိန်းကဗျာကို ခင်ဗျားမသိ ခင်ဗျားဟာ မကြေကွဲဖူးတဲ့လူ နံ့သာဖြူပင်လေးတွေကြီးပြင်းလာပုံဟာ မဲဇလီအဝါရောင်အပွင့်တွေလို ခါးသည်းကြာမြင့်တယ် မမွှေးဘူး ငါမကြိုက်ဘူး ကော်ဖီချိုချိုတခွက်သောက်မယ် ကိုပျော်ရွှင်။
သေမင်းကိုစကားမပြောချင်တဲ့သူ ဈေးကောက်ကောက်သလိုပေါ့ကွာ အစုတ်ဆုံးပိုက်ဆံရွေးပေးလိုက်ရုံ ငါဈေးဦးမပေါက်သေးဘူး မဲ့ကာရွဲ့ကာ နေ့ပြန်တိုးတွေအားရပါးရယူ ဈေးခွေးတွေနဲ့အတူ ဆဲဆဲဆိုဆို ငါးအကြေးခွံပေါတဲ့လမ်းတလျှောက် ဗွက်ပေါက်အောင်အိမ်ပြန်ခဲ့သူ ကိုပျော်ရွှင် ။
အလံမှာ စပါးနှံတွေပါတဲ့နှစ်တွေကတည်းက ငါ အားကုန်နေပြီ ရယ်ဖို့ ငှက်စာတွေကျွေးရဦးမယ် ဗေဒင်တွက်ရင်း နွားရောလူပါ အခိုးခံရဖူးပေမယ့် ကိုပျော်ရွှင်
ပင်စည်ကြီးကသေသွားပြီး ပန်းလေးလက်ကျန်နည်းနည်းနှမျောစရာ မနွမ်းသေးဘူးဟတဲ့ ဘုရားပန်းကပ်ဝါသနာထုံလှတဲ့အရူးမလေးကို ခေါ်ပြီးခူးပေးလိုက်တယ်ကိုပျော်ရွှင်
ကြက်မလေးတွေနဲ့အိပ်ရင် အပြစ်ကင်းအောင် အိမ်ထောင်ရှိလားမေးသေးတဲ့ကိုပျော်ရွှင်ဟာ ဟိုက အင်း ရှိတယ်ပြောတော့ နင်တို့ဟာ မဟုတ်သေးပါဘူးဟယ်လို့ ညည်းညည်းညူညူ အထစ်ထစ်အငေါ့ငေါ့ ခုတင်ပေါ်ကြေကြေကွဲကွဲကြီးပျော်တာပါပဲ ကိုပျော်ရွှင် ။

*စိုင်းခမ်းလိတ်

#ထက်လင်းထွန်း

11/04/2025

မလွတ်လပ်ခြင်းအကြောင်းတွေပြောရအောင်

အရည်ရွှဲရွှဲအဖတ်များများ လယ်တီဆရာတော်၏နွားမေတ္တာစာထဲက သနားဖွယ်အမဲသားဟင်းများ ငါဝမ်းနည်းစွာစားနေခဲ့ပါတယ်
အလင်းနဲ့အမှောင်ကို အိမ်ပြုနေရတဲ့ငါ့ဘဝဟာ ပို၍သာသနားစရာလို့ငါတွေးခဲ့ပါတယ်
အသေမဦးခင် ရေကူးချင်မိတာကလေးရယ်ပါအရှင်ဘုရားရယ် လို့
ကျေကျေနပ်နပ်ကြီးနွဲ့လို့
မြို့ကြီးရဲ့ တောက်ပတဲ့အမျိုးအမည်မသိအရပ်မျက်နာတခုဆီ
မနည်းကြီးဦးတည်ပြိုယိုင်ထားရတဲ့ လူငယ်ဆန်ဆန်အုတ်တံတိုင်းတခုမယ် ” ငါတို့ဟာ မြို့ပြအမှိုက်တွေ” လို့ရေးထား ကျုပ်ကလည်းတွေ့လိုက်လေတော့ ငါသာ မိန်းမတယောက်ဖြစ်ခဲ့ရင် မင်းတို့ကို အရင်ဆုံးနို့လှန်တိုက်ပါတယ်လို့ ဖွယ်ဖွယ်ရာရာတွေ ဖောက်ပြန်လို့
ကိုယ့်မေတ္တာတရားဟာ နို့စားနွားမကြီးလို ဝဖီးချစ်စဖွယ် ဖြစ်နေစေချင်တယ်လေ ငါ့လို မဆာအောင်လို့ ငါ့လို မဆာအောင်လို့
ကိုယ့်မှာလည်း မြက်ပင်မဖြစ်ခဲ့လေခြင်း ဆိုပြီးပေါ့
ငှက်တွေဟာ ဓာတ်ကြိုးတန်းများမှာနား ဂီတသင်္ကေတတွေဘာတွေဖြစ်ကုန်ကြပြီ
ယောနသန်ခမျာ ပျံသန်းခြင်းအတတ်မှာ ဘာဖြစ်သွားသတုံး ငါလည်းမေ့နေပါတယ်
ဆီမီးနဲ့ အလင်းအတူတကွဖြစ်ရှိကြဘိသကဲ့သို့
ငါတို့ ”ပြာပြာလွင်လွင်” ဘာညာဘာညာနဲ့ ဒါမျိုးတဝိုက်မှာ
အ ထစ် အထစ် ပျော်ရွှင်ကျေနပ်ကြနိုင်သားပဲ
သဟဇာတပစ္စယောလို့ ငါရွတ်လိုက်ပါတယ်
ကိုယ့်မှာလည်း လွတ်လပ်ရလေခြင်းလို့ပဲ ဆိုပါတော့

#ထက်လင်းထွန်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when The Book ,The Tea and The Cigarette posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category